Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all 194 articles
Browse latest View live

ကတ်သီး ကတ်သတ် ပြောတဲ့ တောက်တီးတောက်တဲ့

$
0
0

သြဂုတ်လအတင်းချုပ်
ပြီးခဲ့တဲ့သြဂုတ်လအတွင်း လူပြောအများဆုံး အတင်းများကို ကတ်သီးကတ်သတ်ချန်နယ်မှ တောက်တဲ့မက တင်ပြသွားပါ့မယ်။

မင်္ဂလာသတင်းများမှာ
ဟိုတစ်လောက တန်းစီပြီး မင်္ဂလာဆောင် လိုက်တဲ့ မင်းသမီးလေးတွေထဲမှာ နှစ်ယောက်က ကိုယ်ဝန်ရှိနေပြီ။သရုပ်ဆောင် တစ်ယောက် လည်း နောက်ထပ် ကလေး တစ်ယောက် ကိုယ်ဝန်လွယ် နေပြီလို့ သိရပါတယ်။ ဒါဟာ ဗြဟ္မာပြည်က အပ် တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းဆိုတာကို မှားယွင်းကြောင်း ခပ်ရှင်းရှင်း သက်သေထူ လိုက်ဟန်ပါပဲ။ ဒါပေမဲ့ ကိုယ်ဝန်နုစဉ်မှာ ဘယ်သူမှ သတင်းမထုတ်ပြန် လိုသေးတာလည်း သဘာဝကျ  တယ်လို့တော့ တောက်တဲ့မတို့က နားလည်ပေးပါ တယ်။ငယ်စဉ် က အိမ်ထောင်ရေးမှာ ဖြစ်တတ်တဲ့ ကတောက်ကဆများကို ကျော်လွှားလို့ မင်္ဂလာ သက် ၃၃ နှစ်ဆင်နွှဲတဲ့ မင်းသားကြီးအတွက် လည်းသူ့ပရိသတ် ဝမ်းမြောက် နေပါတယ် ။ မြန်မာပြည်က ရောခ့်အဆိုတော်ကြီးတောင် နောက်ထပ်မြေး တစ်ယောက် ထပ်ရနေပါပြီ။

သင်္ခါရသတင်းများကို ဆက်လက်ကြေညာပါ့ မယ်
သရဖူပြန်အတောင်းခံရတဲ့ မော်ဒယ်ကြောင့် လည်း အမြဲမရှိနိုင်တဲ့ သရဖူရဲ့ မမြဲတဲ့အနိစ္စ သဘော၊ ဟိုတုန်းက National Director  နဲ့ ဝမ်းသာအယ်လဲ ချစ်ခင်ပုံများဟာ လည်း မမြဲတဲ့ အနိစ္စသဘော၊ ပကတိကို ဝိကတိ လုပ်တယ်ဆိုရင် လည်း နဂိုနဲ့မတူ ပြောင်းလဲသွားတဲ့ အနိစ္စသဘော လေးများကို ရှုမှတ်ရပါတယ်။ မင်းသမီးလေး တချို့ ဟာ ခန္ဓာကိုယ်ကြီးရဲ့ အစိုးမရတဲ့ အပုပ်ကောင်ရုပ်ဆောင်သဘော တရားတွေကို သိထားတော့ ဘာအဝတ်အစားမှ လည်း လုံလုံခြုံခြုံဝတ်မနေကြတော့ဘဲ မိမွေးတိုင်း အလှတရားနဲ့ နေကုန်ကြပါပြီ။ ဒါပေမဲ့ အဝတ် မလုံသော်လည်း သိက္ခာတော့ လုံတယ်ဆိုလား အဆိုရှိပြန်တော့ တောက်တဲ့မတို့ မှတ်သားရပါ တယ်။ ဒိုင်အိုဂျီးနိစ်ကြီးကို အပြည့် အဝထောက်ခံ လိုက်သလိုပါပဲ။နိုင်ငံကျော် မင်းသမီးကြီးတစ်ယောက်ရဲ့ ခင်ပွန်းဟောင်း ဒါရိုက်တာကြီးက သူ့ယောက္ခမ နာရေးမှာ ဝိုင်းဝန်းအားပေးနှစ် သိမ့် ရပြန်တော့ လည်း ပြောင်းလဲခြင်း၊ အစိုးမရခြင်း ဖြစ်ပျက် သင်္ခါရသဘောတို့ကို ရှုမြင်ကြပါကုန်။

ခေတ်စားနေတဲ့သတင်းများကို ကြေညာပါ့မယ်
စုံးစုံးနစ်မြုပ်နေ တယ်လို့ ယူဆတဲ့ ခေါင်း လောင်းကြီးကိုဖော်တဲ့ သတင်းဟာလည်း ခုချိန် မှာတော့ ပြန်ပြီး စုံးစုံးမြုပ်သွားပြန်ပါပြီ။ ဘယ် တော့များ တစ်ယောက်ယောက်က အမှတ်မရှိ ပြန်တူးဦးမလဲဆိုတာတော့ တွေးမိကြမယ်ထင်ပါ တယ်။ပရိသတ်တွေမျှော်လင့်တကြီး ပွဲဆူခဲ့တဲ့ ထူးအိမ်သင်အမှတ်တရပွဲဟာလည်း ကျေနပ်သူ၊ မကျေနပ် သူတွေ မည်သို့ပင်ရှိစေကာမူ မျှော်လင့် ချက်သာမထားခဲ့ရင် ငါ ဒီလို ခံစားရမှာမဟုတ် ဘူးဆိုပြီး အသံတွေတိုးလို့ တိတ်ဆိတ်ငြိမ်သက် ကာ သက်ငြိမ်အနေ အထား ပြန် လည်ရောက်ရှိ သွားပြီဖြစ်ကြောင်းပါ။ကိုရီးယားမှ 2NE1 ဂီတအဖွဲ့ မြန်မာပြည် မှာ လာဖျော်ဖြေတော့ မြန်မာဝတ်စုံကို ဆင်မြန်း ပြပြီး ပရိသတ်ကို ဖမ်းစားခဲ့ပါတယ်။ အဲဒီ ကာလ တွေမှာပဲ လေဒီဂါဂါက တစ်ကိုယ်လုံး ထွင်းဖောက် မြင်နေရတဲ့ အကြည်ရောင်ဝတ်စုံနဲ့ ကမ္ဘာကိုကိုင် လှုပ်နေတော့ကာ လေဒီဂါဂါ များ မြန်မာပြည် ရောက်လာ ရင် မြန်မာဝတ်စုံကို အကြည်ရောင် လေးများထွင်သွားမလားလို့ မျှော်လင့်နေကြပါ သတဲ့။ကိုယ်လက်အင်္ဂါပြည့်စုံသူတချို့က ‘ကျတတ် လွန်းတဲ့ စိတ်ဓာတ် မြေလွှာ ကိုေ ဖာက်ထွင်းပြီး အဝိစိထိဆင်းဖို့ ကျင့်ကြံနေသောအခါ’ ဆိုတဲ့ သီချင်းလေးဟဟ်ကြွေးလို့ စိတ်ကျပြီး အလုပ် မဖြစ်ကြပေမဲ့ လက်မရှိတဲ့ မစုပုံချစ်တို့၊ တွံတေးက ကိုချစ်ပိုင်ပိုင် တို့ကတော့ ‘ဗေဒါပျံ အံကိုခဲ ပန်းပန် လျက်ပဲ’ ဂီတနဲ့ စိတ်ဓာတ်ခွန် အားတွေကို ပြနေ ကြလို့ ရှက်တတ်သူတွေ ရှက်ကြပါလို့။

အဆုံးသတ်အနေနဲ့ အဝါရောင်သတင်းများကို ကြေညာရရင်တော့
မြန်မာနိုင်ငံမှာ အပေါများဆုံးတွေဟာ ကောလာဟလ၊ စိတ်ကြွဆေး၊ ပြည်တွင်းဖြစ် အရက်၊ မစာနာမှု၊ စည်းကမ်းမဲ့မှုတွေလို့ ပြောရင် မမှားပါ။ ဒီလိုအရာတွေကို ချိန်ညှိပေး ဖို့က အနုပညာ သမားတွေမှာလည်း တစ်စိတ်တစ်ပိုင်း တာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနုပညာသမားကို မြတ်နိုးချစ်ခင်တဲ့ ပရိသတ် ထုကြီးက တစ်ပြည် လုံးပါ ။ နိုင်ငံတော်အလံကို ရှေ့က ကိုင်ဆောင်ကြတဲ့ အနုပညာသမားတွေ ဟာ အင်အားချည့်နဲ့နေလို့ မဖြစ်ပါ။မင်းသား၊ မင်းသမီးတွေကြားမှာ ဖူးစာရေး နတ်လုပ်တတ်တဲ့ ဒါ ရိုက်တာတစ်ယောက်လည်း အသည်းကွဲမင်းသားတစ်ယောက်နဲ့အတူ မူးယစ်ဆေးကို သုံးနေလိုက်တာ သူ့မိန်းမက လွဲလို့ တစ်လောကလုံး သိပါသတဲ့။ စွယ်စုံနီးပါးရတဲ့ အဆိုတော်လေး တစ်ယောက်လည်း ဝါသနာရှင်အစ်ကိုကြီး တစ်ယောက် (နာမည်ကြီးသူဌေးသားတစ်ဦးပါပဲ) နဲ့ စွယ်စုံ နှစ်ပါးသွားလေးကြဲလိုက်တာ မိန်းမက မိသွားလို့ ကွာရှင်းခွင့်တောင်းထားပါသတဲ့။ သူက တော့ သူဌေးသားကြီးရဲ့ငွေနဲ့ အပေါက်ခံရတာပါ။ ဟိုဟာခံတယ်လို့ မမြင်ပါနဲ့လို့တော့ ဆင်ခြေတက် ထားသတဲ့။နာမည်ကြီး မင်း သားလေးတစ်ယောက်လည်း အရွယ်ရလာတော့ တက်သစ်စလေးတွေကို အလွတ်မပေးချင်တဲ့ ရောဂါရလာနေပါပြီ။ သူ့ချစ်သူကိုတော့ ကိုယ် ဒီတစ်ခါ မရှောင်နိုင်လို့ ပါဆို ပြီး ဝန်ခံသတဲ့။ သူ့ချစ်သူလေးမသိလိုက်တာ က ‘တစ်ခါတည်းပါ ခိုးသားငါးရာနဲ့’ ဆိုတာကို ပါ။မီဒီယာပိုင်ရှင်ကြီးကို ချိတ်မိနေတဲ့ မင်းသမီး လေးတစ်ယောက်ကတော့ သူ့ကိုယ်သူ သတင်း တွေဖြစ်အောင် လုပ်တတ်လာတာဟာ မီဒီယာ အစ်ကိုကြီးရဲ့ လမ်းညွှန်မှုတွေရယ်၊ အလှူငွေတွေပံ့ပိုးပေးမှုရယ်တွေကြောင့်ပါလို့ ခပ်ကြွားကြွားေ လး ပြောပါတယ်။


မပြောရဲပုံများကတော့
ပြီးခဲ့တဲ့လ အတွင်းမှာလူတကာ စိတ်အဝင် စားဆုံးက နဂါးတွေပဲလေ။ တောက်တဲ့မတို့ တစ်အိမ်သားလုံးလည်း စိတ်ဝင်စားကြသပေါ့။ ဇာတ်လမ်းစ တာကတော့ ရန်ကုန်ြ မစ်ထဲက ဓမ္မ စေတီခေါင်းလောင်းကြီးကို ဆယ်တာဖြစ်ပေမဲ့ ဇာတ်လမ်းရဲ့ အလယ်လောက်မှာတော့ နဂါးတွေ က ခေါင်းလောင်းကို လွှမ်းသွားတော့ တာပဲ။ခေါင်းလောင်း ဆယ်တာကို သွားကြည့်ကြတဲ့  သူတွေကလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် သဘော သွားကြတာပေါ့။ ခေါင်းလောင်းကြီး ဆယ်တင်တာ မတွေ့တောင် ခေါင်းလောင်း ကို စောင့်ရှောက်နေကြ တယ်ဆိုတဲ့ နဂါးတွေများ တစ်ကောင်တလေ ရေပေါ်တက်လာ မလားဆိုတဲ့ မျှော်လင့်ချက်လေး ပါကြတယ်။ ခေါင်းလောင်းကြီး ကိုတွေ့ပြီ…ဆယ်ဖို့ ပဲကျန်တော့တယ်လို့ ကြေညာချက်လည်း ထွက်ကရော တောက်တဲ့မ တို့လည်း တစ်ညလုံး ကိုယ်နဲ့နီးစပ်တဲ့ဆီတွေကို ဖုန်းတွေဆက်ဆက်ပြီး မေးရတော့ပြန်တာပဲ။ ဘယ်တော့ဆယ်တင်မှာလဲ၊ ဆယ်လို့ရောရရဲ့လား၊ ရေပေါ်ရောက်ပြီလား၊ ဘယ်လိုအခြေအနေရှိပြီလဲ …အစရှိသည်ဖြင့်ပေါ့လေ။ဒါပေမဲ့ မိုးသာလင်းသွားတယ် ဘာ မှ ရေရေ ရာရာမသိရပါဘူး။ ခေါင်းလောင်းကြီးလည်း ပေါ်မလာသေးဘူး။ ကြေညာချက်မှာကိုက နဂါးတွေရဲ့ ခွင့်ပြုချက်ကြောင့် ခုမှကြေညာရတာ လို့ကလည်း ပါ ထားသေးဆိုတော့…အင်း…ခုလည်း နဂါးတွေဆီက ခွင့်ပြုချက်ပါမစ်ယူနေရ တုန်းပဲမို့လို့ မဆယ်သေးတာလားပေါ့။ နဂါးက ဝင်ပူးပြီးပြောတယ် ဆိုတာတွေကလည်း ရှိလာပြန် သကိုး။ ခေါင်းလောင်းထက် နဂါးက ပိုခေတ် စားလာပြီလေ။ ဒီကြားထဲ နိုင်ငံခြားက အင်နာ ကွန်ဒါလို့ခေါ်တဲ့ မြွေအကြီးစား တစ်ကောင်ရေထဲ ကဖမ်းမိတဲ့ အင်တာနက်ကဓာတ်ပုံကို ရန်ကုန် မြစ်ထဲမှာပေါ်လာတဲ့ နဂါးဆိုပြီး ပုံမိတ္တူတွေကို တစ်ပုံတစ်ရာနဲ့ရောင်းလို့ ရဲကခေါ်တားလိုက်တယ် ဆိုလားကြားမိပါသေးရဲ့။ အခွင့်အရေးကို မလွတ် တမ်းအသုံးချတတ် တယ်ခေါ်မလား၊ စီးပွားရေး လာဘ်မြင်တယ်ပဲ ပြောရမလားပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ် လူတကာပါးစပ်ဖျားမှာ နဂါးတွေ ဟာ လှောင်စရာ၊ ပြောင်စရာတစ်ခုလို ဖြစ်လာတာကိုတော့ စိတ်မကောင်းမိတာအမှန်ပဲ။ စာနဲ့ရေးပြီး လှောင်ပြောင်တဲ့သူနဲ့၊ ကာတွန်းရေးပြီး လှောင်ပြောင်တဲ့သူနဲ့ စုံလို့ပါပဲလေ။ ဒါကတော့ ခေါင်းလောင်းဖော်တာကို ရိုးရိုးမဖော်ဘဲ လက် ဆုပ်လက်ကိုင်ပြ လို့မရတဲ့ နဂါးတွေကို ဖြစ်ရပ်ထဲ ဆွဲထည့်ကြသူတွေရဲ့ တာဝန်ကတော့ အင်မတန် ကြီးသွားပါပြီ။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားချက် တွေမှာ နဂါးဆိုတာ ရှိတယ်လို့လည်း အခိုင်အမာ ပါထားပြန်သေးသကိုး။ ဒီတော့ကာ ကံ-ကံ၏အကျိုးအရ ကိုယ့်တာဝန် ကိုယ်ယူကြရတော့ မှာပါပဲ။သို့သော်လည်းပေါ့လေ…သူတို့နောက် တာပြောင်တာတွေက ရယ်စရာလည်း အလွန် ကောင်းနေပြန်တော့ အဲဒါတွေကြည့်ပြီး လူတိုင်း ရယ်မိကြမှာ သေချာပါတယ်။အစ်ကိုဖြစ်တဲ့ တောက်တီးကတော့ ”သူ့ဟာသူ တကယ်ဟုတ်တာ မဟုတ်တာက သူ့ကိစ္စ။ ဒါပေမဲ့ သူတို့လုပ်တာကြောင့် ငါ့မှာ အနောက်အပြောင် ခံရမှာစိုးလို့ စနေသားဖြစ်တာ ကိုတောင် ရဲရဲမပြောရဲဘူး” တဲ့လေ။ ကဲ…။

အအေးပတ်တာပဲ အဖတ်တင်မယ်
မောင်တောက်တီး တစ်ယောက် ကော်ဖီဆိုင် တစ်ဆိုင်ရောက်။သူငယ်ချင်းများ ကိုစောင့်နေ။ ကျောချင်းကပ် လျက်စားပွဲတွင်အမျိုး သမီးကြီးတစ်ဦးက ကောင်မလေး တစ်ဦးကို ဆုံးမနေသံများ ကြားရ။”သမီးရယ် ညည်းတို့မလည်း အရွယ်ရောက် တာနဲ့ မော်ဒယ်လုပ်ချင်ကြရတာနဲ့၊ မယ်ဝင်ပြိုင် ချင်ကြရတာနဲ့။ ငတို့ခေတ်တုန်းကလည်း မယ်ပြိုင် ပွဲတွေ ရှိပါတယ်ဟယ်။ ဒါပေမဲ့ ညည်းတို့လို ရွစိတက်ပြီး လုပ်ချင်နေကြတာမဟုတ်ပါဘူး။ ကာယအလှဝါသနာပါသူတွေသာဝင်ပြိုင်ကြတာပါ။ခုခေတ် ကျမှအေ… မိန်းကလေးငယ်ငယ် ပိန်ပိန် အတော်များများ ဒီမော်ဒယ်ပဲ လုပ်ချင် နေကြတယ်။ ဒီမယ်ပဲ ဝင်ပြိုင်ချင်နေကြတယ်။ဘယ့်နှယ်မပြောတတ်ပါဘူး။ နာမည်မကြီး ခင်မှာလည်း ဟိုအန္တရာယ်ကိုကြောက်ရ၊ ဒီအန္တရာယ်ကိုကြောက်ရ၊ စားနေကျကြောင်ဖား တွေကိုကြောက်ရ၊ ကြောင်ဖားနောက်ဆွဲတွေကို ကြောက်ရ။ နာမည်ကြီးလာပြန်တော့လည်း သတိ ထားရနဲ့အေ။ ထစ်ခနဲရှိ ညည်းတို့ ဖေ့စဘုတ်ဆို တာကြီးကလည်း အင်မတန် အပုပ်ချပြန်ဆိုတော့ အဲဒီ ဖေ့စဘုတ်မှာ နာမည်မပျက်ရေးကိုပါသတိထားရပြန်ရော။ ဟိုတစ်လောကလည်း ဟိုကောင် မလေး မယ်ဝင်ပြိုင်ခါနီး ဟိုအဘိုးကြီးမြေးနဲ့ နှုတ် ဆက်မိလို့ဆိုပြီး အရေးမပါတာကို ရေးကြီး ခွင်ကျယ်လုပ်ပြီး အကြီးအ ကျယ်ပြောကြ ဆိုကြ သေးမဟုတ်လား။ ခုရော ဘာထူးလို့လဲ။ဟိုကောင်မလေးကို သရဖူပေးတုန်းကပေး ပြီးတော့ ပြန်သိမ်းလိုသိမ်း။ ဒီဘက်ကလည်း  မနေသာတော့ အကြောင်းစုံကို အထုပ်ဖြည်ပြရ။ ဟိုဘက်ကလည်း ဖေ့စဘုတ်မှာ ဘာတင်ညာတင်။ သတင်းစာတွေ ဂျာနယ်တွေကလည်း ဟိုဘက်က လိုလို ဒီဘက်ကလိုလိုနဲ့ရေးကြ။ အသက်မပြည့် တာ တွေရော၊ ရင်သားခွဲစိတ်ခိုင်း တယ်ဆိုတာတွေ ရော၊ ဆယ်ဒေါ်လာတန် ဘရာစီယာဝယ်ဖို့ ပိုက်ဆံ ချေးတယ်ဆိုတာတွေရော၊ စီးပွားရေးလုပ်ငန်း ရှင်တွေနဲ့ အဖော် အဖြစ်နေခိုင်း တယ်ဆိုတာတွေ ရောအေ…ရှုပ်နေတာပဲ။ ဖေ့စဘုတ်မှာက လည်း အမျိုးသားရေး လိုလိုဘာလိုလို ဟိုဘက်က မြှောက်ပေးသလိုလို ဒီဘက်ကိုမြှောက်ပေး သလို လိုနဲ့ ဟာတွေကရှိသေး။ ဆုရပြီးပြန်လာတော့ လည်း အမှိုက်ကူကောက်ကြ၊ အသုဘကူချပေးကြ ပြန်ဆို…။ ကြားနေရတာတွေကငါဖြင့် နားကိုမလည်တော့ ပါဘူးအေ။ ငတို့ ခေတ်က ဒါမျိုးတွေမကြားဖူးပါဘူး။ အေးအေးနေ ပါဟယ်။ တော်ကြာ အဲယားကွန်းအခန်းကြီးထဲမှာ အတို အပြတ်လေးတွေဝတ်ပြီး ခဏခဏ ကိုယ် ဟန်ပြရတာကြောင့် အအေးပတ်တာပဲ အဖတ် တင်နေလိမ့်မယ်”အဲသမှာ ကောင်မလေး ပြန်ပြောလိုက်ပုံက ”အဲဒီလို ပြဿနာတွေ မဖြစ်ရအောင် ပြိုင်ပွဲ Organization ကို ဖေဖေက ထောင်၊ မေမေက National Director လုပ်၊ သမီးက သရဖူ ပြန်မအပ်ရအောင် ကြိုးစားမယ်၊ အပ်ရရင်လည်း လျော်ပေးနိုင်တဲ့ ဘဲတစ်ဗွေရှာထားမှာပေါ့”တဲ့ဗျာ…။


Beyond the Women ဒေါ်ဆွေဇင်ထိုက်

$
0
0

ဆွေဇင်ထိုက် ဆိုရင် လူတော်တော် များများ က အကယ်ဒမီ မင်းသမီး တစ်ယောက် အဖြစ် သိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သူမကတော့ သူမရဲ့ ဘဝကို ထင်ရှားကျော် ကြား တဲ့ မင်းသမီး ဘဝမှာပဲ နှစ်မြှုပ်မနေခဲ့ပါဘူး။ ပတ်ဝန်းကျင် အတွက်၊ လူမျိုး အတွက် ရှေ့တန်းတင် စဉ်းစားပြီး Community Worker တစ်ဦးအဖြစ် အ သွင်ပြောင်း ခဲ့ လိုက်ပါတယ်။ ရုပ်ရည်ချောမော လွန်းတာ တင်မက ဥာဏ်ပညာ မြင့်မားပြီး တာဝန်ယူစိတ် ရှိတဲ့ သူမမှာ တာဝန်တွေ လုပ်ငန်းဆောင်တာတွေက များလှ ပါ တယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှာ အတွင်းရေးမှူး၊ Green Asia Network ရဲ့ အကြံပေးသူ၊Myanmar Mobile Education Project ရဲ့ Country Director စတဲ့ များပြားလှတဲ့ တာဝန်တွေကို ဆောင်ယူနေ သူဖြစ်ပါတယ်။ သူမနဲ့ တွေ့ခွင့် ရချိန်မှာ ရတီရဲ့Beyond the Women ကဏ္ဍအတွက် ဆွေးနွေးဖြစ်ခဲ့ပါတယ်။

အန်တီက အရင်တုန်းက အနုပညာရှင် တစ်ဦး လည်းဖြစ်ခဲ့ ဖူးတော့ ဒီနေ့ခေတ် အနုပညာရှင် တစ်ဦး ဘဝနဲ့ အန်တီ တို့တုန်းက ဘဝကိုလည်း ယှဉ်ပြီး ပြောပြ ပေး ပါလား။

အရင်တုန်းက အကြောင်းနဲ့ အခုနဲ့ ယှဉ်ပြီး ပြောရရင် Limitation အကြောင်းနဲ့ မရနိုင်တာရယ်၊ ရနိုင်တာရယ် အကြောင်းနှစ်ခုကို ပြောရမယ်။ အရင် တုန်းက သတင်း အချက် အလက်များ ရရှိနိုင်မှု နဲ့ International မှာ ဘယ်လိုတွေ လုပ်ကိုင်နေလဲ ဆိုတာ တွေကသိနိုင်ဖို့ အတွက် Limitation ရှိပါတယ်။ အဟန့် အတား အကန့် အသတ်တွေ ရှိခဲ့ပါတယ်။ ရုပ်ရှင် ရိုက်ကူး တဲ့ နေရာမှာလည်း အသုံးပြုရတဲ့ ပစ္စည်း အသုံး အဆောင်တွေ ကလည်း Limitation ရှိခဲ့ပါ တယ်။ နောက် ပြီး နိုင်ငံတကာ စနစ်နဲ့ ရိုက်ခဲ့တာ မဟုတ်ဘူး။ ကျွန်မတို့က ”ကန့်ကူ လက်လှည့်” ခေါ်တာပေါ့။ ကိုယ့် ရှေ့က လူကြီးတွေ အဆင့်ဆင့် သင်ပေးလိုက်တဲ့ အတိုင်း ရိုက်ကူး ရတော့ နည်းပညာ အသစ်အဆန်းတွေ နဲ့ ပတ်သက်ရင်လည်း Limitation ရှိခဲ့ပါတယ်။ ဒီနေ့ ခေတ်မှာတော့ လူတွေက သတင်း အချက်အလက်တွေ ကိုလည်း အင်တာနက် ကနေ တောက်လျှောက် ရနိုင် တယ်။ နောက်ပြီး နိုင်ငံတကာမှာ အသုံးပြုနေပြီ ဖြစ်တဲ့ up-to-date Products တွေကိုလည်း သိနိုင်တယ်။ ဒီနေ့ခေတ် ကတော့Rich Environment ထဲမှာ အလုပ် လုပ် နေရတဲ့ခေတ်ပါ။ ဒါပေမဲ့ ဘာတွေမှာ လျော့သွား လဲဆိုတော့ ကိုယ့် ယဉ်ကျေးမှုကို တန်ဖိုးထားမှု  (Culture Value) ကလျော့သွား တယ်။ ကိုယ့်ရဲ့ ဇာစ်မြစ်ဖြစ်တဲ့ Culture Value တွေကိုတန်ဖိုး မထားတော့ဘဲ လွတ်လပ်စွာ ဖန်တီးနိုင်မှု ဆိုတာ တွေကို အလေးထား လာကြတယ်။ Rights တွေ ကို အလေးထား လာကြတယ်။ အဲဒီတော့ ဆိုးကျိုး အနေနဲ့ သူတို့ ရွေးချယ်မှုတွေ က မိနစ် နဲ့အမျှ Social Media မှာ ချက်ချင်း တက်လာတော့ တချို့လည်း ကြီးမား တဲ့  impact တွေဖြစ်လာကြ တယ်။ ကျွန်မ တို့တုန်း ကကျတော့ ကံကောင်းတယ် ပြောရမယ်။ ကျွန်မ တို့ခေတ်မှာ Print Media ပဲရှိတယ်။ Print Media က စာနယ်ဇင်း ပုဂ္ဂိုလ်တွေ ကလည်း သိက္ခာ ရှိကြတယ်။ ဒီတော့ အခု  Social Media မှာလို သိပ် ပြီး ဆိုးဆိုးရွားရွား သိက္ခာထိခိုက် တာမျိုးတွေ မဖြစ်ခဲ့ဘူးပေါ့။

အနုပညာကို အခုခေတ်မှာ တော့ ဝါသနာ၊ ဗီဇအပြင် နည်း ပညာ အကူအညီ နဲ့ပါ မြှင့်တင်နေ ကြတယ်။ အန်တီ တို့တုန်းက နည်းပညာပိုင်းတွေ အားနည်းနေ ချိန်မှာ ဘယ်လိုတွေ ကြိုးစားအား ထုတ်ခဲ့ကြ ရပါသလဲ။

ကျွန်မတို့ တုန်းက နည်း ပညာအကူအညီ နည်း ခဲ့တော့ ကိုယ့်ရဲ့ အနုပညာ အရည် အသွေးကို အပြည့်အဝ ထုတ်ဖို့ ကြိုးစားခဲ့ရတယ်။ ရုပ်၊ အသံ၊ ခံစားမှုတွေ မှာ အရည် အသွေး အပြည့်အဝ ပါဖို့ ကြိုးစားရ တယ်။ အားစိုက် ရတယ်။ ဇာတ်ညွှန်းတွေကို မရိုက်ခင် ကတည်း ကသေသေချာချာ ကြည့်တယ်။ ဇာတ်လမ်း ထဲ က  Character နေရာ မှာ ဝင်ပြီး ခံစားကြည့်တယ်။ Rehearsal on set ပေါ်မှာ လည်းလုပ်ဖို့ အချိန်ပေးတယ်။ အခုခေတ် ကတော့ အချိန်ကို ရောင်းစားရတဲ့ အနေ အ ထား ဖြစ်နေတယ်။ တစ်ပတ်လောက်နဲ့ ကားတစ်ကား ပြီးအောင်ရိုက် ရတော့ Rehearsal အချိန်တွေ မပေးနိုင်တော့ ဘူး။ အချိန် မရတော့ On set ပေါ်မှာပဲ အားကုန် သုံး ကြတယ်။ ပြီးတော့ မင်းသား၊ မင်းသမီးတွေက ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးဖို့ အား နည်းကြတယ်။ ကျွန်မတို့ တုန်းက ဇာတ်ညွှန်း ဆရာ နဲ့ ညှိနှိုင်းတာ မျိုးတွေ လုပ်လို့ ရတယ်။ အခုခေတ် မှာက Pre-Production ရယ်၊ Post-Production ရယ်မှာ ပါဝင်မှုက အားနည်းတယ်။ ဘာလို့လဲဆို တော့ နည်းပညာ အကူအညီ ကို အားကိုး ကြတာ လေ။ ဒီတော့ တဖြည်းဖြည်း နဲ့ ”ရပါတယ် Production” ဖြစ်သွားတယ်။ အမှား တစ်ခုခု ဖြစ်ရင် ဒါရိုက်တာက လည်းရပါတယ်။ သရုပ် ဆောင် ကလည်း ရပါတယ်။ အသံသမား ကလည်း ရပါတယ်ပဲ။ Post – Production မှာ ပြင်မယ်လို့ စိတ်ကူး ကြတာကိုး။ နည်းပညာ ဘယ်လောက်ပဲ တိုးတက် တိုး တတ် Common Sense နဲ့ပြော ရရင် မူရင်းကောင်းမှ မိတ္တူကောင်း မှာလေ။ Pre-Production မှာမှားခဲ့တာ၊ မကောင်း တာ တွေကို ပြင်ဖို့ ဆိုတာ ကလည်း  Post -  Production မှာက Limitation ရှိပါ တယ်။ နိုင်ငံတကာ မှာလည်း Post-Production မှာ ပြန်လုပ်တာတွေ ရှိပါ တယ်။  အိန္ဒိယဆို တစ်ကားလုံး အသံ ကို  Post -Production မှာ ပြန်သွင်းတယ်။ ယိုးဒယားတို့ ဖိလစ်ပိုင် တို့လည်း Color တို့ Sound Noise ထုတ်တာတို့ ပြန်လုပ်တယ်။ ဒါပေမဲ့ Pre-Production မှာ Perfect ဖြစ်အောင် လုပ်ခဲ့မှ ကောင်းမှာပါ။

အန်တီက အောင်မြင်နေတဲ့ အကယ်ဒမီ မင်းသမီး ဖြစ်နေချိန်မှာ Community Worker တစ်ယောက် အဖြစ် ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့ တာပါလဲ။

ကျွန်မရဲ့ တန်ဖိုး ထားမှု ပဲပြောရ မှာပေါ့။ ၈၈ အရေး အခင်း ပြီးသွားတဲ့ နောက်ပိုင်း မှာ ရုပ်ရှင် ကောင်စီ ပျက်သွားတော့ ရုပ်ရှင် အစည်း အရုံး ထပ် ဖွဲ့ ဖို့ Constitution ရေး ကြတယ် ။ အဲဒါရေးတော့ လည်း ကျွန်မ ပါပါတယ်။ ရုပ်ရှင် အစည်း အရုံး တစ်ခု အခြေ ခိုင်ခိုင်နဲ့ ထွက်ဖို့ အတွက် ကျွန်မက အမျိုးသားတွေ ကြားထဲမှာ တစ်ဦးတည်း မိန်းမ အနေနဲ့ စည်းရုံးရေးမှူး တာဝန် ယူပြီး လုပ်ပေးခဲ့တယ်။ အဲဒီလို လုပ်နေတဲ့ နှစ်နှစ် အတော အတွင်း မှာ ကျွန်မ နဲ့အတူ လုပ်နေတဲ့ လုပ်ဖော် ကိုင်ဖက် အနုပညာ ရှင်တွေ ဟာ အာဏာရှိ လူတန်းစားတွေ ရှေ့မှာ အင်မတန် မှ ဒူးထောက်တာ တွေ့ရတယ်။ ကျွန်မ က အဲဒီထဲမှာ မပါချင်ဘူး။ နောက်ပြီး ၈၉၊ ၉ဝ၊ ၉၁ မှာ အနုပညာ Platform သုံးခုလုံး ဖြစ် တဲ့ Print, Broadcast, Movie တွေ ကို Propaganda Tools (ဝါဒဖြန့်ချိရေး လက်နက်) အနေနဲ့ အသုံးပြုတယ်။ ဒီတော့ ကျွန် မ Camera ရှေ့မှာ ရှိနေသ၍ ကျွန်မ မျက်နှာနဲ့ ကျွန်မ ပါးစပ်နဲ့ က မပြောချင် လည်း ပြော ရမှာ ပဲလေ။ ဒီတော့ ကျွန်မက ရုပ်ရှင် မရိုက်တော့ဘူး လို့ ဆုံးဖြတ် လိုက်တယ်။ ဒါက ကျွန်မ ရဲ့ရွေးချယ်မှုပါပဲ။

အဲဒီလို Community Worker အဖြစ်ရွေး ချယ်လိုက်တဲ့ အတွက် ဘယ်လို အကျိုးတွေ ရခဲ့တယ် လို့ သုံးသပ် မိပါသလဲ။

ကျွန်မ အတွက် အကျိုးလို့တော့ မမြင်ပါဘူး။ ကျွန်မက တခြားသူတွေကို ဘာတွေ လုပ်ပေးနိုင် မလဲ စဉ်းစားပြီး လုပ်ပေးတော့ တခြားလူတွေ အတွက် အကျိုးလို့ပဲမြင် ပါတယ်။ ကျွန်မရဲ့ ဘဝ မှာ Act One ဖြစ်တဲ့ ရုပ်ရှင် မင်းသမီး ဘဝကို ဖြတ်သန်းခဲ့ ရတဲ့ တစ်လျှောက်လုံးမှာ Fame တွေ၊ တခြား ကိစ္စတွေကို လေ့လာ သိရှိခဲ့ ရတယ်။ Act Two ဖြစ်တဲ့  Community Worker ဘဝမှာတော့ ကျွန်မ သင်ယူနိုင်တဲ့ အခွင့် အလမ်းတွေ ကလွဲရင် ကျွန်မရဲ့ အကျိုး ဆိုတာ မရခဲ့ပါဘူး။ သင်ယူနိုင်တဲ့ အခွင့် အလမ်း ဆိုတာ ကလည်း ပြည်တွင်းမှာ ရှိနေတဲ့ လူတွေ လိုအပ်နေတာတွေ ကို ဘယ်လို ဖြည့်ဆည်း ပေးနိုင်မလဲ။ ပြည်ပ မှာရှိနေတဲ့ အ လှူ ငွေ ထောက်ပံ့ငွေ များ ကို ဘယ်လို သုံးစွဲပေးရမလဲ ဆိုတာမျိုးတွေ ကိုတော့ သင်ယူ ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အလုပ်တွေ လုပ်တာ ကျွန်မရဲ့ ကိုယ်ကျိုး စီးပွား အ တွက် ပိုက်ဆံ အရသော် လည်းကောင်း၊ နာမည်အရ သော်လည်းကောင်း ရပါစေ ဆိုတာမျိုး လုံးဝ မဟုတ်ခဲ့ပါဘူး။ ရုပ်ရှင် မင်းသမီး ဆိုတဲ့ အရိပ်က ကျွန်မ ရဲ့ Community Worker ဘဝ မှာ ကောင်းတာ ဖြစ်စေသလို၊ ဆိုးတာဖြစ်စေ တာလည်း ရှိခဲ့တယ်။ ဥပမာ ၁၉၉၉ မှာ ကျွန်မ HIV Campaign လုပ်မယ် ဆိုတော့ အုပ်စုတစ်စုက ကျွန်မကို ဆရာဝန် မဟုတ်ဘဲ ဘာကြောင့် ကျန်းမာရေး ပညာပေးထဲပါ မှာလဲဆိုတာ ပြော တယ်။ နောက်ပြီး ကိုယ်နဲ့ အတူတူရှိတဲ့ Media ထဲက လူတွေကလည်း ဒါဟာ ရုပ်ရှင် မဟုတ်ဘူး။ ပိုက်ဆံ ရမှာ မဟုတ်လို့ မလုပ်ချင်ဘူး ပြောကြတာ လည်း ရှိတယ်။ တာဝန် အရှိဆုံး လူတွေကလည်း Mass Media ထဲ တက်မလာနဲ့ဆိုပြီး ခြိမ်းခြောက် တာလည်း ရှိပါ တယ်။ ဒါပေမဲ့ ကိုယ့်စေတနာနဲ့ ဘယ်လိုကောင်းအောင် လုပ်လဲ၊ ဘယ်လိုဖြစ် မြောက်အောင် လုပ်လဲ ဆိုတဲ့ ဇွဲနဲ့ပဲဆိုင်ပါတယ်။

အနုပညာရှင်နဲ့ Community Worker နှစ်ခုမှာ အန်တီရဲ့ Image ကဘယ်လောက်အထိ ပြောင်းလဲသွားခဲ့ပါသလဲ။

Act One ကမင်းသမီးပေါ့။ Act Two က Community Worker ဆိုတော့ လေ့လာ ရတာတွေ ရှိတယ်။ Intern တွေ ဆင်းခဲ့ရတယ်။ အလုပ်သင် လေး အဖြစ် နဲ့ နိုင်ငံ တကာ ပညာရှင်တွေကို ဆရာတင်ပြီး သင်ခဲ့ရတယ်။ Act Three အနေနဲ့ ကျတော့ ကျွန်မက  Community ထဲမှာ ပြောလို့ ဆိုလို့ အတွေ့အကြုံ တွေကို ရှင်းပြပေးနိုင် တဲ့၊ လေ့လာခဲ့တဲ့ ဗဟုသုတတွေ မျှဝေပေးနိုင်တဲ့ တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုမျိုး ဖြစ်ဖို့ အတွက် ကတော့ Audience နဲ့ ကိုယ် နဲ့ကြားမှာ ဆက်သွယ်မှု ပုံစံ ဆိုတာ ရှိပါတယ်။ အနုပညာရှင် အနေ နဲ့က ကိုယ်ရဲ့ ပုံရိပ်ကို ပိတ်ကားပေါ် ကနေ အားပေးနေ တဲ့ပရိသတ်ကို ကျေနပ်အောင် လုပ်ပေးရတာပါ။ Community Worker အနေ နဲ့ကျတော့ သူတို့ ဘာလုပ်သင့်တယ် ဆိုတာကို ကိုယ်က ခေါင်းဆောင်၊ ဦးဆောင် ပြီး ရှင်းပြပေးရတဲ့ သူပါ။ အဲဒါ ကြောင့် အဲဒီနှစ်ခု ရဲ့ Image ချင်း က လုံးဝ မတူပါဘူး။ ကျွန်မက တော့ Community Leader တစ်ယောက်ရဲ့ ဘဝကို ပိုပြီး ကျေနပ်နှစ်သက်ပါတယ်။

အန်တီ့ရဲ့ သမီးလေးနဲ့ နိုင်ငံရပ်ခြားပြီး နေထိုင်နေတယ် လို့ သိရပါတယ်။ တစ်ဦးတည်း သော သမီးလေး နဲ့ခွဲပြီး နေရတဲ့ အတွက် မိခင် တစ်ယောက် ရဲ့ ခံစားရမှုကို လည်း ပြောပြပေးပါ လား။

အရင်ခေတ်တုန်း ကတော့ နိုင်ငံခြားသွား မယ်ဆိုရင် တစ်သက်လုံး ပြန်မတွေ့ရတော့ဘူး ဆိုသလို ဖြစ်ပြီး ငိုရတာပဲလေ။ အခုခေတ်က ဒီလို မဟုတ်တော့ဘူး။ ကျွန်မနဲ့ သမီးနွေးနွေးစိန်မြင့် နဲ့ က ၂၄ နာရီလုံး Onlineမှာ အဆက်အသွယ် ရှိပါ တယ်။ ပြီးတော့ အရှေ့နဲ့ အနောက် မှာနေကြ ပေမဲ့လေယာဉ်က ၁ဝ နာရီ စီးသွားရင် ရောက် တယ်။ အရင်ခေတ် ကတော့ Passport အခက် အခဲတို့ Visa အခက်အခဲ တို့ဖြစ်တာကိုး အခုက တော့ မတူတော့ဘူး။ ဒီတော့ အချိန်မရွေး သွားလာနိုင်နေတယ်။ ကျွန်မ လည်း သမီးကို သွားတွေ့နိုင်တယ်။ သမီးလည်း ကျွန်မကို လာ တွေ့နိုင်တယ်လေ။ ဒီတော့ သမီးနဲ့ ဝေးနေသလို မခံစားရဘူး။ ကျွန်မရဲ့ အလုပ်တွေ ကိုလည်း သမီးက ကူညီပေးပါတယ်။ တစ်ခုပါပဲ အဲဒါက နည်းနည်း အိပ်ရေး ပျက်တာပါ။ အရှေ့နဲ့ အနောက် ဆိုတော့ နေ့၊ ည အချိန်ကွာ သွားတာ လေးပါပဲ။ နှစ်ယောက်လုံး က ရေမြေ အနေ အထား အရဝေးနေပေမဲ့ ကျွန်မတို့က Online မှာ အမြဲ တွေ့နေပြီး အလုပ် လုပ်နေပါတယ်။

အန်တီ့ သမီးကိုရော သူ့ဘဝမှာ ချောမွေ့နေ အောင် အန်တီ ပျိုးထောင်နိုင်ခဲ့တယ် လို့ ယုံကြည်ပါသလား။

သူ့ဘက် ကတော့ ကျွန်မ မသိဘူးပေါ့လေ။ ကျွန်မဘက် ကတော့ ယုံကြည်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ကိုငယ်ငယ် ကတည်းက ကျွန်မက အေ၊ ဘီ၊ စီ၊ ဒီ တတ်အောင် သင်ပေးခဲ့တယ်။ စာဖတ် တတ်အောင် သင်ပေးခဲ့တယ်။ ညအိပ်ရာ ဝင်ရင် ပုံပြင်တွေပြောပြီး လေ့ကျင့်ပေးခဲ့တယ်။ ပြီးတော့ Intern တွေ ဆင်းရတော့မယ် ဆိုတော့ လည်း ကွာလာလမ်ပူ မှာရှိတဲ့ Broadcast Station မှာလုပ်နိုင်အောင် စီစဉ်ပေးတယ်။ English Major နဲ့ Bachelor ပြီးအောင် လုပ် ပေးခဲ့တယ်။ Master  ယူမယ် ဆိုတော့လည်း မြန်မာပြည် မှာရှိနေတဲ့ ကလေးတွေကို ကျွန်မက အပြည်ပြည် ဆိုင်ရာ သင်ရိုးညွှန်းတမ်း နဲ့ တတ်ထား တဲ့ မျိုးဆက်သစ် တွေဖြစ်စေချင်တယ်။ ကျွန်မတို့ တုန်းက ဒီလို အခွင့်အလမ်းက မရှိခဲ့ဘူးလေ။ ဒါကြောင့် ကျွန်မက သူ့ကို Filming ကို Major ယူပါဆိုပြီး Academic of Arts San Francisco နဲ့ Master Fine Arts ပြီးပါတယ်။ ပြီးတော့ ဟိုမှာ Base လုပ်တဲ့ Media တွေမှာ သူ Involve ဖြစ်ပါတယ်။ ကျွန်မက စာတွေ မရေးနိုင်ပေမဲ့ သူက စာတွေ ရေးပါတယ်။ ခရီး သွားတာ ဝါသနာ ပါတော့ ခရီး သွားဆောင်းပါးတွေ ရေးပါတယ်။ သူက စာရေး ဝါသနာပါတယ်။ အခုအချိန် မှာတော့ သူက သူ့ဘဝမှာ ရပ်တည်နေနိုင်ပါပြီ။

မိခင်တွေရဲ့ ပညာတတ်မှု၊ မတတ်မှုက ကလေးတွေ အပေါ်မှာ လွှမ်းမိုးသလို တခြားအရေး ပါတဲ့ ဘယ်လို လွှမ်းမိုးမှုတွေ ရှိပါသေးသလဲ။

မိခင်က ပညာမတတ်လည်း တဖြည်းဖြည်း Generation အလိုက်မြှင့် လို့ရပါတယ်။ ကျွန်မတို့ ဘွားအေကြီးက စာမတတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့ အဘွား ကရေးတတ် ဖတ်တတ် တယ်။ ကျွန်မတို့ အမေက အခြေခံပညာ အထက်တန်း အထိ ရောက်တယ်။ ကျွန်မကျတော့ မြန်မာပြည်က ဘွဲ့ရတယ်။ ကျွန်မသမီး ကျတော့ နိုင်ငံတကာ က Masterဘွဲ့ရတယ်။ အဲဒီလိုပါပဲ။ တဖြည်းဖြည်း မြှင့်လို့ ရပါတယ်။ ဒါကြောင့် ပညာတတ်တာ မတတ်တာက မြှင့်လို့ ရပါတယ်။ Life is Choices ပဲ ကိုယ့်ရွေးချယ်မှု က ကိုယ့် ဘဝပါပဲ။ တခြား အချက်အလက်တွေ ဆိုရင် ကိုယ်ချင်းစာမှုလေး နဲ့ပဲ စဉ်းစားကြည့်ပေါ့။ ကိုယ်လုပ်ချင်တာကို မလုပ်ရရင် ပျော်မလား။ မလုပ်ချင်တာကို လုပ်ရ ရင် ပျော်နိုင်မလား။ ဒါနဲ့ပဲယှဉ်ပြီး စဉ်းစားပေါ့။ သားသမီးကို ထိန်းသိမ်း စောင့်ရှောက်ရင် ဒါက အရေးကြီးဆုံးပါပဲ။ Common Sense ပေါ့။ နောက် တခြားအ ချက်တွေ ဆိုရင်  Information  ပေးဖို့ပေါ့။ ဘယ်လို အရာကို ဘယ်အချိန်မှာ သင်ရ မယ်။ ဘာသင်ဖို့ အတွက် ဘယ်လိုတွေ ပြင်ဆင် ထားရမလဲ ဆိုတာတွေ တော့လိုတာပေါ့။ အဲဒါ အပြင် ကိုယ့်ကလေး အတွက် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု လည်း လိုတယ်။ ဘာ ဖြေထားပါလား။ ဘယ်လိုလေး လုပ် ကြည့်ပါလား။ ဒါတွေ ကို သူ့ကို အတင်း ဖိအား ပေးပြီး ပြောတာ မဟုတ် ဘဲသူနဲ့ တိုင်ပင်ဆွေးနွေး ပြီး ပြောကြည့်ရမယ်။ ကူညီ သူ အနေနဲ့ အကြံပေးသူ အနေ နဲ့ပဲလုပ်ရမယ်။ တကယ် ကြိုး စားပြီးလျှောက် လှမ်း ရမှာ က တော့သူနဲ့ပဲဆိုင်တာပါ။

မြန်မာ အမျိုးသမီးတွေ က သိပ်တော်တယ်။ လက်ခံ တတ်တယ်။ စဉ်းစား ဆုံးဖြတ်နိုင်တယ် ဆိုတာတွေက မြန်မာ လူမှု အဖွဲ့အစည်း ရဲ့ လူမှု ဆက်ဆံမှု ပုံစံကြောင့် လို့ အန်တီ ထင်ပါသလား။

လောကကြီးမှာ လူက လေးမျိုးပဲရှိပါတယ်။
•   လူပျင်းလူညံ့က တစ်ဖက်သားကို အပြစ်တင် တယ်။
•   လူသာမန်က တစ်ဖက်သားနဲ့ လိုက်လျောညီထွေနေပြီး ‘Yes Man’ လုပ်တယ်။
•  လူတော် ကတော့ တစ်ဖက်သားက သူ့ဘဝ အတွက် ဘယ်လို အသုံးချ လို့ရမလဲဆိုပြီး တစ်ဖက်သားကို အသုံးချ ဖို့စဉ်းစားတယ်။
• ထူးချွန် ထက်မြက်တဲ့ သူကတော့ ငါ့ဘဝရဲ့ ပတ်ဝန်း ကျင်မှာ ဘာတွေ ပြုပြင် ပြောင်းလဲဖို့ လိုမလဲ ကြည့် ပြီး ပြောင်းလဲ လိုတဲ့ စိတ်ရှိတယ်။

အဲဒီ လူလေးမျိုးထဲ မှာ ကျွန်မတို့ မြန်မာ အမျိုးသမီး တွေက ပျင်းပြီး တစ်ဖက်သားကို အပြစ်တင်တဲ့ ထဲမှာ မပါဘူးလို့ ကျွန် မမြင်တယ်။ ကိုယ့် နိုင်ငံရဲ့ တခြား ဘက်က နိုင်ငံ တစ်နိုင်ငံ က လူ အုပ်စုတစ်စု ဆိုရင် တစ်ချိန်လုံး ညည်းညူပြီး တစ် ဖက်သားကို အမြဲ အပြစ်တင်နေ တတ်တယ်လေ။ ကျွန်မတို့ရဲ့ နောက် တစ်ဖက် ခြမ်း က အမျိုးသမီး တစ်စု ကတော့ လူ သာမန်ပဲ။ ပတ် ဝန်းကျင်နဲ့ လိုက် လျောညီထွေနေ တယ်။ ကျွန်မတို့ လူမျိုးစု အမျိုး သမီးတွေက လူတော်တွေ ထဲမှာပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာ အမျိုးသမီးတွေက တာဝန်ခံ တတ်တယ်။ တာဝန်ရှိစွာ လုပ်ဆောင်ပေးတယ်။ ကျွန်မ တို့ ထမင်းချက်ပေးရတာ၊ အဝတ်လျှော် ပေးရတာ၊ ကလေးကို ထိန်းရတာ၊ ဒါတွေကို မညည်းဘူး။ တခြား နိုင်ငံက အမျိုးသမီးတွေ က ညည်းကြတယ်။ အနောက် နိုင်ငံက အမျိုးသမီးတွေ ကကျတော့ သူ လုပ်ပေးသမျှ ကို ကျေးဇူးတင် ပါတယ် ပြောမှ ကြိုက်တယ်။ Acknowledge လုပ် မှ ကြိုက်တယ်။ ကျွန်မတို့ နိုင်ငံက အမျိုးသမီးတွေ က တော့ Acknowledge လုပ်လုပ်၊ မလုပ် လုပ်ရတယ်။ ဒီလို အလုပ်တွေ လုပ်ရတဲ့ အတွက် အောင် လက်မှတ်ပေး ဖို့လည်း မပြောဘူး။ ငြူစူဆောင့်အောင့်နေတာ မျိုးလည်း မရှိဘူး။ တာဝန်ယူ တတ်တာက ကျွန်မတို့ မြန်မာ အမျိုး သမီးတွေရဲ့ အားသာချက်ပဲ။ နောက်ပြီး သတ္တိရှိတယ်။ မြန်မာအမျိုးသား များက အပြစ်တင် ခံရ မှာ ကြောက်တတ် ကြတယ်။ အပြစ်တင်ခံ ရမယ့် အလုပ်မျိုးကို မလုပ် ဘူး။ အမျိုးသမီးများကတော့ အပြစ်တင်လည်း ရတယ်။ ဒါက အတွေ့ အကြုံလို့ သဘောထားပြီး တူညီတဲ့ အမှားကို ထပ်ပြီး မမှားအောင် လုပ်တယ်။ ကိုယ့်မိသားစု အတွက် ကိုယ့် ကလေး အတွက် အကျိုးရှိရင် Risk ကိုလည်း သတ္တိရှိရှိ ရင်ဆိုင် တတ်တယ်။ အဲဒီ လိုတွေ တော်တဲ့ အမျိုးသမီးတွေ ပါ။ ထူးချွန်တဲ့ မြန်မာ အမျိုးသမီးတွေ လည်း များများ ထွက်ဖို့ လိုပါတယ်။ ပြောင်းသင့် တာတွေကို ပြောင်းဖို့ အတွက် လုပ်ပေးနိုင်ဖို့ လိုပါတယ်။

မိဘ အများစုက ကလေးတွေရဲ့ IQ ကိုပဲ အလေးထားကြတာတွေ့နေရပါတယ်။ အမှန်က EQ ဆိုတာလည်း အရေးကြီးပါတယ်။ IQ နဲ့ EQ ရဲ့ အရေးပါမှု အကြောင်းကို အန်တီက သုံးသပ် ပေးပါဦး။

ကျွန်မ ကတော့ ရုပ်ရှင် အသိုင်းအဝိုင်းထဲမှာ အနှစ် ၂ဝ ကျော် အလုပ်လုပ် ခဲ့တော့ ကျွန်မရဲ့ နှလုံးသားက အရေးကြီးတယ်။ နောက်ကျန်တဲ့ အနှစ် ၂ဝ က ကျတော့ Community Worker လုပ်တော့ ဦးနှောက်က အရေးကြီး သွားပြန်တယ်။ ဦးနှောက်ရော၊ နှလုံးသားရော 2H ပေါ့ Head & Heart က ဟန်ချက် ညီဖို့ လိုပါတယ်။ ဦးနှောက် ဆိုရင် ဘယ်ဘက် ဦးနှောက်နဲ့ ညာဘက် ဦးနှောက် ရယ် ဆိုပြီး ပြောကြတယ်။ ညာဘက် ဦးနှောက်က Programme တွေ သွင်းထားတော့ သူက Hard ware ပိုင်းပေါ့။ လူကြီးရှေ့ ခါးကုန်းပြီး သွားရမယ်။ ဘုရားပေါ် တက်ရင် ဖိနပ်ချွတ်ရမယ်။ ထမင်းစား ရင် ကိုယ့်ထက်ကြီးတဲ့ သူကို ဦးချပေးရမယ်။ ဒီလို Programme တွေ သွင်းထားတယ်။ ဒီ Programme တွေကို ဘယ်လိုပြန်ပြီး Modify လုပ်မလဲ ကျတော့ Software ပိုင်းက လုပ်ရတာ ပေါ့။ Software က ဘယ်ခြမ်း နဲ့ ဆိုင်မှာပေါ့။ ကျွန်မတို့ ပညာရေးစနစ်က Hardware ပိုင်း အရမ်း ကောင်းတယ်။ Software အတွက်  အားပေးမှုက နည်းတယ်။ အရင် အစိုးရ လက်ထက် တုန်းက အခြေခံ ပညာကျောင်းတွေမှာ  Multimedia ဆိုပြီး လုပ်လိုက်သေးတယ်။ ဒါပေမဲ့ မပီပြင်ခဲ့ဘူး။ ကွန်ပျူတာတွေ ပျက်မှာစိုးလို့ သိမ်းထားတယ် ဆို တာနဲ့ ပြီးသွား ခဲ့ရတယ်။ နောက်ပြီး ကျွန်မတို့ တွေ အားအနည်းဆုံး အပိုင်း က ဦးနှောက်ရဲ့ အလယ်ပိုင်းပဲ။ အဲဒီအပိုင်း ဖွံ့ဖြိုးရင် reason တွေ ကို ကြည့်တတ်တယ်။ Cause & Effect တွေကို ပိုင်းခြား တတ်ကြတယ်။ အဲဒီ အလယ်ပိုင်းက EQ ကို Control လုပ်နိုင်တယ်။ သူဖွံ့ဖြိုးရင်ပေါ့။ ကျွန်မအနေ နဲ့ပြောရရင်တော့ အားလုံး ဖွံ့ဖြိုးရ မယ်။ ဒါမှ IQ မြင့်ပြီး EQ ကောင်းတဲ့ သူဖြစ်မှာပေါ့။

အန်တီက တစ်လောတုန်းက Intellectual  Property နဲ့ ဆိုင်တဲ့ ဆုရခဲ့တယ်နော်။ အဲဒီ ဆုရ ခဲ့ရတဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။

World Intellectual Property Organization က တစ်ကမ္ဘာလုံးမှာ WIPO Day ဆိုပြီး သတ်မှတ်ပါတယ်။ ကမ္ဘာ့ အသိဥာဏ ပစ္စည်း ကာကွယ်ရေး နေ့ World Internation Property  Day ပေါ့။ အဲဒီနေ့က April မှာ ကျပါတယ်။ မြန်မာပြည် မှာရှိတဲ့ ရှေ့နေကြီး ဦးအောင်စိုး ဦးက IP ကို တစ်စိုက်မတ်မတ် လုပ်လာတဲ့ သူပေါ့။ သူတို့ရဲ့ ACE Group က နှစ်တိုင်းပေးပါ တယ်။ သူ့ရဲ့ Theme အလိုက်ပေး တာပေါ့။ ဒီနှစ်ရဲ့ Theme ကMotion Picture ဆိုတော့ ကျွန်မကို ပေးတာပါ။ အရင်ကနဲ့ စာရင် တော့ WIPO က တဖြည်းဖြည်း တိုးတက်လာပါပြီ။ WIPO ရဲ့ ရည်ရွယ်ချက် ကတော့ မြန်မာပြည်တင် မကဘဲ အာဆီယံမှာ ရှိနေတဲ့ နိုင်ငံတွေ အားလုံးရဲ့ မူပိုင်ခွင့် နဲ့ ပတ်သက်ပြီး အသိ ဥာဏ်ပညာတွေ တိုးတက်ဖို့ ရည်ရွယ်ပါတယ်။ သူတို့က ကူညီပါတယ်။ ကျွန်မ တို့ရဲ့ ရုပ်ရှင်တွေက အများအားဖြင့် Copy တွေနဲ့ Involve ဖြစ် တယ်။ IP ဆိုတာ ရှိတယ်။ သူ့ အောက်မှာ Patent Law တို့ Industrial Law တို့ Trade Mark Law တို့ပါတယ်။ အခုထိတော့ IP နဲ့ပတ်သက်ပြီး ကျွန်မတို့နိုင်ငံ ကကြိုးစား ဆဲပါပဲ။

မြို့ပြမဟုတ်တဲ့ နေရာတွေမှာ နေနေကြတဲ့ အမျိုးသမီး အများစုက ကျန်းမာရေး ဗဟုသုတ နည်းပါးတာ တွေ့ရပါတယ်။ ဒါက ဘာကြောင့်လို့ အန်တီ ယူဆပါသလဲ။

Limited Access ပါပဲ။ Access of Information ရတာ နည်းနေကြတာပါပဲ။ သတင်း အချက်အလက် ရတာတွေက ကွာဟနေတာပါ။ နောက်ပြီး ရိုးရာ အယူအဆနဲ့ ယုံကြည်မှုတွေ ကြောင့်ပေါ့။ ကျွန်မက လူတွေရဲ့ ယုံကြည်မှုကို လေးစားပါတယ်။ ငှက်ဖျားကြောင့် ဖျားနေတဲ့ လူ အတွက် ညောင်ပင်မှာ ခေါစာ သွားပစ်တာမျိုး ပေါ့။ ဒါပေမဲ့ တကယ်က ခေါစာပစ်ရမှာ မဟုတ် ဘူး။ ငှက်ဖျားပိုး ကို ရှာရမယ်။ ဆေးသောက်ရ မယ်။ ငှက်ဖျားဆေး ဘယ်မှာ ရနိုင်မလဲ။ ဒါတွေကို လေ့လာရမှာပါ။ ဒါ ဥပမာပေးတာပါ။ နောက် ဝမ်းလျှောတာမျိုး ဆိုရင်လည်း အလေ့အကျင့်တွေ နဲ့ ဆိုင်တယ်။ ကိုရီးယားကားတွေ ထဲမှာ ကလေး တွေကို လက်ဆေး ဖို့ပြောတဲ့ အခန်း အမြဲပါတတ် တယ်။ ကျွန်မတို့ နိုင်ငံမှာက လက်ဆေးတာကို အလေးမထား တတ်ကြဘူး။ ဆေးတော့လည်း စင်အောင် မဆေးဘဲ ရေစွတ်ပြီး ထမင်းစား ကြတဲ့ အလေ့ အကျင့်တွေ ရှိတယ်။ ကျွန်မရဲ့ မအောင်မြင် တဲ့ Campaign ထဲမှာ လက်ဆေးတာလည်း ပါတယ်။

နောက်ပြီး အခုခေတ် အမျိုးသမီး ငယ်လေး တွေက အပျိုစင် ဆိုတဲ့ ဂုဏ်ကို တန်ဖိုး မထားကြတော့ဘူး။ ဒီလိုတွေ ဖြစ်လာစေတဲ့ အကြောင်း အချက်တွေက ဘာတွေကြောင့် လို့ အန်တီ ယူဆပါ သလဲ။

Individual Vision  တွေ Life Value တွေနဲ့ ဆိုင်တာပါ။ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို ကြည့်တာမှာ ရေတိုပဲကြည့်ပြီး ရေရှည် မကြည့်ကြလို့ပါ။ ကျွန်မ တွေ့ ဖူးပါတယ်။ အနှိပ်ခန်းမှာ အလုပ် လုပ်နေတဲ့ မိန်းကလေးကို ဘာလို့ ဒီအလုပ်လုပ် နေလဲ မေးကြည့်တော့ သူက ပိုက်ဆံ လိုချင်လို့ပါတဲ့။ တစ်ဦးချင်းစီရဲ့ ဘဝ တန်ဖိုး ထားမှုတွေနဲ့လည်း ဆိုင်တယ်။ နောက်ပြီး အလုပ်အကိုင် အခွင့်အလမ်း တွေက ဒီနိုင်ငံမှာ Limited ဖြစ်နေတယ်။ ကျွန်မ တို့ဆီမှာ ပညာတတ် လူငယ်တွေက အတတ် ပညာ လိုအပ်နေကြတာပဲ။ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ ကလည်း သူတို့ အတွက် ဘာကိုတန်ဖိုး ထားရမလဲ ဆိုတာကို မေ့သွားစေတာပဲ။ ဘဝကို Long Term စဉ်းစားတတ်ဖို့ လိုတယ်။ နိုင်ငံတော် အနေနဲ့ကလည်း အလုပ်နဲ့ ပတ်သက်ပြီး အာမခံ ချက်ပေးနိုင်တာ မျိုး ဖြစ်စေချင်တယ်။ ဒီမှာက မိန်းကလေးတွေ က ကိုယ်ဝန် ရှိမှာနဲ့ HIV ကူးမှာ ဆိုရင် ကိုယ်ဝန် ရသွားမှာကို ပိုကြောက်တယ် ဆို တာမျိုးဖြစ်နေတယ်။ ဒါကလည်း HIV က ၄၊ ၅ နှစ်နေမှ HIV ဖြစ်မှန်း သိသာတယ်။ ကိုယ်ဝန် ရတာက ၂ လ၊ ၃ လအတွင်း သိသာတယ်ဆိုတာ ကြောင့်လို့ ပြောတယ်။ ရေတိုပဲ ကြည့်ကြတာပေါ့။ တော်တော် များများက Culture Shock ရတာပဲ။ Culture Shock ကြောင့်လည်း ဒီလိုမျိုးတွေ ဖြစ် သွားစေတာပဲ။ ကျွန်မ အမြင်မှာတော့ အပျိုစင် ဂုဏ်ကို မထိန်းသိမ်းနိုင် တာက ကိုယ့်ရဲ့ ဆင်းရဲ မွဲတေမှုကြောင့် လည်း ဖြစ်နိုင် တယ်။ တခြားအပြင် ကနေ စိတ်ဝင်စားစရာတွေ ဖြစ်တဲ့ ငွေကြေး၊ ဓန၊ ရာထူး၊ Popularity ဒါမျိုးတွေကြောင့် ဖြစ်တာ ပါပဲ။ အဓိက ကတော့ Individual Value ပေါ်ပဲ မူတည်တာပါ။

ရတီ အမျိုးသမီး ပရိသတ်ကို အန်တီက စကားလက်ဆောင်လေး ပြောပေးပါဦး။

အားလုံးက ကိုယ့်အားကိုယ်ကိုး ရတာပါ။ ကိုယ်ထူကိုယ်ထ ကြိုးစားဖို့ လိုပါတယ်။ ကိုယ့် ဦးနှောက်နဲ့ ကိုယ့်နှလုံးသား ကို ချင့်ချိန်နိုင်ဖို့ သတင်း အချက်အလက်တွေ ကို သိထားဖို့ လိုပါ တယ်။ ကိုယ့်ကိုယ် ကိုယ်ကောင်းစွာ စောင့်ရှောက် နိုင်ရင် ကိုယ့်ဘေးမှာ ရှိနေတဲ့ မိသားစု ပတ်ဝန်းကျင် ကို ကူညီစောင့်ရှောက်နိုင် ပါတယ်။ ကျွန်မ ကတော့ မြန်မာ အမျိုးသမီးတွေကို ပတ်ဝန်းကျင်ကို ပြောင်း လဲပေးနိုင်တဲ့ ထူးချွန် ထက်မြက်သူတွေ အဖြစ် ဖြစ် စေချင်ပါတယ်။

ဖြိုးစုပိုပို

ခန္ဓာကိုယ် ခုခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဟင်းသီးဟင်းရွက်များ

$
0
0

ဒီနေ့ခေတ် ကာလမှာ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေဟာ တစ်ဟုန်ထိုး ကြီးထွား လာနေတာ ကို တွေ့မြင်နေ ရပါတယ်။ ဒါကြောင့် လူသားတွေ ဟာ ခန္ဓာကိုယ်ရဲ့ ခုခံ စွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေလာကြရာ အနားယူ အပန်းဖြေခြင်း ကလည်း ခန္ဓာကိုယ်ရဲ့ ခုခံ စွမ်းအား တိုးမြှင့်မှုကို အထောက် အပံ့ပေး တယ်လို့ သိရပါ တယ်။ သို့သော်လည်း ခန္ဓာကိုယ်ခုခံ စွမ်းအား ကို မြှင့်တင်ပေးရာမှာ အရိုးရှင်းဆုံး နဲ့ အကျိုးသက် ရောက်မှု အရှိဆုံး ကတော့ ဟင်းသီး ဟင်းရွက်တွေ ကို စားသုံးပေးခြင်း ပဲဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာ ကိုယ်ရဲ့ ခုခံစွမ်းအား ကို မြှင့်တင်ပေးနိုင်မယ့် သင် စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက် စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ မှာပါဝင်တဲ့ allicin ဓာတ်က ခန္ဓာကိုယ်တွင်း မှာရှိတဲ့ ဆဲလ်များကို ညီညွတ် မျှတ စေပါတယ်။ ဒါ့အပြင် ရောဂါပိုးမွှား များကို သေစေနိုင်တဲ့ စွမ်းအင် သတ္တိ ရှိပြီး ကင်ဆာ အပါ အဝင် အနာရောဂါ များဖြစ်ပွားမှုကို တားဆီး ကာကွယ်ပေးပါတယ်။

၂။ ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက်များ

မုန်ညင်းထုပ်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းမုန်လာစိမ်း၊ မုန်လာဥဖြူ စတဲ့ ဂေါ်ဖီမျိုးနွယ်ဝင် ဟင်းသီးဟင်းရွက် များမှာတော့ ဆာဖာဓာတ် ပါဝင် တယ်လို့ သိရပါတယ်။ ဆာဖာ ဓာတ်က ခန္ဓာကိုယ် ရဲ့ ခုခံစွမ်းအားကို တိုးမြှင့်စေပြီး ကင်ဆာ မဖြစ်စေ ရန် တားဆီး လုပ်ဆောင်ပေးတဲ့ ခန္ဓာကိုယ် ရဲ့ လုပ်ငန်းစဉ် များကိုလည်း ချိတ်ဆက် ပံ့ပိုးပေးပါ တယ်။

၃။ ကြက်သွန်နီ

ဘိုးဘွား ဘီဘင်များ လက်ထက်မှစပြီး ယနေ့အချိန် အထိ ဟင်းချက်ရာမှာ ကြက်သွန်နီကို ထည့်သွင်း ချက်ပြုတ် လာခဲ့ကြပေမဲ့ ကြက်သွန်နီရဲ့ အစွမ်း အာနိသင် ကိုတော့ သတိမပြုမိ တတ်ကြပါ ဘူး။ တကယ်တော့ ကျွန်ုပ်တို့ နေ့စဉ် စားသုံးဖြစ် နေတဲ့ ကြက်သွန်နီ ဟာ အနံ့ အရသာကောင်းမွန် တဲ့အပြင် အင်တီအောက်ဆီဒင့် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဟင်းသီးဟင်း ရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ရောင်ခြယ်ဓာတ် ကိုလည်း ကြက်သွန်နီ မှ ရရှိနိုင်ပြီး ခန္ဓာကိုယ် အတွက် အကျိုးကျေးဇူး ရှိစေတဲ့ ဓာတ် အာနိသင်တွေ များစွာ ပါဝင်တယ် လို့ သိရပါတယ်။ ကြက်သွန်နီ ဟာ သွေးတိုး ကိုလည်း ကျစေပြီး ဓာတ် မတည့် မှု တွေကို ကုသရာမှာလည်း အသုံးဝင်တယ် လို့ သိရပါတယ်။

၎။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ သဘာဝက ပေးအပ်ထားတဲ့ လီကိုပင်းဓာတ် ပါဝင်ပြီး အင်တီအောက်ဆီဒင့် ဓာတ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ပါဝင်တဲ့ ဓာတ်တွေ ရဲ့ ထူးကဲတဲ့ အကျိုး အာနိသင်ကြောင့် ကင်ဆာဖြစ်ပွားမှုကို တားဆီး ကာကွယ်ပေးပြီး အထူးသဖြင့် ဆီးလမ်းကြောင်း ဆိုင်ရာကို ပိုမို ကောင်းမွန်စေတဲ့ အစွမ်း အာနိသင် ရှိတယ် လို့ သိရပါတယ်။ ဒါ့ပြင် ခရမ်းချဉ်သီးမှာ ဘီတာ ကာရိုတင်း ဓာတ်နှင့် ခန္ဓာကိုယ် အတွက် လိုအပ် တဲ့ အမျှင်ဓာတ်တွေ လည်း ကြွယ်ဝစွာ ပါဝင်ပါ တယ်။

၅။ မှို

မှိုမှာပါဝင်တဲ့ ဓာတ်က ကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးတဲ့ နေရာမှာ တိုက်ရိုက်အကျိုးပြုပြီး အထူးသဖြင့် ရင်သားကင်ဆာ ဖြစ်လာနိုင်မှုကို အထူး လျော့ချပေးတယ် လို့ ဆိုထားပါတယ်။ မှိုဟာ ခန္ဓာကိုယ် မှာရှိတဲ့ ဆဲလ်များထဲမှ ခေါင်းဆောင်ဆဲလ် ဖြစ်တဲ့ T Cells များကို ပွားများစေပြီး ရောဂါပိုးမွှား များရဲ့ တိုက်ခိုက်မှုကို ပိုမိုခုခံ ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မှိုဟာ အရသာ ထူးကဲကောင်းမွန်တဲ့ အစားအစာ တစ်မျိုး ပဲ ဖြစ်ပါတယ်။

၆။ နိုကိုဥ

နိုကိုဥ စားသုံးခြင်းက သင့်ခန္ဓာကိုယ်တွင်း ရှိ သွေးများ သန့်စင်ဖို့ အတွက် အထူး ကောင်းမွန်စေတယ်လို့ သိရပါတယ်။ သူ့မှာ သံဓာတ်ပြည့်ဝစွာ ပါဝင် ပြီး သွေးနီဥ များ အတွင်းသို့ အောက်ဆီဂျင် ပို့ဆောင်ပေးမှု လုပ်ငန်းဆောင်တာကို တိုးမြှင့်ပေးပြီး သွေးဖြူဥများရဲ့ ခုခံနိုင် စွမ်းအား ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် တွင်း ရှိ အဆိပ်အတောက် များကိုလည်း ဖယ်ရှားရှင်း လင်းပေးပါသေးတယ်။

၇။ ဟင်းနုနယ်

ဟင်းနုနယ်မှာ ပါဝင်တဲ့ ဘီတာကာရိုတင်း  နဲ့ ဗီတာမင် A တို့က ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားကို တိုးမြှင့်ပေးနိုင်တဲ့ အစွမ်း အာနိသင် ရှိပါတယ်။ ဒါ့ပြင် Zinc ဓာတ်နဲ့ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် လည်း ခန္ဓာကိုယ် ရဲ့ ခုခံစွမ်းအားကို မြင့်တက်စေ ပါတယ်။

၇။ ကညွတ်

ကညွတ်ဟာ အရသာ ထူးကဲကောင်းမွန်ရုံ သာမက ဆီးလမ်းကြောင်း ဆိုင်ရာကိုလည်း ကောင်းမွန်ပါတယ်။ ခန္ဓာကိုယ် တွင်းရှိ အဆိပ် အတောက် များကိုလည်း ဖယ်ရှား ရှင်းလင်းရာမှာ အားပေး ကူညီပေးပြီး ခန္ဓာကိုယ်တွင်းကို သန့်စင် စေရုံသာမက ဓာတ်မတည့်မှု (သို့) အဆိပ် အတောက်ကြောင့် ခန္ဓာကိုယ် ကို ဖူးရောင်စေတဲ့ ဓာတ်များ ကိုလည်း ဆန့်ကျင် တိုက်ခိုက်ပေးပါ တယ်။

၉။ ပန်းငရုတ်ပွ

ပန်းငရုတ်ပွမှာ ဗီတာမင် C ဓာတ် မြင့်မား စွာပါဝင်တဲ့ အပြင် ဗီတာကာရိုတင်း ဓာတ်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ် ရဲ့ ခုခံစွမ်းအား စနစ် ကို မြင့်မားစေပါတယ်။ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင် ဖို့အတွက် အဓိကသော့ချက် က ဟင်းသီးဟင်းရွက် များကို စားသုံးပေးခြင်း ပဲဖြစ်တယ်လို့ ဆိုစကားရှိပါ တယ်။

အေမီချို

Beyond the Women

$
0
0

ဒေါ်နန်းအိအိဇာ
(နန်းဒေဝီစာပေ)

မြန်မာနိုင်ငံရဲ့ Quality Magazine တွေမှာ သရဖူမဂ္ဂဇင်းကို မသိသူ ရှားပါလိမ့်မယ်။ သရဖူ မဂ္ဂဇင်းကို ဦးဆောင်နေသူဒေါ်နန်းအိအိဇာ ဆိုရင် တော်တော် များများ သိထားကြပြီး ဖြစ်ပါတယ်။ နန်းဒေဝီ စာပေတိုက် ကို ဦးဆောင်သူ၊ စာပေတိုက် က လစဉ် ထုတ်ဝေနေတဲ့ သရဖူ မဂ္ဂဇင်း၊ Wellness Magazine တို့ကို ဦးဆောင်နေသူ၊ အလှအပ ရေးရာ ဆောင်းပါး စာအုပ်တွေ ကို ရေးသားနေသူ ဒေါ်နန်းအိအိဇာ ကို ဒီလ ရဲ့ Beyond the Women ကဏ္ဍ အတွက် တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ ပါတယ်။ The Devil Wears Parada ဇာတ်ကား ထဲက ကမ္ဘာကျော် မဂ္ဂဇင်းကြီးရဲ့ ထုတ်ဝေသူ အယ်ဒီတာ အမျိုးသမီးကြီး ရဲ့သရုပ်ကို မြင်ဖူးကြမှာ ပါ။ အဲသလို အမူအရာတွေ နဲ့ ဆန့်ကျင်စွာ အေးချမ်းလွန်းတဲ့ မြန်မာအမျိုးသမီး ထုတ်ဝေသူ၊ အယ်ဒီတာ အဖြစ် အန်တီနန်းကို သိကြပါတယ်။ သူမရဲ့ Biological Age တကယ့် အသက်အရွယ် ကို ခန့်မှန်းဖို့ ခက်လောက်အောင် နုပျိုသူပါ။ ကျန်းမာရေး၊ အလှအပရေးတွေကို ကိုယ်တိုင် လက်တွေ့ တန်ဖိုးထားသူ၊ စာပေကို ချစ်မြတ်နိုးသူ၊ စာပေလောက အပေါ် စေ တနာ ထားသူဖြစ်တဲ့ ဒေါ်နန်းအိအိဇာ ရဲ့ဘဝအတွေး၊ လုပ်ငန်း ကြိုးစားမှု နဲ့ စိတ်ဓာတ် ခွန်အားများကို ရတီ အမျိုးသမီး ပရိသတ်တွေကို ပြန်လည် မျှဝေလိုက် ပါတယ်။

အရင်ဆုံး အန်တီနန်းတို့ နန်းဒေဝီက ထုတ် ဝေတဲ့ မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်တွေအကြောင်း ကစပြီး ဆွေးနွေးပေးပါ။

နန်းဒေဝီ စာပေကနေ သရဖူ မဂ္ဂဇင်းနဲ့ Wellness အနာမယ မဂ္ဂဇင်းနှစ်စောင်ကို လစဉ်ထုတ် အနေနဲ့ ထုတ်နေပါတယ်။ နောက်ပြီး လုံးချင်း စာအုပ်တွေလည်း လစဉ် ထုတ်ပါတယ်။ ကျွန်မ အမျိုးသား ကိုရဲကတော့ ပြည်သူ့ အရေး ဂျာနယ် မှာ ထုတ်ဝေသူ ရှယ်ယာရှင်တစ်ဦးပါ။

စာအုပ် ထုတ်ဝေသူ အဖြစ်ရော မဂ္ဂဇင်းထုတ် ဝေသူအဖြစ်ပါ လုပ်နေတဲ့ အန်တီနန်း အတွက် ဘယ်ဟာမှာ စိန်ခေါ်မှုတွေ ပိုပြီး ကြုံနေရပါ သလဲ။

စိန်ခေါ်မှု ဆိုတာ ကတော့ စာအုပ်ထုတ်တဲ့ နေရာမှာတင် မကပါဘူး။ နေရာတကာမှာ စိန်ခေါ်မှုတွေ ကတော့ ရှိနေမှာပါ။ အမြဲလည်း ကြုံတွေ့နေ ရတာကြောင့် ဘယ်လို စိန်ခေါ်မှု တွေပဲလာလာ ရဲရဲရင်ဆိုင် ကျော်လွှားနိုင်နေပါပြီ။ ကိုယ့်ဘက်က ရင်ဆိုင်နိုင်အောင် စွမ်းအား ဖြည့်ထားဖို့ပဲ လိုပါတယ်။

အန်တီနန်းက မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူများ အသင်းမှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဒီတော့ စာအုပ် ထုတ်ဝေသူ၊ စာအုပ် ဆိုင်၊ စာဖတ်သူ တွေ ကြား မှာဖြစ်နေ တဲ့ ပြဿနာ လေးတွေ ကိုလည်း သုံးသပ်ပေးပါဦး။

မြန်မာနိုင်ငံ စာပေ ထုတ်ဝေသူနဲ့ ဖြန့်ချိသူများ အသင်းမှာ ဘဏ္ဍာရေးမှူး တာဝန်ယူပါတယ်။ စာအုပ် ထုတ်ဝေရေး လုပ်ငန်း လုပ်မယ် ဆိုကတည်း က ငွေရေး ကြေးရေး အမြတ် အစွန်းတစ်ခု တည်းကို ကြည့်တဲ့သူ မဟုတ်တာတော့ သေချာပါတယ်။ ထုတ်ဝေသူတွေ အနေနဲ့ စာဖတ်သူတွေကို သိစေ ကောင်းစေ လိုတဲ့ စိတ်နဲ့ စာအုပ် ထုတ်နေ ကြတာပါ။ စာအုပ်ဆိုင် အတော်များများ ကလည်း ဆိုင်လခ တွေ ဈေးကြီးတာကြောင့် အခြေပျက် ကုန်ကြတယ်။ ဒါပေမဲ့လည်း ရနိုင် သလောက်တော့ ကြိုးစား ဖွင့် နေကြပါတယ်။ နေရာတွေ ကတော့ ဟိုပြောင်း သည်ပြောင်း နဲ့ ကသီတာလေး တွေတော့ ရှိပါ တယ်။ စာဖတ်သူ ကလည်း အလေးအပေါ့ ဖတ် တာ ကွာတာပေါ့လေ။ စာ ဆိုတာ မဖတ်ရင်မဖြစ် တော့ ဖတ်တော့ ဖတ်ကြပါတယ်။ စာအုပ် အဖြစ် ဖတ်ချင်ဖတ်မယ်၊ အင်တာနက် လိုင်းပေါ် တက် ဖတ်ချင်ဖတ်မယ် ဆိုပြီးပဲ ကွဲပြားသွားတာပါ။ ဖတ် တာ ကတော့ ဖတ်ကြမှာပါ။ ဒါကို ပြဿနာ လို့ မြင်ရင်လည်း ပြဿနာပေါ့၊ ပြဿနာလို့ မမြင်ဘူး ဆိုရင်လည်း ပြဿနာ မဟုတ်ဘူးပေါ့ လေ။ ယူဆတဲ့သူ ရဲ့ အမြင်အပေါ် မှာပဲ ကွာသွား ပါလိမ့်မယ်။

စာဖတ်သူဦးရေ လျော့ကျသွားတဲ့ အကြောင်း ဆိုရင် Social Media တွေ တခြားEntertainment တွေကြောင့်လို့ပဲ ပြောနေတာ ကြားရပါတယ်။ အဲဒါ တွေအပြင် တခြား ဘယ်လို အချက်တွေကြောင့်လို့ အန်တီနန်း သုံးသပ်မိ ပါသလဲ။

စာဖတ် ဝါသနာ ပါတဲ့ သူကတော့ ဘယ်လို multi media တွေပဲ ပေါ်လာလာ စာကိုတော့ မဖြစ်မနေ ဖတ်မယ်လို့ ယုံကြည်ပါတယ်။ ရုပ်မြင် သံကြားတွေ၊ ရုပ်ရှင် ဗီဒီ ယိုတွေ ကြည့်တဲ့ အချိန် ကြည့်မှာ ဖြစ်သလို၊ စာဖတ်တဲ့ အချိန်မှာလည်း ဖတ်ကြလိမ့်မယ် လို့ ထင်ပါတယ်။ အချိန်ပေးတာ အနည်း အများတော့ ကွာမှာပါ။ ဒီခေတ် ကလေး တွေ စာသိပ်မဖတ်ကြဘူးလို့ ပြောသူတွေ ရှိပေမဲ့ စာ တကယ်ဖတ်တဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ကလေးရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိဘမောင်နှမ နဲ့ ပေါင်းသင်းတဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေ သွန်သင် လမ်းပြပေးမှု တွေတော့ လို ပါမယ်။

Quality Magazine  တစ်စောင်က ဈေးကွက်မှာ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်ဖို့ အတွက် ဘယ်လို ကြိုးစားသင့်ပါသလဲ။

စာဖတ်သူတွေကို ပေးချင်တဲ့ စေတနာ နဲ့ ရိုးသားမှုကတော့ အရင်းခံပါပဲ။ နောက်ပြီး မဆုတ်မနစ် ကြိုးစားမှုလည်း လိုပါတယ်။ ဒီနေရာ မှာ Quality ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လို ဖွင့် ဆိုကြမှာလဲ။ စာရွက် နဲ့ရိုက်ချက် ကောင်းတာကို ခေါ်တာလား၊ စာအုပ်တွင်း ပါဝင်မှု content ကောင်းတာကို ခေါ်တာလား စသည်ဖြင့်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ စာရွက်နဲ့ ရိုက်ချက်ကောင်း ပေမဲ့ လူကြိုက် များချင်မှများမှာ ဖြစ်သလို၊ စာရွက်၊ ရိုက်ချက်နဲ့ အတွင်း သရုပ်ဖော်ချက်တွေ သိပ်မကောင်း လှပေမဲ့လည်း ပါဝင်တဲ့ ဝတ္ထု တွေ၊ ဆောင်းပါးတွေက ဆွဲဆောင်မှု ရှိလို့ လူကြိုက်များ တဲ့ မဂ္ဂဇင်းတွေ လည်း စာပေလောက ထဲမှာ ရှိနေ ပါတယ်။ အဲဒီအထဲမှာ မှ စာရွက်ရော ရိုက်ချက်နဲ့ သရုပ်ဖော် ပုံတွေပါ ကောင်းပြီး ပါဝင်တဲ့ content ပါ ပြည့်စုံတယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ် မှာပါ။

ပြိုင်ဆိုင်မှုတွေ များလာတဲ့ ဒီနေ့လိုအချိန်မှာ ကိုယ့်မဂ္ဂဇင်း အောင်မြင်ဖို့ အန်တီနန်း ဘယ်လို တွေကြိုးစားဖြစ်ပါသလဲ။

ကိုယ့်ရပ်တည်ချက် အပေါ်မှာ ယုံယုံ ကြည်ကြည် နဲ့ အလေးအနက် ထားပါတယ်။ စာဖတ်သူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင် က လူတွေ အပေါ်မှာ လည်း လေးစား ချစ်ခင်တဲ့ စိတ်၊ ကိုယ် ချင်းစာနာမှုနဲ့ မြင်တွေး ဆက်ဆံပေးတာက အလုပ်လုပ်တဲ့ နေရာမှာ အများကြီး အထောက် အကူဖြစ်စေပါတယ်။ ခေတ်ကို လည်း မျက်ခြည် မပြတ်ဖို့ လိုပါ တယ်။

မြန်မာလူမျိုးက Brand အစွဲကြီးတယ်လို့ ပြောကြတယ်။ အန်တီနန်း အမြင်ကိုလည်း သိချင်ပါတယ်။

မြန်မာလူမျိုးမှ မဟုတ်ပါဘူး၊ လူ အတော်များများမှာ Brand ကို စွဲလမ်း တတ်ကြ ပါတယ်။ အဲဒီ အထဲမှာ ကျွန်မလည်း ပါပါတယ်။ စွဲလမ်းစေလောက်အောင် လုပ်နိုင်တဲ့ Brand တစ်ခုဖြစ်အောင် ဆိုတာကလည်း မလွယ်ပါဘူး။ Brand ဖြစ်အောင် လုပ်နိုင်သူတွေ ကိုလည်း ချီးကျူး ဂုဏ်ပြု ကြိုဆိုပြီး ပန်းခင်းလမ်း ကို မရောက်မီက ဒဏ်ရာ ဒဏ်ချက် နဲ့ ဝီရိယတွေကို လည်း လေ့လာ သင်ယူသင့်ပါတယ်။

အန်တီက အလှအပ ရေးရာ စာအုပ်တွေ လည်း ရေးတယ်နော်။ မိန်းမ တစ်ယောက် အတွက် အလှအပ ဆိုတာ ဘယ်လောက် အထိ အရေးပါ ပါသလဲ။

အလှအပ ဆိုတာ လူတိုင်း အတွက် အရေးပါ ပါတယ်။ မလှချင်တဲ့သူ ဆိုတာ မရှိ သလောက်ပါပဲ။ ဒါပေမဲ့လည်း အလှအပ ဆိုတဲ့ နေရာ မှာ အပေါ်ယံ အလှထက် မနော အလှက ပိုအရေးကြီးပါတယ်။ မနောမလှရင် အပေါ်ယံ လှလည်း တာရှည် မခံနိုင်ပါဘူး။ အပေါ်ယံရော မနောပါ လှရင်တော့ ဆိုဖွယ်ရာ မရှိဘူးပေါ့လေ။ အရေးကြီး တာက မေတ္တာ တရားပေါ့ ။ မေတ္တာ တရားက လောကကို အလှဆင်နိုင်တယ် ဆိုတာကို ယုံစေချင်ပါတယ်။

အန်တီ ကိုယ်တိုင်ရော စာဖတ် ရတာကို နှစ်သက်ပါသလား။ ဘယ်လို စာအုပ်မျိုးတွေ စွဲစွဲလမ်းလမ်း ဖတ်ဖြစ်ခဲ့ပါသလဲ။

ကျွန်မ ကိုယ်တိုင် စာဖတ် ရတာကို နှစ်သက်ပါ တယ်။ အမှန်ပြောရမယ် ဆိုရင် စာရေး ရတာ ထက် စာဖတ်တာကို ပို ဝါသနာ ပါပါတယ်။ ဒီလို စာဖတ်တာ ဝါသနာ ပါခဲ့ပြီး စာတွေ များများ ဖတ်ခဲ့လို့ အခုလိုမျိုး စိတ်ထားနဲ့ စာပေ လမ်းကြောင်း ပေါ် ရောက်ခဲ့တာလည်း ဖြစ်မှာပါ။ အကြိုက်ဆုံး စာအုပ်မျိုး ဆိုရင်တော့ နိုင်ငံ့ ခေါင်းဆောင်ကြီးတွေ၊ ထင်ပေါ် ကျော်ကြား သူတွေရဲ့ အတ္ထုပ္ပတ္တိ စာအုပ်တွေ ကို ကြိုက်ပါ တယ်။ သူတို့ရဲ့ အောက်ခြေ ဘဝ ကနေ အဆင့်ဆင့် ကြိုးစား ပြီး ထိပ်တန်းကို ရောက်သွား ပုံတွေ က စိတ်ဝင်စား ဖို့နဲ့ အတုယူဖို့ ကောင်းလို့ပါ။

စာဖတ်တာက လူတစ်ယောက် ဘဝအတွက် ဘယ်လောက် အထိ သက်ရောက်မှု ရှိတယ်လို့ အန်တီ ယူဆမိပါသလဲ။

စာပေက လူ့ဘဝ ရဲ့ မီးရှူး တန်ဆောင်ပါ။ စာမဖတ်တဲ့ သူက ဘဝကို စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းနေချိန် မှာ စာဖတ် ထားတဲ့ သူက ဖြောင့်ဖြောင့် တန်းတန်း နဲ့ လျှောက် လှမ်းနိုင်ပါ လိမ့်မယ်။ ဒုက္ခ သုခတွေ ကို ဘယ်လို ရင်ဆိုင်မလဲ၊ ကျော်ဖြတ်မလဲ ဆိုတာတွေက စာမဖတ်သူ ထက်စာရင် စာဖတ်သူတွေက ပိုမြင်နိုင်ပါတယ်။
စာရေးဆရာ ဆိုတာက ကိုယ့်ထက် အသက် အရွယ်အရ ကြီးရင့်ပြီး အတွေ့အကြုံ အများအပြား ရှိသူမို့ သူတို့ ကြုံတွေ့ခဲ့တာတွေ၊ မြင်တွေ့ခဲ့ ပုံတွေက စာဖတ် သူကို အသိ ပညာ ဗဟုသုတတွေ တိုးပွား စေတာက အဖိုးတန် လှတာပါ။ စာရေးဆရာ ဆို သူတွေကလည်း မိမိ ကိုယ်တိုင်ရဲ့ အဖြစ်အပျက် ရော၊ တခြားသူတွေရဲ့ အဖြစ် အပျက် နဲ့ အဆိုး အကောင်းတွေကို ပါ ရေးသား ဖော်ပြထားတာ ကြောင့် စာဖတ်သူတွေ အနေနဲ့ အဲဒီ အဖြစ်အပျက် တွေအပေါ်မှာ သင်ခန်းစာ ယူနိုင်မှာ၊ ဆင်ခြင် သုံး သပ်နိုင် မှာ ဖြစ်ပါတယ်။ ဒီတော့ စာဖတ်သူ အနေနဲ့ အမှားအမှန် ခွဲခြားနိုင်တဲ့ အတွက် လမ်းမှားရောက်နိုင်ချေ  နည်းသွားပါပြီ။

အန်တီလေးစားရတဲ့ စာရေးဆရာ၊ ဆရာမ (သို့) စာဖတ်နှစ်သက်သူကိုလည်း သိချင်ပါ တယ်။

ကလောင်ကိုင်တဲ့ လက်ပိုင်ရှင်တွေ အားလုံး ကို လေးစားပါတယ်။

လူငယ်တွေကို စာပေတွေနဲ့ ရင်းနှီးနီးစပ် အောင် ဘယ်လိုတွေ ဖန်တီးပေးရင် ရနိုင်မယ်လို့ အန်တီ တွေးမိပါသလဲ။

လူငယ်လေးတွေက ဖယောင်းရုပ်လေး တွေလိုပါပဲ။ အနီးကပ်ရှိတဲ့ မိဘ ညီအစ်ကို မောင် နှမနဲ့ ဆွေမျိုးတွေ၊ ကျောင်း က ဆရာ ဆရာမ တွေကပါ ဝိုင်းဝန်း ပုံသွင်းပေးဖို့ လိုပါ လိမ့်မယ်။ ငယ်ရွယ်စဉ်မှာ ကတည်းက စာဖတ်ကျင့် ရှိအောင် သွန်သင် လမ်းပြပေးရမှာပါ။ ကျွန်မတို့ ငယ်ငယ် တုန်းကလို အဘွားတွေ မိခင်တွေက ညအိပ်ရာဝင် ပုံပြင်လေးတွေ ပြောပြတာ၊ ပုံပြင် ဖတ်ပြတာ လေးတွေကနေ စရမှာပါ။ အဲဒီကမှ သူတို့ စာဖတ်တတ်တဲ့ အရွယ်ရောက် လာရင် စာဖတ် ခိုင်းကြရတာပေါ့။ လူ တစ်ယောက် ရဲ့ ဘဝမှာ ငယ်ရွယ်စဉ် အချိန်က အရေး အကြီးဆုံး ပါပဲ။ ငယ်စဉ်က သိတဲ့ အသိဟာ တစ်သက်စာ စွဲထင်နေတတ် ပါတယ်။  ဒါကြောင့် မူလတန်း အရွယ်၊ အလယ်တန်း အရွယ်နဲ့ အထက်တန်း အရွယ်တွေကို သူ့ အရွယ် အလိုက် အထူး ဂရုစိုက် ကြပ်မတ်ပေးဖို့ လိုပါ တယ်။ လူငယ်တွေ အသိဥာဏ် ဖွံ့ဖြိုးအောင် လူကြီးမိဘ၊ ဆရာ သမားတွေ ကလည်း ကောင်းတဲ့ လမ်း၊ လျှောက်သင့်တဲ့ လမ်းကို ညွှန်ပြပေး ရမှာပါ။ ဒီကောင်းမွန်တဲ့ လမ်းတွေ ကိုလည်း စာအုပ် စာပေတွေက အပြည့် အဝ ညွှန်ပြ ပေးထားတာ ကြောင့် သူ့အရွယ် နဲ့ သူ ဖတ်သင့်၊ လေ့လာ ဆည်း ပူးသင့်တဲ့ စာအုပ် စာပေတွေကို မိဘက၊ ဆရာသမားက၊ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း က တိုက်တွန်းပေး သင့်ပါတယ်။

မဂ္ဂဇင်းတော်တော် များများက စာဖတ်သူကို စာပေတွေထက် စာရင် အလှအပတွေ၊ ဖက်ရှင် တွေနဲ့ ဆွဲဆောင်နေ ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အန်တီ့ အမြင် ကိုလည်း သိချင်ပါတယ်။

အလှအပ ဆိုတာ ကတော့ လူတွေကို ဆွဲဆောင်နိုင်ဆုံး အရာဆိုတော့ အလှအပ နဲ့အရင် ဆွဲဆောင်ကြရတာပါ။ ဒါပေမဲ့ အလှအပရဲ့ အနောက်မှာ ဘဝ ဆိုတာလည်း ကပ်လာပါတယ်။ အဲဒီမှာမှ ထင်ပေါ် ကျော်ကြားသူတွေ ရဲ့ ဘဝနဲ့ ထပ်ပြီး ဆွဲဆောင် ကြရပြန်ပါတယ်။ ပြီးရင် တခြား ဗဟုသုတ ရဖွယ်ရာတွေ လည်း ပါရတာပေါ့နော်။ ဒီခေတ်မှာ ကမ္ဘာ့အဆင့် ကို သွားပြီး ယှဉ်ပြိုင်ကြမယ့် အလှမယ်တွေတောင်မှ ဗဟုသုတ ဥာဏ်စမ်းမေးခွန်း ဆိုတဲ့ အခန်းကဏ္ဍကို ကျော်ဖြတ် ရပါသေးတယ်။ ဒီတော့ လှရုံ နဲ့ မရတော့မှန်း အလှမယ်တွေ သိသွားကြပါပြီ။ သိသွားတာ နဲ့အမျှ အထွေထွေ ဗဟုသုတတွေ ကို စာပေတွေ ထဲကပဲ လေ့လာ သင်ယူကြရတာပါ။ ဒါမှလည်း ဒီ အလှမယ်လေးတွေဟာ အဆင်းရော အချင်းပါ လှတဲ့သူ၊ ပြည့်စုံတဲ့သူ ဖြစ်တော့မှာလေ။ အတွေးအခေါ် ပိုင်းနဲ့ ဗဟုသုတပိုင်း ဆိုင်ရာ မသိတဲ့သူကို ဘယ်လောက် လှလှ အမှတ်ပေး အကဲဖြတ်တဲ့ ဒိုင်လူကြီးတွေက မရွေးချယ် ကြ တော့ပါဘူး။ ဒါကြောင့် ‘စာအုပ်စာပေ လူ့မိတ်ဆွေ’ ဆိုတဲ့ ဆောင်ပုဒ် အရ လူတွေရဲ့ မိတ်ဆွေ အစစ် အမှန်က စာအုပ် စာပေတွေပဲ ဖြစ်တယ် ဆိုတာ တော့ ပြောချင်ပါတယ်။

ခင်ပွန်းသည် ဦးရဲ နှင့် အတူ (ခင်ပွန်းသည်ကလည်း စာပေလောကတွင် ထုတ်ဝေသူ)

ကျွန်မလည်း TV Series Drama ကားတွေကို ကြည့်ပါတယ်။ စာဖတ်ဖို့ ကိုလည်း မမေ့ ပါဘူး။ စာမဖတ်ရရင် အိပ် မပျော်တဲ့ အထဲ မှာ ပါပါတယ်။ လူဆိုတာ ကလည်း သူ့ အကျင့် နဲ့ သူပဲလေ။ တကယ်တော့ နေ့စဉ် ထုတ်တဲ့ သတင်းစာ၊ အပတ်စဉ်ထုတ် ဂျာနယ် နဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေ ကို မဖတ်ဖြစ်ရင် သတင်းတွေ အသိ နောက်ကျ သွားတတ် ပါတယ်။ ကိုယ်တောင် မှ မနည်း လိုက်မီအောင် ဖတ် ရပါတယ်။ ဒါကတော့ ကိုယ်က စာပေ သမား ဆိုတော့ သတင်းကို မျက်ခြည်ပြတ် ခံလို့မရလို့ ဖတ်တာ လည်း ဖြစ်မယ်။ တခြား အိမ်ထောင် ရှင် မ အနေ နဲ့ကတော့ သူ့စိတ် အပန်းပြေ စေပြီး ဝါသနာ ပါရာ အချိန် ပေး နိုင်တာကိုပဲ လုပ်ပါ လိမ့်မယ်။ တကယ်တမ်း ပြောရရင် စာပေ ဆိုတာ က အသင့် ခူးပြီးသား ထမင်းဝိုင်း တစ်ဝိုင်း လို ကိုယ်က လက်ဆေးပြီး စားလိုက် ရုံပါပဲ။ ဒါကို သိသူက ဖော်စားပြီး မသိသူ ကတော့ ကျော်သွားကြတဲ့ သဘော ဖြစ်ပါတယ်။

အန်တီက ထုတ်ဝေသူ လုပ်ငန်းရှင်၊ အိမ် ထောင်ရှင်မ ဒါတွေ အပြင် အသင်းအဖွဲ့တွေ မှာ လည်း ပါဝင်နေတော့ အန်တီ့ရဲ့အချိန်တွေကို ဘယ်လိုစီမံဖြစ်ပါသလဲ။

အလုပ်လုပ် တာဟာ လူကို ကျန်းမာစေသလို စိတ်ကိုလည်း လန်းဆန်း သွက်လက်စေပြီး ဦးနှောက်ကိုပါ ရှင်သန်စေပါတယ်။ အလုပ်များ ပေမဲ့ အချိန်ကို သူ့အပိုင်းနဲ့သူ ကန့်သတ် ထားပါ တယ်။ ငယ်စဉ်က သင်ခဲ့ရသလို ‘Work while you work, play while you play, that is the way to be happy and gay’ ဆိုတဲ့ ဆောင်ပုဒ် လေးလို ကျင့်ကြံနေထိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ တင်းကြပ်အောင် ပင်ပန်းအောင် မနေဘူး၊ စိတ်လည်း မညစ်တတ်ဘူး။ ကိစ္စတိုင်း ကို စေတနာ၊ မေတ္တာရှေ့ထားပြီး ဖြေရှင်းတယ်။ အလုပ် များနေပေမဲ့ စိတ်ကို ပေါ့ပေါ့ပါးပါးပဲ ထားတယ်။ ဒါပေမဲ့ အလုပ် တစ်ခုကို လုပ်မယ် ဆိုရင် အတတ်နိုင်ဆုံး ပြီးပြည့်စုံအောင် လုပ် တတ်ပါတယ်။ နောက်ပြီး အလုပ် အပေါ် စေတနာ ထားပြီး လုပ်ရင် ပင်ပန်းတယ် ဆိုတာ မရှိဘူးလို့ ထင်ပါတယ်။

နောက်ပြီး အန်တီတို့ လုပ်ငန်းမှာ ခင်ပွန်း၊ သမီးတွေနဲ့ စည်းစည်းလုံးလုံး လုပ်ပြီး အောင် မြင်နေတာ အားကျစရာ အဖြစ် တွေ့ရပါတယ်။ မိခင်တစ်ယောက်၊ ဇနီး တစ်ယောက် အနေနဲ့ ဒီလို စည်းစည်းလုံးလုံးဖြစ်အောင် ဘယ်လိုတွေ စီမံခဲ့ရပါသလဲ။

အဓိက ကတော့ မေတ္တာတရားပါပဲ။ အိမ်ထောင်ပြုတယ် ဆိုတာ ခင်ပွန်း တစ်ယောက် တည်းတင် မကပါဘူး။ ခင်ပွန်းနဲ့ ပတ်သက်သူ မှန်သမျှ ကိုလည်း မေတ္တာထား ရမယ်။ မငြူစူရဘူး။ ကိုယ်ချင်းစာစိတ် ရှိရမယ်၊ လေးစားရမယ် ဆိုတာ သိထားရပါမယ်။ သားသမီးတွေ၊ မြေးတွေ ကိုလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် လမ်းပြပေး ရမယ်။ အတတ်နိုင်ဆုံး ပံ့ပိုးပေးရမယ်။ စိတ်ဓာတ် အားဖြင့်လည်း ချစ်ခင် နွေးထွေးမှု နဲ့ အမှန်တရားကို ကြည့်တတ် မြင်တတ်အောင်၊ တန်ဖိုးထား တတ်အောင် ကိုယ်က စပြီး စံနမူနာ ပြရမယ်။ ငွေကြေး ချမ်းသာတာထက် စိတ်ချမ်း သာအောင် နေတတ်ဖို့ လိုအပ်တယ်။ ဒါတင် မကသေးဘူး။ ကိုယ်နဲ့ ပတ်သက် သူတွေ အပေါ်မှာလည်း စေတနာ မေတ္တာ ထားတဲ့ အတွက် တူသော အကျိုးကို ပြန်လည် ရတယ်လို့ပဲ ခံယူပါတယ်။

ယုဝတီ ဂျင်းဖောမယ် ရဲ့ သမီးတစ်ယောက် အနေနဲ့ ဘာတွေကို ဆည်းပူး ရရှိခဲ့ပါသလဲ။ ကိုယ့် သမီးတွေ အပေါ်မှာကော ဘာတွေ သင်ကြားပေးခဲ့ ပါသလဲ။ စာပေ မျိုးဆက် ကို ဘယ်အထိ ထိန်းသိမ်း သွားစေချင်ပါသလဲ။

ကျွန်မ မိခင်က အမျိုးသား စာပေဆု၊ စာပေ ဗိမာန်ဆုနဲ့ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး ဆုတွေပါ ရရှိခဲ့တဲ့ စာရေးဆရာမကြီး ဖြစ်ပါတယ်။ ကျွန်မကိုမွေးတဲ့နှစ် မှာပဲ မေမေက စာစရေးဖြစ် တာကြောင့် အဲဒါ ကလည်း အမှတ်တရပေါ့။ တချို့ အိမ်ရှင်မတွေ အိမ်အလုပ်နဲ့ မအားလို့ ဆိုပြီး တခြားအလုပ်တွေ မလုပ်နိုင် ကြဘူး။ မေမေ က တော့ အချက်အပြုတ်လည်း ကောင်းသလို အိမ်ထောင် ထိန်းသိမ်းရာ မှာလည်း တော်တယ်။  ပရဟိတ လူမှုရေးတွေမှာလည်း ပါဝင်တယ်။ သူ့ကိုယ်သူ လည်း ချောမော လှပမွှေးကြိုင်နေ အောင်နေတယ်။ မျိုးချစ်စိတ် ထက်သန်သူလည်း ဖြစ်တယ်။ စာရေး တာကိုလည်း ငွေရေးကြေးရေး နဲ့ ထင်ပေါ် ကျော်ကြားမှုထက် မျိုးချစ်စိတ် အပေါ် အခြေခံတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မေမေတို့ ခေတ်တုန်းက ခေတ်ပြိုင် စာရေးဆရာ အတော်များ များက ချစ်ရေးချစ်ရာ အကြောင်း အ ရာတွေနဲ့ နာမည်ကျော် လူကြိုက်များ လက်ဖျားငွေသီး နေချိန်မှာ မေမေက စစ်ဘောင်းဘီ ဝတ်ပြီး ပူတာအို မချမ်းဘောတောင်ပေါ်ဒေသ တစ်ဝိုက် ကို ခြေလျင် ခရီးနဲ့ တက်ခဲ့ပြီး လူမျိုးစုတွေ အကြောင်းကို သုတေသနလုပ် ဖော်ထုတ် ရေးသားခဲ့တယ်။ လွန်ခဲ့တဲ့ ၅၅ နှစ် အချိန်တုန်းကပါ။ အခုလို ပူတာအိုမချမ်းဘော က ခေတ် မစားသေးဘူး။ အဲဒီ အချိန်တုန်းက မိန်းမသား အနေနဲ့ သွားတာကို ချီးမွမ်းရမယ့် အစား စကား တင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ မေမေက ကြံ့ခိုင်တဲ့ စိတ်ထားနဲ့ စာရေး ဆရာမ၊ သုတေသန အရာရှိ အဖြစ် တာဝန်ကျေပွန် အောင် ထမ်းဆောင် ခဲ့တယ်။ ကျွန်မတို့က ငယ်သေးတော့ ငွေအရ များတဲ့ အချစ် ဝတ္ထုတွေရေး ဖို့ပြော တာ ကို ငွေကအဓိက မဟုတ်ဘူးလို့ ပြန်ပြော ခဲ့တယ်။ တကယ်လည်း လောကမှာ ငွေထက် အရေးကြီးတာတွေ ရှိတယ်။ နောက်ပြီး မျိုးချစ်စိတ် ကို တန်ဖိုး ထားတတ်ဖို့၊ အလုပ် တာဝန်ကို လေးစားဖို့၊ လှပအောင် နေတတ်ဖို့၊ နောက်ပြီး စာရေးခြင်းဟာ အသက်ရှည်ဆေး လည်း ဖြစ်တယ် ဆိုတာတွေကို မေမေက ရှေ့ဆောင် လမ်းပြပေး သွားခဲ့တယ်။ ဒီတော့ ကျွန်မ နဲ့ ကျွန်မသမီးတွေက လည်း မေမေ ခင်းခဲ့တဲ့လမ်းကို လျှောက်လှမ်းပြီး ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လက်ဆင့် ကမ်းခဲ့ကြတာပါ။ ဒါကြောင့် လူကြီး ဆိုတာ အရေးကြီးပါတယ်။ ရှေ့ကနေ ဖြောင့်ဖြောင့် သွားပြတတ်ဖို့ လိုပါတယ်။ လူ့ဘဝ ဆိုတာ တိုတိုလေးပါ။ မိမိရဲ့ မှတ်တိုင်၊ မိမိရဲ့ နောင်လာနောက်သား ကို ဘာလက်ဆင့် ကမ်းခဲ့မှာလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ ရယ်၊ လူဆိုတာ ကိုယ့်သမိုင်း ကိုယ်ရေးကြတယ် ဆိုတာကို သိဖို့ပါပဲ။

ဘဝမှာ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အတွက် အန်တီက အားပေးစကားလေး ပြောပေး ပါဦး။

ဒီခေတ်မှာ အမျိုးသားတွေ နဲ့ အပြိုင် အမျိုးသမီးတွေ ကြိုးစား လာတာ၊ နေရာ ရလာတာတွေ က အားရဖို့ ကောင်းပါတယ်။ အဲဒီအတွက် ဂုဏ်လည်း ယူပါတယ်။ ‘ငါက အားနွဲ့တဲ့ မိန်းမ သားပဲ၊ ယောက်ျား ယူပြီးရင် မှီခိုရုံ၊ အားကိုးရုံပဲ’ ဆိုတဲ့ အတွေးတွေ ကို တော်လှန်နိုင်ပြီး အမှီအခို ကင်းကင်းနဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ ရပ်တည် ချင်တဲ့ စိတ်ဓာတ်တွေ မွေးဖို့လိုပါတယ်။

အရင်က ကျွန်မရဲ့ တချို့ အမျိုးသမီး မိတ်ဆွေ တွေဆိုရင် ယောက်ျား ဆုံးသွားတာနဲ့ ဘာအလုပ်မှ မလုပ်တတ်၊ မကိုင်တတ်နဲ့ ဒုက္ခရောက် ကုန်တာတွေ တွေ့ဖူးခဲ့တယ်။ တကယ် တမ်းက လူတိုင်း လူတိုင်း ကိုယ်ပိုင် အရည်အချင်း ရှိနေသင့်တယ်။ ဘယ်သူမှ မွေးကတည်းက တော်လာ တတ်လာတယ် ဆိုတာ မရှိ ပါဘူး။ ငွေကြေး မတတ်နိုင်လို့ ပညာမသင် ရတာတို့၊ အလုပ်အကိုင် မလုပ်နိုင်တာတို့ မပြော စေချင်ပါဘူး။ ငွေကြေး ချမ်းသာပေမဲ့ မိဘ အရိပ်ကိုပဲ မှီခို အားထားနေတဲ့ သူတွေ အများကြီး ရှိသလို ငွေကြေး မချမ်းသာပေမဲ့ ကြိုးစားမှုကြောင့် အောင်မြင်နေတဲ့ သူတွေလည်း ဒုနဲ့ဒေးပါ။ အမှန် အကန် ကြိုးစားဖို့ပဲ လိုအပ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ အမျိုးသမီးတွေ အားနွဲ့ တယ် ဆိုတာကို လက်မခံဘဲ အားပြည့်အောင် ဖြည့်ဆည်း ကြပြီး ကိုယ်ပိုင် အရည်အချင်းနဲ့ ရပ် တည်နိုင်အောင် ကြိုးစားကြဖို့ အားပေးလိုပါ တယ်။

ဖြိုးစုပိုပို

သန့်ရှင်းကျန်းမာ တို့ကမ္ဘာ

$
0
0

World Toilet Day ( November 19)

ကျွန်မက ခရီးသွား များသူ တစ်ယောက်မို့ ပြည်တွင်း၊ ပြည်ပ ခရီးတွေ သွားတိုင်း လမ်းခရီး မှာ သန့်စင်ခန်းတွေ သုံးရတာ အဆင်မပြေ မှုလေးတွေ ကြုံလေ့ရှိပါ တယ်။ မြန်မာပြည်မှာ မွေးဖွားကြီးပြင်း လာသူမို့ တော်ရုံ အဆင်မပြေမှုတွေကို ကျော်လွှား နိုင်ပေမဲ့ သာမန်ထက် ပိုတဲ့ အဆင် မပြေမှုတွေ ရှိခဲ့ရင်တော့ စိတ်မသက် မသာ ဖြစ်ရစမြဲပါ။

နေ့စဉ်ဘဝရဲ့ တစ်စိတ် တစ်ဒေသဖြစ်တဲ့ အလျှောက် ဖွံ့ဖြိုးပြီး ဒေသတွေမှာ ဖွံ့ဖြိုးတဲ့ အလျောက် သန့်စင်ခန်း အတွက် ကိန်းကြီး ခန်းကြီး နိုင်သူတွေ ရှိသလို မဖွံ့ဖြိုးသေး တဲ့ ဒေသတွေမှာ တော့ ဘဝကို ရောင့်ရဲလွန်းစွာ ဖြတ်သန်းနေ သူတွေ ကို တွေ့ရပါတယ်။

မြို့ပြမှာ ကြီးပြင်းသူတွေ ပီပီ ကျန်းမာရေး ရှုထောင့်က ကြည့်လို့ သန့်စင်ခန်း ဝင်မယ်ဆိုတိုင်း ဇီဇာကြောင်တတ်သူ စိုးရိမ် ပူပန်တတ်သူ သူငယ်ချင်းမလေး တွေလည်း ကျွန်မ တို့ ပတ်ဝန်း ကျင်မှာ ဒုနဲ့ဒေးပါပဲ။

”ညီမလေး အများသုံး သန့်စင်ခန်းတွေ ဝင်ရင် ဘိုထိုင်ပေါ် မထိုင်ခင် ရေအရင် ဆွဲချနော်၊ ကိုယ့် အရှေ့မှာ ဘယ်လိုလူ သုံးသွားလဲဆိုတာ မသိနိုင် ဘူး။ သန့်စင်ခန်း ကမုတ်တွေ ကနေ ကူးစက် တတ်တဲ့ ရောဂါတွေ ရှိတယ်၊ ထိုင်ခုံကမုတ်ပေါ်မှာ တစ်ရှူးတွေ သေချာခင်းပြီး မှထိုင်နော်၊ သန့်စင်ခန်း သုံးပြီးတိုင်း လက်ဆေးဦး”

”သူငယ်ချင်းရေ တတ်နိုင် သလောက် အများသုံး သန့်စင်ခန်းတွေကို ရှောင်နိုင်ရင် ရှောင်ပါ၊ ခုခေတ်ကြီးမှာ ကူးစက်ရောဂါတွေ ဆိုတာ ကလည်း များပါဘိနဲ့၊ မသုံးမဖြစ် လို့ သုံးမယ်ဆို လည်း ပိုးသတ်ဆေးပါတဲ့ လက်ကိုင်ပဝါ အစိုထုတ် လေး ( တနအ အငျကန) တွေ ဆောင်ထား၊ ဘိုထိုင်ကို မထိုင်ခင် အရင် လက်ကိုင်ပဝါအစိုလေးနဲ့ သုတ် လေ”
အချို့သော သူငယ်ချင်းမလေးတွေကတော့ သန့်စင်ခန်းကို အညစ်အကြေးစွန့်တဲ့ နေရာတစ်ခု ထက်ပိုလို့ မွမ်းမံတတ်ကြသူတွေ။ ဘယ်သူ ဘယ်ဝါအိမ်က ရေချိုးခန်းလေးက ဘယ်လို၊ သန့်စင်ခန်းလေးက ဘယ်လို၊ သန့်စင်ခမ်းနား ကြောင်း တခုတ်တရပြောကြသလို ကိုယ်ပိုင်သန့် စင်ခန်းလေးတွေကိုလည်း အတတ်နိုင်ဆုံး အလှ ဆင်တတ်သူတွေ။
သန့်စင်ခန်းမှာဖျန်းတဲ့ အမွှေးဘူး သန့်စင် ခန်းသုံး ပရုတ်လုံး သန့်စင်ခန်းသုံး ရေမွှေးပန်း မာလ်တွေဝယ်ပြီး သန့်စင်ခန်းကို အလှဆင်လို့ မဆုံးနိုင်ကြတော့။

တစ်ခါတစ်ရံ စကားစပ်မိလို့ သန့်စင်ခန်းတွေ အကြောင်းပြော ဖြစ်တိုင်းလည်း ဘဝမှာ အမြဲတမ်း အမှတ်ရစေခဲ့တဲ့ သန့်စင်ခန်း အတွေ့အကြုံတွေကို ဖလှယ်ကြပြန်သေး တာ။

ကျွန်မ ကိုယ်တိုင်လည်း လွန်ခဲ့တဲ့သုံးနှစ် လောက်က ကျွန်မတို့ မြို့လေးနဲ့ သိပ်မဝေးလှတဲ့ မြို့လေးမှာရှိတဲ့ မြန်မာ ဇနီးမောင်နှံ နှစ်ဦးဆီကို သွားလည်ရင်း အိမ်ရှင်ကို ခွင့်တောင်းလို့ သန့်စင် ခန်း သုံးခဲ့ဖူးပါသည်။

ဧည့်ခန်းနဲ့ ကပ်လျက်မှာ ရှိတဲ့ သန့်စင်ခန်းကို တံခါးဖွင့်လိုက်တာနဲ့ မွေးပွ ကောဇော အပြည့် ခင်းထားတဲ့ သန့်စင်ခန်းလေးက ကျွန်မကို ဆီးကြို နေခဲ့သည်။ ရုတ်တရက် ဆိုသလို ထူးခြားလှတဲ့ သန့်စင်ခန်း အပြင်အဆင်ကြောင့် အံ့သြသွားမိ သလို အခန်းများ မှားလေရော့ သလားလို့ အတွေး ဝင်ပြီး ထိတ်လန့် သွားမိသည်။ ကျွန်မတို့ကို ဧည့်ခံ နေတဲ့ ဧည့်ခန်းကျယ် ကြီးထဲမှာတောင် မွေးပွ ကော်ဇော်ကို ခန်းလုံးပြည့်ခင်း ထားတာ မတွေ့ ခဲ့ရ။

ဒါပေမဲ့ သန့်စင်ခန်းလေးထဲမှာ  ပြင်ဆင်ထား တာကတော့ သာမန် အိမ်တစ်အိမ်ရဲ့ သန့်စင်ခန်း ရယ်လို့ မယုံနိုင်စရာ။ ခန်းလုံးပြည့်ခင်း ထားတဲ့ မွေးပွကော်ဇော မီးခိုးရောင် ဖျော့ဖျော့လေးရယ်၊ အိမ်တွင်း အလှစိုက်တဲ့ ရွက်လှပင်ပု စိမ်းစိမ်းလေး တွေရယ်၊ နံရံကပ် စာအုပ်စင် ဖြူဖြူလေးတွေရယ်၊ လက်ဆေး ကန်လေးပေါ်က ပန်းအိုးဖြူလေး ရယ်၊ ပန်းခြောက်လေးတွေ ထည့်ထားတဲ့ ခွက်လှလှလေး တွေရယ်၊ အိမ်သာ ကမုတ်ထဲ မှာလည်း ပရုတ်ပါတဲ့ အမွှေးနံ့ တစ်မျိုး သုံးထားမှန်း သိသာစေ တဲ့ ရေ အပြာရောင်လေးရယ်၊ အခန်းထဲမှာ တပ်ဆင် ထားတဲ့ အော်တိုမက်တစ် ရေမွှေးဖျန်း စက်ကလေး ရယ် စုံစုံလင်လင်လှလှပပ အလှဆင်လို့။

ရေချိုးခန်းတွေ အိမ်သာတွေ ဆိုတာ အိမ်တွေ မှာ စိုထိုင်းမှု အများဆုံးမို့ ရောဂါပိုးမွှား အများဆုံး ခိုအောင်းတတ်တဲ့ နေရာရယ်လို့ သတ်မှတ် ထားကြ တာကို ကြားဖူး ခဲ့တာ။ ဒါ့ကြောင့်လည်း အိမ်ရှင်မ အများစုက ရေချိုးခန်းတွေ သန့်စင်ခန်းတွေကို အတတ်နိုင်ဆုံး ခြောက်သွေ့အောင် ထိန်းသိမ်း ဂရုစိုက်နေကြ။ ဒါပေမဲ့ သန့်စင်ခန်းကို ခန်းလုံး ပြည့် ကောဇောခင်း ထားတာမျိုးတော့ ဘယ်မှာမှ မတွေ့ဖူး မမြင်ဖူးခဲ့ပါ။

ဒါ့ကြောင့်လည်း မြန်မာ မိတ်ဆွေအိမ်က လှပချစ်စဖွယ် သန့်စင်ခန်းလေးကို တွေ့ပြီး ကတည်းက ကြယ်ငါးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီး တွေ ရောက်တာတောင် သူတို့ ရဲ့ သန့်စင်ခန်းတွေကို ခန်းနားလှပတယ်လို့ မခံစားမိတော့။

တကယ်တော့ ကျွန်မတို့ မြို့လေးမှာရှိတဲ့ ဈေးဝယ် စင်တာတွေမှာ သန့်စင်ခန်းတွေကို ခမ်းခမ်းနားနား လှလှပပ ပြင်ဆင် ထားတတ်တာ များသည်။ ကမ္ဘာ့အကြီး ဆုံး ဈေးဝယ် စင်တာရယ်လို့ သတ်မှတ်ထားတဲ့ ဒူဘိုင်းမောလ်ရဲ့ သန့်စင်ခန်း အတွင်းပိုင်း အပြင်အဆင်တွေ ကတော့  လိုအပ် တာထက် ခမ်းနား ထည်ဝါလှသည်။ ဆိုဖာ ရှည်ကြီး တွေကို သန့်စင်ခန်း အဝင်ဝမှာ တွေ့ရပြီး သန့်စင် ခန်းတွေ အားလုံးကလည်း ခြောက်သွေ့ သန့်ရှင်း လွန်းလှသည်။ ပန်းအိုးကြီးတွေ ထဲမှာ ပန်းပွင့် ခပ်ကြီး ကြီးတွေနဲ့ အလှဆင်ထားတာမို့ ကျွန်မတို့ မိန်းမသားတွေ ကို မငေးမောဘဲ မနေနိုင်အောင်ကို ဆွဲဆောင်နိုင်လွန်းသည်။

မကြာသေးခင်က ဈေးဝယ်စင်တာ တစ်ခု ကိုရောက်တော့ အများသုံး သန့်စင်ခန်းတစ်ခုကို ရောက်ခဲ့ရပြန်သည်။ သန့်စင်ခန်း အဝင်ဝက ဆိုဖာခုံပေါ် ထိုင်ပြီး သူငယ်ချင်း တစ်ယောက်ကို စောင့်နေရင်း သန့်စင်ခန်း တာဝန်ခံ ချာတိတ် မလေး သန့်ရှင်းရေး လုပ်နေတာကို ဘာရယ်မဟုတ် ငေးမောမိသည်။

အခန်းငယ်လေး ၁၂ ခန်းလောက်ရှိတဲ့ သန့်စင်ခန်း ကျယ်ကြီးထဲမှာ သူမ ဝန်ဆောင်မှု ပေးနေပုံက ထူးခြားလှသည်။ သန့်စင်ခန်း ထဲက တစ်ယောက် ထွက်လာထိုင်း သန့်စင်ခန်းထဲ ကို အပြေးအလွှား ဝင်သွားပြီး ခြောက်သွေ့နေတဲ့ ကြမ်းခင်းကို ထပ်ကာ ထပ်ကာသုတ်ပြီး ခြောက် သွေ့စေသည်။ ဘိုထိုင် အိမ်သာရဲ့ ထိုင်ခုံပေါ်ကို ပိုးသတ်ဆေး တစ်မျိုးဖျန်း အဝတ်စနဲ့ ခပ်နာနာ ပွတ်တိုက်ပြီး ခြောက်သွေ့စေသည်။ ပြီးတော့ ဘိုထိုင်ကို မတင်လိုက်ပြီး ကမုတ်ကိုပါ ပိုးသတ် ဆေးထပ် ဖျန်းပြီး စေ့စေ့ စပ်စပ် ပွတ်တိုက်ပြီး သန့်ရှင်းရေးလုပ်ပြန်သည်။

သန့်စင်ခန်း တစ်ခန်းချင်းစီကို သူမစိတ်တိုင်း ကျ သန့်ရှင်းရေး လုပ်ပြီးမှ နောက်ကရောက် လာသူတွေကို ဝင်ခွင့်ပြုသည်။ တစ်ယောက် ဝင်ပြီး တိုင်း တစ်ခါ စနစ်တကျ သန့်ရှင်းရေး လုပ်ပေးနေတဲ့ ကလေးမလေးကို ကြည့်ပြီး အိုး မိုင်ဂေါ့လို့ နှုတ် ဖျားမှ မရေရွတ် ဘဲမနေနိုင်။ သာမန် သန့်ရှင်းရေး ဝန်ထမ်း တစ်ယောက် မပေးနိုင်တဲ့ ဝန်ဆောင်မှု မျိုး ကို ထူးထူးခြားခြား တွေ့လိုက်ရတာမို့ အာရှသူ ချာတိတ်မလေးကို မလေးစားဘဲ မနေနိုင်ခဲ့။

မြို့ပြအလွန်က မြို့ပြမှာ နေထိုင်သူတွေ သန့်စင်ခန်းတွေကို ကောင်း သထက်ကောင်း အောင် သန့်သည်ထက် သန့်အောင် မွမ်းမံ ပြင်ဆင် ခြယ်သနေကြတဲ့ အချိန် တစ်ပြိုင် တည်းမှာ ပဲ  ကျေးလက်နေ လူတန်းစားတွေ ရင်ဆိုင်နေရတဲ့ အညစ်အကြေး စွန့်ဖို့ အခက်အခဲတွေ နဲ့ ရေအခက် အခဲတွေကို လူတိုင်းသတိမမူနိုင်ခဲ့ပါ။

အချို့အချို့သော မြို့ကြီးပြကြီးတွေမှာ အခြေခံ ပညာကျောင်းတွေမှာ ယနေ့အချိန် အထိ ကျောင်းသား ဦးရေနဲ့ ညီမျှတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သန့်စင်ခန်းတွေ ရှားပါးနေ ဆဲ။ ကမ္ဘာ တစ်ဝန်းလုံးမှာ သန့်စင်ခန်း အခက်အခဲတွေ ကြောင့် ကျောင်း မတက်နိုင်ကြတဲ့ ကျောင်းသူတွေ ရဲ့ ကျောင်းခေါ်ချိန် ပျက်ကွက်မှုက ၁၁ ရာခိုင်နှုန်း အထိ မြင့်နေခဲ့သည်။

”ကျွန်တော့် သမီးလေးက သန့်စင်ခန်း အခက်အခဲကြောင့် မုန့်စားနားတဲ့ အချိန်တွေမှာ အိမ်ကိုပြန်လာပြီး သန့်စင်ခန်း သုံးရပါတယ်။ တကယ်တော့ သန့်စင်ခန်းဟာ မိန်းကလေး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ တစ်ခုပါပဲ။ အထူး သဖြင့် ကျောင်းတက်နေတဲ့ ကလေးတွေ အတွက်  စာသင်ဖို့ ခဲတံနဲ့ စာအုပ်တွေ လိုအပ်သလို သန့်ရှင်း တဲ့ သန့်စင်ခန်းတွေ လည်း မရှိမဖြစ် လိုအပ်ပါ တယ်။ ကျွန်တော်တို့ စမတ်ဖုန်းတွေ၊ Social Network တွေ၊ အင်တာနက်တွေ မရှိဘဲ နေလို့ရပါ တယ်။ ဒါပေမဲ့ သန့်စင်ခန်း မရှိဘဲနဲ့တော့ ဘယ်လို မှ နေလို့မရနိုင်ပါဘူး”

ကမ္ဘာကြီးဟာ စက္ကန့် ၂ဝ မှာ ကလေးငယ် တစ်ယောက်နှုန်း ဆုံးရှုံးနေပါတယ်။ ဒါဟာ အညစ်အကြေး စွန့်စနစ် ချို့တဲ့မှုကြောင့်ပါ။ တစ်နှစ်လုံး အတိုင်းအတာ နဲ့ဆိုရင် တစ်နှစ် ကို ၁ ဒသမ ၂ သန်းနှုန်းပေါ့။ ဒါဟာ ထိထိရောက် ရောက် ကြိုတင် ကာကွယ်တားဆီးနိုင် ပါရက်နဲ့ ဆုံးရှုံးနေတဲ့ ပမာဏပါပဲ။ စနစ်မကျတဲ့ အညစ် အကြေး စွန့် စနစ်တွေကြောင့် မသန့်ရှင်းတဲ့ အစား အစာတွေနဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဝမ်းပျက် ဝမ်းလျော ရောဂါတွေ ရလာမယ်။ ဒါ့ကြောင့် လူတိုင်းစေ့ သန့်ရှင်းတဲ့ သန့်စင် ခန်းတွေ သုံးနိုင်ဖို့ တကယ်ကို လိုအပ်ပါတယ်”

”ကျေးလက်ဒေသ က လူတွေက သန့်စင်ခန်း (အိမ်သာ) တွေနဲ့ မယဉ်ပါးကြဘူး။ ဘယ်လို သုံးရ မှန်းလည်း မသိကြဘူးလေ။ ဒီတော့ ကျေးလက်မှာ အိမ်သာတွေ ဆောက်ပေးရုံနဲ့ မပြီးသေးဘူး။ ပြည်သူတွေကို သန့်စင်ခန်းတွေ နဲ့ ပတ်သက်တဲ့ အသိပညာတွေ ဝေမျှ ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှ သူတို့ တကယ့် လိုအပ်ချက်ကို သိပြီး စနစ် တကျ သုံးတတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ခင်ဗျားတို့ ဆောက်ပေးလိုက်တဲ့ အိမ်သာတွေ ရေချိုးခန်းတွေကို အသီးအနှံ တွေလှောင်တဲ့ စတိုခန်း လုပ်ပြီး  ကိုယ်တော်ချောတွေက  ထုံးစံ အတိုင်း တောတိုးနေကြဦးမှာဗျ”

”အိမ်တစ်အိမ် မှာ စနစ်တကျ ဆောက်ထား တဲ့ သန့်စင်ခန်း မရှိဘူး ဆိုရင် အဲဒီ အိမ်မှာ နေတဲ့ အမျိုးသမီးတွေ သမီးငယ်တွေ သိပ်ကို အရုပ်ဆိုး အကျည်းတန်တာပဲ၊ သိက္ခာ မဲ့ရတယ် အရှက်မဲ့ရ တယ်၊ ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ No Toilet, No Bride ဆိုပြီး ကမ်ပိန်းတွေ လုပ်ကြသေးတယ်”

အစည်းအဝေးတွေ အလုပ်ရုံ ဆွေးနွေးပွဲတွေ မှာ သန့်စင်ခန်းတွေရဲ့ အရေးပါပုံ နဲ့ပတ်သက်ပြီး တွင်တွင် ကျယ်ကျယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေး လာကြပြီ။ အမျိုး သမီးလေးတွေ သန့်စင်ခန်းကို ဣနြေ္ဒရရ သုံးနိုင်ဖို့ လူမှုရေး စိတ်ဓာတ်ရှိ သူတွေက ကိုယ်ထူကိုယ်ထ ကူညီ အားပေးကြ ပညာပေးကြ စည်းရုံး လှုံ့ဆော်လာကြပြီ။

နိုဝင်ဘာလ ၁၉ ရက်နေ့ကို ကမ္ဘာ့ သန့်စင်ခန်း နေ့အဖြစ် သတ်မှတ်ပြီး ၂ဝဝ၁ ခုနှစ်မှ စတင်ကာ ကမ္ဘာ အနှံ့အပြားမှာ တွင်တွင် ကျယ်ကျယ် ကျင်းပ လာခဲ့ကြ တာလည်း ၁၄ နှစ် တိတိရှိခဲ့ပြီ။

ကမ္ဘာ့ သန့်စင်ခန်း အဖွဲ့အစည်းမှ ကြီးမှူးပြီး ကမ္ဘာ့သန့်စင်ခန်း ကောလိပ်ကို ၂ဝဝ၅ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး  သန့်စင်ခန်းတွေနဲ့ ဆက်နွှယ် နေတဲ့ သင်ရိုးတွေကို ကမ္ဘာ့ သန့်စင်ခန်းကောလိပ် မှာ ပြဋ္ဌာန်း သင်ကြား ပေးနေခဲ့ပြီ။

၂ဝဝ၁ ခုနှစ်ကစလို့ World Toilet Summit ကို နိုင်ငံတကာမှာ နှစ်စဉ် ကျင်းပခဲ့သလို ၂ဝ၁၄ နိုဝင်ဘာလ မှာလည်း အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ကျင်းပဖို့ တာစူနေကြပြီ။  လက်ရှိ အိန္ဒိယနိုင်ငံမှာ လူ၂ ယောက်မှာ ၁ ယောက်ဟာ စနစ်တကျ သန့်စင်ခန်း သုံးစွဲခွင့်မရသေး။ အိန္ဒိယနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာ အရ လူဦးရေရဲ့ တစ်ဝက် တိတိဟာ သန့်ရှင်းတဲ့ရေ သန့်ရှင်းတဲ့ သန့်စင်ခန်းတွေ နဲ့ ဝေးနေဆဲ။

သန့်စင်ခန်း အခက်အခဲတွေ ရေရှားပါးမှုတွေ နဲ့ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် လှုပ်ရှားလာ ကြတဲ့ အဖွဲ့ အစည်းတွေ ကိုယ်ထူကိုယ်ထ ကြိုးပမ်း နေသူတွေ ကြား မှာ Matt Damon  ကို လွန်ခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့ရပါသေးတယ်။

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်း စားနေခဲ့တဲ့ Ice Bucket Water Challenge (ရေခဲရေလောင်းပြီး စိန်ခေါ်တဲ့ အစီအစဉ်လေး) အကြောင်းကို စိတ်ဝင် တစား နဲ့ လိုက်ကြည့်မိရာက ထူးခြားတဲ့စိန်ခေါ်သူ တစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လိုက်ရပါတယ်။ တကယ်တော့ ဒီအစီအစဉ် လေးဟာ ကမ္ဘာ တစ်ဝန်းလုံးမှာ ရှိတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ အနုပညာ နယ်ပယ်တွေက နာမည်ကျော် တွေဦးဆောင်ပြီး ALS လို့ခေါ်တဲ့ ဝေဒနာခံစားနေ ရသူတွေ အတွက် ရန်ပုံငွေ ရှာတဲ့ အစီအစဉ်လေး တစ်ခု လို့ ပြောလို့ရပါတယ်။

Matt Damon ကတော့ သူများတွေလို အသင့်ခပ်ယူလာတဲ့ ရေပုံးထဲက ရေကို လောင်းချ တာမျိုးမဟုတ်ဘဲ သူ့ရေချိုးခန်းထဲ မှာရှိတဲ့ အိမ်သာကမုတ်ထဲ က ရေတွေ ကို ရေခဲ ပုံးထဲကို တစ်ခွက်ချင်း ခပ်ထည့်ပြီး ရေခဲရေလောင်းတဲ့ စိန်ခေါ်မှုကို သူများ နဲ့မတူအောင် ထူးထူးခြားခြား တင်ဆက်ခဲ့ပါတယ်။

အိမ်သာ ကမုတ်ထဲက ရေတွေကို ခွက် ကလေးနဲ့ တစ်ခွက်ချင်း ခပ်ထည့်ရင်း ”ကျွန်တော် ဒီကမုတ်ထဲကရေ ကို သုံးပြီး စိန်ခေါ်မယ် ဆိုတော့ ကျွန်တော့် အမျိုးသမီးက သိပ်ကို ရွံစရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ တကယ်တော့ အခု ကျွန်တော်တို့ အသုံးပြုနေတဲ့ အိမ်သာ ကမုတ်ခွက်ထဲက ရေတွေဟာ အချို့ အချို့သော အရပ်တွေမှာ လူတွေ သောက်သုံးနေ ရတဲ့ ရေတွေထက် အများကြီး သန့်ရှင်း ပါသေး တယ်။ ကမ္ဘာပေါ်မှာ ရေချိုရေသန့် အတွက် အခက်တွေ့နေသူ အရေအတွက် ဟာ မီလျံ ၈ဝဝ လောက် ရှိနေပါတယ်။ ၂ဝ၁၃ ခုနှစ်အထိ ကမ္ဘာ ပေါ်မှာ အိမ်သာ မရှိဘဲ အညစ်အကြေး စွန်တဲ့ အခက်အခဲကို ရင်ဆိုင်နေရသူ ၂ ဒသမ ၅ ဘီလျံ အထိရှိနေသေး တယ် ဆိုတာ ခင်ဗျားတို့ သိကြရဲ့ လား”

”အိမ်သာရယ်လို့ စနစ်တကျ မရှိတဲ့ ဒေသ တွေမှာ လူတွေ အလွယ်အကူ အညစ်အကြေး စွန့်တတ်တဲ့ နေရာတွေဟာ ရေအရင်းအမြစ်၊ အစား အသောက် အရင်း အမြစ်တွေ ရဲ့ အနီးအပါး ပတ်ဝန်းကျင်တွေပါ။ အဲဒီလို စနစ်မကျတဲ့ အညစ်အကြေး စွန့်သူများကြောင့် ကူးစက် ရောဂါတွေနဲ့ အမည်မတပ်နိုင်တဲ့ ရောဂါတွေ ကြောင့် အသက် ဆုံးရှုံးသူတွေ မရေမတွက် နိုင်အောင် ရှိခဲ့ပါတယ်။ ဒီအခက်အခဲတွေ ကို စာနာ နားလည်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ အိမ်သာ ကမုတ်ထဲက ရေကို သုံးပြီး စိန်ခေါ် ရတာပါ” လို့ သူက ဆိုခဲ့ပါတယ်။

သန့်စင်ခန်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကတော့

(၁) သန့်စင်ခန်းသုံး စက္ကူတွေကို ပထမဆုံး မှာယူသုံးစွဲသူတွေက တရုတ် လူမျိုးတွေဖြစ်ပြီး အေဒီ ၁၃၉၁မှာ အိမ်သာသုံး စက္ကူတွေကို စသုံးခဲ့ပါတယ်။ စတင် သုံးစွဲစဉ် ကာလတုန်းက တစ်ရှူးစအရွယ်အစားဟာ တစ်ရွက်ကို နှစ်ပေ ကနေ သုံးပေအထိ ရှိပါတယ်

( ၂ ) ၁၈၉ဝ ခုနှစ်မှာ Scott Paper Company က ယခုလက်ရှိမှာ အလုပ်ပြုနေကြတဲ့ တစ်ရှူး လိပ်တွေကို စတင် ထုတ်လုပ်ခဲ့ပါတယ်။
အိမ်သာသုံး စက္ကူတွေ မပေါ်ခင် အစောပိုင်း ကာလတွေတုန်းက အမေရိကန်နိုင်ငံမှာ သတင်း စာ ဂျာနယ်တွေ ကတ်တလောက်တွေကို အသုံးပြု ခဲ့ကြပါတယ် ဟာဝိုင်အီ မှာတော့ အုန်းဆံခွံတွေကို အသုံးပြုခဲ့ကြပါတယ်။

(၃) အင်္ဂလန် နိုင်ငံသားတွေဟာ တစ်နေ့ကို ခြောက်ကြိမ် ကနေ ရှစ်ကြိမ်အထိ သန့်စင်ခန်း သွားလေ့ ရှိကြပါတယ်။ ပျမ်းမျှခြင်း အားဖြင့် တစ်နှစ်ကို သန့်စင်ခန်း အသုံးပြု တဲ့ အကြိမ်အရေ အတွက် ၂၅ဝဝ ခန့်ရှိပါတယ်။ ဒါ့ကြောင့် သာမန် လူတစ်ယောက်ဟာ ဘဝ သက်တမ်း တစ်လျှောက် မှာ အိမ်သာထဲမှာ အချိန် သုံးနှစ်လောက် ကုန်ဆုံး စေခဲ့ပါတယ်။

(၄) လေ့လာ တွေ့ရှိချက်တွေ အရ အင်္ဂလန် နိုင်ငံရဲ့ လူဦးရေ ၈ သန်းကျော်ဟာ သန့်စင်ခန်း ထဲမှာ လက်ကိုင်ဖုန်း သုံးလေ့ရှိကြပါတယ်။ လူဦး ရေ ၇ သန်းကျော်ဟာ သူတို့ လက်ကိုင်ဖုန်းတွေ အိမ်သာထဲကို ပြုတ်ကျဖူးတယ်လို့ ဝန်ခံကြပါ တယ်။

( ၅ ) လူ အယောက် ၂ဝ မှာ တစ်ယောက်သာ သန့်စင်ခန်း သုံးပြီးတိုင်း လက်ကို သေသေချာချာ ဆေးကြောလေ့ ရှိပါတယ်။

(၆) နှစ်စဉ်နှစ်တိုင်း အမေရိကန် လူမျိုး လေးသောင်းခန့်ဟာ သန့်စင်ခန်း ထဲမှာ ဒဏ်ရာ အနာတရ ဖြစ်လေ့ရှိပါတယ်။

(၇) ပထမဆုံး အကြိမ် ကျား၊ မ သီးခြား သန့်စင်ခန်းကို ၁၇၃၉ ခုနှစ်မှာ ပြင်သစ်နိုင်ငံက ပွတ်ရှ်ပါတီမှာ စတင် သုံးစွဲခဲ့ပါတယ်။

(၈) ၁၉၉၂ ခုနှစ် စစ်တမ်းတွေ အရ ကမ္ဘာ ပေါ်မှာ အဆိုးရွားဆုံး အများသုံး သန့်စင်ခန်း တွေကို အင်္ဂလန်နိုင်ငံမှာ တွေ့ရတယ် လို့ဆိုပါ တယ်။ အင်္ဂလန်နိုင်ငံ ပြီးရင် အဆိုးရွားဆုံး အဆင့် ဒုတိယ၊ တတိယနဲ့ စတုတ္ထ နေရာတွေကိုတော့ ယိုးဒယား၊ ဂရိနဲ့၊ ပြင်သစ်နိုင်ငံတွေ လို့ ဆိုပါ တယ်။

(၉) လူတစ်ယောက်စာ သန့်စင်ခန်း ထဲမှာ တစ်နေ့ကို တစ်ရှူးပေပါ ၅၇ ရွက်ခန့် သုံးစွဲကြတယ် လို့ ဆိုပါတယ်။

(၁ဝ)  သွားဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တွေက သွားပွတ်တံတွေကို အိမ်သာ ကမုတ်နဲ့ အနည်းဆုံး ၆ ပေလောက် ခွာပြီး သိမ်းဆည်း ကြဖို့ အကြံပြု ထားပါတယ်။

နှင်း (မာယာ)

Young Reader Day နဲ့ ပတ်သက်ပြီး အကြည်တော် ရဲ့ စကားလက်ဆောင်

$
0
0

ခရီးတွေ သွားတိုင်း သတိထားမိတယ်။ နိုင်ငံ ခြားသား အတော်များများဟာ သူတို့ ခရီးထွက်တိုင်း မဖြစ်မနေဆောင် သွားကြတာ စာအုပ်ပါပဲ။
သူတို့ရဲ့ ရည်ရွယ်ချက် ကိုက ရှုခင်းကောင်း ကောင်း ပြင်ပလေ လတ်လတ်ဆတ်ဆတ် ရတဲ့ နေရာမှာ ဇိမ်နဲ့ စာအုပ် ဖတ်ချင်တယ် ဆိုတဲ့ ဆန္ဒ ပါပဲ။
ခရီး ထွက်တိုင်း လေဆိပ် မှာဖြစ်ဖြစ်၊ ပင်လယ် ကမ်းခြေ မှာဖြစ်ဖြစ်၊ ရှုခင်းကောင်းတဲ့ ဟိုတယ်လို နေရာမှာဖြစ်ဖြစ် နိုင်ငံခြားသားတွေ ဟာ ခြေကို အသေအချာ ချိတ်လို့ စာအုပ် တစ်အုပ်နဲ့ ငြိမ့်နေ တာ အမြဲတွေ့ရပါတယ်။
ကျွန်တော်တို့ လူမျိုးတွေက အဲလို မဟုတ်ပါဘူး။ တစ်ချိန်လုံး ငေးငိုင်နေတော့တာပါပဲ။ စာအုပ်ကို လူကြားသူကြား ဖတ်ဖို့ မပြောနဲ့၊ သူတို့ တယ်လီဖုန်းကို သူတို့ပွတ်နေ တာ နဲ့တင် မအားပါ ဘူး။ စာမဖတ်ဘူးလား ဆိုတော့ ဖတ်တယ်။ ဘာဖတ်သလဲဆိုရင်တော့ Facebook ဖတ်တယ် လို့ပဲ ပြောရမှာပါ။
Facebook  မှာတော့ စာဖတ်ဖို့လောက် မပြောနဲ့။ လူတိုင်းနီးပါး ကလည်း စာရေးဆရာ ကဗျာဆရာတွေ ချည်းပါပဲ။ ရေးလိုက်ကြတဲ့ စာ

”အာ့လေ၊ ဟွာလေ၊ အဲဒါ လာကျောတာ၊ ဒါမျိုးတော့ မြဝူး” စသည်ဖြင့်ဗျာ။ မြန်မာ စာရေးထုံးကို ပြောင်းပြီးတော့ကို တီထွင်ရေးနေကြတာ။ ကျွန်တော်တို့ပီဘိ စာရေး ဆရာတွေတောင် မျက်စိလည်လောက်အောင် ရေးနေကြတာ တွေ့ရပါတယ်။ ဒီလို စာဖတ်တာ၊ စာရေးနေတာတွေ ကလည်း ကောင်းတဲ့ အလားအလာ တွေတော့ မဟုတ်ပါဘူး ထင်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ ရဲ့စာတွေကိုလည်း ခွင့်ပြုချက် မယူဘဲ ဒီအတိုင်း Line ပေါ် တင်ထား တာတွေလည်း ရှိပါတယ်။ တင်တဲ့သူ ကတော့ စေတနာနဲ့ တင်တာ လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စာရေးသူတွေ ဘက်ကိုလည်း စာနာဖို့ ကောင်းပါတယ်။ စာရေးဆရာ ဆိုတာ စာရေးခြင်း တစ်ခုတည်း နဲ့ ရပ်တည်ရတာပါ။ ရှိုးပွဲလည်း လိုက် ဆိုလို့မရ။ ကြော်ငြာလည်း ရိုက်လို့မရတဲ့ လူတန်းစား တစ်ရပ်ပါ။ ဒါတွေကို ခွင့်ပြုချက် မယူဘဲ ဒီအတိုင်းပဲ စေတနာနဲ့ တင်ချလိုက်တာက လည်း ဒါဟာ စာပေ အတွက် နစ်နာမှုတစ်ခုပါ ပဲ။

ဘာပဲပြောပြော စာဖတ်တာ ကောင်းပါတယ်။ စာဖတ်တယ် ဆိုတာ ဦးနှောက်ကို အလုပ်ပေးတာ ပါပဲ။ စာရေးသူက စာကြောင်းတွေ ချည်း ရေးချ လိုက်တာကို စာဖတ်သူ က စာကြောင်းတွေ ဖတ်ပြီး ဦးနှောက်ထဲ ပုံဖော် ရတာမျိုးမို့၊ ဦးနှောက်ကို အလုပ်ပေးပြီးသား ဖြစ်သွားပါပြီ။ အဲဒီအခါမှာ စဉ်းစားဥာဏ်တွေ က သူ့အလို လို ပေါ် ထွက် လာပါတယ်။ စဉ်းစားဥာဏ် ပေါ်ထွက်လာတဲ့အခါ ဆင်ခြင်တုံ တရားလည်း သူ့အလိုလို ဖြစ်လာပါလိမ့် မယ်။ စာရေးဆရာမို့ တိုက်တွန်းတာ မဟုတ်ပါဘူး။ စာဖတ်ခြင်း ဆိုတာ ဘယ်သူ့ ကိုမှ အကျိုးမယုတ် စေပါဘူး။ ဒါပေမဲ့ Facebook ပေါ်က ”အာ့လေ၊ ဟွာလေ” တွေချည်း ဖတ်နေရင်တော့ ဦးနှောက် ထဲကလည်း ”အာ့လေ၊ ဟွာလေ” တွေပဲ ပြန်ထွက်လာမှာပါ။

ကျေးဇူးတင်ပါတယ်။
လေးစားစွာ ကြိုးစားလျက်

အကြည်တော်

လက်ဖြင့် ယူလာသော အဆောင်၊ လက်ဆောင်

$
0
0

(တစ်)
လက်ဆောင် ဟူသော စကားကို သပ္ပုရိသ အနွယ်ဝင် သူတော်စင် အပေါင်းတို့ ကြားဖူး ကြအံ့ လတ္တံ့ဟု ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း အခိုင်အမာ ယုံကြည်ပါ၏။ ကျွန်ုပ်တို့ ကား သူငယ်ချင်း မိတ်ဆွေ အချင်းချင်း လက်ဆောင်နှင်း ကြ၏။ လုပ်ဖော် ကိုင်ဖက် အချင်းချင်း လက်ဆောင်နှင်းကြ၏။ သားသမီးနှင့် မိဘ၊ အပြန်ပြန် အလှန်လှန် တုံ့ပြန် ဝင်ထွက် လက်ဆောင်အပ်နှင်း တတ်ကြသည်မှာ လောက တံထွာ ဓမ္မတာတစ်ရပ်ပင်။

ဘာသာ စကား ပညာရှင်တို့က လက်ဖြင့် ဆောင်ယူ အပ်နှင်း ရသည် ဖြစ်ပါသောကြောင့် လက်ဆောင် မည်ကြောင်း ဝေါဟာရတ္ထပကာသနီ အကျယ် ဖွင့်ဆိုခဲ့ကြပါ၏။ မှန်ပေစွ။ လက်ဆောင် ကို ခြေထောက်နှင့် ပေး၍ မရစကောင်းပေ။

ဤနေရာ၌ စကားမစပ် အိန္ဒိယသမ္မတ ဟောင်း အဗ္ဗဒူကလာမ် ကို သွားအမှတ်ရမိပါ၏။ Abdul Kalam ဆက်မြောက် သမ္မတ။ ၂ဝဝ၂  ခုနှစ်မှသည် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၂၅ အထိ အိန္ဒိယ သမ္မတ တာဝန် ထမ်းဆောင်သွားသူ။ သူက တော့ သူ့ဖခင် ကုတို့ သူကြီး၏ ဆိုဆုံးမမှုကို ကိုးကားကာ ‘ဘာလက်ဆောင် ကိုမှ လက်မခံနဲ့’ ဟူချေ သတည်း။ သြော် လက်ဆောင်မုန်းသူ။ ထား။

ပသို့ဆိုစေကာမူ ကျွန်ုပ်တို့ကား Social Animal ဟုဆိုသလို လူမှု ဆက်ဆံရေး သတ္တဝါများ ဖြစ်ကြ ဘိလေရာ လူအချင်းချင်း ဆက်ဆံသမှု ပြုကြ ရသည်၏ သကာလ တစ်ဦးနှင့် တစ်ဦး လက်ဆောင် ကူးသန်းသမှုပြုကြ ရသည်မှာ အဆန်း တော့လည်း မဟုတ်ပါပေ တမုံ့တကား။

(နှစ်)
ကျွန်ုပ်သည်ကား စာရေးဆရာ ဖြစ်ပါ၏။ သို့ဖြစ်မူ၍ ဟိုကသည်က လာရောက် ဖိတ်ကြား သမျှ ဟောပြောပွဲ အဝဝသို့ ကြွရာက် ချီးမြှင့် ဟောပြောသမှု ပြုရလေ့ ရှိသည်မှာ ဓမ္မတာ သဘာဝတ္ထ ပင်။ ဤ၌ ဟောပြောပွဲက အပြန် လက်ဆောင် အပ် နှင်းတတ်ကြသည် မှာလည်း အစဉ်အလာ မင်္ဂလာ တစ်ပါးပင်။

အနို့သော် အချို့သော စာပေ ချစ်သူ တို့သည် ကား ကျွန်ုပ်တို့ကို ငွေအသပြာ လက်ဆောင် မပေး။ ဒေသထွက် ပစ္စည်းဥစ္စာ ဘာညာ သာရကာ တို့ကိုသာ လက်ဆောင် အပ်နှင်းလေ့ ရှိကြပါ၏။ ကျွန်ုပ် တို့ကလည်း ကြည်ဖြူစွာပင် လက်ခံခဲ့ကြ သည်ဖြစ်ပါ၏။ အနို့သော်။

(သုံး)
တစ်ခါသော် ကျွန်ုပ်တို့ စာပေရေးသားသူ တစ်သိုက်သည် ဘဲအလွန်မွေးသော မြို့ကလေး တစ်မြို့သို့ ဆိုက်ရောက် ကြချေ၏။ ထုံးစံအတိုင်း သန်းခေါင်ကျူးသည် အထိ ဟောပြော ကြချေ၏။ နံနက်လင်းသော် ရန်ကုန်မြို့နှင့် မလှမ်းမကမ်း က မြို့ကလေး ဖြစ်သည်ကြောင့် ကျွန်ုပ်တို့အား လိုင်းကားနှင့် တင်ပေးလိုက်ပါ၏။ လက်ဆောင် မှာ ကား ဒေသထွက် ဘဲဥ များပေတည်း။ ထို့ပြင်တစ်ဝ ဖရဲသီးကြီး တစ်လုံးစီ ကိုလည်း ပေးအပ် လိုက်ပါချေ သေး၏။ တဝုန်းဝုန်း ဆောင့်နေသည့် ကား လမ်း တစ်လျှောက် ဝယ် စာရေး ဆရာမကြီး တစ်ဦးသည် သူ၏ ဘဲဥ ဆွဲခြင်းကြီးကို ပွေ့ပိုက်ကာ တတွတ် တွတ် ရွတ်နေသည်မှာကား
‘ပြုတ်ပြီးသား ကလေးတွေ ဆို ကောင်းမကွဲ့၊ ပြုတ်ပြီးသား ကလေးတွေဆို ကောင်းမကွဲ့’ ဟူ သတည်း။

(လေး)
တစ်ခါ သားသော် မြေလတ် မြို့ကလေး တစ်မြို့သို့ ကျွန်ုပ်တို့ ဆိုက်ရောက်၏။ ကြက်သွန်နီ လှိုင်လှိုင် ထွက်သော အရပ်ဒေသ ဖြစ်ဘိချေရာ စာပေဟောပြောပွဲ အပြီး နောက် တစ်နေ့ နံနက် ကားပေါ် အတက် လက်ဆောင်နှင်းအပ် လာသည် မှာ ကြက်သွန်နီ တစ်အိတ်စီ သာတည်း။ အနို့နှင့် ရန်ကုန်မြို့ အဝေးပြေး ကားဂိတ် သို့ အရောက် စာရေးဆရာ တစ်ဦးနှုတ်မြွက်စကား မိန့်ဆိုပုံမှာ -

‘သည်မောင်တွေ တက္ကစီခ ကလေးတော့ ပေးအပ်လိုက်ဖို့ ကောင်းသမင့်ဟာ’ ဟူလို။

(ငါး)
တစ်ခုသောနှစ် ဆောင်းနှောင်း ရာသီ၊ တော်တော့ဆို တော်တော် ကြီးကိုမှ နှောင်းသွားပြီ ဖြစ်သော ဆောင်းရာသီ ၏ ရက်ကလေး တစ်ရက် ဝယ် ရန်ကုန်မြို့၊ အနော် ရထာ လမ်းမကြီး တစ်နေရာ ၌ အနှီအကြင် လူသား တစ်စုကို ကျွန်ုပ် တွေ့ရှိခဲ့ရ ခြင်း ဖြစ်ပါ၏။ စုစုပေါင်း လေးယောက်။ ကုလား ထိုင်ကြီးတွေကို ထမ်းလို့။

ရိုးရိုး ကုလားထိုင်၊ တစ်နည်း အားဖြင့် ခက်ခဲ သော ကုလားထိုင် Hard Chair မဟုတ်ချေ။ Easy Chair ခေါ် လွယ်ကူသော ကုလားထိုင် သာဖြစ်ပါ၏။ ဤနေရာ၌ လွယ် ကူသော မှာလည်း သစ်သားဖြင့် လွယ်ကူသည် မဟုတ်။ သံဖြင့် လွယ်ကူ ထားခြင်းသာ ဖြစ်ပါ၏။ သံပက်လက် ကုလားထိုင်။ အနှီ စာရေးဆရာ လေးဦး တို့သည် ကား ချွေးများဖြင့် ရွှဲနစ်ကာ နွမ်းဖတ်သော မျက်နှာ ကိုယ်စီနှင့်။ ခရီးဝေးက ပြန်လာရဟန် အိတ်ကြီးတွေ ကို ကိုယ်စီ လွယ်၍ ထားသည့် ကြား က ယင်း ၄င်း သံပက်လက် ကုလားထိုင်ကြီးတွေ တစ်ယောက်တစ်လုံး ရွက်ကာ လျှောက်လာနေခဲ့ ကြခြင်းပင် ဖြစ်ရာ ကျွန်ုပ်က နှုတ်ဆက် သမှုပြုရ ပြန်ပေသည်။
‘ပသို့ဖြစ်လာရချေသတုန်းဗျာ’
‘ဟောပြောပွဲပေါ့လဗျာ …၊ သည်မောင် တွေကို ကျုပ်က သတ်ချင်သပေါ့’
”အနို့ အဘယ်မြို့က ပြန်ခဲ့ချေသတုံး ဆရာ တို့ရဲ့’
လေးယောက်သား ပြိုင်တူ ဆိုသလို မြွက်ဟ လာသော မြို့၏အမည်မှာ မြန်မာ့ မြို့တော်ဟောင်း များထဲမှ တစ်မြို့ဖြစ်သည်ကို ကျွန်ုပ် သတိပြုမိ လိုက်ပါ၏။ စီးပွားရေး လည်း ကောင်းပါလျက် နှင့်။

”ဟောသည့် ပက်လက် ကုလားထိုင်ကြီးတွေ လက်ဆောင် ပေးလိုက်သတဲ့၊ ဆရာကြီးဂျက်ရယ် ဟောပြောပွဲ ကော်မတီဝင် တစ်ယောက်က စတိုး ဆိုင်နဲ့တဲ့ဗျာရဲ့၊ သူ့ဆိုင် က သံချေးကိုက်နေတဲ့ ရောင်းမစွံ သံကုလားထိုင်တွေကို စာပေလက် ဆောင် ဆိုပြီး ထိုးထည့်ပေး လိုက်တာပါပဲ ဆရာကြီး ဂျက်ရယ်”

”သယ် ရာဇဝင်ရိုင်းလို့”

ကျွန်ုပ်ကား သယ် ရာဇဝင်ရိုင်းလို့ ဟူသည့် စကားတစ်ခွန်း မျှကိုသာ စစ်သူကြီး မဟာဗန္ဓုလ စတိုင်ပြော လိုက်နိုင်ပြီး ဘယ့်နှာစကား ဆက်ရမည် မပြောတတ်နိုင်ချေ။ စင်စစ် ကျွန်ုပ်တို့ ကိုယ်တိုင်က ပင်လျှင် ဟောပြောပွဲ လာရောက် ဖိတ်ကြားပြီ ဆိုကတည်းက
ဘဲဥပေးခြင်း သည်းခံပါ
ဖရဲသီးပေးခြင်း သည်းခံပါ
ပိန္နဲသီးပေးခြင်း သည်းခံပါ
ပက်လက်ကုလားထိုင်အဟောင်းပေးခြင်း သည်းခံပါ
ကြက်သွန်နီပေးခြင်းသည်းခံပါ စသည် စသည်ဖြင့် စည်းကမ်းများထုတ်ပြန်ထားရန် လိုအပ်လှပါ၏။
လက်ဆောင်ဟုဆိုသည့်တိုင် လက်နှင့် ဆောင်ယူသွားရန်မှာ ရံခါရံခါ ခက်ခဲလှပါချေ သည် တမုံ့တကား။

ဂျက်ကွမ်းခြံကုန်း

ကတ်သီး ကတ်သတ် ပြောတဲ့ တောက်တီး တောက်တဲ့

$
0
0

အထိုင်မတော်….

အဝိုင်းကလေး တလည်လည် ဆိုတဲ့ မြန်မာ့ အင်တာနက် ကို မသုံးလို့ လည်း မဖြစ်တာကြောင့် သုံးနေရင်း ထိုင်ဝမ်က သတင်းလေး တစ်ပုဒ်ကို ဖတ်လိုက် ရသဗျ။ အသက် ၆၅ နှစ် အရွယ် တရုတ်ကြီး တစ်ယောက် ရေချိုး ခါနီး ထုံးစံ အတိုင်းပဲပေါ့… ပလပ်စတစ် ထိုင်ခုံလေး တစ်ခုပေါ်မှာ ခဏ ထိုင်နေရင်း ခုံအပေါက် ထဲကို အဝှာက ကျွံဝင် သွားပြီး ပြန်ထုတ် မရတော့ လို့ အရေးပေါ် ဖုန်းကိုခေါ် ရတော့ သတဲ့။ ရဲတွေ၊ မီးသတ်တွေ ရောက် လာတော့ လည်း ထုတ်မရတာနဲ့ ခုံမှာထိုင် လျက်သား ကြီးပဲ ဆေးရုံကို ပို့ လိုက် ရသတဲ့ ဗျာ..။ မောင်တောက်တီး အတော် လန့်သွားသဗျ။ သူထိုင်တဲ့ ခုံကလည်း မြန်မာပြည်မှာ မောင်တောက်တီး တို့ ထိုင်နေကျ ခုံမျိုးပဲ။ အ လိုလေးလေး…ဒါမျိုး များဖြစ်လိုက် လို့ကတော့ မတွေးဝံ့ပါဗျာ…။

မတွေးဝံ့ဘူး ဆိုပေမဲ့ အတွေးစိတ်ကူးက လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ မျက် မြင် ကိုယ်တွေ့ကြုံ ခဲ့ ရတာတစ်ခုကို သွား တွေးမိ လိုက် ပါ သေးတယ်။ မောင် တောက်တီး ရဲ့ မိတ်ဆွေ နာမည် ကျော် ကာတွန်း ဆရာ တစ်ယောက် ပါ။ လမ်းဘေး လက်ဖက်ရည် ဆိုင်မှာ ခွေးခြေပုလေး တစ်လုံးပေါ် ထိုင်ပြီး စကားတွေ ဖောင်ဖွဲ့နေတုန်း ခွေးခြေလေး ရဲ့ ပျဉ်ပြားနှစ်ခု ဟနေတာ သတိမထား လိုက်မိဘူး။ လူရဲ့ အလေးချိန် နဲ့ ဆိုတော့နှပြာ စပ်ထားတဲ့ ပျဉ်ပြားလေး နှစ်ခုက ကား ပြီး ဟသွားတာကိုးဗျ။ အဲ…ပြန်ဖို့ ထလိုက်တော့မှ အသံ နက်ကြီးနဲ့ အော်ပြီး ခွေးခြေပုလေးကိုပါ လက်ကြီး နဲ့ မလွှတ်နိုင်ပဲ ကိုင်ရင်း မတ်တတ် ရပ်နေတော့မှ သူ့အဖြစ်ကို သဘောပေါက်ပြီး မောင်တောက်တီး တို့အားလုံး ငိုအားထက် ရယ် အားသန် ဖြစ်ရတော့သဗျ။ ရုတ်တရက် ဆိုတော့ သူ့ကို အကူအညီ မပေးကြပဲ ဝိုင်းရယ် နေ ကြလေလေ သူ့ခမျာ နာကလည်းနာ …ဒေါသက လည်း ထွက်လေလေ ပေါ့။ နောက်မှ ဝိုင်းထဲက တစ်ယောက်က အသာပြန်ထိုင် ခိုင်းပြီး ခွေးခြေပု လေးက ပျဉ်ပြားနှစ်ချပ် ကို လက်နဲ့ အတင်းဟပြီး အားလုံး လွတ်လွတ် ကျွတ်ကျွတ် ဖြစ်တော့မှ သူ့ကိုပြန်ထ ခိုင်းလိုက်ရတော့သဗျား။ ဒီတော့ မှ ကိုယ့် ဆရာခ မျာလည်း လွတ်လွတ် ကျွတ် ကျွတ် ပေါ့ပေါ့ပါးပါးနဲ့ ထပြန်နိုင်တော့ သဗျား…။ အဲဒီ အဖြစ်အပျက်က တော်တော်ပြော စမှတ်ဖြစ်ခဲ့တာ။ တစ်ဝိုင်းတည်း ထိုင်ခဲ့ကြဖူးသူတွေ မှတ်မိ ကြဦး မှာ ပါလေ…။
ဒီတော့ကာ… အစား မတော်တစ်လုပ်၊ အသွား မတော်တစ်လှမ်း….အထိုင် မတော် …. အထိုင်မတော်….အဲ…သတိ သတိ… ပေါ့ဗျာ…။ နော်….ခုံတစ်ခုမှာ ထိုင် ပြီး မထချင်ကြသူတွေသတိထား ကြပေါ့ဗျာ ..။

ကြည့်လုပ်ကြပါဦး

ဘဝသံသရာလို့ပဲ ဆိုဆို သံသရာ ကရွတ်ကင်း ကို ပတ်ပတ်လည် လှည့်လျှောက် ရတယ် ပဲပြောပြော ပဋိစ္စ သမုဒ်ပါဒ တရား သဘော ကို အင်တာ နက် အသုံးပြု သူတွေ နေ့စဉ် ကြုံတွေ့နေ ရတာ ကတော့သေ ချာပါတယ်။ ဘာလို့လဲ ဆိုတော့ အင်တာနက် ကို ဘာနဲ့ပဲ သုံးသုံး အဝိုင်း ကလေး လည်နေ တာကို အချိန် နဲ့ အမျှတွေ့နေ ရလို့ ပါပဲလေ။ အားလုံး လည်း ကြုံဖူး ကြမှာပါ။ ခန္တီစ သည်းခံခြင်း တရား နဲ့ပြည့်စုံ တဲ့ သူတွေ က သည်းခံနိုင်ပေမဲ့ ဒေါမနဿသဟ ဂုတ် နဲ့ ယှဉ်ပြီး မွေးလာတဲ့ သူတွေ ကတော့ မြန်မာ လူမျိုးတွေ ရဲ့ တစ်ဦး တည်း မူပိုင်ဖြစ်တဲ့ တောက် တခေါက်ခေါက် လုပ်ကြ၊ ဆဲကြ ဆိုကြ၊ ညည်းကြ ညူကြ၊ အော်ကြဟစ်ကြနဲ့ အင်တာနက် ဘဝ သံသရာ ကို နေ့စဉ်ဖြတ်သန်း နေကြရရှာတာပါပဲ။

တောက်တဲ့မ တို့မောင်နှမ တစ်တွေ ဟာလည်း သည်း မခံနိုင်တဲ့ အဆုံးမှာ တော့ ထုံးစံအတိုင်း တောက် တခေါက်ခေါက် တညည်းညည်း တညူညူ နဲ့ပဲ မသုံးလည်း မနေနိုင်တော့တဲ့ အင်တာနက်ကို နေ့စဉ် သုံးနေကြ ရတော့တာပါပဲ။ ကိုယ့်လို ပဲဖြစ်နေကြတဲ့ အဖော် အပေါင်းတွေ ကလည်း အွန်လိုင်းပေါ်မှာ ဒုနဲ့ဒေး ဆိုတော့ ကာ သူပြောတာတွေ ကို ကိုယ် ကဝေမျှ၊ ကိုယ်ပြောတာ ကို သူ ကပြန်မျှ နဲ့ ပျော် စ ရာတောင် ကောင်းသေးသပေါ့။

သို့သော်လည်း နေ့စဉ် နဲ့ အမျှ ညည်းညူသံတွေ တောက်ခေါက်သံတွေ ဆဲဆို သံတွေကို ကြားလာ ရ တဲ့ တောက်တဲ့မ တို့ မိဘတွေ ကတော့ စိတ်မချမ်း သာကြ ရှာပါဘူး။ တစ်သက်လုံး ဒီအင်တာနက် မရှိဘဲ ကြီးပြင်း လာကြတာ ဒီလောက် အကုသိုလ် များတဲ့ အင်တာနက်ကို မသုံးပါနဲ့လား လို့တောင် ပြောသေး တယ်။ ဒါပေမဲ့ အရင်တုန်းက အင်တာနက် မရှိဘဲ ငါတို့ ဘယ်လို ကြီးပြင်း လာပါလိမ့် ဆိုတာ ကိုတောင် ပြန် စဉ်းစားလို့ မရဖြစ်နေတဲ့ တောက်တဲ့မ တို့ကတော့ မသုံးဘဲ မနေနိုင် ဆက်သုံးနေ ကြတာ ပါပဲ။ နှေးလည်း နှေးတဲ့ အလျောက်၊ မရလည်း မရသလို၊ ရှား ရှား ပါးပါး မြန်နှုန်းလေး မြင့်လာတဲ့ အခါ များဆို မောင်မင်းကြီးသားတွေ ကျေးဇူးကြီး လှပါပေတယ်ပေါ့။ သို့သော် လည်း တောက်ခေါက်ဆဲဆို ညည်းညူနေ ရတာတွေက တစ်စထက် တစ်စ ပိုစိပ်လာပါတယ်။

အဲ…တစ်နေ့မတော့ အဖေဟာ စာစောင် တစ်ခုမှာ ပါတဲ့ သတင်း တစ်ပုဒ်ကို သေသေချာချာ ဖတ်ကြည့်နေရင်း က ဖတ်လို့ လည်း ပြီးရော … ဟေ့ တောက်တဲ့မ ရဲ့… ညည်း တို့ကသာ အဝိုင်းကလေး တစ်လည်လည်တို့ ဘဝသံသရာတို့ ပဋိစ္စသမုပ္ပာဒ် တို့ပြောနေတယ် ဒီမှာတော့ ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုပါလားဟဲ့။ ညည်း တို့ပြော သလိုသာ အင်တာနက်က အမြဲနှေး နေရင်တော့ ရှေသို့ လှမ်းချီ ဆိုတာကလည်း နှေးနှေးပဲ လှမ်းချီနေမယ့် အပြင် အဝိုင်း လည်သလိုသာ တဝဲလည် လည် ဖြစ်နေ ရင်တော့ ရှေ့သို့ လှမ်းချီလို့ တောင်ရပါ့မလားဟဲ့ ….။ သူများနိုင်ငံတွေ ကိုမီပါတော့မလား…။ ကြည့်လည်း လုပ်ကြပါဦး”လို့ တောက်တဲ့မ တို့ကို လှမ်းပြော လို့ တောက် တီး တောက်တဲ့ မောင်နှမနှစ်ယောက် ဘာပြန်ပြောရမှန်း မသိအောင်ဖြစ်သွား ရ ပါတယ်ဆို….။ အာ့…လာပြောတာ…။ အာ့…လာပြောတာ …။

စက်တင်ဘာလ အတင်းချုပ်

စက်တင်ဘာလ flu ကြောင့် ပိုးသတ်ဆေး အပြင်းစားများနဲ့ ညားခဲ့တဲ့ တောက်တီး၊ တောက်တဲ့ တို့လည်း ဒီလ ကတ်သီး ကတ်သတ်ပြောဖို့ တောင် သိပ်အားမရှိပါ။ အားသာ မရှိတာ အပန်းဖြေဖို့ ချောင်းသာလောက်သွား ပါရစေလို့ အယ်ချုပ်ကို ဘတ်ဂျက် တင်တော့ ”မိတ်ကပ် ဆရာ ၂ ယောက် ကမ်းခြေ မှာရေနစ်သေတာ မကြာသေး ဘူး။ သတင်းကို တမလွန်ထိလိုက် ယူချင်လို့လား” ဆိုတဲ့ မေတ္တာ ထားမှုကြောင့် ကမ်းခြေနဲ့ဝေး၊ EU နဲ့ဝေး (သမ္မတသွားတဲ့ ဥရောပခရီး ပါသွားတယ် ထင်နေ မှာစိုးလို့) တဲ့ ရှောက်စန်းတို့ တစ်သိုက် လျှောက်ကိုင်နေတဲ့ လယ်မြေများ ရှိတဲ့တွံတေး အရပ်ကနေ သတင်း တင်ဆက်သွားပါ့မယ်။

ဒါဒို့တိုင်း ဒို့ပြေ ဒို့မြန်မာပြည်
အပေါ များဆုံး ဖြစ်သော်လည်း မရိုးနိုင်သေးတဲ့ miss ရွေးချယ်ပွဲများရဲ့ အသံဗလံ များဟာလည်း ဆူညံလျက် ရှိတုန်း ပါပဲ။ miss worldအတွက် မြန်မာ ကိုယ်စားပြု မယ် ရွေးချယ်ပွဲမှာ ထိုင်းနိုင်ငံက ကြီးစိုးခဲ့ သလို မြင်ကွင်း များကြောင့် ဝေဖန်မှု များ ရှိနေခဲ့ပါတယ်။ Miss International ပွဲအတွက် အရွေး ခံထားရတဲ့ ဟိုညီမလေး ကလည်း အသက် မပြည့်တာကြောင့် လူစား ထိုးခံလိုက် ရတဲ့အပေါ်မှာလည်း ပွစိ ပွစိတွေ မကင်းခဲ့ပါဘူး။ အဲသလို မြန်မာ မိန်း ကလေး ငယ်တွေ အလုပ် ရှုပ်နေချိန် မှာ မြန်မာ အမျိုးသားလေး များကလည်း အားကျမခံ Miss  Myanmar  Lady Boy ကို သွားရောက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေ တာများ အမျိုးသမီး မယ် နဲ့နင်လား ငါလား စိန်ခေါ် လျက်ရှိကြောင်း နဲ့ မယ်မဒီ ရှုံးတဲ့ (ဖုန်းကညာ တစ်ပါးလုံးရာကပြားသမို့) လုံးချိန်းလေးတွေ များလာကြောင်း သိရပါတယ်။

သီတင်းကျွတ် ချိန်ခါ ကျရောက်တော့ မှာ မို့ မယ်ပွဲများနဲ့ အပြိုင် ဖက်ရှင်ပွဲ များကလည်း ခေါင်းစဉ် မမှတ် မိနိုင်လောက်အောင် များပြား ခဲ့ကြောင်းပါ။ ဖက်ရှင် တကာ့ ဖက်ရှင် ထဲတွင် စစ်ပွဲ ရပ်တန့်ရေး ဖက်ရှင်ပါ ပါဝင်ခဲ့ ပါတယ်။

ဟိုးတုန်းက အဆိုတော် သူငယ်ချင်း ၃ ယောက်ဟာလည်း  သမ္မယောဂ ပိပ္ပယောဂ သင်္ခါရ အရ ငယ်ငယ်တုန်းက ချစ် သူတွေ၊ လင်မယားတွေ အဖြစ်က ရပ်စဲလို့ အချိန်တွေ က တိုက်စား လာလိုက်တာ ခုလမှာတော့ ၃ ယောက် ပေါင်းရှိုးပွဲ တစ်ခုကို အောင်မြင်စွာ လုပ်သွားနိုင်ခဲ့ပါပြီ။ ဒီပွဲရဲ့အောင်မြင်မှု နောက်ကွယ် မှာ လေးစားပေး ရမယ့် သူတွေက အဲဒီ ၃ ယောက်ရဲ့ လက်ရှိ လက် တွဲဖော်တွေပါပဲ။ အဲသလို နှလုံးသား အားကောင်း ကြစေကြောင်း အားလုံး အတွက် ဆုတောင်းပေးပါတယ်..လို့..

ဒီလထဲမှာ နှစ် ၅ဝ သက်တမ်း ရှိလာတဲ့ အဖွဲ့အစည်းတွေ ကတော့ ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့၊ အသုံးလုံး အဖွဲ့ တို့ပဲ ဖြစ်ပါ တယ်။ နိုင်ငံရေးလော က ရဲ့ သတင်းများ ကတော့ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ကနေ ရုတ်တရက် ထထွက်သွားတဲ့ ကိစ္စ ဦးသိန်းစိန်ရဲ့ ဥပရောပ ခရီးမှာ နားကြပ်တပ်တဲ့ ကိစ္စနဲ့ မိန့်ခွန်း ထဲက တတိယလှိုင်း ကိစ္စတို့ဟာ လည်း မြန်မာ တို့ပြောစရာ ဓာတ်စာ ဖြစ်လို့နေပါတယ်။

 ရှေ့သို့လှမ်းချီ မြန်မာပြည်

ဒို့မြန်မာတွေဟာ တစ်ခုခုကို အုံလိုက် ဝိုင်းလိုက်နဲ့ ပါဝင် ချင်တာမျိုးကိုး။ ခေါင်းလောင်း ဆယ်သဟေ့ ဆို လည်း ပြေးကြည့် လိုက်ရမှ၊ သုဝဏ္ဏကမာ ကြည်မှာ ရဟန်း တစ်ပါး ရေကသိုဏ်း ရှုသဟေ့ ဆိုလည်း သွား အုံလိုက်ရမှ (ရေကူးတဲ့ နည်းတွေ အစုံ မသိရှာတော့ သူ့ဟာသူ ပက်လက်ဖော့  floating နေလည်း ဂမ္ဘီရ လို့ ထင်လိုထင်)၊ ဘုရားဖြစ်ဖို့ နီးနေပြီ (အင်္ဂတေစော်လား၊ သစ်စေးစော်လား ၊ရွှေဆေး သုတ်ဆေးစော် လား မသိ နံလာတဲ့) ဆိုတဲ့ စိတ် ဝေဒနာရှင် ရဟန်းဝတ်လေး ကလည်း ဘိက္ခူ သာသနာ မထောင်ဘဲ ဘိ က္ခူနီ သာသနာထောင် လို့ ထောင်ကျ သွားတာလည်း မှတ်သားစရာ။ သဒ္ဓါလွန် တတ်တဲ့ အမျိုးသမီးများ ယုံ လွယ်ခြင်း ကင်းဝေးပါစေ။ ဥာဏ်ပညာ နဲ့ ချင့်ချိန် နိုင်ကြပါစေ….လို့ ..

ဒို့မြန်မာပြည်အပြောင်းအလဲမှာ တိုးတက်မှု အရှိန် အဟုန်တွေဟာ တချို့ နယ်ပယ်မှာ မြင့်မားလာပါတယ်။ ဒုစရိုက် အမှုအခင်း ကတော့ အများလာ ဆုံး လို့ပြောရမယ်။ ကိုယ်ဝန်သည် အချင်းချင်း ရေနွေးပူ လောင်း သတ်တာ မသေလို့ ဓားနဲ့ မွှန်းတာ၊ ချစ်သူ အချင်းချင်း ဓားထိုး သတ်တာ၊ ပိုက်ဆံ လုချင်လို့ လူသတ်တာ စုံနေ တာပဲ။ အဲ …သေပြီးရင် လည်း တန်ဖိုးနည်း အုတ်ဂူ နဲ့ မြှုပ်မလား၊ သီးသန့် လုံးချင်း အုတ်ဂူ နဲ့ မြှုပ် မလား တန်ဖိုးနည်း အိမ်ရာ၊ ဖုန်း၊ ပြည့်တန်ဆာ တို့အပြင် အုတ်ဂူ တို့ပါ ရှိ လာတော့ နိုင်ငံခြား သားတွေ မျက်စိ ကျတာ ဘာဆန်း လို့လဲ။ ဒါကြောင့် လဝက ဥပဒေ ပြောင်း ရင် နိုင်ငံခြားက သက်ကြီး ဂေဟာတွေ က   ဒီမှာ လာ ဖွင့်မှာဆိုပဲ ….ဆို ပဲ…
အမှုအခင်း သတင်း အချို့ကတော့ တယ်လီနော က မန္တလေးမှာ မြို့မ ငွေငန်း ကို အသုံးပြုမှု၊ အဆိုတော်လေး တစ်ယောက် ပုဒ်မ ၂၉၅ သာသနာ ညှိုးနွမ်းစေမှု၊ မင်းသား တစ်ယောက် နဲ့ ထုတ်ဝေသူ တစ်ယောက်တို့ အပေး အယူ မတည့်မှု စသည် …စသည်….

ဒို့ပြည်ကြီး မှာ လေတိုက်ရင် မီးပျက်မယ်၊ တောင်တက်ရင် လူပျောက် မယ်၊ ဘာပဲလုပ်လုပ် အိမ်ခြံမြေလုပ်ငန်း လုပ်တတ်ရမယ် ဆိုတာတွေက ထုံးစံ။ မင်းသားတွေ၊ အဆိုတော်တွေ လည်း ကွန်ဒိုဆောက် စီးပွားရေးမြစ် အတိုင်း စုန်ဆင်းနေကြ ရပါကြောင်း ကတ်သီးကတ်သတ် ချန်နယ်မှ ဒီတစ်လ မောင်းခတ်လိုက်ပါတယ်။ ရတီစာဖတ်သူတို့ရေ….


တောက်တီးတောက်တဲ့

$
0
0

ဒီ့ထက်ပဲ change  ရဦးမလား

မောင်တောက်တီး တို့ နိုင်ငံကြီး အပြောင်းအလဲတွေ နေ့စဉ် နှင့် အမျှ ဖြစ်နေတာ တွေ့ရပေမဲ့ နိုင်ငံရေး သုခမိန် ကြီးတွေ ကတော့ ဒါတွေဟာ တကယ့် အပြောင်းအလဲတွေ မဟုတ်ဘဲ အရင်တုန်း က မလုပ်ခဲ့တာတွေကို ခုမှ ထလုပ်နေတာသာ ဖြစ်တယ်လို့ ပြောကြသဗျ။

ပြီးတော့ကာ အစိုးရသစ် သက်တမ်း သာစေ့ တော့မယ့် မြန်မာနိုင်ငံကြီး မှာ ထူးထူး ခြားခြား change တာတွေ တစ်ခုမှ မရှိဘူး လို့လည်း ဆိုသူက ဆိုကြသဗျ။ အပြောင်း အလဲတွေ အတွက် စီမံခန့် ခွဲရမယ့် change management ဆိုတာ ကိုလည်း ဆရာကြီးတွေက တွင်တွင် ပြောကြပြီး၊ လေ့လာ သင်ယူတဲ့ သူတွေ က သင်ယူနေ ကြပေ မဲ့ တကယ်  change တာ မဟုတ်တဲ့ အတွက်ကြောင့် လက်တွေ့ မှာ အသုံးချဖို့ ခက်ခဲနေတယ် လို့ လည်း ဆိုကြသဗျ။ ပြည်သူတွေ ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး ဆိုတာ လည်း ဘာမှ ဖြစ် မလာသလို အကျင့်ပျက် ချစားမှု ပပျောက်ရေး ဆိုတာ လည်း သိသိသာသာ ဖြစ်မလာဘူး လို့လည်း ထောက်ပြ ကြသဗျ။ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုတာ မှာ လည်း အပစ် အခတ် ရပ်စဲရေးလောက် နဲ့ သာတန့်နေ သလိုလို ရှိပြီး သေနတ် ပစ်တာ သာ ရပ်နေပေမဲ့ တကယ့် ငြိမ်းချမ်းရေး ကတော့ မရသေးဘူး လို့ လည်း ဆိုကြ သဗျ။ ပြည်သူတွေ ရဲ့ စီးပွားရေး ဟာလည်း အပြောင်းအလဲ မရှိသေးဘူး တဲ့။ နိုင်ငံ ရေး မှာလည်း အရင် အ တိုင်း ပဲတဲ့။ လောလော ဆယ်သက်သာ အောင် လက်ပူ တိုက် တဲ့ နည်းဖြစ်တဲ့ ပရဟိတ လုပ်ငန်းတွေ ဆိုတာ ကလည်း တကယ့် အပြောင်းအလဲ ကို အဟန့် အတား ဖြစ်စေ တယ်လို့လဲ ဆရာတွေ ကဆိုကြသဗျ။ အားလုံးကို ချုပ်လိုက် ရင်တော့ မြန်မာနိုင်ငံကြီး ဟာ လူမှုရေး ရော၊ နိုင်ငံရေးရော၊ စီးပွားရေး မှာပါ ဘာမှ  change မဖြစ်သေးဘူးတဲ့ဗျား…။

မောင်တောက်တီး လည်း ကိုယ် သိသမျှ လေး တွေ အဖေ့ကို ပြောပြနေ မိတာပေါ့။ အဖေ ကတော့ မောင်တောက်တီး ပြောသမျှ ကို ပြုံးပြုံးကြီး နား ထောင်နေရင်း နဲ့ လမ်းထဲ က ကလေးတွေ ”မီးလာ ပြီဟေ့….” လို့အော်ကြ တာကြောင့် မီးစက် ပိတ်ဖို့ ထသွားတယ်။ မီးစက်ကို ပိတ်ပြီးတော့ မောင်တောက်တီး ဆီ ပြန်လာပြီး ”ငါ့သားရယ်… မင်းပြော သလို မြန်မာနိုင်ငံကြီးမှာ change တွေ မဖြစ်ဘူး ဆိုတာ ကိုတော့ ငါလုံးဝ လက်ခံလို့မရ ဘူးကွ။ ဒီနေ့မှာ ပဲကြည့်လေ… မီးက လာလိုက်၊ ပြတ်သွားလိုက် ခဏ ခဏဖြစ်နေ လေတော့ကာ ငါ့မှာလည်း မီးစက်နှိုးလိုက်၊ မီးစက်ကို ရပ်လိုက် ခဏခဏ လုပ်နေ ရတာလည်း မင်း အမြင်ပဲ။ မီးစက်လိုင်း နဲ့ လျှပ်စစ်မီး လိုင်းကို ခဏခဏ  change နေရ တာလည်း မင်းအမြင်ပဲ။ တစ်နေ့ တည်းမှာ တင် နေ မကုန်သေး ဘူး ဒီလောက်  change နေတာကို မျက်မြင်ဖြစ် ရဲ့သားနဲ့ သူများ ပြောတာတွေကို ယုံမနေ စမ်းပါနဲ့ကွာ ….။ ဒီထက်များ  change ရရင်တော့ ငါ လက်ပြုတ် တော့မယ်” လို့ပြောပြီး အိမ်မီးတွေကို မီးစက်လိုင်း ကနေ လျှပ်စစ်လိုင်း ကို  change တဲ့ခလုတ်ကို လက် နဲ့ ဆွဲတင် လိုက်တော့ တာပါပဲ။

အလိုက်သိစမ်းပါ

ဂျာနယ်တွေမှာ ဒီသတင်း ပါလာ ကတည်းက တောက်တဲ့မ အပါအဝင် တစ် အိမ်သားလုံး စိတ်ဝင် စားနေ ကြတာလေ။ စိတ်မဝင်စား ပဲနေပါ့မလား တစ်ခါမှ မဆုံးဖူးကြ တဲ့ မြန်မာ့ နိုင်ငံရေး ထိပ်သီး တွေဆုံ ကြ တွေ့ ကြမယ် ဆိုတာ ကိုးရှင့်။ သမ္မတ၊ ကာချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေ အပါဝင် အမေစု လည်း ပါသေး ဆိုတော့ ကာ အားလုံး စိတ်ဝင်စားကြတာ မဆန်းပါ ဘူးနော…။ မတွေ့ခင် ကတော့ ကြီးကိုးကြီး တွေ့မယ်လို့ သ တင်းတွေ ထွက်နေပေမဲ့ တကယ် တွေ့တဲ့ ရက်မှာတော့ ကြီး ၁၄ ကြီး တောင်။ သူတို့ တစ်တွေ တွေ့ကြပြီး ဘာတွေ များ ပြောကြလေမလဲ။ ဘယ်လို မျက်နှာ ထားတွေနဲ့ များ တွေ့ကြလေ မလဲ ဆိုတာ ကိုလည်း ရွာဆော် ကြီး ဖွဘုတ် ကနေစောင့် ကြည့် ရတာ အမောပေါ့။

ကျေးဇူးရှင် အင်တာနက် လိုင်းတွေ ပြတ်မသွားပါစေ နဲ့လို့လည်း ရင်တမမ ဆုတောင်း နေရသေး တယ်။ လုပ်တတ် လွန်း ဖြစ်တတ် လွန်းလို့လေ …။ ရေနေ သတ္တဝါများ အန္တရာယ် ကင်း ဘေးရှင်းကြ ပါစေ ။ ရေအောက် အင်တာနက် ကြိုး ကြီးနဲ့ လည်း ခလုပ်မထိ ကြိုး မညိပါစေ နဲ့ပေါ့ ဆုတွေ တောင်းကြ ရပါတယ်။

အဲ…အဲ… သို့သော်လည်း…ပေါ့ လေ။ ကြီး ၁၄ ကြီးတွေ့နေတုန်း ပဲရှိသေးတယ်။ သတင်း တစ်ပုဒ် တက် လာပါလေရော။ လူကြိုက် များတဲ့ ရုပ်ရှင် သရုပ်ဆောင် လူ ငယ်လေး တစ်ယောက် ကွယ်လွန်တဲ့ သတင်း။ ဒီ သရုပ်ဆောင် လေးဟာ ဖိုက်တင် ကားတွေနဲ့ နာမည်ကျော် လာတဲ့ ကလေး။ အသက် ကလေး ကလည်း ၂ဝ ကျော်လေး ပဲရှိသေးတယ်။ ရုပ်ကလေး ကလဲရှိ။ လူချစ် လူခင် ကလည်း ပေါဆိုတော့ကာ သူ့အတွက် ဝမ်းနည်း ကြတဲ့ သူတွေ၊ စိတ်မကောင်း ဖြစ်ကြ သူတွေ၊ သူ့ကို သတိရတဲ့ စကားတွေ၊ သူ့ ဓာတ်ပုံတွေ အင်တာနက်မှာ တက်လာလိုက် ပေါ်လာလိုက် ကြတာ တရစပ် ပါပဲလေ။ တောက်တဲ့မ တို့လည်း ဝမ်းနည်း မိတာပေါ့။ သူ့ဇာတ်ကားတွေ ကြည့်ပြီး သူ့ဖိုက်တင် ကွက်တွေကို အင်မတန် ကြိုက်ခဲ့ ရတာကို။ လူငယ် လူလတ်တွေ မပြောနဲ့ အိမ်က အမေ ကတောင် ”ကောင်လေးနှယ် နှမျောစရာ အေ….။ ဘုန်ကြီး ပြီး အသက် မရှည် ဆိုတာ ဒါမျိုးထင်ပါရဲ့။ ညည်း တို့ရေးရင် အမေလည်း စိတ်မကောင်း ဖြစ်နေတဲ့ အကြောင်းလေး ပါ ထည့်ရေး လိုက် စမ်းပါကွယ်” လို့ စုတ်တ သပ်သပ် နဲ့ ပြောတာကြောင့် တင်ပြီးသား စာကိုတောင် အမေ့ ရဲ့ ဝမ်းနည်း စကား ထပ်ဖြည့် ပေးလိုက် ရသေး။ ရွာဆော်ကြီး ဖွဘုတ်ဟာ ကြည့်ရင်း ကြည့် ရင်းနဲ့ အဲဒီ လူငယ်လေး အကြောင်းတွေ များများ လာတယ်။ သူကွယ် လွန်ကြောင်း သတင်း တင်တဲ့ ဆိုက်တွေမှာ လည်း ကြည့်တဲ့ သူတွေ ကွန်မင့် ပေးတဲ့ သူတွေ တဝေါဝေါ ဖြစ်နေတာ ကို တွေ့ရ တယ်။ စိတ်ထဲ မလည်း မကောင်းလိုက်တာ လေ…။

သြော်….ဟို…ကြီး ၁၄ ကြီးလား ….။ တွေ့နေကြတုန်း ပဲလေ…။ ဘာတွေ ပြောနေကြလဲ… ဟုတ်လား။ ဘယ်သိပါ့မလဲ။ ကြေမှ မကြေညာတာ….။ နေစမ်းပါ ဦးရှင်။ ဒီမှာ မင်းသားလေး ကို သတိရလို့ စိတ်မကောင်း ဖြစ်လို့ မဝရသေးတဲ့ ကြားထဲ လာလာ မေးမနေ စမ်းပါနဲ့။

သန်းကြွယ် သူဌေးဖြစ်စေရေး

ရွာဆော်ကြီး ဖွဘုတ် နဲ့ လက်ကိုင် ဖုန်းတွေ ဟာ တိုင်ပင်ပြီး များ အလုပ် လုပ်ကြ သလား လို့တောင် ထင် ရလောက် တယ်။ ဖွဘုတ်ကြီး တိုးတက် ဖွံ့ဖြိုး လာတာ ဟာ အဲဒီ လက်ကိုင် ဖုန်းလေး တွေ ကြောင့်လား၊ လက် ကိုင် ဖုန်း လေးတွေကပဲ ဖွဘုတ်ကြီး နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် လုပ်နေကြတာလား ဆိုတာ ကတော့ တီထွင်သူ ပညာရှင်တွေ သိမှာ ဖြစ်ပေမယ် လို့ အဲဒီ နှစ်ခု ဟာ တစ်ချိန် တည်း မှာပဲ အညမည ပစ္စယော သဘော ဆောင်ပြီး တစ်ဦး နဲ့ တစ်ဦး အပြန် အလှန် ကျေးဇူးပြုနေ တာ ကတော့ သေချာ တယ်လေ။

ဒီ ဖုန်းလေးတွေ နဲ့ပဲ အတွေးပေါက်တိုင်း စာတွေစီကြ၊ ဖွဘုတ်ပေါ် တင်ကြ၊ စိတ်ကူးရတိုင်း ဓာတ်ပုံတွေ ရိုက်ကြ၊ ဖွဘုတ်ပေါ် တင်ကြလုပ်နေကြတာ အားလုံး အသိပဲ မဟုတ်လား။ အဲဒီလို အဆင်ပြေပြေ ဓာတ်ပုံ ရိုက်နိုင်အောင် လည်း လက်ကိုင်ဖုန်း ဖန်တီးရှင်တွေက ရှေ့ ကင်မရာတွေ ရော၊ နောက် ကင်မရာတွေပါ ထည့်ပေးကြ ၊ ဆော့ဖ်ဝဲ ရေးသူတွေ ကလည်း ဆယ်လ်ဖီ ဆိုတဲ့ ကိုယ့်ပုံကို ပြန်ရိုက် လို့ရအောင် app တွေ အမျိုးမျိုး ရေးပေးကြ၊ မူရင်း ထက် လှတဲ့ မိတ္တူပုံ ထွင်စေ မယ့် camera 360 လို app တွေ လုပ်ပေးကြ ဆိုတော့ ကာ မော်ဒယ်မမတွေ ကလည်း ကိုယ့်ပုံ ကိုယ်ရိုက်ပြီး တင်ကြ၊ သားသား မီးမီး တို့ကလည်း ပုံတွေ အမျိုးမျိုး ရိုက်ပြီး တင်ကြ၊ အန်တီ၊ ဦးဦးတွေ တင်မက ဘဘတို့ ဘွားဘွား တို့ အရွယ်တွေ က လည်း ပုံတွေ အမျိုးမျိုး ရိုက် ပြီးတင်ကြ ဆိုတော့ကာ ဖွဘုတ်ကြီး မှာလည်း ကြည့်စရာ ရှုစရာ ဆဲစရာ က လော် စရာ ပုံတွေ ဝေဝေ ဆာဆာ နဲ့ပေါ့လေ။

ဆယ်လ်ဖီ သမားတွေ ကတော့ ဟို တလောက သတင်း တစ်ခု ထွက်လိုက်တာ ထက်တောင် ပိုဆိုးနေ ကြသေး တယ်။ အဲဒီ သတင်းမှာ ဆိုထားတာက ကိုယ့် ကိုယ်ကိုယ် အမြဲတမ်း ဓာတ်ပုံ ရိုက်ပြီး အများ သူငါ ကြည့်စေ ချင်တဲ့ သူတွေဟာ စိတ်ရောဂါ တစ်မျိုး ရှိနေသူတွေ ဆိုသကိုး။ ခပ်ရှင်းရှင်း ပြောရင် တော့ ယဉ် ယဉ်လေး နဲ့ ရူးနေကြ တယ် လို့ပြော တာပဲဖြစ်မှာ။ အဲဒီ သတင်း ထွက်တုန်း ကတော့ တောက်တဲ့မ တို့ တစ်တွေ ကိုယ်ရှိန် နည်းနည်းသပ် သွားကြပေမဲ့ နောက်ပိုင်း ကျတော့လဲ ဒုံရင်း ဒုံရင်း အတိုင်း ပါပဲလေ။ ကိုယ် တစ်ယောက် တည်း ရိုက်ရုံမက အုပ်စုလိုက် ဆယ်လ်ဖီ ရိုက်ပြီးတောင် တင် လိုက်ကြသေး။ ကိုယ် တစ်ယောက် တည်း ချည်း တင်နေရင် အပြော အဆို မလွတ်မှာ စိုးလို့ သူများ ကိုပါ အဖော်ညှိ လိုက်တဲ့ သဘောပေါ့ လေ။

သို့သော်လည်း… .နောက်ဆုံး ထွက်လာတဲ့ သတင်းတစ်ခု အရတော့ အုပ်စုလိုက် ဆယ်လ်ဖီ သမားတွေ အတော် တန့်သွားကြဆိုပဲ။ တောက်တဲ့ မလည်း ခပ်ငိုင်ငိုင်ဖြစ် သွားမိတယ်။ စိတ်ရောဂါ ဘာညာ ဆိုတာက ဝေးပါတယ်။ ခုဟာက…အုပ်စုလိုက် ဆယ်လ်ဖီ ရိုက်ကြတာဟာ တစ်ယောက် နဲ့ တစ်ယောက် သန်းတွေ ဗောက်တွေ ကူးစေ တတ် သတဲ့ရှင့်။ ဟုတ်မှာ… ဟုတ် မှာ…ခုတလော ခေါင်းတွေ ယားယားနေတယ် လို့တော့ ထင်သား။ ဘယ်ကောင်မ ခေါင်းကများ သန်းတွေ ကူးနေပြီလဲမသိ….။

နှိပ်စက်မှု အပေါင်း သရဖူဆောင်းတဲ့ လော်

မောင်တောက်တီး တို့ကို ခု တလော အကြီး အကျယ် ဒုက္ခ ပေးနေတာ ကတော့ လော် တွေပါပဲ။ မနက် ရောင် နီ သန်းလို့မှ မကြာသေးဘူး ရပ်ကွက် ထဲက ဓမ္မာရုံ က လော်စပီကာကြီး က အသံနဲ့ စပြီး နှိပ်စက်တော့ တာပါ ပဲ ခင်ဗျာ။ ဒီလောက် အသံ ကျယ်ကြီး နဲ့ အော်နေ မှတော့ သာယာနာ ပျော်ဖွယ် လည်းမရှိ၊ စိတ်နှလုံး ချမ်းမြေ့ဖွယ် ဆိုတာလည်း ပျောက်၊ ကုသိုလ် မရ အကုသိုလ်တွေ ကိုသာ အလုံး အရင်း နဲ့ ပေးနေသော လော် ကြီး ပါပဲ။ သူက စအော်ပြီး လို့ သိပ်မကြာခင်မှာ ပဲ ရွေ့လျား လော်တွေ တစ်ခုပြီး တစ်ခု လမ်းထဲကို ရောက် လာ ကြတော့သဗျ။ ဘယ် ရပ်ကွက်က အလှူခံပါ၊ ဘယ်ကျောင်း တိုက် အတွက် အလှူခံပါ၊ ဘယ်ကထိန် အ တွက် အလှူခံပါ စ သည်ဖြင့် ပေါ့လေ… ကားကြီးကြီး မှာ တပ်ဆင်လာတဲ့ လော်၊ ကားသေး သေးမှာ တပ်ဆင် လာတဲ့ လော်၊ ဆိုက်ကားမှာ တပ်ဆင်လာ တဲ့လော်၊ မီးစက်သံ တဖုန်းဖုန်း နဲ့ လော်၊ ဘက်ထရီနဲ့ လော် (အံ မယ် ဆိုလာပြား ကနေ လျှပ်စစ် ဓာတ်ယူတဲ့လော် တောင်ပါသေး)၊ တစ်ကိုယ်ရည် လက်ကိုင်လော်၊ အိုပါး ဂမ်းနား ဖွင့်တဲ့လော်၊ အမေ နံကရိုင်း ကတဲ့လော်၊ တရားခွေ ဖွင့်တဲ့လော်၊ သီလရင်တွေ ရွတ်တဲ့လော်၊ အစရှိ သည်ဖြင့် လော်မျိုးစုံ ဟာ မိဘပြည်သူ အပေါင်းကို နှိပ်စက် တော့တာ ပါပဲ။ နှလုံး ရောဂါ သမားတွေ ရောဂါ တိုး၊ သက်ကြီး ရွယ်အိုတွေ အထိတ် တလန့်ဖြစ်၊ ကလေးတွေ အော်ငိုကြ၊ နောက်ဆုံး အိမ်မှာ မွေးထား တဲ့ ကြောင်လေး ခွေးလေးတွေလဲ ဟိုပြေး သည်ပြေး ဟိုပုန်း သည်ပုန်းဖြစ်လောက်တဲ့ အထိနှိပ်စက် တဲ့ လော်တွေပါ ခင်ဗျ။

သာမန် အချိန်မှာ ကတော့ အလှူခံလော်၊ ထီသည်လော်၊ မုန့်ရောင်း တဲ့လော်၊ ကုလား ဘုရား ပွဲလော်၊ ပါတီတွေ က တစ်ခါ တစ်ခါ အော်တဲ့လော်၊ ရပ်ကွက် ရုံး ကလော်လောက် ပါပဲ။ ခုလို ပွဲလမ်း သဘင် အခါ သမယ မှာတော့ သက်ဆိုင်ရာ ပွဲလမ်း သဘင်လော်တွေ က တိုးလာ တော့ မိဘ ပြည်သူတွေ ခမျာ နားအေး ပါးအေးကို မနေရ သလောက်ပါပဲ။ အထပ်မြင့် အိမ်တွေက နည်းနည်း သက်သာပေမယ့်၊ ပထမထပ် ဒုတိယ ထပ်လောက် နေအိမ်တွေ မှာတော့ အိမ်ရှေ့ မှာ လော်လာ ရပ်ပြီ ဆိုရင် အိမ် ထဲမှာ မနေ နိုင်လောက် အောင် ပါပဲ။ မှန်တံခါးတွေ တုန်လာတဲ့ အထိ ဒုက္ခပေး သကိုးဗျ။

”အေးကွယ်.. ဒီလော်တွေ ဒီလောက် အသံ ဆူညံတာကို ဘယ်သူမှ အရေး တယူ မလုပ်ကြတာတော့ တော်တော် အံ့သြစရာကောင်း တယ်။ ဘယ်သူ့ ခွင့်ပြုချက်တွေ များ ဒီလောက် အသံ ကုန်ဖွင့်နေကြတာလဲ မသိဘူး။ ဒီထက် အံ့သြစရာ ကောင်းတာကတော့ ဒီလော် တွေကို ခွင့်ပြုချက် ပေးတဲ့ ဌာနမှာ နာလေးတွေ နားထိုင်းတွေ ချည်း ပဲကို များ အလုပ်ခန့် ထားသလားပဲ” လို့တော့ အမေက ညည်းညည်း ညူညူ  နဲ့ပြောတယ်။ အင်း… နားကောင်းနေတဲ့ သူတွေကို လည်း နား လေး နားထိုင်း သွားအောင် လုပ်နည်း လုပ်ဟန်လေး တွေကလည်း ခေတ် အဆက်ဆက် မှာ ရှိလာခဲ့ သကိုးဗျ။ နော….။ ဒါကိုတော့ အမေ သိချင်မှ သိပေလိမ့် မပေါ့။ လော်တကာ့ လော်တွေရဲ့ ဒုက္ခ အပေါင်း က ဘယ်တော့ များမှ ကင်းဝေရမှာ လဲဗျာ…။

ပြောရရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို

$
0
0

လူမှုကွန်ရက်မှ စာပုဒ်လေး တစ်ပုဒ်ကို သဘော အတော်လေး တွေ့မိသည်။

(ရွံစရာကောင်းတဲ့ နှလုံးသား)
ဒေါသခြွေရံတဲ့စိတ်
မောဟပေကျံတဲ့စိတ်
လောဘအခြေခံတဲ့စိတ်
မူမမှန်စိတ်
တစ်ယူသန်စိတ်
လူမဆန်စိတ်
အောက်တန်းစားစိတ်
တဇောက်ကန်းစားစိတ်
သေခါနီးလေ ဝေဒနာကြီးလေမို့
စေတနာအလှလည်း မရှိတာရယ်
ဖြေစရာဓမ္မလည်း မသိရှာတယ်
သေခါမှပဲအထိနာမယ်။
(စိန်ဌေးဟန်)

ခပ်တိုတိုနှင့် စုံစုံလေး ထိသည်ဟု ဆိုရပါလိမ့် မည်။ ‘စိတ်’ ကိုအဓိက ထားခဲ့သော၊ ပညာကို အခြေခံ ထားခဲ့သော ဗုဒ္ဓဘာသာဝင် များ ဖြစ်ခဲ့လင့် ကစား၊ စိတ် မထားတတ်၊ ပညာ မသုံးတတ်ခဲ့ကြ၍ မြန်မာ့လူ့ အဖွဲ့အစည်းမှာ ဒေါသ၊ မောဟ၊ မာန တရားများဖြင့် များစွာ ပေကျံနေခဲ့ကြရသည်။ အခြား ဘာသာများကို အထူးပြု မလေ့လာ မိခဲ့ သော်လည်း၊ အထိုက် အလျောက်တော့ လေ့လာ မိခဲ့ပါသည်။ ဗုဒ္ဓဘာသာလောက် ကျယ်ကျယ် ပြန့်ပြန့်၊ သိပ္ပံ နည်းကျကျဖြင့် လောကီ၊ လောကုတ္တရာနှစ်ဖြာ ကျင့်စဉ် အမှန်ပေးထားသည့် ဘာသာကို မတွေ့မိခဲ့ဖူး၊ မဂ္ဂင် ရှစ်ပါးလို ပြည့်စုံ ကျစ်လျစ်ခဲ့သော လမ်းညွှန်မှုမျိုး မလေ့လာခဲ့ မိဖူး ချေ။ သိပ္ပံပညာတွင် တစ်ဖက် ကမ်းခတ်ခဲ့သော ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းလို လူမျိုးကပင် ကမ္ဘာပေါ်၌ အကောင်းဆုံးသော အဖြေပေးနိုင်သည့် ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ကြောင်း၊ သိပ္ပံပညာရှင် များ ၏ တွေ့ရှိမှုများက ဗုဒ္ဓဘာသာကို တိုက်ရိုက်၊ သွယ်ဝိုက် အတည်ပြု ပေးလာရ သလိုဖြစ်လာကြောင်း ကမ္ဘာသိထုတ် ဖော်ပြောခဲ့ ရသည့် ဘာသာဖြစ်ပါသည်။

သူတော်ကောင်းတို့၏အား (၅) ပါး
(၁)    သဒ္ဓါဗလ    - ရတနာသုံးပါးဂုဏ်၌ မတုန်မလှုပ် ကြည်ညိုခြင်း
(၂)    ဝီရိယဗလ    - အကုသိုလ်တရား ခေါင်း ပါးစေ၍ ကုသိုလ်တရားကို ပွားများစေခြင်းငှာ လုံ့လပြုခြင်း၊
(၃)    သတိဗလ    - ရုပ်နာမ်ခန္ဓာကို လက္ခဏာ ရေးသုံးပါးဖြင့် နှလုံးသွင်းခြင်း၊
(၄)    သမာဓိဗလ – ဒါန၊ သီလ၊ ဘာဝနာအစ ရှိသော ကုသိုလ်ကောင်းမှု တို့၌ မတုန်မလှုပ် တည်ကြည်စွာ ရွက်ဆောင်ခြင်း၊
(၅) ပညာဗလ    - ထိတ်လန့်ခြင်း၊ သံဝေဂ တရားဖြင့် အဖြစ်အပျက်ကို အဖန်ဖန်ဆင်ခြင် ခြင်း၊

မိမိတို့ ငယ်စဉ်ကာလ တွေ့ခဲ့ကြုံခဲ့ရသော သူများတွင် သူတော်ကောင်း တို့၏ အားငါးပါးနှင့် ပြည့်စုံသူ အတော်များများကို တွေ့ခဲ့၊ ကြုံခဲ့ရပါ သော်လည်း ယခုခြောက် ဆယ်ကျော် ကာလတွင်မူ အတော် ရှားရှားပါးပါး တွေ့ရခြင်း နည်းပါး လာခဲ့ သည်ကို သတိကောင်းစွာ ထားမိခဲ့သည်။ ရတနာ သုံးပါးတို့၏ ဂုဏ်ကို ရွတ်ဆိုကြသော်လည်း အမှန် ကြည်ညိုမှု ရှိ၊ မရှိ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးရန် လိုလာသည်၊ လူငယ် အတော်များများ၌ ဖြစ်ချင် စိတ် တစ်စုံတစ်ရာ ရှိကြသော်လည်း ဝီရိယဗလမှာ အားနည်း လျက် ရှိနေပါသေးသည်၊ ပညာဖြစ်စေ သောအရာများ အပေါ် စိတ်ဝင်စားမှုထက်၊ ဘာမှ မဟုတ်သော အတင်းအဖျင်းများ အပေါ် စိတ် ရောက်မှုက ပိုပိုသာသာ ရှိတတ် ကြသည်၊ ပညာ ဖြစ်စေလိုလျှင် ပညာဖြစ်စေမည့် အရာများကိုသာ လေ့လာသင့်၏၊ စိတ်ညွှတ်သင့်၏၊ ဝီရိယထားသင့် ၏။

ယနေ့ စာစောင် အတော်များများကို လေ့လာ လိုက်လျှင် လက်ညှိုးထိုး အရေးအသား များကိုသာ ခပ်လှိုင်လှိုင် တွေ့နေ ရပါလိမ့်မည်၊ တစ်ဖက်နားသို့ ခပ်ကြမ်း ကြမ်းပြော မှ ရောက်သည် မဟုတ်ပါ၊ ချိုချိုသာသာ ပြောလည်း ရောက်ပါသည်၊ သို့သော် လည်း အများစုမှာ တစ်ချိန်က ‘ယဉ်ကျေး သိမ်မွေ့ သော မြန်မာများ’ ဟူသော ဂုဏ်ပုဒ် ကို မေ့ပစ် ထားခဲ့ ကြပါပြီ၊ ယနေ့ စရိုက်ကြမ်း၊ နှလုံးကြမ်း၊ အခံကြမ်း များဖြင့် လောဘ၊ ဒေါသ၊မောဟများ ပေကျံချင် တိုင်း ပေကျံလျက် ရှိသည်ကို တွေ့ရသည်။

အပျံသင်စ လူငယ်များ ဆိုသည်မှာ အတုမြင် အတတ်သင်များ ဖြစ်လေ့ရှိသည်၊ မှန်မှန်ကန်ကန် ယဉ်ယဉ်ကျေးကျေး ပညာဖြစ်ရာ ဖြစ်ကြောင်း စာပေ အသိုင်းအဝိုင်းနှင့် ထိတွေ့ လေ့လာခွင့်ရ သော လူငယ်များမှာ ယဉ်ကျေးသော၊ ပညာကြီး သော လူငယ်များ ဖြစ်လာခွင့် ရှိသလို၊ စရိုက်ကြမ်း၊ ဒေါသကြမ်း၊ ခက်ထန်သော စာပေနှင့်သာ ထိတွေ့ ခွင့် ရသွားကြပါက ထိုလူငယ် တို့၏ အနာဂတ် ခရီး မှာ အကြမ်း ပတမ်းတို့နှင့်သာ အတိပြီးနေပါလိမ့် မည်။

ဗုဒ္ဓက မဇ္ဈိမ ပဋိပဒါကို အလေးထား ဟောခဲ့ သည်၊ ဗုဒ္ဓကိုယ်တိုင် က လူသာမန် တို့ကျင့်ကြံရန်ပင် မဖြစ်နိုင်သော ပြင်းထန်သည့် တပကျင့်စဉ်၊ ဒုက္ကရ စရိယာ ကျင့်စဉ်ဖြင့် ဘုရားအဖြစ်သို့ မရောက်ခဲ့၊ အစွန်းရောက် ခဲ့သောကြောင့် ဖြစ်ကြောင်း၊ ပြန် လည်ဆင်ခြင် သုံးသပ်ပြီး အလယ် အလတ်မျှတ သော လမ်းစဉ်ဖြစ်သည့် မဇ္ဈိမပဋိပဒါ ကို ပြောင်းလဲ ကျင့်သုံးသော အခါမှ ဗုဒ္ဓဟူသော အတုမရှိဘုရား အဖြစ် ရောက်တော် မူခဲ့ကြောင်း ဟောကြားထားခဲ့ ပြီး ဖြစ်သည်၊ မဇ္ဈိမပဋိပဒါကို လူ တိုင်း နှုတ် မှမချ ပြောကြ ဆိုကြနိုင်သော်လည်း လက်တွေ့၌မူ မှန်မှန်ကန်ကန် လိုက်နာ ကျင့်ကြံသူ ရှားပါးလှပါ သည်။ ဗုဒ္ဓ သာသနာနှစ် (၂၅ဝဝ) ကျော်လွန်ခဲ့ပြီ ဖြစ်၍ ဆုတ်ကပ် သို့ရောက်လာ သည့် သဘောနှင့် များစွာ တိုက်ဆိုင်နေပါသည်။

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ခရီး တစ်စွန်း တစ်စတွင် မြန်မာတို့၏၊ အထူးသဖြင့် အဖွဲ့အစည်း အသီးသီးကို ဦးဆောင်ကြသူ အများစု၌ မဇ္ဈိမ ပဋိပဒါကို စွန့်ခွာသော၊ အစွန်း တစ်ဖက်သို့ ပိုမို ချဉ်းကပ် မိလာသော’ချစ်လုံးလုံး၊ မုန်းပြင်ပြင်’ အပြုအမူများ ပို၍ အားကောင်းလာသည်ကို တွေ့ ရသည်၊ Extremism ဟူသော အစွန်းတစ်ဖက် ဖက် သို့ရောက်သော ဝါဒကျင့်စဉ်၊ လက်ခံ ထားကြ သော သူတို့သည် မည်သို့သော အခါမျှ သူတို့လို ချင်သော ပန်းတိုင်သို့ မရောက်ခဲ့ကြ၊ လူသာမန် မဟုတ်သော၊ အတု မရှိသည့် ဗုဒ္ဓ ကိုယ်တော်တိုင် ကပင် အစွန်းရောက် ကျင့်စဉ်ဖြင့် ဘုရားဖြစ်ခဲ့ခြင်း မဟုတ်ကြောင်း တိတိလင်းလင်း သတိ ပေးထားခဲ့ပါ သည်။ ကျန်လူများမှာ ဘာမှ မဟုတ် ကြ၊ အစွန်း ရောက်ဆန္ဒ၊ အစွန်းရောက် ဝီရိယ၊ အစွန်းရောက် သဒ္ဓါတို့ဖြင့် ရည်မှန်းထားသော ပန်းတိုင် သို့ မည်သို့သော အခါမျှ  ရောက်နိုင်ကြလိမ့်မည် မဟုတ်။

သီလကရော မည်မျှ လုံကြပါသနည်းဟု မေးလာခဲ့လျှင်ပင်၊ ရင်ကော့ လက်မထောင်၍ ခပ်ရဲရဲဖြေနိုင်သူ ရှားပါးပါ လိမ့်မည်၊ မြန်မာတို့ စီးပွားရေးတွင် သာ သီလ ပျက်ခဲ့ကြသည် မဟုတ်၊ နိုင်ငံရေး စနစ်သစ်ကို ပုံဖော်ထုဆစ်ကြရာတွင် နိုင်ငံရေး သီလတွင်မှာပါ မေးခွန်းထုတ်စရာ များ ကြီးမားစွာ ရှိနေသည်ကို တွေ့ရသည်၊ သီလ ပျက်ခဲ့ သူကို သီလပျက်ခဲ့လို့ မယုံရဘူးဟု ဆိုလျှင်၊ ကိုယ်က ခြွင်းချက် မရှိ ယုံစားရပါသည် ဆိုသော သူမှာလည်း နိုင်ငံရေး သီလစမ်းစစ် ခံနိုင်ပါရဲ့ လား ဟု မေး စရာဖြစ်လာသည်၊ များမကြာသေးမီက ထွက်ပေါ်လာပြီး၊ ဂယက်ကြီးစွာ ရိုက်ခတ်ခဲ့သော နိုင်ငံရေး သတင်းများအရ၊ ယုံကြည် စိတ်ချဖွယ်ရာ ရှိသူဟု ယူဆခံရသူများ မှာပင် နိုင်ငံရေး သီလပိုင်း၌ မေးခွန်း ထုတ်စရာများ ဖြစ်လာခဲ့သည်၊

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွင် လက်နက်ကိုင် ငြိမ်းချမ်းရေး သည်လည်း ကဏ္ဍ ကြီးကြီးဖြင့် ပါဝင်ထားသည်၊ လိုအပ်သည် ထက် ပို၍ အချိန်ကြာမြင့်စွာ ခရီး မရောက်နိုင် ရခြင်း၏ အကြောင်းရင်း ကို ဆန်းစစ်ကြည့်လျှင် ကိုယ် ကျိုးများ မစွန့်လွှတ်နိုင်သေးခြင်း၊ သန်းငါးဆယ် အပေါ် ပါးစပ်မှ သာချို၍ လက်တွေ့တွင် လူနည်းစု အပေါ်သာ အလေးထားခြင်း စသော နိုင်ငံရေး သီလ ချို့တဲ့မှုများကြောင့် ဖြစ်သည်ကို တွေ့ရပါလိမ့်မည်၊ အပစ်အခတ် ရပ်စဲရေးသည် နိုင်ငံရေးနှင့် စပ်ဆက်မှု ရှိ ပါသော်လည်း အမှန် တကယ် စိတ်ရင်းစေတနာ ဖြောင့်စင်းပါက အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ဤမျှလောက် ခရီး ကြာမြင့်မည် မဟုတ်၊ အကျိုး စီးပွားကို မစွန့် လွှတ် လိုကြသောကြောင့် ဒုတိယ အဆင့်ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင်ရမည့် အကြောင်း အရာများကို အပစ်အခတ် ရပ်စဲရေးတွင် ဇွတ် အတင်း ထည့်သွင်းရန် ကြိုးစားနေမှု များကြောင့် ဤမျှ ကြန့်ကြာနေရခြင်း ဖြစ်ပါသည်၊ ဆိုရလျှင် နိုင်ငံရေး သီလ အားနည်းမှု၏ လက္ခဏာကြောင့် ဖြစ်သည်ဟု ဆိုချင်သည်။

လောကုတ္တရာ ရှုထောင့်မှ ရပ်တည်လျှင် နိဗ္ဗာန်ရောက်ကြောင်း ဖြစ်၍ အရာရာကို အကောင်းမြင် ရပါသည်၊ အရာရာကို ခွင့်လွှတ်ကြ ရပါသည်။ အရိုက် ခံရသော ပါးတစ် ဖက်နှင့် မကျေနပ်လျှင် နောက်တစ်ဖက် ကို ထိုးပေးရပါ သည်။ လောကီသား များဖြစ်၍ ဤမျှအကောင်း မြင်နိုင်ရန် မတိုက်တွန်း လိုပါ၊ သို့သော်လည်း မှန်မှန်ကန်ကန် ပကတိ အမြင်ကို မြင်ကြ ပါဟုတော့ တိုက်တွန်းလိုပါ၏။

တစ်ချိန်က မိုက်ဖူးသူ အတွက် ပြုပြင်ပြောင်း လဲရေးတွင် လိမ္မာရန် ကြိုးစားမှု၌ အကောင်းမြင် ခံနိုင်ရန် အခွင့်အရေး မရှိတော့ ပြီလား၊ ထိုသူကို ဆက်၍ အဆိုးမြင်ရန် သင့်ပါ၏လား၊ သို့ဆိုလျှင် ‘လူ့ အခွင့်အရေး’ ကို အဘယ် နေရာတွင် စွန့်ပစ်ခဲ့ ပါသနည်း၊ အခြား တစ်ဖက်တွင်လည်း အကောင်း မြင်ခံရ သူကို ပြောင်းလဲ ဆိုးသွမ်းနေစေ ကာမူ တစ်သက်လုံး ဆက်၍ အကောင်းမြင်ရန် သင့်ပါဦး မည်လား၊ ပုဂ္ဂလ ဓိဋ္ဌာန် ဆန်နေသမျှ အကောင်း မြင်လွန်းခြင်း၊ အဆိုးမြင် လွန်းခြင်း သံသရာမှ ရုန်း ထွက်နိုင် ကြဦးမည် မဟုတ်ပါ၊ ဓမ္မဓိဋ္ဌာန်ဖြစ် ခြင်း ကသာ ပကတိအမြင်၊ အရှိတရား တို့အပေါ် ရပ်တည်နိုင် ကြပါလိမ့်မည်။

မြန်မာတို့ ပုဂ္ဂလ ဓိဋ္ဌာန်အပေါ် အမှီပြုလွန်း လှသည်ဟု မြင်သည်။ ဓမ္မဓိဋ္ဌာန် မဖြစ်သမျှကာလ ပတ်လုံး၊ အစွန်း တစ်ဖက်ဖက်ကို မစွန့်လွှတ်နိုင် သမျှကာလ ပတ်လုံး လိုရာခရီး ကိုရောက်နိုင်မည်ဟု မမြင်၊ အန္တရာယ်ရှိ၍ အတွေ့အကြုံ ကြီးမားခဲ့ သော ဆရာကြီးများက ‘ရန်-ငါ’ ခွဲမှုကို သင်ခန်းစာအဖြစ် ထပ်မယူကြရန် အထပ်ထပ် သတိပေးခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယနေ့ တွေ့ကြုံ မြင်နေရသမျှ သည် ‘ငါနှင့်မတူ ငါ့ရန်သူ’ ဟူသော ‘ဘက်ခွဲမှု’ ‘ဘက်ပါမှု’ ကို အားကောင်းမောင်း သန် ရှိနေကြ ဆဲ ဖြစ်သည်ကို တွေ့ရဆဲဖြစ်နေပါသည်။

နေဇင်လတ်

စကားပြောသော နေ့စွဲများ

$
0
0

ဇန်နဝါရီလ (January) ဟာ နှစ် တစ်နှစ် အစဦးဆုံး လဖြစ်ပြီး ရက်ပေါင်း ၃၁ ရက် ရှိပါတယ်။ ဒီလရဲ့ ပထမဆုံးနေ့ ကို New Year’s Day အဖြစ် သတ်မှတ်ခေါ်ဆို ကြပါ တယ်။ ဇန်နဝါရီလဟာ မြောက် ကမ္ဘာခြမ်း အတွက် အအေး ဆုံးလဖြစ်ပေမဲ့ တောင်ကမ္ဘာခြမ်း အတွက် အနွေး ဆုံးလဖြစ်ပါတယ်။

အထိမ်းအမှတ်ရက်များ

ရက်    အထိမ်းအမှတ်နေ့    
၁          News Years စိတ်ကူးယဉ်သူများနေ့
၂          အမျိုးသားစိတ်ကူးယဉ် သိပ္ပံဝတ္ထုနေ့
၎          အသေးအဖွဲများနေ့ (Trivia Day) ၊ သိပ္ပံပညာရှင်ကြီး အိုင်ဆက်နယူတန်မွေးနေ့ (Issac Nweton)
၅          ငှက်များနေ့ Bird Day
၆          Bean Day စုံထောက်ဇာတ်ကောင်ကြီး Sherlock Holmes နေ့
၇          Old Rock Day
၉         iPhone စတင်သုံးစွဲနေ့
၁ဝ      ထူးကဲသူများနေ့ (Peculicar People Day)
၁၁      Milk Day
၁၂      ပြတိုက်နေ့
၁၃     Make Your Dreams Come True Day
၁၅     ဦးထုပ် (Hat Day)
၁၆     တီထွင်သူကလေးများနေ့ (Kid Inventor’s Day)
၁၈     Pooh Day
၁၉     Popcorn Day နိုင်ငံတကာ ပန်းများနေ့
၂ဝ     Cheese Day
၂၃    Pie Day၊ Handwriting Day
၂၅    Opposite Day
၂၉    ပဟေဠိ (Puzzle) နေ့
၃၁    Backward Day Inspire Your Heart with Art Day

Janus  နတ်ဘုရား

ဇန်နဝါရီ ဆိုတဲ့ စကားလုံးဟာ Janus ဆိုတဲ့ ဂရိ ဒဏ္ဍာရီလာ နတ်ဘုရား တစ်ပါးရဲ့ နာမည်ကနေ ဆင်းသက် လာတာပါ။ Janus ဟာ စတင်ခြင်း နဲ့ အကူး အပြောင်း ရဲ့ နတ်ဘုရား တစ်ပါး ဖြစ်ပါတယ်။ ဇန်နဝါရီလဟာ နှစ်တစ်ခုရဲ့ ဝင်ပေါက် တစ်ခုလို ဖြစ်လို့လည်း Janus ကို ဂိတ်တံခါး နတ် ဘုရား အဖြစ်လည်း တင်စား ကြပါသေးတယ်။ ထူးခြား ချက် အနေနဲ့  Janus နတ်ဘုရား မှာ မျက်နှာနှစ် ဖက် ပါဝင်ပြီး အနာဂတ်နဲ့ အတိတ်ကို ကြည့်ခြင်း ရဲ့ သင်္ကေတ လည်း ဖြစ်ပါတယ်။

 

 

အဆောင်ကျောက်နဲ့ အဆောင်ပန်း

ဇန်နဝါရီလ ရဲ့ မွေးနေ့ အဆောင်ကျောက် ကတော့ ဂေါ်မုတ်နီ (garnet) ဖြစ်ပြီး ‘သစ္စာ ခိုင်မြဲ ခြင်း (constancy) ကို ကိုယ်စား ပြုပါ တယ်။

 မွေးနေ့ အဆောင်ပန်း ကတော့ ပန်းရောင် အဆင်းရှိတဲ့ Dianthus caryophyllus (သို့) Galanthus ဖြစ်ပါတယ်။ အင်္ဂလိပ် လူမျိုးတွေ က ဇော်မွှားပန်း (carnation) တရုတ် လူမျိုးတွေက Prunus mume ပန်း၊ ဂျပန် လူမျိုးတွေက Camellia ပန်းကို ဇန်နဝါ ရီလ ရဲ့ အဆောင်ပန်း အဖြစ် သတ်မှတ်ကြပါတယ်။ ‘Snowdrops’ ပန်းကို လည်း ဇန်နဝါရီ ဖွားတို့ရဲ့ အဆောင်ပန်း အဖြစ်လည်း သတ်မှတ်ကြတာ ရှိပါတယ်။

International Creativity Month

တီထွင် ဖန်တီးမှု ဆိုတာ အခိုင်အမာ ရပ်တည် နေတဲ့ ပုံစံတွေကို မတူ ကွဲပြားတဲ့ အမြင် နဲ့ ဖောက်ထွက် လုပ်ဆောင်ခြင်း ဖြစ်တယ် လို့ ပြင် သစ် အတွေး အခေါ် ပညာရှင်ကြီး Edward de Bono က မိန့်ဆိုဖူး ပါတယ်။ ဖန်တီးမှု ဆိုတာ စိတ်ကူးသစ် လုပ်ဆောင်ချက် သစ်တွေကို အမှန် တကယ် ရုပ်လုံး ပေါ်အောင် လုပ်ဆောင် နေခြင်း ဖြစ်ပါတယ် လို့ လည်း ဆိုကြပါတယ်။ တီထွင် ဖန်တီးနိုင်မှု ဖြစ် ဖို့ တွေးခေါ်ခြင်း နဲ့ ထုတ်လုပ်ခြင်း လိုအပ်ပါတယ်။ အတွေးသာ ရှိပြီး လုပ်ဆောင်ချက် မပါရင် တီထွင် ဖန်တီးမှု လို့ မခေါ် ဆိုနိုင်ဘူး။ ကုမ္ပဏီ တစ်ခု ရဲ့ နှလုံး သား နဲ့ ဝိဥာဉ်ဟာ တီထွင် ဖန်တီးမှု နဲ့ အသစ် ဖန်တီးခြင်း ဖြစ်တယ် လို့ Bob Iger ကလည်း ပြောဖူးပါတယ်။

National Bird Day

ဇန်နဝါရီလ ၅ ရက်နေ့ ဟာ အမျိုးသားငှက် နေ့ဖြစ်ပါတယ်။ ငှက် ကလေးတွေ ရဲ့ အလှတေးသံ နဲ့ ပျံသန်းမှုတွေ ဟာ လူငယ်တွေ ကို လှုံ့ဆော်မှုပေး တာအမှန်ပါ။ ယနေ့ ကမ္ဘာပေါ် မှာ ငှက်မျိုးစိတ် ရဲ့ ၉၈ဝဝ ကျော်ရဲ့၁၂ ရာခိုင်နှုန်း ခန့်ဟာ မျိုး သုဉ်း တော့မယ့် အနေ အထား ရောက်ရှိနေပါတယ်။
ကြက်တူရွေး မျိုးစိတ် သုံးပုံ တစ်ပုံ နီးပါးဟာ မျိုးသုဉ်းတော့မယ့် အနေ အထားမှာ ရှိနေပါတယ်။ ငှက်တွေဟာ သတိ ထား စောင့်ရှောက်ပေး ဖို့ လိုနေတဲ့ သတ္တ ဝါလေးတွေ ဖြစ်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ သူတို့ရဲ့ ကံကြမ္မာဟာ ပတ်ဝန်း ကျင် ဂေဟ စနစ် နဲ့ ဆက်စပ် နေတာကြောင့် ဖြစ်ပါ တယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကြက်တူရွေး ငှက် နဲ့ တေးသီငှက်တွေ ဟာ တရား မဝင် ရောင်းဝယ်ခြင်း  ရောဂါဖြစ်ခြင်း၊ နားခိုစရာ နယ်မြေ ရှားပါးခြင်း တို့ ကြောင့် မျိုးသုဉ်း အန္တရာယ် နဲ့ ရင်ဆိုင်နေ ကြရပါ တယ်။ ငှက်ကလေးတွေ ရှင်သန်ကြီးထွားမျိုး ဆက်ပျံ့နှံ့ဖို့ လူသား များအနေနဲ့ တတ်နိုင် သလောက် ထိန်းသိမ်း စောင့်ရှောက်ပေးဖို့လိုပါ တယ်။

iphone Day

ယနေ့ ကာလမှာ  iphone ဟာ လူငယ် အများစုရဲ့ အိပ်မက် ပစ္စည်း တစ်ခု ဖြစ်နေပါပြီ။ ဒါကြောင့်လည်း နှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ ကို  iphone နေ့ အဖြစ် သတ်မှတ်ခဲ့ ကြတာပါ။ ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ ဆန်ဖရန်စစ္စကို မြို့မှာရှိတဲ့ Moscone စင်တာကြီး မှာ တီထွင် သူလည်းဖြစ်၊ ကမ္ဘာကျော် Apple ကုမ္ပဏီကြီး နဲ့ ဥက္ကဋ္ဌ လည်းဖြစ်ခဲ့တဲ့ Steven P Jobs (1955-2011) ဟာ iphone ဖုန်းနဲ့ ပြည်သူကို စတင် မိတ်ဆက်ပေး ခဲ့ပါတယ်။ စတင်စဉ် ကပဲ လူထောင် ပေါင်း များစွာက ဝယ်ယူ အားပေးခဲ့ ကြပြီး  ’Jesus Phone’ လို့တောင် တင်စားခေါ်ဝေါ် ခဲ့ကြပါတယ်။ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ iphone 6 and 6 Plus ကြိုတင်ရောင်းချရမှု ဟာ ၂၄နာရီ အတွင်း လေးသန်းကျော် ရှိတယ်လို့ ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒါဟာ ၂ဝ၁၂ ခုနှစ်က ထုတ်ခဲ့တဲ့  iphone 5 ရောင်းအားထက် ၂ ဆ နီးပါး ရှိတယ် လို့လည်း သိရပါတယ်။

Kid Inventer’s Day

K.I.D လို့ အတိုကောက် ခေါ်ဆိုကြတဲ့ တီထွင်သူ ကလေးများနေ့ (Kid Inventer’s Day) အဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့ကို သတ်မှတ် ထား ပါတယ်။ အဲဒီနေ့ ဟာ အမေရိကန် သမ္မတ လည်း ဖြစ်၊ တီထွင်သူ တစ်ဦးလည်း ဖြစ်ခဲ့တဲ့ Benjamin Franklin (1706-1790) ရဲ့ မွေးနေ့ လည်း ဖြစ်ပါ တယ်။ သမ္မတကြီး ဖရင်ကလင်ဟာ စက် ပစ္စည်း များစွာ ကို တီထွင်ခဲ့ပြီး ရေကူး ရေယက်ကြား (swim Flippers) ကို တီထွင်ခဲ့စဉ် က သူ့အသက်  ၁၂ နှစ်ပဲ ရှိခဲ့ပါတယ်။ နှစ်စဉ် ကမ္ဘာပေါ် မှာရှိတဲ့ ကလေး ငယ် နဲ့ ဆယ်ကျော်သက် ရွယ် ၅ သိန်း ကျော် တို့ဟာ အသေးစား တီထွင်မှု နဲ့ ကစားနည်း များကို တီထွင် ဖန်တီးနေကြောင်း လေ့လာသူ တို့က ဆိုကြပါတယ်။ ‘ဘဝမှာ ဘာကို မှ ကြောက်ရွံ့ စရာ မလိုပါဘူး။ နားလည် သဘော ပေါက်ဖို့သာ လိုပါတယ်”လို့ နိုဗယ် ဆုနှစ်ခုရှင် တီထွင်သူ ကြီး မဒမ်ကျူရီ က ပြောဖူးတာကို သတိရပါတယ်။

Backward Day

Backward ‘ကို အဘိဓာန်မှာ နောက်သို့ မျက်နှာမူသော နောက်ပြန် ခေတ်နောက်ကျန် သော မတိုးတက်သော နောက်သို့ ပြန်သွားသော လို့ အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။  ဇန်နဝါရီလ ရဲ့ နောက်ဆုံးနေ့ ကို၊ Backward Day’ လို့ သတ်မှတ် ကြပါတယ်။ အဲဒီနေ့မှာ လမ်း ကို နောက်ပြန် လျှောက်တာ အဝတ် အစား ပြောင်းပြန် ဝတ်ဆင် တာ၊ အပြောအဆို၊ အရေး အသား စတာတွေကို ပြောင်းပြန် လုပ်ကြဖို့ တိုက် တွန်း ကြတာတွေ လည်း ရှိပါတယ်။ တချို့ ကလည်း မနက်စာကို ညမှာစား၊ ညစာကို မနက် ပိုင်း မှာစား၊ အချိုပွဲတွေ ကို အရင်စားခြင်း၊ နာနတ်သီး ကို ပြောင်းပြန် လှီးခြင်း၊ ခြေအိတ်ကို လက်မှာ ဝတ်ဆင်ခြင်း၊ ဦးထုပ်ကို ပြောင်းပြန် ဆောင်းခြင်း စတာတွေကို လည်း လုပ်နိုင်ကြ ပါတယ်လို့ အကြံပြုထားကြပါတယ်။

 

ဇန်နဝါရီလဟာ
National Hobby Month
National Book Month
National Get Organized Month
International Creativity Month
National Monitoring Month
It’s okay to be Different Month
Reference Book Month
High-Tech Month
Reaching Your Potential Month တို့ဖြစ်ပါတယ်။

 ဇန်နဝါရီလ အတွင်းမှာ ထူးထူးခြားခြား အထိမ်းအမှတ် ရက်သတ္တပတ်နေ့တွေလည်း ရှိပါသေးတယ်။
Universal Letter Writing Week (၇-၁၁) ရက်
Pizza Week (၆-၁၂) ရက်
Hot Air Balloon Week (၁၉-၂၆) ရက်
Junior Achievement Week (၁၉-၂၆) ရက်
School Choice Week (၂၆- ဖေဖော်ဝါရီ)၁ ရက်

နွေနိဒါန်း

တောက်တီးတောက်တဲ့

$
0
0

ဂန်ပွင့်ကိုမုန်း

မောင်တောက်တီး တစ်ယောက် facebook သုံးတာ များလာလေလေ အဲ.. ယောင်လို့ဗျာ… အလုပ်မှာ ဖင်မြဲမြဲ လုပ်လာ ရလေလေ…တပ် ထားရတဲ့ မျက်မှန်က ပါဝါ တက် လာလေလေ ပါပဲ။ အလုပ် အတွက် ခေါင်းစား ရတာတွေ အပါ အဝင် ဝန်ထမ်းတွေကို ထိန်းသိမ်း ရဖို့ အတွက် ဦးနှောက် စားရတာတွေ ကလည်း ပါ လာပြန် လေတော့ ကာ ခေါင်းပေါ်မှာ သေမင်း ရဲ့ အလံဖြူလို့ တင်စား ခေါ်ဝေါ်ကြတဲ့ ဆံပင်ဖြူတွေ လည်း တောထ လို့နေပါပြီ။ ဒါပေမဲ့ လည်း မောင်တောက်တီး တို့ ကတော့ ပျော်ပျော် ကြီး အလုပ်လုပ်နေ လျက် ပါပဲ။ ကိုယ်ရွေးချယ်ရာ လမ်းကို ကိုယ်ကိုယ် တိုင်လျှောက်နေ ရတာပဲလေ။ ပျော်လို့လုပ်၊ လုပ် လို့ပျော် ဆိုတော့ ပင်ပန်းတယ် မထင်မိပေါင်ဗျာ။ မျက် မှန် ထူတော့လည်း ဘာအရေးလဲ…။ ဆံပင်တွေဖြူ  လာတော့လည်း ဘာအရေးလဲ။

သို့သော်… ခက်တာလေး တစ်ခု ကတော့ ပေါ်လာသဗျ။ အဲဒါကတော့ ဖင်မှာ သွေးစုနာ ဖြစ်လာတာပါပဲ…။ ဖြစ်စ ကတော့ ခပ်ပေါ့ပေါ့ ပဲ။ နည်းနည်း အနာကြီးလာမှ ဆရာ ဝန်ပြမိတော့ ခွဲရမတဲ့။ ဒီလိုနဲ့ တစ်နေ့က ဆရာသမား တစ်ယောက် နဲ့တွေ့တော့ ဖြစ်ကြောင်း ရယ်ကုန်စင် ပြောပြ လိုက်တယ်။ ဆရာက ရယ်ပြီး…”စားပွဲ ထိုင် အလုပ် လုပ် ရတဲ့ သူ တစ်ယောက်ဟာ ကြာလာရင် ဆံဖြူမယ် မှန်ထူမယ် ဂန်ပူမယ်ကွ။ ခု မင်းမှာ အဲဒီ အချက်တွေ အ ကုန် ပြည့် စုံနေပြီပဲ ဘာမှ အားမငယ်နဲ့” လို့အားပေးသွား ရှာ တယ်။ ရုတ်တရက် ဆိုတော့ ဂန်ပူတယ် ဆိုတာကို နားမလည် မိလို့ ထပ်မေး မိပြန်သဗျ။ ဆရာက ”မင်းကွာ တုံးချက် ကတော့ ဂန်ပွင့်၊ ဂန်ဒူး၊ ဂန်ခြောက် ဆိုတာတွေ မကြားဖူး ဘူး လားဟ။ ဂန်ဆိုတာ စစ်ကြိုခေတ် က ဘန်းစကားကွ။ ဖင်ကို ပြောတာ” ဆိုပြီး ပြန်ဖြေသဗျ။ ပြီးတော့ ”ဂန်ပူရုံ ကတော့ တော်သေးတယ်… ဂန်မပွင့်စေ နဲ့ ဟေ့ကောင်…ကြားလား”လို့ ထပ်ပြောသေး သဗျ။

အင်း…ခုခေတ် မတော့ ဆရာပြောတဲ့ ဂန်ပွင့်၊ ဂန်ဒူး၊ ဂန်ခြောက် ဆိုတာတွေဟာ အနောက်နိုင်ငံတွေမှာ စီအီးအို လုပ်သူလုပ်၊ မြို့တော်ဝန် လုပ်သူလုပ်နဲ့ များမကြာခင် ကာလ တစ်ခုမှာ နိုင်ငံ တစ်ခုခုရဲ့ သမ္မတတောင် တက် လုပ်ကြမလောက် ဖြစ်နေပါရောလား။ အဲသည် ဂန်ပွင့်တွေ ကိုပဲ ဂန်မပွင့်တဲ့ ကောင်တွေက တန်ဖိုး ကြီး လက်ဆောင်တွေ ဝယ်ပေးရတာနဲ့၊ စိတ်မချ ရတာနဲ့၊ သဝန်တို ရတာနဲ့ အသည်း အသန်တွေ ဖြစ်နေကြ ပါရောလား။ အစစ်မတွေတောင် က တောင် သြော ချနေကြ ရပါရောလား။ တလော လေးက ပြည်သူကို အသိပေးခဲ့တဲ့ ”တစ်လင် တစ်မယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေမူ ကြမ်း” အရ ဆိုရင်လည်း ဂန်ပွင့်တို့က ဥပဒေနဲ့ ကင်း လွတ်နေပါရောလား။

အမှန်မတော့ ဆရာပြောတဲ့ ဂန်ပွင့်တယ် ဆိုတာ ခုခေတ်မှာ တော်တော် ခေတ်နောက်ကျ သွားပါပြီ။ ဂန်ပွင့်ရုံ မျှမက ပိတ်နေတဲ့နေရာ ကို တောင် ငွေကုန်ကြေးကျ ခံပြီး ဖြတ်ဖောက် ဖွင့်နေ ကြတဲ့ ခေတ်ကို ရောက်နေ ပါရောလားဗျ။ အောင်မငီး….အဲဒါကိုရော ဘာပွင့်တယ်ခေါ် ရမလဲဆရာ….။

အမှားပြင်…

ခုခေတ် ကလည်း မိန်းကလေး တစ်ယောက်ကို လမ်း သွားရင်း ဝင် တိုက်မိရင် မော်ဒယ်ဖြစ်နေ မလားလို့တောင် တွေးမိ ရမလောက် မော်ဒယ် တွေပေါ လှတဲ့ခေတ် ပါပဲ လို့တော့ တောက်တဲ့ မထင်မိသရှင့်။ ဟိုအရင်ခေတ် ကတော့ ရွာဆော် ကြီး ဖွဘုတ် မပေါ်သေး လေတော့ကာ သရုပ် ဆောင်တွေ မော်ဒယ်တွေ လူသိ များစေရေး အ တွက် ပုံနှိပ် မီဒီယာတွေကိုပဲ အထူး အားကိုးခဲ့ကြ ရသလောက် ခုခေတ်မှာတော့ ပုံနှိပ် မီဒီယာတွေ ကတောင် ဖွဘုတ်ကြီးကို ပြန်အားကိုး နေရတဲ့ ခေတ် ဆိုရင် လည်း မမှား ဘူး။ ဂျာနယ်၊ မဂ္ဂဇင်းတွေ ကတောင် မော်ဒယ်လေးတွေ ကို ဖွဘုတ် က တစ် ဆင့် မိတ်ဆက်ပြီး အင်တာဗျူးရ၊ ဓာတ်ပုံတွေ တောင်းကြ ရတယ်လို့ တောက်တဲ့မ သူငယ်ချင်း မဂ္ဂဇင်း အယ်ဒီတာ တစ်ယောက်ကပြောတယ်။

တစ်နေ့မတော့ အယ်ဒီတာ မမတစ်ယောက် အိမ်ကို ပေါက်ချ လာပြီး ခိုတွေက အမေ အမေ ခေါ်ရလောက်အောင် ညည်းချင်း ချပါလေရော ရှင့်။ ”တောက်တဲ့မ ရယ်… ငါတော့ တော်တော် စိတ်ကုန်တယ်။ ဟိုမော်ဒယ် မလေးပေါ့ဟာ။ ငါကိုယ်တိုင် ဖွဘုတ် ကနေ မိတ်ဆက် အင်တာဗျူး တောင်း… ဓာတ်ပုံတွေတောင်း .. .ပြီးတော့ မဂ္ဂဇင်းမှာ ထည့်…။ အဲဒီအထိ အားလုံး အ ဆင်ပြေတယ်။ မဂ္ဂဇင်း ထွက်ခါနီးကျမှ ဓာတ်ပုံ လဲပေးပါလို့ အသည်း အသန် ပြောတော့မှ ပြဿနာကစတာ။ သူပြောတဲ့ အချိန်မှာ စာအုပ် တွေ က ပုံနှိပ် ပြီးနေပြီလေ။ ဆိုင်တွေ ကိုဖြန့်ဖို့တောင် လုပ်နေကြပြီ။ သူလဲခိုင်းတဲ့ ပုံကတော့ သူ့ချစ်သူ နဲ့ရိုက်ထားတဲ့ ပုံ ဟ။ အဲဒီ ဓာတ်ပုံပေးတုန်း က ချစ်သူနဲ့က ခုပြတ် သွားပြီ တဲ့။ အဲဒါ ချစ်သူ အသစ် ပုံနဲ့ လဲချင်လို့တဲ့။ ငါလည်း ဘယ့်နှယ်မှ မတတ်နိုင် တော့ဘူးလေ။ သူကလည်း အရင်ပုံ အဟောင်းကြီး ကိုထည့်သုံးရင် တရား စွဲမယ် ဘာမယ် လုပ်ပါလေ ရော။ စွဲ လည်း စွဲလည်း…ငါလည်း မတတ်နိုင် ဘူးလေ။ အားလုံးပြီး စီးနေမှ သူက ဒီလိုလုပ်တာ ကတော့ သူ့အလိုကျ ဘယ်သူမှ လိုက်လုပ်ပေး လို့ရမှာ မဟုတ် ဘူး။ သူကလည်း ငိုဟယ် ယိုဟယ် ဖြစ်နေ တော့ ငါလည်း သူ့ကို အစီအစဉ် တစ်ခု ပြော ပြလိုက်မှ အဆင်ပြေ သွားတာ”လို့ ညည်းချင်း ရှည်ကြီး ညည်းသရှင့်။ ဒါနဲ့ သူ့အစီ အစဉ် ကို တောက်တဲ့မ တော်တော် စိတ်ဝင်စားမိသွားတယ်။ ငါ့သူငယ်ချင်း တယ်တော်ပါ့လားပေါ့။ ဒီပြဿနာ  ကို ဘယ်လိုများ ဖြေရှင်း လိုက်ပါလိမ့်ပေါ့။

သူ့အစီအစဉ် ကတော့ ဒီလို…”လွယ်လွယ် လေးပါဟ။ ခုလထုတ် မဂ္ဂဇင်းမှာတော့ သူ့ရဲ့ချစ်သူဟောင်း နဲ့တွဲရိုက်ထားတဲ့ ပုံကို ဘယ်လိုမှလဲ ပေးလို့ မရနိုင်ဘူးလေ။ ဒီတော့ နောက်လ ကျရင် အမှားပြင်ဆင်ချက် ဆိုပြီး ချစ်သူအသစ် နဲ့တွဲရိုက်ထားတဲ့ ပုံကို ပြန်ထည့်ပေးမယ် လို့ပြောလိုက်တာ။ သူလည်း သဘောတူတယ်။ အားလုံး အဆင်ပြေ သွားတာပဲ။ ငါ့အစီအစဉ် မကောင်းလား။ ငါလိုဦး နှောက်ကောင်းတဲ့ သူမှ ဒီလို အကြံဥာဏ်မျိုး ထွက် တာနော်”တဲ့….။ ကိုင်း…အတိုင်ပင်ခံ တို့ အကြံပေး တို့ ခန့်ချင် သူများ တောက်တဲ့မ ကနေတစ် ဆင့် ဆက်သွယ်ကြနော်….။ ဟွင်း…ဟွင်း …။

ပွင့်ပွင့်လင်းလင်းတင်ပြပါ

 မောင်တောက်တီး ရဲ့ မဟေသီက ဂျာနယ်တွေ ကြည့်ပြီး ”များလိုက်တဲ့ မယ်တွေဟယ်၊ ခေါင်းစဉ် တွေတောင် မမှတ် မိနိုင်တော့ဘူး” လို့ သုံးသပ်နေ ချိန် မှာ မောင်တောက်တီး စိတ်မှာတော့ များတယ် လို့ကို မထင်ပေါင်။ တစ်ယောက် ပြီး တစ်ယောက် အားပေး ရတာ မောတယ် လို့ကို မရှိ။ ဒါဟာ ကျန်းမာရေး အတွက် ဆေး တစ်ခွက်လို ပဲ ဆိုတာ မဟေသီ သိစရာမလိုပါလေ။

 တောက်တဲ့ တို့ ကျေးဇူးတင်ရမယ့် အထဲမှာ ဒီဇိုင်နာတွေ လည်း ပါသပေါ့ဗျာ။ ကျောပြောင်၊ ရှေ့ဘာမှမပါတဲ့ ဒီ ဇိုင်းတွေ ထွင်တော့ သာဓုခေါ်ရ တာပေါ့။ ဝတ်တဲ့မယ်တွေ က လည်း အခုအခံ အဆိုင်း မလိုဘဲ ဆီလီကွန် တန်ခိုးနဲ့ တင်း ရင်းနေ ကြောင်း ပြဖို့ ပိုက်ဆံ အကုန်ခံ ထား ရတာလေ။ ကုသိုလ်ပြုတဲ့ ကလေးမတွေ ကိုလည်း သာဓု အကြိမ် ကြိမ်ခေါ်မိတာပ။

ခု များတော့ အပေါ်ပိုင်း တင်မက အောက် ပိုင်းတွေကို (တင်သား ပေါ်အောင်) အကြည်ရောင် လေးများနဲ့ စပ်ချုပ် လာကြ သဗျ။ ပွင့်လင်းစွာ တင်ပြလာကြတဲ့ သဘောတွေ တွေ့လာ ရပြီလေ။ ဒီနေရာမှာ တောက်တဲ့ အဆို တစ် ခုလောက် တင်ပြပါ ရစေခင်ဗျ။ ပွင့်လင်းမြင်သာတဲ့ ဒီဇိုင်း များနဲ့ ကုသိုလ် ပြု ပွင့်လင်းရင် ခပ် ငယ်ငယ်တွေ ကိုပဲ ကြည့်လိုပါတယ်။ အဘွားကြီးတွေ ကိုတော့ အဲဒီဒီဇိုင်းနဲ့ဆို ကန်တော့ပါသေးရဲ့ဗျာ။

 

ယုန်ထောင်ကြောင်မိ ဥပဒေ

ဥပဒေ တကာ့ ဥပဒေတွေ ထဲမှာ အဟော့ဆုံး ဥပဒေ ကတော့ တစ်လင် တစ်မယား စနစ် ကျင့် သုံးရေး ဥပဒေကြမ်း ပဲ ဖြစ်ပါတယ်။ အခြေခံ ဥပဒေ တောင် စေ့စေ့ငင သိချင်မှ သိမယ်။ ဒီတစ် လင် တစ်မယား ဥပဒေကတော့ မိန်းမ ၊ ယောက်ျား အကုန် စိတ်ဝင် စားသဗျ။ တရားဝင် ဇနီးတွေ က လည်း အားရ ဝမ်းသာပေါ့။ တရားမဝင် အငယ် အနှောင်း တွေကလည်း ချူနည်းတွေ ပိုစဉ်းစား လာကြရပြီ ပေါ့။ ယောက်ျားတွေ ကလည်း ဘယ် ဟာက ပိုသာမလဲ ချိန်ကြ ပြီလေ။ ဘယ်လို ပဲ ရေးထား ပါစေ တောက်တီး အဖို့တော့ ဒီဥပဒေ ကြမ်းကို သဘောတူ ရန် မှတပါး အခြားမရှိပါ။ အကြောင်း ရင်းမှာ ကိုယ့်အသက်အရွယ် နဲ့ ဝင်ငွေက နောက် မယား တစ်ယောက် ယူနိုင် တော့တဲ့ အခြေအနေ မဟုတ်လို့ပါ။

ယခု ဥပဒေကြမ်း သစ် ပေါ်လာတဲ့ အပေါ် အမျိုးသမီး များ သာမက အချို့ အမျိုးသား များက လည်း ကြိတ် ဝမ်းသာ ကြတယ် ဆိုပဲ။ အိမ်ထောင်သည် ယောက်ျား တစ်ယောက် က ခုမှပဲ အလုံးကြီး ကျတော့တယ်တဲ့။ နို့မို့ တိတ်တိတ် ပုန်း မယားငယ် ရဲ့ ခြိမ်းခြောက်မှုကြောင့် ကမြင်း ရတာတောင် အရသာ ပျက်တယ်။ ခုဆို မယားငယ် ကတိုင်ရင် သူရော ကိုယ်ရော ဘဝ အတူတူ ပျက်ကြ မှာဆိုတော့ တိုင်ဖို့ အခွင့်အရေးက နည်း သွားပြီ။ ဟိဟိတဲ့။

 မြာတွေဝိုင်းနေတဲ့ လူပျိုကြီး တစ်ယောက်က လည်း ဒီ ဥပဒေကြောင့် မိန်းမ အမြန်ယူ ရမလို ဖြစ်နေပြီ။ ယူထားတဲ့ တရားဝင် တစ်ယောက် ရှိနေ ရင် ကျန်တဲ့ မဒီတွေက လာ ပတ်သက်လည်း အေးဆေးပဲတဲ့။ မအေးဆေးတော့ ဘူးဆိုလည်း ၇ နှစ်ရွေး မလား၊ လကမ္ဘာပြေးမလား ရွေးရတော့ မှာပေါ့။ လကမ္ဘာပြေး ရမယ် ဆိုလည်း ဟန်းနီး မွန်း ကို လကမ္ဘာ သွားမယ်လို့ပြောပြီး ကိုယ်ယောင် ဖျောက် ရတော့မပေါ့ဗျာတဲ့။

အချို့ကလည်း ဥပဒေ ရေးတုန်းက အမျိုး သမီးတွေ အတွက်ပဲ ရေတာလေ၊ ဘယ့်နှယ် သား တို့အတွက် ပါးချုပ်၊ လချုပ် ဥပဒေ ဖြစ်သွားရလဲ ဟင်တဲ့

အမျိုးသမီးတွေ အတွက်ပဲ ကာကွယ်ပေးတယ် ထင်ရတဲ့ ဥပဒေ ကြမ်းဟာ မမျှော်လင့်ဘဲ အမျိုး သားတွေ အတွက် ချိန်ကိုက်မိ သွားပုံများ  U19 ဘောလုံးပွဲ ရှုံးသွားချိန် မှာ သမ္မတကြီး က  U19 မြန်မာဘောလုံး အသင်းကို ဂုဏ်ပြု စကားပြောနေ ချိန်နဲ့ တစ်ပြိုင်နက် ဖြစ်သွားသလိုပါပဲ။ ဖြစ်တတ်ပါ တယ်လေ။

ရွှေရောင် သံစဉ်လှိုင်း နဲ့အတူ မားမားမတ်မတ် ရပ်နေသူ

$
0
0

ကျွန်မ သောက်နေသည့် လက်ဖက်ရည် ခွက် ထဲ ဂီတသံ တစ်စ ပြင်းပြင်းရှရှ ပြုတ်ကျလာ သည်။ လက်ဖက်ရည် ဆိုင်ရှေ့၊ လမ်းမကြီး ရဲ့ဘေး တစ်နေရာ မှာ မိုးတိုး မတ်တတ် ရပ်ကာ ဂစ်တာ လွယ်လျက် သီဆို တီးခတ်နေကြသည့် လူတချို့ ကို ကျွန်မ လှမ်းမြင်မိသည်။ အမိုးအကာ မရှိ၊ နေပူ သည်ကို သူတို့ ဂရု မစိုက်နိုင်အား၊ သူတို့ ကျွမ်း ကျင်ပိုင်နိုင်ရာ ဂီတ အနုပညာဖြင့် ဖျော်ဖြေကာ ရန်ပုံငွေ ရှာဖွေ ပေးနေကြသည့် ဂီတလူတွေ။ တိတိကျကျ ပြောရလျှင် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့ အထိမ်း အမှတ်ရာပြည့် ပွဲတော်ကို ဗိုလ်ချုပ်မွေးရာ နတ်မောက်မြို့မှာ ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သည့် အတွက် အဲသည်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့The Action Time Foundation နဲ့အတူ ရန်ပုံငွေ ကူရှာပေးနေသည့် ဂီတအဖွဲ့ ရွှေသံစဉ်။ မြန်မာ့ရုပ်သံ ချန်နယ် ဂီတ အစီအစဉ်တွေမှာ နှစ်ကာလ ကြာရှည်စွာ မင်းမူ နေခဲ့ဖူးသလို လှုပ်လှုပ် ခတ်ခတ် မီးတောက်မီးဝါ ကာလတွေမှာ ကျွန်မတို့မြင်ကွင်းထဲ ကနေ ရုတ်တရက်ကြီး ပျောက်ကွယ်နေခဲ့ ဖူးသည့် အမည်နာမတစ်ခု …’ရွှေသံစဉ်’ ။

‘ရွှေသံစဉ်’ နဲ့ အတူ အဲသည်လူ…’ကိုဝင်း မော်’ ။ ရွှေရောင် သံစဉ်လှိုင်းတွေ နဲ့အတူ မားမား မတ်မတ်ရပ်နေသူ။ သူ့နှုတ်ဖျားက သီချင်းဆိုသံ ဘယ်တုန်းကမှ မကြားဖူးခဲ့။ Player သက်သက် ဘဝနဲ့ ဂစ်တာကို ဖက်တွယ်ကာ တစ်ဘဝလုံး ဂီတ မှာမြှုပ်နှံခဲ့သည့် ဂီတလူ။ သူ့ဂီတက တစ်ကိုယ်စာ သူ့အတ္တ အတွက်မဟုတ်၊ အများ အတွက်။ သူ ယုံကြည်ရာ ကို တည်ငြိမ် ရင့်ကျက်စွာ ဖန်တီးခဲ့၊ ဖန်တီးဆဲ၊ နောက်ဆုံးချိန်ထိ ဖန်တီး နေဦးမည့် လူ။ ၂ဝ၁၄ ဇန်နဝါရီ ၂၆ ရက်နေ့က မြန်မာပြည် မှာ ပထမဦးဆုံးပြုလုပ် သည့် G-25 Guitar Instrumental Showမှာ သူတီးခတ်ခဲ့သည့် guitar solo တေးသွားနှစ်ပုဒ်က မြန်မာပြည် ဂီတချစ်သူ လူထု တစ်ရပ်လုံး အတွက် ထာဝရ လှုပ်ခတ် ရှင်သန်နေမည့် ရွှေရောင် ဂီတသံစဉ် တွေ …။

သူ့ရင်ခွင်ထက် က ဂစ်တာ တစ်လက်ကို သူ ဘယ်တုန်းက မှ အကြမ်းပတမ်း ကိုင်တွယ်တာ မရှိခဲ့။ ဂစ်တာ ဖရက်တံပေါ် ခပ်စိတ်စိတ် ခပ်မြန် မြန် ပြေးလွှားနေသည့် သူ့ လက်တွေရဲ့အဖိ။အဖော့၊ အလှုပ်။အရွေ့ အသိမ်း။ အရုပ်တွေက အံ့သြ မှင်တက် ရလောက်အောင် ပါးနပ် သိမ်မွေ့ လွန်းလှသည်။ အသံ သေတ္တာထဲက ထွက်ကျလာ သည့် ဂီတသံကို စူးစိုက် နားထောင်မိမှသာ သူ့လက် တစ်စုံဆီက လူးလိမ့် ထွက်ကျလာသည့် ဂီတပြင်းအား၊ အတိမ်၊ အနက်၊ အထူ၊ အပါး၊ အနီး၊ အဝေး အရာခပ်သိမ်း ကို ထိထိရှရှ နားလည် သွားရမည့် အဖြစ်။ စင်မြင့်ပေါ် ရှုပ်ယှက်ခတ် ပြေးလွှား ခုန်ပျံကာ ဟန်ရေးပြလေ့ ရှိသည့် ဂစ်တာ သမားတွေ အကြားမှာ ပန်းပုဆရာ ထုဆစ်ပစ်ချ ထား လိုက်သည့် ပန်းပု ရုပ်တစ်ရုပ်လို ငြိမ်ဆိတ် ကွဲပြားနေသည့် သူ့ပင်ကိုဟန်က ကျွန်မကို တိတ် တခိုး ဖမ်းစားနေခဲ့ဖူးသည်။ ပကတိ တည်ငြိမ်လွန်း သည့် ဟန်ပန် မူရာကြောင့် သူ့အတီး အခတ်က တီးလို့ တီးခတ်နေမှန်း မသိရ။ သူ့လက်တွေက ဂစ်တာ ပေါ် ပြေးလို့ပြေးနေမှန်း မသိရ။ ဒါပေမဲ့ သူ့အရွေ့ သူ့ ခရီးတွေ ဘယ်ဆီ ဦး တည်၊ ဘယ်မျှ ရွေ့ခဲ့.. ရောက်ခဲ့.. ဆိုတာကို သည်နေ့ ကျွန်မ သိခဲ့ရပြီ။ တိုင်းပြည်ရဲ့ မပြောင်းလဲသည့် အပြောင်း အလဲ ဖြစ်စဉ်တွေ ကြားမှာ သူ့ဂီတ၊ သူ့သံစဉ်၊ သူ့တေး သွား၊ သူ့လက်တစ်စုံ ရဲ့ အလှုပ်အရွေ့ တွေက လှပခိုင်မာသည့် ရည်ရွယ်ချက် များစွာနဲ့ အတိတ်သမိုင်းမှာ လတ်ဆတ် တောက်ပနေခဲ့ သည်ပဲ။ အခုလည်း ပဲ ရွေ့ရွေ့ လျင်လျင် ခရီးနှင် နေဆဲ။ အဲသည် လက်တစ်စုံရဲ့ အဖိ၊ အဖော့၊ အလှုပ်၊ အရွေ့ ရွှေရောင် သံစဉ်တွေကြား ကျွန်မ တရွေ့ရွေ့ တိုးဝင်ကာ ချဉ်းကပ်မိခဲ့ပြီ။

လူသားတွေအပေါ် ညှို့အားကောင်းတဲ့ အဲဒီ ဂီတဆိုတဲ့အရာကြီးကို ရှင် ဘယ်အရွယ်ကစပြီး ငြိတွယ် တိမ်းမူးသွားခဲ့တာလဲ။

 ပြောရရင် ၁ဝ တန်းအောင်တဲ့ ၁၉၇၈ ခုနှစ် ကမှ ကျွန်တော် ဂစ်တာ စတီးဖြစ်ခဲ့တာ။ ငယ်ငယ် ကတော့ ရသစာတွေ ဖတ်တာ ဝါသနာ ပါခဲ့တယ်။ ၉ တန်းရောက်တော့ သီချင်းတွေ၊ အထူး သဖြင့် နိုင်ငံခြား Rock သီချင်းတွေ စနားထောင်ပြီး Rock ဂီတကို ကျွန်တော် ရက်ရက် စက်စက် တိမ်းမူးနေခဲ့မိပြီ။

ဟုတ်ကဲ့၊ ဂီတကို စပြီး စိတ်နှလုံး တိမ်းညွတ်မိချိန်က ရှင့်ရဲ့ ခံစားချက်နဲ့ ရွေ့လျားခဲ့တဲ့ ပုံရိပ်တချို့ ပြန်မြင်ယောင် ကြည့်စမ်းပါ ရစေလား၊ ရှင်ဘာတွေ စတင်နားလည်ဖို့ ကြိုးစားခဲ့တယ်၊ ဘယ်လိုအား ထုတ်ခဲ့ရတယ် ဆိုတဲ့ အကြောင်းလေးတွေပေါ့။

ကျွန်တော် တို့ခေတ်က ဂစ်တာတီးရင် လမ်းသရဲလို့ အခေါ်ခံ ရတဲ့ခေတ် ဆိုတော့ မိဘ တွေက အားမပေးဘူးဗျ။ လမ်းဘေးမှာ ဂစ်တာ တီးရင် အထင်သေး ကြတယ်။ ဂီတနဲ့ ဂစ်တာ ပညာ ကို စနစ်တကျ တတ်ကျွမ်းချင်တဲ့ စိတ်တော့ ကျွန်တော့်မှာ အပြည့်အသိပ် ရှိခဲ့တယ်။ အဲဒီခေတ် က ရှားရှားပါးပါး ထုတ်တဲ့ မြန်မာပြည် သိန်းတန် နဲ့ ဏ မော်ဂန်ရဲ့ ဂစ်တာစာအုပ်တွေကို ရှာဖွေ စုဆောင်းဖတ်ရှုပြီး ကိုယ့်ဘာသာနားလည်အောင် အရင်ဆုံးလေ့လာခဲ့ရတာပါပဲဗျာ။

ဟုတ်ပါပြီ။ ဂစ်တာ အပြင် ရင်းနှီးဖို့ ကြိုးစားမိတဲ့ တခြား instrument ရှင့်မှာ ရှိခဲ့ဖူးလား။ ဂစ်တာ ကို ထဲထဲဝင်ဝင် ကျွမ်းကျင်ဖို့ ဘယ်သူ့ဆီမှာ အဓိက ရှင် သင်ယူခဲ့ လဲ။ လေ့ကျင့် မှုတွေနဲ့ လုံးထွေးဖြတ်သန်းနေ ခဲ့ရတဲ့ အတိတ် ဘဝထဲက နှစ်ကာလ တချို့အကြောင်း သိချင်တယ်ရှင့်။

တကယ်တော့ ကျွန်တော့်ကို ဂစ်တာတီး စသင်ပေးခဲ့တာ ကျွန်တော့် ရဲ့ညီ ဝင်းဇော်ပဲဗျ။ သူက ရပ်ကွက်ထဲက ဘဲကြီးတွေ ဆီက သင်ထား တာ၊ စနစ်တကျတော့ မဟုတ် ဘူးပေါ့ဗျာ။ အဲဒီ ကာလက ခေတ်စား တဲ့ စိုင်းထီးဆိုင်၊ စိုင်းဆိုင် မော့ဝ်၊ လားရှိုးသိန်းအောင်၊ တက္ကသိုလ် ထွန်းနောင်၊ မင်းမင်းလတ်၊ စိုးပိုင် တို့ရဲ့သီချင်းတွေနဲ့ ကျွန်တော် ရင်းနှီး ခဲ့ရတာပေါ့။ ဂီတကို စတင် ခံစားတတ် ကတည်းက ဂစ်တာကိုပဲ Crazy ဖြစ်ခဲ့တာပါ။ တခြား instrument ဘက် အာရုံ မညွတ်ခဲ့ဘူး ။ Overdrive တွေ Distortion တွေ Wah Wah တွေနဲ့ တီးတဲ့ ဆူညံတဲ့ ဂစ်တာသံတွေ ကို အရမ်း နှစ်သက်ခဲ့ တယ်ဗျ။ ဒေသကောလိပ် စတက်ချိန် တုန်းကတော့ … ၄၂ လမ်းက ဆရာ ရှဖစ်ဆီမှာ အရှေ့တိုင်း ဂီတ သင်္ကေတနဲ့ အခြေခံ ဂီတ သဘော တရားတွေကို စနစ်တကျ သင်ကြား ဖြစ်ခဲ့တယ်။ နောက်ပိုင်း မှာInternational Notation တွေနဲ့  Music Theory တွေကိုတော့ စာအုပ်တွေ ဖတ်ပြီး လေ့လာခဲ့ ရပါတယ်။ မှတ်မှတ်ရရ အဲဒီ ခေတ်က ပြည်တွင်းဖြစ် Hollow ဂစ်တာ အဟောင်း တစ် လက် ကို ၁၇၅ ကျပ်နဲ့ ဝယ်ပြီး တီးခဲ့ရတာပေါ့။ အဲဒီ ဂစ်တာလေး ပထမဆုံး ပိုင်ဆိုင်ရဖို့ ပိုက်ဆံ တော်တော် ကြာကြာ စုလိုက် ရသေးတယ်ဗျ။ ပထမတော့ ဆရာ ရှဖစ်ဆီမှာ Lead စသင်တယ်။ အဲဒီအချိန်မှာ Rhythm ကို စာအုပ်တွေနဲ့ ကျွန်တော် အသေအချာ လေ့ကျင့် ထားပြီး ဖြစ်နေပြီ။ Bass ကိုလည်း Music Arrangement တွေ လုပ်ရင် နားလည်ထားဖို့ စာအုပ်တွေ ဖတ်ပြီး လေ့လာခဲ့တယ်။ ပြောရရင် ၁၉၈ဝ-၈၁ လောက် မှာ အပျော်တမ်း Stage Show တွေ စတီးဖြစ် ပြီ ပေါ့ဗျာ။

အဲဒီတော့ ဂီတ လောက ကို professional တစ်ဦး အဖြစ် ခြေချ ဝင်ခဲ့တဲ့နှစ် ကာလတွေ ကိုလည်း ကျွန်မ တို့ မေ့ထား လို့ မဖြစ်သေးဘူးလေ။

ဟုတ်တယ်ဗျ။ ၁၉၈၆ မှာ ပြည်ပက ပြန်ရောက် လာတဲ့ Play Boy အဖွဲ့က ကိုတင်ဦး သောင်း အသစ် ဖွဲ့ လိုက်တဲ့ The Lovers အဖွဲ့ မှာ။ ကိုကြည်ဝင်း မအားတော့ စီးရီး တချို့ အတွက် တီးပေးဖို့ ခေါ်လို့ ဝင် တီး ဖြစ်ခဲ့တယ်။ အဲဒီမှာ တီးခ ရခဲ့တယ် ဆိုတော့ ခင်ဗျားပြောတဲ့ professional တစ်ဦး ဖြစ်ပြီလို့ဆို နိုင် တယ်ပေါ့။ နောက်တော့ ခု Iron Crossက ကိုဗညား၊ ကိုခင်မောင်သန့်၊ ကိုခရမ်းတို့နဲ့ လင်း Studio မှာ တိုင်းရင်းသား ခရစ်ယာန် ဓမ္မတေးစီး ရီးတွေ အတူ တီးဖြစ် ခဲ့ကြတယ်။ ၁၉၈၉ မှာ The Aces (တေးပန်းချီ) အဖွဲ့ခေါင်းဆောင် ကိုစိုးအောင် လာခေါ်တာ နဲ့ အဲဒီမှာ တီးဖြစ်ခဲ့ပါသေးတယ်။

အဲဒီAces မှာ ရှင် ဘယ်လောက်ကြာတီးခဲ့ လဲ။

အင်း …၁၉၈၉ ကနေ ၁၉၉၆ ထိ၊ ၇ နှစ် ကြာတီးဖြစ်ခဲ့တယ်။

Mo&.Aces  မှာ တော်တော် ကြာခဲ့တာပဲ။ ဒါဖြင့် ရှင့်ရဲ့ ရွှေသံစဉ် ကိုယ်ပိုင် Music Band ကိုရော ဘယ်တုန်း က စတင် တည်ထောင်ခဲ့တာလဲ။ player, member တွေ အကြောင်း နဲ့ လူဝင် လူ ထွက် အပြောင်းအလဲတွေ ဘယ်လိုရှိခဲ့ ဆိုတာ သိချင်ပါသေးတယ်။

 ရွှေသံစဉ်က ၁၉၈ဝ ပြည့်နှစ်မှာ စတည် ထောင်ဖြစ်တာဗျ။ ဆရာ ရှဖစ်ဆီမှာ သင်တန်းတက် ရင်းရင်းနှီးခဲ့တဲ့ သူတွေနဲ့ပါပဲဗျာ။ Bass ကိုကိုဦး၊ အမျိုးသမီး  Drummer စန္ဒြာ၊ Rhythm က သာဓု လို့ခေါ်တဲ့ မောင်မောင်မြင့်၊ သူက မြို့မ ကျောင်းမှာ သူငယ်တန်း ကတည်းက သူငယ်ချင်း ပေါ့။ Rhythm က ဂျမ်းဂျမ်း၊ ဗိုလ်တထောင်ဒေ သ ကောလိပ် အတူတက်ခဲ့တဲ့ ဗညားနိုင်ကKeyboard၊ ဗညားက အခု   IC မှာ။ သူတို့တစ်တွေ နဲ့ ပထမဦးဆုံး Stage Show ကို တာမွေ၊၁၅၇ လမ်း၊ တန်ဆောင်တိုင် ပွဲမှာ စတီး ဖြစ်ခဲ့ကြတာပါ ပဲဗျာ။ နောက်ပိုင်းမှာ ရွှေသံစဉ်က နည်းနည်း လူပြောင်းသွားတယ်။ Bassကို ညီဖြစ်တဲ့ ကျွန်တော့်ရဲ့ ဂစ်တာ လက်ဦးဆရာ ဝင်းဇော် တီး တယ်၊ Drums ကို သူငယ်ချင်း သာဓု၊ Keyboard ကို ကိုမင်းဦး၊ မိုက်တီး (အခု ဒါရိုက်တာ မိုက်တီး ပေါ့)၊ မိုးသူသောင်း၊ ကိုသိန်းဆွေ၊ အောင်မြတ်ထွဋ်၊ ဥက္ကာဦးသာ၊ သိန်းထိုက်အောင်၊ နေတူး တို့နဲ့ ဆက်တီးဖြစ်ခဲ့တယ်။ ၁၉၉၄ မှာ သူငယ်ချင်း သာဓု ဆုံးသွားတော့ သူ့တပည့် ဖဦးထုပ် လို့ခေါ်တဲ့ ခင်မောင်ဝင်းက Drums ဝင်တီးခဲ့တာ အခုထိ ပဲ ဆိုပါတော့ဗျာ။ တစ်ခါ ၂ဝဝ၄ မှာ ကျွန်တော့်ညီ Bass ဝင်းဇော် ပြည်ပ ထွက်သွားတော့ ကိုခင်မောင်လေးရယ်၊ ခြင်ကြီး လို့ခေါ်တဲ့ မြင့်ဇော် ဦးရယ် တီးဖြစ်ခဲ့ ကြတယ်။ ခုတော့ မြင့်ဇော်ဦး ဆက်တီးပေးနေတယ်ဗျ။

၁၉၉၄ နောက်ပိုင်း The Aces အဖွဲ့က စီးရီးတွေ ဆက်မတီးတော့ဘူး လို့ဆုံးဖြတ်လိုက် တော့ The Aces ရဲ့လက်ခံထားတဲ့ စီးရီးတွေ အားလုံးကို ကျွန်တော့် ရဲ့ရွှေ သံစဉ် ကို The Aces အဖွဲ့ ခေါင်းဆောင် ကိုစိုးအောင်က လွှဲပေးခဲ့တဲ့ တယ်ဗျ။ အဲဒီအချိန်က စပြီး ရွှေသံစဉ်က စီးရီး လောကမှာ အောင်မြင်ပြီး အလုပ် အရမ်း များလာ တဲ့ အတွက် အခု Lazy Club ကဂစ်တာသမား နိုင်ဇော့်ကို ရွှေသံစဉ် ရဲ့ ပင်တိုင် ဂစ်တာသမား အဖြစ် ခေါ်ခဲ့ရ သေးတယ်။ အဲဒီတုန်းက နိုင်ဇော် က Lazy Club မရှိသေးဘူး။ Drums ပါကျဲလို့ ခေါ်တဲ့ စိုးသီဟကို လည်းခေါ်ပြီး အင်အားဖြည့်ခဲ့ ရတယ်။ အဲဒီကာလတွေတုန်း က Keyboard သမားလည်း နှစ်ယောက် ထားခဲ့ရ တယ်ဗျ။ ဥက္ကာ ဦးသာ နဲ့သိန်းထိုက် အောင်ပေါ့။ ၂ဝဝ၂ နောက် ပိုင်းမှာမှ နေတူးက ရွှေသံစဉ် မှာ ပင်တိုင်ဝင်တီး ဖြစ်ခဲ့တာ။

ရှင်တို့ ရွှေသံစဉ် အဖွဲ့သားတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်က ဘာလဲ။

ကျွန်တော်တို့ အဖွဲ့သားတွေ အတွက် ဆောင်ပုဒ်ပြောရမလား၊ အယူအဆ ပြောရမလား၊ လက်တွေ့ ကျင့်သုံးတဲ့ မူဝါဒလို့ပဲ ပြောရမလား။ အဲဒါ ကတော့ အချိန်ကို တိကျ စွာလေးစား တန်ဖိုး ထားခြင်းပါပဲ။ ဂီတရဲ့အသက် ဝိညာဉ်ဟာ Timing ပဲဗျ။ ‘လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ့် အချိန်မှာ လုပ်ခြင်း’ ပေါ့။ Timing လွဲရင် ဂီတ မဖြစ်တော့ ပါဘူး၊ ဒီသဘောတရား က ဂီတတစ်ခု တည်းတင် မဟုတ်ပါဘူး၊ တရား ထိုင်ချိန်မှာလည်း အသိနဲ့ သတိ၊ ဝင်လေ နဲ့ထွက်လေ Timing မှန်ရပါတယ်။ ဟင်းချက်ရာ မှာ ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး နိုင်ငံရေး မှာတောင် Timing ဟာ အရေးကြီးဆုံးပါပဲ။

ဒါနဲ့ ရှင် အခု ရောက်နေတဲ့ နေရာကနေ ဖြတ်သန်း ခဲ့ပြီးတဲ့ ဂီတလမ်းကို ပြန်ပြောင်း လှည့် ကြည့်လိုက်ပါဦး။ ရှင့်အတွက် အမှောင်ထု ကြီးစိုး ခဲ့တဲ့ အချိန်ကာလ မျိုး၊ ပြော ရရင် ဂစ်တာ သမား ဖြစ်ပြီး ဂစ်တာ မတီးခဲ့ရတဲ့ အချိန် ကာလမျိုး ရှင့်မှာရှိခဲ့လား။

ဘယ်ပြော ကောင်းမလဲဗျာ အဲဒီကာလ တစ်ခု ကျွန်တော့်ဘဝမှာ တကယ် ရှိခဲ့တာပေါ့။ ကျွန်တော် တို့ညီအစ်ကို နှစ်ယောက် ၁၉၉၆ မှာ ဒေါ်အောင် ဆန်းစုကြည် အတွက် သီချင်း နှစ်ပုဒ် ဖန်တီး ပေးလို့ဆိုပြီး စစ်အစိုးရက ထောင် ၇ နှစ် ချထားခဲ့ တယ်လေ။ အဲဒီကာလ ကျွန်တော် တို့မှာ ဂစ်တာ မရှိဘူး။ ဂစ်တာ မတီးဖြစ်တော့ဘူး။ ဒါပေမဲ့ ကျွန်တော် တို့လုပ်နိုင်တယ်။ ဂီတဖန်တီး တတ်သူ တစ်ဦး အတွက် လက်ထဲမှာ ဂစ်တာ ရှိစရာ မလိုပါ ဘူး။ ဂစ်တာ မရှိဘဲနဲ့ နံရံလေးဖက် ကြားက အမှောင်ထု ထဲမှာ ကျွန်တော် သံစဉ်တွေ ဖန်တီး ဖြစ်ခဲ့တယ်။ ၁၉၉၇ မှာပေါ့။ ဗြိတိန် ကဗျာဆရာ ကစ်ပလင်ရဲ့ IF ကဗျာ ကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြန် ပေးထားတဲ့ ‘အကယ်၍’ ဆိုတဲ့ ကဗျာ စာသားတွေကို ဘဝတူ ကျောင်းသား လူငယ် တွေ ‘ဟာဗျာ’ ရှင်းရှင်း ပြောရရင် နိုင်ငံရေး အကျဉ်း သားတွေပေါ့ဗျာ၊ သူတို့ အတွက် စိတ်ဓာတ် ခွန်အား ဖြစ်စေ ဖို့ ရည်ရွယ်ပြီး သံစဉ်ထည့် သွင်းဖြစ်ခဲ့တယ်။ သီချင်း အမည်က  ‘တကယ်လို့’ ။

ဘုရား သခင်.. အံ့ရော..ဂစ်တာ မရှိဘဲ သံစဉ် တွေ မရရအောင် ရှင် ဖန်တီးနိုင် ခဲ့တယ်… ရှင်က တ ကယ့် သူရဲကောင်းပဲ…။

ဒီလောက် လည်း မဟုတ်ပါဘူး။ ကိုယ်လုပ် နိုင်တာ လုပ်လိုက်တဲ့ သဘောပါပဲ။ နောက်ထပ် ဂစ်တာ မရှိဘဲ ဖန်တီးဖြစ်ခဲ့တဲ့ သီချင်း တစ်ပုဒ်ရှိ သေးတယ်။ ‘ချယ်ရီ’။ ဒီသီချင်း က ၈၈၈၈ က စခဲ့ တဲ့ ဒီမို ကရေစီ တော်လှန်ရေး တိုက်ပွဲ တစ်လျှောက် လမ်းခုလတ်မှာ အကြောင်း အမျိုးမျိုး နဲ့ ကျဆုံးခဲ့ ရတဲ့ သူတွေ၊ ထောင်ထဲတွေ မှာ၊ တောထဲတောင် ထဲ မှာ မိဝေးဖဝေး ဖြစ်ရတဲ့ ကျောင်းသူလေးတွေ အတွက် ရည်ရွယ်ပြီး ဂုဏ်ပြုရေးဖွဲ့ခဲ့တာ။

အဲဒီလို လွတ်မြောက်ဖို့ မသေချာတဲ့ ကာလ၊ အဲဒီ အမှောင်ထု ထဲမှာ ရှင်ဘယ်လို အင်အား နဲ့ ရုန်း ကန် ဖြတ်သန်း ခဲ့တယ် ဆိုတာရော ပြောပြပေးနိုင် မလား။

ဂီတပေါ့။ ကျွန်တော့် အသွေးအသား ထဲမှာ ဂီတသာ မရှိခဲ့ရင် ဒီလို ကျော်ဖြတ်နိုင်ဖို့ မလွယ်ဘူး။ ဂီတ ဟာ နံရံလေးဘက် ကြားက အမှောင်ထုကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့ ခွန်အား တစ်ရပ် ဖြစ်စေခဲ့ တယ်။ လူကိုသာ ချုပ်နှောင် ထားနိုင်ပေမဲ့ ကျွန်တော့် ရင်ထဲက ဂီတ ကိုတော့ ချုပ်နှောင် မထားနိုင်ခဲ့ပါဘူး။ ဂီတဟာ အနှောင်ဖွဲ့ခံ ဘဝမှာ လွတ်လပ် စွာ ပျံသန်း နေနိုင်ခဲ့ပါတယ်။ ဂီတရဲ့ စွမ်းအား၊ ဂီတရဲ့ တွန်းအားကြောင့်ပဲ ကျွန်တော် အမှောင်ထု ရဲ့ ကြီးစိုးမှုအောက်မှာ ကြံ့ကြံ့ခံ ရပ် တည်နိုင်ခဲ့ တယ်ဆို ပါတော့။

စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ အခု အဲဒါတွေ လွန်မြောက် ခဲ့ပါပြီ။ ဒါနဲ့ ဘဝမှာ ဂစ်တာ တီးတဲ့ အလုပ်တစ်ခုပဲ ရှင်လုပ် ခဲ့တာလား။ ဂီတ အနုပညာ နဲ့ ဆက်နွှယ်ပြီး တခြား ဘာတွေ လုပ်ဆောင်ခဲ့သေး လဲ။

ဘဝမှာ ဂစ်တာပဲ တီးတတ်ပြီး ဂစ်တာ နဲ့ပဲ ရပ်တည်ခဲ့တာပါ၊၂ဝဝ၇ မှာတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့လိုအပ်ချက် အရ ဂစ်တာကို တစ်ဖက် ကကိုင်ရင်း ကင်မရာကို လည်း တစ်ဖက် က ကိုင်ခဲ့ ရတယ်။

Video Journalist ပေါ့။ အဓိပ္ပာယ် ရှိတဲ့ အလုပ် တွေ ရှင်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ကျွန်မ ရှင့်ကို အားကျမိပါတယ်။ တစ်ခု သိချင်တာက အကောင်းဆုံး ဂစ်တာ သမား တစ်ယောက်ဖြစ်ဖို့ ရှင်ကိုယ်တိုင် စံထားတဲ့ အရည် အသွေးတွေက ဘာတွေဖြစ်မလဲ။

ခင်ဗျား ပြောသလို ‘အကောင်းဆုံး’ ဆိုတဲ့ အသုံးအနှုန်း ထက် ‘ဂစ်တာသမားကောင်း’ ဆိုတာကိုပဲ စဉ်းစားရအောင်။ ဂစ်တာသမား ကောင်း တစ်ယောက် ဖြစ်ဖို့ ဆို ရင် ပြင်း ထန်တဲ့ ကြိုးစား၊ အားထုတ်၊ သင်ယူ၊ လေ့ကျင့်မှုနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့ စိတ်ပဲ လိုအပ်မှာပါ။

လူတိုင်းမှာ အရူးအမူးတွေ ကိုယ်စီ ရှိကြတယ်။ ရှင့်အာရုံ အလုံးစုံကို စိုးမိုး ခြယ်လှယ်ထားတဲ့ ဂစ်တာသမားတွေ ကရော ဘယ်သူတွေပါလိမ့်။

၁၉၈ဝ ကျော် ကာလတွေမှာ သဘော အကျဆုံး ဂစ်တာသမား က Play Boy Music Band က Lead ဂစ်တာသမား ကိုကြည်ဝင်းသောင်း ပဲဗျ။ ဂစ်တာ မတီး ခင် နိုင်ငံခြား က  Rock သီချင်းတွေ နားထောင် ကတည်းက ရူးရူးမူးမူး ဖြစ်ခဲ့ရတဲ့ ဂစ်တာသမား ကတော့ Deep Purple အဖွဲ့က ဂစ်တာ သမား Ritchie Black More  ပြီးတော့ Queen အဖွဲ့က ဂစ်တာသမား Brian May တို့ပါပဲဗျာ။

မြန်မာပြည်မှာ ပထမဆုံး လုပ်ဖြစ်ခဲ့တဲ့ Guitar Instrumental Show မှာ ဘယ်လိုက ဘယ်လို ဝင်တီး ဖြစ်ခဲ့တာလဲ။ အဲဒီမှာ Instrumental သီချင်းနှစ်ပုဒ် က သာမန် အချစ် သီချင်းမျိုး မဟုတ် ဘူးလို့ သိရတယ်၊ ပြောပြပါဦး။

အဲဒီပွဲအတွက် Lazy Club နိုင်ဇော်က စပြောတာ၊ ပထမတော့ ငြင်းခဲ့ပါသေးတယ်။ လက်ရှိရေစီး ထဲက လူငယ်တွေပဲ တီးကြပါစေပေါ့ ရဆိုတော့၊ ကိုဇော်မျိုးထွဋ် ရဲ့ ဈာပနမှာ နောက်ဆုံး ခရီး လိုက်ပို့ရင်းနဲ့ ညီလေး ချစ်စမ်းမောင်ကပါ ထပ်ပြီးပြောတယ်။ မြန်မာပြည် ရဲ့ ပထမဆုံး Guitar Instrumental Show လည်းဖြစ်လို့ ဂစ်တာ သမား အားလုံး အမှတ်တရ အဖြစ် ပါဝင် စေချင်တာပါ ဆိုတာနဲ့ တီးမယ် လို့ပြောပြီး ဝင်တီး ဖြစ်ခဲ့တာပါပဲ။ အဲဒီပွဲ မှာ နှစ်ပုဒ် တီးရ မယ် ဆိုတော့ ကျွန်တော် ၈၈ အရေး အခင်း အပြီးမှာ ကျောင်းသားတွေရဲ့ တော်လှန်ရေး အကြောင်း ဂီတနဲ့ မှတ်တမ်း တင်ထားဖို့ဆုံးဖြတ်ပြီး ဖန်တီးခဲ့တဲ့ Revolution မြန်မာ လိုတော့ ‘ပျောက် ဆုံးနေသော ဝိညာဉ် များ၏သမိုင်း’ပေါ့။ နောက်တစ်ပုဒ် က၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်း ကင်မရာ ကိုင်ရင်း ထောင်ကျ ခဲ့တုန်းက ထောင်ထဲ မှာ သံဃာတော်တွေ ဦးဆောင် ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး အကြောင်း ပုံဖော် ထားခဲ့တဲ့ Freedom @ The March Of The Safron Robe ဆို တဲ့ instrumental နှစ်ပုဒ် အဆင်သင့် ရှိ တာနဲ့ ကျွန်တော့် ရဲ့ အဖွဲ့သားတွေ နဲ့ တိုင်ပင်ပြီး အဲဒီ နှစ်ပုဒ်ကို တီးဖြစ်ခဲ့ပါတယ်။

ထူးထူးခြားခြား ပုံဖော် ဖန်တီးခဲ့တဲ့ သီချင်း တစ်ပုဒ်၊ ရှင့်ရဲ့ masterpiece ကိုပြောပါ ဆိုရင် အဲဒါ ‘ချယ်ရီ’ လား။

 ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ‘ချယ်ရီ’ သီချင်းက ကျွန်တော်တို့ မတီး ဖြစ်ခဲ့ဘူးဗျ။ ၂ဝဝ၄ မှာ No Way က နိုင်ငံရေး အကျဉ်းသားတွေ အတွက် ပြည်ပ မှာဖြန့်ဖို့ ထောင် တွင်းဖြစ် သီချင်း လှမ်းတောင်းလို့ အဲဒီ သီချင်းကို ပေးလိုက်တော့ အိန္ဒိယ နယ်စပ်မှာ ချင်းတိုင်းရင်းသူ ဇူးဇီ ကဆိုပြီး ချင်း လူမျိုး ဂီတ ပညာရှင် တွေက တီးပေး ထားခဲ့တာ။ ၂ဝဝ၂ တောင်ငူ ထောင်က လွတ်လာတော့ ပထမဆုံး ပုံဖော်ဖြစ်ခဲ့တဲ့ သီချင်းက ‘တကယ်လို့’ ဖြစ်ပါတယ်။  No Way သီဆိုပြီး ကျွန်တော် တို့ ရွှေသံစဉ် အဖွဲ့ နဲ့ ar Studio မှာ အသံသွင်းထား တာပါ။ DVB Entertainment အစီအစဉ်မှာ ထုတ်လွှင့် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ NLD ပညာရေး ကွန်ရက် ရန်ပုံငွေပွဲ မှာ ရွှေသံစဉ် နဲ့ အတူတေး သံရှင် ကက်သရင်း မီးမီးက သီဆိုပေး ခဲ့သေးတယ်။ အဲဒီ သီချင်းကို ဂီတ ပုံစံတစ်မျိုး နဲ့စိတ်ကူး ဖန်တီး ဖြစ်ခဲ့တာပါ။

ရှင်ဖန်တီး လိုက်တဲ့ သီချင်းတွေနဲ့ guitar instrumental တွေက ချစ်၊ ကြိုက်၊ ကွဲ၊ လွမ်း သာမန် သီချင်းတွေ မဟုတ်ဘူး။ ‘ချယ်ရီ’ ဆိုတဲ့ ကျောင်းသူလေး အပါအဝင် အရေး အခင်းကာလ တွေမှာ ပိုးစိုး ပက်စက် သေကျေ ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူ ကျောင်းသားတွေ နဲ့၊ သံဃာတော်တွေ၊ ပြီး အဖိနှိပ်ခံ ပြည်သူ လူထု အဲဒါတွေကို ကိုယ် စား ပြုနေတာ တွေ့ရလို့ ကျွန်မ သိချင်တာက အနုပညာ ဟာ ဘယ်သူ့ အတွက် ဖြစ်သင့်သလဲ ဆိုတာ ရှင့်ရဲ့ အတွင်းသား ထဲက ယုံကြည်ချက် တစ်ခုပါ။

ဂီတမှာ နယ်နိမိတ် ကန့်သတ်မှု မရှိပါဘူး။ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး၊ ကျွန်တော် ဖန်တီးတဲ့ ဂီတဟာ ပရိသတ် အတွက် ဖြစ်ပါတယ်။ အဲဒီ ပရိသတ်မှာ ကန့် သတ်ချက်တွေ မပါရှိပါဘူး။ မြန်မာပြည်သူတွေ အပြင် အခြားသော နိုင်ငံက ဂီတကို မြတ်နိုးကြတဲ့ အားလုံးသော ပရိသတ်တွေ အတွက် ဖြစ်ပါလိမ့်မယ်။

လက်ရှိ ဂီတလောက အပေါ် ရှင့်ရဲ့အတွေး၊ အမြင်၊ အယူအဆ က ဘာပါလိမ့်။

လက်ရှိ ဂီတရေစီးမှာ နည်းစနစ် အပိုင်းတွေ အားသာ လာပြီး သဘောတရား အပိုင်းမှာတော့ အားနည်း လာတယ်လို့တော့ မြင်မိတယ်ဗျ။ ကာရန်မဲ့ ကဗျာရေးဖို့ အတွက် ပထမဆုံး ကာရန် အကြောင်းတော့ သိဖို့ လိုအပ်ပါလိမ့်မယ်။ သမားရိုးကျက ဖောက်ထွက်ဖို့ အတွက် သမား ရိုးကျကို အရင် စူးစမ်း နားလည် ထားဖို့ လိုအပ်ပါ လိမ့်မယ်။

ဂီတဟာ ဘယ်စာလုံးကို ကိုယ်စားပြုမလဲ၊Entertainment လား၊ Exit လား၊ ရှင် ဘယ်လို ထင်လဲ။

ဒါက လူတစ်ဦးချင်းစီ ရဲ့ ဂီတအပေါ် ခံစားနိုင်မှု စွမ်းရည် အခြေ အနေပေါ်မှာ မူတည်လိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ်။ ဖျော်ဖြေရေး လို့ပဲ မြင်တဲ့သူ အ တွက်တော့ Entertainment ပဲပေါ့။ ထွက်ပေါက်လို့ ယုံကြည်သူ အတွက် ဂီတဟာ Exit ပေါ့။ ကျွန်တော့် အတွက် သေချာတာက ဂီတဟာ လွတ်မြောက်မှု ကို ဆောင် ကြဉ်း ပေးနိုင်ပါတယ် ဆိုတာပါပဲ။ ဘာလို့လဲ ဆိုတော့ ဂီတ ဆိုတာ ကိုက အရာရာ အားလုံး၊ သတ်မှတ်ချက်တွေ ကနေ လွတ်မြောက်နေ လို့ပဲ ဖြစ်ပါတယ်။

သိပ်ကောင်းတဲ့ အတွေးပဲ။ ဂီတ ကိုယ်တိုင်ကိုက သတ်မှတ်ချက် အားလုံးကနေ လွတ်မြောက်နေတဲ့ အရာ..ပေါ့။ ကောင်းပါပြီ။ ဒါ နောက်ဆုံးပါပဲ။ အနာဂတ်မှာ ရှင် ဘာတွေကို မျှော်လင့်တကြီး လုပ်ဆောင် သွားချင်ပါသေးသလဲ… ။

ကိုယ့်ကို မွေးဖွား ခွင့်ပေးပြီး နေထိုင်ရှင်သန် ခွင့်ပေးခဲ့တဲ့ ကိုယ့်ရဲ့ တိုင်းပြည်နဲ့ တိုင်းပြည်ထဲက ပြည်သူတွေ အတွက် ကိုယ် တတ်ကျွမ်းတဲ့ ဂီတနဲ့ တစ်စုံ တစ်ခု ပေး ဆပ်ခဲ့ ချင်ပါတယ်။ ဒါကြောင့် အရှင် ဆန္ဒာဓိကရဲ့ မတည်ပေးမှုနဲ့ ၂ဝ၁၃၊ ဇန်ဝါရီလ ၂၇ ရက်နေ့ ကစပြီး ရွှေသံစဉ်ဂီတ ဖောင်ဒေးရှင်း ကို ရွှေသံစဉ် အဖွဲ့သားတွေ နဲ့တည် ထောင်ပြီး ပရဟိတ ကိစ္စတွေကို ဂီတ နဲ့ ဆောင်ရွက် နေပါတယ်။

Zig Zag

စကားပြောသော နေ့စွဲများ FEBRUARY

$
0
0

ဖေဖော်ဝါရီ ဆိုသော စကားလုံးသည် လက်တင် စကားလုံး “Februum”မှ ဆင်းသက် လာပြီး သန့်ရှင်း စင်ကြယ်ခြင်း purification ဟု အဓိပ္ပာယ် ရသည်။ ဖေဖော်ဝါရီ လ တွင် ရက်ပေါင်း ၂၈ ရက်သာ ရှိပြီး ရက်ထပ်နှစ် Leap year တွင် တစ်ရက် ထပ်ပေါင်း၍ ၂၉ ရက်ဖြစ်သည်။

အဆောင်ကျောက်နှင့် ပန်း

ဖေဖော်ဝါရီလဖွား များ၏ အဆောင်ပန်း များမှာ နီလာပန်း violet နှင့် အဝါဖျော့ရောင် ရှိသော Primrose ပန်း တို့ဖြစ်သည်။
အဆောင်ကျောက် အဖြစ် နီလာခရမ်း Amethyst ကျောက် ဖြစ်ပြီး သနား ခြင်း၊ လူသားဆန် ခြင်း၊ ဥာဏ်ပညာနှင့် ရိုးသားမှုကို ကိုယ်စားပြုသည်။

အထိမ်းအမှတ်နေ့ရက်များ

ရက်စဉ် အထိမ်းအမှတ်များ

၁          အမျိုးသားလွတ်မြောက်ရေးနေ့
၎          ပထမဆုံး Facebook သုံးစွဲသော နေ့ Create a Vacuum နေ့
၅          မိုးလေဝသတင်း ကြေညာသူ (Weatherman) နေ့၊ ဘေးအန္တရာယ်နေ့၊
၆          မိုနိုပိုလီ (Monopoly) ကစား ကတ်များ စတင်ရောင်းချသောနေ့၊
၈          Boy Scouts နေ့၊ စွန်လွှတ်ကစားခြင်းနေ့၊
၉         ကွန်ပျူတာ သန့်ရှင်းရေးလုပ် သောနေ့၊
၁ဝ      ထီး Umbrella နေ့၊
၁၁      တီထွင်သူကြီး အယ်ဒီဆင် Edison) မွေးနေ့ Don’t cry Over Spilled Milk နေ့၊ တီထွင်သူများနေ့၊ အဖြူရောင် T -shirt နေ့၊
၁၂      သမ္မတကြီး လင်ကွန်း Abraham Lincoln နေ့၊
၁၄      ချားလ်ရဟက်နေ့၊ Ferris Wheel နေ့၊ ချစ်သူများနေ့၊
၁၆      သမ္မတ President နေ့၊
၁၈      ဘက်ထရီ Battery နေ့၊
၁၉      တရုတ်နှစ်သစ်ကူးနေ့၊ဓာတ်ပုံနေ့
၂ဝ      Love Your Pet နေ့
၂၂      နှိမ့်ချသောနေ့၊ ကမ္ဘာ့အတွေးအခေါ်များနေ့
၂၃      တင်းနစ်နေ့၏
၂၄      Steve Jobs မွေးနေ့
၂၆      Carnival နေ့၊ ပုံပြောသောနေ့
၂၇      ပိုလာဝက်ဝံများနေ့
၂၈      ပန်းဒီဇိုင်း (Floral Design) နေ့

Facebook နေ့
ဖေဖော်ဝါရီလ ၄ ရက်နေ့ ကို ဖေ့ဘွတ် Facebook စတင်သုံး စွဲသောနေ့ အဖြစ် သတ်မှတ် ကြပါ တယ်။ ဘာဖြစ်လို့လဲ ဆို တာ၂ဝဝ၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ မှာ Mark Zuckerberg နဲ့ သူငယ်ချင်း ဟားဗက် ကျောင်းသား တစ်စုဟာ the facebook ဆိုတဲ့ ဝက်ဆိုဒ် တစ်ခုကို စတင် တင်လွှတ် အသုံးပြု ခဲ့လို့ပါပဲ။ ဟားဗက် တက္ကသိုလ် အသိုင်းအဝိုင်း က စခဲ့တဲ့ ဖေ့ဘွတ် ကွန်ရက်ဟာ အခုဆို ကမ္ဘာ့နေရာ အတော် များများကို လွှမ်းခြုံ နေပြီ ဖြစ်ပါတယ်။ ရုံးချုပ် ကတော့ ကယ် လီ ဖိုးနီး ယား ပြည်နယ် Menlo Park မြို့မှာ ရှိပါတယ်။ ၂ဝ၁၄ ခုနှစ် ဇွန်လ အထိ ကမ္ဘာပေါ်မှာ facebook အသုံးပြု သူပေါင်း ၁ ဒသမ ၃ ဘီလီယံ ကျော် ရှိနေ ပါပြီ။

Kite Flying  နေ့

အင်္ဂလိပ် စကားလုံး Kite ကို မြန်မာလို ‘စွန်’ သို့မဟုတ် လေ တံခွန် လို့ခေါ်ကြပါတယ်။ လေတံခွန် ကို ‘ကောင်းကင်သို့ လွှတ် ကစားရသော အရာ’ လို့ မြန်မာ အဘိဓာန် မှာ ဖွင့်ဆို ထားပါ တယ်။ စွန်ကို တရုတ် လူမျိုးတို့က ဘီစီ ၅ ရာစုက စတင်တီထွင် ခဲ့တယ် လို့ သိရပါတယ်။ အေဒီ ၅၄၉ မှာ စက္ကူစွန်တွေ ကို စစ်သတင်း ပေးပို့ရာတွေ မှာ အသုံးပြု ခဲ့ကြပါ တယ်။ စွန်လွှတ်ခြင်း ကစား နည်း ဟာ တရုတ်နိုင်ငံ ကတစ်ဆင့် ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နဲ့ အနောက် နိုင်ငံတွေ ဆီ ပျံ့နှံ့ခဲ့တာပါ။ ယနေ့ ကာလမှာ စွန်လွှတ် ပွဲတော်တွေကို ကမ္ဘာ တစ်ဝန်းမှာ ကျင်းပနေ ကြပါပြီ။ အလှ စွန်လွှတ်ခြင်း က ရှိသလို စွန်ပြိုင်ပွဲ များလည်း ရှိပါတယ်။ ဂျပန်၊ ယူကေ၊ မလေးရှား၊ အင်းဒိုနီးရှား၊ ထိုင်ဝမ်နဲ့ အမေရိ ကန်နိုင်ငံတွေ မှာ စွန်ပြတိုက်တွေ ရှိပါတယ်။ စွန်နဲ့ ပတ်သက်ပြီး ကမ္ဘာကျော် စာရေး ဆရာကြီး Khaled Hosseini ရေးသား တဲ့ The Kite Runner 2003 ဝတ္ထု ဟာ လူကြိုက် များသလို  ရုပ်ရှင် ဇာတ်ကား ဟာလည်း အောင်မြင်ခဲ့ ပါတယ်။

Valentine နေ့

ချစ်သူများနေ့လို့ မြန်မာလူငယ်တို့ သိကြတဲ့ Valentine’s Day ကို Saint Valentine’s Day သို့ the Feast of Saint Valentine လို့လည်း ခေါ်ကြပါ သေးတယ်။ ချစ်သူများနေ့ ရဲ့ သမိုင်းအစ နဲ့ ပတ်သက်ပြီး ဒဏ္ဍာရီ ဇာတ်လမ်း များစွာ ရှိပေမဲ့လည်း  ယင်းနေ့ရဲ့ နက်နဲ သိမ်မွေ့မှု ကို တော့ သံသယ ဖြစ်ဖွယ် မရှိနိုင်ပါ။ ဗယ်လင် တိုင်းနေ့ ဟာ ချစ်သူ စုံတွဲ တွေကြားက အချစ်မျိုး ကိုပဲ ကန့်သတ် ထားတာတော့ မဟုတ်ပါဘူး။ ကမ္ဘာ တစ်ဝန်းက လူပေါင်း များစွာ ဟာ သူတို့နဲ့ မိသားစုတွေ နဲ့ မိတ်ဆွေတွေ အပေါ်ချစ်ခြင်း မေတ္တာ ကိုလည်း ဖော်ပြပြောဆို ကြပါတယ်။ အမေရိကန်နိုင်ငံ မှာဆို ဗယ်လင်တိုင်း နေ့ အထိမ်းအမှတ် သကြားလုံးတွေ ကတ်ပြားတွေ ပန်းတွေ နဲ့ အခြား အမှတ်တရ ပစ္စည်းတွေ အတွက် စုစုပေါင်း ဒေါ်လာသန်းပေါင်း နှစ်ထောင် နီးပါး သုံးစွဲကြပါတယ်လို့ သိရပါ တယ်။ ‘အချစ်စစ်ဟာ တစ္ဆေနဲ့ တူတယ်။ လူပြော သာ များကြတာ တကယ် တွေ့ဖူး ကြုံဖူးသူ နည်း နည်းလေးပါ ဆိုတဲ့ စာကိုး တစ်ခု ရှိပါတယ်။ တစ်ဖက် ပရိသတ်ကြီး လည်း အချစ်စစ် နဲ့တွေ့ရဆုံ ရတဲ့ လူနည်းစု ပဲ ပါ ပါစေလို့ဆုတောင်း ပေးရင်း။

Chinese New Years

 ဖေဖော်ဝါရီလ ရဲ့ အလှဆုံး အထင်ရှား ဆုံး နေ့ရက် များစွာ ထဲက တစ်ခု ကတော့ တရုတ်နှစ်သစ် ကူး နေ့ပဲ ဖြစ် ပါ တယ်။ ၂၃ ရက် နီးပါး ဆင်နွှဲကြတဲ့ နှစ်သစ်ကူး ပွဲတော် ဟာ ၂ဝ၁၅ ခုနှစ် မှာတော့ ဖေဖော် ဝါရီလ ၁၉ ရက်နေ့ မှာ ကျရောက် မှာ ဖြစ်ပါတယ်။

တရုတ် နှစ်သစ်ကူး ပွဲတော်ကို နွေဦး ရာသီ ပွဲတော် Spring Festival လို့လည်း ခေါ်ကြပါ သေး တယ်။ နှစ်သစ် ကူး နေ့ ရောက် ခါနီးတာ နဲ့ ကံဆိုး၊ ကံညံ့တွေပါ သွားအောင် ဆိုပြီး အိမ်တွေကို လှည်းကျင်း သန့်ရှင်းကြပါ တယ် ။ ခြသေ့င်္ အက၊ နဂါး အက များဖြင့် ဖြေဖျော်ကြခြင်း မီးရှူး မီးပန်း၊ ဗြောက်အိုး များ ပစ် ဖောက်ခြင်း တို့ ကို လုပ်ကြ ပါ တယ်။ အန်ပေါင်းရလို့ ကလေးတွေ လည်း ပျော်ကြရတယ် လေ။

၂ဝ၁၅ ခုနှစ်ဟာ တရုတ်နိုင်ငံ သားတွေ အတွက် ဆိတ်နှစ် ဖြစ်ပါ တယ်။ ဆိတ်နှစ်ဖြစ် လို့ အစုအဖွဲ့ နဲ့ လုပ်ရမယ့် သဘောပါ။ တရုတ်ဝေဒ ပညာအရ ဆိတ်နှစ် ဖွားတွေ ဟာ စိတ်သဘောထား နူးညံ့သိမ်မွေ့ ခြင်း၊ အဆိုးမြင်တတ် ကြခြင်း၊ အရှက် အကြောက်ကြီး ခြင်းတို့ ရှိတတ်ပါတယ်။ ဥာဏ် ကောင်းခြင်း တီထွင် ဖန်တီးနိုင် စွမ်းရှိခြင်း၊ တည်ငြိမ် အေးချမ်းစွာ နေတတ် ခြင်းတို့ကြောင့်လည်း လူချစ် လူခင်ပေါများ တတ် ပါတယ်တဲ့။ ဆိတ်နှစ်ဖွားတွေဟာ ဖက်ရှင်နဲ့ အဝတ်အစား အတွက် အသုံး အဖြုန်းကြီး တတ် ကြတယ်လို့ လည်း ဆိုထားတယ်။ ကံကောင်း စေမယ့် အရောင်တွေကတော့ အစိမ်း၊ အနီ၊ ခရမ်းရောင် တို့ဖြစ်ပြီး ကံကောင်းစေတဲ့ ကိန်းဂဏန်း တွေကတော့ ၂ နဲ့ ၇ တို့ဖြစ်ကြပါ တယ်။

Floral Design  နေ့

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ဟာ Floral Design နေ့ပါ။ ပန်းဒီ ဇိုင်း ဆိုတာ ပန်းပွင့် ကလေးတွေ နဲ့ အခြား ပစ္စည်းလေးတွေ ကို ဖြစ်ချင် စဖွယ်လှပ တင့်တယ်အောင် ပေါင်း စပ်ပြင်ဆင်ခြင်း အနုပညာ တစ်ရပ် လို့ ဆိုနိုင် ပါတယ်။ ပန်း အလှ ပြင်ဆင်ခြင်း ဟာ ရှေးနှစ်ပေါင်း များစွာကတည်း က ရှိခဲ့ကြောင်း အထောက် အထား  များစွာ ရှိပါတယ်။ အရှေ့တိုင်း၊ အနောက်တိုင်း Zebra နဲ့ ဥရောပ ပန်းဒီဇိုင်း စသဖြင့် ပုံစံမျိုးစုံ ရှိပါ တယ်။ Ikebana လို့ခေါ် တဲ့ ဂျပန်ပန်း အလှပြင်ခြင်းမှာ အဓိက လိုင်း သုံးလိုင်းပါ ရှိပြီး ကောင်းကင် ဘုံ လူသား နဲ့ မြေကြီးကို ကိုယ်စား ပြု ပါတယ်။

ပန်း ဒီဇိုင်းတွေထဲ မှာ ပန်းခွေ၊ ပန်းစည်း၊ ပန်းကုံး၊ ပန်းဆိုင်း၊ ရင် ထိုးပန်းခိုင် လုပ်ခြင်း တို့လည်း ပါဝင် ပါတယ်။ ကမ္ဘာကျော် ပန်း ဒီဇိုင်း ပညာရှင်တွေ ထဲ မှာ Daniel Ost (ဘယ်လဂျီယံ) Judith Blacklock၊ Stanlee Ray Gatti၊ Irene Hayes ၊ Junichi Kakizaki (ဂျပန်) ၊  Paula Pryke (အင်္ဂလန်) Phil Rulloda Constance Spry ၊ Jennifer McGarigle နဲ့ the white House Chief Floral Designer အဖွဲ့ဝင်များ ပါဝင်ပါ တယ်။

နွေနိဒါန်း

Strategic Notes

$
0
0

ဖေဖော်ဝါရီလ ၄ ရက်နေ့ကို Facebook စတင် သုံးစွဲတဲ့နေ့ အဖြစ် သတ်မှတ် ထားပါတယ်။ မြန်မာပြည် မှာလည်း Facebook ကို လူတိုင်း လိုလို အသုံးပြုနေ ကြပြီး လူငယ် တိုင်း စွဲလမ်းနေ တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook နဲ့ပြဿနာဖြစ်ကြရသူ၊ နစ်နာခဲ့ရသူ တွေ၊ ခြိမ်းခြောက်ခံ ရသူရှိနေပါတယ်။ ဒီလရဲ့ Strategic Notes ကိုတော့ Facebook အသုံးပြုသူတွေ အတွက် သိထားရမယ့် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို သတိထား မိစေဖို့ ရည်ရွယ်ပြီး တင်ဆက်လိုက် ပါ တယ်။

ကိုကို (စက်မှုတက္ကသိုလ်)

အခု ကျွန်တော်တို့ တစ်တွေ သုံးနေကြတဲ့ Facebook ဆိုတာ Social Media ပါ။ News Media မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ဒီမှာ ဖြစ် နေတာက Facebook ကို သတင်း မီဒီယာလို့ လူတွေက မြင်နေကြတာပါပဲ။ Social Media ဆိုတာ လူမှုကွန်ရက်ပဲ။ Facebook ကိုစပြီး တည်ထောင်ခဲ့တဲ့ Mark Zuckerberg ကလည်း လူမှု ကွန်ရက် အတွက်ပဲ လုပ်ခဲ့တာပါ။ ဒါပေမဲ့ မြန်မာပြည် မှာတော့ Facebook မှာ သတင်း အချက် အလက်တွေကို တင်တဲ့ သတင်း မီဒီယာ ပုံစံမျိုး ပြောင်းလဲ လာခဲ့တယ်။ လူတွေ နားလည် ဖို့က လူမှု ကွန်ရက်ပါပဲလို့ ဆိုတာပေါ့။ အဲဒီလို နား မလည် ရင်တော့ ရှုပ်ထွေးမှုတွေ အများကြီး ဖြစ်တာပေါ့။  Social Media အသုံးပြုမှုကMobile Phone အသုံးပြု များ လာသလို ပိုပြီး ကျယ်ပြန့်လာတာပဲ။ သန်း နဲ့ချီပြီး သုံးနေကြ တယ်။ Social Meida သုံးဖို့ ဘာတွေသိထား ရမလဲ ဆိုတော့ ဥပမာ – ကားမောင်းဖို့ ယာဉ် စည်းကမ်း၊ လမ်းယာဉ် စည်းကမ်း သိထားမှ အန္တရာယ် ကင်းမယ်။ ဒီလိုပါပဲ။ Social Media သုံးရင်လည်း Dos and Don’t တွေ ရှိပါတယ်။ ဒါတွေ မသိထားရင် မလို လားအပ် တဲ့ ပြဿနာ တွေ ဖြစ်တော့တာပါပဲ။ အခုခေတ်မှာ Facebook ဟာ လူတစ်ဦး တစ်ယောက် အတွက် မရှိမဖြစ် လိုတဲ့ tools တစ်ခုလိုတောင် ဖြစ်နေ တယ်။ မြန်မာ စကားပုံလည်း ရှိပါတယ်။ သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေး ဆို တာ လိုပေါ့။ ဒါပေမဲ့ လောလောဆယ် သုံးနေတဲ့ သူတွေကို ကျင့်ဝတ်တွေ နားလည်ဖို့ ဘယ်သူ တွေက တာဝန်ယူ မှာ လဲပေါ့။ တစ်ခါတုန်းက Social Media နဲ့ ပတ်သက်တဲ့ ပြဿနာကြီးကြီး တက်သွား ပြီးခါစမှာ လှိုင်တက္ကသိုလ်မှာ Social Media နဲ့ ပတ်သက်တဲ့ Forum လေးကို ကျွန်တော် တက်ဖူးတယ်။ အဲဒီမှာ ကျွန်တော် တို့တွေ ဝိုင်း ပြီး ဆွေးနွေး ကြတယ်။ ပြဿနာရဲ့ အဖြေကို ရှာခဲ့ကြဖူးတယ်။ အဲဒီမှာ ရတဲ့အဖြေ က Social Meida ကို ကျင့်ဝတ် နဲ့ အညီ သုံးတတ်အောင် ပညာပေး ရမယ်ပေါ့။ ဒါပေမဲ့ အဲဒီ ပညာကို ဘယ်သူက ပေးမလဲ ဆိုတာပဲ။ ကျွန်တော့် အနေ နဲ့ ပြောရ ရင်တော့ အခု  MPT, Ooredoo, Telenor, ရတနာပုံ ရှိတယ်။ ဒီ Operator လေးခုက တာဝန် ယူစေ ချင်တယ်။ Facebook free တို့ဘာတို့ ကြော်ငြာ ကြတယ် လေ။ အဲဒီမှာ  Social Media သုံးရင် Dos and Don’t ကို လက်ကမ်း စာစောင်လေးနဲ့ ပေးရင် ကောင်းတာပေါ့။  Sims Card ဝယ်ရင် ဒါလေးပေး လိုက်ပေါ့။ သူတို့က အခြေ ခံ အကျဆုံး အပိုင်းမှာ ရှိတာ ပဲ။ ဟောပြော ပွဲတွေ၊ News Media တွေမှာ ပြောနေတာ ထက်စာရင် အဲဒီလို လုပ်တာက ပိုပြီး ထိရောက်မှု ရှိတယ်။ ကျွန်တော် ပြောရ ရင်တော့ Facebook သုံးတဲ့ သူက Share နဲ့ Like ရဲ့ အဓိပ္ပာယ်ကို ကောင်း ကောင်း သိထားဖို့ပဲ။ Share လုပ်သင့်တာလား၊ Like လုပ်သင့်လား ဆိုတာ သိထားရမယ်။ မခိုင်လုံတဲ့ အကြောင်းအရာ တစ်ခုကို ဝိုင်း Share  ရင်းနဲ့ မကျယ်ပြန့်သင့်ဘဲ ကျယ်ပြန့်သွား တာတွေရှိတယ်။ နောက်ပြီး ကျွန်တော်တို့ သတင်းသမားတွေ Social Media သုံးရင် သတိထား ရမယ့် အရာပဲ။ နိုင်ငံ တကာတွေ မှာ ဆိုရင် သတင်း အဖွဲ့အစည်းတွေ မှာ Social Media သုံး Guideline တွေရှိတယ်။ ဆိုလိုချင် တာက တခြားသော သူက Social Meida မှာ Status တစ်ခု တင်လိုက်တာနဲ့ သတင်းသမား တစ်ယောက် က status တစ်ခုတင်တာမှာ မတူဘူး။ သတင်းသမား ကို လူတွေ က ပိုပြီး ယုံတတ် ကြတယ်။ ဒါကြောင့် သတင်း သမား တွေက လက်လွတ် စပယ် Status မျိုး မတင် သင့်ဘူး။ မခိုင်လုံတာတွေ ကို Status မတင်မိဖို့ လိုတယ်။ ဝမ်းနည်း စရာ တွေ့နေ ရတာက သတင်း သမားတွေ ကိုယ်တိုင် အဲဒီကျင့်ဝတ်တွေ ကို မသိကြတာတွေပဲ။ မတင်သင့်တဲ့ ပုံမျိုးတွေ တင်ကြတယ်။ Share တွေ လုပ်ကြ တယ်။ နောက်ပြီး ကိုယ့်တိုက်က သတင်း မ ထုတ်ပြန် ရ သေးခင်မှာ ကိုယ့်ရဲ့ကိုယ်ပိုင် Wall မှာ မတင်မိ ဖို့ပါပဲ။ ဒါတွေ နားလည် ထားရမယ်။ ကျွန်တော့် ဆီမှာ လွဲနေတာ က ကျင့်ဝတ်နဲ့ လွတ်လပ် စွာ ရေး သား ဖော်ထုတ်ခွင့် နဲ့ မတူပါဘူး။ ကျင့်ဝတ် က လွတ်လပ်စွာ ရေးသားခွင့်ကို ပိတ်ပင်ထားတာ မဟုတ်ပါဘူး။ ကျင့်ဝတ် ဆိုတာ က နေရာ တိုင်း မှာ ရှိပြီး တလေးတစား နဲ့ လိုက်နာ သင့်တာ ပေါ့။

ဟန်သီ

ညီမက Facebook ကို အရင် ကတည်းက သုံးတာပါ၊ သုံးဖြစ်တယ်ပေါ့။ ညီမအတွက် Facebook သုံးလို့ရတဲ့ အကျိုးကတော့ ပရိသတ်တွေနဲ့ ထိတွေ့ခွင့် ရ တယ်။ နောက်ပြီး ညီမရဲ့လုပ်ဆောင်ချက်တွေ ကိုလည်း အချိန်နဲ့ အမျှ ကိုယ့် ပရိသတ်တွေ ကို ပြောပြနိုင်တယ်။ နောက်ပြီး ကိုယ့်အတွက် ကိုယ့် Friend တွေ အတွက် အကျိုး ရှိစေမယ့် ဗဟုသုတရစေမဲ့ Status မျိုးလေးတွေကို Share ပေးလို့ ရတယ်။ နောက်ပြီး နိုင်ငံ ရပ်ခြားက ဆွေမျိုး၊ သူငယ်ချင်း တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင် တယ်။ ညီမ အတွက် အသိသာဆုံး ကောင်းကျိုး ဆိုရင် ပြီးခဲ့ တဲ့ Miss Supranational ပွဲမှာ Vote  ပေးရတဲ့ ကိစ္စပေါ့။ ဒီလို Vote လေးတွေပေးလို့ ရပါတယ် ဆိုတာကို ညီမက Facebook ကနေ ကြော်ငြာ ပေးတယ်။ Voting ကြောင့် ညီမက Miss Internet ဆုရခဲ့ တယ်။ Facebook သုံးတာ ကြောင့် စိတ်အနှောင့် အယှက်ဖြစ် ရတာ က တော့ Facebook က သတင်းပျံ့တာ အရမ်း မြန်တယ်။ ကောလာဟလတွေ များတယ်။ အဲဒါတွေ ကိုတော့ စိတ်ညစ်တယ်။ ညီမ ကတော့ ညီမ ရဲ့ Status တွေ ဓာတ်ပုံ တွေ အောက်မှာ Comment  တွေရေးရင် ကောင်းတာလေးတွေ လိုအပ် တာလေးတွေ ဝေဖန်ပေး ရင် Like လုပ် ပေးပါတယ်။ ကိုယ့်ကို အရမ်း မကောင်းပြောလာ ရင် လည်း ဘာမှ မတုံ့ပြန် ပါဘူး။ နောက်ကို အမှားအယွင်း မဖြစ်အောင်ပဲ ဆင်ခြင်ပြီး နေလိုက်တယ်။ ညီမကတော့ Facebook ကို တော် သင့်ရုံပဲ သုံးပါတယ်။ အမြဲ တမ်း Facebook ဖြစ်နေ တာ မျိုးတော့ မလုပ်ပါဘူး။ Facebook က ကောင်းအောင် သုံးရင် အရမ်း အကျိုးများပါတယ်။

 

Patricia

ညီမက Facebook ကို ၂ဝ၁၁ ခုနှစ် လောက် ကတည်းကပဲ။ အခုလည်း သုံးပါတယ်။ ညီမရဲ့ နာမည်Patricia ဆိုတဲ့ နာမည် နဲ့ပါပဲ။ facebook သုံးတော့ ညီမ တို့လို အနုပညာ အလုပ်တွေ လုပ်တဲ့ သူတွေ အတွက်က အကျိုး ရှိတာတွေ ရှိပါတယ်။ အခုခေတ်က  facebook သုံးတဲ့သူက အရမ်း များကြတယ်လေ။ ဒီတော့ ညီမတို့ကို လူပို သိစေ တယ်။ နောက်ပြီး ကိုယ် ဆက်လုပ်မယ့် အနုပညာ အလုပ်တွေ အတွက် အထောက်အကူ ဖြစ်စေတယ်။ ဒါက ကောင်းတဲ့ အချက်ပေါ့နော်။ ဆိုးတာက ကျတော့ လူချင်း အပြင် မှာတွေ့ရင် အားနာပြီး မပြောဖြစ်မယ့် စကား မျိုးတွေကို Comment မှာကျတော့ နစ်နစ် နာနာတွေ ရေးကြ၊ ကဲ့ရဲ့ပစ်တင်ကြ၊ ရန်သူလို တိုက်ခိုက် စ ကားတွေ ရေးကြနဲ့။ ဒါတွေ ကိုတော့ ခံရပါတယ်။ ညီမက အရင်တုန်း ကတော့ သိပ် နားမလည်တော့ ဒါမျိုးတွေဆို ကိုယ် ကလည်း တုံ့ပြန် တဲ့ Comment  တွေ ရေးဖြစ် ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီလိုတွေ မလုပ်ဖြစ်တော့ဘူး။ ဘာမှ ပြန် မရေးတော့ပါဘူး။ နောက်ပြီး ညီမက Comment တွေ၊ Like တွေ သိပ်မလုပ်ဖြစ်ဘူး။ ကိုယ့် Wall ပေါ် မှာ ပရိသတ် အတွက် Reply Comment တော့ ရေးပါတယ်။ သူငယ်ချင်းတွေ နဲ့ဆိုလည်း Comment တွေ သူ တို့ Wall တွေပေါ်မှာ မရေးဘူး။ Chat Box ကနေ ပဲ ရေးဖြစ်တယ်။ နောက်ပြီး ညီမက Share လုပ်ရင် လည်း Hollywood က Celebrities တွေရဲ့ ကောင်း သတင်းလေးတွေ၊ နောက်ပြီး ညီမရဲ့ ခံစားချက်နဲ့ တိုက်ဆိုင် တဲ့ ခံစားမှု စာစုလေးတွေဆို Share လုပ်ဖြစ်တယ်။ Facebook သုံးတဲ့ ပရိသတ်ကို ပြောချင်တာကတော့ အထူး သဖြင့် မိန်းကလေး တွေပေါ့။ ကိုယ့် ဓာတ်ပုံတွေ ကို အရမ်း မတင်စေ ချင်ဘူး။ ကိုယ့်ပုံကို မကောင်း တဲ့ site တွေ ကယူ ပြီး အလွဲသုံးစား လုပ်လိုက်မှာ စိုးရတယ်။ နောက်ပြီး ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ သူရဲ့ wall မှာ comment တွေ အရမ်း မရေးစေချင်ဘူး။ အန္တရာယ်ဖြစ်မှာတွေ စိုးရလို့ပါ။

ဖြိုးစုပိုပို


တောက်တီးတောက်တဲ့

$
0
0

နာမည်ကြီး (လူနဲ့မိုက်နဲ့ပေါင်းမိ သွားတဲ့ နာမည်ကြီးလူမိုက်)

မောင်တောက်တီးတို့ ရပ်ကွက်မှာ လွပ်လပ်ရေးနေ့ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်တုန်းက အဖြစ်လေး ပြောပြရဦးမယ်။ ရပ်ကွက် လူကြီး မဟုတ်ပေမဲ့ ရပ်ကွက်ထဲမှာ ဘာပဲ လုပ်လုပ် မိုက်ကိုင်ပြီးဘာဘာ ညာညာပြောနေရရင် ထမင်းမစား ဘဲလည်းနေနိုင် တဲ့ ကိုလူလှ ဆိုတာ ရှိသဗျ။ ရပ်ကွက် လူကြီးတွေက လည်း ဘာပွဲညာပွဲ လုပ်သမျှ မိုက် ကနေပြောပေးဖို့ သူ့ပဲ အားကိုး ကြ ရတယ်။ သူကလည်း ဒါမျိုးဆို ထမင်းမေ့ ဟင်းမေ့ ဆိုတော့ ကွက်တိပေါ့ဗျာ။

ဒါနဲ့ပဲ လွတ်လပ်ရေးနေ့ ကစား ပွဲတွေ လုပ်ကြတဲ့အခါမှာလဲ သူက မိုက်ကနေ ဟိုပြောသည်ပြော ဟိုကြေညာ သည်ကြေ ညာပေါ့။ ပြီးတော့ သူကိုယ်တိုင် လည်း ဝင်ကြဲ လိုက်ချင်သေး သတဲ့။ သူက ငယ်ငယ် ကတည်းက ခေါင်းအုံးရိုက် ချန်ပီ ယန်လေ။ ခေါင်းအုံး ရိုက်ပွဲ မှန်သမျှ သူနိုင်တာချည်းပဲတဲ့။ ဒါကြောင့် ခုလည်း သူဝင် ရိုက်ချင် သေး တယ် ဆိုတော့ ရပ်ကွက် လူကြီး တွေက မတော်ပါဘူး။ ခင်ဗျားက ဒိုင်ထဲမှာလည်း ပါ၊ ပွဲကြေညာသူ လည်း ဖြစ်နေပြန်တော့ ကိုယ်တိုင် ဝင်မပါပါ နဲ့တော့ ဆို ပြီး တော်တော် တောင်းပန် ထားရတာ။ သူလည်း မိုက် မကိုင်ရမှာ စိုးလို့သာ လက် လျှော့လိုက်ရတယ် ခေါင်းအုံး ဝင်ရိုက်ချင် စိတ် ကတော့ လျော့ပုံ မရဘူး။

ဒီလိုနဲ့ပဲ အားကစားနည်း တွေ အစုံ လုပ်ပြီးတဲ့နောက် ခေါင်းအုံးရိုက် ချန်ပီယံပွဲရောက် လာတာပေါ့လေ။ အဲဒီမှာ ကိုလူလှ ရဲ့ အစီအစဉ် ကြေညာသံတွေ ဟာ အင်မတန်မှ ကို အသက်ဝင်အား ပါလာတော့တာပဲ။ ကြည့်ရတာ ဝင်ရိုက်နေသမျှ ကလေးတွေကို သူ အားရပုံ မပေါ်ဘူး။ သူကြေညာ နေတဲ့အထဲ မှာ တောက်ခေါက်သံ တွေ ကြိတ် မနိုင်ခဲမရ စကားတွေ အား မလို အားမရအသံတွေ ပါနေ သဗျ။

ကိုင်း … နောက်ဆုံးတော့ ချန်ပီယံကို ဆုပေးရတော့ တာပေါ့ လေ။ ခေါင်းအုံးရိုက် ပထမဆုရ မောင်ဘယ်သူ ဆုယူရန် ကြွ ပါပေါ့။ ခေါင်းအုံးရိုက် ပထမဆုအား ရပ်ကွက် လူကြီး ဦးဘယ်သူက ဆုချီးမြှင့်ပေးပါ ရန် ဖိတ်ခေါ်အပ် ပါသည်ပေါ့။ ဆုပေး တဲ့သူက ပေး ယူတဲ့သူ က ယူပြီးလို့ စင်ပေါ်က ဆင်းခါနီးကျမှ… ”ဟေ့ကောင် …ငါဝင် မရိုက် လိုက်ရလို့ မင်း ပထမ ရ သွား တယ် မှတ်… ရီးပဲ …ဆိုတဲ့ အသံကြီး လော်ကနေ ထွက်လာ ပါလေရော။ တခြားသူ ဟုတ်ရိုးလား ကိုလူလှပဲပေါ့။ ဆုရ တဲ့ ကောင်လေး ကို အားမလို အား မရဖြစ် တာကြောင့် မကျေနပ် သံကြီးနဲ့ မိုက်ကို ခလုပ်မပိတ်ဘဲ လှမ်းပြောလိုက်တော့ တစ်ရပ်ကွက် လုံး သူ့အသံကြီး မကြားချင်မှအဆုံး ပေါ့။ ရယ်တဲ့သူက ရယ် သနားတဲ့ သူက သနားပေါ့ဗျာ။

ဒါပေမဲ့ တစ်ခု ထူးဆန်းတာက တော့ နောက်နေ့က စပြီး ရပ်ကွက် ထဲမှာ ဝေါဟာရ အသစ်တစ်မျိုး ပေါ်လာသဗျ။ ယောက်ျားလေးတွေ အချင်းချင်း ဆဲကြ ဆိုကြရင် ”မင်း တော့ ကွာ ကိုလူလှပဲ” ”ဟေ့ကောင် ကိုလူလှလား…” ”ကိုလူလှပဲကွာ …မကျေနပ်လည်နေ” စသည် ဖြင့် ပြောလာ ကြတော့တာပဲဗျို့ …။ ဒါနဲ့ မင်းတို့ ပြောနေကြတာ က ဘာအဓိပ္ပာယ် လဲလို့ မောင် တောက်တီး ကမေးကြည့်တော့

”ဦးတောက်တီး ကလည်းဗျာ … မသိချင်ယောင် ဆောင်နေပြန်ပြီ။ ဟိုနေ့က ကိုလူလှဆဲတဲ့ အသံကြီး မကြားလိုက် ဘူးလား။ အဲ … အခု ကျွန်တော်တို့ သူ့နာမည် ကို ပြော တာက … အဲဒီ သူဆဲတဲ့ ဟာပဲပေါ့ဗျာ” လို့ ကောင်လေးတွေ ကပြန်ဖြေသဗျ။ ကိုလူလှတို့ နာမည် ကြီးပုံများ အဲသလို အဲသလို…။ ဟီးဟီး …။

အဲဒါပေါ့ လူနဲ့ မိုက်နဲ့ပေါင်း မိသွားရင် လူမိုက်ဖြစ်ကုန်တာများ သဗျို့။

အတင်းချုပ်

တောက်တဲ့မ ချန်မယ်မှ ၂ဝ၁၅နှစ်ဦး နဲ့ အကယ်ဒမီ အတင်းချုပ် များကို စတင် ကြေညာ ပါတော့ မယ်။
တစ်လောက မန္တလေးမှာ ကားပြပွဲ တစ်ခု လုပ်တာ၊ အညာသား များ နားကား မျက်စိပြူးဖြစ် ရလောက်အောင် ရေစိုပျိုမေတွေ အလှက တိုးနေ တာကိုး။ အင်းဝ နန်းတော် မှသည် ရတနာပုံ နန်းတော်ကြီး ထိ မကျွတ်လွတ်သေးတဲ့ နန်းတွင်းသူ နန်းတွင်းသား များလည်း အကျော ပေး လိုက် ရတာ ကို တောက် တခေါက်ခေါက် မချင့် မရဲ ဖြစ် ကြရ ကြောင်း ပါတဲ့။

အကယ်ဒမီ ပွဲကြီး နီးလာပြီ ဆိုတုန်း ကလည်း တောက်တဲ့မ တို့ ရုတ်ရုတ် သဲသဲ။ အကယ်ဒမီ ပွဲကြီး ပြီးပါပြီ ဆိုပေမဲ့လည်း မပြီးနိုင်တဲ့ ဂယက်ကြား မှာ တောက်တဲ့မ တို့ လည်း တဝဲလည် လည်ပေါ့လေ။

ပြင်ဆင်တုန်း ကလည်း ရွှေကြိုရွေးတဲ့ ရက်တွေမှာ ရွှေကြို မောင်မယ်တွေ က အမျိုးမျိုး။ အန်ကယ်လေး နဲ့ အဖွဲ့လည်း သွေး တွေတိုးပေါ့။ ဒီနှစ် အကယ်ဒမီ ကတော့ ပြော စရာဇာတ်လမ်းလေး တွေနဲ့ ဝေဆာနေတာ ကိုက အောင် မြင်မှုလို့ပဲ ဆိုရမယ်။ ဇာတ်စင် နောက်မှာလည်း ဆင် ၃ ကောင် ပျောက်တဲ့ အမှု (စပွန်ဆာ ဆင် ၉ ကောင် ဖိနပ်ကို ဆင် ၆ ကောင်လို့  ကြော်ငြာနေတာကိုး) ရွှေစင်ရုပ် စောင့်မယ့်သူ ပျောက်နေတဲ့အမှု ခိုးမယ့်သူ ရှိလို့ ပါသွားရင်တော့ ဒီနှစ် အကယ်ဒမီပွဲ ပိုမြိုင်နေမှာ မလွဲဘူး) ရုပ်ရှင် လောကသား များ လည်း ကိုယ့်ပရိသတ်ကို အကယ် ဒမီပွဲမှာ စတန့်မျိုးစုံနဲ့ လုပ်ပြ လိုပါက You Tube မှာ အော်စကာ ပွဲတွေကို နှစ်အလိုက် တင်ထား တာ ရှိကြောင်းပါကွယ်။

ရွှေပွဲလာ အနုပညာရှင်တွေ ကော၊ အနုပညာ ဝါသနာရှင်တွေ ကောရဲ့ ဝတ်စား ဆင်ယင်မှုတွေက တော့ ဖက်ရှင် ဒီဇိုင်နာ ဆိုပြီး လုပ် လွှတ်လိုက် သူတွေရဲ့ စိတ်ကူးရ သ လို ကြုံရာ ကောက်ကက် လုပ်လိုက်တာ တွေက များပါတယ်။ ယောက်ျား လေးများကလည်း ဆင်ပေးတဲ့ သူတွေကို မပြောသာဘဲ ဝတ်လာ လိုက်ကြတာ မိန်း ကလေးတွေ နဲ့ နင်လား ငါလားတောင် ဖြစ်နေပါပြီ။ ယောက်ျားလေး တစ်ယောက်ရဲ့ စန်းဟာ သူ့ရဲ့တည်ကြည်မှု၊ အလုပ် အပေါ် အာရုံ စူးစိုက်မှု၊ ဆိုင်ရာကျင့်ဝတ် များနဲ့ အညီ နေ ထိုင်မှုတွေပေါ်ပဲ မူတည်တာမို့  အရမ်းဆန်းတဲ့ ဖက်ရှင်တွေ နဲ့ မဆွဲဆောင်နိုင်ဘူး ဆိုတာလေး တော့ တောက်တဲ့မတို့ မိန်းကလေး ကြိုက်ကို ဖွင့်ပြောပါရစေကွယ်။

မကြည့်သင့်ပါလို့ ပြောတဲ့ ဇာတ်ကားတွေက ပိုပေါက်နေတာ တွေတွေ့ရတော့ တောက်တဲ့မ တို့ လည်း ကိုယ်ပြောတဲ့ ကပ်သီးကပ် သတ်တွေကို ‘ဖတ်ညွှန်း မလုပ် သင့် သော စာများ’ လို့ တစ်ယောက် ယောက်နဲ့ ပြောခိုင်းဦးမှ။ ဇာတ် သိမ်းထိမကြည့် နဲ့ ဆိုတာကို ကြည့် ဖြစ်အောင် ဆင်ဆာ အဖွဲ့က လုပ် ပေးသ လိုမျိုး The Interview ဇာတ်ကားကို မြောက်ကိုရီးယား က တားမြစ်ပြီး ပရိုမိုးရှင်း လုပ်တာမျိုး လေးတွေက မိုက်တယ်နော်။ ဘာပြောနေနေ တောက်တဲ့မ က တော့ လက်တစ်ဖက် နဲ့ လေယာဉ် မောင်းတဲ့ ကင်(မ်)ကျုံအန် ကို တိတ်တခိုးလေး ခိုက်နေကြောင်း ပါကွယ်။ ခုလိုပြောချင်ရာ ပြော၊ ရေးချင်ရာ ရေးနေတဲ့ တောက်တဲ့မ တို့ မီဒီယာသမားတွေ လည်း ပါရီ ကိစ္စဖြစ်ပြီး ကတည်းက မြေအောက် ခန်းမမှာ တိုးတိုးတိတ်တိတ် အစည်းအဝေး လုပ်နေကြကြောင်း ပါကွယ်။

သရုပ်ဆောင် တစ်ယောက်ရဲ့ လက်လွန်မှုကြောင့် လူသေမှုဖြစ်ခဲ့တဲ့ အခင်း မတိုင်ခင်မှာ အဆိုပါ သရုပ်ဆောင်ရဲ့ တစ်ကိုယ်လုံး ဆေးမင်ကြောင် ထိုးထားတဲ့ ပုံ ဖေ့စဘွတ် မှာ တက်လာတာကို တွေ့လိုက်ရ ပါတယ်။ အသား ပေါ်က အရုပ်တွေပဲ ဆေးထလာ သလား၊ အရုပ်ပိုင်ရှင်တွေပဲ လမိုင်း ပူးကပ်လာသလား ဆို တာ တောက်တဲ့မ တို့ လိုက်မမီလို့ အတွေး ပွားနေရတယ်။

ဖေ့ဘွတ်ကြီးမှာလည်း ဂရု တွေဖွဲ့တဲ့ အခါ ကိုယ်တွေလည်း (ကန့်လန့်) ပါတာမျိုးတွေ ရှိပါ တယ်။ ဂရုထဲမှာ ဆရာ လုပ်လိုသူ တွေကြောင့် ပြဿနာတွေ ဖြစ် ကွဲပြဲကြတဲ့ အခါ တစ်ယောက် account တစ်ယောက် က ဟက် Hack နဲ့ social တွေ ကနေ antisocial တွေဖြစ်ကြလေ့ ရှိတတ်တာလည်း သင်္ခါရလောက သားတွေ သင်ခန်းစာ ယူစရာပါ။ ဖေ့စဘွတ် မှာ ဒီကနေ့ ဟီးရိုး ဖြစ်ပေမဲ့ နောက်တစ်နေ့ ဇီးရိုး ဖြစ်သွားသူ တွေလည်း မရှား။

ကုမ္ပဏီတွေ ဈေးကွက် ထဲမှာ merchandizing လုပ်တဲ့ အခါ (အူရဒူးနဲ့ တယ်လီနော တို့အပါ) ရန်ဖြစ်ကြ တာကြည့်ပြီး သြော် … ငတို့ လူမျိုးတွေ လည်း နိုင်ငံ ခြား သားအကျိုး စီးပွား အတွက် ကိုယ့်အချင်းချင်း ရန်စွယ်ငေါ ကြတာ နိုင်ငံရေး တင်မက စီးပွားရေး တွေမှာပါ မြင်လာရတာ ရင်လေး မိပါရဲ့။ ကဲ … ရပ်ကွက်လူကြီး များ အရည် အချင်းမှာ လက်ဝှေ့ ဒိုင် လုပ်ဖူးပါက ဦးစားပေး ပါမယ် ဆိုတဲ့ အကြောင်း တောက်တဲ့မ အတင်းပလင်း ကဏ္ဍကနေ သတင်း ကောင်းပါး လိုက်ပါတယ်။

ကျန်တာလေးပဲစားပါ့မယ်

MPT က ဖုန်း အသုံးပြုခတွေ လျှော့ချမယ်၊ အင်တာနက် သုံးခ တွေပါ လျှော့ချမယ် ဆိုတဲ့သတင်း က မနှစ် ကတည်းက ထွက်နေ ခဲ့ တာ။ ချနိုး ချနိုးနဲ့ ဖြစ်မလာတော့ လမ်းဘေး မှာ ရောင်းနေတဲ့ MPT ကတ်တွေလည်း ဈေးတွေ ကျသည် ထက်ကျ ပြီး ၃ ထောင် အထိတောင် ဆင်းသွားတော့တယ်။ သို့သော် လည်း ဇန်နဝါရီ ဒုတိယပတ် လည်း ရောက်ရော ကနေ့ဈေး ချမယ် နက်ဖြန် ဈေးချမယ် ဆိုပြီး သတင်း ထွက် လာပြန်တော့ အဲသည်ကတ် တွေ ၉ ထောင် ၁သောင်းပြန် ဖြစ်လာ ပြန်ရော။ ဒီလို နဲ့ သတင်း ကတော့ သေချာပြီ။ ဒီညမှ သိရမယ် ဆိုတော့ တောက်တဲ့မ တို့လည်း ကိုယ့်ဘော် ဒါဂျာနယ်လစ်တွေ ကို ကပ် ထားရ တာပေါ့။ သိသိချင်း ပြောစမ်းပါ ဟယ်ပေါ့။ သူတို့က လည်း ဟုတ်ပြီ တဲ့။ ဒီညနေ မှာ ပွဲရှိတယ်တဲ့ အဲဒီ ပွဲမှာ သိရ မယ်တဲ့။ ငါတို့ သိသိချင်း နင့်ကို လှမ်းပြောမယ် လို့ အာမ ဘန္တေခံကြသရှင့်။

ကဲ..ညလည်း ရောက်ရော သိရပါပြီရှင်။ ဘာတဲ့ ဆွေသဟာ ဆိုတဲ့  plan ကိုယူမှ သာလျှင် ဖုန်း ပြောခလည်း သက်သာမယ်၊ SMS ပို့ခလည်း သက်သာ မယ်တဲ့ ။ နို့မဟုတ် လို့ကတော့ ဒုံရင်းပဲတဲ့။ သက်သာမယ် ဆိုတာကလဲ နဂို ဖုန်းပြောခ ၅ဝ ကနေ ၃၅ ကျပ်၊ SMS တစ်စောင် ၂၅ ကျပ်ကနေ ၁၅ ကျပ်ဖြစ်သွားမှာ။ အင်တာနက် ကျတော့ 1MB ကို ၁၅ ကျပ်တောင် တဲ့။ အင်း… .မျှော်လိုက် ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက် က ကျောတော့ ဖြစ်ကုန်တော့တာ ပါပဲ။ တောက်တဲ့မ တို့ မောင်နှမတွေ လည်း အများသူ ငါလိုပဲ မေတ္တာပို့ ဆုတောင်းတွေ ရွတ်ကြတဲ့ အထဲမှာ ပါလေသပေါ့။ ငတို့ကတော့ ဒင်း ကို စောင့်လိုက်ရတာ … ဘယ်လို ကချိုးနဲ့များ ထွက်လာ မလဲလို့ … ထွက်လာတော့ ထူးမခြားနား ပတ်ပျိုးနဲ့ ချိုမိုင်မိုင် ကပြီး ထွက်လာတာပါပဲ။ တယ်လီနော တို့ အူရီဒူးတို့ ထက်များ သက်သာ မလား ထင်နေတာ…ခုတော့ သူ ကတောင် ဈေး ပိုကြီးနေသေး …။ ဒါမျိုးကတော့ တာ့တာပဲ။ ဘိုင့်ဘိုင်ပဲ…။ စသည်ဖြင့်ပေါ့ လေ….အသရေဖျက်မှု နဲ့ တရားစွဲ မခံရတိုင်း ပြောလိုက်ကြပုံ များကတော့။

အဲဒီမှာ တင် ဘေးက ကြားနေ ရတဲ့ အဖေက နားကြားပြင်း ကပ်လာပုံ ရတယ်။ ဝင်ပြောတော့ တာပဲ။ ”ဟဲ့…ညည်း တို့က သောက်ရမ်းတွေ ပြောမနေကြနဲ့။ တယ်လီနော တို့ အူရီဒူး တို့ ဆိုတာ ဧည့်သည်တွေလေ။ ဧည့်သည်တွေ ကို အိမ်ခေါ် ထမင်း ဖိတ်ကျွေးပြီး အိမ်ရှင်က ချည်းပဲ နင်းကန်စားနေမှ တော့ နောက်နောင် ဘယ်ဧည့်သည် က လာ ပါတော့မလဲဟ…ဧည့်သည် စားလို့ ကျန်တာလေး လောက်ပဲစားတော့ပေါ့။ ကိုယ် က တစ်သက်လုံး စားလာ ခဲ့တာကို …ဒါမှလည်း နောက် ဧည့်သည်တွေ လာချင် ကြမပေါ့” တဲ့ …။ အင်း…အဖေပြောတာလည်း ဟုတ်တာ ပါပဲလေ…။

ဘဝကိုသမားရိုးကျ မဖြတ်သန်းချင်သူ MMA ချန်ပီယံ အင်ဆန်အောင်လ

$
0
0

သူဟာ မြန်မာ့ စပါးကြီးမြွေလို့ သတ်မှတ်ခံထားရသူ တစ်ယောက် ပါ။ လုံးထွေး သတ်ပုတ် ရမယ် ဆိုရင် တစ်ဖက်သားကို အင်အားချည့်နဲ့ သွားအောင် ညှို့ယူ စွမ်းဆောင်နိုင် ပါတယ်။ အောင်လဟာ အမေရိ ကားက MMA လောကမှာ ၂ဝဝ၅ ကတည်းက ကျင်လည်နေ ခဲ့တာ ဖြစ်ပြီး ၁ဝနှစ် ဝန်းကျင် ရှိပါပြီ။ နိုဝင် ဘာလ  ၇ ရက်နေ့ က စင်ကာပူနိုင်ငံ မှာ ထိုးသတ်ဖို့ စိန်ခေါ်ပွဲ ရှိခဲ့ပါသေး တယ်။ ကမ္ဘာ့အဆင့်MMA(Mixed Martial Art) အသုံးချ ကိုယ်ခံပညာ မှာ middle weight တန်းနဲ့ ကစားနေသူ တစ်ယောက်ပါ။ အမေရိကားက MMA  လောကမှာ ကျင်လည်နေတဲ့ ၁၈၅ ပေါင် ဝေါ်လ်တာ ဝိတ်တန်းက  မြန်မာ့ စပါးကြီးမြွေအဖြစ် ကျော်ကြားနေ တဲ့သူ ဟာ ကချင်ပြည်နယ်၊ မြစ်ကြီး နား ဒူကထောင်သား တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်ခံပညာ ပေါင်းစုံ နဲ့ အလွတ် ထိုးသတ်ရတဲ့ ဒီထိုး သတ်နည်း အမေရိကား က ရပ်ပီ (yuppie) လူလတ်ပိုင်းတွေ ရက်သတ္တပတ် အလုပ် ပိတ်ရက်တွေ မှာ တခုတ်တနစ် အားပေးကြပါ တယ်။

၂ဝ၁၄ ခုနှစ်အတွင်း အင်ဒိုနီး ရှားနိုင်ငံ ၊ ဂျကာတာမြို့က နိုင်ငံ တကာ စတေဒီယမ်မှာ ကျင်းပခဲ့တဲ့ ONE FC cage (Mixed Martial Arts) ပွဲစဉ်မှာ အီဂျစ်နိုင်ငံသား  (Iron Man လို့ခေါ်တဲ့) မာမွတ် စလာမာကို ပွဲစတင် ထိုးသတ်ချိန် မိနစ်ပိုင်း အတွင်းမှာပဲ KO ( Punches) နဲ့ အနိုင်ယူခဲ့ပြီး ONE Fighting Championship  မှာ ဒိုင် ဆုံးဖြတ်ချက်နဲ့ ပွဲကိုရပ်ပြီး ဝမ်းအက်ဖ်စီ မစ်ဒယ်လ် ဝိတ်တန်း အတွက် ချန်ပီယံ ဖြစ်လာပါတယ်၊ အောင်လဟာ ပထမအချီ  မိနစ် ပိုင်းအရောက်မှာ ပင် ပြိုင်ဘက်ကို အလဲ ထိုးအနိုင်ယူခဲ့လို့။ ကမ္ဘာ့ သတင်းတွေမှာတော့ Aung La N Sang is the first fighter from Myanmar to step into the ONE FC cage and what an introduction he just made to the world about Burmese fighters ဆိုကြပါတယ်။ သူ့ရဲ့အကြောင်းတွေကို သတ္တုလှိုင်းသံ အက်အက်ထဲ က နေကြားရ သမျှတွေကတော့…

ဒီကစားနည်းကို ဘယ်တုန်း ကစတင် စိတ်ဝင်စားမိခဲ့တာပါ လဲ။

ကျွန်တော်က အသတ်အပုတ် ကို ငယ်ငယ် ကတည်းက ဝါသနာ ပါခဲ့တယ်။ ရန်ကုန်မှာ အထက် တန်းကျောင်းသား ဘဝကတည်းက ခရာတေးကလပ် တစ်ခုမှာ စသင်ခဲ့ တယ်။ ရန်ကုန်ကနေ အင်တာနေ ရှင်နယ် စကူးလ်ကနေ အထက် တန်းအောင်ပြီး အမေရိကန်နိုင်ငံ မှာ စိုက်ပျိုးရေး ပညာ ဘာသာရပ်နဲ့ တက္ကသိုလ် တက်နေ တုန်း ကျောင်း မှာ ဂျူဂျစ်ဆု ကစားဖြစ်ပြီး မေရီ လန်းပြည်နယ် ကို ပြောင်းလာတော့ အက်ခရစ်မြို့က  Crazy 88 Brazilian Jiu-Jitsu က ကျွန်တော် ကစားတဲ့ပုံ ကြည့်ပြီး ပရိုထိုးသတ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဒါနဲ့ ၂ဝဝ၅ ခုနှစ်မှာ အပျော်တမ်း ထိုးသတ်နေ ရင်း ကိုယ့်ကိုယ်ကိုယ် ဒီလောကကို ဝင်ဖို့အတွက် ငယ်သေးတယ် လို့ မြင်မိတယ်။ ၂ဝဝ၉-၁ဝ လောက် ရောက်တော့ နိုင်ငံတကာ ပွဲ အတွေ့ အကြုံတွေ၊ အောင်မြင်မှုတွေ အတော်အသင့် ရလာတော့ စိတ် ကူးပြောင်းသွားတယ်။ ဒီလော က ဟာ ငယ်လေကောင်းလေ လို့ပေါ့။ ပိုကြိုးစားရမယ် လို့ တွေးမိတယ်။ မျှော်လင့်ချက် တွေ ပြောင်းပြီး မြင် လာတယ်လေ။

MMA ကစားနည်း အကြောင်း ကို အတိုချုံး ပြောပြပေးပါလား။ ဒီကစားနည်း ဟာ ရုပ်ရှင်တွေ ထဲမှာ မြင်ဖူးတဲ့ အလွတ် ထိုးသတ် ကစား နည်းမျိုးလား။ ဒါမှမဟုတ် ဘယ်လို နည်းစနစ် မျိုးလဲ ဆိုတာ စိတ်ဝင်စား တဲ့ လူငယ်တွေ အတွက် ရှင်းပြပေး နိုင်မလား။ ကိုယ်တိုင် ကရော တစ်နေ့ ကမ္ဘာ့ အလယ်မှာ အောင် မြင်သူ တစ်ယောက် ဖြစ်ရ မယ် ဆိုတဲ့ စိတ်ကူးနဲ့ ကြိုးစားခဲ့တာလား။

ဒီကစားနည်း နယ်ပယ်ကို ဝင်ရောက်မယ် ဆိုရင် အခြေခံသတ် ဖြတ်ခုခံ နည်းတွေဖြစ်တဲ့ လက်ဝှေ့ (မွေထိုင်း)၊ ဂျူဂျစ်ဆု၊ ကရာတေး၊ နပန်း အားကစားနည်းတွေ ကို ကျွမ်းကျွမ်း ကျင်ကျင် သိထားဖို့ လိုပါတယ်။ ဒီထိုးသတ်နည်းက မိမိ တတ်စွမ်းထားတဲ့ တိုက်ခိုက် ရေးကိုယ်ခံ ပညာပေါင်းစုံနဲ့ ယှဉ် ပြိုင်တိုက်ခိုက် ရတာမျိုးပါ။ ကြံ့ခိုင် ရေး အရ ၁ နှစ်မှာ ၄ ပွဲနဲ့ ၃ပွဲ ကြားသာ ထိုးသတ်ခွင့် ရပါတယ်။ နောက် ဆေးစစ်ချက် အောင်မှ  ဝိတ်ချိန်ထိုး သတ်ရတာမျိုးပါ။ ဒီလောကကို စိတ်ဝင်စားပြီး ဝါသနာ ပါတယ် ဆိုရင် မဆုတ်မနစ် ကြိုးစားရမယ်၊ ပန်းတိုင် မပျောက် အောင် စိတ်ကို ထိန်းကွပ်နိုင် မယ်ဆိုရင် ထင်ပေါ်လို့ စင်တော်က ကောက်မှာ မလွဲဘဲ ကမ္ဘာ့ အဆင့် ရောက် လာမှာ သေချာတယ်။ ဒီ MMA လောကမှာ ဘရာဇီးလီးယန်း တွေ နာမည် ကြီးပေမဲ့ ကိုယ်က မြန်မာဖြစ်လို့ ဆိုပြီး သိမ်ငယ်စရာ မလိုဘူး။ ကိုယ့်စိတ်သာ ပဓာန၊ ကိုယ် ကပဲ အဓိကပါ။ ဒါပေမဲ့ ပေါ်ပြူလာ ဖြစ်ချင်တယ် ဆိုရင် တော့ ဒီလောကထဲ မလာသင့်ဘူး။ နှစ်ရှည်ချိန်သား ကိုက်လေ့ကျင့် ရတယ်။ နာကျင် ကိုက်ခဲ ထိခိုက် ဒဏ်ရာ ရမယ်။ စိတ်ဓာတ် ကျလွယ် ရင်ဆုံးရှုံး ရတာတွေ ရှိကောင်းရှိနိုင် တယ်။ ဝါသနာ အခြေခံပြီး စိတ် ဓာတ်ကြံ့ခိုင်မှု အတော် ရှိဖို့လို တယ်။ (ခဏနားပြီးမှ ရယ်မော လျက်) နာမည်ကျော်ချင်ရင်၊ ပေါ်ပြူလာ ဖြစ်ချင်ရင် ရုပ်ရှင်ရိုက်။ အဲဒါက ပိုလွယ်တယ်။

ဒီနယ်ပယ်မှာ အောင်မြင်ဖို့ ဘယ်လိုကြိုးစားခဲ့ရလဲ။ အခုလက်ရှိ ဘဝကရော ဘာပါလဲ။

ဒီလောကမှာ ရပ်တည်နိုင်ဖို့ နေ့စဉ် တစ်နေ့ကို ၅ နာရီမဆုတ် မနစ်ကြိုးစား လေ့ကျင့်ပြီး အနေ အထိုင် အစားအသောက် ဆင်ခြင်ခဲ့ ရပါတယ်။ Daily life style က တော့ မနက်ပိုင်း ကြက်ဥမကျက် တကျက်ပြုတ် နဲ့ ကွေကာအုပ် စားပါတယ်။ ပွဲရှိလို့ ထရိန်နင် ရှိရင် ပရိုတင်းရှိတ် သောက်ပါတယ်။ နေ့လယ်စာကို ကြက်သား ရင်ပုံ သား၊ ဘရို ကိုလီ၊ အသီးအရွက်နဲ့ ငါးတို့ကို အဓိကထား စားပါတယ်။ ဆန်လုံးညိုပဲ စားပြီး ပွဲစဉ်ရှိတိုင်း ဝိတ်တက်မှာစိုးလို့ ထမင်းမစား တော့ပါဘူး။ နောက်တစ်ခုက အိပ် ချိန်တစ်နေ့ ၈နာရီ အပြည့်အဝ ရဖို့ သတိထားရပါတယ်။ ဘာလို့ဆို ကျွန်တော်တို့က ပြိုင်ဘက်ကို အင်အားသုံး တိုက်ခိုက် ရတာကိုး။ ဒီ MMA လောကသားတို့ အလား တူ Ultimate Fight Championship- UFC လောကတို့ ဆိုတာ လူငယ် လူလတ်ပိုင်း တို့အတွက် နာမည် ကျော် အားကစား နည်းတွေလိုပဲ အချိန် အကန့် အသတ်တစ်ခုက ရှိနေတာတော့ အမှန်ပဲ။ အသက် အရွယ် ၃၅-၄ဝ အကျပိုင်း အချိန် ရောက်လို့ ရှိရင် ဒီလောကမှာ နားကြရပြီလေ။ ကျွန်တော် က နေရာ တစ်ခု မှာ အောင်မြင်ကျော် ဇောသူ အဖြစ် နဲ့သာ ရှင်သန်ချင် သူ မျိုးပါ။ အခုလာမယ့် ၂ဝ၁၅ မှာ ၄ ပွဲထိုးဖို့ ရှိပါတယ်။ အခုဆို တစ်ရက် ၇ နာရီအ ထိ လေ့ ကျင့်နေ ပါတယ်။ နိုင်ငံတကာ က နာမည်ကြီး ပွဲတွေ ဖြစ်တဲ့ Bellator Fighting Championships, Cage Fury Fighting Championships (CFFC), One FC – Era of Champions, MMA တွေမှာ ထိုးနေပြီး နာ မည်ကျော် UFC Title ပွဲစဉ်တွေ ထိ ထိုးသတ်ဖို့ စီစဉ် နေပါတယ်။ လောလောဆယ် တော့ မိခင် ကလပ်ဖြစ်တဲ့ Crazy 88 Brazilian Jiu – Jitsu မှာ ထရိန်နာ တစ်ယောက်ပြန် ဖြစ် နေပါပြီ။ ကျွန်တော် လေ့ကျင့်ပေး ထားတဲ့ တပည့်တွေ တချို့လည်း ဒီလောက မှာ အောင်မြင် တာတွေ ရှိပါတယ်။ အနိုင်ပွဲတွေ ထိုးနိုင်တာတွေ ရှိနေပါပြီ။ ကျွန်တော် ကစားသလို မျိုး ဖြစ်အောင် ပြန်လေ့ ကျင့်ပေးနေပါတယ်။ အခုဆို ကျွန်တော် တိုက်ခိုက် သတ်ပုတ် တာ ရော ၊ ပြန်လေ့ကျင့် ပေးတာရော ကို အရင်ထက် ပိုပြီး နားလည် လာပြီ လေ။

ဘယ် အသက်အရွယ် လောက်မှာ အမိမြန်မာ့မြေ မှာ အခြေချပြီး နေထိုင် စားသောက် သွားမယ်လို့ တွေးထားပါသလဲ။ ဒါမှမဟုတ် ဘယ်လိုတွေးထားလဲ။

အသက် ၃၅ နှစ် ကျော်ရင် တော့ ကျွန်တော့် ဇနီး ကေသီ (ကက်သရင်း အိုလီဖန်လ်) ကို ခေါ်လာပြီး ပြန် အခြေချမယ်။ ဒီကစားနည်း နဲ့ မြန်မာကို ကမ္ဘာ့ အဆင့်ဝင်အောင် လုပ်မယ် ဆိုတာ ကျွန်တော့် စိတ်ကူး အိပ်မက်ပဲ။ ကေသီကလည်း ကျွန်တော့် လိုပဲ အဆင့်မြင့် ခရမ်းရောင် ခါးပတ် အဆင့်ရှိတဲ့ သူပဲလေ။ ကျွန်တော် တို့ ပြီးခဲ့တဲ့ စက်တင် ဘာလ က နှစ်ဖက် မိဘတွေ ရှေ့မှာ လက်ထပ်ခဲ့ကြ တယ်။ ခုနှစ်မေလ ဆိုရင် ကျွန်တော့် ကလေး ဂျူနီယာ စပါး ကြီးမြွေသေး သေးလေးကို မွေးတော့မှာပေါ့ ဗျာ။

ဆက်သွယ်မေးမြန်းပေးသော ဒူကဘာအား ကျေးဇူးအထူးတင်ရှိပါ ကြောင်း။

ရော့(ခ်) ဂီတလောကရဲ့ ဧကရာဇ်ဘွန်ဂျိုဗီ

$
0
0

အနုပညာ လောကမှာ ကာလ ကြာရှည် ရပ်တည်နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ အောင်မြင်ဖို့ ထက် အောင်မြင်မှုကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းဖို့က ပိုခက်ခဲ ပါတယ်။ ၁၉၈ဝ ကျော်မှ စပြီး လက်ရှိ အချိန်ထိ နှစ်ပေါင်း ၃ဝ ကျော် အောင်မြင်ခဲ့တဲ့ အမေရိကန် ဂီတ အဖွဲ့အကြောင်း ရတီ ပရိသတ်ကြီးကို တင်ဆက်ပေး ချင်ပါတယ်။

Bon Jovi ဂီတ အဖွဲ့ကို ၁၉၈၃ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် အဆို တော် ဂျွန်ဘွန်ဂျိုဗီ ရဲ့အမည်ကိုယူ ပြီး အဖွဲ့နာမည်ကို ဘွန်ဂျိုဗီလို့ ပေး ခဲ့ပါ တယ်။ အဓိက အဆိုတော် ဘွန်ဂျိုဗီ၊ စန္ဒရား တီးသမား ဒေးဗစ် ဘရိုင်ယန်၊ ဘေ့(စ်)ဂီတာသမား အဲလတ်ဂျွန်ဆက်(ရှ်)၊ ဂီတာသမား ရစ်ချီဆမ်ဘိုရာ၊ ဒရမ်သမား တီကို တော်ရီ စတဲ့ အဖွဲ့ဝင်ငါးဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါတယ်။

Bon Jovi  အဖွဲ့က ကမ္ဘာ့ ရောင်းအား အကောင်းဆုံး ဂီတ အဖွဲ့ တစ်ခုဖြစ်ပြီး လက်ရှိ အချိန်ထိ အယ်(လ်)ဘမ် ၁၃ ချပ် ဖြန့်ချိခဲ့ပါ တယ်။ ကမ္ဘာ နဲ့အဝန်း အယ်လ်ဘမ် ချပ်ရေ သန်း တစ်ရာကျော် ရောင်း ခဲ့ရတဲ့ ရောင်းအား အကောင်းဆုံး ဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ နိုင်ငံ ပေါင်း ၅ဝ မှာ ဖျော်ဖြေပွဲပေါင်း ၂၇ဝဝ ကျင်းပနိုင် ခဲ့ပြီး ပရိသတ် ၃၄ သန်းကျော် အားပေးခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်က ကျင်းပတဲ့ အမေရိကန် ဂီတ ဆုပေးပွဲမှာ ဂီတ အရည်အချင်း ထူးချွန်ဆု (Award of Merit) ဆုကို ရရှိခဲ့ပါတယ်။ ဒါ့ အပြင် ဂျွန်ဘွန်ဂျိုဗီနဲ့ ရစ်ချီဆမ် ဘိုရာဟာ သီချင်းရေးဆရာ Hall of Fame ဆုကို ရရှိခဲ့ပါတယ်။

Bon Jovi ဂီတအဖွဲ့အစ

အဖွဲ့ခေါင်းဆောင် အဆို တော် ဂျွန်ဘွန်ဂျိုဗီက ဆယ်ကျော် သက် အရွယ် ကတည်းက ရော့(ခ်) စတား တစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို မက်ခဲ့သူ တစ်ဦးဖြစ်ပါ တယ်။ အသက် ၁၃ နှစ် အရွယ်မှာ ’Raze’ ဆိုတဲ့ ဂီတအဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး ဂစ်တာနဲ့ စန္ဒရား စတင်တီးခဲ့ ပါတယ်။ အသက် ၁၆ နှစ် အရွယ် အထက်တန်းကျောင်းသား ဘဝမှာ စန္ဒရားတီး ကျွမ်းကျင်တဲ့ ဒေးဗစ် ဘရိုင်ယန် နဲ့ပေါင်းပြီး ‘Atlantic City Expressway’ ဆိုတဲ့အဖွဲ့ ထပ်ဖွဲ့ ခဲ့ပါတယ်။ ဒါ့အပြင် အနုပညာ ပိုးများလွန်းတဲ့ သူဟာ The Rest ၊ The Lechers ၊ John Bongiovi နဲ့ Wild Ones စတဲ့ အဖွဲ့တွေ လည်း ဖွဲ့စည်းခဲ့ပါ တယ်။ ဂျွန်ဟာ သူတို့ဒေသ က ကလပ်တွေမှာ မကြာခဏ သွား ရောက်ဖျော်ဖြေ ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်အလယ်ပိုင်းမှာ ကျောင်းက ထွက်ပြီး အမျိုးသမီး ဖိနပ်ဆိုင်မှာ အချိန်ပိုင်း ဝင်လုပ်ခဲ့ပါတယ်။ ဒီနောက် မှာတော့ အစ်ကို ဝမ်းကွဲ တိုနီ ပူးပေါင်း တည်ထောင်ထားတဲ့ ပါဝါစတေရှင် စတူဒီယိုမှာ အလုပ် ရရှိခဲ့ပါတယ်။ အဲ့ဒီမှာ သူ အခွင့် အရေးကောင်း တစ်ခု ရရှိခဲ့ပါတယ်။ စတူဒီယိုက ထုတ်ဝေ တဲ့ Stars အယ်လ်ဘမ်ထဲမှာ သူ့ရဲ့ We Wish You a Merry Christmas သီချင်းကို ထည့်သွင်း ခွင့်ရခဲ့ပါ တယ်။ ၁၉၈ဝ ခုနှစ်မှာ ဂျွန်က အစ်ကိုဝမ်းကွဲ ရဲ့ စတူဒီယို မှာ Runaway ဆိုတဲ့ သူ့ရဲ့ဆင်ဂဲလ် သီချင်းကို အသံသွင်းခဲ့ပါတယ်။ ဒီသီချင်းကို အဆိုတော်တွေ စုပေါင်း ပါဝင်တဲ့အခွေ ထဲမှာ ထည့် သွင်းခဲ့ပါတယ်။ Runaway သီချင်း အောင်မြင် ခဲ့ပြီးနောက် ဒီထက်ပိုပြီး အောင်မြင်ချင် လာပါ တယ်။ ဂီတလောကကို ကျယ်ကျယ် ပြန့်ပြန့် ထိုးဖောင်ချင်ရင် သူနဲ့ အတူ ပူးပေါင်း လက်တွဲမယ့် သူတွေ လိုအပ်နေတယ် ဆိုတာ သဘော ပေါက် လာခဲ့ပါတယ်။ ဂျွန်က ဒေးဗစ်ဘရိုင်ယန် ကို သူနဲ့အတူ လက်တွဲဖို့ ခေါ်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်က အထက်တန်း ကျောင်း သား ဘဝက ‘Attantic City Expressway’ အဖွဲ့ ဖွဲ့ဖြစ်ခဲ့ ပေမဲ့ ဒေးဗစ်က ကျောင်းစာမှာ အာရုံ စိုက်ချင်တာကြောင့် နုတ် ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လူက သာ ကျောင်းမှာ စိတ် က သီချင်း အကြောင်းတွေသာ စဉ်းစား မိနေတာကြောင့် ဂျွန်နဲ့ ပြန်လက်တွဲ ခဲ့ပါတယ်။ သူက တစ်ဆင့် အဲလက် ဂျွန်ဆက်(ရှ်)၊ တီကိုဇော်ရီနဲ့ ဂစ်တာ သမားရစ်ချီ ဆမ်ဘိုရာဟာ အဖွဲ့ဝင်ဖြစ်ခဲ့ပါ တယ်။ ၁၉၈၃ ခုနှစ် နယူးယောက် (စ်) မြို့မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ ထုတ်ဝေသူ Derek Shulman နဲ့ တွေ့ဆုံခဲ့ပြီး အယ်(လ်)ဘမ် ထုတ်ဖို့ စာချုပ်ချုပ် ဆိုခဲ့ပါတယ်။ အဖွဲ့ နာမည် ကိုလည်း ဂျွန်ဘွန်ဂျိုဗီ ရဲ့ အမည်ကိုယူပြီး ဘွန်ဂျိုဗီ လို့ ပြောင်းခဲ့ပါတယ်။ ပွဲဦးထွက် အယ်(လ်)ဘမ် ’Bon Jovi’ ကို ၁၉၈၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ ဒီအယ်(လ်)ဘမ် ထဲက ‘Runaway’ သီချင်းက ရေပန်း အစားဆုံး ဘီလ်ဘုတ် သီချင်း ဇယားစာရင်းမှာ နံပါတ် လေးဆယ်နေရာကို ရောက်ရှိခဲ့ပြီး အယ်(လ်)ဘမ်က ရေပန်း အစားဆုံး အယ်လ်ဘမ်နှစ်ရာ စာရင်းမှာ နံပါတ် ၄၃ နေရာကို ရောက်ခဲ့ပါ တယ်။

ဒုတိယအယ်လ်ဘမ် 7800° Fahrenheit

၁၉၈၅ ခုနှစ်မှာ  7800° Fahrenheit ကို ဖြန့်ချိခဲ့ပါတယ်။ ဒီအယ်လ်ဘမ်က ဘီလ်ဘုတ် အယ်(လ်)ဘမ်နှစ်ရာ ဇယားမှာ ၃၇ နေရာကို ရောက်ရှိခဲ့ပြီး RIAA အဖွဲ့ ရဲ့ ရွှေအဆင့် သတ်မှတ်ခြင်း ခံရပါတယ်။ ဒါပေမဲ့ မျှော်မှန်းထား သလောက် ရောင်းအား မကောင်း ခဲ့တဲ့အတွက် ကမ္ဘာလှည့်ဖျော်ဖြေ ပွဲတွေဘက်ကို ခြေဦး လှည့်ခဲ့ပါ တယ်။ ဂျပန် နဲ့ဥရောပတစ်ခွင် လှည့်လည် ဖျော်ဖြေခဲ့ပြီးနောက် အမေရိက တစ်လွှား ခြောက်လကြာ ဖျော်ဖြေခဲ့ပြန်ပါတယ်။

တတိယအယ်လ်ဘမ် ’Slippery When Wet’

အယ်လ်ဘမ်နှစ်ချပ် ဖြန့်ချိခဲ့ပြီး အောင်မြင်မှုတွေ တစ်ပွေ့တစ်ပိုက် ရထားတဲ့နောက် အယ်လ်ဘမ် အသစ် အတွက် အသွင်တစ်မျိုး ပြောင်းခဲ့ပါတယ်။ သီချင်းရေး ဆရာ Desmond Child ကို သူတို့ သီချင်းတွေ ရေးပေးဖို့ ငှားရမ်းခဲ့ပါ တယ်။ ၁၉၈၆ ခုနှစ် အစောပိုင်းမှာ တတိယ အယ်(လ်)ဘမ်ကို အသံ သွင်းဖို့ အတွက် ကနေဒါနိုင်ငံ Vancouver မြို့ကို ပြောင်းခဲ့ပါ တယ်။ ခြောက်လကြာ အချိန်ပေး အသံသွင်းခဲ့ကာ အယ်(လ်)ဘမ် နာမည်ကို  ’Slippery When Wet’ လို့ ပေးဖို့ ဆုံးဖြတ် ခဲ့ ပါတယ်။ ၈၆ ခုနှစ်မှာ အယ်(လ်)ဘမ် ဖြန့်ချိ ခဲ့ပြီး အမေရိကန်က ဘီလ်ဘုတ် အယ်(လ်)ဘမ် ဇယားမှာ နံပါတ် တစ်နေရာမှာ ရှစ်ပတ်ကြာ ရှိနေခဲ့ ပါတယ်။ ဒီအယ်လ်ဘမ် ထဲက ’You Give Love a Bad Name’ သီချင်းနဲ့ ‘Living on a Prayer’ သီချင်းက ရေပန်း အစားဆုံး ဘီလ်ဘုတ် သီချင်းတစ်ရာ စာရင်း မှာ နံပါတ်တစ် ချိတ်ခဲ့ပါ တယ်။ ဒါ့အပြင် ဘီလ်ဘုတ်ရဲ့ ရောင်းအား အကောင်းဆုံး အယ်လ်ဘမ်စာရင်း မှာ ထိပ်ဆုံးမှာ ရှိခဲ့ပြီး Living On A Prayer သီချင်းက MTV (Video Music Award) က အကောင်းဆုံး တင်ဆက်မှုဆု ရရှိခဲ့ပါတယ်။ နောက်ပြီး  AMA ဂီတဆုပေးပွဲနဲ့ People’s Choice ဆုပေးပွဲမှာ လူကြိုက် အများဆုံး ရော့ခ်ဂီတ အဖွဲ့ဆု ရရှိခဲ့ ပါတယ်။ အယ်လ်ဘမ်ချပ်ရေ ၁၄ သန်းကျော် ရောင်းခဲ့ရပြီး မိုက်ကယ်ဂျက်ဆင်ရဲ့ Thriller အယ်လ်ဘမ်ရောင်းအား နဲ့ ထပ်တူကျခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၉ ခုနှစ်မှာ အဖွဲ့သားတွေ ခေတ္တအနားယူခဲ့ပါတယ်။

ဘွန်ဂျိုဗီအဖွဲ့နဲ့ တစ်ကိုယ်တော် ဂီတသမားဘဝ

အဖွဲ့ဝင်တွေ ခေတ္တ အနားယူ နေတဲ့အချိန်မှာ ဂျွန်က တစ်ကိုယ် တော် အနုပညာ ခရီးလမ်း လျှောက် လှမ်းခဲ့ပါတယ်။  သူဟာ ၁၉၈၉ ခုနှစ်မှာ ကရာတေး ချန်ပီယံ ဒိုရို သီရာဟာလေးနဲ့ လက်ထပ်ခဲ့ပြီး Young Guns II ရုပ်ရှင်မှာ ပထမ ဆုံး ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကား ထဲက သူ့ရဲ့ Blaze of Glory သီချင်း က ရွှေကမ္ဘာ လုံး ဆု ပေးပွဲမှာ အကောင်းဆုံးတေး သီချင်းဆု ရခဲ့ပါတယ်။ ဒီသီချင်းက အော်စကာဆု နဲ့ ဂရမ်မီဆု အတွက် လျာထားခံရပါတယ်။ ၁၉၉၇ ခုနှစ် မှာ ဂျွန်က ရုပ်ရှင် အများ အပြား မှာ ခေါင်းဆောင် နေရာက ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယ တစ်ကိုယ်တော် အယ်(လ်)ဘမ် Destination Anywhere ကို လည်း အဲ့ဒီနှစ် မှာပဲ ဖြန့်ချိ ခဲ့ပါတယ်။ ဂျွန် တစ်ကိုယ်တော် အနုပညာ ခရီး လျှောက်လှမ်းနေတဲ့ အချိန်မှာ တခြားသော အဖွဲ့ဝင်တွေ ကလည်း ကိုယ်စီ ကိုယ်စီ တစ်ကိုယ်တော် အယ်လ် ဘမ် ထုတ်ခဲ့ ပါတယ်။ ၂ဝဝဝ ခုနှစ်မှာ အဖွဲ့သားတွေ ပြန်လည် ပေါင်းစည်းခဲ့ပြီး Crush အယ်(လ်)ဘမ် ဖြန့်ချိခဲ့ပါတယ်။ ဒီအယ်(လ်)ဘမ် က ဂရမ်မီဆု အတွက် လျာထား ခံ ရပါတယ်။ နှစ်နှစ် အကြာမှာ Bounce အယ်(လ်)ဘမ်ကို ထုတ်ဝေခဲ့ပါ တယ်။ ဘွန်ဂျိုဗီ အဖွဲ့ သားတွေဟာ အလှူအတန်း ရက် ရောသူတွေဖြစ် ပြီး ရုပ်သံ အစီအစဉ် တင်ဆက်သူ အော်ပရာဝင်းဖရေးရဲ့ Angel Network ပရဟိတအဖွဲ့ကို အမေရိကန်ဒေါ်လာ တစ်သန်း လှူဒါန်းခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ တစ်ကိုယ်တော် လှုပ်ရှားမှု အသီး သီး ပြန်စတင်ခဲ့ပြီး ၂ဝ၁၃ ခုနှစ်မှာ What About Now သီချင်းကို ဖြန့်ချိခဲ့ပါတယ်။

ဂီတစတိုင်

ဘွန်ဂျိုဗီအဖွဲ့က ဂီတအမျိုး မျိုး စမ်းသပ် တီထွင်ခဲ့ပေမဲ့ အပြင်း စား ရော့ခ်၊ ပေါ့(ပ်)ရော့(ခ်)၊ ပေါ့(ပ်) အပြင်းစား ကိုသာ အဆို များပါတယ်။ ပဉ္စမမြောက် အယ်လ် ဘမ် Keep the Faith နဲ့ ဆဋ္ဌမ မြောက် အယ်လ်ဘမ် These Days က အပြင်းစားရော့(ခ်) ဂီတ ပုံစံဖြစ်ပေမဲ့ ပထမဆုံး ဖြန့်ချိတဲ့ အယ်လ်ဘမ် လေးချပ်က အပြင်း စားပေါ့ (ပ်)နဲ့ ရော့(ခ်) သံစဉ်တွေကို ပေါင်းစပ် ထားခြင်း ဖြစ်ပါတယ်။ သူတို့အဖွဲ့ ရဲ့သီချင်းတွေကို Bruce Springsteen၊ The Rolling Stones ၊ Aerosmith ၊ Van Halen ၊The Beattes စတဲ့ အဖွဲ့ အစည်းတွေရဲ့ လွှမ်းမိုးမှု ရှိနေပါ တယ်။

လက်ရှိအဖွဲ့ဝင်များ

Jon Bon Jovi – Lead Singer, rhythm guitar, acoustic guitar (1983 – present)
David Bryan – Keyboards, Piano, backing vocals (1983 – present)
Tico Torres – drums , percussion (1983 – present)

ယခင်အဖွဲ့ဝင်များ

Richie Sambora – Lead guitar, talk box backing vocals (1983 – 2013)
Alec John Such – bass, backing vocals (1983 – 1994)

သိမ့်နှင်းအိမ်
Ref ; wiki, imdb

ကေ၊ အိုင်၊ အက်စ်၊ အက်စ် – ကစ်စ်

$
0
0

နှာခေါင်းလေး နဲ့ တစ်ပါးသူ ရဲ့ နဖူးပြင်ကို ဖွဖွလေး နမ်းရှုံ့ဖူးပါသလား။ တွဲလဲ ခိုကျနေတဲ့ ဆံကေသာ ကြော့ကြော့လေးတွေ ကိုရော၊ နမ်းရှုံ့ ကြည့်ဖူးပါရဲ့လား။ သနပ်ခါး လိမ်းထားတဲ့ ပါးပြင် ရွရွကလေးကို ရှိုက်ပြီး နမ်းလိုက်ရတဲ့ ကြည်နူးမှု ရသမျိုးကို ခံစားဖူးကြတယ် မဟုတ်ပါလား။ မွေးကတည်းက မိဘတွေ၊ ဆွေမျိုးတွေ ရဲ့အနမ်း ကို အရင်ဆုံး ခံယူခဲ့ကြရတဲ့ လူသားတွေဟာ တစ်ပါးသူကို ပြန်နမ်းတတ်ဖို့ မိဘတွေကပဲ… (ဖေကြီးကို ချစ်ရင် နမ်းပါဦး၊ အာပွားလေး ပေးပါဦး ဆိုပြီး) သွန်သင်ပေးခဲ့ ကြရ ပါတယ်တဲ့။ တချို့ကလည်း နမ်းတာဟာ သင်ပေးစရာ မလို ပါဘူးတဲ့။ သူ့အလိုလို တတ်လာတာ လို့လည်း ဆိုကြပြန်ပါတယ်။ ဘယ်လိုပဲ တတ်တတ်၊ နမ်းတတ် သွားတဲ့ အချိန် ကစပြီး၊ နမ်းချင်တဲ့ အရာ မှန်သမျှကို နမ်းတော့တာပါပဲ။ ကြမ်းပိုး လေး တစ်ကောင်ကို ဖိချေ သတ်ပြီးရင် ကိုယ့်လက် ကို ပြန်နမ်းကြည့် တတ်တယ်။ လက်ချောင်း လေးတွေ ပေကျံ သွားခဲ့ရင်တောင်မှ နံမယ်မှန်း သိရဲ့သားနဲ့ ထပ်တလဲလဲ ပြန်ပြန်ပြီး နမ်းကြည့် တတ်ကြတယ်တဲ့။ အနံ့ ခံချင်လို့ နမ်းတယ်။ ပီတိ ခံယူချင်လို့ ရှိုက်ရှိုက် နမ်းတယ်။ ရာဂစိတ် ကြွပြီး နမ်းတဲ့ အနမ်းမျိုးတွေလည်း ရှိလာရပါတယ်။  နှာခေါင်းနဲ့ ရှူရှိုက်နမ်းတာ ကနေ လွန်ကဲပြီး နှုတ်ခမ်း နဲ့စုပ်ပြီး နမ်းလာကြ ပါ တယ်။ မြန်မာ တွေရဲ့ အနမ်း မျိုးကို ကစ်စ်လို့ မသတ်မှတ်ထားတဲ့ စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ဆိုသူက သူ့ရဲ့ဘားမိစ်ဒေးစ် ဆိုတဲ့ စာအုပ်ထဲမှာ မြန်မာ တွေဟာ ကစ်စ် မလုပ်တတ်ကြဖူး လို့ ရေးသား ဖော်ကျူး ခဲ့ဖူးပါတယ်။ အဲ့ဒီတော့ကာ … နှာခေါင်းနဲ့ ရှူရှိုက်ရတဲ့ အနမ်းတွေ၊ ပါးစပ်နဲ့ စုပ်နမ်းရတာ မျိုးတွေကို သာမက၊ နှုတ်ခမ်း၊ လျှာ၊ နဖူး၊ မျက်ခုံး၊ မျက်တောင်၊ လည်ပင်း၊ ကုပ်၊ ဗိုက်၊ ချက်၊ လက်၊ ခြေထောက်တွေပါ ပါဝင်တဲ့ အနမ်းပေါင်းစုံ အကြောင်းကို ဒီလရတီ မဂ္ဂဇင်း နှစ်ပတ်လည် အထူး ထုတ် မှာ ဒေါက်တာ မြင့်ဦး (ဂျီပီ)က အထူးမေတ္တာ လက်ဆောင် အဖြစ် တင်ဆက်ပေး လိုက်ပါတယ်ခင်ဗျာ။

အနမ်းဘယ်ကစ
(နှုတ်ခမ်းတွေ လျှာတွေပါဝင်တဲ့ စုပ်နမ်းတဲ့ ကစ်စ်မျိုး) ဘယ်တုံးကစခဲ့တယ် ဆိုတာကို ဘယ် သူမှ မခန့်မှန်း တတ်ပါဘူးတဲ့။ မနုဿဗေဒပညာ ရှင် တချို့ရဲ့ ယူဆချက် ကိုတင်ပြရရင် … တိရစ္ဆာန်တွေဟာ သူတို့ရဲ့ သားပေါက် ကလေး တွေကို ပါးစပ်ချင်းတေ့ အစာခွံ့ကျွေးတာကို ကြည့်ပြီး လူသားတွေဟာ လည်းပဲ၊ ကြင်နာယုယ တဲ့ အမူ အကျင့်တစ်ခု အနေနဲ့ အတုယူပြီး၊  နှုတ်ခမ်းချင်းတေ့ စုပ်နမ်းတတ် လာကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီနှုတ်ခမ်းစုပ် အနမ်းကို သိပ္ပံ နည်းကျကျ ခေါ်မယ် ဆိုရင် အော် စကျူလေးရှင်း (Osculation) လို့ခေါ်ပါတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာ နှုတ်ခမ်းချင်း တေ့တာကို ချစ်ခင် စုံမက်ခြင်းရဲ့ သင်္ကေတ အနေနဲ့ မှတ်ယူကြပါ တယ်။

ကစ်စ် မက်ကင်နင်ဇင်

ကစ်စ် တစ်ခု ဖြစ်ပေါ်ဖို့ ကြွက်သားပေါင်း ၃၄ ခု ပါဝင်လှုပ်ရှားရပါတယ်။ အဓိကကြွက်သား ကတော့ ပါးစပ် ပတ်ပတ် လည်ကို ဝန်းရံထားတဲ့  အော်ဘီ ကူးလား ရစ်စ်အောရစ် (Orbicularis oris) လို့ခေါ်တဲ့ ကြွက်သား ပဲဖြစ်ပါတယ်။ နမ်းတဲ့သူရော၊ အနမ်းခံတဲ့ သူရော နှုတ်ခမ်း လေးကို စူပေး လိုက်ပါတယ်။ နှာခေါင်းနှစ်ခု ရင်ဆိုင် တိုက်မိမှာ ကို ရှောင်ရှားတဲ့ အနေနဲ့ နမ်းတဲ့ သူက လည်ပင်းကို ညာဘက် ယိမ်းပေး လိုက်တဲ့ အခါမှာ ဦးခေါင်း၊ လည်ပင်း နဲ့ ပခုံးကြွက် သားတွေကပါ ပါဝင် လှုပ်ရှား လာရပါတယ်။ နမ်းနေတယ် ဆိုတဲ့ အသိဟာ မျက်နှာ အာရုံကြော (Facial Nerve) ကနေ တစ်ဆင့် ဦးနှောက် ဆီကို ရောက်ရှိ သွားပြီး၊ ဦးနှောက် ကနေ အောက် စီ တိုစင် (Oxytocin) ဟိုမုန်း ထွက်လာတဲ့ အခါ တစ်ဦးကို တစ်ဦး တွယ်တာမှု၊ ချစ်ခင်မှု၊ စုံမက်မှု တွေ ဖြစ်ပေါ်စေပါတယ်။ ဒိုပါမင်း (Dopamine) ဟိုမုန်း ထွက်ပေါ် လာတဲ့ အခါကျတော့ ခံစားမှု၊ သာယာမှု၊ အနည်းငယ် နာကျင်မှုတွေ ဖြစ်ပေါ် စေ လာနိုင်ပါတယ်။ ဆယ်ရယ် တိုနင် (Serotonin) ဟိုမုန်းကြောင့် စိတ်အာရုံ ထကြွမှု ကိုဖြစ်စေတယ်။ အဒြီ နယ်လင် (Adrenaline) ဟိုမုန်း ထွက်လာပြီ ဆိုရင်တော့ ရင်ထဲမှာ တလှပ် လှပ်နဲ့ အသက်ရှူတွေ မြန်လာပြီး ဂနာမငြိမ်ဖြစ် လာပါတော့တယ်။ တဒိတ်ဒိတ် နဲ့ နှလုံးခုန်နှုန်း တွေမြန်ပြီး သွေးကြောတွေ ကျယ်လိုက်လာပါပြီ။ အန်ဒေါဖင်း (Endorphins) ဟိုမုန်းက ဇိမ်ရှိတယ် ဆိုတဲ့ (Euphoria) ခံစားမှု မျိုးကို ဖြည့် ဆည်း ပေးပါတယ်။  စုပ်နမ်း မှုပြုနေ စဉ် အတွင်းမှာ ပဲ နှာခေါင်းရဲ့ ရှူရှိုက် အနမ်းက အနံ့ အာရုံကို ခံစားပေးလိုက်တဲ့ အတွက် ပိုမို စိတ်ကြွ လာစေပါ တယ်။ နမ်းတာ အပြင် ပွေ့ဖက် တာတွေပါ ပါဝင် လာပါပြီ။ တစ်မိနစ်စာ KISSတစ်ခုပြုနိုင်ဖို့ရာ အတွက် စွမ်းအင် ၂၆ ကီလို ကယ်လိုရီကို အသုံး ချ ပစ်လိုက်ရတယ်လို့ ဆိုပါတယ်။

Kiss and Health

စိုစွတ်နေတဲ့ အာခံတွင်းထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၄ဝဝ ကျော်ဟာ (ကမ္ဘာ့ လူဦးရေ အရေတွက်ထက် ပိုတဲ့) ဘီလီယံ နဲ့ချီပြီး ရှိနေကြပါတယ်။ ဒီ ဗက်တီးရီးယား တွေဟာ ကစ်စ်တစ်ခါ နမ်းလိုက်တိုင်း အာခံတွင်း တစ်ခု ကနေ နောက်တစ်ခု ကို ကူးလူး သွားနိုင်ကြပါ တယ်။ ကံကောင်းတာက အနမ်းခံ လိုက် ရတဲ့သူရဲ့ ပါးစပ်ထဲ မှာလည်း၊ နမ်းလိုက်သူ နဲ့ ၈ဝ ရာနှုန်း အမျိုးအစား တူတဲ့ အဏုဇီဝ အကောင်ငယ်လေး တွေက ရှိပြီးသား ဖြစ်တတ်နေပါသတဲ့။ ကျန်တဲ့ အမျိုးမတူ ၂ဝ ရာခိုင်နှုန်း က၊ အနမ်းခံရသူ ရဲ့ ကိုယ် ခန္ဓာထဲကိုလည်း ရောက်ရော ရောဂါပြီးဓာတ် (Antibody) တွေ ထွက်ပေါ်လာစေတဲ့ အတွက်၊ နမ်းသူနဲ့ အနမ်းခံသူ နှစ်ဦး စလုံး ဟာ ဓာတ်တည့် နေကြတယ် လို့ ဆိုကြပါတယ်။ (မြေပဲတို့၊ နွားနို့ တို့ စားထား ဝါးထားပြီး ကစ်စ်ပေးတဲ့ အခါမျိုးမှာ တော့ အနမ်း ဓာတ်မတည့်တာမျိုး (Kiss allergy) တွေ ရှားရှားပါးပါး ဖြစ်နိုင်ခြေ ရှိတတ် ပါတယ်)။ လျှာထိုးပြီး စုပ်နမ်းနေစဉ် မှာ နှစ်ဦး နှစ်ဖက်စလုံး ရဲ့ သွားချေးလွှာတွေ ဟာ ပျက်သုဉ်း ကုန်ကြပါတယ်။ ဒါ့ အပြင် တံတွေးတွေ ပိုမိုထွက် လာစေတဲ့ အတွက် တံတွေးထဲမှာ ပါဝင်တဲ့ ကယ်လစီယမ် ဓာတ်တွေ၊ ဖော့စဖော့ရပ်စ် ဓာတ် တွေကြောင့်၊ သွားပိုးစားတာတွေ ကို လျော့ နည်း စေတယ် လို့ဆိုပါတယ်။ သွားပိုးစား ရောဂါမဖြစ် စေချင်ရင် သွားဆရာဝန်ဆီ ကိုလည်းသွားပါ။ ကစ်စ်စုပ် အနမ်းကိုလည်း နမ်းကြပါလို့ ဆိုလေ့ရှိ ကြပါတယ်။ တစ် ခုတော့ရှိတယ်။ ချစ်သူကို ကစ်စ်ပေးတော့မယ် ဆိုရင်တော့ ကြက်သွန်ဖြူ တွေ၊ ကြက်သွန်နီတွေ၊ တညင်းသီးတွေ၊ ငါးသလောက်တွေ စားမသွားဖို့တော့ လိုလိမ့် မနော။

Kiss and AIDS

မြန်မာဆန်တဲ့ နှာခေါင်းနဲ့ ရှူရှိုက်ရတဲ့ အနမ်းမျိုး ကနေ အေအိုင်ဒီအက်စ် ရောဂါ မကူး စက်နိုင်ပါဘူး။ ပါးကလေးကို နမ်းလို့၊ နဖူးကလေး ကိုရှူရှိုက်လို့ မကူးစက်ပါဘူး။ စုပ်နမ်း တဲ့ ကစ်စ် အနမ်းတွေ နမ်းမယ် ဆိုရင်တော့ ကူးစက်နိုင်ပါ တယ်။ ဒါ့အပြင် လည်ပင်းကို၊ ကုပ်ကို၊ ရင်ဘတ်၊ ဗိုက်၊ လက် နဲ့ခြေထောက်တွေကို နှုတ်ခမ်း နဲ့ အတင်း စုပ်ပြီး (အနမ်း ခံရသူမှာ သွေးခြည်ဥ ထင်ကျန် သွားရလောက်အောင်) ကြမ်းကြမ်း တမ်းတမ်း နမ်းစုပ်မယ်ဆိုရင်တော့ နမ်းလိုက်တဲ့ သူကို ရောဂါ ကူးစက်နိုင် စရာ ရှိပါတယ်။

Kissing ရောဂါ

တံတွေးမှာ ပါဝင်တတ်တဲ့ အီးဘီဗီ ဗိုင်းရပ်စ် ကြောင့်၊ ဖျားပြီး လည်ပင်း အကြိတ် ရောင်တတ်တဲ့  (Infectious Mononucleosis) ရောဂါ ကူးစက် စေနိုင်ပါတယ်။ ဒီရောဂါ ကို အနမ်းရောဂါ (Kissing disease) လို့ အမည်ပေး ထားကြ ပါတယ်။ ဟင်းချို ပန်းကန် တစ်လုံးထဲမှာ ဇွန်းတစ် ချောင်းတည်း နဲ့ မိသား တစ်စုလုံး အတူသောက် ခဲ့ ရင် အသည်းရောင် စီပိုး၊ တစ်မိသားလုံး ကို ကူးသွားနိုင်တယ် ဆိုတာ ဟာ တံတွေးထဲ မှာပါနေတဲ့ စီ ပိုးကြောင့် ဖြစ် ရတာပါ။ ကိုယ့်မှာ စီပိုး ရှိနေ ပြီဆိုရင်တော့ ကိုယ့်ချစ်သူ ကို စုပ်နမ်း ကစ်စ်မျိုး မပေးသင့်တော့ ပါဘူး။ ရှိုက်နမ်း ကစ်စ်မျိုးကို သာ ပေးသင့်ပါတယ်။ သုတေသနပြုချက် တစ်ခု မှာ အစာအိမ် ရောဂါဖြစ်နေသူရဲ့ တံတွေး မှာ ဟယ်လီ ကို ဘက်တာပိုးတွေ ပါလာတတ်လို့ ကစ်စ်အနမ်း ကနေ အစာအိမ် ရောဂါ ကူးစက် သွားတာတောင် တွေ့ရှိခဲ့ဖူး ပါသတဲ့။ ကစ်စ် ကြောင့် တခြား ကူးစက်နိုင် တဲ့ ရောဂါတွေ ကတော့  ရေယုန်ပိုး၊ မှက္ခရုမှိုပိုး၊ အာသီးရောင်ဖျား၊ တုပ်ကွေး ၊ ဆစ်ဖလစ်၊ အိပ်ခ်ျ အိုင်ဗွီ ရောဂါတွေ ဖြစ်ကြပါတယ်။ နမ်းစုပ်မှုကို အပေါ်ပိုင်းရော အောက် ပိုင်းပါ ပြုမူကြတဲ့ သူတွေမှာတော့၊ ဂနို ရီးယား ဆီးပူညောင်း ကျ ရောဂါမျိုးပါ ကူးစက် နိုင်ပါသတဲ့လေ။

ကစ်စ်မျိုးစုံလင်

လျှာလျှာချင်း ပွတ်တာကို ပြင်သစ်အနမ်း (French kiss) လို့ခေါ်တယ် ဆိုတာကိုတော့ သိပြီးကြမယ် ထင်ပါတယ်။ ကစ်စ် ဆိုတာဟာ လိင်ဆက်ဆံမှု မပြုခင် ကနဦး ယုယမှု (ဖိုးပလေး) ရဲ့ တစ်စိတ် တစ်ဒေသလည်း ဖြစ်ပါတယ်။ နှုတ်ခမ်းကို အဓိက အသုံးပြုပြီး စုပ်နမ်းတာမို့လို့ ပါးစပ်ကလေး နဲ့ ပြွတ်ခနဲ အသံမြည်အောင် ကိုယ်ခန္ဓာ အနှံ့ကိုလျှောက်ပြီး ပြွတ်ကစ်စ်တွေ လုပ်လာကြပါတယ်။ လက်ဖမိုး ကလေးကို လှမ်း ယူပြီး ပြွတ်သံပေးလိုက် တာမျိုးတွေကို ဥရောပ၊ တူရကီ၊ အိန္ဒိယ ယဉ်ကျေးမှုတွေမှာ တစ်ဦးကို တစ်ဦး မိတ်ဆက်တဲ့အခါ ကျရင် ပြုမူတတ်လေ့ ရှိကြပါတယ်။ နဖူးကိုပြွတ်တာ၊ နားရွက်ကို ပြွတ်တာ၊ ရင်ဘတ်ကိုပြွတ်၊ လည်ပင်းပြွတ်၊ လက်ပြွတ် ။ ခြေထောက်ပြွတ်၊ ဗိုက်ပြွတ်၊ ချက်ပြွတ်၊ ခြေဖနောင့်၊ ခြေမတွေကိုလည်း (ဖိုးပလေး ယုယမှု တစ်ရပ် အနေနဲ့) ပြွတ်နိုင်ကြ ပါတယ်။ အက်စကီးမိုးတွေ၊ ပိုလီနီးရှမ်း၊ နယူး ဇီလန်နဲ့ မလေး လူမျိုးတွေဟာ တစ်ဦးကို တစ်ဦး နှုတ်ဆက်ကြတဲ့ အခါမှာ နှာခေါင်းချင်း ပွတ်ကြ၊ ဖိကြတဲ့ အနမ်းမျိုးတွေ ပြုလေ့ ရှိကြပါသတဲ့။ ဒါကို အက်စကီးမိုး အနမ်း (Eskimo kiss) လို့ ခေါ်ပါတယ်။ လူနှစ်ယောက် မျက်စိနှစ်စုံကို ကပ်ထားပြီး မျက်တောင်လေးတွေ ပုတ်ခတ် ပုတ်ခတ်ပြု ကြတာကို လိပ်ပြာ အနမ်း (Butterfly kiss) တဲ့။ မျက်ခုံးမွေးခြင်း ပွတ်ကြတာ ကိုတော့ ပေါက်ဖတ် အနမ်း (Caterpillar kiss) လို့ ခေါ်ပါသတဲ့။ နားထင်ကို လျှာနဲ့ လျက်တာကို တော့ ဘမ်ဘီကစ်စ် (Bambi kiss)။ ပီကေ မှုတ်ပြီး ကစ်စ်ရင်တော့ (Bubble gum kiss)။ သကြားလုံး ငုံကစ်စ် (Cotton candy kiss)။ ဝိုင်းကြီးပတ်ပတ် လှည့်ပြီး ကစ်စ်ကြရင် ဒစ်ဇီး ကစ်စ် (Dizzy kiss)။ ဘဲတွေလို ဦးခေါင်းကို ရှေ့တိုးနောက်ဆုတ် လုပ်တဲ့ ကစ်စ်မျိုး ကျတော့ ဒပ်ကစ်စ် (Duck kiss)။ နှုတ်ခမ်းပေါ် လက်နှစ် ချောင်း တင်ပြီးမှ ပြန်ခွာပြတာကို ဖလိုင်း ကစ်စ် (Fly kiss) ဆိုပြီး နာမည်တွေ အမျိုးမျိုးပေး လာကြပါတယ်။ လေယာဉ်ပေါ်က ဆင်းဆင်းခြင်း မြေကြီးကိုနမ်း (Earth kiss) တဲ့ သူမျိုးတွေတောင် ရှိလာပါ တယ်လေ။ ဘိုနိုဘို မျောက်တွေဟာ အချင်းချင်း ကစ်စ် လုပ်တတ်ကြပါတယ်။ ငှက် တွေဟာ နှုတ်သီးချင်းတေ့ပြီး ကစ်စ်ကြသလို၊ ခရုတွေဟာ လည်း ဦးမှင်ချင်း တို့ပြီး ကစ်စ် လုပ် တတ်ကြသတဲ့ဗျာ။

ကစ်စ်သင်္ကေတ  
နှုတ်ခမ်းနီ ဆိုးပြီး မှန်သားပြင်ပေါ် မှာ နှုတ်ခမ်း အရာ ပေးလိုက် တာဟာ ကစ်စ် ဆိုတဲ့ သင်္ကေတပါပဲ။ ရည်းစား စာအိတ် ပေါ်မှာလည်း နှုတ်ခမ်းရာ ထင်အောင် (Seal with kiss) ဆိုတဲ့ သင်္ကေတ နဲ့ စာအိတ် ပိတ်ပေး လိုက် တတ်ကြပါ တယ်။ K.I.S.S ဆိုတာက Keep It Short and Simple ကိုဆိုလိုတာပါ။ အဓိပ္ပာယ် ကတော့ ဘယ်အရာ ပဲလုပ်လုပ် ဝေ့ဝိုက် မနေဘဲ ရိုးရိုးစင်း စင်းလုပ်ဖို့ သတိပေး ထားတာပါ။ အင်္ဂလိပ် အက္ခရာ X ဆိုတာ ဟာ ကစ်စ်ရဲ့ သင်္ကေတ ပါပဲတဲ့။  X ဆိုတာ လက်မောင်း လေးချောင်း ပွေ့ဖက်ထား တာပါ။ O ဆိုတာက နှုတ်ခမ်းလေး ကို ဝလုံးလို ဝိုင်းနေအောင် စူပေး ထားတာပါ။ XOXO ဆို ပြီး အီးမေးလ် နောက်ဆုံး မှာ ထည့်ပေး လိုက်ရင် ဖက်လဲတ ကင်း ပြုမူ ရင်းနဲ့ အကြင်နာ အနမ်းများ ကို ပေးပို့ လိုက်ပါတယ် လို့ အဓိပ္ပာယ် ရပါသတဲ့ လေ။ ဒီလို ဆိုတော့… ရတီ ပရိသတ် အပေါင်း ကို XOXO သင်္ကေတပေးပြီး နိဂုံးချုပ်လိုက်ပါ တယ်။

တောက်တီးတောက်တဲ့

$
0
0

နင်ပြီးငါ့အလှည့်

၄၃၆၊ ၄၃၆ နဲ့ အသံတွေ တော်တော် ဆူညံလာပြီး ပြန်ငြိမ် သွားတာမှ သိပ်မကြာလှသေး။ အမျိုးသား ပညာရေး ဥပဒေ ကို ကန့်ကွက်တဲ့ ဆန္ဒ ဖော်ထုတ် ချီတက် တာတွေ ပေါ်လာပြန် ပါရောလား။ နယ်မြို့တွေ က ချီတက်လာ ကြတဲ့ ကျောင်းသားတွေဟာ ရန်ကုန်မြို့မှာ လာဆုံကြမတဲ့။ ကျောင်းသား သပိတ်တဲ့။ သပိတ်မှောက် ကျောင်း သားတွေ တဲ့။ သူတို့ ချီတက်လာရာ လမ်း တစ်လျှောက် မှာလည်း အသံမျိုးစုံ သတင်းမျိုးစုံ တွေ ကြား ရ၊ ထောက်ခံ တဲ့ သူက ထောက်ခံ၊ မြှောက် ပေးတဲ့သူက မြှောက်ပေး၊ ကန့်ကွက်တဲ့ သူက ကန့် ကွက်၊ ကျောင်း သားတွေ ချီတက် လာကြတယ် ဆိုလို့ သွားကြည့် ပါတယ် ကိုယ့်အဖေ အရွယ်တွေ ဖြစ်နေတာ တွေ့ရတယ် လို့ ပြောတဲ့ သူကပြော ။ ခုချိန် မှာတော့ ၄၃၆ တို့ ၅၉ (စ)တို့ ဆိုတာတွေ ကို မေ့သလောက် ဖြစ်ကုန်ကြပြီ ထင်ပါရဲ့။ အဲဒီ အသံ တွေ မကြားရတော့ဘူး။

သက်ဆိုင်ရာ တာဝန် ရှိသူတွေနဲ့ မျက်နှာစုံညီ ဆွေးနွေး ကြတော့လည်း အဆင်က သိပ်မပြေ၊ ကလေးတွေ စာမေး ပွဲဖြေရမယ့် ရက်နဲ့ လည်း တိုက်ဆိုင်နေ၊ ဘာကြီး ပဲဖြစ်တော့ မလိုလို ညာကြီး ပဲဖြစ်တော့ မလိုလို နဲ့ က လည်း ပြောနေကြ ပြန်တော့ ကာ ကျောင်းသား မိဘတွေစိတ်ပူ။ ကျောင်းသား မိဘဆိုတာ ကလည်း ပြည် သူတွေ ပဲဖြစ်ပြန်တော့ စိတ်ပူ တတ်တဲ့ သူတွေက ဟိုဟာတွေ ဝယ်စု ဒီဟာ တွေ ဝယ်လှောင် လုပ်ကြပြန်။ အဲဒီ သ တင်းတွေ ကို တောက်တဲ့မ တို့လည်း နေရာပေါင်းစုံက ကြားနေရ။ ရွာဆော်ကြီး ဖွဘုတ်ကြောင့် လည်း သေး တာတွေ ကြီး၊ ကြီးတာတွေ ကြီးသည်ထက် ကြီး။ ခက်တော့ နေပါပြီ။ ဒီတော့ဖြင့် မဖြစ်သင့်ပေ ဘူးပေါ့နော်။

ဒါကြောင့်ပဲ…ဘာမှ မဖြစ်နိုင်ပါဘူး။ မပူပါနဲ့။ စိတ်အေးအေး ထားကြပါ။ သွေးမပူကြပါနဲ့ လို့ တွေ့သမျှ သူတိုင်း ကို ဖျောင်းဖျ ပေမယ့် ရတဲ့သူ ကရ မရတဲ့သူ ကမရနဲ့…။ အင်း…. စိတ်များ လည်း ကုန်မိပါရဲ့ လို့သာ အော် လိုက်ချင်တော့ တယ်ရှင်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကလေးတွေ စာမေးပွဲဖြေမယ့် ရက်တွေနဲ့ သူတို့ရန်ကုန်မှာ ဆုံမယ့် ရက်က တိုက်နေလေတော့ ကာ ပညာရေး ဦးစားပေးတဲ့ ကျောင်းသား မိဘတွေ စိတ်ပူမယ် ဆိုလည်း ပူလောက် ပါတယ်လေ။

အဲ…သလိုနဲ့ပဲ…ဆွေးနွေးပွဲလည်း ရက်ရွှေ့ ဆိုင်းလိုက်၊ ချီတက်တဲ့သူ ကလည်း ချီတက်၊ စိတ်ပူတဲ့သူတွေ ကလည်း စိတ်ပူနေကြ တုန်းမှာပဲ ဝှိုက်ကပ် လို့ခေါ်ကြတဲ့ ယာယီ မှတ်ပုံတင် ကပ်ပြား ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား မဟုတ်သေး သူတွေကို မဲပေးခွင့်ပြု လိုက်တယ် ဆိုတဲ့ သတင်းကြီး ထွက်လာပြန်လေရောရှင့်။ ဒီတော့ ကာ ဝှိုက်ကပ် ဝှိုက်ကပ် ဝှိုက်ကပ်….ဆိုတဲ့ အသံတွေ ဆူညံ လာပြန်ပါရော။ ခုနက ကျောင်းသား သပိတ်ဆိုတာတောင် နည်းနည်း မှိန်သွားတယ်။ အင်း…ဒီမှာ တင် တောက်တဲ့မ တွေးမိလိုက်တာ တစ်ခုကတော့….ကလေး တွေ စာမေးပွဲဖြေမယ့် ရက်မတိုင်ခင်မှာ ဝှိုက်ကပ် ဆိုတာကြီးက ခုနက ကျောင်းသား သပိတ်ဆိုတာ ကြီး ကို လွှမ်းသွားရင် ကောင်းလေး မလားပေါ့ လေ….။

အံမယ်..မဖြစ်နိုင်ဘူး လို့ပြောလို့ရမလား။ ၄၃၆ ဆိုတာကြီး ကိုတောင် အမျိုးသား ပညာရေးဥပဒေကို ကန့်ကွက်တဲ့ ကိစ္စက ဖုံးသွား ခဲ့သေးတာပဲ။ ၄၃၆ မတိုင်ခင် ကလည်း ဘာတဲ့ မျိုးစောင့်ဥပဒေ ဆိုတဲ့ အသံဆူညံခဲ့သေး မဟုတ်လား။ သမိုင်းက စကားတွေ ပြောနေပါတယ်လေ…။ ခုလည်း ဝှိုက်ကပ်က ဖုံးမသွားဘူး လို့ ဘယ် သူပြောနိုင်မှာတဲ့ လဲ…။ နင်ပြီး ငါ့အလှည့်လို့ ပြောရမလားပဲ။ ကဲ…။

များလိုက်တဲ့သခင်တွေ

 ပြည်ထောင်စု နေ့ တို့ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် တို့ ဆိုတဲ့ အခမ်းအနား တွေ မှာ ဟောကြ ပြောကြ၊ သမိုင်း ကြောင်း တွေ ပြန်လှန်ကြ၊ မြန်မာ့ နိုင်ငံရေး ခရီးစဉ် တွေ ဆွေးနွေးကြ ဆိုတော့ကာ ဒို့ဗမာ အစည်းအရုံး အကြောင်း မပါလို့ ဘယ်ဖြစ် မလဲလေ…။ ဒို့ဗမာ အစည်းအရုံး ဆိုကတည်း က သခင် ဘသောင်း အစချီ… သခင် အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင် ဗစိန်၊ သခင်သန်းထွန်း၊ သခင်မြ.. စသည်ဖြင့် သူတို့ အကြောင်းတွေ လည်း ပါရပြီပေါ့။ ဒါတွေကို အမှတ်တရ အနေ နဲ့ ရေးကြ သားကြ ပြောကြ ဟောကြ တာတွေ ကြား မိတော့ မောင် တောက်တီး တို့ ငယ်ငယ် က ဖြစ်ရပ်လေး တစ်ခု ပြန်သတိ ရမိသဗျ။

အလယ်တန်း ကျောင်းသား ဘဝတုန်း က ထင်ပါရဲ့ မြန်မာ့ သမိုင်းမှာ အဲဒီ ဒို့ဗမာ အစည်းအရုံး အကြောင်း သင် ရတာ။ သမိုင်းဆရာ ကလည်း နိုင်ငံရေး စိတ်ဝင်စားသူ ဆိုတော့ ဖတ်စာအုပ် ထဲက သာမက သူလေ့လာထား ဖတ် ထား သမျှတွေ ကို စိတ်ပါ လက်ပါ အားရပါးရ ပြောသပေါ့ ဗျာ။ မောင် တောက်တီး တို့ကတော့ အင်မတန် သဘောကျ ကြသဗျ။ ဆရာ အဲ့လို စကားတွေ ပြောနေတော့ စာလိုက် မရေးရဘူးလေ။ စာအုပ်ထဲမှာ အရုပ်ဆွဲ ချင်ဆွဲ… မဆွဲရင် ကိုယ့်ဘေးက ကောင်နဲ့ စာမျက်နှာ နံပါတ်လှန်ပြီး သားရေကွင်းကြေး အလောင်းအစား လုပ်။ ဟိုး.. .နောက်ဆုံးတန်း ကကောင်တွေဆို အံစာတောင် ခိုးလှဲ့ကြသေး .. ဟေးဟေး…။ စိတ်ဝင်စားစွာ နားထောင် တဲ့ ကျောင်းသားတွေ လည်း ရှိကြသပေါ့။ ဆရာက လည်း အာတွေ့တွေ့ နဲ့ သခင်ပေါင်း များစွာ နာမည်တွေနဲ့ သူတို့ ဘာတွေ လုပ်ခဲ့ကြတယ် …မြန်မာ့ လွပ်လပ်ရေး နယ်ချဲ့ ဆန့်ကျင်ရေး ဖက်ဆစ် ဆန့်ကျင်ရေးတွေ မှာ ဘယ်လို ပါဝင် လှုပ် ရှားခဲ့ကြတယ် ဆိုတာတွေကို ပြောနေတော့ သခင် ချင်း မိုးမွှန်နေတော့တာပေါ့။

အဲ… ဆရာ အာညောင်း သွားလို့ ရေလေး လှည့်သောက်နေချိန် မှာပဲ အတန်း အလယ် လောက်က အားမူ ဆိုတဲ့ ကောင်မလေး က မေးခွန်း တစ်ခု ထမေး လိုက် တာကြောင့် ဆရာ့ မှာ ရေတွေ ဘာတွေတောင် သီးသွားသဗျ။ အားမူ က ခရစ်ယာန် ဘာသာဝင်လေ… သူမေးတာ က လည်း မေးထိုက် ပါတယ်။ သူက ဘာမေး လိုက် သလဲ ဆိုတော့ကာ….”ဆရာ.. ဆရာ… ခုနက ပြောသွားတဲ့ ဒို့ဗမာ အစည်းအရုံး က သခင်တွေထဲ မှာ ဒို့ သခင် ယေရှုရော မပါဘူးလား” တဲ့ဗျား…။ ကိုင်း… ဆရာ ရေ မသီးပဲ ခံနိုင်ရိုးလားလို့။

တောက်တဲ့မတို့ ရပ်ကွက်မှာ

 တောက်တဲ့မ တို့ အယ်ဒီတာတွေ မှာလည်း မော်ဒယ် အသစ် တစ်ယောက် ချောတောမော တောလေး မပေါ်လာလေ နဲ့ ပေါ်တာနဲ့ တစ်ပြိုင်နက် ဓာတ်ပုံရိုက် စာမျက်နှာပေါ် တင်မယ် ဆိုတာ ချည်း ဖြစ်နေလေတော့ ဘုတ်ကျီး ရိုသေ ကျီးဘုတ် ရိုသေ နဲ့ရယ် မမ ရယ် ညီမလေး ရယ် ချစ်ကြသည် ဆိုရာဝယ်ပေါ့။ ဒါမှ လည်း စာမျက်နှာ ပေါ် ရောက် ကြော်ငြာရှင်တွေ၊ လုပ်ငန်းရှင်တွေ ကတွေ့ ခေါ် ရိုက် ပိတ်ကားကြီးတွေ ထက်ရောက် ဘေ ဘုတ် ကြီးတွေ ထက်ရောက်နဲ့ သို့ဂလို ကြည်နူးစရာ ကောင်းတာ ကလား။ တစ်လော ကတော့ တောက် တဲ့မတို့နဲ့ မမ ညီမလေး ဆိုပြီး ချစ်ခဲ့ကြသမျှ ကြော်ငြာ မော်ဒယ် သရုပ်ဆောင် ရုပ်ရှင် ဝါရင့် သမ္ဘာရင့်ကြီး ဖြစ်သွားလေ သူကြီး တစ်ယောက် က မဂ္ဂဇင်း စာမျက်နှာ အတွက် ဓာတ်ပုံ ရိုက်ပေး ရတာ အသပြာ မရဘဲ ရူပါ ပါ ကျရတယ် လို့ ဆိုလေတော့ တောက်တဲ့မ မှာ ချစ်ခဲ့ ရသမျှ မျက်ရည်တောက် တောက်ကျရပါရောလား..။

 ဟော ဒါတင်ပဲလား မဟုတ်သေးဘူး စာမူရှင် အသစ်တွေကို စာတိုပေစ ကလောင်သွေးချင် တဲ့ ဇမျိုးတွေ ရှိခဲ့ တဲ့ တောက်တဲ့မ တို့က ကိုယ်ချင်း စာတရား အပြည့်နဲ့ ဖော်ရွေပျူငှာ သဒ္ဓါရွှင်လန်း ဝမ်းပန်းတသာ လက်ခံကြပေ မယ့် တစ်ခါတလေ စာမူရွေးပယ် အခြေအနေလေးတောင် မမေးဘဲ တခြား တိုက်တွေကို ပို့လိုက်ပြီ မို့ ပယ်ဖျက်ပေး ပါ တို့.. စာမူ ရောက်ကြောင်း အလိုက်တသိ အကြောင်း မပြန်ပေးလို့ နောက်နောင် မပို့တော့ဘူး တို့ ဆိုတာတွေ နဲ့ တစ်ခါ တလေ တစ်တိုက် မရွေး တစ်တိုက်ပေါ့လို့ သဘောပိုက်ကာ တိုက်ပြိုင်တွေ အားလုံးကို အီးမေး လိပ်စာတွေ တစ်သီကြီး တပ်လို့ တစ်ပြိုင်နက် ပို့လိုက်တာတွေ ရောက်လာတာ မြင်ရပြန်တော့ ကိုယ်မလုပ်ဖူး ခဲ့တာတွေ လုပ်နေ နိုင် ကြတဲ့ အတွက် ဟယ်ခနဲ ဟာခနဲ အံ့သြဘနန်း အားကျ မိရပြန်ပါတယ်။  ဘာပဲပြောပြော နေရာ တကာ မှာ မပါရ မနေနိုင်သူ တောက်တဲ့မတို့ ရပ်ကွက်မှာ လူ့အခွင့် အရေး လှုပ်ရှား သူတွေ၊ ဆန္ဒ ထုတ်ဖော် သူတွေ၊ ကန့်ကွက်သူတွေ၊ ဆန့်ကျင်သူတွေ၊ ကြေညာ သူတွေ စတဲ့ တက်ကြွ လှုပ်ရှားသူတွေ များတဲ့ တောက်တဲ့ မတို့နိုင်ငံ မှာ မော်ဒယ်မလေး တစ် ယောက်က ဗယ်လင်တိုင်းဒေးကိုသာ သိပြီး သူ့ ကပ်ရပ်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို မသိလို့ ဘာနေ့လဲလို့ မေးမိတဲ့ အတွက် ပရိသတ် တချို့ဆီမှာ ဆန္ဒဖော်ထုတ် ခံရနိုင်ဖွယ် ရှိနေတာကိုလည်း စိတ် ပူမိပြန်တာက တစ်မျိုး၊ တစ်ခါ အမျိုးသား ပညာ ရေးဥပဒေ ကန့်ကွက်တဲ့ သတင်းတွေ ကြားနေရ တော့ စပ်စပ်စုစု ဝင်ပါချင်ပြန်တာက တစ်မျိုးနဲ့ စိတ်တော့ အားရမယ် မရှိပါဘူး။ ခက်တာက ဝင်ပါ မယ်လုပ်ပြန်တော့ တောက်တဲ့မ တို့ရပ်ကွက်က မူလတန်းကျောင်း မှာ စာသင်နေ တာ ဖြတ်သွား ဖြတ်လာ တွေ့ခဲ့ရဖူးတဲ့ တောက်တဲ့မက ပညာရေး မဝေးတဲ့ အကြောင်းတွေ၊  မြန်မာ့ ပညာရေးရှေ့သို့ ချီနေတဲ့ ဇာတ်လမ်းလေး ကို သတိရ မိပြန် ပါတယ်။ အဲသမှာ ကျောင်းဆင်းခါနီး စာသင်ချိန်ဆိုတော့ လာကြိုတဲ့ ကျောင်းသား မိဘတွေကလည်း အပုံအခေါင်းကြီး ဆိုတော့ ဆရာ တပည့် ပလဲနံပသင့်မှ အမြင် တင့်မကိုး။ ကျောင်းသားတွေကို ဆရာမက စာမေး ကျောင်းသားတွေ ကဖြေ မှန် တော့ မိဘတွေက ဂုဏ်ယူ၊ ဆရာမက မော်ကြွား၊ ဖြေနိုင်တဲ့ တပည့်တွေက ပြုံးဖြဲဖြဲ။ တစ်ကြိမ် မှာတော့ “ကဲ ဥက ပေါက်တဲ့ အကောင် တစ်ကောင်လောက် ပြောပြစမ်းကွယ်” ဆိုတာ မှာ မေးခံရတဲ့ တပည့်က ရုတ်တရက် မျက်လုံး ကလယ် လယ်ဖြစ် အသွား ဆရာမ က “ သားရယ် …လွယ်လွယ်လေးလေ – သား ပတ်ဝန်းကျင်မှာပဲ ရှိတယ်လေ၊ အိမ်တွေမှာ လည်း ရှိတယ်လေ” ဆိုပြီး ကြက်ငှက် စတာတွေ ဖြေနိုင်စေဖို့ လမ်းကြောင်း ပြပေးပေမဲ့ ကျောင်းသားခမျာ ဆရာမရဲ့ ခြေဟန် လက်ဟန်ကို ကြည့်ပြီး ဝမ်းသာအားရ အပိုင်ဖြေလိုက်တော့ “ပင့်ကူပါ ဆရာမ” တဲ့။ ခက်တာက ဆရာမ ကလည်း “ မှန်တယ်” လို့ ပြန်မဖြေ .. အပြင်က ကြည့်နေကြ တဲ့ မိဘ တချို့ကလည်း သူ့ငါကြည့် ငါ့သူကြည့်နဲ့ နားဝေ တိမ်တောင်။ တောက်တဲ့မ တောင် အိမ်မှာ ပင့်ကူတွေ ဥကနေ အပြွတ်လိုက် ပေါက်တာ မြင်ဖူးတယ် ထင်မိတာ မဟုတ်ဘူးနဲ့ တူပါရဲ့လို့ ကိုယ့် ကိုယ်ကိုယ် အထိတ်တလန့် သံသယ ဖြစ်မိရတဲ့ အထဲ ဝေလငါး နဲ့တူတူ အိပ်မိလို့ ငါးဖယ်ပြားရခြင်း အကြောင်း၊ ဝမ်းချုပ်တတ်တဲ့ အကျင့်ရှိလို့ ညှစ်ရင်းနဲ့ ပုစွန်တွေ မျက်လုံးပြူးရ ခြင်း အကြောင်း ဆိုတာတွေ လေ့လာ သင့်ကြောင်း အကြံဥာဏ် ပေးမယ်လို့ ကြားဖူးနားဝ ရှိသူတွေ ပြောနေတာ ဖြတ်သွားဖြတ်လာ ကြားမိခဲ့တာ လေးတွေ ပြန်သတိ ရမိတော့ ရွစိတက်နေတဲ့ စိတ်တွေကို ဖြစ်ပြီးရင် ပျက် မယ် ဆိုတဲ့ တရား သဘောလေး နဲ့ တွဲပြီးထိန်းထားရတာ တကယ်။

တက်ရိပ်

မောင်တောက်တီး တစ်ယောက် ဈေးဝယ် ထွက်လာ၏။ ကုန်စုံဆိုင် တစ်ဆိုင်ရှေ့ရောက် သောအခါ
”နှမ်းဆီ ၁ ပိသာ ဘယ်လောက်လဲ ခင်ဗျာ” ဟုမေးရာ ဆိုင်ရှင် အမျိုးသမီးကြီးက
”၆ဝဝဝ” ဟုခပ်ပြတ်ပြတ်ဖြေလေ၏။

”ဟာ တက်သွားပြန်ပြီ လားဗျာ အရင် တစ်ခေါက် ဝယ်တုန်းက ၅၅ဝဝ ပါ” ဟုပြောကာ အိမ်ရှင်မ မှာ လိုက်သော ငွေနှင့် လောက်မလောက် စိတ်တွက်ဖြင့် တွက်နေစဉ်မှာပင် ဆိုင်ရှင် အမျိုးသမီးကြီး က စိတ် မရှည် ဟန်ဖြင့်

”ဒီမယ် ဆရာကြီး သိပ်စဉ်းစားမနေနဲ့ ရှေ့လျောက် တက်ဖို့ပဲရှိတယ်”

”ဟာ ဒီမယ် အမကြီး ခင်ဗျား မဟုတ်တာ မပြောနဲ့ဗျာ ဒီနှစ် ရာသီဥတု က သိပ်မဖောက်ပါ ဘူးဗျ ဒီတော့နှမ်း အထွက် မဆိုးဘူး နောက်ပြီး ဓာတ်ဆီဈေးတွေ လည်း ကျတယ် မဟုတ်လား သယ်တဲ့ ယူတဲ့အခတွေ လည်း ကျတော့ ဈေးကျ မယ် ဆို ကျနိုင်တာပဲ မဟုတ်လား”

”ရှင်ဟာ လည်မလိုနဲ့ အတော်အတဲ့ လူပါလား တိုင်းပြည်မယ် နှမ်းဖြူးတဲ့သူ နဲ့ မရောင်ရာ ဆီလူး တဲ့သူတွေ ဒီလောက် များနေတာ ဒီဆီဈေး တစ်သက် ကျပါ့မလားဟဲ့ မောင်တောက်တီး ရဲ့ … မဟာပညာယှိကြီးရဲ့ ……………””

Viewing all 194 articles
Browse latest View live