”ဟော..သက်ပါလား…ဈေးဝယ်လာတာ လား”
”ဟုတ်ပါတယ် မမ။ ဒီနေ့…နယ်က သူငယ်ချင်း တစ်ယောက်ကို ညစာကျွေးမှာမို့”
”ကိုယ်လေး လက်ဝန်ကြီးနဲ့ ဘာဖြစ်လို့ ဒါတွေ လုပ်နေရတာလဲ သက်ရဲ့”
”ပေါ့ပေါ့ပါးပါး အလုပ်တွေက လုပ်ရတာ အဆင်ပြေပါတယ်မမရဲ့ ပြီးတော့ ဆရာဝန် မကြီးကလည်း မှာထားတယ် သာမန်အိမ်မှု ကိစ္စလေးတွေကို လုပ်ပါတဲ့ အလေး အပင် မတာက လွဲလို့ပေါ့”
”ဒါနဲ့ မွေးရက်ကော..”
”နောက်လဆန်းမှာ မွေးမှာပါ”
”အေးကွယ် ဒါဆိုရင် တစ်လပဲလိုတော့ တာပေါ့။ နောက်ပြီး သားဦးကိုယ်ဝန်ဆိုတော့ ဂရုစိုက်နော်”
”ဟုတ်ကဲ့… ကျေးဇူးတင်ပါတယ်။ သက်သွားတော့မယ်နော်”
သက်၏ ငယ်သူငယ်ချင်း စန်းစန်းမင်းက နယ်ကို ရောက်သွားတာ ကြာခဲ့ပါပြီ။ သက်တို့ ထက်စောပြီး အိမ်ထောင် ကျပေမဲ့ လိုချင်နေတဲ့ သားသမီး မရသေးတာကြောင့် ရန်ကုန်မှာ အထူးကုနဲ့ ပြသဖို့ ရောက်လာခြင်းဖြစ်သည်။
”ကဲ…သူငယ်ချင်းရေ…စားကြစို့ အားလုံး အဆင်သင့်ဖြစ်ပြီ ကိုရေ ကိုလည်း အားလုံး နဲ့ အတူတူပဲ စားလိုက်နော်”
” အေးပါ… အေးပါ…သက်တို့ သူငယ်ချင်းတွေ စကားပြောပြကြ မှာကို အနှောင့်အယှက် မဖြစ်ဘူး မဟုတ်လား”
” ကိုကိုရယ် ကြီးကျယ်မနေနဲ့ရ ငါတို့ မိန်းမချင်းပြောစရာ စကားတွေရှိတယ် ဆိုပေမဲ့ ဘာမှ လျှို့ဝှက်တဲ့ ကိစ္စမပါဘူးရ အိမ်ထောင် ရေး….သားသမီးရေး… ဒါတွေပဲ ပြောကြ မှာ”
ယခင်ကတည်းက ပွင့်ပွင့်လင်းလင်း ဟော ဟောဒိုင်းဒိုင်း နေလေ့ရှိသော စန်းစန်းမင်း သည် အရင်အတိုင်းပဲ ရှိပါသေးသည်။
” အလကား နောက်တာပါဗျာ။ ကဲ… စန်းစန်းတို့ ထိုင်ကြ။ ဟင်းတွေကတော့ အစုံပဲ သက်က သူကိုယ်တိုင် ချက်မယ်တဲ့လေ။ ကျွန်တော် ကူညီတာ ကိုတောင် လက် မခံဘူး။”
” ဟဲ့ သက်… နင်အစက ဒါတွေ မလုပ် တတ်ပါဘူး။ အခုတော့ အိမ်ထောင်ရှင်မကြီး ပီပီသသ ဖြစ်နေပြီပေါ့။”
” အေးပေါ့ဟယ်… ဒီလိုပဲ ကြိုးစားရ တာပေါ့။ အိမ်ထောင်မှုကိစ္စတွေ ကိုယ်မှ မလုပ်ဘယ်သူလုပ်မှာလဲ။ နောက်ပြီး သာမန် လှုပ်ရှားမှုမျိုးလည်းဖြစ်တော့ အဆင်ပြေပါ တယ်ဟ…”
” ဒါလည်း ဟုတ်တာပဲ.. ကဲ… စားကြ စို့…ဒါနဲ့…သက်…ဒီကြက်သား ဟင်းက နဲနဲစပ် သလိုပဲ…နင်မစားနဲ့ နော်”
” ငရုတ်သီးက ပါတယ် ဆိုရုံလေးပါဟရ စားလို့ဖြစ်ပါတယ်။အရသာ အရမ်းပြင်းပြင်း ထန်ထန် မဟုတ်ရင်စားလို့ ရတယ်လို့ ပြောပါတယ်”
” ဟုတ်မှလည်း လုပ်ပါဟာ။ ဟော… နင်ဂေါ်ဖီတွေ စားဦးမလို့လား။ မတည့်ဘူး ထင်တယ်။”
” ဘာဖြစ်လို့ မတည့်ရမှာလဲ။ ဆရာဝန် မကြီးက ပြောထားပြီးသား။ အစာအာဟာရ စုံအောင် စားရမယ်တဲ့။ ဟိုဟာ မတည့်ဘူး… ဒီဟာမတည့်ဘူးဆိုပြီး ရှောင်တာတွေ များရင် ကလေးလည်း ထွားမှာ မဟုတ်ဘူးတဲ့။တစ်ခါ တည်းမှာ အများကြီးမစားဘဲနဲ့ မကြာခဏ စား ပေးရမှာတဲ့။ ၂ယောက်စာ စားရမယ် တဲ့။”
” ဒါနဲ့…ငါကြားဖူးတာတော့… ကလေးထွားရင် မွေးရခက်မှာ မဟုတ်ဘူး လား။”
” အဲဒါတွေက အယူအဆ မှားနေတာဟ။ ကလေးထွားမှ မွေးတဲ့ အချိန်မှာ ကလေးက ကောင်းကောင်း လှုပ်ရှားပြီး ထွက်လာနိုင်မှာ လေ။ ကလေးထွားမှာ စိုးရိမ်ပြီး မစားဘဲ နေရင် အမေရော ကလေးပါ အာဟာရ ချို့တဲ့ ကုန်မှာပေါ့။”
” ဒီလိုလား…”
အားရပါးရ ပြောပြနေသော သက်ကို စန်းစန်းမင်း တအံ့တသြကြည့်ရင်း ထမင်းကို ဖြည်းဖြည်းချင်း ဆက်စားနေပါသည်။ သူတို့ နယ်မှာ ရှိတဲ့ ပတ်ဝန်းကျင်က အဒေါ် ကြီးတွေ ပြောနေသော စကားတွေနဲ့ တခြားစီ ဖြစ်နေပါ သည်။ ကျန်းမာရေး ဗဟုသုတတွေ နယ်မှာ လိုအပ်နေပါသေးလားလို့ တွေးရင်း အားမလို အားမရဖြစ်မိသည်။
” အေးဟ။ နယ်က အမျိုးသမီး ကြီးတွေဆို ကိုယ်ဝန်ရပြီဆိုတာနဲ့ ဟိုဟာရှောင်၊ ဒီဟာရှောင် ရ ပြီးတော့ ကျန်းမာရေး ဌာနကိုလည်း မှန်မှန် မသွားကြပါဘူးဟာ”
” အဲဒါကြောင့် တစ်ခါတလေမှာ မွေးတဲ့ အချိန်ကျမှ လွယ်လွယ်ကူကူ ရှောရှောရှူရှူ မမွေးနိုင်ဘဲ အခက်အခဲတွေ ဖြစ်ရော။ အဲဒီ အချိန်ကျမှ ဆေးရုံဆေးခန်း သွားဖို့ ကြိုးစားကြ တဲ့အခါ နောက်ကျသွားရော မဟုတ်လား။”
” ဟုတ်တယ်…ဟုတ်တယ် …တစ်ခါ တစ်လေ မွေးရင်းဖွားရင်း အသက်ပါ ဆုံးရှုံးရ တယ်လေ”
စန်းစန်းမင်းတစ်ယောက် သူနေရာ နယ်မှ ပုံရိပ်များကို ပြန်လည်မြင်ယောင် နေပုံရသည်။ မျက်နှာမှာ ဝမ်းနည်းရိပ်တို့ သန်းသွားသည်။ မျိုးဆက်တစ်ခု မွေးဖွားလာဖို့ ကြိုးစားရင်း မိခင်တွေ သေဆုံးရတဲ့ အဖြစ်က မြို့နှင့်အလှမ်း ဝေးသော နေရာများတွင် ရှိနေဆဲပါ။
” ပြီးခဲ့တဲ့ လကလေ.. ငါတို့ အိမ်ခေါင်း ရင်းက အဒေါ်ကြီးပေါ့။ ကံကောင်းလို့ပေါ့ဟယ်။ သူ့ကိုယ်ဝန်က အမြွှာဆိုတာကို မသိဘူးလေ။တကယ် မွေးမယ့်နေ့ကျမှ ချက်ချင်း မမွေးနိုင်ဘူး။ ရွာကို သားဖွားဆရာမလေး ရောက်နေတဲ့ အခိုက်နဲ့ကြုံပြီး ချက်ချင်း ဆေးရုံပို့ဖို့ လုပ်ကြ တယ်။ အချိန်မီပေလို့ပေါ့။”
”ကလေးနှစ်ယောက်စလုံး ရှင်လား ဟင်”
သက်မေးလိုက်သော မေးခွန်းတွင် ထိတ် လန့်မှုနှင့် စိုးရိမ်မှုတို့ တွဲဖက် ပါဝင် နေသည်ကို ”ကို” သတိထားမိလိုက်သည်။
” ရှင်တယ်ဟ ကလေးနှစ်ယောက်စလုံး အဖတ်တင်တယ်”
” တော်သေးတာပေါ့ဟယ် ဘယ်သူမှ ဘာမှ မဖြစ်လို့။ တကယ်ဆိုတော့ ကလေးမွေး တာ သာမန် ကိစ္စမှ မဟုတ်တာ။ အဲ့ဒါကြောင့် ငါ့ကိုလည်း ဆရာဝန်မကြီး က အများ ကြီး ပြောပြထားတယ်။ ကိုယ်ဝန် လရင့်ချိန်မှာ သတိ ထားရမယ့် အချက်တွေလေ”
” ဟုတ်လား။ ဒါဆိုလည်း ငါကို ပြန်ပြောပြ ပါဦး။ ငါလည်း နယ်ရောက်တဲ့အခါ လိုအပ်ရင် သူများတွေကို ပြောပြလို့ရအောင်….”
” ကိုယ်ဝန်လရင့် ချိန်မှာ
- အချိန်မရောက်ဘဲ သွေးဆင်း၊ အရည်ဆင်းရင်း
- ဆီးစပ်က နာကျင်ကိုက်ခဲရင်
- အသားဝါ၊ မျက်လုံးဝါရင်
- ခြေလက် မျက်နှာ ဖောရောင်ရင်
- အလွန်အမင်း အော့အန်ရင်
- ခေါင်းကိုက်၊ ဇက်ထိုး ပြင်းပြင်းထန် ထန်ဖြစ်ရင်
- ဆီးအရမ်းနည်းသွားရင်
- ကလေးလှုပ်ရှားမှု နည်းရင်
အချိန်မရွေး ဆေးရုံ ဆေးခန်းနဲ့ ဆရာဝန် တွေဆီမှာ ကုသမှုခံရမယ်တဲ့”
”အေး… အေး…နင်လည်း အခု အရေးကြီးတဲ့ အချိန်ရောက်ပြီနော်”
” အေးပေါ့.. နောက်ပြီး ဆေးရုံဆေးခန်းမှာ မွေးဖွားဖို့ ပြင်ဆင်သင့်တဲ့ သူတွေလည်း ရှိသေး တယ်တဲ့…”
” ဟုတ်လား…ဘယ်လို လူတွေက ဆေးရုံမှာ မွေးရမှာလဲ…”
” ဥပမာပြောရရင်…
- ငါလိုမျိုး သားဦး ကိုယ်ဝန်ဆောင်တဲ့ သူ
- အသက်၃၅နှစ်ကျော်မှကိုယ်ဝန်
ဆောင်တဲ့သူ
- ၄၊၅ကြိမ်မြောက် ကိုယ်ဝန်ဆောင်တဲ့ သူ
- အရင်က သားပျက်သားလျော ဖြစ်ဖူးတဲ့သူ
- အရင် ကလေးမွေးတုန်က ပုံမမှန် မွေးဖွားဖူးတဲ့သူ
- ရောဂါတစ်ခုခု ရှိနေတဲ့သူ
- အရပ် အလွန်ပုတဲ့သူရ ဒီလို လူတွေ ဆိုရင် အိမ်မှာ မွေးဖို့ ကြိုးစားတာ အန္တရာယ် ရှိတယ်တဲ့”
”နယ်က အမျိုးသမီးတွေက အိမ်မှာပဲမွေး ချင်ကြတာလေ။ ကိုယ့်အိမ်မှာဆို တော့ အားရှိ တယ်လို့ ခံစားရတယ်တဲ့”
”ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဖြစ် လာနိုင်တဲ့ အန္တရာယ် ဆိုတာ ကြိုတွက်လို့မှ မရ တာ…ဆေးရုံမှာမွေးတော့ စိတ်ချရတာ ပေါ့”
” ဒါနဲ့ အရပ်ပုတဲ့ သူက ဘာဖြစ်လို့လဲ ဟ”
”အရပ် အရမ်းပုရင် တင်ပဆုံရိုးကွင်း ကျဉ်းတတ်တယ်တဲ့။ အဲဒီတော့ ကလေးကို ပုံမှန်မွေးရာမှာ အခက်အခဲဖြစ်နိုင် လို့ လိုအပ်ရင် ခွဲစိတ်ပြီးမှ မွေးရမှာတဲ့။”
” အောင်မလေးဟယ် မိသက်… နင်လည်း ဆရာဝန်မကြီးတစ်ပိုင်း ဖြစ်နေပါပေါ့ လား…”
”ဟုတ်တယ်ဗျို့… သက်ကလေ ဆရာဝန်မကြီး ပြောသမျှမှတ်ထားရုံတင်မဟုတ် ဘူး။ ကိုယ်ဝန်ဆောင်တွေ သိသင့်တဲ့ စာအုပ် ဆိုတာလည်း ဖတ်သေးတယ်လေ…”
” ကောင်းတယ်…ကောင်းတယ်… ငါတောင် နင့်ကို အားကျလာပြီ”
”အားကျရင်လည်း ကြိုးစားလေ”
”ဟဲ့… ဒါမျိုးဆိုတာ …လိုချင်တိုင်း ရတာမျိုးမှ မဟုတ်တာ…”
” ကဲ…မစန်းစန်း ကလည်း သန်ဘက်ခါ ကျွန်တော်တို့ သက်ကို ဆေးခန်းပြဖို့ သွားရင် လိုက်ခဲ့လိုက်ပေါ့ တစ်ခါတည်း ပြတ်သွားတာ ပေါ့”
” ဟုတ်သားပဲ စန်းစန်းရဲ့ လိုက်ခဲ့လိုက် တော့။ တခြား ဆရာဝန် စဉ်းစားမနေနဲ့။
ငါပြနေတဲ့ ဆရာဝန်မကြီး က စိတ်လည်း ရှည်တယ်။ ပြီးတော့ သိသင့်တာတွေကို အချိန် ယူပြီး ရှင်းပြတယ်ဟ။”
” ဒီလိုဆိုတော့လည်း အဆင်ပြေသားပဲ။ ကဲ.. လိုက်ခဲ့မယ်လေ…”
စည်စည်ကားကား ပျော်ပျော်ရွှင်ရွှင်နှင့် ပြီးဆုံးသွားသော ထမင်းဝိုင်းလေးက အမျိုးသမီး ကျန်းမာရေး စကားဝိုင်းလေး အသွင်ပြောင်းလဲ သွားခဲ့သည်။
နယ်မှာ နေသော စန်းစန်းမင်းလည်း ဗဟုသုတတွေ တော်တော်များများ ရသွားသည်။ စန်းစန်းမင်းမှ တစ်ဆင့်နယ် မှ အိမ်နီးချင်း အမျိုးသမီး များကို ဆက် လက်ပြောပြပေးနိုင် လျှင် မှန်ကန်သော ကျန်းမာရေး ဗဟုသုတများက လွဲများနေသော အယူအဆများစွာကို ပယ် ဖျောက်ပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။
ကဲ…သက်သက်က အခြေအနေတွေ အကုန် ကောင်းတယ်။ ကလေးလည်း အနေ အထား မှန်တယ်။ ပြီးတော့ ပုံမှန်အလေး ချိန်လည်း တိုးလာတယ်။ ဒါပြီးရင် မေးခိုင် ကာကွယ်ဆေး တစ်ကြိမ်ကျန်တာ ထိုးလိုက်တော့ နော်။”
” ဟုတ်ကဲ့ပါ….”
သက်၏ မျက်နှာမှာ အပြုံးပန်းတွေ ဝေဝေ ဆာဆာရှိနေသလို မျှော်လင့်ချက် ရောင်ခြည် တွေ သန်းနေတာလည်း တွေ့ရသည်။ သက်၏ မျက်နှာကို ကြည့်ပြီး ”ကို”လည်း စိတ် ချမ်းသာ ရသည်။
”နောက်ဆိုရင် တစ်ပတ်တစ်ကြိမ်ပြရတော့ မယ်နော်။ မွေးဖို့က တစ်လပဲလိုတော့တာ မဟုတ်လား။
ဟုတ်ကဲ့ပါ။ ဆရာမကြီး တစ်ပတ်တစ်ခါ လာခဲ့ပါမယ်။”
”ကလေးအတွက် သားမွေးဦးထုပ်လေး ထိုးတာ ပြီးသွားပြီလား..”
” သြော်..ဟုတ်ကဲ့…နဲနဲပဲလိုပါ တော့ တယ်။ ဆရာမကြီးက မှတ်မိသားပဲ”
သူနှင့် ပတ်သက်သော အကြောင်း ကို ဆရာဝန်မကြီးက သတိတရမေးသည့် အတွက် သက်စိတ်ထဲမှာ ကြိတ်၍ ပျော်မိသည်။
” သြော် သမားစစ်တဲ့ ဆရာဝန်တွေဆို တာ လူနာ အပေါ်မှာ ဂရုတစိုက်ရှိပြီး စေတနာရှိ တာကို ပြောတာဖြစ်မှာပါ”ဟု သက်တွေးမိ သည်။
” သြော် ဆရာမကြီး…ဒါက သက်ရဲ့ ငယ်သူငယ်ချင်းပါ။ သူက နယ်မှာနေတာလေ ။အိမ်ထောင်ကျ ပြီးတာ ၈နှစ်လောက် ရှိပါပြီ။ ဒါပေမဲ့ ဟို…အဲ…ဟို…သားသမီး မရနိုင်သေးလို့….အဲဒါ။”
” အေး…အေး…သိပါပြီကွယ်။ ဒါဆိုရင်တော့ ဒီကိစ္စက အချိန်ယူအဖြေရှာ စဉ်းစားရမယ့် ကိစ္စကွဲ့ သမီးနာမည်က။”
” စန်းစန်းမင်းပါ… စန်းစန်းလို့ ခေါ်ပါ ဆရာမ..”
” အေး… အေး… စန်းစန်းက အသက်ဘယ်လောက်ရှိပြီလဲ။”
” ၂၉ နှစ် ကျော်ပါပြီ။ အိမ်ထောင်သက် ၈နှစ်ပါ။”
” ဟုတ်လား… အခု အမျိုးသား ကရော”
” ဟုတ်ကဲ့… သူက နယ်မှာ ကျန်ရစ်ပါ တယ်…ဝန်ထမ်းဆိုတော့…”
”နားလည်ပါပြီ။ ဒါဆိုရင်တော့… စန်းစန်းနဲ့ ဆရာမ အသေးစိတ်ဆွေးနွေးချင် တယ်…” ဆရာမကြီး၏ နှုတ်က ဘာမှမပြော သော်လည်း မျက်နှာရိပ် မျက်နှာကဲကို ”သက်” ဖတ်မိ လိုက်ပါသည်။
” ဆရာမကြီး သက်တို့ လင်မယား အပြင် က စောင့်မယ်နော်။ ဒါမှ ပွင့်ပွင့်လင်းလင်း လွတ်လွတ် လပ်လပ် ပြောလို့ရအောင်”
”သက်”နှင့် ”ကို” တို့ အလိုက်သိစွာပင် စမ်းသပ်ခန်းထဲမှ ထွက်လာခဲ့ကြသည်။ အပြင် မှာ ထိုင်စောင့်ရင်း စင်ပေါ်တွင် တင်ထားသော သတင်းစာ တစ်စောင်ကို ”ကို” ယူဖတ်နေ သည်။ သက်ကတော့ ရောက်တတ်ရာရာ ငေးရင်းအခြား သော ကိုယ်ဝန်ဆောင် မိခင်နှင့် အမျိုးသမီးများ ကို ကြည့်နေမိသည်။ သူနှင့်ဘဝတူတွေ အများ ကြီးပါပဲ။ အချို့လည်းဘေးမှာ ခင်ပွန်းသည်ပါ သလို အချို့မှာတော့ တစ်ဦးတည်း လာကြတာ တွေ့ရသည်။ သက်အတွက် ကတော့ အားရှိစရာ၊ ”ကို”က အမြဲတမ်း လိုက်ပို့ ပေးလေ့ရှိသည်။ ဝမ်းသာစရာ ကောင်းသလို အားလည်း တက်မိ ပါသည်။ ကျေးဇူးတင် စကားကို စိတ်ထဲမှာ တိုးတိုးလေး ပြောမိသည်။ ခင်ပွန်းသည် တစ် ယောက် ရဲ့ ပံ့ပိုးမှုက ဇနီးသည်ရဲ့ စိတ်အားငယ်မှု များကို မပျောက်စေသည် မဟုတ်ပါလား။
ဒီကနေ့ နံနက်စာ အတွက် ပြင်ဆင်ချက် ပြုတ်ခြင်းများကို သူငယ်ချင်းနှစ်ယောက် အတူတူလုပ်ဖြစ်ကြသည်။
” ဟဲ့… စန်းစန်း…ဒါနဲ့… မနေ့က ဆရာမကြီးနဲ့ ဘာတွေပြောဖြစ်လဲရ အဆင်ပြေ လား…”
” အင်းရ ဆရာမကြီးက အများကြီးဘဲ ရှင်းပြပါတယ်။ ဒါပေမဲ့ အခုလောလော ဆယ်မှာ တော့ ပြဿနာရဲ့ အဖြေ သေသေချာချာ ရမှာ မဟုတ်သေးဘူး တဲ့ရ စောင့် ကြည့်ရဦး မှာ တဲ့… ဆရာမကြီးပြော တာကတော့ဟာ … သားသမီး ရနိုင်ခြေရှိပါရက်နဲ့ မရတဲ့ အကြောင်း တွေကို ရှင်းပြတယ်ရ သယ်သူ့မှာ မှ ချွတ်ယွင်း ချက်ရှိတာ မဟုတ်ဘဲနဲ့ရ အခြေ အနေ မတိုက် ဆိုင်လို့ ကိုယ်ဝန်မရတာတဲ့ရ”
” ဘယ်လို…ဘယ်လို…ငါနားနည်းနည်း ရှုပ်သွားပြီ”
”ဒီလိုဟာရ ငါတို့ လင်မယား နှစ်ယောက် အတူနေကြတဲ့ ရက်တွေက သားသမီးရနိုင်တဲ့ ရက်မျိုး မဟုတ်ဘူးဆိုရင် ဘာရောဂါမှ မရှိဘဲ သားသမီးမရဖြစ်နေတာတဲ့ရ အခုလောလော ဆယ်တော့ ကိုယ်ဝန် ရနိုင်တဲ့ ရက်တွေကို တွက်ပြီး လင်မယား အတူနေကြဘို့ ဆရာဝန် မကြီးက အကြံပေးလိုက်တယ်ရ အင်းရ ပြီး တော့.. ငါ့ယောက်ျား ဆေးလိပ်သောက်သလား လို့ မေးတယ်…”
” သူက ဆေးလိပ်သောက်တတ်လား …”
” ဟင့်အင်းရ မသောက်ပါဘူးရ ပြီးတော့ နောက်တစ်ခေါက် ကျရင် ငါ့ယောက်ျား ကိုပါ ခေါ်လာပါတဲ့ရ အဲဒီအခါ နှစ်ယောက် စလုံးကို ရှင်းပြပြီး ဆက်ပြီး စစ်ဆေးစရာ ရှိတာ စစ်ဆေး ရအောင်တဲ့…အခုတော့ ကျန်းမာအောင် နေထိုင်ဖို့ရ အစာအာဟာရ ပြည့်ဝအောင် စားဖို့ လေ့ကျင့်ခန်းလေးတွေ လုပ်ဖို့ မှာတယ်ဟ…ပြီးတော့ အားဆေးတွေပေး လိုက်တယ်..”
” အေးလေ…ဆရာမကြီး ပြောတဲ့ အတိုင်း လုပ်ကြည့်ပေါ့ရ မဟုတ်ဘူး လား”
”ဆရာမကြီးရဲ့ စကားတွေ ကြားရတာရ ငါတို့မှာ မျှော်လင့်ချက်ရှိတဲ့ သဘောဘဲဟရ”
”အေးပါဟာ…ဒါမျိုးဆိုတာ စိတ်ရှည်ရ မှာပေါ့…ကဲ…ထမင်းစားဖို့ ပြင်ကြ စို့…”
ထမင်းစားကြရင်း စကားတွေ အများကြီး ပြောဖြစ်ကြသည်။ ငယ်ငယ်က အကြောင်း၊ တက္ကသိုလ် တက်စဉ်က အကြောင်း၊ တစ်ခုပြီး တစ်ခု ပြောလို့ကုန် သွားသည် မရှိ။ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောရ ၍လား မသိပါ။ ထမင်း စားမြိန်လိုက်ကြသည်မှာ ချက်ထားသော ထမင်းအိုးထဲမှ ထမင်းများ အကုန်ကုန်သွား သည်အထိပင်။
”သက်ရေရ ဖြည်းဖြည်းဆင်းနော်ရ သတိ ထားရ ချော်လဲဦးမယ်…”
”သိပါပြီ…ကိုရဲ့…’
”လာ… လာ.. ကိုကို့တွဲထား…ဒီနေ့ တို့တွေ နောက်များကျနေပြီလားမသိဘူး ”
”နောက်မကျနိုင်ပါဘူးကိုရဲ့…”
မွေးကာနီး ဖွားကာနီး နောက်ဆုံးလမို့ တစ်ပတ်တစ်ခါပြဖို့ ဆရာမကြီးက ချိန်းထား ခဲ့ခြင်း ဖြစ်ပါသည်။ နောက်လ ဆိုရင် သားသား လေးက လူ့လောကကြီး ထဲ ကို ရောက်တော့မည်။ သက်လည်း ကိုယ်ဝန်ဆောင် ဘဝက ကျွတ်တော့ မည်။ သားသားလေးရဲ့ မျက်နှာ ကို စိတ်မှန်းဖြင့် ကြည့်ရသည် မှာလည်း ခဏခဏ။ သက်နဲ့တူ မလား။ ကိုနဲ့ တူမလား။ နှစ်ယောက်စလုံး နဲ့ တူ မလား။ ဒီမေးခွန်းကို လည်း ခဏခဏမေးမိ သည်။ သားလေးက အသားဖြူမှာလား၊ ညိုမှာ လား၊ ဒီမေးခွန်း အားလုံးရဲ့ အဖြေ ကတော့ နောက်လမှာ ရပါတော့မည်။ သက်က အတွေး ရေယာဉ်ကြောထဲ မျောနေစဉ်မှာ…
”လာရ သက်.. ကိုတို့ အလှည့်ရောက်ပြီ ဝင်ကြရအောင်”
စမ်းသပ်ခန်းထဲ ဝင်တော့ ဆရာဝန်မကြီးက အပြုံးနှင့် ကြိုဆိုသည်။ ပြီးတော့ စမ်းသပ်စရာ ရှိတာတွေ စမ်းသပ်၊ မေးစရာ ရှိတာတွေ မေး၊ လုပ်စရာရှိသည် များကို တစ်ခုပြီးတစ်ခု ဇယ် ဆက်သလို လုပ်သည်။
”ကဲ…မကြာခင် အမေဖြစ်တော့မယ် နော် …..”
”ဟုတ်ပါတယ် ဆရာမကြီး..သက်လည်း တွေးရင်းတွေးရင်း ပျော်နေမိတယ်ရ”
”အေးရ မွေးဖွားပြီး နို့တိုက်မယ့် ကိစ္စလေး ဒီနေ့ဆွေးနွေးရအောင်…ကလေးမွေးပြီးရင် သက်က မိခင်နို့ဘဲ တိုက်ရမယ်နော်…”
”ဟုတ်ကဲ့…မိခင်နို့တိုက်မှာပါ.. ဒါပေမဲ့ နို့မလုံလောက်ဘူးဖြစ်မှာကိုတော့ စိုးရိမ် သား…”
”အင်း…ဆရာမ ပြောခဲ့ဖူးသားဘဲရ မိခင်နို့ လုံလောက်ဖို့အတွက် မိခင်ရဲ့ စိတ်က ပိုအရေးကြီးတယ်လို့…ပူပင်စိတ်ထားမနေ နဲ့ရ ပြီးတော့ သက်က အာဟာရ ပြည့် ဝအောင် စားထားတာဘဲရ သက်ရဲ့ သားမြတ်ကို သန့်ရှင်း ရေးလုပ်တဲ့ အခါတိုင်းမှာလည်း ဒီနို့သီးခေါင်း လေးကို နချင်း ညစ်ထုတ်ပေးရ မယ်ရ နို့သီးခေါင်း ပုံ မှန်ဖြစ်နေအောင်ပေါ့ရ”
”ဟုတ်ကဲ့ပါရ ဆရာမကြီးရ”
”နောက်တစ်ခု အရေးကြီးတာ ကတော့ရ မွေးမွေးပြီးချင်း ကလေးကို နာရီဝက်အတွင် နို့ဦးရည် ဝင်အောင် တိုက်ဖို့ဘဲရ နို့ဦးရည်က ပမာဏသာ မများတာရ အာဟာရ ကတော့ ကလေးအတွက် အပြည့်အဝပဲ ပြီးရင်ရောဂါ ကာကွယ်တဲ့ ဓာတ်တွေလည်း တစ်ခါတည်းရ မှာ…”
”ဟုတ်ကဲ့ရ”
”နောက်တစ်ချက် ကတော့ ကလေးကိုနို့ တိုက်တဲ့အခါ အနေအထား မှန်ဖို့ပါဘဲ တချို့က နို့မထွက်ဘူး သာပြောကြတာရ ကလေးကို အနေအထား မှန်အောင် မလုပ် လို့ နို့မထွက်ဘူး ဆိုတာ မသိကြဘူး…”
”သက်လည်း ဒီလိုဘဲ ကြားဘူးပါတယ် ဆရာမကြီး…”
”အေး…မိခင်ကသာ အရည်များများ သောက်၊ အာဟာရပြည့်အောင်စား၊ ပြီးတော့ မိခင်စိတ်ဆိုတာလေးသာရှိရ နို့မထွက်စရာ အကြောင်း မရှိပါဘူးကွယ်ရ ကဲရ ဒီမှာ ကြည့်ရ ကလေးလေးကို ဟောဒီလို ရင်ခွင်ထဲမှာ ချီပြီးရ သူ့ရဲ့ပါးစပ်တစ်ခုလုံး ပွင့်သွားအောင် လုပ်ပြီးရင် နို့သီးခေါင်းရော နို့သီးခေါင်းဘေးက အမဲရောင် အကွင်းတစ်ခု လုံးက ကလေးပါးစပ်ထဲဝင် နေဖို့ လိုတယ်…အဲ့ဒီအခါမှာ ကလေးက စုပ်အား ကောင်းကောင်းနဲ့ စုပ်ရင်နို့လည်း တဖြည်းဖြည်း ထွက်လာမှာဘဲ…ကလေး စုပ်အား နဲ့ နို့ထွက်အား က တစ်ခုနဲ့ တစ်ခု အပြန်အလှန် ဆက်စပ်နေတာလေရ နို့သီး ခေါင်းအဖျား လေးဘဲ ကလေးပါးစပ်ထဲ ရောက်နေရင် နို့ မလိုက်ဘူးဆိုတာ ဖြစ်တာဘဲ….”
”သမီးကြိုးစားပြီး နို့တိုက်မှာပါ ဆရာမ ကြီး…”
”အေး…နို့တစ်မျိုးတည်းကိုဘဲ ၆လ အထိ တိုက်ရလိမ့်မယ်ရ နို့သာ လုံလောက်အောင် ထွက်ရင်ရ တစ်ခြားဘာမှ တိုက်စရာ မလိုဘူးရ ကလေးဆာတိုင်း အမေနို့ကိုဘဲ တိုက်ရမယ်ရ မိခင် ကတော့ နည်းနည်း ပင်ပန်းတာပေါ့ ကွယ်ရ ဒါပေမဲ့ ကလေးအတွက် နို့ဝဘို့ အရေးကြီးတယ် မဟုတ်လားရ နောက်ပြီး သက်က အလုပ်လုပ်တဲ့ မိခင် မဟုတ်တော့ တစ်ပန်းသာတာပေါ့ရ”
”ဟုတ်ပါတယ် ဆရာမကြီး…သက် လုပ်နိုင်မယ် ထင်ပါတယ်…”
”အေးကွယ် စိတ်ဓာတ် ကလည်း အရေးကြီး တာ မဟုတ်လား.. ဖြစ်မှာပါ သက်ရဲ့ရ မိခင် ရဲ့ မေတ္တာစိတ် ကိုက နို့ထွက်ဖို့ အတွက် အထောက်အကူ ဖြစ်နေပြီလေရ”
”အခုလို အချိန်ယူပြီး စိတ် ရှည်ရှည် ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာမကြီး ရယ်…သက်တို့ကို ပြန်ခွင့်ပြုပါအုံးနော်..”
”အေး…အေး…မွေးဖို့ဖွားဖို့ ပြင်ဆင်တာတွေ လည်း ပြည့်စုံနေပြီ မဟုတ်လား …”
”ဟုတ်ကဲ့ပါ ဆရာမကြီး”
”ရက်နီး လာလေရ ဂရုစိုက်ရမယ့် ကိစ္စတွေ များလေဘဲရ သတိလည်းထားနော်ရ”
”ဟုတ်ကဲ့ပါရ ဆရာမကြီး ပြောထားတဲ့ အချက်တွေ သက် မမေ့ပါဘူးရ”
”ကို”ရော ”သက်” ပါ ဆရာဝန်မကြီးကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြပါသည်။
ဟုတ်ပါသည်။ နောက်လဆိုရင်ဘဲ ဖေဖေ မေမေ ဘဝကို ရောက်ကြတော့မည် ဖြစ်ပါသည်။ ရင်ခုန် စိတ်လှုပ်ရှားရသည်မှာ လင်မယားနှစ် ယောက်စလုံးပင် ဖြစ်သည်။ သက် ၏ ဖေဖေနှင့် မေမေက နောက်တစ်ပါတ် ဆိုရင် သူတို့အိမ်မှာ လာနေကြဖို့ ပြောနေပါပြီ။ လူကြီးတို့ သဘာဝ စိတ်မချဘူး ဆိုသော အကြောင်းပြ ချက်ဖြင့် ခေါ်နေခြင်းဖြစ် ပါသည်။ မြေးဦးလေးကို ဦးဦး ဖျားဖျား ကြည့်ချင် မြင်ချင်ချီချင် ကြတာလည်း ပါမည်ထင်ပါသည်။
”သက်”နဲ့ ”ကို”တို့အတွက် ကတော့ မကြာခင်မြင်ရမည့် လမင်းကြီးလို ကြည်လင် အေးမြနေမယ့် ”သားလေး မျက်နှာ သော်တာ ငွေစင်”ကို စိတ်ကူးနဲ့ မှန်းကြည့်ရင်း…
ဒေါက်တာနေဝင်း