Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all 194 articles
Browse latest View live
တောက်တီး တောက်တဲ့
$
0
0
မင်းသမီးလေးတစ်ယောက် အကြောင်း
ကြီးတော်ကြီး တစ်ယောက် သူ့တူမကို သိပ် မသင်္ကာချင်တော့။ လျှပ်စီး လက်သလို အမြဲယောက်ယက် ခတ်နေ တတ် တဲ့ တူမ ပျာယာက စကားဟဖို့ နေနေသာသာ ပြုံးပင် မပြုံးနိုင်တော့။ အထိုင် အထတွေ မှာလည်း ရွရွလေး၊ လိပ်ခေါင်း ဖြစ်နေသလား။ အိမ်ထဲက အိမ်ပြင်လည်း မထွက် ဆို တော့ကာ ကိုယ်ဝန်များ ဖျက်ချ သ လား။ ခေတ် ကာလ သမီးများကလည်း DNC လုပ်တာ (သားအိမ်ခြစ်တာ) လောက်တော့ အေးဆေး ဆိုတော့။
အကဲခတ် သလောက် အဖြေက ရှုပ်ယှက် ခတ်နေတာမို့ ”ဘာဖြစ်တာ တုံးအေ” လို့ပဲ တဲ့မေးရပြီ။ အံမယ် ဒင်းကများ စိတ်မရှည် သလို ခပ်စိုက် စိုက် ပြန်ကြည့်ရင်း မဟ တဟနဲ့ နောက်မှ ပြောပြမယ်တဲ့။ ခါတိုင်းဆို နဂိုသံ ကျယ် လော် စပီကာ ပျာယာရဲ့ အသံက ဖုန်းလိုင်း မကောင်းလို့ ကြား တစ်ချက် မကြားတစ်ချက် အသံမျိုး။
နောက် ၃ ရက်လောက်မှ နည်းနည်း ပုံမှန်ပြန်ဖြစ်လာပြီး တင်ပါးက ဆီလီကွန် ထည့်ထားလို့ ဂရုတစိုက် ထိုင်နေ ရသေးကြောင်း ရှင်းပြတယ်။ အဲဒါကို ကြီးတော် လည်း တော်တော် နဲ့ နားမလည်။ ”ညည်းတို့ ဟာကလည်း စကား မပြောနိုင်လောက်အောင် နာတာကို လုပ်ရသလားအေ” တဲ့။ အဲ့တော့ မပျာယာက ”စကား မပြောနိုင် တာက ပါးမှာ ကြိုးထိုး ထားလို့ပါ” တဲ့။ ”ဟမ် ဘာတွေလဲ ရှုပ်နေတာပဲ” ”ခုခေတ်က ကြီးတော်တို့ ခေတ်လိုမှ မဟုတ်တာကိုး ကြီးတော် ရဲ့၊ ပါးမှာကြိုးထိုး တယ် ဆို တာ မေးလေးတွေ သွယ်တဲ့ ပုံဖြစ်အောင် တို့၊ နှုတ်ခမ်းလေးကို ပြုံးနေ သလို ဖြစ်အောင် ကြွက်သားကို ထိန်းတဲ့ အနေနဲ့ လိုချင်တဲ့နေရာ မှာ ကြိုးလေးတွေ ထည့်ပြီး အရေပြား ကို လိုသလို လုပ်တာ၊ တင်ပါးကို ဆီလီကွန် မထည့်ဘဲ အပေါ်ပဲ ပင့်တင်ရုံဆို တင်ပါးကို ကြိုးထိုးလို့ ရတယ်။ ကြီးတော်ကြီး ရဲ့ တွဲကျနေတဲ့ မျက်နှာက အရေပြားတွေ ဆွဲတင်ချင် လည်း ကြိုးထိုး လို့ရတယ်။ မေးလေးကို ပိုသွယ် သွားအောင် မေးအောက်မှာ ဆီလီကွန်လေး နည်းနည်း ထည့်လိုက်”
”တော်ပါအေ၊ သေပဲသေတော့မင့်ဟာ၊ ညည်းတို့ ဟာကလည်း လွန်လွန်းပါတယ်အေ”
”အို … သမီးတို့ကတော့ သေရင်တောင် လှလှလေး သေချင်တာကိုး ကြီးတော်ရဲ့”
မိန်းမဆိုတာ
မိန်းမတွေ ဟာ စပ်စု ချင်တယ်။ တိတ်တိတ် မနေချင်ဘဲ ပွစိပွစိ လုပ်ချင် တယ်။ ဒါကြောင့် ဂျာနယ်လစ်တွေ ထဲမှာ မိန်း မတွေ ပိုပို များလာတာပေါ့။
ယောက်ျားတွေ မှာ အကြောပေါင်း တြီလျံ နဲ့ ချီပြီးရှိတယ်။ အဲဒီ အကြော တစ်ခုချင်း စီကို မိန်းမတွေက သိပြီး နာမည် တပ် တတ်တယ်။ ကိုယ်တစ်တွေ ဘာ အကြောထနေ တယ် ဆိုတာ မိန်းမတွေက ပိုအသိဆုံး။
ကိုယ်တွေ မဟုတ်တာ လုပ်တာကို မိန်းမတွေ အာရုံက အလိုလို သိနေတတ်တယ်။ သူတို့ စုံစမ်းထောက် လှမ်းပြီ ဆိုရင် လည်း စစ်အစိုးရ လက် ထက် ထောက် လှမ်းရေးတွေ ထက် ပိုကျွမ်းကျင် တိကျတာကို မေ့မထားနဲ့။
မိန်းမတွေ ပြောနေကျ စကား ရှိတယ်။ ‘အမှန်တရားနဲ့ နာကျင်ချင် နာကျင်ပစေ၊ အလိမ်အညာ နဲ့တော့ မလှည့်စားပါနဲ့’ ဆိုတာလေ။ အဲသလို သာပြောတာ ကိုယ်တွေ မုသားသုံး မှ အနေအထိုင် ချောင်မယ်ဆိုတာ မသေ မချင်းမှတ်ထား။
ကိုယ်တွေက ချစ်သူ အရေ အတွက်ကို ရူးသွပ် ချိန်မှာ မိန်းမတွေက အချစ်ရဲ့ နက်ရှိုင်းမှုပေါ် မှာပဲ ရူးနှမ်းနေ ကြတာဖြစ် လို့ သတိနဲ့နေပါ။
မိန်းမတွေက ဘာလဲလို့ ပြန်မေးတဲ့ အချိန်ဟာ ကိုယ့်ရဲ့ ပြုပြင်ဖို့ အချိန်ပါ။ အဲ့ဒီအချိန်မှာ ကိုယ် စကားပြော မှားတာ ကို ပြင်ရင်ပြင်၊ မပြင်ရင်တော့ နာပြီပဲ။
အသုံးမကျလိုက်ပုံများကတော့
မောင်တောက်တီး သူငယ်ချင်း တစ်ယောက် လူပျိုကြီး ဘဝနဲ့ နှစ် ၄ဝ လောက် ဖြတ်သန်း လာခဲ့ပြီးမှ မိန်းမယူ လိုက် တာ ကြာလှ ၂ နှစ်ပေါ့။ ဒါပေမဲ့ ဒင်းဆီက ဆူညံ သံတွေ ကြားလာရပြီ။ မိန်းမအပေါ် မကျေနပ်တဲ့ အသံတွေ ပေါ့ဗျာ။ ကြီးမှ ဝက်သက်ပေါက်တော့ လည်း ပိုခံရတာပေါ့။ လူပျိုကြီး လက်နက် ချ ဆိုတော့လည်း ပစိပစပ် က ပိုများလေ သပေါ့။ မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ မိန်းမအသုံး မကျကြောင်း ဓာတ်ပြားဟောင်းကြီး ကိုဖွင့်တော့တာပဲ။ ကြား ရတဲ့ ကောင်တွေ လည်း နား မခံနိုင်ဖြစ် လာကြပေမဲ့ သူ့ပါးစပ်ကြီး ကနေ မိန်းမ အသုံး မကျကြောင်းတွေ ရပ် သွားအောင်တော့ ဘယ်သူမှ မတတ်နိုင်ကြဘူး လေ။ ဒီတော့ကာ သူတိုက် သမျှ သောက် သူကျွေး သမျှ စားပြီး သူပြော သမျှ နားထောင်နေ ကြရတော့တာပေါ့။ တစ်နေ့တော့ ညနေဘက် သူ့အိမ်ကို အလည်ရောက် သွားတုန်း သူ က ရေခဲသေတ္တာ ထဲက ဘီယာ ပုလင်းလေးတွေ ထုတ်လာပြီး ဧည့်ခံတယ်။ သူလည်း သောက်တယ်။ ဒီကတည်း က မောင်တောက်တီး တို့ သိလိုက်ပြီ။ ဓာတ်ပြားဟောင်း ကြီး ဖွင့်တော့မယ် ဆိုတာ။ သိပ် မကြာပါဘူး။ ထုံးစံအတိုင်းပဲ မိန်းမ အသုံး မကျကြောင်း၊ ညံ့ဖျင်းကြောင်း တွေ လာတော့တာပါပဲ။ ပြောရင်း ပြောရင်း အားပါလာတော့ သူ့ပုဆိုး ကို ကိုင်ပြပြီး ”ဒီပုဆိုး ကိုပဲ ကြည့်ကွာ ကြွပ်ကြွပ်အိတ် လို ပါးနေတဲ့ အပြင် ချည်ကျော်တွေ ကလည်း အများကြီး။ ဒီလို ပုဆိုး မျိုး ကိုမှ ရွေးဝယ်တယ်တဲ့။ ဘယ်လောက် ရွေးချယ်မှု ညံ့ဖျင်း လိုက်သလဲ ဆိုတာ။ (တီဗီကို လက် ညှိုး ငေါက်ငေါက် ထိုး၍) ဟောဟိုက တီဗီ တင်တဲ့ စင်ကို ကြည့်လိုက်ဦး။ ပုံမလာ ပန်းမလာနဲ့။ အဲဒါလည်း သူ ပဲ ရွေး ဝယ် လာတာလေ။ (ထိုင်နေသော ဆိုဖာကို တဘုန်းဘုန်း ပုတ်) ဟောဒီ ဆိုဖာတွေကို ကြည့်စမ်းပါဦးကွာ။ ဘာ အရောင် မှန်း မသိ ဘာအဆင် မှန်းမသိ။ တောကျ လိုက်တဲ့ ဒီဇိုင်း။ ဒါလည်း သူပဲ ရွေးချယ်တာလေ။ ငါတောင် မသိ လိုက်ဘူး။ အဲဒါတွေကို ပဲကြည့်တော့ ငတောက်တီးရေ” သူပြောလို့မှ စကားမဆုံးသေး မောင်တောက်တီး ဝင်လာပြီး ပြန် မပိတ်မိတဲ့ တံခါးကနေ သူ့မိန်း မ ခြေဆောင့် ဝင်လာ။ သူ့နားရွက်ကို မိမိရရ ဆွဲလိမ်ပြီး ”ကိုင်း..ဟုတ်ပါပြီ… ဟုတ်ပါပြီ…. ကျုပ်ရွေးချယ်မှု တွေ အသုံးမကျပါဘူး။ ရှင်ပြောတာ မှန်ပါတယ်။ ကျွန် မရွေးချယ်မှု ထဲမှာ အသုံးမကျဆုံး ကတော့ ရှင့်ကို လင်တစ်ယောက် အဖြစ် ရွေးလိုက်မိတာပဲ” တဲ့ဗျား…။ ကိုယ့်ကောင်ကြီး မျက်နှာကြီးမဲ့။ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့။ ပါးစပ်လည်း ပိတ်သွား လိုက်တာ။ နောက်နောင် သူငယ်ချင်းတွေ နဲ့ ဆုံတိုင်း သူ့မိန်းမ အသုံး မကျကြောင်း ပြော ကို မပြောတော့ ပါဗျာ။
ဖြစ်မှဖြစ်ရလေ
ဟိုတစ်လောလေး က လိင်တူချင်း အတူနေတဲ့ ၁ဝ နှစ်ပြည့် မင်္ဂလာပွဲ ကိစ္စရယ်။ Facebook မှာ နာမည်ကြီးနေတဲ့ ဣတ္ထိယ အသွင် လုလင်ပျို ကလေးနဲ့ ဂျာနယ် အင်တာဗျူး တွေ၊ မျက်နှာဖုံးပုံတွေ အစ ရှိသည် ဖြင့်ပေါ့လေ. ..နိုင်ငံ တကာ နဲ့ ရင်ပေါင် တန်းနိုင်ပြီ လို့ ဆိုရလေမလား၊ ခေတ်ရေစီး ကြောင်းကြောင့် ပဲလား၊ အချိန်တန် လာလို့ပဲ လားတော့ ဘယ်သူ မှ တိတိ ကျကျ မပြောနိုင်ပေမဲ့ အဲဒီလို ကိစ္စတွေ ပေါ်လာပြီး နောက်ပိုင်း မှာတော့ လိင်တူတွေ ရဲ့ဆောင်ရွက် ချက်တွေ ပိုပြီး ပွင့်လင်းလာ ချက် ကတော့ တအားပဲဗျ။ အင်မတန် မှကို ပေါ်တင်ကျ လာကြတယ် ဆိုရမလား၊ တို့ကတော့ ခပ်ပြောင်ပြောင် ပဲ လို့ဆို ရမလားဗျာ။ ဒါတင် ဘယ်ကဦးမ လဲ ကောင်လေးတွေ ကပါ မိန်းမ ရှာလေးတွေလို ပြောလာကြ၊ ဆိုလာကြတာကို တွေ့ရသဗျ။ ဝတ်စားဆင်ယင်ပုံကအစ ခြောက်၏/ မခြောက်၏ ခွဲခြားရတာ ခပ်ခက် ခက်ဖြစ် လာတယ်။ အောင်မယ် … မောင်တောက်တီး တို့ သူငယ်ချင်းတွေထဲ မှာတောင် ညည်းကအေ…ကောင်မနော်…. ရွစိ တက်နေ သလား.. .စသည်ဖြင့် ပြော ကျင့် ဆိုကျင့် ပါလာတဲ့ကောင်တွေ တွေ့လာရလို့ ဟန့်နေရပါ ပကော လား။ ခေတ် ကြီး ကိုပဲ အပြစ်ပုံ ချရမလား၊ စနစ်ကြီး ကိုပဲ အပြစ်ပုံချ ရမလား မဆိုနိုင်ပေမဲ့ ပွင့် လင်း မြင်သာ မှုတွေကတော့ တအား တအား ကို ရှိလာကြသဗျ။ ဘယ်လို ပဲဖြစ်ဖြစ်လေ ခေတ်ရေစီးကြောင်း ဆိုတာ ကလည်း အားကောင်း မောင်းသန် ကြီး ဆိုလေ တော့ကာ တားဆီးဖို့ ဆိုတာ မလွယ်လှဘူးပေါ့။ ရေစီးကြောင်း မှန်အောင်သာ ထိန်းကျောင်း ဖို့ကိုပဲ အာရုံစိုက် ရတော့ မပေါ့လေ။ အကောင်း ဘက်ကပဲ လှည့်တွေး ပြီး အချင်းချင်း အပြစ် မဖို့တဲ့ လူ့အဖွဲ့ အစည်းကြီး ဖြစ်လာရေး ကိုပဲ ဦးတည် ရပေမပေါ့။ အစ ရှိသဖြင့် တွေးပြီး လမ်းလျှောက် လာလိုက်တာ… ဗီဒီယို ကြော်ငြာ ဆိုင်းဘုတ် တစ်ခု ကိုတွေ့မှပဲ မျက်လုံးတွေ ပြူးသွားမိတယ်။ ဇာတ်ကား နာမည်ကြောင့် ပါပဲဗျား။ ဖြစ်မှဖြစ် ရလေဗျာ။ ဇာတ်ကား နာမည်က ”အခြောက် သရဲ” ဆို သကိုး။ သြော်… သရဲလောက မှာတောင် ဒီလိုဖြစ်နေ မှတော့ မောင်တောက်တီး တို့တစ်တွေ ဘာမှ မတတ်နိုင်တော့ တာလည်း ဘာဆန်းသေး လဲ လို့ တွေး လိုက် မိရင်း… ”ဒီမိုကရေစီ ခေတ်သစ် မှာ အဖြတ် အတောက် ဆင်ဆာတွေ တစ်ခုမှ မရှိကြတော့ရင် အဘက်ဘက်က ပိုတိုးတက် လာမှာ သေချာတယ်” ဆိုတဲ့ ပြော စကားတွေ ကိုလည်း ပြန်သတိရလိုက်သေး သဗျ။
အဓိပတိလမ်းပေါ်က ရဟန်းတစ်ပါး (၁)
$
0
0
သစ်ပုပ်ပင်နှင့် ကံ့ကော်မြိုင်တန်း၊ အဓိပတိ လမ်းနှင့် လွမ်းမော ဖွယ်ရာ မြကျွန်းသာ၊ အင်လျား ကန်ပေါင်က ဘူးသီးကြော်။ စောင့်မျှော်နေ သော ညနေ၊ တက္က သိုလ်ကျောင်း ကငွေလမင်းနှင့် ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ သုံးရာသီ ဦးချစ် လက်ဖက်ရည်ဆိုင်က ခုံပုလေးများ၊” စသည် စသည် ဤမည်သော အရာ တို့သည်ကား ရိုမန္တိက (Romantic) ဆန်လွန်းလှသော ဝေါဟာရများပေ တကား။ တက္ကသိုလ်နေ့ရက် များနှင့် ချိတ်ဆက် ယှက်နွှယ် ဆွတ်ပျံ့ဖွယ် အလှ၊ အနုအရွ ကဗျာ၊ အလင်္ကာ ဟာသ၊ မေတ္တာ သိမ့်သိမ့်၊ ငြိမ့်ငြိမ့် ညောင်းညောင်း၊ ပျောင်းပျော့သော ဂီတကို ဖွဲ့နွဲ့ ခြင်းတွင် မှော်ဝင်သော ကဝေလက် များက တက္ကသီလာ၏ ဝေ့ပြာမှုန်ရီ သော ပုံရိပ် တို့ကို ညွတ်နူးဖွယ်ရာ ဖန်တီးခဲ့ချေပြီတည့်။ ဝတ္ထုဘုတ် အုပ်တို့ကိုပင် အဟုတ်မှတ် ထင်ကာ လုပ်ဇာတ်များ ကို ကိုးကွယ်လေ့ ရှိတတ်သော ဆယ်ကျော်သက် အရွယ်ရှင် ငယ်လေး တစ်ပါး၏ အိပ်မက်တွင် တက္ကသီ လာဟူသည် ကမ္ဘာသစ် ပမာဖြစ်လာချေ တော့၏။ ငါသည်လည်း ဤမြကျွန်းသာ သို့ ကြွချီအံ့၊ အဓိပတိ လမ်းပေါ် တွင် မော်မော်ကြွားကြွား လမ်း သလားပေအံ့ဟု လက်ခမောင်း ခတ်ကာ စာတွေ ကျက် မှတ်မိသေးတော့၏။ သို့သော် ကမ္ဘာသစ်ကား ခြားလေပြီ။ မြန်မာစာ သင်ပုန်း ကြီး ကို အခြေတည်၍ မင်္ဂလသုတ်နှင့် နမက္ကာရ ဘုရားရှိခိုး၊ ပရိတ်ကြီး အမျိုးမျိုးနှင့် သင်ရိုးပိဋကတ်၊ ပထမလတ်၊ ပထမကြီး ဟူသော ဆာတီဖီကေ့ထ် (Certificate) တို့ သည် မြကျွန်းသာနှင့် မနီး တက္ကသီလာ ခရီး မဟုတ်ခဲ့လေပြီ။ ‘ရန်ကုန်ပူရံ မနောရမံ’ ဆိုသော်လည်း ‘တက္ကသီလံ’ ကား ‘အတိဒူရံ’ ဖြစ်ခဲ့ချေပြီ တကား။ ရှင်ပင်ဖြစ်စေ၊ လူပင်ဖြစ်စေ လူငယ်သည် လူငယ် သာဖြစ်၏၊ ထို့ ထက်မပို ၊ လောကုတ်ကို မလို။ လောကီကိုသာ ညွတ်ရိုးထုံးစံ ရှိသတည်း။ ဘဂဝါ ဟိုက်စကူး ဟူသည်ကား မသေရာ အမြိုက် တူးဖော်ရေး လမ်းတည်းဟု ထိုစဉ်က မသိခဲ့ရိုး အမှန် ဝန်ခံရပေမည် တည့်။ သို့သော် ဘဂဝါ ဟိုက်စကူးမှ ပေါင်းကူးဖြစ် သော သာသနာ့ တက္ကသီလာ သို့ကား သူရောက် အောင်သွားခဲ့ ပါချေသည်။ စိန်ပန်း ကမ္ဗလာတို့ စွေးစွေးနီ ခဲ့ပါလေသော ထိုတက္ကသီလာ ၌ ရိုမန္တိက မြူကင်းသော သင်ရိုးညွှန်းတမ်း များနှင့် ဓမ္မရနံ့ ဓမ္မ ဂီတတို့တွင် သူပျော်မွေ့နိုင်အောင် ကြိုးစားခဲ့ ချေသည်။ ယထာဘူ တကျစွာ တွေးခေါ် တတ်လာ ပြီဖြစ်သည့် ရဟန်းငယ် တစ်ပါးဘဝတွင်မူ မြကျွန်းသာကို စာပေ ပြတင်းပေါက်မှသာ ချောင်း ကြည့်မိတော့သည်။ သို့သော် တက္ကသီလာကို လွမ်းမောဖွယ်ရာထက် သမိုင်းပြတိုက်ကြီး အဖြစ် မှတ်ထင် စွဲမြဲနေသော တက္က သိုလ်ကျောင်း သူဟောင်းကြီး တစ်ဦး၏ ဖိတ်ခေါ် လမ်းပြမှုကြောင့် အဓိပတိ လမ်းမကြီးပေါ်မှာ ဧည့်သည် တစ်ယောက် အဖြစ် လမ်းလျှောက်ခဲ့ ရဖူးလေသည်။ ကျောင်း သူဟောင်း အမျိုးသမီးကြီး၏ တက္ကသီလာ နေ့စွဲ များကို နားစိုက်ရင်း ဟိုးနှောင်းခေတ် ဆီက တောက်ပခဲ့သော တက္ကသိုလ် အဆောင်ဆောင် အခန်းခန်း များ ကို ငေးနေ မိသေးတော့သည်။ သြော် ဇာတိသွေး ဇာတိမာန်နှင့် မြန်မာ့ ဦးစွန်းကို မြှင့်ခဲ့ ရာ၊ အမျိုး ဘာသာ သာသနာ ၏ သမိုင်း အသစ်ကို ထုဆစ်ခဲ့ရာ တန်ဖိုးကြီး လှသော တက္ကသီလာပေ တကား။ ဆယ်ကျော်သက် အရွယ်ဆီက စိတ်ကူး နုနုများကား အတွေးအသား တက်၍ ရင့်ကျက် ဟန်ရှိခဲ့ပြီ။ ပြည့်ဝသော ရင့်ကျက်မှု ကား မဟုတ် ချေသေး။ ငယ်စဉ်က လျှောက် လိုခဲ့သော အဓိပတိ လမ်းကိုကား အတွေးအမြင် တစ်မျိုးဖြင့် ရိုးရိုး လေးသာ လျှောက်ခဲ့ ဖူးလေပြီ။ သို့သော် တ ဒင်္ဂ ဖြတ်လျှောက်ခြင်း မျှသာတည်း။ (၂) မြကျွန်း သာကံ့ကော်တော၏ အဓိပတိလမ်းပေါ်တွင် အတွင်းစည်းမှ လျှောက်ခဲ့ဖူးသော ရဟန်းတစ်ပါး တော့ ရှိခဲ့ဖူး ပါလေ သည်။ တက္ကသိုလ် ခေတ်ဦး (၁၉၃၉ခုနှစ်)ဆီက ရန်ကုန် တက္ကသိုလ်၊ မြန်မာစာ ဌာန စာသင်ခန်းတွင် ရဟန်းငယ် တစ်ပါးက တက္ကသိုလ် ကျောင်းတော်သားကြီး အဖြစ် အခြား ကျောင်းသူ ကျောင်းသားများ ကြားတွင် ထင်းထင်း ကြီး ရှိနေခဲ့လေသည်။ ထိုရဟန်း ငယ်သည် တက္ကသီလာ မြကျွန်းသာ တွင် ပထမဆုံး တက် ရောက်ခွင့် ရသော ဗုဒ္ဓ ဘာသာ ရဟန်းတော် ပင်ဖြစ်ချေသည်။
ထိုအကြောင်းကို ဆရာကြီး မြကေတု၏ နှောင်းခေတ် တက္ကသိုလ် ဘဝ မှတ်တမ်း များတွင် ဤသို့ဤပုံ လင်းခဲ့ပါချေ၏။ ‘ဤဖြစ်ရပ်သည် ရှေးအခါက မည့်သည့် အခါ ကမှ မပေါ်ပေါက်သေးသော ကိစ္စရပ်မျိုး ဖြစ်၍ ထူးထူးကဲကဲ တက္ကသိုလ် သမိုင်း တစ်ရပ်အနေဖြင့် တင်ပြ သင့်သည်ဟု ထင်မြင် မိပေသည်။ တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ သိပ္ပံ ဘွဲ့ စသည်တို့ကို ကျောင်းသား အဖြစ် မှတ်ပုံမတင်ပါဘဲ ပြင်ပမှ အလွတ်ဖြေဆို အောင်မြင်ကြလေ ကုန်သော ရဟန်းပျို များကား ရှိခဲ့ဖူးပါသည်။ သို့သော် ရဟန်း ဝတ်ဖြင့် ကျောင်း သူ၊ ကျောင်းသား များနှင့်အတူ နေ့ကျောင်းတက် ကာ ဝိဇ္ဇာအောင်ပန်း ကို ဆွတ်လှမ်းပန်ဆင် သွားသော ရဟန်းပျို ကိုကား ကျွန်ုပ်၏ သမိုင်း တွင် မြှုပ်နှံ ဖုံးကွယ်ထား မရစကောင်းပါပေ၊ ယင်း ရဟန်း ပုဂ္ဂိုလ်ကား ရှင်ကေလာသ ဖြစ်ပါသည်’
ဆရာကြီး မြကေတုက ရှင်ကေလာသ၏ တက္ကသီလာ ရောက်မလာမီ အခြေအနေကို ရှင်းပြ ခဲ့သေးသည်။ ရှင်ကေလာသ ၏ ဖခင်က ရခိုင် ပြည်နယ် သံတွဲမြို့ရှိ မူလ တန်းကျောင်းအုပ် ဆရာကြီး ဆရာဒိုင် ဖြစ်သည်။ မိခင်က ပစ္စည်းဥစ္စာ အနည်းငယ် ပြည့်စုံသည့် ထားဝယ်သူ ဒေါ်မေခင် ဖြစ်သည်။
 ရှင်ကေလာသ အလောင်းအလျာလေး မန္တလေး ကယ်လီ ဟိုက်စကူးကျောင်းတွင် (၉)တန်း တက်နေစဉ် ဆရာစံ အရေးတော်ပုံ ကြီးနှင့် ကြုံရသည်။ ရှင်ကေလာသ ၏ ဖခင်အား ဆရာစံ နှင့် ရင်းနှီးကျွမ်းဝင်သူ ဟု အထင်ရှိ၍ သာယာဝတီ ထောင်တွင် ထိန်းသိမ်းထားသည်။ တစ်နှစ်ခန့် ကြာမှ လွတ်မြောက် လာ သည်။ ထောင်မှ လွတ် သော အခါ မန္တလေးတွင် စာသင်နေသည့် သားကို ခေါ်ကာ မိခင်ရှိရာ ထားဝယ်သို့ သွားရောက်၍ မိသားစုလိုက် သာသနာ့ဘောင် ဝင်ရောက်ကြသည်။ သာ သနာ့ဘောင် တွင် ပျော်ပိုက်ကာ တစ်ဝါ ဆိုပြီးသော် ဖခင်ရဟန်း ပျံလွန်တော်မူသည်။ ထို့နောက် ရှင်ကေလာသသည် သီလရှင် ဝတ်နေသော မိခင်ကို ခွင့်တောင်းကာ မိခင်ကြီး လှူဒါန်းလိုက်သော ဝတ္ထုငွေကြေးဖြင့် သီရိလင်္ကာ သို့ စွယ်တော် ဘုရားဖူး ထွက်ခဲ့ပါလေသည်။ စွယ် တော်ဖူး သွားလေမှ သီရိလင်္ကာ ရဟန်း တို့၏ ပညာရေးနိုး ကြား တက်ကြွမှုကို ရှင်ကေလာသမြင် ဟန်တူပါသည်။ တစ်ပိုင်း တစ်စ ပညာရေးစီး ကြောင်းကို ပြန်ဖောက်ရန် အကြံဖြစ်ကာ အိန္ဒိယ တစ်ဖက်ကမ်းသို့ ကူး၍ ကာလ ကတ္တား တက္ကသိုလ် က ကျင်းပသည့် မက်ထရစ် စာမေးပွဲကို ဝင်ရောက် ဖြေဆိုရာတွင် လက်တားစ် လေးခုဖြင့် ထူးထူးကဲကဲ အောင်မြင်ခဲ့ ပါလေသည်။ လက်တားစ် ဟူသည် ဂုဏ်ထူး မှတ်နှင့် ညီမျှသည် ဟူ၏။ ရှင်ကေလာသ ကား ယူနီဗာစီတီ ကျောင်းတော်သားကြီး ဖြစ်ခွင့်ရရန် လမ်းပွင့်ခဲ့ချေပြီ။ ရှင်ကေလာသ အိပ်မက် တွင် ကာလ ကတ္တား တက္ကသိုလ်ကို ရဟန်းဝတ်ဖြင့် ပင် ဆက်လက် တက်ရောက်ကာ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးချေမည်။ ဝိဇ္ဇာဘွဲ့ရှင် ဖြစ်သည့်ကာလ ပညာပြည့်ဝ သည်တွင်တော့ ဥရော ပနှင့် အနောက် နိုင်ငံတစ်ခွင် ပြဲပြဲစင်အောင် ကြွရောက်၍ ဓမ္မလမ်း ဖောက်ချေမည်၊ အိပ်မက်သည် အိပ်မက် သာလျှင် ကတည်း။ ရှင်ကေလာသ အိပ်မက်မက် နေစဉ်မှာ ပင် မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက် သည့်အတွက် ဝိဇ္ဇာတန်း အပိုဘာသာရပ် ကို (မိခင်ဘာသာ) မြန်မာ ဘာသာဖြင့် ယူခွင့် မရှိတော့။ အစိမ်း သက် သက် ဖြစ်သော ဟိန္ဒီ၊အူရဒူ၊ ဘင်္ဂါလီ ဘာသာ တစ်ခုခုကို ရယူမှသာ ကျောင်းတက်ခွင့်၊ စာမေးပွဲဖြေဆို ခွင့်ရပေမည်။ ထိုသို့ဖြင့် ရှင် ကေလာသသည် ဝိဇ္ဇာဘွဲ့နှင့် အနောက်တိုင်း သာသနာပြု အိပ်မက်များကို ထုပ်ပိုး သိမ်းဆည်း ကာ အမိမြေသို့ ဆုတ်ခွာခဲ့ ရလေတော့သည်။ ကံကောင်းထောက်မ စွာပင် ရှင်ကေလာ သ မြန်မာမြေပေါ်သို့ ခြေချ လိုက်သည့် အချိန်သည် ဗိုလ်အောင်ကျော် အရေး အခင်းနှင့် ကျောင်းသား သပိတ်ကြီးပြီးစ၊ ရန်ကုန် တက္ကသိုလ် ၏ ကျောင်းအုပ်ကြီး အဖြစ် မြန်မာ အမျိုးသား ဆရာကြီး ဦးဖေမောင်တင်ကို အဦးအစခန့်ထား အပ်သည့် အချိန်ဖြစ်သတည်း။ မြန်မာကျောင်း အုပ်ကြီးအုပ်ချုပ်နေသည့် တက္က သိုလ် တွင် မြန်မာရဟန်းတော် တစ်ပါးဖြစ်သည့် ရှင် ကေလာသ အနေဖြင့် ကျောင်း တက်ရောက်ခွင့် ရ ရေးစဉ်းစားမိတော့သည်။ သို့နှင့် ၁၉၃၉ ခု၏ ဇွန်လပိုင်း နေ့ တစ်နေ့ တွင် ကျောင်းအုပ်ကြီး ရုံးခန်းသို့ ရှင်ကေလာသ ရောက်လာ ခဲ့လေသည်။ ခရစ်ယာန် ဘာသာဝင် မြန်မာ အမျိုးသားကြီး တစ်ဦးဖြစ်သူ ဆရာကြီး ဦးဖေမောင်တင် ကား ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်ကေလာသကို နွေးထွေးစွာ ကြိုဆိုခဲ့ပါသည်။ အသိဥာဏ် ငတ်မွတ် ဆာလောင်မှုနှင့် သာသနာပြု အိပ်မက် အထုပ် အပိုးလေးလံ လှသော ရှင်ကေလာသ ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် လည်း ဆုံးဖြတ်ခဲ့ပါသည်။ ရှင်ကေလာသ အား ကျောင်းတက်ခွင့် လျှောက် လွှာ တင်သွင်းရန်နှင့် အုပ်ချုပ်ရေး အဖွဲ့ ကို ထောက်ခံ တင်သွင်းပေးမည် ဖြစ်ကြောင်း ရဲရဲကြီး ကတိပေးခဲ့ ပါလေသည်။ ရဟန်းတော် တစ်ပါးအား တက္ကသိုလ် တက်ခွင့်ပေးရေး အတွက် ဆရာကြီး ဦးဖေမောင်တင် ၏ အတွေးအမြင်နှင့် ကူညီပံ့ပိုး မှုကို ဆရာကြီး မြကေတုက ဤသို့ ရေးသားထား လေသည်။ ‘ကျောင်းအုပ်ကြီး သည် စဉ်းစားမိ သည်၊ ရှေးအခါ က မြန်မာပြည်တွင် အခြေခံ ပညာသည် ဘုန်းတော်ကြီးကျောင်း များက စတင် အခြေခံလျက် ဘုန်းတော်ကြီး များ ကသာ စာသင်ကြား ပေးကြသည်၊ ယခု တိုင်အောင် လည်း တောရွာ များတွင် မြန်မာ ကလေးငယ် များသည် ဘုန်းကြီး ကျောင်းများ၌ သာလျှင် စာပေအခြေခံ သင်ကြား နေရပေသေး သည်။ ရှေးအခါက လူပုဂ္ဂိုလ် များ တည်ထောင် ထားသည့် ကျောင်းဟူ၍ မရှိခဲ့ပေ။ အနောက်နိုင်ငံ များ၌လည်း ထို့အတူပင်၊ ရှေးအခါ က အောက်စဖို့ဒ် တက္ကသိုလ်သည် ပင်လျှင် ဘုန်း တော်ကြီး များက စတင်၍ အခြေခံ ပညာကို သင် ကြားလာခဲ့ရာမှ ယခုအခါ နာမည်ကျော် တက္ကသိုလ်ကြီး ဖြစ်လာခဲ့သည်။ ရှေးအခါက ယင်း တက္ကသိုလ်က ဘုန်းတော်ကြီး များ ဝတ်ဆင် သည့် ဝတ်ရုံသည် ပင်လျှင် ယခုအခါ ဘွဲ့နှင်း သဘင်များ ၌ (ဘုန်းကြီးများ၏ အစဉ်အလာ ဝတ်ရုံကိုပင်) ဘွဲ့နှင်းဝတ်ရုံ အဖြစ် အသုံးပြုနေကြသည်။ ‘ဤမျှ ဘုန်းတော် ကြီး များက စတင်၍ အခြေခံ ပညာကို သင်ကြား ပေးလာခဲ့ပြီးမှ ယခုအခါ လူပုဂ္ဂိုလ်များ က တည်ထောင် ထားသောကျောင်း တွင် ပညာရှာ မှီးလိုသော ရဟန်းပုဂ္ဂိုလ် တစ်ပါး ကို ပညာသင် ခွင့်မပေးနိုင်ဟု ငြင်းဆို လိုက်ပါက လွန်စွာ အမြင် ကျဉ်းမြောင်းရာ ရောက်မည့် အပြင် တွက်ကတ်ရာ လည်း ရောက်လှသည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးသည် အစွမ်းကုန် ကြိုးစား၍ ရှင်ကေလာသ အား ရန်ကုန် တက္ကသိုလ်တွင် ဆက်လက် ပညာ သင်နိုင်အောင် ဆောင် ရွက်ပေး လိုက် လေ သည်’ တွေးတတ်ပါပေစွ။ မြင်တတ်ပါပေစွ၊ ရှုခင်း ရှုကွက် ကျယ်ဝန်း လှပေစွ။ ထိုသို့ဖြင့် ရှင်ကေလာသ ရန်ကုန် တက္ကသိုလ် ၏ အဦးအစ ကျောင်းတော်သား ရဟန်းဖြစ် ခွင့် ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့မှ အစပြုကာ ကျောင်း တက်ခွင့် ရရှိခဲ့ပြီး အခြားကျောင်းသူ ကျောင်းသား များနှင့် အတူ သင်တန်းများ ပုံမှန် တက်ရောက် ခဲ့ပါလေတော့ သည်။ တက္ကသိုလ် ပညာရေးကို ဆည်းပူးနေစဉ်မှာ ပင် ဒုတိယ ကမ္ဘာ စစ်မီးလျှံက တောက်လောင် လာခဲ့သည်။ သို့သော် စစ်ရိပ်စစ်ငွေ့ များကြား တွင်ပင် ရှင်ကေလာသ ဝိဇ္ဇာတန်းအောင် ခဲ့သည်။ စစ်ကြီးပြီးသည့် အခါမှာတော့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တား တက္ကသိုလ်သို့ ဆက်လက် တက် ရောက်ကာ မဟာ ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးခဲ့ပြန်သည်။ ရှင်ကေလာသ ကား ဤမျှဖြင့် ပညာရေး အဆာမပြေသေး၊ အနောက်တိုင်း သို့ပြေးလွှား လှည့်လည်ကာ သာသနာလည်းပြု ပညာ လည်း စုခဲ့ပါချေသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်၊ ဆောဗွန်း တက္ကသိုလ်မှ M.A.M.F ဘွဲ့ကို ဆွတ်ခူး ရယူနိုင်ခဲ့ပြန်ပါသည်။ ရှင်ကေလာသ ပြည်တော် ဝင်ခရီး မှာတော့ ကမ္ဘာအေး ကုန်းမြေတွင် ဖွင့်လှစ် သည့် ဗုဒ္ဓ တက္ကသိုလ်၏ ကျောင်းအုပ်ကြီး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရ ပါလေသည်။ (၃) ယခု အခါ ကျောင်းအုပ်ကြီး အရှင်ကေလာသ သည်လည်း ဂျပန်နိုင်ငံတွင် လွန်တော်မူခဲ့ပြီဟု သိရ သည်။ ကမ္ဘာအေး ကုန်းမြေတွင် ဖွင့်လှစ်ခဲ့ သည့် ဗုဒ္ဓတက္ကသိုလ် သည်လည်း ခေတ် စနစ် အမျိုး မျိုး ပြောင်းလဲမှု အောက်တွင် မှုန်ဝါးပျောက်ကွယ် သွားလေပြီ။ သို့သော် ယနေ့ခေတ် နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် ကြီးများ၊ အပြည်ပြည် ဆိုင်ရာ ထေရ ဝါဒ တက္ကသိုလ်နှင့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်တို့၏ရှေ့ပြေး တက္ကသိုလ် ဖြစ်ခဲ့လေ သည်။ ထိုဗုဒ္ဓ တက္ကသိုလ် မရှိတော့ သော်လည်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော် သားဟောင်းကြီး များကတော့ မျက်မှောက်ခေတ် သာသနာတော်၏ ရှေ့တန်း စာမျက်နှာတွင် ရွှေရောင် ကမ္ပည်း ထိုးခံကြရမည့် ပုဂ္ဂိုလ်များ အဖြစ် ဖြတ်သန်းနိုင်ခဲ့ ကြပြီ။ သီတဂူ ဆရာတော် အရှင်ဥာဏိဿရ၊ အင်္ဂလန်နိုင်ငံ ဘာမင်ဂန်ဆရာတော် ဒေါက်တာ ရေဝတဓမ္မ၊ ဓမ္မဒူတ ဆရာတော်အရှင်ပညာ ဇောတ၊ ဖားအောက်တောရ ဆရာတော် အရှင် အာစိဏ္ဏ၊ တစ်ဘဝ သာသနာကျမ်းပြု မိုးကုတ် ကမ္မဋ္ဌာနာ စရိယ ဆရာတော် အရှင်ဃောသိတစ သော ပုဂ္ဂိုလ်မြတ်တို့သည် ဗုဒ္ဓ တက္ကသိုလ်ဆင်း များ ဖြစ်ကြသည်ဟု မှတ်သားရပေ၏။ သြော် အဓိပတိ လမ်းပေါ် လျှောက်ခဲ့ဖူးလေသည့် ခြေလှမ်းများ၏ အလျားအနံ အကျဉ်း အကျယ်ကား မည်သို့ရှိခဲ့လေသနည်း။
ဥသြငှက် ၊ဟောလီးဒေးနှင့် ဗုဒ္ဓအရှင်၏ စတေး တပ်စ် (၁) နွေအကြောင်း မစဉ်းစားချင်ပေမဲ့ ဥသြငှက် တစ်ကောင်က အပူဒီဂရီ တနင့်တပိုး ကိုက်ချီပြီး သူ့အခန်း ကျဉ်းလေး ထဲ ဝင်လာ သည်..။ မိဂဒါဝုန် မှာလည်း လောကဓံတွေ နဲ့ပါပဲ လား..။ သို့သော် ပန်းနဲ့ပေါက်တာလည်း နာချင်တယ် ဟုတော့ သူမငြီးတွား ဖြစ်.။ ဘာ ပဲ ဖြစ်ဖြစ် နွေရာသီတွင် သူအကြိုက်ဆုံး ပြက္ခဒိန် စာမျက်နှာ များရှိနေခဲ့ပါသည်။ ဟောလီးဒေးများ နှင့် ရက်လုပ် ထားသော နာရီချိုချိုများ ဖြစ်သည်။ တက္က သိုလ်ကျောင်း တံခါးများ မကြာမီ ပိတ် တော့မည်။ အကြိုက်ဆုံး နေ့ရက်ကို ရွေးချယ်ရ လျှင် ရက်ရာဇာနှင့် ပြဿဒါး အတွေးများ ထက် ဟောလီးဒေး လို့ပဲ ခပ်သောသောဖြေ လိုက်မိမှာ သေချာသည်။ ငယ်ငယ် ကတည်းက ကြိုက်ခဲ့ရတဲ့ ငယ်ကြိုက်..။ ခုထိ စွဲလမ်းနေမိ ဆဲ..။ ရဟန်း တစ်ပါး အနေဖြင့် ဟောလီးဒေးကို ချစ်နေ မိခြင်းက ရှက်နိုးဖွယ်ရာ ကောင်းသည်ဟုတော့ ခံစားမိသည်။ မြန်မာ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း များ၏ ဟောလီးဒေး အစဉ်အလာ တွင် စနေ၊ တနင်္ဂနွေရက် များ မရှိ။ အဖိတ် ဥပုသ်နေ့များ ကိုသာ ငယ်စဉ် ကိုရင်လေးဘဝ ကတည်းက မျှော် ရသည်။ စာမကျက် ရသောနေ့..။ ကျောင်း ပရိဝုဏ် နံရံအပြင်ဘက် ကို လွတ် လွတ်ကျွတ်ကျွတ် ထွက်ခွင့်ရသောနေ့..။ အနှောင် အဖွဲ့များ ပြေလျော့ခြင်း၏ အရသာက မည်သူ့အတွက်မဆို ထူးကဲနေပါလိမ့်မည်။ သာသနာ့ ဝန်ထမ်းများ အတွက် တစ်လ တွင် ဥပုသ်ရက် လေးရက်ရှိသည်။ လဆန်းပက္ခ ၊လဆုတ်ပက္ခ ရှစ်ရက်မြောက် နေ့များ နှင့် လပြည့် လကွယ်နေ့တို့ ဖြစ်သည်။ မစိုးရိမ်ဆရာတော် ဘုရားကြီး ဦးသူရိယ ကတော့ ရဟန်း သာမဏေများ ဟောလီးဒေး ယူသည်ကို မနှစ် ခြိုက်..။ ”မင်းတို့လည်း ကွယ် တစ်လမှာ လေး ရက်ကြီး များတောင် အလဟဿဖြုန်း တီး နေကြ ပါလားကွယ်ရို့။ ရှေးဆရာတော်ကြီးတွေ က ဘုရင် တွေ မှူးကြီး မတ်ရာတွေ တရားဓမ္မနဲ့ ပတ်သက် ပြီး ပြဿနာ မေးလျှောက် ခွင့်ရအောင် ဥပုသ်နေ့ တွေမှာ စာဝါ ပို့ချတာကို နားတော်မူကြတာ.။ မင်းတို့ကို ဘယ်သူက ဘာတွေ လာမေးမှာမို့ နားကြသတုံး” ဟု မေးမြန်း စောဒနာ တော်မူခဲ့ဖူး သည်။ သာသနာသည် လောက၏ ဝန်ထုပ် ဝန်ပိုး မဟုတ်၊ လောကဝန်ကို ထမ်းသည့် မြင့်မြတ်သော အဖွဲ့အစည်း တစ်ရပ်သာဖြစ်ကြောင်း ချမှတ် လမ်းပြတော်မူခဲ့သည့် ဗုဒ္ဓ အရှင်၏ ဆန္ဒ တော်ကို မစိုးရိမ် ဆရာတော်ကြီးက ဖြည့်ဆည်း ဖော်ဆောင် လိုခြင်းပင်။ (၂) ဗုဒ္ဓအရှင် က သစ္စာ သာသနာတော်နှင့် အတူပေါ်ထွန်းလာသည့် သံဃာ့ အဖွဲ့အစည်း ကြီး၏ ရပ်တည်မှု အတွက် ပစ္စည်းလေးပါး အခက်အခဲကို အခြေခံ လက်တွေ့ကျကျ ဖြေရှင်းတော်မူခဲ့သည်။ သက်ဆိုင်ရာ တိုင်းသားပြည်သူ တို့၏ ပိုလျှံ ပစ္စည်း ကိုသာ သုံးစွဲကြ ရန် မွေး ရပ်မြေ ပြည်တော် ပြန် ခရီးတွင် ကိုယ်တော်တိုင် ကျင့်သုံးပြသတော် မူခဲ့သည်ကို တွေ့ရသည်။ အခွင့်ထူးခံ တော်ဝင်မင်းသား တစ်ပါးမှ ဘုရား ဖြစ်လာသည့် အရှင်မြတ် က ခမည်းတော် သုဒ္ဓေါဒန ထီးဘုရား၏ ရွှေနန်း ဆောင်ကို ကျောခိုင်းကာ ပြည်သူတို့ လောင်းလှူ သော ပိုလျှံဆွမ်း ကို လှည့်လည် အလှူခံ စားသောက်ပြတော် မူ ခဲ့ခြင်းဖြစ်ပါသည်။ ဆွမ်း တစ်ဇွန်း တစ်ယောင်းမ ခွဲဝေပေးလိုက် ရသဖြင့် ပြည်သူတို့ ဝန်လေးမှု မရှိနိုင်..။ ဝတ်ရုံဖို့ သင်္ကန်း အတွက်လည်း သုသာန် တစပြင်က လူသေ အလောင်း လွှမ်းသည့် အဝတ်ပိုင်းကို ကိုယ် တော်တိုင် ကောက်ယူ ဝတ်ဆင်ပြတော် မူခဲ့သည်။ အေးချမ်းသော သစ်ရိပ်ဝါးရိပ် ကို ကျောင်း အဖြစ် ဖြေရှင်းတော်မူ သ လို နွားကျင်ငယ် ရေစိမ်ထား သော သျှစ်သျှားသီး၊ ဖန်းခါးသီး မျှသည်ပင် ဆေး ကိစ္စပြီးစေ ခဲ့တော်မူခဲ့ သည်။ မည်မျှ ခြိုးခြံတော်မူ ခဲ့ပါသလဲ..။ နောက်ပိုင်း ကာလများ တွင်မူ ချမ်းသာကြွယ်ဝ ပြည့်စုံကြသည့် မင်းသူဌေးကုန် သည်တို့၏ သဒ္ဓါ တရားကို ငဲ့ကွက်တော် မူကာ သီးခြားဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးပစ္စည်း လေးပါး အလှူခံ ခွင့်ပြုတော် မူခဲ့သည်။ သာသနာတော် ကြီး ပေါ်ထွန်းလာသည့် အတွက် လောက ဝန်ထုပ် ဝန်ပိုး မဖြစ်စေရ..။ (၃) ဗုဒ္ဓ အရှင်က တိုင်းသား ပြည်သူတို့၏ ပစ္စည်းလေးပါး ကို သုံးစွဲရာတွင် ခြုံးခြံတော်မူ သလောက် လောက ဝန်ကိုထမ်းရာ တွင်တော့ ကိုယ်တော်မြတ်၏ ခန္ဓာကို ညှာတော် မမူခဲ့ပါ။ ဗုဒ္ဓ အရှင်၏ စတေတပ်စ် (Status) တွင် အမြဲတမ်း အနီရောင် ပြနေသည်။ BUSY! တစ်နေ့တာ လုပ်ငန်းခွင် ဇယားတွင် ထမ်းဆောင် တော်မူ ရမည့် ဓမ္မဝန်များနှင့် ပြည့်နေသည်။ သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ ပြီးနောက် (၄၉) ရက်မျှသော ကာလတို လေးတွင်သာ တစ်သံသရာ လုံးဖြည့်ဆည်း ခဲ့ရသော ပါရမီခရီးကြမ်း အတွက် အနွမ်းဖြေတော် မူခဲ့သည်။ သို့သော် ဆင်ခြင် ပွား များမှု လွှတ်ချ မထားသော အနားယူမှုသာ ဖြစ်ပါသည်။ ထိုမဟာဗောဓိနေ့ရက် များအလွန် ဗာရာဏသီသို့ တရားဦး ဓမ္မစက်ဟောရန် ခြေလျင် ခရီးထွက် သွားခဲ့ သည်မှ အစပြုကာ လေးဆယ့် ငါးဝါသော ကာလ အတောအတွင်း ဗုဒ္ဓ အရှင် အတွက် ဟောလီးဒေး မရှိခဲ့တာ သေချာလှပါသည်။ အိပ်စက် အနားယူချိန် နည်းပါး လှသော ဗုဒ္ဓအရှင် ၏ ဝီရိယ စွမ်းပကားက အံ့ချီးဖွယ်ရာ ဖြစ်သည်။ ကမ္ဘာတွင် မည်သည့် ခေါင်းဆောင်မှ လိုက်မမီ နိုင်သော စွန့်လွှတ် အနစ်နာခံမှု များဖြင့် လောက အတွက် ကရုဏာ ကြီးတော်မူခဲ့သည်။ ဗုဒ္ဓ အရှင်၏ ဓမ္မလုပ်ငန်းခွင် အချိန်ဇယားကို ပိဋက စာပေများ တွင် ဗုဒ္ဓကိစ္စငါးပါး ဟု မှတ်တမ်း တင်ခဲ့ကြသည်။ (၁) ဆွမ်းဘုဉ်း မပေး မီ ပြုလုပ်သော ပုရေဘတ္တကိစ္စ၊ (နံနက်ပိုင်း လုပ်ငန်း စဉ်) (၂) ဆွမ်းဘုဉ်းပေးပြီး နောက်ပိုင်း အချိန်၌ ပြုလုပ်သော ပစ္ဆာဘတ္တကိစ္စ၊ (နေ့လယ်ပိုင်း လုပ်ငန်းစဉ်) (၃) ညဥ့်ဦးယံ၌ ပြုလုပ်သော ပုရိမယာမကိစ္စ၊ (ညဥ့်ဦးယံ လုပ်ငန်း စဉ်) (၄) သန်းခေါင်ယံ၌ ပြုလုပ်သော မဇ္ဈိမယာ မကိစ္စ၊ (သန်းခေါင်ယံ လုပ်ငန်းစဉ်) (၅) မိုးသောက်ယံ ၌ ပြုလုပ်သော ပစ္ဆိမယာမ ကိစ္စ၊ (မိုးသောက်ယံ လုပ်ငန်းစဉ်) ဘယ်မှာများ နားနား နေနေရှိတော်မူခဲ့ရလို့လဲ ..။ သွေးဝမ်းသွန် ဝေဒနာ သည်းတော်မူနေ ရှာသည့် ကုသိနာရုံ နောက်ဆုံး ခရီးမှာပင် နားနေသက်သာမှုအတွက် ဆေးခွင့် (MC) ယူတော်မမူခဲ့။ သက်တော် ရှစ်ဆယ် အရွယ် ကိုယ်တော်မြတ် ၏ နှေးကွေးလေး လံ သော ခြေ လှမ်းတော်များကို မျက်ရည်များနှင့် သူ ဖူး မျှော်မိသည်။ မကြာမီမှာ ရောက်လာမည့် သူ ကိုယ်ပိုင် ဟောလီးဒေး အတွက် စတေး တပ်စ် တစ်ခု ရှိနေ သင့်သည်ဟု သူစဉ်းစားမိလာသည်။ ရွှေပြည်ကြီးကို ပြန်မည်။ ကျေးလက်က အနန္တ ကျေးဇူးရှင် ကြီးများ၏ ဗြဟ္မစိုရ် အရိပ်တွင် ခဏ ကွန်းခိုမည်။ ပြီးတော့ ရော….။ ပြီးတော့ရော .. .တဲ့။ လောလောဆယ်တော့ Invisible လုပ် ထားတာက အကောင်းဆုံး ဖြစ်လိမ့်မည်။
ဓမ္မဂင်္ဂါ
ဝေဖန်ရေးသည် အကောင်းဆုံး ဝန်ဆောင် မှု ဖြစ်သည်
$
0
0
ကြည်ဖြူသျှင် ၏ ‘ကုဋေရှစ်ဆယ် သူဌေးသမီးနှင့် အမှိုက်ကောက် ဆရာ’
(၁)
ကျွန်တော် နေထိုင်ရာ ရပ်ကွက်မှ အင်းစိန် လမ်းမသို့ ထွက်လိုက်လျှင် လက်ဖက်ရည် ဆိုင်များ ကို တွေ့ရသည်။ အဆိုပါ ဆိုင်တိုင်း တွင် စားပွဲထိုး များမှာ အရွယ် မရောက်သေးသော ကလေး များ ဖြစ်သည်။ ထိုမြင်ကွင်းသည် ပင် မြန်မာနိုင်ငံ၏ အဆင့်ကို ပြသထားသော မြင်ကွင်း တစ်ခုဖြစ် သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မူလတန်းပညာ သည် အခမဲ့ သင်ကြားခွင့်ရှိပါသည်။ အခမဲ့ သင်ကြားခွင့် ရှိရုံမျှနှင့် ကလေးငယ် တစ်ယောက် သည် စာသင်ခန်း ထဲသို့ ဝင်ခွင့် ရရှိ သွားခဲ့ပြီဟု မဆိုသာပါ။ ထိုကလေးငယ် ၏နောက်ကွယ်တွင် မိသားစုဘဝ တစ်ခုက ရှိနေသေးသည်။ ထမင်း နှစ်နပ်စားရရေး ကိုပင် တစ်အိမ်လုံးရှိ လူများ အလုပ် လုပ်နေ ရသော မိသားစုများ မြန်မာပြည် တွင် ဒုနှင့်ဒေး ရှိနေသေးသည်။ လက်သီး တစ်ဆုပ် စာမျှသော အုပ်ချုပ်သူနှင့်၊ သူတို့နှင့် အလွမ်းသင့် သူများမှအပ ကျန် အားလုံး သည် မြန်မာပြည်တွင် ဆင်းရဲသား စာရင်းဝင်များ ဖြစ်ကြသည်။ ဆင်းရဲ ချမ်းသာ သိပ်ကွာနေသော ကျွန်တော်တို့ လူ့အဖွဲ့အစည်း တွင် စာသင်ခန်း ထဲမှ ထွက်ကျ သွား ခဲ့ပြီး ပလတ်စ တစ်ကောက်၊ ရေသန့်ဘူးခွံကောက် နေကြရရှာသော ကလေးငယ်များ စာတတ်အောင် မည်သို့ပြုလုပ်ကြပါ မည်နည်း။ နိုင်ငံတော်၏ အနာဂတ် ဖြစ်သော ယနေ့ကလေး သူငယ်များ ရေသန့်ဘူးခွံ ကောက်နေရခြင်းသည် အနာဂတ် ၏ အဆင့်ကို ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။
ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင်၊ သရုပ်ဆောင် ကောင်းပြည့်၊ မိုးဟေကို၊ ထွန်းကိုကို တို့ ဦးဆောင် ပါဝင်သော ‘ကုဋေရှစ်ဆယ် သူဌေးသမီးနှင့် အမှိုက်ကောက် ဆရာ’ သည် အကြောင်းကြောင်းသော အကြောင်း တရားများကြောင့် စာမသင် ရရှာသော အမှိုက် ကောက်နေရသည့် ကလေးငယ်များ စာ တတ် မြောက်စေ ရန် ကြိုးပမ်းနေကြသည့် လူငယ်များ၏ စိတ်အလှကို ဖော်ကျူး ရိုက်ကူးထားသော ဗီဒီယို ဇာတ်ကား တစ်ကားဖြစ်သည်။
စာသင်ရမည့် အရွယ်တွင် စာသင်ခွင့် မရဘဲ ဝမ်းရေး အတွက် အမှိုက်ကောက်နေ ရသော ကလေးများသည် ကျွန်တော်တို့ မြို့ပြ လူနေမှုထဲ တွင် အများအပြား ရှိနေ သည် မှန်သော်လည်း ယခု ဇာတ်လမ်းကမူ စိတ်ကူးယဉ် ဆန်သည်ဟု ပြောသော် ရနိုင်ပါ၏။
သို့သော် ကြည်ဖြူသျှင်သည် မြန်မာ့ လူ့အဖွဲ့ အစည်း၌ အမှန်တကယ် လိုအပ်နေသော ကွက်လပ် တစ်ခုကို ဖြည့်ဆည်း လိုသဖြင့် ဤအကြောင်းအရာ ကို ကိုင်တွယ် ရိုက်ကူး လိုက် ခြင်းဖြစ်သည်။ အမှန်တကယ် ရိုက်ကူး သင့်ရုံမျှ မက အနာဂတ်ကို ရွှေချရန် ကြိုးပမ်းထားသော အနုပညာ ကြိုးပမ်းမှု တစ်ခုလည်း ဖြစ်သည်။
ကလေးသည် တိုင်းပြည်၏ အနာဂတ်ဖြစ် သည်။ ယနေ့ လူ့အဖွဲ့အစည်း တစ်ခုထဲမှ ကလေးများကို ကြည့်ပြီး ထိုလူ့ အဖွဲ့အစည်း၏ အနာဂတ်ကို ပြော၍ရပါ၏။ ယနေ့ ကလေးများ အမှိုက်ကောက်နေ ရလျှင် အနာဂတ် မြန်မာနိုင်ငံ လည်း အမှိုက်ကောက် ရမည်မှာ သေချာပါ၏။ မည်သို့ပင် ဖြစ်စေ မိဘမဲ့၊ လေလွင့်၊ အမှိုက်ကောက် နေ ရသော ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးရေး သည် နိုင်ငံတော်၏ တာဝန်ဖြစ်ပါသည်။
(၂)
မိခင်မဲ့ တစ်ကောင်ကြွက်သမီး ပန်းမြတ် သခင် (မိုးဟေကို) ကို ဖခင်က အလိုလိုက်သည်။ ကုဋေရှစ်ဆယ် သူဌေးသမီး ဖြစ်သဖြင့် အားလုံး သူ စိတ်တိုင်းကျ ဖြစ်မှ၊ မဖြစ်လျှင် အပြစ်ပေး အရေးယူ သည်။ ဖခင်မရှိလျှင် လုပ်ငန်း ဆက်ခံနိုင်စေရန် ဖခင်က သမီးကို လုပ်ငန်း သင်ခိုင်းသည်။ ထိုစဉ် မန်နေဂျာ ကိုသက်ဦး (သက်ဦးကို) က ပြောသဖြင့် မာန ထောင်လွှားကာ အလုပ်ဖြုတ်ပစ်သည်။ သူ့အား အအေး လာပေးသော ဝန်ထမ်းက နှာချေသဖြင့် ရွံတတ်သော ပန်းမြတ်သခင်က ထိုဝန်ထမ်းကို အလုပ်ဖြုတ်သည်။ တစ်နေ့ အထိန်းတော်ကြီး ဒေါ်ခင် (ဂွမ်းပုံကြီး) ထံ ရေတောင်း၍ ရေသန့်သောက်နေစဉ် အမှိုက် ကောက်သော ကလေးနှစ်ယောက် ရောက်လာ သည်။ ‘နံတယ်’ ဟု ပြောကာ မောင်းထုတ်စဉ် ညီညီ (ကောင်းပြည့်) ရောက်လာပြီး ကလေး တွေက ဘူးခွံ လိုချင်၍ စောင့်နေခြင်း ဖြစ်ကြောင်း သူ့တပည့် များဖြစ် ၍ မောင်းမထုတ်ရန် ပြောရာ ”ရှင်က ဘယ်သူလဲ” ဟု မေးသည်။ ညီညီက ”အမှိုက်ကောက် ဆရာ” ဟု ပြန်ဖြေခဲ့သည်။ ပန်းသခင်၏ ဦးလေးမှာ ပန်းမြတ်သခင် မရှိလျှင် အမွေ ဆက်ခံခွင့် ရမည်ဖြစ်၍ ပန်းမြတ်သခင်အား အလိုလိုက်ပြီး လုပ်ငန်းနှင့် မပတ်သက်အောင် ပြုလုပ်သည်။ နေပြည်တော် သွားလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပြီး ဖခင်သေ သွားရာမှ ဦးလေးက မတရားလုပ်ပြီး သူ့အမွေကို သိမ်းပိုက်သည်။ ပန်းမြတ်သခင် အိမ်ပေါ်မှ ဆင်းရာ နေစရာ မရှိသဖြင့် ရထား လမ်းပေါ်တွင် သူ့ကိုယ် သူ သေကြောင်း ကြံနေစဉ် ညီညီနှင့် သူ့တပည့်များ ရောက်လာပြီး အသက်ကယ် လိုက်သည်။ ပြီးမှ သူတို့ကျောင်းကို ခေါ်သွားသည်။ သူနှင့် သူ့ညီမ ဝေမာ တို့နေသော အိမ်တွင် ပန်းမြတ်သခင် ကို ထားသည်။
ညီညီ၊ ဝေမာနှင့် ကြည်သာ တို့သည် BG ပရဟိတကျောင်းတွင် ပညာမသင် ရရှာသော အမှိုက်ကောက်နေ ရသည့် ကလေးငယ်များကို ထမင်းကျွေး၊ ပညာ သင်ပေးနေ ကြသည်။ ပန်းမြတ်သခင်သည် အစ ပထမ၌ ရွံတတ်သူပီပီ ကလေးတွေနှင့် မရင်းနှီး။ သူတို့လုပ်ငန်း တွင် နေသားမကျ။ နောက်တော့ ဆွေမဲ့ မျိုးမဲ့ဖြစ်နေ သော ဘဝတွင် သူတို့ကို ဆွေမျိုးသားချင်း အဖြစ် လက်ခံလိုက်သည်။ တစ်ဖက်တွင် သူနှင့် လူကြီးချင်း သဘောတူထားသော ကိုကျော်စွာ (ထွန်းကိုကို) နိုင်ငံခြားမှ ပြန်ရောက်လာပြီး ပန်းသခင် ကို သူတို့အိမ်၌ နေစေသည်။ ပြီးမှ ဦးလေး၏ မတရားမှုကို ဖော်ထုတ်ပြီး ဖခင်အမွေ အားလုံးကို ပြန်ရအောင် ပြုလုပ်ပေးခဲ့သည်။ ပန်းမြတ်သခင် ကို လက်ထပ်ရန် ကိုကျော်စွာက ပြောသည်။ ဒေါ်ခင် က ညီညီကို နောက်ဆုတ်ပေးရန် လာပြောသည်။ ပန်းမြတ်သခင် သည် ဖခင်၏ လုပ်ငန်းကို ဆက်ခံ ပြီး ကို ညီညီနှင့် ပေါင်းဖက်လိုက်သည်။
(၃)
ပထမဦးဆုံး ဇာတ်ကား၏ ရည်ရွယ်ချက်ကို ပြောချင်ပါသည်။ ကျွန်တော် ရတီတွင် ဗီဒီယို သုံးသပ်ချက် ရေးသည်မှာ အတော်ကြာပြီ။ လစဉ် ကားပေါင်းများစွာ ထွက်နေသော မြန်မာဗီဒီယို ကားများထဲတွင် ကြည်ဖြူသျှင် ရေးသားရိုက်ကူး ထားသည့် ဤဇာတ်ကားမျိုး က အလွန်ရှားပါး သည်။ ဤလောကကြီး၏ အစွန့်ပယ်ခံ ကလေးငယ် များ၏ ‘အရေး’ သည် အနာဂတ် နိုင်ငံ၏ ‘အရေး’ ဖြစ်သော်လည်း မည်သည့် ရုပ်ရှင်သမားများမှ ဂရုတစိုက် ရိုက်ကူး ဖော်ပြဖော် မရခဲ့ကြ။ ဒီအတွက်မူ ကြည်ဖြူသျှင် ကို ကျေးဇူး အထူးတင်မိ သည်။
ကြည်ဖြူသျှင်သည် ဤဇာတ်ကားတွင် ပန်းမြတ်သခင် ၏ အပြောင်းအလဲကို ဂရုတစိုက် ရိုက်ပြနိုင်ခဲ့သည်။ ဆိုပါစို့။ အိပ်ရာမှထပြီး ခုတင် ပေါ်က အဆင်း ဒေါ်ခင် ကို ခေါ် ပြီး ဖိနပ်စီးသည့် အခန်း၊ ရေသန့်ဘူးသောက်စဉ် ကလေးနှစ်ယောက် လာစောင့်နေသည့် အခန်း၊ အအေးသောက်ခန်း၊ မန်နေဂျာကို အလုပ် ထုတ်ခန်း၊ ဆိုလိုသည်မှာ ကုဋေ ရှစ်ဆယ် သူဌေးသမီး ၏ မောက်မာမှုများကို ပေါ်လွင်အောင် အရုပ်များဖြင့် ပြနိုင်ခဲ့သည်။ တဖြည်းဖြည်း ပန်းမြတ်သခင် ၏ စရိုက်ပြောင်းလဲ လာမှုကိုလည်း ကလေးတွေ နဲ့ အတူနေစဉ် အစားအသောက် အနေအထိုင် ခက်ခဲရာမှ ပြောင်းလဲ လာပုံကို Plot လေးများဖြင့် ပြသည်။ နာရီပေါင်ပြီး ကလေးတွေ ဆန္ဒကို ဖြည့် ဆည်းပေး ပုံမှာ အလွန်လှသော ပြကွက်ဖြစ်သည်။ ကလေး တွေကို နှိမ်ခဲ့သော၊ အပေါ်စီး ကြည့်ခဲ့သော၊ နံသည် ဟုပြောခဲ့ပြီး မဆက်ဆံ ခဲ့သော သူဌေးသမီး သည် ကလေးတွေနှင့် ထိတွေ့ရာမှ ကလေးများ၏ မေတ္တာရေစင် ပက်ဖျန်းခံ ရသောအခါ ကလေးတွေ ကို နားလည် လာသည်။ ချစ်တတ် လာသည်။ ဖြူ စင်သော နှလုံးသား များကို ငြိတွယ် လာသည်။ နောက်ဆုံး တန်ဖိုးထား တတ်လာ၏။ ဤသည်မှာ ဤဇာတ်ကား၏ ‘အနှစ်’ ဖြစ်သည်။
(၄)
ကြည်ဖြူသျှင်သည် ပရဟိတ လုပ်ငန်း၊ လူငယ်များ ဖြစ်ကြသော ညီညီ၊ ကြည်သာ၊ ဝေမာ တို့၏ အမှိုက်ကောက်နေ ရသော ကလေးများကို စာသင် ပေးသော လုပ်ငန်း ကို သူ့ဇာတ်ကားတွင် ပီပီပြင်ပြင် ရိုက်ကူးပြသနိုင်သည်။ ဇာတ်ကွက် အချို့ကို ထုတ်ပြပါမည်။ ပလတ်စတစ်၊ ရေသန့် ဘူးခွံ စသည်ဖြင့် သူတကာ ပစ်ထားသော အမှိုက် များကို ကောက်ခြင်းကို သူတို့က ‘ပလုံကောက် သည်’ ဟု ခေါ်သည်။ ကလေးငယ် တစ်ဦး၏ တစ်နေ့တာ လုပ်ငန်းနှင့် အချိန်ကို ဤသို့ပြောပြ သည်။ ”သားက မနက် ၅ နာရီ အိပ်ရာက ထတယ်။ မျက်နှာသစ်၊ သွားတိုက်ပြီး ၆ နာရီဆို လမ်းထိပ် လက်ဖက်ရည်ဆိုင် မှာ ထမင်းကြော် ၁ဝဝ ဖိုးစားတယ်။ ပြီး TV ကြည့်တယ်။ ရေသွား ကူးတယ်၊ ‘ပလုံ’ ကောက်တယ်”
ကြည်ဖြူသျှင်သည် ပလုံကောက်နေရသော ကလေးငယ်များ၏ စရိုက်ကို ပြသရန်လည်း မမေ့။ ဖဲရိုက်ခန်း၊ ဂေါ်လီပစ်ခန်း၊ ကျွမ်းထိုးခန်း၊ ကောက်ပြီး ရလာသည် များကို ”ဆရာယူမလား” ဟု ပြောသည့် အခန်း၊ ထမင်းစား၊ ရေချိုး၊ စာသင်၊ ဘောလုံး ကန်ဆော့သည့် အခန်း တို့ကို စေ့စေ့စပ် စပ် ရိုက်ပြသည်။ BG ဆိုသည်မှာ ‘ဗိုလ်ချုပ်’ ဖြစ်သည်။ ဗိုလ်ချုပ်ကြေးရုပ် တွင် သန့်ရှင်းရေး လုပ်ခန်း၊ အလေးပြုခန်း တို့ကိုလည်း ရိုက်ပြပြီး ကျွန်တော် တို့ကို သတိပေးသည်။ ဗိုလ်ချုပ် တိမ်မြုပ်နေ သည် မှာ ၁၉၆၂ ခုနှစ် ကတည်းကပင် ဖြစ်သည်။ ကိုယ်ကျိုးမရှာ နိုင်ငံနှင့် လူမျိုးအတွက် အသက် စွန့်သွားသည့် အမျိုးသား ခေါင်းဆောင်ကို ကျွန်တော်တို့ သတိတရ ရှိစေရန် ကြည်ဖြူသျှင် က တပ်လှန့်လိုက်သည်။ သံချောင်း ခေါက်လိုက် သည်။
သည်ဇာတ်ကားနှင့် ပတ်သက်၍ ကျွန်တော် အများကြီး ရေးချင်ပါ၏။ သို့ရာတွင် စာမျက်နှာ ကို ငဲ့ပြီး အကျဉ်းချုပ် ရေးသားပါမည်။ ကလေး သည် လူကြီး၏ ဖခင်ဟု ဆိုကြသ ည်။ ကလေး သည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည်။ ကလေး ပြုစု ပျိုးထောင်ရေးတွင် ‘နင် သူခိုးပဲ’ ဟု အပြော ခံရသော ကလေးငယ် တစ်ဦးသည် ကိုယ် ကိုယ်တိုင် စိတ်ပြဋ္ဌာန်း ခံရပြီး ‘သူခိုး’ ဖြစ်သွားနိုင်ချေ ရှိသည်။ ပလုံကောက်နေစဉ် TV အစီအစဉ်ကို ကြည့်မိ၍ ‘သူခိုး’ ဟု စွပ်စွဲခံ ရသော အခန်း၊ စနေနေ့တိုင်း ကောင်းမှု၊ မကောင်းမှု ကို ဝန်ခံသည့် အခန်းတို့ သည် အလွန် လှပသော ပြကွက် များ ဖြစ်သည်။
ညီညီ၏ စရိုက်ကို ပုံဖော်ရာတွင် လည်း ပီပြင်သည်။ ညီညီပြောသော dialogue များက ဇာတ်ကောင်နှင့် လိုက်ဖက်သည်။ ဦးဝင်းမြိုင် ဆုံးသောအခါ ဓာတ်ပုံမှန်ပေါင် ကျကွဲ ၊ ကြေးစည်ထု၊ ရေအိုးခွဲ တို့ကိုသာ ပြသည်။ အကျယ် မချဲ့။ တည်းဖြတ်မှု လည်း ကောင်းသည်။ စဉ်ဆက် ညီညွတ်သည်။ သရုပ်ဆောင် များလည်း ပီပြင်ကြသည်။ အထူးသဖြင့် ကလေးငယ် များကို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်စေရန် ပြသနိုင်သော ကြည်ဖြူသျှင်၏ အနုပညာကို ချီးကျူး လိုက်ပါ ၏။
နိဂုံး စကားပြောရသော် သည်လို ဇာတ်လမ်းမျိုးကို ကြည်ဖြူသျှင်သည် ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးနိုင်ပါက ရိုက်ကူးရန် အကြံပြု လိုပါသည်။ တိုင်းပြည်၏ အနာဂတ် ကို မျှော်ကြည့်ပြီး အများ သူတကာတွေ လျစ်လျူရှု ထားကြသည့် အနာဂတ် ရတနာလေး များကို ထူးချွန်ထက်မြက်၊ တန်ဖိုးထား တတ်လာစေရန် ရိုက်ကူးပြသ ထား သည့် ဇာတ် ကား တစ်ကားဖြစ်သဖြင့် လူတိုင်း ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါသည်။
မောင်အိမ်စံ
ယခုလအညွှန်း
၁။ ကြယ်စင်နတ်သမီး
၂။ ဘယ်သောခါမှ
၃။ ထားရမှာစိုးတယ်
၎။ လျှော့ကြိုးကုန်ချိန်
ပန်းကြွေပွင့် များ၏ ဒိုင်ယာရီ
$
0
0
”လင်ယောက်ျား ကွယ်လွန် သွားလို့ မုဆိုးမ အဖြစ် ကျန်ရစ်ခဲ့ ကြတဲ့ အမျိုးသမီးတွေ လူ့အခွင့် အရေး မဆုံးရှုံး သင့်ပါဘူး” လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဘန်ကီမွန်းက ဆိုခဲ့သည်။
”လွန်ခဲ့တဲ့ သုံးရက်လောက် ကတည်းက ကျွန်မ တော်တော်လေး ဖျားနေလို့ ဒီကိုမလာနိုင် ခဲ့ဘူး။ အဲတော့  သုံးရက်လုံးလုံး စားစရာမရခဲ့ဘူး လေ”
ဘုရားကျောင်း အဝင်ဝမှာ ထိုင်ပြီး စားစရာ တောင်းခံနေတဲ့ အသက် ၈၅ နှစ်အရွယ် နီမာလာဒေဝီက အိန္ဒိယနိုင်ငံ Vrindavan မြို့လေးက မုဆိုးမတစ်ယောက်။
ဘုရားဖူးတွေ နဲ့ အမြဲလိုလို စည်ကားနေတတ် တဲ့ Vrindavan မြို့လေးက အိန္ဒိယနိုင်ငံ မှာရှိတဲ့ ထောင်ပေါင်း များစွာသော မုဆိုးမများ ခိုလှုံရာ မြို့လေး တစ် မြို့ဖြစ် သည်။ မြို့လေးထဲမှာ အသက် ငယ်ငယ် ကလေးသာသာ မုဆိုးမလေးတွေ ကနေ သက်ကြီး ရွယ်အို မုဆိုးမအထိ အရွယ် မျိုးစုံသော မိန်းမသား များကို တွေ့နိုင်သည်။
မန်ဒိုဆိုတဲ့ ကလေးမလေး ကတော့ ကလေး ဘဝမှာကတည်းက အိမ်ထောင်ကျ ခဲ့သည်။ မြီးကောင်ပေါက်ချိန် မှာ မုဆိုးမဖြစ်ခဲ့ ရပြီး သူ့ဘဝ ရဲ့ နောက်ဆုံးချိန် အထိ ဘုရားကျောင်းနဲ့ လူမှုဖူလုံရေး ကျောင်းက အထောက်အပံ့တွေ နဲ့ အသက်ရှင်ခဲ့ရသည်။
”ကျွန်မတို့ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ဒီဘုရားကျောင်းကို လာပြီး လက်မှတ် ထိုးရပါတယ်။ အချိန်ပေးပြီး လူတန်းရှည်ကြီး ထဲမှာစောင့် လက်မှတ် ထိုးပြီးရင် ထမင်းရယ် ပဲဟင်း တစ်ဇွန်းစာလောက်ရယ် ရတယ်။ ပြီးတော့ တစ်နေ့ကို သုံးကြိမ် သတင်းပို့တဲ့ အတွက် ထောက်ပံ့ကြေး အနေနဲ့ တစ်လကို ဆယ်ဒေါ်လာ လောက်ရပါတယ်။ အဲဒီငွေ ကတော့ တစ်လစာ အိမ်ငှားခ နဲ့တင် ကုန်သွားတာပါပဲ”
”အိမ်ငှားနေတယ် ဆိုတာကလည်း အခန်း ကျဉ်းလေး တစ်ခန်းကို ဘဝတူ မုဆိုးမလေး ငါးယောက်လောက် စုပြီးနေ ရတာပါ။ နေထိုင် မကောင်းလို့ ဘုရားကျောင်းကို မလာနိုင်တဲ့ ရက် တွေမှာတော့ ကျွန်မတို့ ဘာမှမစားဘဲ နေရ တယ်”
ကမ္ဘာပေါ်ရှိ မုဆိုးမ အရေအတွက် က ၂၄၅ သန်းခန့် ဖြစ်ပြီး ၁၁၅ သန်းသော မုဆိုးမ များက ဘဝကို ဆင်းရဲ ပင်ပန်းစွာ ရုန်းကန်နေ ကြရသည်။ ၈၁ သန်းသော မုဆိုးမ များကတော့ ရုပ်ပိုင်း ဆိုင်ရာ နှိပ်စက် ညှဉ်းပန်းမှုတွေကို ခံစားနေကြရသည်။ အိန္ဒိယနိုင်ငံ တစ်နိုင်ငံ တည်းမှာပဲ မုဆိုးမဦးရေ သန်းလေးဆယ် ခန့် ရှိနေခဲ့သည်။
အိန္ဒိယနိုင်ငံ မှာတော့ ဟိန္ဒူဓလေ့ ရိုးရာအရ  မုဆိုးမများနဲ့ တစ်ခုလပ် များသည် လူ့အသိုင်း အဝိုင်းပြင်ပမှ အစွန့်ပစ်ခံ လူတန်းစား တစ်ရပ် ဖြစ်နေခဲ့သည်။ အစဉ်အလာ ဓလေ့ ထုံးစံများအရ လင်ယောက်ျား ကွယ်လွန်ပြီး ကျန်ရစ်သူ မုဆိုးမ များအနေနဲ့ နောက်အိမ်ထောင်ပြု ခွင့်မရှိ။ အသက်အရွယ်ရှိ ပင်ရှိသော်ငြား မုဆိုးမဘဝနဲ့ မထင် မရှား အသက်ရှင်ကြရစမြဲ။ လူမှုဖူလုံရေး အထောက်အပံ့ မဆိုစလောက်နဲ့ မဝရေစာ အာဟာရ အတွက် ဘုရားကျောင်းတွေမှာ တစ်နေ့ သုံးကြိမ် လက်မှတ်ထိုးပြီး ဘဝ နေဝင်ချိန်ကို ဆင်းရဲစွာ စောင့်စားကြရစမြဲ။
လူတန်းစား ခွဲခြားမှုနဲ့ စွန့်ပစ်ခံ ဘဝတွေကို အိန္ဒိယနိုင်ငံရှိ မုဆိုးမ အသိုင်းအဝိုင်းမှာ သိသာစွာ တွေ့ရတတ်သည်။
”ကျွန်မတို့ ဆီမှာ မိန်းမ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို သူ့ဘေးက မားမား ရပ်တည်နေတဲ့ ယောက်ျား တစ်ယောက်နဲ့ တိုင်းတာပါတယ်။ သူမ ဘေးမှာ မားမား မတ်မတ် ရပ်တည်မယ့် ယောက်ျား တစ်ယောက် မရှိတော့ဘူး ဆိုရင်တော့ သူ့ကို လူ့အသိုင်းအဝိုင်း က လက်မခံကြတော့ ပါဘူး”
”မုဆိုးမဘဝကို သာမန် လူ့ဘဝဖြစ်စဉ်အဖြစ် လက်မခံကြပါဘူး။ လူတစ်ယောက် သေဆုံးခြင်းကို ကျွန်မတို့ ကောင်းကောင်း လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ မုဆိုးမတွေ ကိုတော့ ဘယ် အသိုင်းအဝိုင်း ကမှ လက်မခံနိုင်ကြပါဘူး”
အာရှသူတွေ ကြား အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှုနေရာမှာ ထိပ်တန်းရောက်နေတဲ့ အိန္ဒိယ နိုင်ငံ တစ်နိုင်ငံတည်းက မိန်းမသား အခွင့်အရေး ဆုံးရှုံးမှုကို သက်သေ အထောက် အထားပေါင်း များစွာနဲ့ ပြသနေခဲ့သည်။
”ကျွန်တော့် အမေဟာ အသက် ၃၇ နှစ်မှာ ကလေး ခုနစ်ယောက်နဲ့ မုဆိုးမဖြစ်ခဲ့ပါတယ်။ ညဘက်တွေ ဆိုရင် အမေ ဝတ်ထားတဲ့ (အိမ်ထောင် သည်တွေ ဝတ်လေ့ရှိတဲ့ အနီရောင်) လက်ကောက် တွေကို သူတို့ အတင်း ဆွဲချွတ်ကြပါတယ်။ ပြီးတော့ အစဉ်လာ ဓလေ့ထုံးစံအရ အမေ့နှာသီး ဖျားမှာ ဝတ်ဆင်ထားတဲ့ နားကပ်လေး ကိုလည်း ဆွဲချွတ် ကြပါတယ်။ အမေဟာ မင်္ဂလာ မရှိတဲ့ မုဆိုးမ တစ်ယောက်ဖြစ်တဲ့ အတွက် ကျွန်တော့် မင်္ဂလာပွဲ ကိုတောင် တက်ခွင့် မရခဲ့ရှာပါဘူး။ တချို့ တချို့နယ်တွေ မှာ ဆိုရင် လင်ယောက်ျား သေဆုံး သွားတဲ့ မုဆိုးမတွေကို ယောက္ခမဖြစ်သူ က ကွယ်လွန် သွားတဲ့ လင်ယောက်ျားရဲ့ညီနဲ့ အတင်း ယူခိုင်းတာမျိုး မိဘအိမ် ကို ပြန်ပို့တာမျိုး ရှိ သလို တစ်ခါတစ်ရံမှာ သတ်ပစ်တာမျိုးတွေ တောင် ရှိပါတယ်”
ဗြိတိန် အခြေစိုက် Loomba Trust ကို တည်ထောင်ခဲ့သူ ရာ့ဂ်ျလွန်ဘာက သူ့မိခင် မုဆိုးမရဲ့ အခက်အခဲတွေ ကို ပြောပြခဲ့သည်။ သူ့ဖခင် ကွယ်လွန်ချိန်မှာ ထားရစ်ခဲ့ တဲ့ ငွေကြေး စည်းစိမ်တွေကြောင့် သူတို့ မောင်နှမ ခုနစ် ယောက်လုံးကို မုဆိုးမ မိခင်က ပညာတတ်ဖြစ် အောင် ပျိုးထောင်ပေးနိုင် ခဲ့သည်။ မိသားစု တစ်စုလုံး လူ တန်းစေ့နေနိုင် ခဲ့ပေမဲ့ ကလေး ခုနစ်ယောက် အမေမုဆိုးမအဖြစ် ကျန်ရစ်သူ မိခင်ရဲ့ ဒုက္ခ အခက်အခဲတွေကို နားလည်ခဲ့ပြီး ရာ့ဂ်ျလွန်ဘာက Loomba Trust ကို တည်ထောင် ခဲ့သည်။ အိန္ဒိယနိုင်ငံ တွင်းရှိ မုဆိုးမများကို တတ်စွမ်း သရွေ့ထောက်ပံ့ ခဲ့သလို မုဆိုးမ များ၏ သားသမီး များ ကိုလည်း ပညာ ဆက်သင်နိုင်အောင် ရာ့ဂ်ျလွန် ဘာမှ ကူညီထောက်ပံ့ပေးလျက် ရှိသည်။
”ကျွန်တော့် အမေလိုပဲ လူ့အခွင့်အရေး ဆုံးရှုံး နေတဲ့ မုဆိုးမတွေ ရဲ့ဘဝကို သိမြင်ပြီး စာနာ နားလည်စေချင်တယ်။ လူတန်းစား ခွဲခြားမှုတွေ ဖိနှိပ်မှုတွေ လျော့ ကျစေ ချင်တယ်”
အိန္ဒိယနိုင်ငံရဲ့ ဒေါင်ရီစနစ် ဆိုတဲ့ အမျိုးသမီး က အမျိုးသားကို ငွေကြေး စည်းစိမ်တွေ ပုံအောပြီး တင်တောင်းရတဲ့ စနစ် တစ်ခုက မိန်းမသားတွေ ရဲ့ တန်ဖိုး ကို လျော့ကျစေတဲ့ အဓိက တရားခံ ဖြစ်နေ ခဲ့သည်။ ဒေါင်ရီ စနစ်ကို အိန္ဒိယ နိုင်ငံတစ်နိုင်ငံ တည်းမှာ ကျင့်သုံးနေခြင်း မဟုတ်ဘဲ ကမ္ဘာ အရပ် ရပ်မှာရောက်နေကြတဲ့ အိန္ဒိယ လူ့အဖွဲ့အစည်း တိုင်းမှာ ကျင့်သုံးနေကြဆဲ။
တစ်ခါတစ်ရံ ကြော်ငြာ ဆိုဒ်တွေမှာ အိန္ဒိယ အမျိုးကောင်းသားတွေက သူတို့ရဲ့ ပညာအရည် အချင်း၊ ဆွေဂုဏ်၊ မျိုးဂုဏ်၊ ကျော်စောမှု ဂုဏ်တွေ ကို ဖော်ပြ ပြီး ကြေး အမြင့်ဆုံး ပေးနိုင်တဲ့ သတို့သမီး ရှာဖွေနေပါသည် ဆိုတဲ့ ကြော်ငြာတွေ ပလူပျံနေ တတ်သည်။ သတို့သားလောင်းလျာ ကို သတို့သမီး ဘက်မှ စိန်ရွှေငွေ တင်းတောင်း နဲ့ခြင်တွယ် ပြီး တောင်းခံရတဲ့ အစဉ်အလာက ၂၁ ရာစု အထိ ရှိနေဆဲဖြစ်သည်။
ခေတ်တွေ စနစ်တွေ ဘယ်လို ပြောင်းပြောင်း မပြောင်းလဲနိုင်တာက မိရိုးဖလာ ကျင့်သုံးခဲ့ကြတဲ့ ရှေးထုံး ဓလေ့တွေပဲ ဖြစ်သည်။
”ကိုယ် အလုပ်လုပ်နေခဲ့တာ ကြာပြီ။ ဘဏ် ထဲကို ဝင်သမျှလစာ ဘယ်လောက် ရှိတယ် ဘယ် လောက်ကုန်တယ် ကိုယ်မသိဘူး။ အိမ်ထောင် ကျပြီး ကတည်းက  ကိုယ် က ငွေကိုင်ပြီး မသုံးရဘူး။ အိမ်မှာ ဘာတွေ ဝယ်လို့ ဘယ်လောက် ကုန်တယ် လည်း မသိဘူး။ အိမ်ရဲ့ ဝယ်ရေးခြမ်းရေး ဘဏ္ဍာ ရေးကို ကိုယ့် အမျိုးသားက ကြီးကြပ် တယ် ကိုယ့် အလုပ်က ကိုယ့်ယောက်ျား နဲ့ ကလေးတွေကို ဂရုစိုက်ဖို့… ကျန်တာ ဘာမှမသိဘူးလေ”
”ကိုယ်တို့ မြို့မှာ တချို့ အမျိုးသမီးတွေ ဟာ အမျိုးသားကိုပဲ တစ်သက်လုံး မှီခိုနေခဲ့တာ ဆိုတော့ ရုတ်တရက် အမျိုးသား ဆုံးပါးသွားရင် မလုပ်တတ် မကိုင်တတ်နဲ့ တကယ့် ကို လမ်းဘေးရောက်တော့ တာပါပဲ။ ဒါပေမဲ့ လင်ယောက်ျား ရဲ့အရိပ်ကို တစ်သက်လုံး မှီခိုခဲ့ကြတဲ့ အစဉ်အလာထဲ မှာပဲ ပျော်ဝင်နေကြတာ ဘယ်တော့ မှ လည်း ရုန်းထွက်ဖို့ မကြိုးစားကြဘူးလေ”
လုပ်ငန်းခွင်မှာ အမျိုးသားတွေ နဲ့ ရင်ပေါင် တန်းပြီး အလုပ် လုပ်နေကြတဲ့ ပညာတတ် အိန္ဒိယ နွယ်ဝင် မိန်းကလေးတွေဆီက ကြားရတဲ့ စကား တွေကို အခုလို ၂၁ ရာစု မှာ လက်ခံနိုင်ဖို့ ခက်လှ သည်။
ကမ္ဘာကြီးပေါ်မှာ ပဋိပက္ခတွေ တိုက်ပွဲတွေ ရှိနေသရွေ့ မုဆိုးမ အရေအတွက်က တိုးနေမှာ သေချာလှသည်။ စစ်မက်တွေ ဖြစ်ပွားခဲ့တဲ့ အချိန် က အီရတ်နိုင်ငံ တစ်နိုင်ငံ တည်း မှာ နေ့စဉ် မုဆိုးမ အရေအတွက် တစ်ရာနှုန်း နဲ့ တိုးပွားလာခဲ့ သည်။
စစ်တလင်း ဖြစ်ခဲ့ရတဲ့ တိုင်းပြည်တွေ မှာတော့ မုဆိုးမများ နဲ့ လူမမည် ကလေးတွေကို ကယ်ဆယ်ရေး စခန်းတွေမှာ အများဆုံး တွေ့ရသည်။
အာဖရိက တိုက်မှာလည်း အေအိုင်ဒီအက်စ် ရောဂါဆိုးကြောင့် မုဆိုးမ အရေအတွက် တိုးပွား စေခဲ့သလို လင်ယောက်ျား သေဆုံးချိန်မှာ စွန့်ပယ် ခံရတဲ့ မုဆိုးမ များ အားလုံး ခိုကိုးရာမဲ့ ဖြစ်ကြရ သည်။
မုဆိုးမများနဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်များ အပေါ် လူတန်းစား ခွဲခြားမှုက ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ ရှိနေခဲ့သည်။ ဗြိတိန်နိုင်ငံ အခြေစိုက် Loomba Trust မှ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ရုရှား အပါအဝင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ မုဆိုးမများနှင့် တစ်ခုလပ်များ၏ အမျိုးသမီး အခွင့်အရေးနှင့် ပတ်သက်ပြီး စစ်တမ်းကောက် ယူ စေခဲ့သည်။ စစ်တမ်း များအရ မုဆိုးမ တစ်ခုလပ် များကြား အမျိုးသမီး အခွင့်အရေး ဆုံးရှုံးမှု မရှိသည့် နိုင်ငံနှစ်နိုင်ငံ ကိုသာ ရှားရှားပါးပါး တွေ့ရသည်။ ယူက ရိန်းနိုင်ငံ နဲ့ အင်ဒိုနီးရှား နိုင်ငံတွေ မှာတော့ မုဆိုးမတွေကို စာနာ နားလည်မှုနဲ့ ဆက်ဆံကြ သည်။ နှိမ့်ချ ဆက်ဆံသည့် အစဉ်အလာ မရှိခဲ့။
တကယ်တော့ ယဉ်ကျေးသော လူ့အဖွဲ့ အစည်းမှာ ကျားမ မရွေး မွေးကင်းစ မှသည် သေဆုံးသည် အထိ လူ့အခွင့်အရေး အပြည့်အဝ ရှိသင့်သည်။
ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ လင်ယောက်ျား ရဲ့အရိပ်ကို မှီခိုပြီး သောက ကင်းကင်းနဲ့ အိမ်ထောင်ရေး လမ်းကို လျှောက် လှမ်းနေကြသူ မြန်မာအိမ်ရှင်မ များ လက်ညှိုး ထိုး မလွဲအောင်ကို ရှိခဲ့ပါသည်။ သို့ပေမဲ့ မုဆိုးမများ နဲ့ အိမ်ထောင်ကွဲ တစ်ခုလပ်များရဲ့ အမျိုးသမီး အခွင့်အရေး ကတော့ အခြားသော အမျိုးသမီးများ နှင့် တန်းတူ ရှိနေ ခဲ့သည်။
မဟာဖိုဝါဒ ကြီးစိုးဆဲဖြစ်သော အိန္ဒိယနှင့် တရုတ်နိုင်ငံ ကြားမှ နိုင်ငံငယ် ဆိုပေမဲ့ ကျွန်မတို့ မြန်မာ အမျိုးသမီးတိုင်း ကံကောင်းကြသည်။ မုဆိုးမ သားသမီးတွေ ရယ်လို့ လည်း ဘယ်သူ့ကိုမှ မပစ်ပယ် ထားသလို မုဆိုးမတွေ ကိုလည်း မင်္ဂလာ မရှိသူတွေရယ် လို့ ဘယ်သူကမှ မပစ်ပယ်ကြ။ မုဆိုးမရယ် တစ်ခုလပ် ရယ်လို့ မခွဲခြားဘဲ နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်းက ကူညီထောက်ပံ့မှုတွေ ပေးကြသည်။
နိုင်ငံတကာ အနေအထား အရ အိမ်ထောင်ကွဲ တစ်ခုလပ်များနဲ့ မုဆိုးမများ သိသိသာသာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ များလာချိန် မှာ အဖိနှိပ်ခံ အမျိုးသမီး ထု ဘက် က မားမားရပ်လို့ ကာကွယ်ပေးနိုင်ဖို့ နိုင်ငံ တကာ အဖွဲ့အစည်းတွေ က စတင် စဉ်းစားလာခဲ့သည်။
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ နဲ့ လူမှုရေး အသင်းအဖွဲ့များမှ မုဆိုးမများ နဲ့ ကျန်ရစ်သူ သားသမီးများ အတွက် ဘဝဖူလုံရေး အတွက် တစ်တပ် တစ်အား ကူညီ ဝိုင်းဝန်းရာက စလို့ အပြည်ပြည် ဆိုင်ရာ မုဆိုးမ များနေ့ရယ်လို့ ဖြစ်လာခဲ့သည်။ ပထမဆုံး အကြိမ် အပြည်ပြည် ဆိုင်ရာ မုဆိုးမ များနေ့ကို ၂ဝဝ၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ စတင် ကျင်းပခဲ့ကြသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းမှ ကမ္ဘာ အဝှန်းမှာ ရှိကြသော မုဆိုးမ များအရေး ကို ကမ္ဘာသူ ကမ္ဘာသားများ သိအောင် ကြိုးပမ်း လှုံ့ဆော်ပေး ခဲ့သည်။
”လင်ယောက်ျား ဆုံးရှုံးတိုင်း ဘယ် အမျိုးသမီး မှ အမျိုးသမီး အခွင့်အရေး မဆုံးရှုံးစေ ရဘူး။ သူတို့ ရဲ့ ဖြစ်တည်မှုတွေ ဟာ ကျွန်တော် တို့အတွက် ဘယ်လို အရေး ပါတယ် ဆိုတာကို အပစ်ပယ်ခံ မုဆိုးမတွေကို သိစေရမယ်။ သူတို့ ဘဝတွေကို ပိုမို ကောင်းမွန် ပြည့်စုံအောင် ပျော်ရွှင်အောင် ဖန်တီး ပေးကြပါစို့”
တကယ်တော့ ကျွန်မတို့ ဖြတ်သန်းနေတဲ့ ဘဝတစ်လျှောက် မှာ ကျွန်မတို့ မသိ မမြင်နိုင်ခဲ့ သော ပိတ်ထားဆဲ ဖြစ်သော တံခါးပေါင်း များစွာ ရှိနေခဲ့သည်။
ပွင့်လင်း လူ့အဖွဲ့အစည်းတွေ ကြားမှာ ပွင့်လင်းမှု မရှိ မြင်သာထင်သာခြင်း မရှိသော လူ့ အဖွဲ့အစည်းပေါင်း များစွာ ရှိနေခဲ့သည်။
မိန်းမသားပင် ဖြစ်လင့် ကစား မိန်းမသား အခွင့်အရေး ဆုံးရှုံးနေ ဆဲဖြစ်သော၊ တားမြစ် ထားသော နံရံများ၏ အခြား တစ်ဖက်တွင် မျက်ရည်များ ရှိုက်သံ များနှင့်ပြည့်နှက်နေသော သီးခြားကမ္ဘာငယ် တစ်ခုကို ကျွန်မ မထင်မှတ်ဘဲ သိခွင့်ရခဲ့တာမို့…..
ဇွန်လ ၂၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မုဆိုးမများနေ့ အမှတ်တရ
နှင်း
ဂီတဟာ ပြိုင်ဘက်မရှိတဲ့ အနုပညာ
$
0
0
‘ရှင်သီချင်း နားထောင်ပါသလား’ လို့ ကျွန်မမေးရင်’ဘယ့်နှယ်မေးလိုက်ပါလိမ့်၊ သိပ်နားထောင်တာပေါ့’လို့ လူတိုင်းကရင်ကော့ပြီး ဖြေကြလိမ့်မယ်။ ပြီးတာနဲ့ ကျွန်တော်ေ တာ့ အနောက်တိုင်းဂီတမှာ ဘာဂီတကိုနားထောင်တာ၊ ဘယ်သူ့သီချင်းတွေ အမြဲနားထောင်တာ၊ ကျွန်မတော့ မြန်မာဂီတမှာ ဘာကိုနားထောင်တာ၊ ဘယ်သူ့ကိုဖြင့် အ သည်းစွဲပေါ့ ဘယ်သူ့သီချင်းတွေဆို ကြိုက်လွန်းလို့ ဖုန်း ringtone လုပ်ထားတာဆိုတာတွေအထိ လူတိုင်းဟာအာပေါင်အာရင်းသန်သန်နဲ့ ကရား ရေလွှတ်တ တွတ် တွတ် ပြောတတ်ကြမှာ အသေအချာပေါ့။
‘ဂီတတစ်ပုဒ်ကို ဘာနဲ့နားထောင်လဲ၊
‘ဘယ်လိုနားထောင်လဲ’ လို့ ကျွန်မက ဆက်မေးမယ် ဆိုပါတော့။ ဖုန်းထဲထည့်ထားပြီး နားကြပ်နဲ့ နားထောင်တာ၊ FM လိုင်းတွေနဲ့ နားထောင်တာ၊ အိပ်ရင်းနားထောင်တာ၊ ကားမောင်းရင်း နားထောင်တာ၊ အိမ်မှုကိစ္စလုပ်ရင်းနားထောင်တာ .. အဲဒီလိုအမျိုးမျိုးဖြေမယ်လို့ ကျွန်မ ခန့်မှန်းမိတယ်။ စစနောက်နောက်လူတွေကတော့ သူ့နားရွက်ကို ဆွဲပြပြီး ‘ဒီနားရွက်နဲ့ နားထောင်တာလေ’ လို့ ကျွန်မကို ရယ်စရာလုပ်ပြောကြမှာ အမှန်ပါပဲ။ ကျွန်မလိုချင်တာက ‘နှလုံးသားနဲ့ နားထောင်တာ’ ဆိုတဲ့ စကားလေးကိုပါ။ ဟုတ်ပါတယ်။ တကယ်တော့ ဂီတတစ်ပုဒ်ကို နှလုံးသားနဲ့ နားထောင်တတ်ဖို့ အရေးအကြီးဆုံးပါပဲ။
ကျွန်မတို့စာရေးဆရာတွေအနေနဲ့ ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ရေးလိုက်ပြီဆို စကားလုံးအသစ်အဆန်းတွေ၊ စိတ်ကူးစိတ်သန်းအဆန်းအပြားတွေ ကွန့်မြူးလွန်သွားပြီး modernize  ဖြစ်သွားပြီဆို ‘နားမလည်ဘူး’၊ ‘လူနားလည်အောင်ရေး’စတဲ့ ဝေဖန်သံတွေ စာဖတ်သူတွေဆီကဖြစ်စေ၊ ဝေဖန်ရေးသမားတွေဆီကဖြစ်စေ ဟိုကသည်က ညံညံစာစာ ထွက်ပေါ်လာတတ်တယ်။ ဟုတ်တာပဲ၊ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဆိုတာ နားလည်မှ ဆက်ဖတ်လို့ ရမှာပေါ့။ ဂီတတစ်ပုဒ်မှာတော့ ဘာမှမလိုပါဘူး။
ဒီသီချင်းဘာဂစ်တာနဲ့ ဘယ်လိုတီးထားလဲ၊ သူဘာကီးနဲ့ဆိုထားလဲ၊ ဘယ်တူရိယာကို အားပြုတီးခတ်ထားလဲ၊ chorus ပိုဒ်မှာ နောက်ခံဟာမိုနီတွေ လိုက် ဆို ထားသေး လား၊ ဒရမ်ရိုက်သံပြင်းပြင်းကြီးတွေက ဘာကိုကိုယ်စား ပြုချင်ပါလိမ့်စသဖြင့် နားထောင်သူက နားလည်အောင် အသည်းအသန်လိုက်ပြီးလုံ့လထုတ် ကြိုး စားနေစ ရာမလိုပါဘူး။ ‘ဘာမှ နားမလည်လည်းပဲ နားထောင်ခံစားလို့ရတာ ဂီတဆိုတဲ့အရာပါ’လို့ ကျွန်မပြောရင် ရှင်တို့ယုံကြည်လိုက်ပါ။ ဟုတ်တယ်ရှင့်။ ခံစားတတ် တဲ့ နှလုံး သားတစ်စုံပဲ လိုပါတယ်။  ရှင့်မှာ ကောင်းမွန်တဲ့နားတစ်စုံသာပိုင်ဆိုင်ခဲ့မယ်ဆိုရင် အသံမျိုးစုံကို ရှင်အချိန်တိုင်း ကြားနေရမှာပါ။ သာယာနာပျော်ဖွယ် အသံရော၊ ဆူ ညံကြမ်းရှတဲ့အသံပါအားလုံးကို ရောထွေးယှက်တင် ကြားနေရလိမ့်မယ်။  ဒီအထဲကမှ သာယာလှပတဲ့ အသံတွေကိုပဲ ရွေးချယ်ပြီး ရှင်နားထောင်ကြည့်ပါ။ တချို့ အ သံ တွေက တစ်သံတည်း၊ တစ်သမတ်တည်းရှိကြသလို တချို့ကလည်း အသံမှာ အနိမ့်အမြင့်ရှိပြီး သံစဉ် အပိုင်းအစလေးတွေပုံစံမျိုး ကြားရမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်မတို့ရဲ့ သဘာဝလောကကြီးရဲ့အသံတွေကိုနားထောင်ကြည့်မယ်ဆိုရင် သာယာလှပတဲ့ အသံတွေ အများကြီးပဲရှိနေကြတယ်ဆိုတာ ရှင်တို့ အံ့သြမ ကုန်နိုင်အောင်တွေ့ရ ပါလိမ့်မယ်။ နေ့သစ်တစ်နေ့ ပေါ်ထွက်လာမယ့် အစကနဦး အချိန်လို့ ပြောနိုင်တဲ့ နေမထွက်ခင် နဲ့ နေထွက်ခါစ/နေထွက်ပြီးစအချိန် မနက် ခင်း တွေထဲမှာ စိတ်ဝင်စားစရာအသံတွေ ရှိနေတတ် ပါတယ်။
ရှင် နားထောင်ကြည့်ပါ။ . . . . . . . . . . ။ နားစိုက်ထောင်ကြည့်လိုက်ပါ။ . . . . . . . . . . . . . . . ။ ရှင့်ရဲ့ နှလုံးသားကို အားပါးတရဖွင့်ပြီး  နားထောင်လိုက်ပါ။ . . . . . . . . . . . . . . .  . . . . . ။
ငှက်ကလေးတွေ နိုးထပြီး စကားပြောတဲ့အသံတွေ ဒါမှမဟုတ် နေ့သစ်ကို ကြိုဆိုတဲ့အနေနဲ့ သံစဉ်လေးတွေ သီဆိုနေကြတာတွေ အားလုံးကို အသေအချာ ကြားရမှာပါ။ တကယ်လို့ ရှင်ဟာ မနေ့ညက အဆင်မချောခဲ့တဲ့ မနှစ်မြို့ဖွယ် ကိစ္စ တစ်ခုအကြောင်း နိုးနိုးချင်း စဉ်းစားနေမိခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ ဒီနေ့ အလုပ်သွားတဲ့အခါ ဘယ်အင်္ကျီ ဘာအရောင်ဝတ်ရပါ့လို့ နိုးနိုးချင်း တွေးမိနေခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ အလုပ်ကိုရောက်တဲ့အခါ ပြောဆိုပြသရမယ့် presentation  အကြောင်းကြိုေ တွးလို့ ခေါင်းစားနေခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ ငိုနေတဲ့ ကလေးပေါက်စကို နိုးနိုးချင်းထွေးပွေ့ချော့မြှူနေခဲ့ရမယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ စောေ စာစီးစီး ဖုန်း လာလို့ နိုးနိုးချင်းချစ်သူနဲ့ဖုန်းကြာကြာပြောနေခဲ့မယ်ဆိုရင် ..အဲဒီလို အဲဒီလို တကယ်လို့တွေ အမျိုးမျိုးနဲ့ ရှင်တို့ရဲ့ မနက်ခင်းဟာ အုံ့ခဲ မှုန်မှိုင်း လိမ်ကျစ်ေ စး ထန်းနေ မယ်ဆိုရင်တော့ သဘာဝက နှုတ်ဆက်လာတဲ့ မနက်ခင်းအသံတွေနဲ့ စိတ်မကောင်းစရာ လွဲချော်သွားတော့မှာပါ။
ခံစားကြည့်ပါ။ ကျွန်မပြောသလို အိပ်ရာက နိုးနိုးချင်းမှာ သဘာဝကြီးက အခမဲ့ပေးထားတဲ့ သာယာနာပျော်ဖွယ်အသံတွေကို တစ်ခါလောက် နားစိုက်ထောင်ကြည့်ဖို့ ကျွန်မ ရှင့်ကို တိုက်တွန်း ချင်တာပါပဲ။ ရှင်မသိလို့ ပါကွဲ့။ မနက်ခင်းထဲက ငှက်ကလေးတွေရဲ့အသံဟာ အံ့သြဖွယ်သာယာပြီး အဓိပ္ပာယ်တစ်ခုစီ ကိန်းဝပ်နေလေရဲ့။  ဒါေ တွကို တခြားအရာတွေနဲ့ အစားထိုးလို့၊ ဖော်ကျူးလို့ ရနိုင်ပါ့မလား။
မနက်ခင်းမှာ မနက်ခင်းအသံတွေ ရှိသလို ညအချိန်မှာလည်း ညငှက်တွေရဲ့အသံတွေ၊ ညဘက်ထွက်လာတတ်တဲ့ အကောင်ပလောင် လေးတွေရဲ့အသံတွေက ‘ဒါဟာ ညဖြစ်တယ်’ လို့ အတိအကျကြီးရှင့်ကို ပြောပြနေတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်ခံစားကြည့်ပါ။ ထွက်ပေါ်နေသမျှ အသံတွေအားလုံးမှာ သူ့တန်ဖိုးနဲ့သူ အဓိပ္ပာယ် တစ်ခု စီရှိနေတဲ့အတွက် စကားလုံးတွေ အတိအကျမပါဘဲနဲ့တောင် ရှင်ခံစားလို့ရပါတယ်။ အသံတွေဟာ အချိန်ကာလတွေကိုလည်း မီးမောင်းထိုးပြနေပါသေးတယ်။
မနက်ခင်းထဲကအသံ၊ ဒါမှမဟုတ် ညထဲမှာ ရှိနေတဲ့အသံ ဒီအသံတွေကို ကျွန်မဟာ အသံဖမ်း စက်တစ်လုံးနဲ့သွင်းယူပြီး တခြားအချိန်ကာလ တစ်ခုထဲမှာ တစ်စုံ တစ်ယောက် (ဒါမှမဟုတ်) ရှင့်ကိုပေါ့၊ ဖွင့်ပြပြီး နားထောင်စေမယ်ဆိုရင် အသံဖမ်းစက်ထဲက ထွက်ကျလာမယ့်အသံတွေကို ကြားမိလိုက်တာနဲ့ အဲဒီ ရှင်သို့မဟုတ် တစ်စုံ တစ်ယောက်ဟာ ‘ဒါမနက်ကြီးပေါ့’၊ ‘ဒါက ညအချိန် ဟုတ်တယ်မဟုတ်လား’ဆိုပြီး နေ့နဲ့ညကို ခွဲခြားသိရှိခံစားရမှာ သေချာပါတယ်။ အဲဒီအခါ မနက်ခင်းရဲ့ သစ်လွင် တက်ကြွမှု၊ သာယာကြည်နူးမှု၊ ညရဲ့တည်ကြည်လေးနက်မှု၊ နွေးထွေးဆိတ်ငြိမ်မှုစတဲ့ ရသမျိုးစုံကို ရှင်ခံစားနိုင်ပါလိမ့်မယ်။
အသံ ဒါမှမဟုတ် သံစဉ်တစ်ခုကို အချိန်ကာလတစ်ခုမှာ နားထောင်ဖူးခဲ့ရင် အဲဒါကို နောက်တစ်ခေါက် ပြန်ကြားမိတဲ့အခါ ရှင်ဟာ အရင်ကာလတစ်ခု ကို ပြန်ေ ရာက် သွားသလို ရင်ထဲခံစားရနိုင်ပါတယ်။ သံစဉ်တွေဟာ စကားလုံးတွေမပါဘဲနဲ့ အဓိပ္ပာယ်အမျိုးမျိုးပေးနိုင်သလို ရသအမျိုးမျိုး ပေးနိုင်တယ်။ ရှင့်အနေ နဲ့ လေးေ လးနက်နက် ခံစားတတ်ဖို့ပဲ လိုလိမ့်မှာပေါ့။ ရှိရှိသမျှ အသံတွေ ကို ခံစားနိုင်ဖို့ ရှင့်မှာ ဘာမှမရှိလည်းပဲရတယ် ရှင့်။ နည်းပညာတွေ မတတ်လည်းပဲရတယ်။ အတန်းပညာတွေ မတတ် လည်းပဲရတယ်။ ငွေကြေး ..ဟင့်အင်း လုံးဝမလိုပါဘူးကွယ်။ ရာထူး ဂုဏ်ဒြပ်တွေ သွားစမ်းပါ။ ရှင့်မှာ နားတစ်စုံနဲ့ ခံစားတတ်တဲ့ နှလုံးသားရှိရင် ရပါပြီ။
ဒါ့ကြောင့် အသံတွေ၊ သံစဉ်လေးတွေကို ဒီကနေ့ကစပြီး ဂရုတစိုက်နဲ့ နားထောင်ကြည့်ပါ။ ဒီလိုနားထောင်ရာကနေ ရှင့်ရဲ့ဘဝဟာ လှပမှု၊ နွေးထွေးမှု၊ သာယာမှု၊ နှစ် သိမ့်မှု၊ တက်ကြွမှုတွေအပြင် (တစ်ခါတစ်ရံ) လွမ်းမောမှုတွေ၊ …တွေနဲ့ မနေ့ကနဲ့မတူ၊ မနေ့ကထက်တောင်ပိုပြီး တစ်မူထူးခြား ပေါ်လွင်လာမှာပါပဲရှင်။ ယုံပါ။ ယုံကြည်ပါ။ ယုံကြည်လိုက်ကွယ်။ သံစဉ်လေးတစ်စ နှစ်စကနေ  သီချင်းတစ်ပုဒ် ဖြစ်လာတယ်ဆိုတာကိုပါ။ သံစဉ်လေး တစ်စ နှစ်စဟာလည်း ဂီတပါပဲ။ ပြီးပြည့်စုံတဲ့ သီချင်း တစ်ပုဒ် ဟာလည်း ဂီတပါပဲ။ ဒီဂီတ (music) ဆိုတာ အနုပညာ (art) တစ်ခုပါ။ သူ့မှာ တခြားအနုပညာနဲ့မတူတဲ့ ထူးခြားချက်တွေ ရှိတယ်ရှင့်။ အဲဒါ ဘာများဖြစ်မလဲ၊ ရှင်သိလား။
ဂီတရဲ့ထူးခြားချက်က ကြိမ်ဖန်များစွာ နားထောင်နိုင်ခြင်းပေါ့။ အကြိမ်ပေါင်းများစွာ ထပ်ပြန်တလဲတဲ မရေမတွက်နိုင်အောင် ခံစားနိုင် စေပါတယ်။ သံစဉ်တစ်စ၊ ဒါမှမဟုတ် သီချင်း တစ်ပုဒ်ကို အချိန်အပိုင်းအခြားအားဖြင့် တစ်နေ့၊ တစ်မနက်၊ တစ်ပတ်၊ ဆယ်ရက်အတွင်းမှာ ထပ် ကာထပ်ကာ ရှင်ခံစားနိုင်ပါတယ်။ တစ်လ၊ တစ်နှစ် နှစ်ပေါင်း များစွာကြာစေဦးတော့ ဂီတသံဟာ အသစ်ဖြစ်နေနိုင်တာချည်းပါပဲ။ ဂီတဆိုတဲ့အရာဟာ ဘယ်တော့မှ ရိုးအီမသွားခဲ့ဘူး။
ဂီတတစ်ပုဒ်ဟာ စာတစ်အုပ်နဲ့ အရည် အသွေးချင်းမတူနိုင်ဘူးလို့ ကျွန်မပြောရင် ရှင် ငြင်းခုံမနေဘဲ ခေါင်းညိတ်လိုက်သင့်ပါတယ်။ စာတစ်ပုဒ် (ဝတ္ထု ဒါမှမ ဟုတ် ဆောင်းပါး ဒါမှ မဟုတ် ကာတွန်းတစ်ပုဒ်ပုဒ်) ကို ကျွန်မတို့ ဘယ်လောက်ကြိုက်ကြိုက် နေ့ရက်တစ်နေ့တည်း အတွင်းမှာ ထပ်ပြန်တလဲလဲကြီး ပြန်ပြန်ဖတ်မိ တာ မျိုး ဘယ်သူမှ မလုပ်ကြပါဘူး။ ဂီတတစ်ပုဒ်ကတော့ တစ်နေ့တည်းမှာပဲ ထပ်ကာထပ်ကာပြန်ပြန်ဖွင့်ပြီး ကြိမ်ဖန်များစွာ နားထောင်ခံစားတာမျိုး လူတိုင်းလုပ် မိကြပါ တယ်။ ခုဆို ဂီတတစ်ပုဒ်နဲ့ စာတစ်ပုဒ် ဘယ်လောက် ခြားနားလှတယ်ဆိုတာ ရှင်ရိပ်စားမိလောက်ပြီထင်ပါတယ်။ စာတစ်ပုဒ်မှ မဟုတ်ပါဘူး၊ ပန်းချီကားတွေ နဲ့ နှိုင်း ယှဉ် ရဦးမလား ..လူတွေနဲ့ ကြိမ်ဖန်များစွာ ရင်းနှီးထိတွေ့မှု အပိုင်းမှာတော့ စာပေရော ပန်းချီပါ ဂီတကို မယှဉ်နိုင်ပါဘူး။ ရှင် သိပ်ကိုမြတ်နိုးလှပါတယ်ဆိုတဲ့ ပန်းချီကား တစ်ကားကို ငွေကြေးတတ်နိုင်လို့ အိမ်နံရံမှာ ဝယ်ချိတ်ထားရင်ထားမယ်၊ တစ်နာရီ အတွင်း၊ တစ်နေ့တာအတွင်း အဲဒီပန်းချီကား ရှေ့သွားပြီး ကြိမ်ဖန်များစွာ ခံစားကြည့် ရှုပြီးခေါင်းတညိတ်ညိတ်ဖြစ်နေတာမျိုးတော့ ရှင် လုပ်မိမှာမဟုတ်ပါဘူး။ ဒါသေချာတယ်။ ရုပ်ရှင်ဆို လည်း ဒီလိုပါပဲ။ အင်မတန်ကောင်းလွန်း လို့ အော်စကာ ဆုတွေ ပလူပျံနေတဲ့ ဇာတ်ကား တစ်ကားကို သိပ်သဘောကျပေမဲ့ တစ်ခါကြည့်ပြီး ပြီးသွားတာပါပဲ။ ခဏခဏကြိမ်ဖန်များစွာ ကျွန်မ တို့ ပြန်ကြည့်မနေကြပါဘူး။ အကောင်းဆုံး ဝတ္ထု၊ လက်ရာ အမြောက်ဆုံး ပန်းချီကား၊ နာမည်ကျော် ရုပ်ရှင်တစ်ကား အဲဒါတွေကို တစ်နေ့တည်းမှာ တစ်လအတွင်းမှာ ကြိမ်ဖန်များစွာ ခံစားကြည့်ရှု မနေပါဘူး။ ရှင်ရော ဒီလိုပဲမဟုတ်လား။
ဂီတအပေါ်ခံစားသက်ဝင်မှုကတော့ အဲဒီ အရာတွေထက် အဆမတန် အားကောင်းပါ တယ်။ တစ်ချိန်တည်း၊ တစ်နေ့တည်းမှာ ထပ်ပြန် တလဲလဲ နားထောင် ခံစား ရင်း ခေါင်းတညိတ် ညိတ်နဲ့ စည်းချက်တောင် လိုက်နေမိဦးမှာပါ။ ဝန်ခံရမယ်ဆိုရင် ကျွန်မငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ Pink Floyd  ရဲ့သီချင်းတွေကို ဒီနေ့ထိ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ခံစားနားထောင်နေမိတုန်းပါပဲ။ အဲဒီလို နားထောင်မိ တဲ့အချိန်တိုင်း၊ အကြိမ်တိုင်းမှာလည်း ကျွန်မရင်ထဲ အသစ်အသစ်ပဲ ဖြစ် လို့နေ ပါတယ်။ နည်းနည်းကလေးမှ ရိုးအီမသွားပါဘူး။ ပိုပြီးထူးခြားတာက နားထောင်တဲ့အချိန်ကာလအပေါ်မူတည်ပြီး ကာလပြောင်းလဲရင် ပြောင်းလဲသွားတဲ့အတိုင်း ကျွန်မ ရင်ထဲကခံစားမှုကပါ လိုက်ပါ စီးမျောပြောင်းလဲ ခုန်လှုပ်နေတာပါပဲ။
အသေးစိတ်ပြောရမယ်ဆိုရင် ပန်းချီကားတွေကိုကြည့်တဲ့အခါ ရှင့်စိတ်ထဲ တစ်ခုခုတော့ စဉ်းစားနေမိတတ်လိမ့်မယ်။ ဘာမီဒီယမ်သုံးထားပါလိမ့်၊ စုတ်ချက်လား ဒါး ချက်လား ဗလာချည် လက်တွေနဲ့ ရေးဆွဲသလား၊ ပန်းချီဆရာ ဘာသဘောနဲ့ ဒီလိုရေးဆွဲပါလိမ့် ..စသဖြင့်ပေါ့။ ဝတ္ထုတစ်ပုဒ်ဖတ်ရင်လည်း ဒီလိုပါပဲ ဒါတကယ့် ဖြစ် ရပ်မှန် လား၊ ဒီလိုအဖြစ်မျိုး တကယ့်လက် တွေ့မှာရှိသလား၊ ဒါ ဟိုမင်းသားအကြောင်းများလား… အဲဒီလို ‘လား’ပေါင်းများစွာနဲ့ စဉ်းစားခန်းဖွင့်နေ ရတတ်တယ်။ တကယ်တော့ ဒီလိုစဉ်းစားနေရတဲ့ အခြေအနေဟာ အဲဒီပန်းချီကား၊ ဒါမှမဟုတ် စာတစ်ပုဒ်ရဲ့ အနှစ်သာရနဲ့ ဝေးကွာသွားစေဖို့ အကြောင်းရင်းကို ဖန်လိုက်တာ ပဲဖြစ်ပါတယ်။ ဂီတက ဒီလိုမဟုတ်ဘူးရှင့်။ နားထောင်သူတွေကို စဉ်းစားခန်း မဖွင့်ခိုင်းပါဘူး။ တွေးဆအဖြေရှာ နေစရာမလိုဘူး။ နားကတစ်ဆင့် ရှင့်ရဲ့နှလုံးသားဆီ တိုက်ရိုက်ရောက်ရှိသွားပြီး ချက်ချင်းပဲ ခံစားလို့ရပါတယ်။ မခံစားချင်တဲ့ သံစဉ်မျိုးကိုလည်း အဖြေရှာ တွက်ထုတ်ပေးနေ စရာမလိုဘဲ စိတ်နဲ့ပဲ ရိုးရိုးကလေး ဖယ်ထုတ်ထား လို့ရပါတယ်။ သူက ရိုးရိုးလေးပဲ နားထောင်ဖို့ အခွင့်အလမ်းပေးထားသလို ရိုးရိုးလေးပဲ လက်မ ခံဖို့ အခွင့်အလမ်းလည်း ပေးထားပြန်ပါတယ်။
တေးသွားသံစဉ်တွေဟာ ကျွန်မတို့ကို ခွန်အားတွေအများကြီး ပေးနိုင်သလို ပျက်စီးနေတဲ့ ဘဝထဲကနေ ဆွဲနုတ်ကယ်တင်နိုင်ပါသေးတယ်။ Music Therapy  ဆိုတဲ့ ရော ဂါဝေဒနာတွေကို ဂီတနဲ့ကုသတဲ့ တေးဂီတကုထုံးတွေလည်း ကမ္ဘာ့ဆေးလောကမှာ ထိရောက်တဲ့ကုသနည်းတွေအဖြစ် တွင်ကျယ်စွာ အသုံးချနေကြတာ ရှင်တို့ အ သိ ပါပဲ။ ဂီတဆိုတဲ့အရာဟာ ဖျော်ဖြေရေးမှာအသုံးချမလား၊ ကုသရေးမှာအသုံးချမလား၊ ရှင်တို့ကျွန်မတို့ဘဝအတွက် တကယ်ပဲ အသုံးတည့်လှ တဲ့အရာ တစ်ခုပါ။
လူ့ဘဝကို စတင်ဝင်ရောက်လာတဲ့ ကလေးငယ်တွေတိုင်း ပထမဦးဆုံးခံစားထိတွေ့ ကြရတဲ့ အနုပညာဟာ သူကိုယ်တိုင်ဟစ်ဆိုလိုက်တဲ့ ‘အူဝဲ’ဆိုတဲ့ အသံတစ်စဖြစ် သ လို သီချင်း/ဂီတ ဆိုတဲ့ အနုပညာနဲ့ ဘယ်သူမှကင်းကွာလို့ မရပါဘူး။ ဒါဟာ ဂီတဆိုတဲ့ အနုပညာရဲ့ (တခြား ဘယ်အနုပညာကမှ လိုက်လို့မမီနိုင်တဲ့) အကြီး မားဆုံး အား သာချက်တစ်ခုပဲ ဖြစ်ပါတယ်။
နားတစ်စုံသာ ကောင်းမွန်နေခဲ့မယ်ဆိုရင် မွေးကင်းစကနေ သေဆုံးချိန်အထိ ဂီတကိုလွတ်လပ်စွာ ခံစားနိုင်ပါတယ်။ ရှင့်ရဲ့အနီးအနား ပတ်ပတ်လည်မှာ အသံေ တွ ပြည့်နှက်ဝန်းရံ နေပြီးသားပါ။ အဲဒီအသံတွေဟာ အထွေအထူး အားစိုက်စရာမလိုဘဲ ရှင့်ရဲ့နားကတစ်ဆင့် ရှင့် အတွင်းသားထဲကို အသာကလေး ဝင်ရောက် လာ နိုင် ပါတယ်။ ရှင့်ရဲ့ နှလုံးသားတံခါးကိုတော့ အသေအချာလေးဖွင့်ထားဖို့တော့ လိုမှာပေါ့။ သဘာဝက ထွက်ပေါ်လာတဲ့အသံတွေနဲ့ လူတွေ ဖန်တီးထားတဲ့အသံတွေ (သံစဉ်တွေ) ကို နှလုံးသားလေးဖွင့်ပြီး နားထောင်ခံစားနိုင်မယ်ဆို ရင် ရှင့်ဘဝမှာ လူဖြစ်ရကျိုးနပ်နေပြီလို့ ဂုဏ်ယူ နိုင်ပါပြီ။ ရှင်ဟာ အဲဒီလို အသံ နဲ့ သံစဉ်တွေကို ခံစားနိုင်ပြီဆိုရင် တစ်ဆင့်တက်လို့ ရှင့်ရဲ့ခံစားမှု အစုစုကို သံစဉ်တွေနဲ့ ပြောပြနိုင်ပါတယ်။ ဘုရားသခင်ဟာ လူတိုင်းလူတိုင်းအတွက် ယေဘုယျအားဖြင့် အသံ ညသအန ၁၂ ခုကို ပေးထား ပါတယ်။ ဘယ်ကိရိယာ ဘာပစ္စည်းမှမပါဘဲ ဘုရားပေးထားတဲ့ ရှင့်ရဲ့ပင်ကိုသံကို ပါးစပ်ကနေ ထုတ်ဖော်ပြီး အသံမျိုးမျိုးကို အသေအချာ သီဆို လို့ရ ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ အသံတွေကို ပေါင်းစုအစီအစဉ်ချပြီး သီကုံးလိုက်တာကို သံစဉ် (melody)၊ သီချင်း (song) ၊ ဂီတ(music) လို့ခေါ်ပါတယ်။ အသံတစ်ခု (note) ပဲရှိပြီး သီကုံးမှုမရှိ၊ အထူအပါး၊ အနိမ့်အမြင့်၊ အတက်အကျမရှိဘဲ ဖြောင့်ဖြောင့်တန်းတန်းသွားနေရင်တော့ သံစဉ်(melody) ၊ သီချင်း(song) ၊ ဂီတ (music) လို့ ခေါ်ဆိုလို့ ရမယ်မထင်ပါဘူး။ ဒါကြောင့် သီချင်း၊ ဂီတမှာသံစဉ်တွေတော့ သေချာပေါက်ရှိနေရမှာပါ။
ရှင့်ရဲ့ခံစားချက်တွေကို ကိုယ်တိုင်သံစဉ်တွေအဖြစ်ဖွဲ့သီပြီး တခြားသူတွေကို မျှဝေခံစားစေမယ်၊ အနည်းဆုံးအနီးအနားက တစ်စုံတစ်ယောက်ကို အစစ်ဖြစ်တဲ့ ခံစား မှုတွေ ဖြန့်ဝေပေးနိုင်မယ်ဆိုရင်ရှင်ဟာ တကယ့်အနုပညာသမား(artist) ဖြစ်ပါပြီ။ရှင်တစ်ယောက်တည်းအတွက်သာ ခံစားဖို့ဖော်ကျူးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တစ် ခုတော့ ရှိတယ်ရှင့်။ သူတစ်ပါးရဲ့ သံစဉ်၊ သီချင်း၊ ဂီတတစ်ခုခုကို ရှင်က အငှားသဘော ပူးကပ်ခံစားပြီး တစ်ဆင့် ပြန်လည်ဖော်ပြ၊ တခြားသူတွေကို ထပ်ဆင့်ခံစားစေ မယ် ဆိုရင်တော့ ရှင်ဟာ သီဆိုသူ  (singer)၊ ဒါမှမဟုတ် တီးခတ်သူ (player) အဆင့်မှာပဲ ရှိနေမှာပါ။ အနုပညာသမား (artist)  မဖြစ်ပါဘူး။ ဒါကြောင့် ရှင့်ရဲ့ခံစားမှု အစစ်တွေကိုအသံ (sound)၊ သံစဉ် (melody)၊ သီချင်း(song)၊ ဂီတ (music) တွေအဖြစ် ရှင်ကိုယ်တိုင်သီကုံးဖွဲ့ဆိုနိုင်အောင် ကြိုးစားကြည့်ဖို့ ကျွန်မ တိုက်တွန်း ချင်ပါ တယ်။ ဒါပေမဲ့ သီကုံးပြီးစီးတိုင်းလည်း အနုပညာ (art) မဖြစ်ပါဘူး။ ခံစားမှု (feeling) အစစ်အမှန်ပါရှိဖို့က အဓိကပါ။ သံစဉ်ကောင်းတစ်ခုဆိုတာ ခံစားချက်နဲ့ အတူ ပြေပြ စ်ချောမွေ့ပြီး အစီအစဉ်ကျနမှုလည်း ရှိနေ ရပါမယ်။
ကိုယ့်အကြောင်း လူတွေ မသိသိအောင်အများဆုံးဖော်ပြထားတဲ့ အနုပညာတစ်ခုဟာ ကြီးကျယ်မြင့်မြတ်ပြီး လှပတဲ့အနုပညာဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပညာရှင်ကြီး တစ်ဦးက ပြောပြဖူးပါတယ်။ နားနဲ့ကြားနိုင်တဲ့ အသံတွေအပြင် မကြားနိုင်ဘဲ ခံစားလို့ရ၊ ဖော်ပြ လို့လည်းရတဲ့ သံစဉ်တွေလည်း ဒီကမ္ဘာကြီးမှာ အပုံအပင် ရှိနေပါသေးတယ်။ ဒါကတော့ ရှင်ကိုယ်တိုင်ရဲ့ ရင်ခုန်သံနဲ့လူတွေရဲ့ ရင်ခုန်သံ တွေပေါ့။ ဒါကြောင့် ဒီနေ့ကစပြီး နံနက် နိုးထလာတာနဲ့ ဘယ်လိုအသံကိုမဆို ရှင် နားစွင့် လိုက်ပါ။ ခံစားချက်နဲ့ နားထောင်ပါ။ ပြီးတော့ ရင်ခုန်သံနဲ့ဖန်တီးပါ။
စုစုညီ
ရဟန်းနှင့် ကြာ
$
0
0
စိတ်နှလုံးကို ဆွဲဆောင်နိုင်သော ရသေ့ကို ဖူးမြင်ရ၍ ထိုအခါ ငါ၏ အသက်ရှင်ခြင်းသည် အကျိုး ရှိလေစွဟု အောက်မေ့ မှတ်ထင်ခဲ့၏။
‘အရှင်ရသေ့ … အရှင့်အား အခြားပေးလှူရန် လှူဖွယ် မရှိပါ..။ အရှင့်အား ဤကြာပန်း တို့ကို လှူပါ၏။ အရှင်ရသေ့ ၏ သမ္မာသမ္ပောဓိဥာဏ် အကျိုးငှာ အရှင်နှင့် အတူ ပေါင်းဆုံ ရခြင်းဖြစ်ပါ စေကုန်’
(ယသောဓရာထေရီအပါဒါန်)
(၁)
အနန္တကျေးဇူးရှင် ဖခင်ကြီး ရုတ်တရက် ကွယ်လွန် သွားသည့်အတွက် သူ ရွာသို့ အရေးပေါ် ပြန်သွားရသည်။ ဧပြီလ (၈)ရက် အရုဏ် မတက်မီ ဟောင်ကောင် သွားရန် အားလုံး စီစဉ်ထားပြီးကာမှ ထိုခရီးစဉ်ကို အကြောင်းပြချက် မရှိဘဲ သူဖျက် သိမ်းလိုက်သည်။ ထိုနေ့ မွန်းလွဲချိန်တွင် ဖခင် ကွယ်လွန်ကြောင်း ဖုန်းဝင် လာခြင်းဖြစ် သည်။ အဖေက သားရဟန်းကို အလှမ်းမဝေးအောင် တားထား လိုက်လေသလား …။ ခမည်းတော် ကြီးဟူသော အခေါ် အဝေါ်ထက် အဖေဟု အာလုပ်ပြုတာ ကို နှစ် ခြိုက်သော အဖေ..။
ရွာဦး ဘုန်းတော်ကြီး ကျောင်းအဝင် မုခ်ဦးဝ ရေကန်သာရိုးပေါ် ရှိ အိမ်အမှတ် (၁) တွင် သူ့မိဘနှစ်ပါး နေထိုင်သည်။ အဖေ ဆောက် ထား သော ကျေးလက် အိမ်ငယ် တွင် အဖေ မရှိတော့ပြီ။ အမေက မျက်ရည် စမ်းစမ်းဖြင့် သူ့ကို ကြိုရှာ သည်။ ကိုယ်တော့် အဖေ မရှိတော့ဘူးတဲ့။ အဖေ့ မျက်နှာကို လှစ်ဟပြတော့ ပြုံးရိပ်လေး ရှိနေ သည်။ ထိုင်နေရင်း စကားပြောရင်း သံသရာ ခရီးဝေးကို ထွက်သွားခြင်း ဖြစ်သည်။ မကွယ်လွန်မီ ညက အဖေက သား ရဟန်းဟောသော တရားကို နာသည်။ သားကို အလွန်အမင်း ဂုဏ်ယူတတ် လေသည့် ဖခင်တို့၏ လေယူလေသိမ်း အတိုင်းပင် ”ငါ့သား စာတွေ တတ်လိုက်တာ”တဲ့..။ အဖေက တရား အဆုံးတွင် သာဓု အကြိမ် ကြိမ် ခေါ် သွားခဲ့ သည်ဟု ကြားရသောအခါ ရဟန်း ဆိုသည့်တိုင် စိတ်မခိုင်…။ နှမငယ် များ အဖေ့ကို တတမ်း တတ မြည်တမ်း ငိုယိုတိုင် တည်ကြသည့် အခါမှာ တော့ မျက်ရည်ဝဲ သွားရသည်။ ”ကိုယ်တော့်အဖေ က လူစိတ်ကောင်းကြီးမို့ ကောင်းရာ မွန်ရာ ရောက်မှာပါ”ဟု ပါရမီဖြည့်ဖက်ကြီး အပေါ် စိတ်ဖြေ တွေးဖြင့် စကားအေးအေး ဆိုနိုင်သည့် အမေ့ကိုသူ ကျေနပ်သွားသည်။ အဖေရှိစဉ် ကတော့ နီး တကျက်ကျက်..။ ဝေးနေကြသည့် အချိန်များ မှာတော့ အဖေက အမေ့ အကောင်း၊ အမေက အဖေ့ အကောင်း အကြောင်းစုံ ခင်းတတ်ကြသည်။ ”ဒီလောက်မြန်မြန်ကြီး ခွဲသွားမယ် မထင်လို့ ပြောမိ ဆိုမိတာပါ ကိုကျော်သန်းရယ်” တဲ့..။
ဥပုသ်စောင့်လိုက်၊ အရက်သောက်လိုက် အဖေ့အား အမေက ကရုဏာဒေါသော တတ်ခြင်း ကို ရည်ညွှန်းသည့် စကားတွင် ချိန်းဆိုမှု မရှိသော သေခြင်း တရား ၏ ခြေလှမ်းကိုပါ သံဝေဂ ယူလိုက် သေးသည်။ အမေ့မျက်နှာ မှုန်မှုန်လေးကို စာနာမိစွာ အမေ့ ပခုံးသားပျော့ အိအိလေးကို ဖွဖွ ဖိဖိ ထိကိုင်နှစ်သိမ့် ပေးမိသည်။ အမေပြောပြသော အဖေ့ အကြောင်းကို နားထောင်ရင်း အဖေ့ အချစ် တော်ရွာဦးရေကန် ကို မျှော်ငေးနေမိသည်။ အဖေက ရေကန်ထဲမှ မိုးရေစစ်စစ် ကိုမှ ရေနွေး ကျိုသောက်လေ့ ရှိသည်.။ ထိုစဉ်မှာပင် ရေကန် မျက်နှာပြင်ပေါ်ရှိ အဖြူရောင် ကြာပန်းများ လင်းလင်း ပွင့်လာသည်ကို မြင်လိုက်ရသည်။
(၂)
သာမန်ပုထုဇဉ် ဇနီးမောင်နှံ မျှသာ ဖြစ်ကြလေသော သူ့မိခင်ဖခင် တို့၏ ပေါင်းဆုံမှု တွင်ပင် အကျိုးလိုလားမှု စမ်းရေများ ဤမျှလောက် ရေစီးရေ လာ ကောင်းနေသေး လျှင် ဟူသော အတွေးကြောင့် အနှိုင်းမဲ့ ပါရမီဖြည့်ဖက် ကြီးများ ဖြစ်ခဲ့ကြဖူးလေသည့် ဗုဒ္ဓ အရှင်နှင့် ယသောဓရာ ထေရီ တို့၏ အဦးအစ တွေ့ဆုံခန်းကို စိတ်ဖြင့် ကလစ် မိသွားသည်။ ထိုပါရမီရေကန် သာတွင် ကြာပန်းဖြူဖြူများ ပွင့်နေခြင်းဖြစ်သည်။ ဒီပင်္ကရာ ဘုရားမြတ်၏ ခြေတော်ရင်း နွံဗွက် အိုင်ထဲ ဝမ်းလျား ထိုးမှောက်ကာ ခန္ဓာကိုယ် တံတား ဆောက် လှူဒါန်းနေသည့် လူချောလူလှ သုမေဓာ ရသေ့ငယ်အား ကြာငါးခိုင် ပေးဆက်နေသော သတို့သမီး သုမိတ္တာ၏ ပုံရိပ်က ဘုရားတန်ဆောင်း တိုင်း၏ နံရံဆေးရေး ပန်းချီကား များအတွက် နူးညံ့သိမ်မွေ့မှု အရှိဆုံး အနုပညာ ဘာသာရပ် တစ်ခုဖြစ်သည်။  ”ဤသတို့သမီးသည် သင့် အကျိုးငှာ တူမျှသော စိတ်ရှိ သည်၊ တူမျှသော ကောင်းမှု ကံရှိသည်၊ တူမျှသော အမှုကိစ္စကို ပြုလေ့ ရှိသူဖြစ်လတ္တံ့၊ ကာယကံ၊ ဝစီကံအားဖြင့် ချစ်အပ်သူ ဖြစ်လတ္တံ့၊ ဤသတို့သမီး သည် ရှုချင် ဖွယ် ရှိသူ၊ ချစ်ဖွယ်ရှိသူ၊ စိတ်နှလုံးကို ပွားစေ တတ်သူ၊ ချစ်ဖွယ်သော စကားကို ပြောဆိုလေ့ ရှိသူဖြစ်၍ ထိုမြတ်စွာ ဘုရား၏တရားတို့၌ အမွေခံသူ တန်ခိုး ကြီးသူဖြစ်လတ္တံ့၊ အရှင်၏ ဘဏ္ဍာကြုတ် ကို အစဉ်စောင့်ရှောက် သကဲ့သို့ ဤအတူ ကုသိုလ်ကောင်းမှု တို့ကို အစဉ်စောင့် ရှောက်လတ္တံ့၊ ”ဒီပင်္ကရာ ဘုရားရှင်၏ ဗျာဒိတ် တော် စကား လုံးတိုင်းတွင် မိန်းမ တစ်ယောက်၏ တန်ဖိုးက ထင်းထင်း ပေါ်လွင်နေသည်။
ယောက်ျားမြတ်နှင့် အတူ လက်ချင်း ချိတ်ကာ လောက အတွက် ဆောင်ရွက်နိုင်စွမ်း ရှိသည့် မိန်းမမြတ်ဖြစ် ထိုက်သော အခွင့်အလမ်း ကို ညွှန်းတော်မူသည်။ ယနေ့တောင်းဆို နေသော အမျိုးသမီး အခွင့်အရေး ဟူသည် သံသရာနှင့် ကံကြမ္မာကို ယုံကြည် လက်ခံထားသော ဗုဒ္ဓဝါဒီ တို့အတွက် လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကာလက နွံတောတစ်ခု တွင်ပွင့်ခဲ့ပြီးသော ကြာဖြူ ဖြစ်သည်။ တူမျှသော စိတ်၊ တူမျှသော ကံ၊ တူမျှ သော အမှု ရှိသော မိန်းမ..။ ကာယကံ၊ ဝစီကံ အားဖြင့် ချစ်အပ်သော မိန်းမ..။ စိတ်အလှ ရုပ်အလှ တို့ဖြင့် စွယ်စုံ ဝင်းပနေသော စံမိန်းမ …။ ယောက်ျား တစ်ယောက် ၏ ပါရမီဖြည့်ဖက် အဖြစ် ကုသိုလ်ကောင်းမှု ကို စောင့်ရှောက်နိုင်သော မိန်းမ…။ အမှန် တကယ်တော့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတိုင်းအတာသည် ဘုရား ဆုပန် သုမေဓာရသေ့ငယ် လျှောက်ရမည့် သံသရာ ခရီးပေါ် က နှလုံးသွေး စွန်းသော ပါရမီလမ်းသာ ဖြစ်သည်။
သတို့သမီး သုမိတ္တာက မိန်းမသား အချစ် သက်သက်ဖြင့် အရဲကိုးကာ ပံ့ပိုးဖြည့်ဆည်း လိုခြင်း ဖြစ်သည်။ ကမ္ဘာ အသင်္ချေ စွဲမြဲ အကဲပိုလွန်းသော ပါရမီ အချစ် က လောကသားတို့ အကျိုးစီးပွား၊ လောကသားတို့ ချမ်းသာ ဟူသော ရည်သန်ချက် ကြီးမားလှသည့် ယောက်ျားမြတ် အတွက် ကူသော လက်၊ ကမ်းသော ပဝါဖြစ် လာလေသည်။ ချစ်မြတ် ကြည်ညိုသော ရှင်သုမေဓာကို မြင်နေရလျှင်ပင် သူမက အသက်ရှင်ရ ကျိုးနပ်ပါသည်တဲ့။ သို့နှင့် သူမက ကြာငါးခိုင်ကို လှူသည်။ ကြာငါးခိုင် သည် သူမ၏ သံသရာ တစ်ခုလုံးကို ကိုယ်စားပြုလေ သည်။ ဗုဒ္ဓဘာသာဝင် တို့အတွက် ကမ္ဘာ တစ်သိန်း ဟူသော ကာလသည် မိမိတစ်ဦး တစ်ယောက် မြတ်သော သာဝက အဖြစ် ရောက်ဖို့ ပါရမီဖြည့်ရန် လုံလောက်သော အချိန်ဖြစ်သည်။ ခုတော့ သုမိတ္တာလေးက မောင့်ဘက် လိုက်ကာ လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ကြာအောင် အမိုက်တွေ ကို ဝိုင်းကူ ရှင်းပေးချင်လှပြီ..။
(၃)
ကြာပန်း ဆိုသည်က နွံမှ ရုန်းထွက်ကာ နေကို ဦးတည်ရန် ကောင်းကင်ကို မျက်နှာမူရ မြဲဖြစ်သည်။ သန့်ရှင်းသော၊ ကြည်လင်သော လွတ်မြောက်သော၊ အပြစ် မရှိသော နှစ်လိုဖွယ် သော ဝိသေသန များစွာ ရနံ့ထွက်နေသည်။ သုမေဓာသည် ကြာဖြူ တစ်ပွင့်ဖြစ်သည်။ သုမိတ္တာ သည်လည်း ကြာဖြူ တစ်ပွင့်ပင် ဖြစ်သည်။။ ခုတော့ လည်း ထိုကြာဖြူဖြူ များက သံသရာနွံမှ အတူတူ ရုန်းထွက်သွားခဲ့ကြပြီ၊ သစ္စာနေဝန်း အတွက် အသက်အသွေး ပေးအပ်ခဲ့ ကြပြီ။ နိဗ္ဗာန် မိုးသားအောက်တွင် အမြိုက်ရေ ကို သောက်ခဲ့ကြ ပြီ။ ကြာဖြူ မျိုးစေ့များစွာ လောက ရေကန်ပြင်ပေါ် ကြဲပက်လိုက်သည်။ ယသောဓရာထေရီ က မိန်းမ တစ်ယောက် ၏ ခိုင်ခံ့လှသော ရဲဘော် ရဲဘက်စိတ် အမာထည်ကို ဂါထာဖွဲ့သီကာ ဗုဒ္ဓ အရှင်အား နောက်ဆုံးစကား လျှောက်ကြားခဲ့သည်။
”သုခပ္ပတ္တာနုမောဒါမိ၊ န စ ဒုက္ခေသု ဒုမ္မနာ။ သဗ္ဗတ္ထ တုလိတာ ဟောမိ၊ တုယှတ္ထာယ မဟာဝီရ။ သခင် လန်းတော့ ကျွန်မပျော်၊ ဆင်းရဲ သော်လည်း ဝမ်းမနည်း။ အရာ အားလုံးမှာ အတူတူပဲ ဖြစ်ခဲ့။ အရှင့် အတွက်သာပ သခင် ဘုရား။”  ဗုဒ္ဓအရှင် ကိုယ်တိုင်က ချီးကျူးစကား ထုတ်ဖော်ခဲ့ ရ၏။ ”ဥပကာရာစ ယာ နာရီ၊ ယာ နာရီ စ သုခေ ဒုခေ။ အတ္ထက္ခာယီ စ ယာ နာရီ၊ ယာ စ နာရီ နုကမ္ပိကာ။ (ယသောဓရာသည်) ကျေးဇူးလည်းပြုတတ်ပေ သော မိန်းမမြတ်၊ ချမ်းသာ ဆင်းရဲ သံသရာဝဲမှာ လက်တွဲ မဖြုတ် ခဲ့သော မိန်းမမြတ်၊ အကျိုးဖြစ်ရန် မှန်သာစကားကို သာဆိုပေသော မိန်းမမြတ်၊ အမြဲအစဉ်သာ စောင့်ရှောက် ရှာသော မိန်းမမြတ် ပေတည်း။” အမှန် တကယ်တော့ သုမိတ္တာ၏ ဇွဲက သုမေဓာကို ရင်ပေါင်တန်း လိုက်သည်။ ကာလ အတိုင်းအတာ စွန့်လွှတ်နိုင်မှုကိုသာ စံချိန်ယူ ရလျှင် သုမိတ္တာ သည်ပင် ဘုရားဖြစ် ထိုက်သော သတ္တိမျိုး ရှိနေသည်။ အမျိုးသား ဘဝကို ယူ၍ ဘုရား ဆုပန်ကာ သီးခြားတစ်ဆူ ပွင့်နိုင်လောက် သော ပါရမီ လက်မျိုးကို ပိုင်ဆိုင်သူ ဖြစ်သည်။ သို့သော် မိန်းမ တစ်ယောက် သည်လည်း လောက ကို ပေးဆပ်နိုင်သည် ပဲမဟုတ်လား…။
အမေရိကန် ရင်းနှီးမြှုပ်နှံမှု သူဌေးကြီး မစ္စတာ ဝါရင်းဘတ်ဖက်က  သီးခြားဖောင်ဒေးရှင်း ထူထောင်နိုင်သော်လည်း မစ္စတာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ၏ ဂိတ်ဖောင်ဒေး ရှင်း တွင် အလှူငွေ များစွာ ပူးပေါင်း ပါဝင်လိုက်သော သတင်းကို ဖတ်ရသည့်အခါ သုမိတ္တာကို သတိရမိသည်။ ဘယ်လောက်များ အတ္တနည်း လိုက်ပါသ လဲ။ လောက အကျိုး သယ်ပိုးရန်အတွက်ဆို ဖောင်ဒေး ရှင်းတွေ အများကြီး မလို…။ မေတ္တာတရားဖြင့် ခွန်အား ရှိသူချင်း ပေါင်းစည်း လိုက်ရုံ…။ လောက ချမ်းသာရေး သက် သက် ဆောင်ရွက်ဖို့ အတွက် ကတော့ ယောက်ျားဘဝကို တခုတ်တရ ဆုတောင်းနေရန် မလို…။ ချစ်ခြင်း တရားဖြင့် ပါရမီတူ သူချင်း ကုသိုလ် ဝတ်မှုန် ကူးလိုက်ရုံ …။
(၄)
အမေက အဖေ့ ရုပ်အလောင်း ဘေးတွင် ငြိမ်ဆိတ်စွာ ထိုင်နေဆဲ…။ သူကတော့ ကန်ရေပြင်ထဲမှာ ကြာပန်းတွေ ခူးယူလို့မကုန် …။ ကြာပန်းတွေ ပွင့်လိုက်တာ….။
ဓမ္မဂင်္ဂါ
တောက်တီးတောက်တဲ့
$
0
0
ဘာစကားပြန်လဲ
တစ်နေ့ သ၌ပေါ့ဗျာ။ မောင်တောက်တီး နေ့လယ် ထမင်းစား ကအပြန် ရုံးရှိရာ လမ်းထိပ် နား ရောက်တော့ နိုင် ငံခြား သား တစ်ယောက်နဲ့ မြန်မာ မလေး တစ်ယောက် စုံတွဲကို တွေ့လိုက် ရသဗျ။ နိုင်ငံခြား သားက အသက် ၂ဝ လောက် ခပ်ဖြောင့်ဖြောင့်၊ မြန်မာမလေး ကတော့ အသားကပ် ဘောင်းဘီ ရှည် နဲ့ ဝတ်ထားပေမဲ့ ရွက်ကြမ်းရေ ကျိုလောက်ပါပဲ။ ဒါပေမဲ့ ကောင်မလေး က ခြေဆောင့်ပြီး ပါးစပ် ကလည်း တတွတ်တွတ် ရွတ်နေတာ့ မောင်တောက်တီး လည်း မျက်လုံး အသာ စောင်းကြည့် မိပေမဲ့ သူတို့ ကိုဖြတ်ပြီး ဆက်လျှောက် လာမိ ပါတယ်။ ဒါပေမဲ့ ခြေလှမ်း နှစ်လှမ်း လောက်ပဲ လှမ်းရသေးတယ် ”ဦးရေ ဦးရေ ဘာသာပြန်ပေး လို့ရမလား” ဆိုတဲ့ အသံကြောင့် လှည့်ကြည့် လိုက်တော့ ဟိုကောင် မလေးက မောင်တောက်တီး ကို လှမ်း အကူအညီတောင်းနေသကိုး။ ဒါနဲ့ ပင်ကို စပ်စုချင်စိတ် ကလေးလည်း ရှိနေ လေတော့ ကာ သူတို့ဆီ သွား လိုက်မိတယ်။ ”သူပြောနေတာ သမီး နားမလည် လို့ ဦးရယ် ဟိုတယ် နာမည် ကိုပြောနေ တာ ဘာ ဟိုတယ်မှန်း မသိဘူး။ အဲဒါလေး မေးပေးပါ” လို့ ပြောတာကြောင့် သကောင့်သား ကို မေး လိုက်တော့ သူတည်းတဲ့ ဟိုတယ်ကို သိရပါတယ်။ ဒါနဲ့ ကောင်မလေး ကို ပြန်ပြောပြတော့ ”ဟင်.. သမီး ထင်ထားတဲ့ ဟိုတယ် လည်း မဟုတ် ဘူး။ ဘာရယ် မဟုတ်ဘူး အလည် သဘော သွားမလို့ပါ” လို့ပြောသဗျ။ စိတ်ထဲ မှာတော့ အင်း…လို့ပဲ သက်ပြင်းချ လိုက်မိတယ်။ ကဲ ကိုယ် ကူညီတဲ့ ကိစ္စ ပြီးပြီ ဆိုတော့ လည်း သူတို့ နံဘေး ကနေ လှည့်ထွက် လာခဲ့ ပါတော့တယ်။ သို့သော် ခုနက လိုပဲ နှစ်လှမ်း လောက်လည်း လှမ်းပြီးရော နိုင်ငံခြားသား ကောင်လေးက လှမ်းခေါ် ပြန် တာကြောင့် ပြန်လှည့် ရပြန်ပါလေရော။ သူပြောတာ ကို ဘာသာပြန်ပြီး ကောင်မလေး ကို ပြောခိုင်းပြန် တာ ပါပဲ။ သူက ဘာပြောသလဲ ဆိုတော့ ”ဟိုတယ်ခန်း မှာက ငါ တစ်ယောက် တည်း မဟုတ်ဘူး။ မိတ်ဆွေ ၆ ယောက် စု ပြီး ငှားနေကြတာ” တဲ့ဗျား။ အဲဒါကို မြန်မြန် စကားပြန် လုပ်ပေး ပြီးတော့ မောင်တောက် တီး လည်း သူတို့ အနားက ခြေလှမ်း သွက်သွက် နဲ့ ခပ်သုတ်သုတ် ထွက်လာခဲ့တော့တာပဲ။ ကဲ…ကဲ…။
တောက်တီးနှင့် နိုင်ငံကျော် အင်တာဗျူးများ
စာရှုသူ တို့သည် မင်းသား၊ မင်းသမီးများနှင့် အင်တာဗျူး များကို စာမျက်နှာ များတွင် ဖတ်ဖူးကြမည်။ သို့သော် တ ကယ့် နောက်ကွယ်မှ အင်တာဗျူး စစ်စစ် များကိုမူ သိဖို့ အခွင့် မရှိပေ။ ထို့ကြောင့် မောင်တောက်တီး နှင့် မင်းသမီး တစ်ယောက်၏ နောက်ကွယ်မှ အင်တာဗျူး အကြောင်း တစ်ခုကို ဖော်ပြအံ့။
မောင်တောက်တီး ။    ။ မင်းသမီးရိပ်သာဝင်တာ အဆင်ပြေလား။
မင်းသမီး။    ။ အမယ်လေး ဟယ်…ရိပ်သာလေး တစ်ခါ ဝင်တာ လက်ဝှေ့ထိုး မယ့် လူလိုပဲ လိမ်းလိုက်ရ တဲ့ဆေးတွေ။ ဒါတောင် တစ်ကိုယ်လုံး ကိုက်ခဲတာ သက်သာတာ မှုတ်ဘူးဟ။
ထမင်းလေး တစ်ခါစားရဖို့ အရေး ရွတ်လိုက် ရတာလည်း မောနေတာ ပဲဟယ်။ တော်သေးတယ်ဟေ့ …ခေါက် ဆွဲခြောက်လေး၊ မုန့်လေး ထည့်သွားမိလို့။ ညဆို အဲဒီ ရိက္ခာလေးတွေ နဲ့ အာသာဖြေ ရတာ ငရဲကြီး မလားတောင် မသိ ဘူး …ဟိဟိ။
မောင်တောက်တီး ။    ။ နိဗ္ဗာန်ကိုကော မျက်မှောက်ပြုနိုင်လား။
မင်းသမီး။    ။ တရား ထိုင်နေတုန်း မှာတော့ စိတ်က တကယ်ကို မငြိမ်တာ ကို ပိုသိတာဟေ့။ ဘယ် အချိန်စေ့ မလဲလို့ စိတ်ညစ် လက်ညစ် မျှော်ရင်း အချိန် စေ့လို့ ဣရိယာ ပုတ်ပြောင်းပြီး ထလိုက်ရမှ တကယ့် နိဗ္ဗာန်နဲ့ တွေ့တာဟဲ့။
မောင်တောက်တီး ။    ။ တရား စခန်းမှာ သိလာခဲ့တဲ့ ပဋိစ္စ သမုပ္ပါဒ်ကို ရှင်းပြ ပါဦး။
မင်းသမီး။    ။ အင်း…အကြောင်းကြောင့် အကျိုး ဖြစ်တယ် ဆို အမှန်ပဲ။ ရိပ်သာက ပြန်လာပြီးတဲ့ နောက်ပိုင်း ဝီစကီလေး ဘာလေး ချရင် သောက်တဲ့ အကြောင်းကြောင့် မူးတဲ့ အကျိုး ဖြစ်တယ် ဆိုတာလေး မှတ်မှတ်ပြီး သောက်ဖြစ် သွားတာပေါ့ဟယ်။
ဟဲ့…ဒါတွေက off the record နော်။ စာမျက်နှာပေါ်မှာ အတွက် ကတော့ နင့်ဟာနင် ကြည့်ရေးလိုက်။ ကျွတ်တမ်း ဝင်လု ဝင်ခင်ဖြစ်နေပြီ ဆိုပြီး နည်းနည်းစောင် မ ပေး လိုက်နော်။
ညံ့ရမယ့်နေရာ များတော့ တယ်ချွန်ကြသကိုး
အင်းဗျာ… ခုတစ်လော facebook မှာ အရှုပ် အရှင်းတွေ ခါတိုင်း ထက် ပို များတာကို မောင်တောက်တီး သတိထား မိ သဗျ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြ ပါစေ ဆိုတာကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် သူတွေ ပိုများ လာတာ ကတော့ သေချာ သဗျ။ ယောက်ျား စစ်စစ်ကြီးက မိန်းကလေး ဟန်ဆောင်ပြီး တစ်ဖက်လူ ကို အရှက် ခွဲတာ မျိုး၊ အခြောက် ဟန် ဆောင်ထားတဲ့ အမျိုးသား နဲ့ ငြိကြလို့ အပြန် အလှန် ရေးကြ ပြောကြတာ မျိုး၊ ယောက်ျားလေး တချို့က နာမည်ဝှက် နဲ့ အွန်လိုင်း လိင် လုပ်သား လုပ်တာ မျိုး၊ နိုင်ငံရေး ခံယူချက် မတူလို့ အပြန် အလှန်ဆော် ကြနှက် ကြ တာမျိုး၊ ”ငါနဲ့ မတူ ငါ့ရန်သူ ငါ့ရန်သူ ၏ မိတ်ဆွေသည် ငါ့မိတ်ဆွေ မဟုတ်” ဆိုတဲ့ ထုံး ကို နှလုံးမူပြီး အမြစ်ပြုတ် ချေမှုန်းနေ ကြတာမျိုး၊ ငယ်ကျိုး ငယ်နာတွေ ဖော်ပြီး အခွက် ရှဲကြတာ မျိုးတွေ ခါတိုင်းထက် ပိုများ လာ သလိုပါပဲ။ အောင်မယ်… လင်မယား တစ်ယောက် တစ်ခွန်း ရန်ဖြစ်တာတောင် facebook ပေါ်မှာ တက်ဖြစ်နေ ကြသေး ..ဟေးဟေး…။ အမြင်မတော်တဲ့ မိတ်ဆွေ အပေါင်း အသင်းတွေ က တော်ကြ ပါတော့ကွာ လို့ တောင်းပန် ယူရတဲ့ အထိပါပဲ။ ကဲ…။ တချို့ ကတော့ facebook ဆိုတာ တကယ့် ဘဝ မဟုတ်ပါဘူး။ ကြိုက် သလောက်ရေး ကြိုက် သလောက်ပြော အဖက် မလုပ်ဘူး။ ဖြုံလဲ မဖြုံဘူး လို့ ဆိုကြပေမဲ့၊ တချို့ ခမျာ မှာတော့ facebook ကြီးကိုပဲ ဘဝ တစ်ခု လုံးပုံ အပ်ထား သလို ဖြစ်နေတာ မျိုးကို လည်း တွေ့နေ ရပြန် သဗျ။ facebook က မိတ်ဆွေတွေ ပြော သမျှကို အပြင် မှာ တွေ့နေတဲ့ သူတွေ ပြောတာထက် တောင် ပိုပြီး ယုံကြည် လက်ခံကြ တာကိုလည်း တွေ့နေရသဗျ။ ဘယ် လို ပဲ ဖြစ်ဖြစ်ပေါ့ လေ… facebook လို လူမှု ကွန်ရက် မျိုးကြောင့် နိုင်ငံတကာ ပြည်သူ အချင်းချင်း ဆက်ဆံရေး ကို သက် ဆိုင်ရာ အစိုးရတွေ ထိန်းချုပ် လို့ မရ တော့ သလို၊ ပြည်သူ အချင်းချင်း ဆက်ဆံရေး ဟာလည်း အစိုးရ အချင်း ချင်း ဆက်ဆံရေး ကိုတောင် လွှမ်းမိုးစ ပြုလာပြီ ဖြစ်တာကြောင့် လူမှု ကွန်ရက်တွေ ကို အစိုးရ တိုင်းက ဗျူဟာ အဆင့် သတ်မှတ် ရမလိုတောင် ဖြစ်နေပါပြီ။ တချို့ ကလည်း facebook ကို အသုံးချပြီး လူထု အုံကြွမှု တွေဖြစ်လာအောင် သွေးထိုး လှုံ့ဆော်မှု တွေ လုပ် လာ ကြတော့ အင်း…တလွဲ ဆံပင်ကောင်းတဲ့ နေရာမျိုး မှာတော့ တယ်လည်း ထူးချွန်ကြ သကိုး လို့တောင် ပြောရမလို ဖြစ်နေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ ညံ့ ရမယ့်နေရာ မှာ ထူးချွန်တယ် ဆိုတာဟာဖြင့် ဘယ်ရှုထောင့် က ကြည့်ကြည့် မကောင်းတာ ကတော့ သေချာတယ် လို့ပဲ မောင်တောက်တီး နှလုံးသွင်း လိုက်မိ ပါကြောင်း ။
လက်သည် မပေါ်တဲ့အမှု
ဂျာနယ် တစ်စောင်မှာ ဆောင်းပါးလေး တစ်ပုဒ် ဖတ်လိုက် မိပါရဲ့။ ‘ရပ်တော်မူ ကြပါဦး ကုန်ဈေးနှုန်း’ တဲ့။ တောက်တဲ့မ တို့က မနက်တိုင်း ဈေး သွားနေကျ ဆိုတော့ ကုန်ဈေးနှုန်း ကို ဒီလိုပြောလို့ ရပ်ကြေး ဈေးမတက် ကြေး ဆိုလို့ ကတော့ ဒီလို ပြောစရာတောင် လိုတော့မှာ မဟုတ်ဘူးလို့ တွေး လိုက်မိပါရဲ့။ ကုန်ဈေးနှုန်း ကို မတက်အောင် လုပ်လာ ကြ တာ ခေတ် အဆက် ဆက်ပဲလေ…။ တောက်တဲ့မ တို့ သိသလောက် ကတော့ အစိုးရ အဆက် ဆက် လုံးဝ မနိုင်တာ ကတော့ ကုန်ဈေးနှုန်း ပါပဲ။ မတက်ပါ နဲ့လို့ သူတို့ပြောနေတဲ့ ကြားကပဲ မနက်နဲ့ ညနေ ဈေး မတူတော့ တဲ့ ဟာတွေတောင် ရှိသေးတယ်။ ဘာကြောင့် ဒီလို ဈေးတွေတက် ရသလဲ လို့ မေး ကြည့်တော့။ ကားခ တက်လို့၊ ကားကျပ် လို့၊ ရထားပျောက်လို့၊ သင်္ဘော မီလို့ လှေတွေ မထွက်နိုင်လို့ စသည်ဖြင့် ဈေးသည်တွေ ကဖြေ ကြတာပါပဲ။ တစ်ခါ ကားဆရာတွေ ဘာတွေ ကို မေးကြည့် ပြန်တော့လည်း ဆီဈေးတက်လို့ မီးပြတ်တော့ ဂက်စ်ထည့် တာ စောင့်ရ လို့ မြို့ထဲ ကို ဟိုင်းလတ် ကားတွေ မဝင်ရတော့ လို့ ဘာလို့ ညာ လို့တွေ ဖြစ်လာပြန်ရော။ လက်ကား ဒိုင် တွေ ကို မေးကြည့် ပြန်တော့ လည်း မီတာခ တွေ ဈေးတက် လို့ ရေခဲတုံး ဈေးတွေ တက် လို့ တိရစ္ဆာန် အစာတွေ ဈေး တက် လို့ မြေသြဇာတွေ ဈေးတက်လို့ ကြိတ်ခွဲခတွေ ဈေးတက်လို့ သယ်ယူ ပို့ဆောင်ခတွေ ဈေးတက်လို့ ဘာလို့ ညာ လို့ ပြော ကြ ပြန် ပါရော..။ ပညာရှင်တွေ ကို မေးပြန်တော့ လည်း ငွေ စက္ကူတွေ မကြာ မကြာ ရိုက်လို့ ငွေဖောင်းပွ တာကြောင့် ဈေးတွေ တက်ကုန်တာ။ ဈေးသည် တွေ က အမြတ်ကြီး စားကြတာ။ အစိုးရ ဘတ်ဂျက် ရေးဆွဲမှု မသေ ချာတာ။ ကဲ..ပတ်လည် ရိုက်နေကြတာ ဈေးတက် ရခြင်း အကြောင်းရင်း ရဲ့ လက်သည် ဘယ်သူ ဆိုတာ ရှာလို့ကို မရဘူး။ လက်သည် မပေါ်တဲ့ အမှုလို ဖြစ်နေ တယ်။ တောက်တဲ့မ တို့ အဖေ ပြောတော့ လည်း ”အိုကွယ် ငွေစက္ကူတွေ ခုလို ခဏခဏ မရိုက်တဲ့ အချိန် ကလည်း ဈေးက တက်နေတာပဲ။ အစိုးရ ပေါ်လစီတွေ မပြောင်း တုန်း ကလည်း တက်နေ တာပဲ။ မီတာခတွေ မတက်ခင် ဟိုး ပဝေသဏီ ကလည်း ကုန်ဈေးနှုန်း ပြန်ကျ သွားတယ် ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ ခုသူတို့ ပြောသလို အင်ဖလေး ရှင်း တွေ ပေါ်လစီတွေ ဘတ်ဂျက် တွေတော့ ငါတို့ နားမလည်ဘူး ကွယ်။ ဒီ ကုန်ဈေးနှုန်း တွေ တက်နေတာ ကတော့ ညည်း မမွေးခင် ကတည်း ကပဲ” လို့ အဖေ က တွေးတွေး ဆဆ ပြောပြတယ်။ အဖေ ပြောတာ ကို ဆုံးအောင် နားထောင် နေတဲ့ အမေက အဖေ့ စကား လည်း ဆုံးရော ”နေစမ်း ပါတော်။ တော့်ပေါ် လ စီတွေ ပေါ်လ စက်တွေ ဘတ်ဂျက်တွေ ဂျောက်ဂျက်တွေ လာပြော မနေနဲ့။ စားမယ့် ပါးစပ်ပေါက်တွေ တိုးလာတယ်။ စားစရာ က အဲဒါကို အလျဉ် မီအောင် လိုက် မ တိုးနိုင် ဘူး။ ဒါပဲ လွယ်လွယ်လေး။ တိုးလာတဲ့ ပါးစပ်ပေါက်တွေ ထက် စားစရာ ပေါလာလို့ ဒီ ကုန်ဈေးနှုန်း တက်လာတုန်း ပဲဆိုရင် ကျုပ်ကို ပါးလာ ရိုက်စမ်းပါ။ ဘယ်ရော ညာရော ထိုးပေး လိုက်မယ်” လို့ပြောပြီး အိမ် နောက်ဖေး ကို ဇောင့်ဇောင့် နဲ့ ခြေဆောင့် ဝင်သွားလို့ တောက်တဲ့မ တို့ သားအဖ ပါးစပ် အဟောင်း သားနဲ့ ကျန်ခဲ့ ရတယ်။ ဒါတောင် အဖေက
”အေးကွာ..၂ဝ၁၅ တက်လာမယ့် သမ္မတကို မင်းအကြံပေး သွားလုပ်လိုက်” လို့ အမေ ကြားအောင် လှမ်းအော် ပြောလိုက်သေး…။
ပကတိ ဆိတ်ငြိမ်သောအရပ်
$
0
0
လူသံနှင့် လူကြောင့် ဖြစ်ပေါ်သော ဆူညံသံ များမှ လုံးဝ ကင်းဝေး သည့်နေရာ ဤကမ္ဘာတွင် ရှိပါမည်လော။ ယင်းမေးခွန်း၏ အဖြေကို ရှာဖွေ နေသူတို့သည် ကမ္ဘာပေါ် တွင် လူသံ၊ လူဖန်တီး သောအသံ၊ လူကြောင့် ဖြစ်ပေါ်သော စက်သံ စသည်တို့မှ ကင်းဝေးသော နေရာများသည် နည်းသထက် နည်း လာနေကြောင်း တွေ့ရသည်။
အမေရိ ကန်နိုင်ငံ နယူးယောက် မြို့၏ မြေ အောက်ရထား ဘူတာများတွင် ဆူညံသံ အထူး ပြင်းထန်လှသည်။ ယင်းနေရာရှိ ဆူညံသံများ သည် ၁ဝဝ ဒယ်စီဘယ်လ်မျှ ရှိရာ ယင်းတို့ကို ကြာရှည် နားထောင်လျှင် အကြားအာရုံ ကိုထိခိုက် နိုင်သည်အထိ ပြင်းထန်သည်။
ဒယ်စီဘယ်လ် ဆိုသည်မှာ အသံ၏ ကျယ်လောင်မှုကို တိုင်း တာ သောယူန စ်ဖြစ်သည်။ အမြင့်ပေ ၁ဝဝ တွင် ပျံသန်းနေသော ဂျက်လေယာဉ်၏ အင်ဂျင်သံ သည် မြေပြင်မှ နားထောင်သူ၏ နားသို့ ၁၄ဝ ဒယ်စီဘယ်လ်ပမာဏဖြင့် ဝင်ရောက်သည်။ ပုံမှန် စကားပြောသံသည် ဒယ်စီဘယ်လ် ၆ဝ ခန့်ရှိကာ စာကြည့်တိုက် များထဲတွင် တီးတိုးပြောသံများ သည် ဒယ်စီဘယ်လ် ၃ဝ မျှရှိသည်။ သို့ဆိုလျှင် လူသံ၊ လူနှင့် ဆက်နွှယ်သော အသံ များမှ လုံးဝကင်းဝေးသော သုည ဒယ်စီ ဘယ်လ် နေရာသည် ကမ္ဘာတွင်ရှိမှ ရှိ ပါ မည်လော။ သုညဒယ်စီ ဘယ်လ်ဟု ထင်ရသော အလုံ ပိတ်အခန်း တစ်ခန်းတွင်း၌ ထိုင်၍ ပတ်ဝန်းကျင် ကို နားစွင့်ပါက အသံ တစ်ခု မဟုတ်တစ်ခုကို ကြားေ န ရ မည် သြာ ဖစ်သည်။ လေအေးစက်၊ မီးချောင်းစသည်တို့မှ ထွက်နေသော အသံညှင်း ညှင်းများ၊ ပြင်ပမှ ကားဖြတ်သွားသော အသံ စ သည်ဖြင့် အသံမျိုးစုံတို့ အကြားအာရုံသို့ ဝင်ဖြစ်အောင် ဝင်ရောက်နေသည်ကို သတိပြုမိ လာကြမည်။
ရေငုပ် ဝတ်စုံဖြင့် ရေအောက်သို့ ဆင်းနေသည့်တိုင် ယင်းဝတ်စုံပါ ကိရိယာများမှ ထွက်သောအသံ၊  သေ င်္ဘာ ခုတ်မောင်း၍ ထွက်လာ သောစက်သံ တို့ကို ရှောင်လွှဲ၍ မ ရနိုင်။ အသံသည် လေထဲတွင်ထက် ရေထဲတွင် အသွားနှုန်းပိုမြန်ပြီးပို၍ဝေးဝေးရောက်ကြောင်း ရေအောက်ရောက်မှ လက်တွေ့သိလာရမည်။ကမ္ဘာပေါ်၌ လုံး လုံး ဆိ တ်ငြိမ်သော အရပ်ကို ရှာလိုလျှင် ကမ္ဘာ့မြေပုံကို ကြည့်၍ လူနေမြို့ရွာ များကို ဦးစွာဖယ်ထုတ်ရမည်။ ဂြိုဟ်တုဓာတ်ပုံ များတွင် ပေါ်နေသည့် မီးရောင်ရှိသောနေရာများ တွင် လူရှိမည်ဖြစ်၍ ဆိတ်ငြိမ်ဒေသ မဟုတ်နိုင်။ တစ်ဖန် သတ္တုတွင်းများ၊ လမ်းဖောက်လုပ်ရေးလုပ် ငန်းများ၊ သင်္ဘောလမ်းကြောင်းများကွိုသသါူန နမေအ့ ဖြင့် သိနိုင်ရာ ယင်းေ နရာတို့ကိုလည်း ရှောင်ရမည်။ ယင်းသို့ လူရှိနိုင်သောနေရာများ ကို တစ်ခုချင်း ဖယ်ထုတ်သွားလျှင် လူသူလုံးဝ ကင်းဝေးနိုင်ဖွယ်ရှိသောနေရာမှာ တောင်ဝင် ရိုးစွန်း အန္တာ တိကတိုက်ဖြစ်နိုင်ကြောင်း ပေါ်လာ မည်။ခေတ္တလာရောက်သုတေသနပြုသော သိပ္ပံ ပညာရှင်များနှင့် စွန့်စားခရီးသွားအချို့သာရှိပြီး အမြဲတမ်းေ နထိုင် သူတ စ် ဦး တ စ်ေ ယာက်မျှမရှိ သည့် အန္တာတိကတိုက်တွင် လူသံမှလုံးဝ ကင်း ဆိတ်သောနေရာ အများအပြားရှိသည်။ ယင်း နေရာများသို့ ဆောင်းတွင်းသွားရောက်ရန်မှာ ပြင်းထန်သော ရာ သီဥတုကြောင့် လုံးဝမဖြစ်နိုင်။ နွေတက်ပြီဆိုလျှင်တော့ သုတေသီများသည် မီးစက်များကို သယ်၍ ပေါက်ချလာသည်။
သုတေသန စခန်းများမှ မီးစက်သံကို မိုင် ၂ဝ အ ကွာမှပင် ကြားနေရသည်။ ဆောင်းအခါ လုံးလုံးမကြားရသော လူသံ နှင့်လူကြောင့်ဖြစ်ပေါ် သော ဆူညံသံများကြောင့် ဆိ တ်ငြိမ်နေရာ အဖြစ်မှ လျှောကျသွားတော့သည်။အန္တာတိက တိုက်အပြင် ကနေဒါမြောက်ပိုင်း၊ ဆိုက်ဘေးရီးယား၊ဆာ ဟာ ရသဲကန္တာရ ၊အာဖရိက တော နက်စသည့်ေ န ရာတို့တွင် လူသံနှင့် လူကြောင့်ဖြစ်ပေါ်သောအသံများ ကင်းဆိတ်နေ မည်ဟု ထင်ရသော်လည်း လက်တွေ့တွင် ယင်း သို့မဟုတ်ပါ။ ကောင်းကင်ယံတွင် ပျံသန်းေ နေ သာ လေယာဉ်သံတို့က ယင်းနေရာတို့ကိုချမ်းသာမပေး ချေ။ လေယာဉ်တို့ဖြတ်ပျံသည့်နေရာအောက် တည့်တည့်မှ ၃ မိုင်မှ ၈ မိုင်အဝန်းအဝိုင်းအတွင်း လေယာဉ်သံကို ကြားကြရသည်။ မြောက်ဝင်ရိုးစွန်း ပေါ်မှဖြတ်ပျံသော လေယာဉ်ခရီးစဉ် အများ အပြားရှိသဖြင့် ကမ္ဘာ့ခေါင်မိုးနေရာသည်ပင် လေယာဉ်သံမှ မလွတ်ေ ချ။အသံ ဘက်ဆိုင် ရာပညာရှင် ဂေါ်ဒွန်ဟမ်တန် သည် တောင်အမေရိကတိုက် အယ်မဇုန်တော နက်ကြီး တစ်နေရာသို့ ဝင်ရောက်၍ အသံနှင့် ပတ်သက်သော သုတေသနတစ်ခုကို ပြုလုပ်ခဲ့ သည်။ သူသည် အနီးဆုံးမြို့နှင့် မိုင် ၁၂ဝဝ ကွာ သော တောတွင်းတစ်နေရာတွင် စခန်းချ၍ အသံ များကို တိုင်းတာခဲ့ရာ ယင်းနေရာ၏ ကောင်းကင် ယံပေါ်မှ တစ်နာရီလျှင် ပျမ်းမျှလေယာဉ်နှစ်စီး နှုန်းဖြတ်ပျံသည်ကို ကောင်းစွာကြားရသည်။
ထို့ကြောင့် ကမ္ဘာပေါ်တွင် လူသံ၊ လူလုပ် သော အသံတို့မှ ထာဝရကင်းသောနေရာသည် မရှိ၊ အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းမျှသာ ပကတိ ဆိတ်ငြိမ်မှုကို ခံစားနိုင်ပြီး အသံ ဗ လံတို့သည် တစ်ချိန်ချိန်တွင် တစ်နေရာရာက ပေါ်လာမည်သာ ဖြစ်သည်။ဂေါ်ဒွန်ဟမ်တန်သည် လွန်ခဲ့သော နှစ် ပေါင်း ၃ဝ အတွင်းလူသံနှင့် လူလုပ်သံများ ၁၅ မိနစ်ကြာမျှ ကင်းဆိတ်သည့်နေရာ အချို့ကို တွေ့ရှိမှတ်သားခဲ့သည်။ စတုရန်း မိုင် ၁၂ဝဝ မျှ ကျယ်ဝန်းသောအဆိုပါနေရာများသို့ နှစ်အနည်း ငယ်အကြာတွင် ထပ်မံသွားေ ရာက်ေ သာအခါ သူသတ်မှတ်သောစံနှင့်ကိုက်ညီသည့် ဆိတ်ငြိမ် ဒေသများ၏ အကျယ်အဝန်းသည် လူသံ၊ လူလုပ် သံများတိုးချဲ့ရောက်ရှိလာမှုကြောင့် မူလ အကျယ် အဝန်းမှ ကျုံ့၍လာနေသည်ကို တွေ့ရသည်။ သို့သော် သူ့စံနှင့် ကိုက်ညီသောနေရာ ၁၂ နေရာ ခန့်တော့ အနည်းဆုံးကျန်သေးသည်ဟု ဆို သည်။ဂေါ်ဒွန်ဟမ်တန်သည် သူ့စံနှင့် ကိုက်ညီ သောဆိတ်ငြိမ်နေရာများကို အမေရိကန်တွင် သာမက ပြည်ပသို့ပါ ထွက်၍ ရှာရန် စီစဉ်သည်။ ဥရောပတိုက်၊ ဂျာမနီ၊ ပြင်သစ်၊ သြစတြေးလျ အပါအဝင် ဖွံ့ဖြိုးမှု အားကောင်းသောနေရာများ၊ အာရှတိုက်တို့တွင် သူမျှော်မှန်းသော နေရာများ မရှိနိုင်။ တောင်အမေရိက အက်ကွေဒေါနိုင်ငံ တောအုပ်ထဲတွင် တစ်နေရာတွေ့သည်။ ဥရောပ တိုက်ပိုလန်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နိုင်ငံများ တွင် ရှိနိုင်၍ ရှာရန် ရန်ပုံငွေထောက်ပံ့မည့်သူကို စောင့်နေသည်။
လူဦးရေတစ် ဟုန်ထိုး တိုးပွား လာနေသည့် အတွက် ဂေါ်ဒွန်ဟမ်တန် ကဲ့သို့ ဆိတ်ငြိမ်မှု ရှာပုံ တော် ဖွင့်နေသော ပညာရှင်များ အတွက် လူသံ နှင့် လူလုပ်အသံ လုံးလုံး ထာဝရ မကြားရသော နေရာများကို သဘာဝ၌ ရှာ၍မလွယ်လှဘဲ အထူးဆောက်လုပ်ထားသည့် စမ်းသပ်ခန်းများ တွင်သာ တွေ့နိုင်တော့မည်ဟု ယူဆရသည်။ ယင်း စမ်း သပ်ခန်းများအနက်တစ်ခုမှာ အမေရိ ကန်နိုင်ငံ မင်နီဆိုးတား ပြည်နယ်၌ရှိသော အော်ဖီးစမ်းသပ်ခန်းဖြစ်သည်။ လုံးဝအသံလုံ အောင် လုပ်ထားသော ယင်းအခန်းထဲ၌ အ သံ တစ်မျိုးဖြစ်ပေါ်နေသည်ဆိုလျှင်သော်မှ  လူ့နား ဖြင့် လုံးလုံးမကြားနိုင်သောအသံမျိုးသာ ဖြစ် သည်။ ယင်းကို ကမ္ဘာပေါ်တွင် အဆိတ်ငြိမ်ဆုံး အရပ်ဟု ဆိုသော် ရနိုင် သည်။သို့သော် ယင်းအခန်းထဲ ဝင်နေကြည့်လျှင် အစတွင် ပကတိဆိတ်ငြိမ်မှုကို သိရှိခံစားရသော် လည်း မိနစ်အနည်းငယ်အကြာတွင် တိတ်ဆိတ် မှုကို ဖြိုခွင်းလိုက်သည့် အသံများကို ကြားလာ ရသည်။ ထွက်ပေါ်လာသောအသံများမှာ အခြား မဟုတ် အခန်းထဲတွင် ရှိနေသူ၏ နှလုံးခုန်သံ၊ အသက်ရှူသံများပင် ဖြစ်သည်။ ကမ္ဘာ့အဆိတ် ငြိမ် ဆုံးဟု ဆိုသည့်အရပ်၌ပင် ပကတိဆိတ်ငြိမ် သောအရသာကို ကြာရှည်စွာ မခံစားနိုင်တော့ ချေ။
ကျော်ဦး
ဘာတွေကို စိုးရိမ်နေတာလဲ
$
0
0
(စိုးရိမ်သောက တွေကို ရပ်တန့်အောင် ကြိုးစားကြည့်လိုက်ပါ။ အချိန်နှင့် ခွန်အားကို စိုးရိမ်သောက ခိုးယူနေလို့ပါ။)
စိုးရိမ်သောကရောက်စရာ (၃) ချက်
၁။ချမှတ်ရမည့် ဆုံးဖြတ်ချက်တစ်ခုအတွက် စိုးရိမ်ခြင်း
ဆုံးဖြတ်ချက်အသေးလေးဖြစ်နိုင်သလို ဆုံးဖြတ်ချက်ကြီးတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဆုံးဖြတ်ချက်ေ တွအ တွက်ေ တာ့ စိုးရိမ်သောက ရောက်နေမိမှာပါ။
၂။ လုပ်ဆောင်ရမည့် ကိစ္စအတွက်စိုးရိမ်ခြင်း
စီးပွားရေးဆွေးနွေးပွဲတစ်ခုအတွက် စိုးရိမ် ခြင်း၊ မိတ်ဆုံစားပွဲတစ်ခုတက်ရောက်ရန် စိုးရိမ် ခြင်း။
၃။ သင်ထိန်းချုပ်လို့မရသည့်အရာများအတွက် စိုးရိမ်ခြင်း။
သစ်တော များပြုန်းတီးခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း။အချက် (၃) ချက်မှာ ပါတဲ့ကိစ္စအတွက် စိုးရိမ်စရာ အလွန်ကောင်းသော်လည်း ချက်ချင်း အကျိုးသက်ရောက်မည့် အရာ များမဟုတ်ပါ။ ဒီအချက်တွေကြောင့် စိုးရိမ်ခြင်းသည် ဘာဟင်း ချက်စားရမလဲဆိုသည့် ပစ္စုပ္ပန်စိုးရိမ်ခြင်းလောက် ကြီးမားမည် မဟုတ်ပါ။
ကိစ္စတွေအတွက် စိုးရိမ်နေခြင်း၏ တန်ဖိုးကို တိုင်းတာမှတ်သား ကြည့်ရအောင်
၁။ ငယ်ရွယ်စဉ်မှာ ဖြစ်ရသောစိုးရိမ်သောက များကို ချရေးကြည့်လိုက်ပါ။
၂။ အထက်တန်း  ကျောင်းတက်စဉ် ကြုံတွေ့ ရသော စိုးရိမ်သောက များကို ချရေးကြည့်လိုက် ပါ။
၃။ လွန်ခဲ့သော တစ်နှစ်ခန့်တွင် ကြုံတွေ့ရ သော စိုးရိမ်သောကများကို ချရေးကြည့်လိုက် ပါ။
စိုးရိမ်သောက တစ်ခုစီနှင့် ပတ်သက်သော မေးခွန်း (၃) ခုကို ယခုပင် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါတော့။
၁။ အဲဒီကိစ္စနှင့် ပတ်သက်ပြီး ယခုအချိန် အထိ စိုးရိမ်သောကရောက်နေရပါသလား။
၂။ အဲဒီ အခြေအနေ ကို ဘယ်လိုဖြေရှင်း လိုက်ပါသလဲ။
၃။ စိုးရိမ်သောက သည် အခက်အခဲတွေကို ကူညီရှင်းလင်းခဲ့ပါသလား။စိုးရိမ်သောကသည် အခက်အခဲကို ဖြေရှင်း ရန်အတွက် အသုံး မဝင်ကြောင်းကို မုချတွေ့  ရ ပေ လိ မ့်မည်။ အခက်အခဲကို ဖြေရှင်းဖို့အတွက် တစ်ခုခုလုပ်ဖို့ လိုပါတယ်။ အချိန်ကာလသည် အခက်အခဲတွေ ကို သက်သာစေနိုင်သလို မေ့ပျောက်စေနိုင်ပါ တယ်။ ဒါ မှ မ ဟုတ် အခက် အခဲနှင့်အတူတကွ နေထိုင်ဖို့အတွက် အချိန် ကာလတစ်ခု လိုအပ်ပါတယ်။ ယခုအချိန်တွင် အဘယ်ကြောင့် ပူပင်သောကရောက်နေရမှာ လဲ။
စိုးရိမ်သောကကို ဖြေရှင်းဖို့အတွက် နည်းလမ်း (၁ဝ) ချက်
၁။ အကြောက်တရားကို မဆန့်ကျင်ပါနဲ့၊ မခုခံပါနဲ့။ဆန့်ကျင်ခဲ့ရင် အကြောက်တရားက နစ်မြုပ်သွားမယ်။ ပြီးနောက် အစိုင်အခဲကြီးထွား လာလိမ့်မယ်။ သင့်ရဲ့ခုခံမှု အား န ည်းနေတဲ့အခါ မှာ ပိုမိုကြီးမားတဲ့အရှိန်အဟုန်နဲ့ ပေါ်ထွက်လာပြီး အကြောက်တရားမှ တိုက်ခိုက်ပါလိမ့်မယ်။ အကြောက်တရားကို ရင်ဆိုင် လက်ခံ လိုက် ပါ။ ကြောက်ေ နချိန်တွေ ပြီးဆုံးသွားခဲ့ရင်တော့ အကြောက်တရားဆိုတာ ထပ်မံဖြစ်ပေါ်ဖို့ ခက်ခဲပါတယ်။ အဲဒီအချိန်မှာ စိုးရိမ်သောက အရောက်ဆုံးအချိန်တွေလည်း ကုန်ဆုံးသွားပါ ပြီ။
၂။ စိုးရိမ်သောကတွေကို နာမည်ပေး မှတ်သား ထားလိုက်ပါ။ဒေါသထွက်ခြင်း၊ မရေရာသော စိုးရိမ်ပူပန် ခြင်းတွေဟာ တစ်ခါတစ်ရံမှာ အကြောက်တရားရဲ့ အခြားသော ပုံ စံတွေ ဖြစ်နေတတ်ပါတယ်။ စိုးရိမ်သောကနဲ့ ပူပန်ခြင်းများဟာ နှစ်ခြိုက်သော အိပ်စက်ခြင်းကို ရုတ်တရက် နိုးစေသလို နေ့လယ်ခင်းတစ်ရေးအိပ်စက်ခြင်းကို ဖျက်ဆီးပစ် ပါတယ်။ ဒါမှမဟုတ် တစ်ခုခုအပေါ် ထားရှိတဲ့ အမြင်တွေကို မှားယွင်းစေပါလိမ့်မယ်။ လာမယ့် ရွေးကောက်ပွဲအတွက် (သို့မဟုတ်) ကျောင်း ဆောင်တစ်ခု၏ မှား ယွင်းေ နသောပုံစံအတွက် စိတ်ပူခြင်းလို့ သင် ထင်မိပါလိမ့်မယ်။ ထိုစိတ်ပူပင် စရာကိစ္စတွေအတွက် အမှန်တကယ် သောက ရောက်နေတာပဲလို့လည်း ထင်မိပါလိမ့်မယ်။ တ က ယ့်စိတ်ပူနေတဲ့ကိစ္စ အမှန်ကတော့ သင့် လည်ပင်းမှ မှဲ့တစ်လုံး ရုတ်တရက် ရောင်ကိုင်းပြီး နီရဲလာလို့ပါ။စိုးရိမ်သောကတွေကို နာမည်နဲ့တကွ ချရေး လိုက်စမ်းပါ။ တ တ်နို င်သလောက်  ချရေးလိုက်ပါ။ အခုဆိုရင်တော့ ရှင်းလင်းစရာသောကတွေရဲ့ စာရင်းကို ရလိုက်ပါပြီ။
၃။ အကျိုးဆက်  တွေကို စဉ်းစားထားပါ။အကြောက် တရားနှင့် စိတ်ဖိစီးမှုဆိုတာ သင့်ကိုယ်တွင်းမှာ တည်နေပြီး ဖြစ်ပျက်တုံ့ပြန်နေ သော ”ဘယ်လို အဆိုးဆုံး အခြေ  အေ န အထိ ဖြစ် နိုင်သလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက် ပါ။ ဒိန်ခဲ၊ ဘာဂါနဲ့ အာလူးကြော်တွေ အများကြီး စားမိလိုက်တယ်။ အစာတွေကြောင့် တစ်ပတ်စာ အစား အေ သာက်တွေနဲ့ညီမျှတဲ့ ကယ်လိုရီနဲ့ အဆီဓာတ်တွေ အများကြီး သွေးထဲကို ရောက် သွားတယ်။ ဒီလို အမြဲစားသုံးခဲ့မယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်ပြီး အသက် တိုေ စမယ်ဆို တာ အသေအချာပါ။ သို့သော်လည်း တစ်ခါတစ်ရံ စားသောက်ရုံနဲ့တော့ ဘာမှမဖြစ်နိုင်ပါဘူး။ တစ်ခါတလေ စားသောက်ခဲ့ရင် အရသာရှိတဲ့ အစားအေ သာက်ေ တွပါ။
၎။ စိုးရိမ်သောကကို အဆိုးဆုံး အခြေအနေ အတွက် စဉ်းစားလိုက်ပါ။ ပရိသတ်က သင်လုပ်တဲ့ အမှားအတွက် ရယ်မောကြတယ်၊ လှောင်ပြောင်ကြတယ်။ နောက်တော့ ပစ္စည်းတွေနဲ့ ပစ်ပေါက်ကြတယ်။အခန်းထဲကနေ ဆွဲထုတ်ပြီး အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။အလုပ်ပြုတ်တယ်။ မိန်းမနဲ့ ကွဲသွားတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်သွားတယ်… စသည်ဖြင့် အဆိုးဆုံးအခြေ အနေတွေအထိ တွေးကြည့်လိုက် စမ်းပါ။
၅။ ကြိုတင်ကာကွယ်ဖို့အတွက် ဘာလုပ်နိုင် သလဲကို ရှာဖွေပါ။သင် ရွေးချယ်ဖို့အတွက် နည်းလမ်း ၃ ခု ရှိပါတယ်။
- တစ်ခုခုကို အခုချက်ချင်းဆောင်ရွက် ခြင်း
- တစ်ခုခုကို နောက်ပိုင်းတွင် ဆောင်ရွက် ခြင်း
- ဘာတစ်ခုကိုမှ မဆောင်ရွက်ခြင်း
ဖြစ်နိုင်သည့် အရာတွေနှင့် အတိုးအလျှော့ လုပ်ပါ။ အဆီအဆိမ့်တွေကို စားခဲ့လို့ အရမ်း စိုးရိမ်နေခဲ့ရင် နောက်ထပ်တစ်လလုံး မစားမိ အောင်နေဖို့ ကြိုးစားပါ။ ဒိန်ခဲ၊ ဘာ ဂါ နဲ့ အာလူး ကြော်မှာ တစ်ခုခုကို ရွေးလိုက်ပြီး အခြားတစ်ခု ကို မစားမိအောင် ကြိုးစားပါ။ အရမ်းစားချင်နေခဲ့ ရင်တော့ သူငယ်ချင်းဆီက တစ်ကိုက်လောက် တောင်းစားပြီး အာသာပြေအောင် ကြိုးစားပါ။စီးပွားရေးဆိုင်ရာ တင်ပြဆွေးနွေးပွဲအတွက် စိုးရိမ်နေခဲ့တယ်ဆိုရင် အောက်ပါအတိုင်း ဖြေရှင်းကြည့်နိုင်ပါတယ်။ အင်တာနက်ကို အသုံးပြုပီး အချက်အလက်ကောင်းတွေ ရှာဖွေ ပါ။ သင့်ကို စာနာမှုရှိသောပရိသတ်ရှေ့တွင် တင်ပြဆွေးနွေးမှုကို လေ့ကျင့်ပါ။ လည်ချောင်း နာနေ တယ်လို့ပြောပြီး ရှောင်တ ခင် ဆေး ခွင့် ယူပါ။ အခြားသူတစ်ဦးကို အစားထိုးဖို့ ကြိုးစား ပါ။စိုးရိမ်မှုအတွက် ဘာမှမဆောင်ရွက်တော့ဘူး လို့ သင် ဆုံးဖြတ်နိုင်ပါတယ်။ ဘာပဲလုပ်လုပ် ဒီအခြေအနေကို မပြော င်းနိုင်တော့ဘူးလို့ ယူဆ ခဲ့ရင်တော့ ဘာမှမလုပ်ပါနဲ့တော့။ ဖြစ်လာမယ့် အန္တရာယ်နဲ့ ကြိုတင်ကာကွယ်မှုတွင် ကြိုတင် ကာကွယ်မှုက ပိုမိုတန်ကြေးရှိနေတယ်လို့ သင် ယူ ဆခဲ့ရင် ဘာမှမလုပ်ပါနဲ့တော့။ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်ခြင်းသည် ထိုကိစ္စကို မဆုံးဖြတ်ခြင်း၊ ဆုံးဖြတ်ရန် ရှောင်ရှား နေခြင်းနှင့် မတူညီပါ။ အခြေအနေ ကို လေ့ လာ သုံးသပ်ပြီး ဘာမှမလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက် တယ်ဆိုခဲ့ရင် ရှုပ်ထွေးမှုကို ရှင်းပစ်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီအတွက် စိုးရိမ်သောကတွေ သက်သာ သွား လိမ့် မယ်။ ဆုံးဖြတ်ခြင်းကို သင် မလုပ်ဆောင်ခဲ့ရင်တော့ စိုးရိမ်သောကတွေ ပြန် ရောက်လာလိမ့်မယ်။မနက်ဖြန်မှာ ဆုံးဖြတ်ရမယ့်ကိစ္စတစ်ခု အတွက် စိုးရိမ်နေရတယ်ဆိုပါစို့။ မနက်ဖြန် ကိစ္စအတွက် အိပ်လို့မပျော်ခဲ့ရင် စိတ်ထဲမှာ ဒီလို ပြောကြည့်လိုက်ပါ။”မနက်ဖြန်ကိစ္စကို အခုမဆုံးဖြတ်ဘူး” အဲဒီလိုအကြိမ်ကြိမ် ပြောကြည့် လိုက်ပါ ။”အဲဒီကိစ္စအတွက် ဘယ်လိုဆုံးဖြတ်ချက်မဆို အဆင်ပြေတယ်”အဲဒီလိုအကြိမ်ကြိမ်ပြောကြည့်ရင် အဲဒီ အချက်ကို သင် ယုံကြည်လာပါလိမ့်မယ်။ အဲဒီ အချက်မှန်တယ်ဆိုတာကို သင့် အတွင်းစိတ်က ယုံကြည်လာ ပါလိမ့်မယ်ကိစ္စတစ်ခုအတွက် ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်ဖို့ လိုအပ်ပါတယ်။ ဘယ်လိုဆုံးဖြတ်ချက်  ဖြစ်တယ်ဆိုတာ အရေးမ ကြီး ပါဘူး။ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။
၆။ ဆုံးဖြတ်ချက်ချခြင်း
အခုချက်ချင်း တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်တယ် ဆိုရင်တော့ ချက်ချင်းလုပ်လိုက်ပါ။တစ်ချိန်ချိန်မှာ အဲဒီကိစ္စကို လုပ်ဆောင်ဖို့ ဆုံးဖြတ်တယ်ဆိုရင် ဘယ်လိုလုပ်ကိုင်မယ်ဆိုတာ ကို ရေးမှတ်ပါ။ ဘယ်အချိန်လုပ်ကိုင်မယ်ဆိုတာ ကို နေ့ရက်၊ အချိန်၊ နေရာနှင့်တကွ ရေးမှတ်ပါ။ အတိအကျ အသေးစိတ်ဖြစ်ပါစေ။အဲဒီကိစ္စအတွက် ဘာမှဆောင်ရွက်ဖို့ မလို ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ ဒီအတိုင်း ထားလိုက် ပါတော့။
၇။ ဆုံးဖြတ်ချက်အတိုင်း လိုက်နာ ဆောင် ရွက်ပါ။ဆုံးဖြတ်ချက်ကို တစ်ကြိမ်သာ ချမှတ်ပါ။ ဒိန်ခဲဘာဂါကို စားမယ်လို့ ဆုံးဖြတ်ပြီးရင် စားလိုက်ပါ။ အရသာခံပြီး စားလိုက်ပါ။ ဆလတ်ရွက်နှင့် ခရမ်းချဉ်သီးကို စားမယ်လို့ ဆုံးဖြတ်ပြီးရင် စားလိုက်ပါ။ မစားတော့ဘူးလို့ ဆုံးဖြတ်ပြီးရင်တော့ ဆာလောင်မှုကို လက်ခံပြီး ခံစားလိုက်ပါ။ ဘာပဲဆုံြး ဖတ် ဆုံးဖြတ် စိတ်ပါ လက်ပါ လုပ်လိုက်ပါ။ နောက်တစ်ခါ ထပ်စဉ်း စားပြီး ဝေဝါးမနေပါနှင့်။ကိစ္စတွေကို ချက်ချင်း (သို့) နောင်တစ်ချိန် မှာ လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ေ သာ် လည်း စိုးရိမ်သောကတွေ ပျောက်ကွယ်သွားမှာ မဟုတ် ပါဘူး။ စိုးရိမ်သောကတွေ သင့်ရဲ့သိစိတ်မှာ ရောက်လာခဲ့ရင် ဒီကိစ္စအတွက် စဉ်းစားဆုံးဖြတ် ပြီးပြီလို့ သင့်ကိုယ် သင် အကြိမ်ကြိမ်ပြောပြီး ဖြေရှင်းရမယ်။စိုးရိမ်သောကတွေ ပျောက်ကွယ်အောင် ဖြေရှင်းဖို့ မလွယ်ကူပါဘူး။ တစ်ခုမဟုတ်တစ်ခု အတွက် စိုးရိမ်နေမိတတ်ပါတယ်။ ယုတ် စွအဆုံး ကလေးဘဝအချိန်တွေအထိ တွေးပြီး စိုးရိမ်နေမိ တတ်ပါတယ်။ စိုးရိမ်သောကတွေဖြစ်နေသည့် အတွက် ကောင်းကျိုးတစ်စုံ တစ်ရာ ဖြစ် လာ ကောင်း ဖြစ် လာနို င်ပါတယ်။
၈။ စိုးရိမ်သောကကို ရင်ဆိုင်နေရတာ သင် တစ်ယောက်တည်း မဟုတ်ပါ။ကိုယ့်စိတ်ထဲမှ သောကတွေကို ကိုယ်သိပေမဲ့ အခြားသူတွေ စိတ်ထဲမှ သောကတွေကို မသိနိုင် ကြပါဘူး။ အများရှေ့မှောက်မှာ မြင်နေရတာက ဟန်ဆောင်မျက်နှာဖုံးတွေပါ။ ဒီမျက်နှာဖုံးတွေ ကြောင့် သောကကင်းဝေးသူတွေလို့ သင် ထင်မိ ပါလိမ့်မယ်။ သင့်ကို  မေ ဖ်ာပြပေမဲ့ လူတိုင်းမှာ သူ့အပူနဲ့သူ သောကရောက်နေကြပါတယ်။ကိုယ့်အပူတွေကို ပြောမပြရင် အခြားသူ တွေကလည်း သင့်ကို တည်ငြိမ်အေးဆေးပြီး အဆင်ပြေေ အာ င်မြင်နေသူလို့ ထင်ပါလိမ့်မယ်။အဲဒါကြောင့် ကိုယ်တစ်ယောက်တည်း ပူပင်သောကရောက်နေတာ မဟုတ်ဘူးလို့ ယုံကြည်လိုက်စမ်းပါ။
၉။ ကြောက်နေသော်လည်း လုပ်သင့်တာကို လုပ်ပါ။ကြောက်စိတ်ပျောက်မှ တစ်ခုခုလုပ်မယ်လို့ တော့ မစဉ်းစားပါနှင့်။ အဲ့ဒါဆို အလုပ်မဖြစ်ပါ ဘူး။ သတ္တိဆိုတာ  ကြောက် စိတ်မရှိခြင်း မဟုတ်ပါ ဘူး။ ကြောက်သော်လည်း လုပ်ကိုင်ဆောင်ရွက် ခြင်းကို သတ္တိလို့ခေါ်ပါတယ်။ လုံးဝကြောက်စိတ် မရှိဘူးလို့ ဟန်မဆောင်ပါနှင့်။ ကြောက်စိတ်ကို အဆုံးစွန်အထိ ဖွင့်ပေးလိုက်ပါ။ အဲဒီလိုလုပ်ပြီး ကြောက်စိတ်ကို ခွန်အားနှင့်ဖျတ်လတ်ခြင်းသို့ ပြောင်းလဲပေးလိုက်ပါ။အစပိုင်းမှာတော့ ကြောက်စိတ်ကို ခံစား လိုက်ပါ။ ပြီးတော့ တည်ငြိမ်အေးဆေးမှုကို အစားထိုးလိုက်ပါ။
၁ဝ။ စိုးရိမ်သောကတွေ ကူးစက်ခြင်းကို ကာကွယ် ပါ။သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ထိန်းချုပ်လာနိုင် သောအခါ အခြားသူတွေရဲ့ ပူပင်မှုတွေ၊ သောက တွေကို ပိုပြီးမြ င် လာ ပါလိမ့်မယ်။အဲဒီလိုဖြစ်ခဲ့ရင် သူတို့ရဲ့ မကောင်းမြင်မှု၊ အလျင်စလို ဆောင်ရွက်မှုတွေကြောင့် ကိုယ့်ကို မထိခိုက်ပါစေနှင့်။ ပြဿနာတွေကို ကြိုးစားပြီး ဖြေရှင်း မနေပါနှ င့်။ ငြင်း ခုံမှုတွေ မလုပ်ပါနှင့်။ အရှုပ်အထွေးတွေကြားထဲမှ ရုန်းထွက်ဖို့ ကြိုးစား ပါ။ ဖြေရှင်းလို့မရသောကိစ္စတွေကို ရှိပါစေတော့ လို့ စိတ်ထဲမှာ ထားလိုက် ပါတော့ ။စိုးရိမ်ေ သာကြ ဖစ်ေ ပ်ါစေသော နေရာများ
၁။ မသိနားမလည် မှုမှဖြစ်လာသော စိုးရိမ် သောကပစ္စုပ္ပန် အခြေအနေမှ စိုးရိမ်သောကကို ပြေလည်အောင် ဖြေရှင်းလို့ မရနိုင်ပါဘူး။ ရွေးချယ် စရာနည်းလမ်း မရှိတာ လ ည်း ဖြစ် ချင် ဖြစ်မယ်။ အဆိုးတွေ တွေ့နေတာလည်း ဖြစ်နိုင် တယ်။ စိုးရိမ်သော ကဖြစ်နေမယ့်အစား အခြေ အနေတွေကို လေ့လာပါ။ သတင်းအချက်အလက် ကို ရှာေ ဖွပါ။ စိုးရိမ်သောက ပိတ်ပင်တားဆီး ထားခြင်းကြောင့် ရွေးချယ်စရာနည်းလမ်းတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။အသစ်ရလာသော သတင်းအချက်အ လက် တွေေ ကြာင့် ဖြစ်နိုင်သော နည်းလမ်းတွေကို မြင်လာပါလိမ့်မယ်။ ထိုနည်းလမ်းတွေကို မလုပ်ဖို့ စိတ်အခုအခံ  တွေဖြစ်လာခဲ့ရင် ပယ်ချလိုက်ပါ။ လုပ်ကိုင်နိုင်သော နည်းလမ်းတွေ အားလုံးကို ချရေးမှတ်ထားလိုက်ပါ။ ထိုစာရင်းထဲမှ အကောင်း ဆုံးနည်းလမ်းကို ဆောင်ရွက်ပါ။
၂။ အနာဂတ်အတွက် စိုးရိမ်သောကရောက် ခြင်း
တစ်ခါတစ်ရံမှာ ပြဿနာတစ်ခုအတွက် စိုးရိမ်နေမိပါလိမ့်မယ်။ အဲဒီပြဿနာကို အခု ဖြေရှင်းလို့လည်း မရပါဘူး။စိုးရိမ်သောကရောက်နေမယ့်အစား အချိန် ဆွဲထားလိုက်ပါ။ ထိုပြဿနာကို ဘယ်အချိန်မှာ ဖြေရှင်းမယ်ဆိုတာကို ချရေးထားပြီး ပြဿနာကို ဘေးဖယ်ထားလိုက်ပါ။ နောက်တစ်ကြိမ် စိုးရိမ် သောကဖြစ်ပေါ်ခဲ့ရင်တော့ သတ်မှတ်တဲ့အချိန် မှာ ဖြေရှင်းမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိ ပေးပါ။
၃။ အတိတ်ကာလဖြစ်ရပ်အတွက် စိုးရိမ် သောကရောက်ခြင်း
”အဲဒီအချိန်က ငါလုပ်ခဲ့ရင် ..” ”အဲဒီတုန်းက ဘယ်လိုလုပ်ရမှန်း …”အဲဒါကို မလုပ်ခဲ့မိဘူး။ သို့မဟုတ် လုပ် လိုက်မိတယ်လို့ အတိတ်ကို ပြန်တွေးပြီး စိုးရိမ် သော ကေ တွ ရောက်မိတတ်ပါတယ်။ သို့သော် လည်း ပစ္စုပ္ပန်အချိန်မှာတော့ ကိစ္စတွေ ပြီးဆုံး သွားပါပြီ။ သောကရောက်နေမယ့်အစား စိတ်လျှော့ ထားလိုက်ပါ။ အခုအချိန်မှာ ပြီးခဲ့ တဲ့ကိစ္စတွေကို ပိုကောင်းအောင် လုပ်နိုင်သလား။ နည်းလမ်းရှိရင် ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ ဘာကိုလုပ်မယ် ဆိုပြီး မှတ်သားထားလိုက်ပါ။ဘာမှမလုပ်နိုင်ရင်တော့ ရှိပါစေတော့။ နောင်တတရားနှင့် နစ်မြုပ်မထားပါနှင့်တော့။ အကြောက်တရားနှင့် အနာဂတ်ကို မျှော်ကြည့် တတ်ခဲ့ရင် အတိတ်ကာ လအမှားတွေအတွက် နောင် တတ ရားထဲမှာ နှစ်မြုပ်မိလိမ့်မယ်။
၎။ ရပ်လို့မရဖြစ်နေသော စိုးရိမ်သောက လုပ်ကိုင်ရမယ့် ကိစ္စတွေကို ရွှေ့ဆိုင်းခြင်း ဟာ စိုးရိမ်သောကဖြစ်စေတဲ့ အကြောင်းတစ်ခု ပါ။စိုးရိမ်  သောကရောက်ေ နမယ့် အ စား တစ်ခုခု လုပ်ကိုင်လိုက်ပါ။ ဘာမှ မလုပ်တာထက်စာရင် အမှားလုပ်မိခြင်းက ပိုကောင်းပါတယ်။ ချက်ချင်း မလုပ်ဖြစ်ခဲ့ရင် လုပ်ရမယ့်အချက်တွေကို ရေးမှတ် ထားပါ။ လုပ် ကိုင်မယ့်အချိန်၊ နေရာနှင့်တကွ ရေးမှတ်ထားပါ။
၅။ ရှောင်လွှဲမိ လို့ဖြစ်တဲ့ စိုးရိမ်သောက ဆုံးဖြတ်ချက် တစ်ခုအတွက် တန်ရာ တန်ကြေးဆိုတာ ရှိပါတယ်။ ဘယ်လိုရွေးချယ်မှု ကိုလုပ်လုပ် တန်ကြေးတစ်ခုေ တာ့ ပေး ရပါ တယ်။ ချက်ချင်းလုပ်ကိုင်  ဆောင်ရွက်ခြင်း မပြုခဲ့လျှင်၊ ထိုကြားအချိန်တွေမှာ သောကတွေ ဝင်ရောက် နေရာယူသွားလိမ့်မည်။စိုးရိမ်ပူပန်နေမည့် အစား တန်ကြေး တစ်ခု ကို ပေးပြီး ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်ပါ။ ဆုံးဖြတ်ချက်ရဲ့ တန်ကြေးအစစ် အမှန်ကို တွက် ချက်လိုက်ပါ။ အချိန်၊ စွမ်းအင်၊ ငွေကြေးနှင့် ဆက်ဆံရေး ထိခိုက် မှုများသည် ဆုံြး ဖတ်ချက်၏ တွက်ချက် သင့်သော တန်ကြေး များဖြစ်ပါသည်။
တင်ဝင်းထွန်း
စကားပြောသော နေ့စွဲများ
$
0
0
စကားပြောသောနေ့စွဲများ
နွေနိဒါန်း
August  လဆိုတာ
ရိုမန်ပြက္ခ ဒိန်ဟောင်းမှာ သြဂုတ်လကိုSextilis လို့ခေါ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တစ်ခုရဲ့ခြောက်လမြောက်ဖြစ်လို့ပါပဲ။ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလတွေ ကို ပြက္ခဒိန်မှာ ထပ်ပေါင်းထည့်သွင်းပြီးနောက်မှာတော့ သြဂုတ်လဟာ ရှစ်ခုမြောက်လဖြစ်ခဲ့တာပါ။ ယခင်က သြဂုတ်လမှာ ၂၈ ရက်ပဲရှိခဲ့ပါတယ်။ ဘီစီ ၄၅ မှာ Julius Caesar က Julian ပြက္ခဒိန် ကို ဖန်တီးပြီးနောက် ၃ ရက် ထည့်ပေါင်းလိုက် တော့မှ ၃၁ ရက် ဖြစ်ခဲ့တာပါ။ ရောမရဲ့ ပထမ အင်ပါယာကြီး Caesar Augustus (8BC)  ကို တင်စားတဲ့အနေနဲ့ August လို့ ခေါ်ခဲ့ကြပါ တယ်။
အခေါ်အဝေါ်အမျိုးမျိုး
August လကို
တရုတ် (bayue)  ၊ ပြင်သစ် (aout) ၊ အီတာလျံ (agosto) ၊ ဂျပန်  (hachigatsu) ၊ လက်တင် (Augustus) ၊ စပိန် (agosto)  စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။
ထူးခြားနေ့စွဲများ
သြဂုတ်လအတွင်းမှာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ထူးခြားတဲ့နေ့ရက်များ၊ အထိမ်းအမှတ်နေ့များ လည်း ရှိပါတယ်။
သြဂုတ်လအတွင်း ထူးခြားသော အထိမ်း အမှတ်နေ့များ
နေ့ရက်                         အဖြစ်အပျက်
၁။              ဆွစ်ဇာလန်နိုင်ငံအမျိုးသားနေ့သမီးများနေ့
၂။              ခင်မင်သူများနေ့၊ ခွင့်လွှတ်မှုများနေ့၊ ညီအစ်မများနေ့
၃။              စာအုပ်ချစ်သူများနေ့၊ စင်ကာပူ နိုင်ငံအမျိုးသားနေ့
၉။              စာအုပ်ချစ်သူများနေ့၊ စင်ကာပူ နိုင်ငံအမျိုးသားနေ့
၁ဝ။            Lazy Day
၁၁။            သားသမီးများနေ့
၁၃။            ဘယ်သန်များနေ့
၁၄။            ပါကစ္စတန်နိုင်ငံအမျိုးသားနေ့
၂ဝ။            အမျိုးသားရေဒီယိုနေ့
၂၅။            Kiss and Make Up Day
၂၆။            အမျိုးသမီးများတန်းတူညီမျှရေးနေ့
International Forgiveness Day
နိုင်ငံတကာ ခွင့်လွှတ်မှုနေ့ဟာ သြဂုတ်လ ၃ ရက်နေ့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ခွင့်လွှတ်မှုများ နေ့ (Global Forgiveness Day) ကတော့ သြဂုတ်လ ၂၇ ရက်နေ့ဖြစ်ပါတယ် ။ ခွင့်လွှတ်ခြင်း ဟာ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတစ်ခုဖြစ် လည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘာသာအသီးသီးက လည်း ခွင့်လွှတ်တတ်သော စိတ်ကို မြင့်မြတ်သူ တို့ရဲ့ စိတ် ထားတစ်ခုလို့ ဖွင့်ဆိုကြတာကို တွေ့ရ ပါတယ်။ ခွင့်လွှတ်မှုဟာ ရဲရင့်မှုရဲ့ အမှတ်လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ် အန္ဒီရာဂန္ဓီက မိန့်ဆိုဖူးပါတယ်။ ဗုဒ္ဓဒေသနာတော် မှာလည်း သူတော်ကောင်းတို့မည်သည် မြေကြီး ကဲ့သို့ ခွင့်လွှတ်သည်းခံရမည်။ မြေကြီးဟာ စင်ကြယ်သော ဝတ္ထု၊ မစင်ကြယ်သော ဝတ္ထုကို တစ်ခုမကျန် သည်းခံခွင့်လွှတ်သကဲ့သို့ အလုံးစုံ သော သတ္တဝါ သင်္ခါရတို့ကို ခွင့်လွှတ်သည်းခံရ မယ်လို့ ဖော်ပြထားပါတယ်။ အားလုံးကို ခွင့်လွှတ် နားလည်နိုင်ကြပါစေ။
Book Lover’s Day
သြဂုတ်လ ၉ ရက်နေ့ဟာ စာအုပ်ချစ်သူများ နေ့ ဖြစ်ပါတယ်။ ”ဒီလိုနေ့မျိုးမှာ စာအုပ်ကောင်း တစ်အုပ်ကို ဖတ်ရှုရင်း အချိန်ကုန်ဆုံးသင့်ပါတယ်။ လောင်ကျွမ်းသွားတဲ့ စာ အုပ်တိုင်းဟာ ကမ္ဘာကြီး အတွက် အလင်းရောင်ကို ပေးဆပ်ခဲ့တယ်” လို့ စာရေးဆရာကြီး အီမာဆင်ကို ပြောဆိုခဲ့ဖူးပါ တယ်။စာအုပ်တွေဟာ အကောင်းဆုံးမိတ်ဆွေ ဖြစ် တယ်။ စာအုပ်တွေမှာ လူတွေကို ဆိုးကျိုးဖြစ်စေ မယ့် ကယ်လိုရီ (Calorie)  လုံးဝမပါရှိဘူး။ ဘက်ထရီအားသွင်းစရာလည်း မလိုပါဘူး။ အလွယ်တကူ သယ်ဆောင်နိုင်သ လို လိုအပ်တဲ့ အခါတိုင်းလည်း အကြံညဏ်ကောင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ စာအုပ်တွေဟာ လှပတဲ့ ပန်းဥယျာဉ် တစ်ခုနဲ့တူသလို ရသစုံတဲ့ ပြဇာတ် တစ်ပုဒ်နဲ့လည်း တူ တယ်လို့ တင်စားဖွင့်ဆိုကြသူ တွေလည်း ရှိကြပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ လည်း စာအုပ်တွေကို မြတ်နိုးတန်ဖိုးထား ဖတ် ကြပါစို့။
National Radio Day
သြဂုတ် ၂ဝ ရက်နေ့မှာ အမျိုးသားရေဒီယို နေ့ကို ပြုလုပ်လေ့ရှိကြပါတယ်။ ရေဒီယို တီထွင်မှု ရဲ့ ဖခင်ကြီးတစ်ဦးဖြစ်သူ အီတလီလူမျိုး Guglielmo Marconi (1874 – 1937 )  ကို ဂုဏ် ပြုသတ်မှတ်ခြင်းဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ Unisco  အဖွဲ့ကြီးက ဖေဖော်ဝါရီလ ၁၃ ရက်နေ World Radio Day  အဖြစ် သတ်မှတ်ပေးခဲ့ တာလည်းရှိပါ တယ်။ လူတွေအနေနဲ့ သတင်း အချက်အလက်များကို အချိန်နဲ့တစ်ပြေးညီ သိနိုင်ရန်အလို့ငှာ ရေဒီယိုကို အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဈေးနှုန်းသက်သာပြီး လွယ်ကူ လျင် မြန်စွာ သတင်း အချက်အလက်တွေကို ပေးပို့နိုင် တဲ့ ရေဒီယိုရဲ့အရေးပါမှုဟာ ဆက်လက်ရှင်သန် အရေးပါဆဲ ဖြစ်ပါတယ်။
Kiss and Make Up Day
‘Kiss and Make Up’ ကို ငြင်းခုန်ပြီးနောက် ပိုင်း ပြန်လည်၍ ခင်မင်ရင်းနှီးမှုရသွားခြင်း’ လို့ အဘိဓာန်များက ဖွင့်ဆိုကြပါတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် သဘောမျိုးပါ။ သြဂုတ်လ ၂၅ ရက် နေ့ကို’Kiss and Make Up Day’ အဖြစ် သတ် မှတ်ပြီး ချစ်သူစုံတွဲတွေကြား အာဃာတတွေ၊ အမုန်းတရားတွေ၊ သဘောထားကွဲလွဲမှုတွေ လျော့န ည်းပျောက်ကွယ်စေဖို့ ရည်ရွယ်လုပ်ဆောင် ကြတာတွေ ရှိပါတယ်။ချစ်ခင်ကြင်နာမှုတွေ တိုးပွားစေဖို့အတွက် တော့  Kiss and Make Up Day  နေ့မှာ လက် ဆောင်ဝ ယ်ပေးခြင်း၊ ယုယစွာ ဖက်ထားခြင်း၊Love Notes များပေးခြင်း၊ ညစာအတူစားခြင်း၊ မိမိနှစ်သက်သူနဲ့ အချိန်ပေးပြီး အတူတူရှိနေခြင်း၊ အလုပ်မှ စောစောပြန်ခြင်း၊ အမှတ် တရစာများ ရေးခြင်း၊ အနမ်းများပေးခြင်းစတာတွေကို လုပ် သင့်တယ်လို့ အကြံပြုကြတာလည်း ရှိပါတယ်။
Women’s Equality Day
အမေရိကန်အမျိုးသမီးများ မဲပေးပိုင်ခွင့်ပြု သော ဥပဒေထုတ်ပြန်သည့်နေ့ကို ဂုဏ်ပြုသော အားဖြင့် သြဂုတ်လ ၂၆ ရက်နေ့ကို ‘အမျိုးသမီး များ တန်းတူညီမျှရေးနေ့’ အဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ ၁၉၂ဝ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့မှသာ အမျိုးသမီးများ မဲပေးပိုင်ခွင့်ပြုသော ပြင်ဆင်ချက် ၁၉ ကို အတည်ပြုပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးမဲပေးခွင့်ရရှိခဲ့တဲ့ ပထမဆုံးနိုင်ငံက တော့ နယူးဇီလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ၁၈၉၃ ခုနှစ်မှာပါ။ ၁၉၁၈ မှာ အင်္ဂလန်နိုင်ငံ၊ ၁၉၃၇ မှာ ဖိလစ်ပိုင်နိုင်ငံ၊ ၁၉ ၄၇ မှာ ဂျပန်နိုင်ငံ၊ ၁၉၁၈ မှာ ဂျာမနီ၊ ၁၉၄၈ မှာ တရုတ်နိုင်ငံ၊ ၁၉၃၂ ခုနှစ်မှာ ထိုင်းနိုင်ငံတွေမှာ အမျိုးသမီးတွေ မဲပေးခွင့်ရရှိ ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင်မူ ၁၉၂၂ ခုနှစ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကြမှသာ အမျိုးသမီးများ မဲပေးပိုင်ခွင့်ရရှိခဲ့ပါတယ်။
နွေနိဒါန်း
Strategic Notes
$
0
0
လူ့အဖွဲ့အစည်း ထဲမှာ ‘အတွေ့အကြုံ အဓိက ဝါဒီ’ (Empiricist) နဲ့ ‘ဆင်ခြင်မှု အဓိက ဝါဒီ’ (Empiricist) ဆိုပြီး နှစ်မျိုး ရှိနေကြပါတယ်။ အတွေ့အကြုံ အဓိက ဆိုတဲ့ သူတွေက အရင်ကြည့် ပြီးမှ တွေးကြပေမဲ့ ဆင်ခြင်မှု အဓိက ဆိုတဲ့ သူတွေ ကတော့ အရင်တွေးပြီး မှ ကြည့်ကြလေ့ ရှိပါတယ်။ ဘယ်လိုပဲ ကွဲပြား ကွဲပြား နှစ်ခုလုံး ကတော့ ပြဿနာ တစ်ခုကို ချဉ်းကပ်ကြတာပါပဲ။ ချဉ်းကပ်ပုံ မတူကြသလို ဖြေရှင်းလေ့ ရှိတဲ့ နည်း စနစ်၊ နည်းဗျူဟာတွေ လည်း ကွဲပြားကြပါတယ်။ ဒါကြောင့် ရတီက Strategic Notes  ကဏ္ဍကို စတင် တင်ဆက် လိုက်ပါတယ်။ ဒီလမှာတော့ Professional Makeup Artist သုံးဦးကို တွေ့ဆုံပြီး သူတို့ရဲ့ အတွေ့အကြုံ၊ ဆင်ခြင်မှု နဲ့ ပြဿနာ များကို ဖြေရှင်းပုံ စတာတွေကို ဆွေးနွေး ဖြစ်ခဲ့ပါတယ်။
Hello (မခိုင်၊ မချို)
Customer  တွေနဲ့ တွေ့တဲ့ အခါ အစ်မတို့ ကြုံရတတ်တာက အစ်မတို့က အပြင် ဘွဲ့၊ သတို့သမီးတွေ ပါပြင်တော့ အပြင်လူတွေ က Skin Care ဂရုစိုက်မှု အားနည်းကြ တယ်။ မြန်မာ အမျိုးသမီးတွေရဲ့Skin မှာ ညစ်ထတ်ထတ်ဖြစ် တတ်တာတို့၊ ဝက်ခြံ အရမ်းထွက်တာတို့၊ နောက်ပြီး မျက်နှာ အသားရောင် မညီတာ တို့တွေဖြစ်ကြတာ များတယ်။ ကိုယ့်အရေပြားကို ဂရုမစိုက်ဘဲ ပစ်ထားတတ် ကြတယ်။ အစ်မ ပြင်ပေးဖူးတဲ့ တစ်ယောက် ဆိုရင် သူက ရေတအား ကူးတော့ သူ့မျက်နှာ အရေပြားထဲ မိတ်ကပ် က စိမ့်မဝင်ဘဲ မျက်နှာပေါ်မှာပဲ ရွေ့နေတာ။ ဒါကို အစ်မက မနည်း စဉ်းစားပြီး ပြင်ပေးခဲ့ရတယ်။ အမှန်က အဲဒီလို ပြင်နေကျ မဟုတ်တဲ့ သူတွေက တစ်ရက် ကြိုပြီး မျက်နှာ ပေါင်းတင်တာမျိုး လုပ်ထား သင့်တယ်။ ဒါဆို အရေပြားက သိပ်ပြီး မဆိုးဘူးပေါ့။ အစ်မ တို့က ကိုယ်သုံးတဲ့ Cosmetic တွေ အားလုံး ကို Brand ကောင်းကောင်း နဲ့ အရည် အသွေးကောင်း တာပဲ ရွေးသုံးပါတယ်။ ကိုယ့် Customer တွေကို အကောင်းဆုံး ဆိုတာနဲ့ပဲ ပြင်ပေးချင်တယ်။ ကိုယ့်ပစ္စည်း သုံးလိုက် လို့ Alargic ဖြစ်သွားတာမျိုးတို့ ဘာတို့ မဖြစ်စေချင် ဘူး။ အချို့ကျတော့ လည်း အစ်မတို့ရဲ့ ပစ္စည်းကို မသုံးလိုဘူး။ သူ့ပစ္စည်း နဲ့ပဲ သုံးပေးပါ ဆိုပြီး ယူလာတာ မျိုး ရှိကြတယ်။ ဒါဆိုလည်း အစ်မတို့ က သူ့ပစ္စည်း နဲ့ပဲ ပြင်ပေးလိုက်ပါတယ်။ ဆံပင် ပြဿနာ ဆိုရင်တော့ အစ်မတို့ မြန်မာ လူမျိုးက အုန်းဆီ ကြိုက်တော့ ပြင်မယ့်နေ့မှ ဆီထည့်ထား တယ်တို့ ဘာတို့တွေပေါ့။ ဆီတွေ နဲ့ကျတော့ အစ်မတို့က ဆံပင်ပွအောင် လုပ်ရတာ မလွယ်ဘူး။ အချိန် မမီတာတို့ ဘာတို့ ကတော့ အစ်မတို့ကြောင့် မရှိပါဘူး။ အစ်မတို့က ဘွဲ့ဆိုလည်း ၁ဝ ယောက် အပြင် ပိုလက်ခံတာ မရှိဘူး။ သတို့သမီး ဆို လည်း တစ်နေ့ ၂ ပွဲပဲ လက်ခံတယ်။ အခုဆို လမ်းတွေ က ကျပ်တော့ ပိုဆိုးတယ်။ အချိန်ကို လည်း အစ်မ တို့က Schedule နဲ့ သေချာဆွဲပြီး လုပ်ပေးတာပါ။ Celebrities တွေနဲ့ကျတော့ အစ်မတို့က အ ဆိုတော်တွေ ပြင်ရတာ များတယ်။ မင်းသမီး ကျတော့ Shooting အထိ လိုက်ရတော့ အစ်မတို့ ဘက်က ဆိုင်တစ်ဖက် နဲ့ ဆိုတော့ အဆင် မပြေဘူး။ အဆိုတော်ပြင် တယ် ဆိုပေမဲ့ အခုခေတ် က MTV ရိုက်ရင် သေချာရိုက် တဲ့ခေတ်လေ။ ဒီတော့ အစ်မတို့ ကလည်း သူ့သီချင်း ကို အရင် နားထောင်ရတယ်။ ပြီးမှ သေချာ စဉ်းစားပြီး လက်သည်း ကအစ သေချာပြင်ရတယ်။ သူတို့ ကိုယ်တိုင် ကလည်း သေချာတွေ လုပ်ကြတော့ အစ်မတို့ ကလည်း ပိုအားထုတ်ပေး ရတယ်။ အစ်မတို့ ပြင်တာ နဲ့ ပတ်သက်ပြီး Complain လာတာမျိုးတော့ မရှိဖူးပါဘူး။ အစ်မတို့ ဘက်က လည်း အတတ်နိုင်ဆုံး အကောင်းဆုံး Service ပဲ ပေးပါတယ်။ မိန်းကလေးတွေ ကို ပြောချင် တာ တော့ ကိုယ့်ရဲ့အသားအရေ ကို ဂရုစိုက်ပြီး ထိန်းသိမ်း စောင့်ရှောက်စေချင်တယ်။ အသားအရေ ကောင်းရင် ဖြူဖြူ၊ မည်းမည်း၊ ညိုညို အားလုံး လှပါပြီ။
ညီညီမောင် (စမ်းချောင်း)
အန်တီ ညီမောင်ရဲ့ လက်ဦးဆရာက မိတ်ကပ် အောင်အောင် (တောင်ကြီး) ပါ။ အန်တီ က ၈ တန်း၊ ၉ တန်းလောက် ကတည်းက ဆံပင် ကောင်းကောင်း ညှပ်တတ်နေ ပြီ။ ၁ဝ တန်းအောင် ပြီးတော့မှ မိတ်ကပ်က စလိမ်းဖြစ်တာ။ ဒီအလုပ် လုပ်တာ ၁၃ နှစ်၊ ၁၄ နှစ်လောက် ရှိနေပြီ။ ဆံပင် ညှပ်တာ နဲ့ပါ ပေါင်းလိုက်ရင် ဒီ အလုပ်လုပ် တာ ၁၈ နှစ်လောက် ရှိပြီပေါ့။ အန်တီ ညီမောင် ရဲ့ ဆရာက အောင်အောင် (တောင်ကြီး) ဆိုတော့ သူ့ဆီမှာ လာပြင်တဲ့ မင်းသမီးတွေ ရဲ့ ရှူတင်ကို ကိုယ်က လိုက်ရတယ်။ အဲဒီတုန်းက ဆို နန္ဒာလှိုင် ပေါ့။ အရင်ခေတ်က မင်းသမီးတွေ နဲ့ ဒီခေတ် မင်းသမီးတွေ မှာ မတူတာက ဒီခေတ် မင်းသမီး တွေက မိတ်ကပ် လိမ်းတဲ့သူ နဲ့ အိမ်ဖော်ကို မကွဲ ကြဘူး။ မိတ်ကပ်သမား ပါရင် တချို့ဆို အိမ်ဖော် တောင် မခေါ်တော့ဘူး။ အန်တီတို့ မိတ်ကပ်သမား တွေက ကျတော့ ကိုယ်ပြင်ပေးရတဲ့ မင်းသမီးဆို ချစ်ကြတယ်။ ဒီတော့ သူတို့ အဝတ်အစား လဲပြီးရင် အင်္ကျီ တွန့်သွား၊ ကြေသွားမှာ စိုးတော့ ဖိနပ်က အစ စီးပေးတယ်။ နေပူရင် မိုးရွာရင် ထီးမိုးပေးတယ်။ လိုအပ်ရင် ကြည့်ရအောင် မှန်၊ ရေဆာခဲ့ရင် သောက်ဖို့ ရေဘူး စတာတွေကို အားလုံး ကိုင်ပြီး ကိုယ့်မင်းသမီးကို အရိပ် တကြည့်ကြည့် နဲ့ လှနေ အောင် ထားပေးတာ။ ဒါက စေတနာပါ။ ဒီ လို စေတနာတွေကို စော်ကားသလို၊ အသုံးချ ခံရတာ များတော့ အန်တီတို့ စိတ်မကောင်းဘူး။ မနန္ဒာနဲ့ လိုက်တုန်းက ဆို အမှန်ပြောရရင် သူ ကတောင် အန်တီ့ ကို မိတ်ကပ် လိမ်းနည်း ပြန်သင်ပေးသေး တာ။ ကိုယ်က အဲဒီတုန်းက ဒီ အလုပ်လုပ်ခါစကိုး။ မျက်တောင်တုတွေ ခေတ်စား ချိန်မှာ မျက်တောင် တု တပ်နည်း ကို သင်ပေး တာ ချောရတနာ။ ဒီလို ကိုယ့်အပေါ် မှာ မိတ်ရင်း၊ ဆွေရင်းလို ချစ်ခင်ပေး တဲ့ မင်းသမီးတွေ လည်း ရှိပါတယ်။ မင်းသမီး တစ်ယောက် ဆို မိတ်ကပ်ကို အန်တီတို့က သူ့ အိမ် မှာ သွားလိမ်း ပေးရတယ်။ အန်တီ့နောက် မှာ တပည့်လေးယောက် ပါတယ်။ ဒါကလည်း ဆံပင်၊ မိတ်ကပ်ပြင်တဲ့ အခါ ကိုယ် တစ်ယောက်တည်း က အဆင်မပြေ ဘူးလေ။ အဲဒီမှာ အန်တီတို့ ငါးယောက်စာကို သူ့အိမ်က ကောင်မလေးက ကော်ဖီ ငါးခွက် ဖျော်တိုက်တယ်။ အဲဒီ မင်းသမီးက သူ့အိမ်က ကောင်မလေးကို ဆူတာ အန်တီ က နောက်တော့ ပြန်သိရတယ်။ ငါးယောက်စာကို ကော်ဖီ ငါးထုပ်ဖျော်တာ များတယ်တဲ့။ ကရားထဲ မှာ သုံးထုပ်ဖျော်ပေးပြီး ခွက်ငါးခွက်နဲ့ ကရား ချ ပေး လိုက် ပါလား ဆိုပြီးပေါ့။ အန်တီတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီလောက်တောင် စေတနာ မထားတဲ့ သူတွေလည်း ရှိတယ်။ ဒီအလုပ် ကတော့ သည်းခံပြီး လုပ်ရ တာပဲ။ အန်တီတို့ အလုပ်က လူတကာကို အလှဆင် ပေးရတာဆို တော့ ဆက်ဆံရေး ကောင်းမွန်ခြင်း၊ မကောင်းမွန် ခြင်းက တအား သိသာတယ်။ အောင်မြင် တာ နဲ့ ကျော်ကြား တာက မတူဘူး။ ကျော်ကြားအောင် က လုပ်ရတာ လွယ်တယ်။ ဒါပေမဲ့ ရေရှည် မခံဘူး။ အောင်မြင်မှု ကကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ကြိုးစား မှုပေါ် မူတည်ပြီး အချိန်ကာလ ကြာကြာ ခံတယ်။ ဒီ အလုပ်လုပ်ရင်တော့ ဘယ် လောက်ထိ သည်းခံနိုင်မလဲ အရင် စဉ်းစားပြီးမှ လုပ်စေ ချင်တယ်။ အန်တီ ကတော့ အ လုပ်ကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှု ဆိုရင် အိမ်သာထဲမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အိပ်ခန်း ထဲရောက်မှပဲဖြစ်ဖြစ် အားရပါးရ ငိုလိုက်တယ်။ ဒီအလုပ်က ကံချင်း စန်းချင်း တူ ရင်တောင် သည်းခံနိုင်သူက ပိုပြီး အောင်မြင်နိုင်တာပေါ့။ အခုတော့ အန်တီလည်း shooting တွေတော့ လိုက် မလိမ်းတော့ဘူး။ ခေတ်ကလည်း ပြောင်းသွားပြီ။ အရင်တုန်းက မင်းသမီးတွေလောက်ပဲ မိတ်ကပ်ပြင် ကြတာ။ အခုခေတ်က Show ပွဲသွား ကြည့်မယ့်သူ၊ မင်္ဂလာ ဆောင် ပွဲတက်မယ့်သူ အားလုံး ပြင်ကြတယ်။ ဒီတော့ အန်တီက ဆိုင်မှာပဲ အမြဲ ထိုင်နေရတယ်။ ဖြူဖြူကျော်သိန်း တို့ ဘာတို့ အန်တီနဲ့ပြင်တဲ့သူ အားလုံး ကတော့ ဆိုင်မှာပဲ လာလိမ်းကြတယ်။
Gucci  အောင်
အောင်က ၂ဝဝ၈ ခုနှစ်မှာ မိတ်ကပ် ညီညီ မောင် (စမ်းချောင်း) ဆိုင်ကို အလုပ်သင် အနေနဲ့ ရောက်တယ်။ အဝေးသင် နောက်ဆုံးနှစ် တက်တဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကိုညီမောင် လိမ်းပေးတဲ့ ခွန်းဆင့်နေခြည်၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင် တို့ရဲ့ shooting တွေ လိုက်ခဲ့ရတယ်။ အမှန်က အောင်ရဲ့ အိမ်က ဒီအလုပ်ကို သဘော မကျခဲ့ ဘူး။ မလုပ်စေချင် ခဲ့ဘူး။ အောင်က A.GTI ပြီးထား တော့ Auto Cad တက်ပြီး စင်ကာပူ သွားမယ် ဆိုပြီး ရန်ကုန်မှာ Auto Cad လာတက်တာ။ တစ်ဖက် မှာလည်း Auto Cad တက်ရင်း မိတ်ကပ် သင်တာ။ အိမ်ကတော့ Auto Cad တက်နေတယ် ပဲ သိထားတာ။ အောင်က အိမ်နဲ့ အဆက် အသွယ် ဖြတ် တယ်။ သောကြာနေ့ ဆို ပဲခူးပြန်တယ်။ စနေ၊ တနင်္ဂနွေ အဝေးသင် တက်တယ်။ ကျောင်းတက်ပြီး ရန်ကုန် ပြန်လာပြီး သင်တန်းတက်။ အိမ်ကိုလည်း တစ်လ တစ်ခါ နှစ်လ တစ်ခါမှ ဖုန်းဆက်တော့ တယ်။ အဝေးသင် နောက်ဆုံးနှစ်ဖြေပြီး ချိန်ကျ တော့ အိမ်က သိသွားပြီးအောင် ကို လာပြန်ခေါ်တယ်။ ပါးပါးရယ်၊ မေမေ ရယ် အောင် ရဲ့အောက်က အငယ်လေးနဲ့ လာပြီးခေါ်တယ်။ အိမ်ပြန်ပါ သွား တော့ အိမ်မှာ တစ်ပတ်လောက်နေတော့ မနေနိုင် တော့ဘူး။ အိမ်ထဲက အိမ်ပြင်လည်း မထွက်ဘဲ မစားမသောက် ဆန္ဒပြတယ်။ အောင်တို့ အိမ်က လက်ဖက်ရည် ဆိုင်ဖွင့်တော့ အောင်က အိမ်က မသိအောင် နှစ်ရက်လောက် ကြိုပြီး ပိုက်ဆံစုထား တယ်။ ခုနစ်ထောင် ရှိတယ်။ အဲဒီပိုက်ဆံ ခုနစ် ထောင် ယူပြီး အောင်က အိမ်ကို မုန့်သွား ဝယ်မယ် ဆိုပြီး အပြင်ထွက်ပြီး ရန်ကုန်ပြန်ပြေးလာတာ။ ကိုညီမောင် ဆီ ပြန်ရောက် လာတယ်။ အိမ်က စုံစမ်းတော့ ဒီမှာဆိုတာ သိတော့ လိုက်လာကြ တယ်။ တား မရတော့လည်း ဝါသနာ ပါရင် လုပ်ဆို ပြီး ပြောတယ်။ လက်လျော့ လိုက်တယ်။ အခုတော့ အိမ်က သဘောတူ သွားပါပြီ။ အောင် ဆိုင်ဖွင့် တုန်းကတောင် ပါပါးရော၊ မေမေရော လာကြ တယ်။ အောင်ရဲ့ ၂ဝ၁၄ ပြက္ခဒိန် ထွက်တုန်းက တောင် ပါပါးက ပုံတွေ ကပ်ပေး တယ်။ ပါပါးတို့ ကတောင် ပြောတယ်။ သဘောမတူ တုန်းကတော့ လိုက်တားခဲ့ ပြီးမှ အခုတော့ သူ့အလုပ်တွေတောင် လိုက် လုပ်ပေးနေရတယ်တဲ့။ ကိုယ့်ရဲ့ ရပ်တည်ချက် က မှန်မှန်နဲ့ လမ်းမမှားရင် အောင်ကတော့ ကိုယ့် ဝါသနာကိုယ် ရအောင် လုပ်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ဒီအလုပ် ကို ရွေးခဲ့တာပါ။
ဖြိုးစုပိုပို
မိန်းမရှိခိုးခြင်းနှင့် ပြုံးမဲ့မဲ့ဘိက္ခုနီနိဒါန်း
$
0
0
 မိန်းမရှိခိုးခြင်းနှင့် ပြုံးမဲ့မဲ့ဘိက္ခုနီနိဒါန်း  
”ရဟန်းတို့ မာတုဂါမအားရှိခိုးခြင်း၊ ခရီး ဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်း တို့ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏”ဟု (မိန့်တော်မူ၏)။ (စူဠဝါပါဠိတော်)
(၁) ဒီနေ့မနက်ခင်း တိပိဋက မြန်မာပြန်တွေကို တခုတ်တရတင်ပေးနေတဲ့ အအစါ်။။တတတ.စငအေုအေတေ.ခသာ ကွန်ရက်ထဲ စာဝင်ဖတ်ဖြစ်ပါ တယ်။ အားထုတ် မှု စေတနာပါတဲ့ ဆိုဒ်တစ်ခုပါပဲ ..။ ကိုးကားစရာကြုံတိုင်း အကူအညီပေးနိုင်တဲ့ အတွက် အမြဲလိုလိုဝင်ဖြစ်ပါတယ်။ ဒီနေ့တော့ ဘာရယ်မဟုတ်…ဘိက္ခုနီဖြ စ်ပေါ်လာပုံ သ မိုင်းကို ဖွေဖွေရှာရှာဖတ်မိတော့ ပြုံးမဲ့မဲ့အကွက်လေးတွေ သွားတွေ့မိပါရောလား။ အရင့်အမာကြီးတွေ လည်း အရင့်အမာမဖြစ်ခင်လေးတော့ မရင့်ကျက် နိုင်ကြပါလား ဆို တာ တွေးမိသေးရဲ့။ မိထွေးတော် မဟာပဇာပတိဂေါတမီက ဗုဒ္ဓအရှင် ပြည်တော်ပြန် ခရီးမှာ ရဟန်းပြုခွင့်တောင်းတာကို ဗုဒ္ဓအရှင်က သုံြး ကိမ်တိတိပယ်ချတော်မူခဲ့လို့ မိေ ထွးတော်ခမျာ မျက်ရည်စက်လက် မျှော်လင့်ချက်မဲ့ခဲ့ရပါတယ်။ ဒါပေမဲ့ မိထွေးတော်က ဇွဲမလျှော့ပါဘူး။ သာကီဝင်မင်းသမီးတွေကို ဦးဆောင်ပြီး ဗုဒ္ဓအရှင် သီတင်း သုံးရာေ ဝသာလီ၊ မဟာဝုန်ပြာသာဒ် ကျောင်းအထိ ချီတက်ခဲ့တာပါ။ ဆန္ဒဖော်ထုတ် တယ်ဆိုတာ အဲဒီအချိန်မှာလည်း ရှိခဲ့ဖူးပါတယ်။ ယူဇနာရာချီတဲ့ ခရီးက ကြမ်းသမို့ ရွှေနန်း တွင်းသူ တွေ ခြေဖဝါးတော်နုနု သွေးခြည်တွေ ဥခဲ့ကြ။ ခန္ဓာကိုယ်ပင်ပန်း မြူတွေပြွမ်းခဲ့ကြရပါတယ်။
ဗုဒ္ဓအရှင်သီတင်းသုံးရာ ကျောင်းတံခါး တိုင်ကိုမှီ ပြီး အားနွဲ့သူတို့ရဲ့ငိုပွဲက အရှင်အာနန္ဒာကို ကြေ ကွဲစေပါတယ်။ အမျိုးသမီးများ သာသနာတွင်း ဝင်ခွင့်ရရေးအတွက် အ ရှင်အာနန္ဒာက ဗုဒ္ဓအရှင့် ထံပါးမှာ တက်ကြစွာ အရေးဆိုခဲ့ပါတော့တယ်။ ဗုဒ္ဓအရှင်ကလည်း သုံးကြိမ်တိတိကိုပယ်ချတော် မူခဲ့တာပါ။ အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟော ထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်တဲ့။ ဇွဲမလျှော့တဲ့ ရှင်အာ နန္ဒာကတော့ ဒီလို အရေးဆို ပြန်ပါတယ်။ ”အရှင်ဘုရားရယ် အရှင်ဘုရားဟော ထားတဲ့ ဓမ္မဝိနယသာသနာတော်မှာ အမျိုးသမီး တွေ ရဟန်းအဖြစ်ဝင်ရောက်ပြီး အား ထုတ်မယ် ဆိုရင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်ဖို့ ထိုက်တန်ပါရဲ့လား ဘုရား” တဲ့။ ”ထိုက်တန်ပါပေ၏ အာနန္ဒာ” တဲ့..။ ဒါနဲ့များ အရှင်ဘုရားရယ်ဆိုတဲ့ အချိုးမျိုးနဲ့ ရှင်အာနန္ဒာက ဒီလိုလေးလျှောက်တာ ချစ်စရာပါ။ မိထွေးတော်ရဲ့ ကျေးဇူးတွေကိုလည်း မြင်အောင် ပြောပါသေး တယ်။ မူရင်းအတိုင်း ဖတ်ကြည့်ပါ။
”အရှင် ဘုရား မာတုဂါမသည် မြတ်စွာဘုရားဟောထား တော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်၍ သောတာ ပတ္တိဖိုလ်ကို လည်းေ ကာင်း၊ သကဒါဂါမိဖိုလ်ကို လည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြု ခြင်းငှာ ထိုက်တန်ပါမူ၊ အရှင်ဘုရား မဟာပဇာ ပတိဂေါတမီသည် ကျေးဇူးများပါ၏၊ မြတ်စွာ ဘုရား၏ မိထွေးတော်ပါတည်း၊ ခြေဖြင့် သွားနိုင် ချိန်အထိ မွေးမြူသူပါတည်း၊ နို့တိုက်သူပါတည်း၊ မယ်တော် နတ်ရွာ စံပြီးေ နာက် မြတ်စွာဘုရားကို နို့တိုက်ပါ၏၊ တောင်းပန်ပါသည် အရှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ လူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်၍ ရဟန်းအဖြစ် ရစေချင်ပါသည်။ ဗုဒ္ဓအရှင်ကလည်း ”ခက်တော့လည်းခက်သကွယ်” ဆိုတဲ့ အမူအရာတော်ရှိနေတာကို ဒီစကားဝါကျ တွေက သိသာစေ ပါ တယ်။
”အာနန္ဒာ မာတုဂါမ များ၍ ယောက်ျားနည်းသော အမှတ်မရှိသော အိမ်တို့ကို အိုး၌ (မီးထွန်း၍) ခိုးတတ်သော ခိုးသူတို့သည် ဖျက်ဆီးလွယ်ကုန်သကဲ့သို့၊ အာနန္ဒာ ဤအတူ ပင် အကြင်ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏။ ထိုမြတ်သောအကျင့် ‘သာသနာတော်’ သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံ ဖြစ်ထွန်းသော သလေးခင်း၌ ဖလံဖြူမည်သော ရောဂါမျိုး ကျရောက်သော် ထို သလေးခင်းသည် ကြာမြင့်စွာ မတည်တံ့သကဲ့သို့၊ အာနန္ဒာ ဤအတူ ပင့်အကြင်ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမ သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏၊ထိုမြတ်သော အကျင့် ‘သာသနာတော်’ သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော ကြံခင်း၌ အူနီမည် သော ရောဂါမျိုး ကျရောက်သော် ထိုကြံခင်းသည် ကြာမြင့်စွာ မတည် တံ့သကဲ့သို့၊ ဤအတူပင် အကြင်ဓမ္မဝိနယ ‘သာသနာတော်’ ၌ မာတုဂါမ သည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် ‘သာသ နာတော်’ သည် ကြာမြင့်စွာ မတည်တံ့နိုင်။
ဘာပဲဖြစ်ဖြစ် မဟာကရုဏာကြီးတော်မူတဲ့ အရှင်မြတ်က ဘိက္ခုနီသာသနာကို ခွင့်ပြုခဲ့ပါ တယ်။ မယ်တော်ကြီးအနေနဲ့ ဂရုဓမ်တရားရှစ်ပါး ကို စောင့်ထိန်းဖို့ ဝန်ခံကတိပြု မယ်ဆိုရင် အဲဒီ ဝန်ခံခြင်းဟာ မယ်တော်ကြီးအတွက် အထူးရဟန်း ခံခြင်းပဲလို့ နည်းပေးတော်မူခဲ့ပါတယ်။ ဂရုဓမ် တရားရှစ်ပါးထဲက ပထမဆုံးအချက်က ဘိက္ခုနီ ရဟန်းမ ဟာ သိက္ခာဝါတစ်ရာပင်ရှိပေမဲ့ ဒီနေ့မှ ရဟန်းဘောင်တက်လာတဲ့ ရဟန်းငယ်ကို ရှိခိုးရ မယ်၊ ခရီးကြိုရမယ်၊ လက်အုပ်ချီရမယ်လို့ ဖော်ပြ ထားပါတယ်။ ကျန်တဲ့အချက်ေ တွ ကိုတော့ စူဠဝါပါဠိတော်မှာသာ ရှာဖတ်ကြပေရော။ မိထွေး တော်ကလည်း ”အရှင်ဘုရားအာနန္ဒာ ငယ်ရွယ် နုပျိုလျက် တန်ဆာဆင်လေ့ရှိသော ဦးခေါင်း ဆေးလျှော် ပြီးသော မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ကြာပန်းကိုဖြစ်စေ မိုးဆွေပန်းကိုဖြစ်စေ စစ်သိမ်ပန်း (လန်ဘူးပန်း) ကိုဖြစ်စေရ၍ လက်နှစ်ဖက် တို့ဖြင့် ယူကာ မြတ် သောအင်္ဂါဖြစ်သော ဦးခေါင်း၌ ထားရာသကဲ့သို့၊ အရှင်ဘုရားအာနန္ဒာ ဤအတူပင် အကျွန်ုပ်သည် ဤဂရုဓမ်ရှစ်ပါးတို့ကို ဝန်ခံပါ၏၊ အသက်ထက်ဆုံး မလွန်ကျူးပါဘူး” လို့ လျှောက်ထားခဲ့တာပါ။ သိမ်ဝင်စရာ ကမ္မဝါဖတ်စရာမလိုဘဲ ဂရုဓမ်တရား ကို ဝန်ခံလိုက်တာနဲ့
ရဟန်းဖြစ်ခွင့်ရသွားခဲ့တာပါ။
ဘဒ္ဒကမ္ဘာ ဂေါတမအရှင့်သာသနာမှာ တစ်ဦး တည်းသော ကံထူရှင်ကြီးပါပဲ။ ဘိက္ခုနီသာသနာ နိဒါန်းအဖွင့်မှာ ဗုဒ္ဓအရှင်က ရှင်အာနန္ဒာကို ဒီလို မှတ်ချက်စကားတော်လေး မိန့်ကြားခဲ့ပါသေး တယ်။ ”အာနန္ဒာ ယောက်ျားသည် ရေကန်ကြီး၏ ကန်ပေါင်ရိုးကို ရေမလွန်ခြင်းငှာ စောစောက ကြိုတင်၍ ကန်သင်းဖွဲ့သကဲ့သို့၊ ဤအတူပင် ငါသည် ဘိက္ခုနီမတို့အတွက် ဂရုဓမ်ရှစ်ပါးတို့ကို ပညတ်ပြီးခဲ့ပြီ၊ အသက်ထက်ဆုံး မလွန်ကျူးအပ် ကုန်” တဲ့။
(၂) ဘာပဲဖြစ်ဖြစ် မျက်ရည်စက်လက်၊ အခက် အခဲတွေကိုကျော်လွှားပြီး ဇွဲကောင်းလှတဲ့ မိထွေး တော်ကြီးဟာ အထူးပါရမီနဲ့ အထူးအခွင့်အရေး ကြောင့် ဂရုဓမ်ရှစ်ပါး ဝန် ခံလိုက်ရုံနဲ့ ထူးထူးခြား ခြား ဘိက္ခုနီရဟန်းဖြစ်ခွင့် ရသွားခဲ့ပါပြီ။ (ဋီကာ ဆရာကတော့ အမျိုးသမီးတွေဟာ သဒ္ဓါတရား ကြံ့ခိုင်မှုအားနည်းတဲ့အတွက် တစ်ကြိမ်တည်းနဲ့ ခွင့်ပြုလိုက်ရင် အလေးဂရုမပြုမှာစိုးသမို့ သုံးကြိမ် တိုင်မှ ဘိက္ခုနီသာသနာတော်ကို ခွင့်ပြုခဲ့တာလို့ ရှင်းပြပါတယ်။) ခက်တာက ခုမှ စတာပါ။ နောက် တော်ပါးက ကပ်ပါ လာရှာတဲ့ သာကီဝင်မင်းသမီး တွေအတွက်ရောတဲ့။ မိထွေးတော်က သားဘုရား ကို မေးလျှောက်ပေးပါတယ်။ မှတ်ချက်မပေးဘဲနဲ့ မူရင်းပိဋကတ်အရသာ မပျက်ရေး ကြည့်ပါမယ်.။ ”ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမ တို့ကို ပဉ္စင်းခံပေးရန် ခွင့်ပြု၏” တဲ့..။
အဲဒီလိုအမိန့်ကြော်ငြာစာထွက်ပြီး သာကီဝင်မင်းသမီး တွေ ဘိက္ခုနီရဟန်းမတွေ ဖြစ်လာတာနဲ့ သူတို့က မိထွေးတော်ကြီးကို ဒီလို ပြဿနာရှာကြတော့တာ ပါ။ ”အရှင်မ သည် ပဉ္စင်းမဖြစ်သေး၊ အကျွန်ုပ် တို့သာ ပဉ္စင်းဖြစ်ကုန်၏။ ရဟန်းယောက်ျားတို့က ရဟန်းမိန်းမတို့ကို ပဉ္စင်းခံပေးရမည်ဟု မြတ်စွာ ဘုရား ပညတ်တော်မူ၏” တဲ့။ မိထွေးေ တ်ာကြီးခမျာ ငိုမဲ့မဲ့ဖြစ်သွားရရှာပါတယ်။ ဘိက္ခုနီသာသနာ ဆိုတာက အသစ်စက်စက်ပဲ ရှိသေးဆိုတော့ နည်းဥပဒေသတွေကို နားမလည်ရှာဘူးမဟုတ် လား။ ပြီးတော့ မိထွေးတော်ရထားတဲ့ အခွင့်အရေး ကြီးကလည်း ကြီးမြတ်ပါပေ့။ ဘိက္ခုနီအသစ်လေး တွေကြား တီးတိုးတီးတိုး …။ ဒီတော့ သံတမန် ရဟန်းဖြစ်တဲ့ တူတော်မောင်ရှင် အာ နန်ဆီကိုပဲ ပြေးရရှာတာ။ ပြောကုန်ကြပြီ။ မောင်ပဉ္စင်းရေ မယ်တော်ကြီးက ရဟန်း မဖြစ်သေးဘူးဆိုပါလား။ အရှင်အာနန္ဒာက အမှုတွဲကို ဗုဒ္ဓကိုယ်တော်ထံ ထပ်တင် ရပြန်။
ရုပ်ရှင်ဒါရိုက်တာတစ်ဦးသာဆို ဒီဇာတ်ဝင်ခန်းမျိုးကို ဆက်တင်ကောင်းကောင်းနဲ့ ရိုက်ကြည့်လိုက်ချင်သေး။ ဒကာကိုကျော်သူကြီးက ဒါရိုက်တာ လုပ်တော့မယ်ဆိုတော့ သူ့ပဲအပ်လိုက် တာ ကောင်းမယ်။ ဗုဒ္ဓအရှင်ရဲ့ မဟာကရုဏာ မျက်ဝန်းတော်၊ အရှင်အာနန္ဒာရဲ့ သံတမန်စကားနဲ့ အမူအရာ၊ မိထွေးတော်ရဲ့ သည်းခံမှုနဲ့ သာကီဝင် မင်း သမီးတွေရဲ့ မျက်နှာထိမျက်နှာထား…။ ”အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဂရုဓမ် ရှစ်ပါးတို့ကို ဝန်ခံသည့်နေ့ကစ၍ ထိုဝန်ခြံခင်း သည်ပင် ပဉ္စင်းခံခြင်းပြီးတော့၏” ဆို တဲ့ ဗုဒ္ဓအရှင် ရဲ့ နောက်ဆုံးအတည်ပြုချက်ထွက်လာတော့မှပဲ အသံတိတ်သွားခဲ့တာပါ..။ သြော် ပါရမီမတူ၊ ဖြည့်ဆည်း အားထုတ်မှုမတူတဲ့သူတွေကြားမှာ အခွင့် အလမ်း ကလည်း တူမှာမဟုတ်တော့လည်း နားလည်မှုတွေက လွဲကြရှာပေမှာပဲ..။
ပိဋကတ် ကို ဆက်ဖတ်ကြည့်တော့ မိထွေးတော်ကြီးက လက်ခံပြီးသား ဂရုဓမ်တရားထဲက ပထမဆုံး အချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာကို ပထမဆုံး တွေ့ လိုက် ရပါရောလား။ ”အရှင်ဘုရား အာနန္ဒာ အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသောဆုကို တောင်းပါ၏၊ အရှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းယောက်ျားတို့အား လည်းကောင်း၊ ရဟန်းမိန်းမတို့အားလည်းကောင်း သီတင်းကြီး အစဉ်အတိုင်း ရှိခိုးခြင်း၊ ခရီးဦးကြို ခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့ကို ခွင့်ပြုတော်မူေ သာ်ေ ကာင်း  ပါ၏” တဲ့။ အရှင် အာနန္ဒာကို နားပူတိုက်ပြန်တာပါ။ ခုမှဖြစ်တဲ့ အသစ်စက်စက် ဘိက္ခုနီသာသနာအတွက် စွန့်ဦး တီထွင်ပါရမီတော်ရှင်ကြီးက ဘယ့်နှယ်ဖြစ်ရပါ လိမ့်လို့ စိတ်ထဲမှာ ဆစ်ခနဲငြိသွားပါတယ်။ အရှင် အာနန္ဒာခမျာလည်း ဗုဒ္ဓအရှင်ဆီ အမှုတွဲအသစ်ကို ဆက်တင်။
ဗုဒ္ဓဘုရားက ပြတ်သားစွာ ငြင်းပယ် တော်မူပါတယ်။ ဘယ့်နှယ်ကွယ်…။ အဲဒီ လေသံတော်မျိုးပါ။ မူရင်း ဒိုင်ယာလော့ဂ်ကို ဖတ်ကြည့်ပါဦး။ ”အာနန္ဒာ မကောင်းသဖြင့်ဟော အပ်သော တရားရှိကုန်သော ဤသာသနာတော်မှ တစ်ပါးဖြစ်သော တိတ္ထိတို့ စင်လျက်လည်း မာတုဂါမအား ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ် ချီခြင်း၊ အရိုအသေပြုခြင်း တို့ကို မလုပ်ကြကုန်။ မာတုဂါမအား ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ် ချီခြင်း၊ အရိုအသေပြုခြင်းတို့ကို မြတ်စွာဘုရား သည်အဘယ်မှာခွင့်ပြုနိုင်အံ့နည်း” တဲ့။ ပြီးတော့ ဥပဒေတော် ချက်ချင်းထုတ်ပြန်တော် မူတာပါ။ ”ရဟန်းတို့ မာတုဂါမအား ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏”။ မှတ်ကရော…။
ဋီကာဆရာ ရှင်းပြချက်ကို ဖတ်မိတော့မှ မိထွေးတော်ကြီးက အနာခံလိုက်တာပါတဲ့။ ဗုဒ္ဓမြတ်စွာက ဂရုဓမ် ရှစ်ပါးခွင့်ပြုတော့ ပထမဆုံးလက်မှတ်ထိုးသူက မိထွေးတော် ကြီး ဖြစ်နေပါသတဲ့..။ မိထွေးတော် ကြီးက ခံဝန်ချက်ပေးလိုက်တဲ့အတွက်သာ ရဟန်းယောက်ျားနဲ့ ရဟန်းမိန်းမတွေကြား ဝါစဉ် အလိုက် ရှိခိုးခြင်း၊ အရိုသေပေးခြင်း အခွင့် အလမ်း ကြီး ဆုံးရှုံးခဲ့ရတာ။ တကယ်လို့ မိထွေးတော်ကြီး က ခွင့်တောင်းခဲ့ရင် ဘုရားရှင်က ပေးလောက်ပါ တယ်လို့ ကဲ့ရဲ့ပြစ်တင်ကြမယ့်သူတွေကို ကြိုပိတ်၊ ကြို ကန် လိုက်တာပါတဲ့..။ (ဧဝမေဝ ခေါ အဟံ၊ ဘန္တေ အာနန္ဒ၊ ဣမေ အဋ္ဌ ဂရုဓမ္မေ ပဋိဂ္ဂဏှာမိ ယာဝဇီဝံ အနတိက္ကမနီယေ ”တိပဋိဇာနိတွာ ဣဒါနိ ကသ္မာ ဝရံ ယာစ တီတိ စေ…ပ ရူပဝါဒဝိဝဇ္ဇနတ္ထံ။ ဧဝဥှိ ကေစိဝဒေယျုံ”မဟာပဇာပတိယာ ပဌမံ သမ္ပဋိစ္ဆိတတ္တာ ဘိက္ခူနံ ဘိက္ခုနီနဉ္စ ယထာဝုဍ္ဎံ အဘိဝါဒနံနာဟောသိ၊ သာ စေ ဝရံ ယာစေယျ၊ ဘဂဝါ အနု ဇာနေယျာ) ဗုဒ္ဓအရှင်ကိုယ်တော် တိုင်က ခွင့်မပြုခဲ့တာပါကွယ် ကလေးတို့ရယ်..ဆိုတဲ့ အဖြေမျိုး ချက်ချင်း ရသွားပါတော့တယ်။ ဒါတော့ သဘာဝမဟုတ်လို့ အခွင့်အရေး မပေးတော့ ပါဘူးတဲ့။ သို့ဆိုတော့ လည်း မိထွေးတော် ကြီးရဲ့ စိတ်နှလုံးကို ပြန်လည် ညွတ်နူးရပေသပေါ့။ သြော် ကောင်းလင့်တေးပေ တကား…။
ဓမ္မဂင်္ဂါ
သြဂုတ်လရောက်လေတိုင်း
$
0
0
အပြင်မှာ မိုးက ခပ်ဖြောက်ဖြောက်လေး စွေကာ ရွာနေခဲ့သည်။ တကယ်ဆို ထီး တစ်လက် ကိုဆွဲယူ၊ အခန်း အပြင်ဘက် ထွက်၊ လမ်းမပေါ်ခြေချ၊ ကော်ဖီ ဆိုင်လေး တစ်ဆိုင် မှာ ကော်ဖီ ပူပူလေး တစ်ခွက်သောက်ကာ အတွေးတွေ ကမ္ဘာဆန့် ဖြန့်ထွက် လွင့်မျောနေဖို့ အကောင်းဆုံး အချိန်လေးပဲပေါ့။ ဒါပေမဲ့ ထူးထူးဆန်းဆန်း ကိုယ့် ရဲ့ အခန်းငယ်လေး ထဲမှာ နာရီတိုင်း အားငယ် ထိတ်လန့်စွာ ကိုယ် ပုန်းအောင်းလို့သာ နေချင်ပါတော့သည်။ အခုလို သြဂုတ်လကို ရောက်လေတိုင်းပေါ့။
အခုလို သြဂုတ်လကို ရောက်လေတိုင်း… တစ်စုံတစ်ရာက ကိုယ့်ကို ကိုယ့်ရဲ့အခန်းငယ် လေးထဲမှာ စွဲမြဲ ပုန်းအောင်းနေဖို့ နူးညံ့ ညင်သာ စွာ အမိန့်ပေးခဲ့လေပြီ။ ကိုယ့် ကို အမိန့်ပေး ခြယ်လှယ်နိုင် စွမ်းသည့် အဲဒီတစ်စုံ တစ်ရာကို သာ ကိုယ် အံ့သြနေရပြီ။ အို..တကယ် ပါပဲ … သြဂုတ်လက ကိုယ့်စိတ်တွေ ဘယ်မှ မပြေးအောင်၊ ကိုယ့် နာရီ လက်တံတွေ ဘယ်မှမရွေ့အောင်၊ ကိုယ့်ခြေလှမ်းတွေ အခန်း အပြင်ဘက် ထွက်မသွားအောင်…ကိုယ့်ကိုမှ ညှို့ညှို့ငင်ငင် နှောင် ပတ်ရစ်ဖွဲ့ထားခဲ့သည်။
ဒါကြောင့်ပဲ ဒီသြဂုတ်လ ကို ရောက်လေတိုင်း ကိုယ် ဘယ်ကိုမှ ထွက်မသွားဘဲ ကိုယ့်ရဲ့ အခန်း ငယ်လေးထဲမှာ အားငယ် ထိတ်လန့်စွာ ပုန်းအောင်းလို့ နေမိတတ်သည်။ တစ်ယောက်တည်းပဲ၊ တစ်ယောက်တည်းပဲ.. တစ်ယောက်တည်းပါပဲ။ သြဂုတ်လ ရဲ့နေ့တွေ မကုန်မချင်း… ဒီလို လေးပဲ… ကိုယ်နေချင်ပါသည်။ သြဂုတ်လ ရောက်လေ တိုင်း ကိုယ့် ရဲ့ပြတင်းတံခါး၊ ကိုယ့်ရဲ့ အခန်းတံခါး .. အရာရာ ကို ကိုယ်သော့ပိတ် ထားလိုက်ပြီ။ ဒီသြဂုတ်လ ကို ရောက်သည်နှင့် ကိုယ့်ရဲ့ အခန်းငယ်လေး ထဲ ဘယ်သူ့ ကို မှ ဝင်ခွင့် မပေးနိုင်တော့ပါ။ သူက လွဲလို့ပေါ့။ သူက လွဲလို့ ဘယ်သူမှ ကိုယ့်ရဲ့ အခန်းငယ်လေးထဲ ဝင်မလာ စေရ။
ဒီသြဂုတ်လကို ရောက်လေတိုင်း သူ့တစ် ယောက် ကလွဲရင် ဘယ်သူ့မှ ကိုယ်မမြင်မိတော့။ ကိုယ့် မျက်လုံးတွေက သူ့တစ်ယောက် ကိုသာ ကြည့်မြင် ခံစားဖို့ အိပ်မွေ့ ချ ခံထားရသလို ကိုယ် မော့ကြည့်လိုက်သည့် ကိုယ့်အခန်း မျက်နှာ ကြက်မှာ သူရှိသည်။ ဝေရီရီ ငေးမိလိုက်သည့် ဝရန်တာ ထက်မှာ သူရှိသည်။ ကိုယ့်ရဲ့ အဝတ် ဗီရိုထဲမှာ သူရှိ သည်။ ကိုယ့်ရဲ့နံရံတွေမှာ သူရှိ သည်။ နေရာတိုင်း ပါပဲ။ ဖွင့်မလို့ ကိုင်လိုက် သည့် ကိုယ့်ရဲ့ ကွန်ပျူတာ စကရင်မှာ သူရှိသည်။ တီး မလို့ ထုတ်ယူသည့် ကိုယ့်ရဲ့ ဂစ်တာ အိတ်ထဲမှာ သူရှိသည်။ အိပ်မလို့ လှဲခွေလိုက်သည့် ကိုယ့် ရဲ့အိပ်ရာ ထက်မှာ သူရှိသည်။ ဖတ်မလို့ ဖွင့်လိုက် သည့် သမ္မာကျမ်း စာအုပ်ထဲမှာ သူရှိသည်။ ဒီ သြဂုတ်လ ကိုရောက်လေတိုင်း။ သူ့အသံက လွဲလို့ ဘယ်သူ့ အသံမှ မကြားမိသည် အထိ ကိုယ်ခံစားဖြစ် ပျက်နေ ရကြောင်း လူသိ ရှင်ကြား ဝန်ခံပြောပြ လိုက်ပါသည်။
ငှက်ကလေး များ တို့ရေ …ကျေးဇူးပြုပြီး သြဂုတ် နံနက်ခင်းတွေမှာ တေးမဆိုဘဲ တိတ် ဆိတ်နူးညံ့ စွာ နိုးထ လှုပ်ရှားပေးကြစမ်းပါ။ သူ့ အသံ သူ့တေးချင်း ကလွဲလို့ ဘာ အသံ ဘယ်သူ့ သီချင်းမှ ကိုယ့်ရဲ့ အခန်းငယ်လေးထဲ ဝင်မလာရ။ သူ့ သီချင်းသံတွေ သာ ကိုယ့်ရဲ့ အခန်းငယ်လေး ထဲမှာ ပျံ့လွင့်ခြယ် လှယ်နေစေရမည်။ ဒီသြဂုတ် လ ကို ရောက်လေတိုင်း။ သြဂုတ်လမှာ မက်သမျှ ကိုယ့်အိပ်မက် တိုင်းမှာ သူပါသည်။ သြဂုတ်လ နံနက် ခင်း ကော်ဖီခွက် ထဲမှာ သူရှိသည်။ သြဂုတ်လ ကို ရောက် သည်နှင့် ကိုယ့် အတွေးတွေကို ချိပ် ပိတ်ကန့်သတ် ထားလိုက်ပြီ။ သူ့အကြောင်း ကလွဲ လို့ တခြား ဘယ်သူ့ အကြောင်းမှ ကိုယ် မတွေးမိ တော့..။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ငြိမ်းချမ်းရေး၊၊ တရား မျှတမှု ရှိရေး၊ အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရား ဥပဒေ စိုးမိုးရေး၊ ကိုယ့် လယ်ယာမြေ ပြန်ရ ရေး၊ လွတ် လပ် စွာပြောဆို လှုပ်ရှားရေးသား ဖော် ဆောင်ခွင့်ရရေး၊ ပဋိပက္ခ ဖြစ်စေသည့် အရေးအသား များ စောင့်ကြည့်ရေး၊ ဒီမိုကရေစီ ဖော်ဆောင် ရေး… ဟိုအရေး သည် အရေး ဘာ အရေးမှ ကိုယ့် ဦးနှောက် ထဲ ထည့်တွေးလို့မရ .. အရာ ရာနှင့် အဆက်ပြတ် သွားအောင် ဒီသြဂုတ်လ က ကိုယ့်အာရုံကို ဖဲ့ခြွေပုစား သိမ်းပိုက် ထားသည်။ ဒီသြဂုတ်လ ထဲမှာသာ ကိုယ့် တစ်ယောက်တည်း ပုန်းခို အိပ်စက်နေတော့မည်။ ဒီ သြဂုတ်လလေးထဲ ပုန်းခိုရင်း တစ်ကိုယ်ရေသာ အိပ်စက်နေပါရစေ။ ကျေးဇူးပြုပြီး သြဂုတ်လ ကုန်ဆုံး သွားတဲ့အခါ ကိုယ့်ကို နှိုးလိုက်ကြပါလေ။ တကယ်လို့များ နိုးထ မလာဘဲ အပြီးတိုင် ခရစ်တော်၌ ထာဝရ အိပ်ပျော်ရမည် ဆိုလျှင်လည်း ဒီသြဂုတ် ၁၄မှာ ကိုယ့်ကို အတိအကျ ခေါ်ဆောင် ယူဖို့ ဘုရားသခင် ကို ကိုယ်တောင်း ဆိုရပါတော့မည်။
Zig Zag
ပွင့်လင်းပေါ်တင် မစောရင်
$
0
0
အခုတလော ကိုကြိုးကြာ တစ်ယောက် စကားတွေ အရမ်းပြော နေသည်။ လက်ဖက်ရည်ဆိုင် ထိုင် သည့်အခါတိုင်း တစ်ဖက်လူ၏ မျက်နှာကိုတံတွေးစဉ် မတတ် ပြောနေ သည်။ ကိုကြိုးကြာတွင်တွင်ပြော နေသော အကြောင်းအရာများမှာ လည်း အပတ်စဉ်ထွက်ဂျာနယ်များ ထဲမှ အကြောင်းအရာများဖြစ်၏။ ကိုကြိုးကြာ၏ စကားများကို ပင် တိုင် နားထောင်ကြသူများမှာ ဆိုက်ကား သမားလှမောင်၊ မြင်းလှည်းသမား ထွန်းတင်နှင့် ဘူတာရုံကုန်တင် ကုန်ချ အလုပ်သမားချက်ကြီးတို့ ဖြစ်ကြ၏။ သူတို့သုံးယောက် မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလူတန်းစားများ ဖြစ်သဖြင့် ဂျာနယ်များ၊ စာစောင်များနှင့် အလှမ်းဝေးကြသည်။ သို့ဖြစ်၍ ကိုကြိုးကြာကို အလွန်သိ၊ အလွန် တတ်သော ဆရာကြီးတစ်ပါးနှယ် လေးစားနေကြ၏။
ကိုကြိုးကြာက လည်း လက်ရှိခေတ်အပြောင်းအလဲ ကာလတွင် နိုင်ငံရေးလောက၌ ရေပန်းစားနေသော ‘ပွင့် လင်း မြင်သာမှု’ တို့၊ ‘အကြောက်တရား ကင်းစင်ရေး’ တို့ဆိုသည့် စကားလုံး များသာ တွင်တွင်ပြောနေတော့ သည်။ လက်လုပ်လက်စား သုံးယောက်ကတော့ ကိုကြိုး ကြာ ပြောသမျှ အဟောတဝလုပ်၍ နား ထောင်နေရ၏။ သိပ်တော့နားလည် ၍မဟုတ်၊ သို့သော် ‘နားမလည်ဘူး’ ဟု ပြောလျှင်လည်း မရှိသည့် သိက္ခာလေး ဘုတ်ခနဲပြုတ် ကျမှာ စိုးသေးသည်။ ထို့ကြောင့် ခေတ် ပေါ်ကဗျာလို နားမလည်ခြင်း၊ နားလည်ခြင်းအဓိကမဟုတ် ကိုကြိုး ကြာ၏ သတ အပေါ် ဖောရှောလုပ် နေလိုက်ရုံဖြစ်သည်။
”ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ ကမ္ဘာဟာ တစ်စုတစ်ဝေး တည်းနေတဲ့ ရွာကြီးတစ်ရွာလို ဖြစ် သွားပြီ၊ ဒီတော့ ဆက်သွယ်မှု ကွန်ရက်တွေ မြန်ဆန်လာတယ်၊ ကမ္ဘာ့ အရှေ့ခြမ်းက သတင်းကို ကမ္ဘာ့အနောက်ခြမ်းက ချက်ချင်း သိလာတယ်၊ ပြောရရင်တော့ကွာ အရာရာဟာ ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်လာပြီ။ ပြောစရာ ရှိရင် ရဲရဲ ဝံ့ဝံ့ပြော၊ ရေးစရာရှိရင် သတ္တိရှိရှိရေးလို့ရပြီ။ အကြောက် တရား ကင်းမဲ့ဇုန်ဖြစ်လာတဲ့ တို့နိုင်ငံ မှာ သမ္မတကိုတောင် မကြိုက်ရင် မကြိုက်ဘူး ဖြေလို့ရတယ်။ ဟုတ် ပလား။ ဒါဟာ ဒီမိုကရေစီခေါ် တယ်ကွဲ့”ကိုကြိုးကြာပြောသော ‘ပွင့်လင်း မြင်သာမှု’ တို့၊ ‘အကြောက် တရားကင်းမဲ့ဇုန်’ တို့၊ ‘ဒီမိုကရေစီ’ ဆိုသည့် စကားများကို ဆိုက်ကား သမား လှမောင်၊ မြင်းလှည်းသမား  ထွန်းတင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီးတို့ ရေရေရာရာ နားမလည် ပါ။
သို့သော် သူတို့စိတ်ထဲတွင် နားလည်ချင်ယောင် ဆောင်ရသည် ကို အရသာတွေ့နေ၏။ ထိုနည်းတူ ပင် ကိုကြိုးကြာကလည်း ဆရာကြီး လုပ်ရသည် ကိုအရသာတွေ့နေ။ သို့သော် အခြေခံလူတန်းစားများ ဖြစ်သောမြင်းလှည်းသမားထွန်း တင်၊ ဆိုက်ကားသမားလှမောင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီး တို့မှာ ကိုကြိုးကြာလို အားအားယား ယားမဟုတ်သဖြင့် အချိန်ကုန် မခံနိုင်၊ ခဏသာနားထောင်ပြီး အလျှိုလျှိုပြန်ကုန်ကြသည်။ ကိုကြိုးကြာခမျာမှာလည်း သည်လို ပြောခွင့်ရရန်အရေးကို လက်ဖက် ရည်သုံး ခွက် ရင်းနှီးရ၏။ ဟိုလူများ ကလည်း လက်ဖက်ရည်အလကား သောက်ရ၍ နားထောင်ကြခြင်းဖြစ် ၏။ လက်ဖက်ရည်ဆိုင်ရှင် ကိုဘလှ ကိုယ်တိုင် ဂျာနယ်များကို အများ ဖတ်ရန် ဆိုင်တွင် ဝယ်ထားသော် လည်း သူကိုယ်တိုင် မဖတ်သဖြင့် ဘာမျှမသိချေ။ သို့ဖြစ်၍ ကိုကြိုးကြာ ကို မေးရ၏။
”နေစမ်းပါဦး ကိုကြိုးကြာရယ်၊ ခင်ဗျားပြောပြောနေတဲ့ အကြောက် တရားကင်းမဲ့ရေးဆိုတာ ဘာကို မကြောက်ရမှာလဲဗျ”အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆို သည့် အရိပ်အယောင်တွေ ကိုကြိုးကြာ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွား သည်။ ဆိုင်ရှင်၏ မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ ဂိုက်ပေးကြမ်း ကြမ်းဖြင့် လန်ဒန်စီး ကရက် တစ်လိပ် ကို အရင်မီးညှိလိုက်သည်။ တစ်ဖွာ လောက် ရှိုက်ပြီးမှ ”အား ဒီလိုရှိတယ် ကိုဘလှ၊ အကြောက်တရားကင်းစင်ရေးဆို တာ…””ကို … ကြိုး … ကြာ”Rocker အ ဆိုတော်မျိုးကြီး၏ အမြင့်ဆုံးကီးထက် နှစ်ဆခန့်ပိုမြင့် သော အသံကြီးက လက်ဖက်ရည် ဆိုင်တစ်ဆိုင်လုံးပင် သိမ့်သိမ့်ခါသွား သည်။ ကိုကြိုးကြာ ဆရာကြီးလေသံ လုပ် မည့်ကိစ္စက တိခနဲပြတ်တောက် သွားသည်။ ‘ကိုကြိုးကြာ’ ဟု ခေါ် လိုက်သော Hight Key မှာ သူ့မိန်းမ မစောရင်ဆီမှ ပျံ့လွင့်လာခြင်းဖြစ် သည်။ မစောရင်မှာ သုံးဆင့်ချိုင့် တစ်လုံးကို ကိုင်၍ လက်ဖက်ရည် ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်၏။
”ဟင် မစောရင် ဘာကိစ္စရှိလို့ လဲဟင်””ဘာကိစ္စရှိလို့လဲ ဟုတ်လား ကိုကြိုးကြာ၊ တော်မို့လို့ မေးရက် တယ်၊ လူဆိုတာ အလုပ်ရှိတယ်လေ၊ ကျုပ် အခု အကြွေးသွားတောင်း မလို့၊ ရော့ ချိုင့် ဟင်းဝယ်ထား၊ နောက်ပြီး အိမ်သွားစောင့်၊ ဘယ့် နှယ်တော်၊ အားအားယားယား၊ အချိန်ပြည့် လက်ဖက်ရည်ဆိုင် လာထိုင်နေတယ်၊ သွား သွား အခု ဟင်း သွားဝယ်တော့”လက်ဖက်ရည်ဆိုင်ရှင်ကိုဘလှ ရှေ့တွင် အကြောက်တရားကင်းစင် ရေး မဟာဒဿနကြီးကို မပြောရဘဲ ချိုင့်ကလေးဆွဲ၍ ခပ်သုတ်သုတ် ထွက် ဟန်ပြင်နေေ သာ ကိုကြိုးကြာ ကို ကိုဘလှက ”သိပြီ သိပြီ ကိုကြိုးကြာ၊ ခင်ဗျားပြောတဲ့ အကြောက်တရား ကိစ္စ၊ ပိုလို့တောင် ပွင့်လင်းမြင်သာမှု ရှိသဗျာ၊ ဟား ဟားဟား”ကိုကြိုး ကြာ နောက်သို့ လည်ပြန်ပင် လှည့်မကြည့်တော့ပဲ သုတ်သုတ်၊ သုတ်သုတ်၊ ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ချီတက်သွားလေတော့ ၏။တကယ်တော့ ကိုကြိုးကြာ သည် အိမ်ေ ထာင်ဦးစီးဟု ပြောမရ၊ အလုပ်မရှိ ၁ဝ၉ – ၁၁ဝ ဖြစ်၏။ မစောရင်က နတ်ကတော်ဖြစ်၏။ နတ်ပွဲများတွင် ကနားစီးလုပ်၏။ နတ်ဟော၏။ အိမ်တွင်လည်း တုတ်ထမ်း၊ ဓား ထမ်း၊ မြင်းစီး၊ ဆင်စီး နတ်ရုပ်တွေနှင့် ပြည့်နေ၏။ ကိုကြိုးကြာအလုပ်က ထိုနတ်ရုပ်များ ကို ဖုန်သုတ်ရ၏၊ ဖုန်ခါရ၏။ နတ် ဆက်သော အရက်ပုလင်းများ ဝယ် ခိုင်းလျှင် ဝယ်ပေးရ၏။ ထိုသို့ အရက်ဝယ်ရသည့်အခါတိုင်း
အရက်ပုလင်း ပါကင်ကိုဖွင့်၍ တစ်ပုလင်း၊ နှစ်ပုလင်းပွား၍ ရေဖြည့်လာတတ်သည်။ ထိုအခါ တစ်ပုလင်းဖိုး အောက်ဆိုက်ရ၏။ နတ်ကို ကြက်ကြော်ဆက်ဖို့ ကြက်သား ဝယ်ခိုင်းလျှင်လည်း တစ်ပိဿာဖိုးပေးလျှင် ရှစ်ဆယ်သား ကောင်ကိုသာ ဝယ်တတ်၏။ သို့ဖြင့် ဘတ်ငွေလေးများရလာသောအခါ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင် ထိုင် ၍ လေပစ်တော့၏။ ထို့အပြင် စာပေဟောပြောပွဲများရှိလျှင် လိုက် နားထောင်တတ်၏။ ကိုကြိုးကြာ စာပေအကြောင်း ဘာမျှ နားမလည် ပါ။ စာပေစင်မြင့်ပေါ်မှ စာရေးဆရာ တချို့၏ နိုင်ငံရေးဟောပြောချက် များကို နားထောင်ချင်၍ဖြစ်၏။ ကျူရှင်ဆရာတစ်ယောက်ဆိုလျှင် စာအကြောင်း၊ ပေအကြောင်းမဟော ပြောဘဲ စင်ပေါ်မှ လက်သီး လက် မောင်းတန်း၍ နိုင်ငံရေးစကားလုံး များကို ရင်ခေါင်းသံကြီးနှင့် ဟော လေ့ရှိ၏။ ပရိသတ်က လက်ခုပ်တီး လျှင် ကိုကြိုးကြာလိုက်တီး၏။
စာရေးဆရာတစ်ယောက်ဆိုလျှင် စင်ပေါ်တက်လာပြီး မဟောပြောခင် စင်ထောင့်ဝဲယာကို ဟိုရှာသည်ရှာ လုပ်ပြီး ”ဗုံးတွေဘာတွေ ထောင်ထား သလားလို့” ဟု ပါဖောင်း မင့်ခင်းပြ၏။ ထိုသို့သောစတိုင်မျိုးကို ကိုကြိုးကြာ အရမ်းသဘောကျ၏။ စာရေးဆရာ များ ဟောပြောသော နိုင်ငံရေး စကားလုံးများကို ကိုကြိုးကြာ သေချာလိုက်မှတ်ပြီး ကို ဘလှ၏ လက်ဖက်ရည်ဆိုင်တွင် လူအထင် ကြီးအောင် အကျယ်ကြီးပြောလေ့ ရှိ၏။ စာရေးဆရာများကလည်း မိမိချစ်ခင်စုံမက်၍ ပေါင်းသင်းခဲ့ သော သုတ၊ ရသစာပေ ဟူသော မယားကြီးကို နယ်နှင်ဒဏ်ပေး၍ နိုင်ငံရေးစကားများကို မယားငယ် လို ပေါင်းသင်းလာသောခေတ်တွင် ”ဟိုဆရာဟောတာ သိပ် ကောင်းတာပဲ””ဟိုဆရာက လည်း ဒဲ့(တည့်) တွေချည်းသိပ်တာ ငါ့လူရေ”သုတ၊ ရသစာပေဆိုသည်မှာ အလုံးလား၊ အပြားလားမသိသော ပရိသတ်ကလည်း စာပေဟောပြော ပွဲခေါင်းစ ဉ်အောက် မှ နိုင်ငံရေး စကားလုံး အတုံးလိုက် အတစ်လိုက် တွေကို လက်ခုပ်တီးကြိုဆို၍ မြိန်ရေ ရှက်ရေ စားသုံးကြ၏။ ထိုအထဲ တွင် အလုပ်မရှိ၊ အကိုင်မရှိ ကိုကြိုးကြာထိပ် ဆုံး က ဖြစ်၏။
ကိုကြိုးကြာဦးနှောက်ထဲတွင် ခေတ် ပေါ်နိုင်ငံရေးစကားလုံးများ မည်မျှ ထိ စူးနစ်နေသနည်း။ ဆိုရသော် မိမိအိမ်တွင် ဆေးလိပ်မီးညှိရန် မီးခြစ်ရှာမတွေ့လျှင်ပင် …”တော က် … မီးခြစ်က ဘယ်များခြေထောက်ပေါက်သွားလို့ ရှာမရတာလဲ၊ ငါ ထားတဲ့နေရာမရှိ ရင် အလွန်ဒေါသထွက်တယ်၊ ဟိတ် မစောရင် မင်း ငါ့မီးခြစ်ယူသေး လား”” ယူ တယ်တော်ရေ၊ စောစော က ထမင်းအိုးတည်မလို့၊ မီးမွှေးလို့ ခဏယူတာ ပြတင်းပေါက်ဘောင် ပေါ် တင်ထားလိုက်တယ်လေ”ထိုကဲ့သို့ ပြဿနာအသေးအဖွဲ့ ကလေး များက အစ ကိုကြိုးကြာပါး စပ်က မည်သို့မည်ပုံ စကားလုံးထွက် လာသနည်းဆိုသော် … ”မင်းတို့ အဲဒါမျိုးတွေ ခက်တာ ပဲ မစောရင်ရ၊ ဘာကိစ္စဖြစ်ဖြစ် ပွင့်လင်းမြင် သာမှုရှိအော င် နေထိုင် ပြောဆိုစမ်းပါကွ၊ အခု မီးခြစ်ကို မမြင်သာအောင် ထားတာမျိုး ငါ မကြိုက်ဘူးကွ””မကြိုက်ရင် လဲသေလိုက် ကိုကြိုးကြာ၊ ထမင်းဟင်းချက်တော့ ကျုပ်၊ မျိုဖို့ ဆို့ဖို့ ကျတော့ တော်က ထိပ်ဆုံးက ဟင်း…””လူ့အခွင့်အရေးကို မပိတ်ပင် စမ်းပါနဲ့ မစောရင်ရာ”ကိုကြိုးကြာက ထိုကဲ့သို့ ဖြစ်နေ ၏။
နေရာတကာတွင် နိုင်ငံရေး စ ကားလုံးများနှ င့် ဆွဲစေ့တတ်သူ ဖြစ်၏။ ကြာတော့ အရပ်ထဲမှ လူများက ကိုကြိုးကြာအား ‘ပွင့်လင်း မြင်သာ ကိုကြိုးကြာ’ ဟု တစ်မျိုး၊ ‘အေ ကြာက်တရား Blocker ကိုကြိုး ကြာ’ ဟုတစ်ဖုံ၊ ‘လူ့အခွင့်အရေး မာစတာကိုကြိုးကြာ’ ဟု တစ်လီ ဝိသေသအစီအရီဖြင့် နာမည်ကြီးနေ တော့သည်။ သို့သော် ကိုကြိုးကြာ ၏ မဟေသီ၊ ဧကရီ၊ နတ်ဒေဝီမစောရင် ကတော့ အလွန်အမြင်ကပ်နေသည် မှာ ကြာပြီဖြစ်သည်။ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင်လည်း လက်ဖက်ရည် တစ်ခွက်စီတို က်ပြီး ဟောရပြောရသော ဆိုက်ကား လှမောင်၊ မြင်းလှည်းထွန်းတင်၊ ဘူတာရုံအလုပ်သမား ချက်ကြီးတို့ မှာလည်း ကိုကြိုးကြာ၏ ပါးစပ်မှ ဒလဟောကျလာသော ဒီမို ကေ ရစီ ဆိုတာကြီး ပိနေသည်မှာလည်း ကာလ အတော်ကြာလာပြီဖြစ်သည်။ ဒီမိုကရေစီဆိုသည်ကို မြင်းလှည်း လာငှားသော ပါစင်ဂျာလောက်
ကိုထွန်းတင် စိတ်မဝင်စား၊ ခရီးသည် အပါအဝင် ကုန်စည်များ များစားစားနှင့် ဆိုက်ကားလာငှား သော ခရီးသည်လောက် လှမောင် အလေးမမူ၊ ဒီမိုကရေစီဆိုသည်ကို ချက်ကြီး ရထားအဝင်အထွက် လောက် နားမလည်၊ သို့သော် လက်ဖက်ရည်တစ်ခွက် အလကား သောက်ရ၍ လာပြီးနားငြီးခံခြင်းသာ ဖြစ်သည်။ ထမင်းတစ် လုတ် ကိုနေ ထွက်မှ နေဝင်အထိ ပျာနေ အောင် ရှာရသူများအဖို့ ဒီမိုကရေစီ လည်းမသိ၊ အကြောက်တရားကင်း စင်ရေးလည်း နားမလည်၊ ပွင့်လင်း မြင်သာမှုဆိုတာအမောက် ကေ လး နှင့်လားဟု မေးယူရမည့်သူများ ဖြစ် ၏။”ဒီမယ် ချက်ကြီး၊ မင်းတို့ ဘာလို့ဆင်းရဲနေသလဲဆိုတာ သိလား””ပိုက်ဆံမချမ်းသာလို့ ဆင်းရဲ တာပေါ့ဗျ၊ ကိုကြိုးကြာကလည်း”
ကိုကြိုးကြာက ‘ဆင်းရဲခြင်း’ ကိစ္စကို နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး နက်နက်ရှိုင်းရှိုင်းပြောချင်၍ ချက်ကြီးကိုမေးလိုက်သော်လည်း ချက်ကြီးက သူညဏ်ရည်မီ သလောက်ပဲ ဖြေလိုက်သည်။
အလွန်ပြောချင် ဟောချင်နေသော ကိုကြိုးကြာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်သွား၏။ သို့နှင့် ကိုကြိုးကြာက ဆက်၍”တို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ မှာ လူ့အခွင့်အရေးတွေ ပီ ပီပြင်ပြင် ရလာပြီး ပွင့်လင်းမြင်သာမှုတွေ တွေ့လာရပြီကွ” ”ဟုတ်တယ်ဗျ၊ ခုခေတ်က ယောက်ျားလေးတွေထက် ကောင် မလေးတွေက ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာတ ယ် ကိုကြိုးကြာ၊ ဘောင်းဘီ တိုနဲ့ ပေါင်တံကလေးတွေကို ဖွေးလို့၊ ခင်ဗျားပြောတဲ့ လူ့အခွင့်အရေးအရ ဆိုရင် အဲဒီပေါင်တံလေးတွေကို ကိုက်စားပစ်ချင်တာဗျ ဟီးဟီး ”လက်ဖက်ရည်ဝိုင်းတွင် ဘာသာစကားများ ခါးတောင်းကျိုက် တခြား ဖင်တခြားဖြစ်ကုန်၏။ ဆိုက်ကားလှမောင်ပြောသော လူ့အခွင့်အရေးက ရဲနှင့်တရားရုံး အကြိုက်ဖြစ် ၏။ ရှေ့နေအကြိုက် ဖြစ်၏။ လှမောင်ပြောသော ပွင့်လင်းမြင်သာမှုက ရာဇဝတ်မှုကို လက်ယပ်ခေါ်ခြင်းဖြစ်၏။
ဒါကို မတိမ်းစောင်းအောင် ထိန်းကျောင်း ဖို့ ကိုကြိုးကြာက”မဟုတ်သေးဘူး လှမောင်၊ တကယ်တမ်း လူ့အခွင့်အရေးစစ်စစ် ဆိုတာ … ””ကိုကြိုးကြာ”B-52 ဗုံးကြဲလေ ယာဉ်ပေါ်မှ ကြဲချလိုက်သော ဗုံးတစ်လုံး၏ ပေါက်ကွဲသံထက်မြည်ဟည်းသော မစောရင်၏ အသံက ကိုကြိုးကြာ လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။”ဟာ အလန့်တကြား ပါလား၊ မစောရင်ရယ်””သြ … တော်က တော်ကိုယ် တိုင် အကြောက်တရား မကင်းစင် သေးပဲနဲ့ သူများကို အကြောက် တရား ကင်းစင်ရေးလက်ချာတွေ၊ လူ့အခွင့် အေ ရးတွေ၊ ပွင့်လင်း မြင်သာမှုတွေ ဟောနေတာလား၊ တော့်ဟာတော် သေရွာသွားလို့ နောက်ကြောင်း ပြန်မလှည့်ချင်နေ၊ ကျုပ်အိမ်ကိုတော့ အခု နောက် ကြောင်းပြန်လှည့်ခဲ့၊ ကျုပ်နတ်ပွဲ ထွက်ရမယ်၊ ကားပေါ်ကို ကိုယ်တော် တွေ တင်ရမယ်၊ ပစ္စည်းတွေ တင်ရ မယ် လာလိုက်ခဲ့၊ ဘယ့်နှယ်တော်၊ မိန်းမလုပ်စာ ထိုင်စားနေပြီးတော့ လက်ကြောမ တင်းဘဲ ပါးစပ်ကြော တင်းပြီး ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေကြွေးကြော်နေတာ၊ ကိုယ်လည်း နိုင်ငံရေး နကန်းတစ်လုံး မသိဘဲနဲ့၊ ကျုပ်ကြာရင် တော့်ကို စိတ်ကုန် လာ ပြီနော် ဟင်းဟင်း”ဒေါသတရားမကင်းတဲ့ မစောရင်ရဲ့ စကားလုံးတွေကို အကြောက်တရားမကင်းသေးတဲ့ ကိုကြိုးကြာတစ်ယောက် မချေဖျက် နိုင်ပဲ ကုပ်ကုပ်ကုပ်ကုပ်နှင့် မစောရင်နောက်မှ လိုက်ပါသွား တော့သည်။
ကိုကြိုးကြာတို့ရပ်ကွက်ထဲမှ သော်ခင်ဆိုသည့် ကောင်လေးမှာ မြန်မာပြည်လွတ်လပ်ရေးရပြီး နှစ် ၅ဝ အကြာမှ လူ့လောကထဲသို့ ရောက်လာသူဖြစ်သည်။ အလွန်ရှိ ၁၆   နှစ်၊ ၁၇ နှစ်လောက်ပင် ရှိလိမ့် မည်။ သို့သော် သော်ခင်သည် နိုင်ငံရေးအခမ်းအနားမှန်သမျှ ရှေ့ဆုံးမှ တက်ကြစွာ လုပ်ကိုင်နေ သည်။လက်ရှည်လည်ကတုံး အ င်္ကျီ နှင့် ယောပုဆိုးကို ထာဝရဝတ်ဆင် ရင်း စမတ်ကျကျနှင့် နေတတ်ပြီး အခမ်းအနားတိုင်း၏ လက်ချာ ဘောက်(စ်)ရှေ့တွင် သော်ခင်ကို တွေ့ရမည်ဖြစ်၏။ သူ့ကိုယ်သူ ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး ခေတ်မှသည် ယနေ့ခေတ်နိုင်ငံရေး နယ်ပယ်ထိ ဖြတ်သန်းလာသလိုလို ဒီဇိုင်းဖြစ်၏။ သူ့အဖေလောက် အရွယ်ကြီးများကလည်း ဘုမသိ၊ ဘမသိနှင့် သော်ခင့်ကို နေရာပေး ကြ၏။ အထင်ကြီးကြ၏။ သော်ခင် ကလည်း ဘာအခမ်းအနား၊ ညာ အခမ်းအနားမှန်သမျှ သူမပါလျှင် မပြီးသည့်ပုံစံ။
မည်သည့်ပါတီ အစည်းအဝေးဖြစ်ဖြစ် သော်ခင် ရောက်၏။ ကိုယ်နှင့်မဆိုင်သည့် အခမ်းအနားတွင်လျှင်ပင် ပရိသတ် ရှေ့ထွက်၍ လတ်လျားလတ်လျား လုပ်ပြတတ်၏။ အ လကားနေရင်း လည်း ဟန်းဖုန်းက နားနှင့်မခွာ၊ ဘေးမှာရှိသောလူက သော်ခင် ဖုန်းပြောနေသည်ကို နားစွင့်ကြည့် လျှင် ”ဟာ အဲဒါခက်တာပဲ ဦးထွဋ် ခေါင်၊ ခင်ဗျားတို့ အ တွက် လုပ်ပေး နေတာတောင် ခင်ဗျားတို့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘူး၊ ဘာလဲ ခင်ဗျားက ခရိုနီနာမည်ခံချင် တာလား ဟင်း”ဦးထွဋ်ခေါင်ဆိုသည်မှာ မြို့ မျက်နှာ ဖုံးတစ်ယောက်၊ ကုမ္ပဏီ ပိုင်ရှင်သူဌေးတစ်ယောက်လည်း ဖြစ်၏။ ထိုလိုပုဂ္ဂိုလ်မျိုးကို သော်ခင် က အထက်စီးမှ ပြောနေသည်ကို လူတွေ အံ့သြနေကြ၏။ တချို့ကလ ည်း သော်ခင့်အသံသာ ကြားနေရ ၍ တကယ်ရော ဦးထွဋ်ခေါင်နှင့် ဖုန်းပြောနေသည်ကို ဟုတ်သလား မဟုတ်သလား သံသယများနှင့် ဖြစ် ၏။
ထို့ပြင် …”ဟဲလို ရှေ့နေချုပ်ကြီးလား၊ ကျွန်တော် သော်ခင်ပါ၊ ပြောထားတဲ့ ရက်ကို ဆန္ဒထုတ်ဖော်ကြဖို့ ရှေ့နေ ချုပ်ကြီးရဲ့ လူတွေ အဆင်သင့်ဖြစ် ပလား၊ ဒါဆိုရင် စုရပ် ကိုလည်း သိပြီးပြီနော်၊ ဟုတ်ပြီ အိုကေ အိုကေ”သော်ခင်၏ ဖုန်းပြောသံကို ကြားရသူတိုင်း တအံ့တသြဖြစ်ကြ သလို ကိုယ့်တူကိုယ့်သားအရွယ် ကောင်လေးကို အထင် ကြီးရတော့ မလို၊ အားကိုးအားထား ဆုပ်ကိုင်ရ တော့မလို ဖြစ်နေကြ၏။ ရပ်ကွက် ထဲ မီးမလာလျှင် သော်ခင့်အား သွားတိုင်၏။ ရေမလာလျှင်လည်း သော်ခင့်အား သွား တိုင်၏။ နောက် ဆုံး လင်မယားကွာရှင်းပြတ်စဲမှုတွေ လည်း သော်ခင့်ဆီသို့သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရုံးသည် အပိုသက်သက်ဖြစ်နေတော့၏။ ထိုအထဲ တွင် ကိုကြိုးကြာလည်း သော်ခင့်ကို အတော်အထင်ကြီး၏။ လေးစား၏။ သော်ခင်၏်ူသတ တွေ အောက် ကိုကြိုးကြာ ပိသွား၏။
”ဒီမယ် ကိုကြိုးကြာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကိုသိမှ လူ့အခွင့်အရေးဆိုတာကို နားလည် မှာဗျ။ ဒါကြောင့် အရာရာမှာ ပွင့်လင်းမြင်သာမှုတွေ လိုလာပြီ”အသက်က (၁၆ ) နှစ်၊ (၁၇) နှစ်အပြင် ပိုမရှိသေးဘဲ နို့နံ့တောင်မစင်ချင်သေးတဲ့ သော်ခင့်ပါးစပ်က ထွက်လာတဲ့အလုံးကြီးက ကုလသမ္မဂထက် ပိုကြီးနေသည်။ ကိုကြိုးကြာ ကိုလည်း ” ခင် ဗျားတို့ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်သင့် ပြီဗျ။ ပါတီမဝင်ချင်နေ၊နိုင်ငံရေး၊ လူမှုရေးလုပ်တယ်ဆိုတာ ခင်ဗျားလို အားအားယားယားသမားတွေ ပို ကိုက် တယ် ကိုကြိုးကြာ၊ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လုပ်မလား၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ အစည်းနဲ့ လုပ်မလား၊ လုပ်စရာ တွေ အများကြီးဗျ””အေး လုပ်တော့ လုပ် ချင်သား ကွ၊ ငါက မိန်းမလုပ်စာ ထိုင်စားနေ ရတဲ့ ကောင်ဆိုတော့ နိုင်ငံရေးလုပ် ရင် ဘယ်သူက ထမင်းကျွေးမှာလဲ သော်ခင်ရ’ကိုကြိုးကြာ၏၊
မေးခွန်းကို သော်ခင့်ပုံစံက မနှစ်မျို့သည့်စတိုင် နှင့်”ဟာဗျာ ခင်ဗျားကလည်း ဒီအချိန်မှာ မစားရမှာ၊ မဝတ်ရမှာ ပူရမယ့်အချိန် မဟုတ်ဘူးဗျ၊ အလုပ် လုပ်ဖို့က အဓိက၊ မိသား စုတွေ၊ဇနီးသားမ ယားေ တွထည့်မတွက်နဲ့၊ ဗိုလ်ချုပ်တောင် အဆင်းရဲခံ၊ အငတ်ခံ လုပ်သွားသေးတာပဲ၊ တစ်ချိန်မှာ ပန်းတိုင်ရောက်ရင် ဒီမိုကရေစီရဲ့ အသီးအ ပွင့်တွေကို စားသုံးရမှာပဲဗျ မဟုတ်ဘူးလား”ဘုန်းကြီးရူးနှင့်လှေလူး တွေ့ သည်ဟု ဆိုရမည်မသိ၊ ကိုယ့်သား လောက် ကောင်လေးရဲ့ အပြော အဆိုတွေအောက် ညွတ်ကျသွား သော ကိုကြိုးကြာမှာ နောက်နေ့မှ စ၍ မစားရမှာ မပူပင်၊ မဝတ်ရမှာ မပူပင်၊ မိန်းမငြိုငြင်မှာကို ဂရုမစိုက်၊ လည်ကတုံးအင်္ကျီကလေးဝတ်၍ သော်ခင်နှင့် ဟိုလိုက်သည်လိုက် လုပ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်တော့သည်။”မစောရင်””ဘာလဲ ကိုကြိုးကြာ ပြော”မစောရင်၏ ကီးက မာမာ ထန်ထန်ဖြစ်နေသည်။ မာထန်သည် လည်း မပြောနှင့်၊ အိမ်၏ ဗာဟီရ အလုပ်ကို ကူညီမလုပ်ကိုင်သည်မှာ ကြာပြီဖြစ်နေသော ကိုကြိုးကြာကို မစောရင် တင်းနေသည်။
”ဒီမိုကရေစီသာရရင် မင်းတို့ ငါတို့ ချမ်းချမ်းသာသာနဲ့ နေရမှာ ကွ””ဒီမှာ ကိုကြိုးကြာ ကျုပ်ကို ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေ လာမပြောနဲ့ ကျုပ်နားမလည် ဘူး၊ လောေ လာဆယ် ကျုပ်ကို ထမင်း နပ်မှန်အောင် ကျွေးထားတဲ့ ကျေးဇူး ရှင်တွေက ဟောဒီ ၃၇ မင်းကိုယ် တော်တွေပဲ၊ ဒီအလု ပ်နဲ့ တော့်ကို ကျွေးမွေးလာ တာ၊ တော့် အသ က် တောင်သေခါနီးနေပြီ၊ အခုတလော တော့်အိမ်အလုပ် ဘာမှမလုပ်ဘဲ နိုင်ငံရေးသမားယောင်ယောင် လုပ်နေတာ ကြာပြီ၊ ကျုပ် တော့်ကို ကြည့်မရတော့ ဘူး”မစော ရင် ပြောမည်ဆိုလည်း ပြောစရာပင်၊ ဘာမျှနိုင်ငံရေး ခံယူချက်မရှိ၊ နိုင်ငံရေးလည်းမသိဘဲ၊ အတွေ့အကြုံဖြတ်သန်းမှုမရှိဘဲ ကိုယ့်သားအ ရွယ် သော်ခင့်စ ကား တွေ ပိ ပြီး နောက် တကောက် ကောက် လိုက်နေခြင်းဖြစ်သည်။ ယခင်နှစ်ပတ်လောက်က ဆန္ဒထုတ် ဖော်သူတွေကြား ဘုမသိ၊ ဘမသိ ဝင်ပြီး လက်သီးလက်မောင်းတန်း မိ၍ ၁၈ (စ) နှင့် ညားကာ အချုပ် ထဲ တစ်ပတ်လောက် အိပ်ခဲ့ရ၏။ အချုပ်ထဲ ရောက်ခဲ့သည်ကိုပင် သာယာဝတီထောင်ထဲရောက်ခဲ့ သော ဝါရင့်နိုင်ငံရေးသမားကြီး ဒီဇိုင်း ဖမ်းေ န၏။
”ဒီမယ် မစောရင်၊ နိုင်ငံရေး ဆိုတာ ပြည်သူတစ်ရပ်လုံးတင် မကဘဲ သူတောင်းစားအထိ သက် ဆိုင်တယ်ကွ၊ ကိုယ့်မိသားစု ကွက် ကွက်ကလေးကို ကြည့်နေလို့ မရ ဘူး ။ နိုင်ငံအတွက် ကြည့်ရမယ် ကွ၊ (၈၈) အရေးအခင်းလို အိပ်မက် ဆိုးကြီးဆီ နောက်ကြောင်းပြန် မလှည့်ဘူး မစောရင်၊ လူ့အခွင့် အရေးတွေ ပွင့်လင်းမြင် သာလာ တဲ့ခေ တ်မှာ မင်းတို့ငါတို့လည်း ပါဝင် ရမယ်ကွ၊ မောလိုက်တာကွ၊ ညစာ ဘာဟင်းချက်ထားလဲ မစောရင်”ကိုကြိုးကြာ၏ နိုင်ငံရေး စကားလုံးတွေကို နတ်ပွဲတစ်ပွဲ လောက် စိတ်မဝင်စားသည့် မစော ရင်က ”ဘာမှ ချက်မထားဘူး၊ တော့် အစာအိမ်ထဲမှာ နိုင်ငံရေးကိစ္စတွေနဲ့ ဝလင်နေမှတော့ အိမ်မှာထမင်းစား ဖို့ နော က်ကြောင်း ပြန်လှည့် မ လာနဲ့၊ ဆာရင် ရေသောက် ဗိုက်မှောက်နေ လိုက်၊ ဗိုလ်ချုပ်တောင် လွတ်လပ်ရေး ရဖို့ အငတ်ခံလုပ်လာသေးတာပဲ၊ တော့်ဟာက လွတ်လပ်ရေးလောက် မကြီး ကျယ်သေး ပါဘူး ကိုကြိုးကြာ ရယ်၊ ဟင်းဟင်းဟင်း”အခုမှ ကိုယ့်ရှူးကိုယ်ပတ် ဖြစ် ကုန်၏။ ကိုယ်ပက်လိုက်သည့်ရေ ကိုယ့်မျက်နှာ ပြန်စဉ်ခြင်းဖြစ်၏။ ကိုယ့် စကားလုံးတွေ ကိုယ့်ပြန် စိုက် ဝင်ကုန်၏။ သေချာသည်ကတော့ ယနေ့ည ထမင်းငတ်ပြီဖြစ်၏။
ကိုကြိုးကြာ မစောရင်ကို ဒေါသလည်း ဖြစ်သွား၏။ ထိုင်နေ ရာမှ ရုတ်တရက်ကြီး ‘ဝုန်း’ ခနဲ မတ်တတ်ထရပ်ပြီး”အေး ကြိုက်တယ် မစောရင်၊ ငါကလည်း ရပ်ကွက်ထဲမှာ ‘ပွင့် လင်းမြင်သာ ကိုကြိုးကြာ’ ဆိုတဲ့ နာမည်တစ်လုံးနဲ့ နေတာ၊ ထမင်း တစ်နပ်မစားရတာကို ဂရုမစိုက်ဘူး မစောရင်၊ တစ်နေ့ ကြိုးကြာဆိုတဲ့ ကောင် ဘာကောင် လဲဆို တာ မင်း မြင်သာလာရမယ်ကွ”မစောရင်က ကိုကြိုးကြာ၏ ပေါက်ကွဲသံစဉ်ကို ဥပေက္ခာပြုရင်း အတွင်းခန်းထဲသို့ လှည့်ဝင်သွား သည်၊ စိတ်တိုနေသော ကိုကြိုးကြာ က တဂွီဂွီ၊ တဂွမ်ဂွမ်မြည်နေသော အစာအိမ်ထဲသို့ သောက်ရေအိုးမှ ရေခပ်ကာ အကြိမ်ကြိမ်သောက်ပစ် လိုက်သည်။ ထို့နောက် ဆက်တီ စားပွဲပေါ်မှ သော်ခင်ပေးထားသော ဂျာနယ်တစ်ထပ်ကြီးကို တစ်စောင် ပြီးတစ်စောင် ဆက်ဖတ်နေမိသည်။ ဂျာနယ်ဖတ်ရင်းဖြင့် ဆာလောင် မွတ်သိပ်ခြင်း အာရုံကို လမ်းလွှဲနေ ခြင်းဖြစ်သည်။
ရပ်ကွက်မီးကင်းတဲ မှ သံချောင်းခေါက်သံ ၉ ချက်တိတိ ခေါက်သံကိုပင် ကိုကြိုးကြာမကြား တော့၊ ဂျာနယ်ထဲမှ နိုင်ငံရေး ဆောင်းပါးများ၊ ဆန္ဒထုတ်ဖော်မှု များ၊ ၂ဝဝ၈ အြေ ခခံဥပဒေကို ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းကိစ္စ များ၊ သန်းခေါင်စာရင်းကိစ္စများကို စိတ်ဝင်တစား ဖတ်နေသော ကိုကြိုးကြာတစ်ယောက် ည ၁ဝ နာရီကျော်သွားသည်ကိုပင် သတိ မထားမိတော့။ ထိုစဉ် လူရိပ်တစ်ခု သူ့အနားမှ ဖြတ်သွားရင်း”အစ်ကိုကြီး ပြန်ပါဦးမယ် ခင်ဗျ””သြော် အေးအေး”ဂျာနယ်ဖတ်နေရာမှ ကိုကြိုး ကြာ ဖြေလိုက် သည် ။ နောက်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီး သူ့ကို နှုတ်ဆက်သွားသူကို ထကြည့် တော့ အရိပ်ပင် မမြင်လိုက်ရချေ။ ကိုကြိုးကြာ ရုတ်တရက် စဉ်းစား လိုက် သည်။”ဒီအိ မ်မှာ ငါနဲ့မစောရင် လင်ကိုယ်မယားနှစ်ယောက်တည်း နေတာပါ၊ လူပိုလည်း မရှိဘူး၊ ခုလို အချိန်မတော်ကြီးကျမှ အိမ်ပေါ်က ဆင်းသွားတာ သူခိုးသူဝှက် များ လား ၊ နောက်ပြီး မခန့်လေးစားနဲ့ ငါ့ကို တောင် နှုတ်ဆက်သွားသေးတယ်၊ ဒီကောင် ဘာလဲဟ”ထိုသို့စဉ်းစားလိုက်ပြီးမှ မစောရင်ရှိရာ အခန်းဘက်သို့ လှည့်ပြီး”ဟေ့ မစောရင်၊ မစောရင် အိပ်ပြီလားဟ၊ မြန်မြန်လာစမ်းပါဦး ဟ”မစောရင် အိပ်ခန်းထဲမှ ထွက် လာပြီး ကပိုကရိုဖြစ်နေသော ဆံပင် များကို ပြန်ထုံးလိုက်ရင်း”ဘာလဲ ပြော”အရာရှိက ရုံးခ န်းထဲ ဝင်လာ သော အထွေထွေလုပ်သားကို မေး လိုက်သော လေသံဖြင့် မစောရင်က မေးလိုက်သည်။
”ခုနက အိမ်ပေါ်က လူ တစ်ယောက်ဆင်းသွားတာ မင်း မသိ လိုက် ဘူးလား””သိသားပဲ”မစောရင်က ဘာမျှမဖြစ်သလို လေသံဖြင့် ပြောသောကြောင့် ကိုကြိုးကြာ အေ တာ် ဒေါသဖြစ်သွား ပြီး”ဘာကွ သိရင် သူခိုးလား၊ ဓားပြလား၊ ထ မကြည့်တော့ဘူးလား ကွ၊ နောက်ပြီး ညကြီးအချိန်မတော် လာသွားတာ မင့်အမျိုးလည်း ဟုတ် မယ် မထင်ဘူး၊ အတော်သောက်သုံး မကျတဲ့ မိန်းမပဲ ဟင်း”ကိုကြိုးကြာ၏ ဒေါသစကား တွေကြားတွင် မစောရင်က ရင်ကော့ ခါးထောက်လိုက်ပြီး”ဒီမှာ ကိုကြိုးကြာ ၊ တော် က တော့်ကိုယ်တော် ပွင့်လင်းမြင်သာ ကိုကြိုးကြာဆိုတော့ ကျုပ်က မြင်သာရုံလောက်တော့ မကြိုက်ဘူး၊ စောရင်က တည့်(ဒဲ့) ပဲ၊ ပေါ်တင်ပဲ၊ မှတ်ထား ပွင့်လင်းပေါ်တင် မစောရင်တဲ့၊ ဟင်းဟင်း၊ ခုနက တော့်ဘေးက ဖြတ်သွားတာ သူခိုး လည်း မဟုတ်ဘူး၊ အမျိုးလည်း မဟုတ်ဘူး၊ အဲဒါ ပွင့်လင်းပေါ်တင် မစောရင်ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီ၊ ကိုယ်ပိုင်လူ့အခွင့်အရေး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ အဲဒါ ကျုပ် လင်ငယ် တော်ရေ့၊ မသိရင် မှတ်ထား လိုက်””ဟိုက်”ကိုကြိုးကြာ၏ ပါးစပ်မှ ‘ဟိုက်’ ဟူသော အာမေဍိတ် တစ်ခု နေဝင် မိုးချုပ်ပြီးနောက်၊ နောက်တစ်နေ့မှ စ၍ ကိုကြိုးကြာ အိမ်ထဲမှ အိမ်ပြင် သို့ လုံးဝမထွက်တော့ချေ။ သူ့နှုတ်ဖျားမှ အလိုလို ဆွံ့အသွား သောဘာသာစကား များမှာ နိုင်ငံ ရေးစကားများပင် ဖြစ်တော့ သတည်း။
မောင်သစ်လှိုင်း
တောက်တီးတောက်တဲ့
$
0
0
ဖြီးကြမယ်ဟေ့ကောင်းကောင်း
တောက်တီးတို့နုစဉ်က အဆိုတော်L ခွန်းရီရဲ့ သီချင်းတစ်ပုဒ်ကို ခုတလောအမှတ် ရနေမိသဗျာ။ စာသားလေးတော့ နည်းနည်းလွဲနိုင်တယ်။ မှတ်မိသလောက် ရေးပြရရင် …နင်လိုချင်ရင် မြင့်မိုရ်တောင်ကို အမှတ်တရပေး မလို့တဲ့။ဓူဝံကြယ်ကို လိုချင်ရင်တောင် ဖမ်းဆုပ်ပေး မတဲ့လား ။နေရောင်ခြည်တွေ ကမ္ဘာမှာ လုံးဝမပူအောင် အမိုးလုပ်ပေး မယ်ဆိုသူရေမိုးသားထက် ဝတိံဖျားမေသွားချင်ရင် လမ်းခင်းပေး ပါ့မတဲ့ အကြင်နာဆုံးရဲ့ အကြင်နာဆုံးက ချစ်သူ သူရဲကောင်း …ဆိုတဲ့ သီချင်းလေးဗျာ။ အဲဒီကတည်း ကယော က်ျားမှန်ရင် ပိုပိုသာသာ ပြောရတယ်။ အလေးမှန်ချင်ရင် ပိုပိုသာသာ ချိန်ရတယ်လို့ပဲ နားလည်ထား တယ်။ ခုခေတ်တော့ ပိုကြောင်းကျိုး ဆီလျော်ဖြစ်နိုင်ခြေရှိတဲ့ စကားတွေ ကို ပြောရတော့ မယ်။အချစ်ကလေး နဲ့ လကမ္ဘာကို မင်္ဂလာနှစ်ပတ် လည်သွားချင်တာ။ ဒါပေမဲ့ အာကာသခရီးသွား အစီအစဉ်တွေက ၁၉၇၂ ကတည်းက ရပ်သွား တာ ကိုယ် မသိလိုက် ဘူးကွာတို့ ဘာတို့ပေါ့။ အသည်းလေးက A 380 လေ ယာဉ်ကြီးရဲ့ first class အထက်တန်း လက်မှတ်တွေဖြတ်ပြီး ကမ္ဘာအနှံ့လိုက် ပို့ပေးချင်တာ၊ မတော် MH 370 လေယာဉ်လို ဘယ်ပျောက်လို့ ဘယ် ရောက်မှန်းမသိရင် အသည်းနဲ့ ကြာကြာ မပေါင်းရမှာ စိုးလို့တို့။ ဒါကြောင့် အုန်းလက် တံမြက်စည်းကို မြင်းလုပ်ပြီး တက်ကလုပ်၊ တက်ကလုတ်နဲ့ စီးရင်း ပျော်ကြရအောင်တို့။မီးမီးလုံးတုံး ပူတူးတူးလေးအတွက် တယ်လီနောနဲ့ အူရီဒူး ဆက်သွယ် ရေး ကုမ္ပဏီတွေ ဝယ်ပေးချင်တာ ဟိုနိုင် ငံခြားအကောင်တွေနဲ့ ပူတူးလေးကို သဝန်တိုတာရယ်၊ ပူတူးလေး management တွေ ဝင်ပါချင်ရင် ပင်ပန်းနေ မှာ စိုးတာရယ်ကြောင့် ဝယ်မပေးတာနော်တို့ ဘာညာ ကွိ ကွ ရွှီးတတ်အောင် ကျင့်ကြပါရောင်းရင်းတို့ …
ဇွန်လအတင်းချုပ်
ကတ်သီးကတ် သတ်ချန်နယ်မှ တောက်တဲ့မဖြစ်ပါတယ်ရှင်။ အခု ကျွန်မ တင်ဆက်မယ့် ဝါးလုံးနင်း ဝါးခြမ်း နင်း သတင်းများ ဟာပြီးခဲ့တဲ့ ဇွန်လ ရဲ့အတင်း မှတ်တမ်းများဖြစ်ကြောင်း ကြိုတင်အစီရင် ခံပါတယ်ရှင် ။ဘရာဇီး အသင်းအနိုင်ရ၍ ဘရာဇီယာချွတ်ပြီး ဗရာဘိုလုပ်ကြတဲ့ပုံကို မဟာပုရိသ များက ဘောပွဲအပြင် ကန်မရပြုမရသောထို စေ နနှစ်လုံးကို ပြုံး၍အားပေး ခဲ့ကြပါကြောင်း သိရပါ တယ်ရှင့် ။ဘောသမား များအကြိုက်၊ ဘောလုံးရာသီစာ အဖြစ် ပြည်တွင်း ထုတ် ဂျာနယ် အဖုံးတစ် ခုတွင် ဘောလုံးအပြင် လှပေ အာင် ပြုလုပ်ထားသော စနေနှစ်လုံးကို ခုံးခုံးကြီးဓာတ်စာ အဖြစ်ထည့် သွင်း ဖော်ပြထားတာ တွေ့ရပါ တယ်ရှင် ။ နောက်ဆက်တွဲ သတင်းက အဲဒီဘရာဇီး သူလေးများ ချွတ်ပစ်ထားသော ဘရာဇီယာ ကိုဘော အယ်ဒီတာက မျက်မှန်အိတ်ပြုလုပ်၍ သိမ်းဆည်းထား ကြောင်း သိရပါ တယ်ရှင်။Miss Universe Myanmar  ပြိုင်ပွဲဝင်လောင်း လျာ များ ပြင်ဦးလွင် တွင် လေ့ကျင့် ခန်းပြုလုပ်နေသော ဓာတ်ပုံညှပ်စိတွင်  (ဓာတ်ပုံ သေးသေးလေးမို့ပါ) ညှပ်ဖိနပ်များဖြင့် ပြေးသူ၊ ခုန်သူက ပိုများခဲ့သည့်အတွက် မြန်မာ့ ညှပ်စိကမ္ဘာ ကသိ၊ (အဲလေ မှားသွားပါတယ်ရှင်) မြန်မာ့ညှပ်ဖိနပ် ကမ္ဘာပတ်လေ တော့ မလားရယ်လို့ အားလုံးက စိတ်ဝင် စားနေကြပါတယ်။ အသက်မပြည့်သေးသော မင်းသမီးငယ်လေး၏ ဆေးလိပ် သောက်နေ သော ဓာတ်ပုံမှာ ကာယကံရှင်၊ အုပ်ထိန်းသူနှင့် ဓာတ်ပုံဆရာတို့ အပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း သူသောက် တဲ့ ဆေးလိပ်ကို ဘယ်သူကများ ဝယ်ပေးတယ်ရယ် လို့လည်း သိချင်သူ များပြားခဲ့ ပါတယ်ရှင့်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အနိုင် အရှုံးကို ခန့်မှန်းပေးသူ ဗေဒင်ဆရာ၊ နတ် ကတော်များ အပြင် ရေဘဝဲပါ အလုပ်ရှုပ် ကြပါပြီ။ ပြီးခဲ့တဲ့လေးနှစ် ကမ္ဘာ့ဖလားပွဲမှာ ဘယ်ဗေဒင်ဆရာ၊ နတ် ဆရာတို့၏ ခန့်မှန်း ချက်မှမမှန်ဘဲ စားသောက် ဆိုင်တစ်ခု ရှိ ရေဘဝဲ ပေါလ် တစ်ကောင်သာ ပွဲစဉ်အစအဆုံး ခန့်မှန်းမှု မှန်ကန် ခဲ့၍ ယခုနှစ်ကမ္ဘာ့ ဖလား ဘောလုံးပွဲတွင် ဗေဒင် ဆရာများ၊ နတ်ဆရာများ လည်း သူတို့ခန့်မှန်းချက် ဒက်ထိမှန် အောင် တိရစ္ဆာန်ခဏဖြစ်ချင်ကြောင်းလည်း သိရပါတယ်ရှင့်။မြန်မာ့မော်ဒယ်ထိပ်ခေါင်၊ ကလေး နှစ်ယောက်အမေ၊ ကြော်ငြာ မင်းသမီး လည်း သူနှင့်ကော လာ ဟလ ထွက်နေ သော ပုဂ္ဂိုလ်၏ အသိုင်းအဝိုင်းနှင့် ပွဲထွက် စိပ်လာနေ ပါတယ်။ အရှေ့တောင် အာရှ၏ Body Building Champion-ships ပွဲကြီး တွင် ကြွက် သားတောင့် တင်းလှပမှု၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကို ပြသ ခဲ့သော အမျိုး သမီးများကို အား ကျသဖြင့် မိန်းကလေးများ အလှမပြင်ဘဲ အလေး မနေကြ၍ အလေးမ အားကစား ခန်းမမှာ အမျိုးသားကြွက်သားရှင်များ နေရာပင် လုလုပ်နေရကြောင်း မိန်းမလျာရပ်ကွက် ကတော့ ဒါမျိုးမကြောက်လို့ ရွာရိုး လျှောက်နေသော မြန်မာမျိုး အခြောက်များဖြင့် သာ ပြ ည့်နေပြီလို့ သိရပါတယ်။နေ့လယ်ခင်းပိုင်းတွင် တစ်ကမ္ဘာလုံး ဖေ့ဘွတ်ခေတ္တရပ်သွား၍ ကမ္ဘာ ပေါ်တွင် ပွက်လောရိုက်ခဲ့ရသော်လည်း တစ်ချိန်လုံး အဝိုင်းလည်ေ နတာ သာ တွေ့နေရသော မြန်မာ့ဖေ့ဘွတ် Fan  များမှာ အင်တာနက်လိုင်း ပြတ် သည်ကို လုံးဝမသိရှိလိုက်ရဘဲ လိုင်းတက်လာနိုး တက်လာနိုးဖြင့် ကိုယ့်ဖုန်း ကိုယ်ပွတ် ပြီး အေးချမ်းနေခဲ့ကြောင်း သိရပါတယ်။မိုးကြီးသည့် နံနက်ခင်းတစ်ခုတွင် တစ်ကိုယ်တော်ဆန္ဒပြခဲ့သော မိုးကြီး ဇွန်မှာ ယခုတစ်လအတွင်း စိတ်ဝင်စားစ ရာဖြစ်ခဲ့သည့် အပြင် ”သူ့ကို ကျ တော့ ဘာကြောင့်ဓာတ်ကြိုးပြုတ်မကျတာလဲ” ဆိုတာကိုလည်း စိတ်ဝင်စား နေကြပါတယ်။Night Club တစ်ခု၏ အိမ်သာခန်းတွင် အမူးလွန်ကာ အန်ရင်း အိပ် ပျော်သွားသော မင်းသမီးသတင်းကို သတင်း အမှောင်ချထားကြသော် လည်း ပြန်လည်ဖြေရှင်းလျှင်တောင် ထုံးစံအတိုင်း ”အမူးလွန်လို့ အန်တာ မဟုတ်။ ကိုယ်ဝန်ရှိလို့ အန်တာ”လို့ပဲလိမ်ပြောဦးမလားလို့ သိရှိချင်နေကြပြန်ပါတယ်။အွန်လိုင်း site တစ်ခုမှ တစ်ခုလပ် မင်းသမီးနှင့်တစ်ခုလပ်ဟု အတိ အလင်း မပြောသေးေ သာမင်းသားတို့၏ရင်းနှီးလွန်းနေတဲ့ ပုံကို အမိအရ တင်လိုက်ပြီး ကမ်းခြေတွင် မင်္ဂလာ ဧည့်ခံပွဲလုပ်ခဲ့သော အနုပညာရှင်၏ ပွဲ ၌ ၄င်းတို့နှစ်ဦး ၏ နေထိုင်ပြုမူပြပုံများ သည် ကောလာဟလကို  အတည်ပြုပေးခဲ့ သကဲ့သို့ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ် နေတယ် လို့သိရ ပါတယ်။ ဒီကြားထဲ နာမည်ကျော် ဟန်းနီး မွန်း ကြော်ငြာစာတမ်း တစ်ခုလည်း ထွက် ပေါ်လာပါတယ်။ကမ္ဘာတစ်လွှားမှ မယ်စကြဝဠာ ပြိုင်ပွဲဝင် များရဲ့ပုံများကိုကြည့်ပြှီး မြန်မာအတွက် အားမရှိ ကြောင်း ဝေဖန်မှုများထွက် ပေါ်နေပြီး မင်းသ မီး၊ မော်ဒယ်၊ Miss များ ၏နောက် ကွယ်မှအချို့သော မိခင်၊ နောက် လိုက်များမှာ ကြက်တူရွေးကတော်တော်မယ်တော်ကကဲကဲဖြစ်ကာ ရောဂါရေချိန်မြင့်တက် နေကြောင်း မခံနိုင်သူများ ရပ်ဝန်းက သတင်းပေးပို့ လာပါတယ်ရှင့်။
တိုးတက်လာချက်ကတော့
မြန်မာ ယောက်ျားလေးမှန်ရင် ရတနာဝင်းထိန် ကိုသိကြတာ ချည်းပဲလို့ မောင်တောက်တီးတော့ ထင်သဗျ။ ရန်ကုန်မှာသာမက မန္တလေး၊ မော်လမြိုင်၊ ပြည်အစရှိတဲ့ မြို့ကြီးေ တွမှာလည်း ရတနာဝင်းထိန် စာအုပ်တွေရှိသဗျ။ သူ့စာအုပ်တွေကို ရိုက်ကြသလောက်၊ မိတ္တူပွားကြ သလောက်သာ သူ့ကို စာမူခ မှန်မှန်ကန်ကန်ပေးကြမယ်ဆိုရင်ဖြင့် ရ တနာဝင်းထိန်တို့ သူဌေးဖြစ် တာကြာပေါ့လေ…။ မြန်မာနိုင်ငံရဲ့ ပြိုင်ဘက်မရှိ အပြာစာရေးသူကြီးပဲ ဥစ္စာ…။ သို့သော် ရတနာဝင်းထိန် ကိုယ်တိုင်ဟာ အဲဒီဂုဏ်ပုဒ် ကို ကျေကျေနပ်နပ်ကြီး လက်ခံခဲ့တယ်ဗျ။ အပြာ စာအုပ်ရေး ပြီး နိုင်ငံရေး လိုလို၊ တော်လှန် စာပေလိုလို တော်လှန် အနုပညာ လိုလို မလုပ်ခဲ့ဘူး။ သူကွယ်လွန် သွားတော့ နာရေးကြော်ငြာမှာလည်း ရတနာဝင်းထိန်ဆိုတဲ့ ကလောင်နာမည် ကို အတိအလင်းဖော်ပြခဲ့ပါသေးတယ်။ ကျန်ရစ် သူမိသား စုအနေနဲ့ လည်း ရတနာဝင်းထိန်ဆိုတဲ့ ကေ လာင်ကို ကျေကျေနပ်နပ် လက်ခံတယ်လို့ ထင်ရ ပါတယ်။ ဘယ်လိုပဲပြောပြော စာပေ လွတ်လပ်ခွင့်မရခဲ့တဲ့ ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ ရတနာဝင်းထိန် စာအုပ်ေ တွ ပလူပျံခဲ့တာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူးလေ။ အဲ…ခုတော့ကာ စာပေလွတ်လပ် ခွင့်တွေရပြီ၊ စာပေစိစစ်ရေးလည်း မရှိတော့ဘူး ဆိုတဲ့ခေတ်ကိုရောက်တော့ မှ တော်လှန်စာပေ လိုလို၊ တော်လှန် အနုပညာလိုလို နိုင်ငံရေးလိုလိုနဲ့ အပြာစာအုပ် တစ်အုပ်ထွက် လာသဗျ။ မောင်တောက် တီးတို့လည်း အစကတော့မသိပါဘူး။ လူပြော သူပြောများ လာတော့မှရှာ ဖတ်ကြည့်တော့ လိင်ဆက်ဆံတဲ့ကိစ္စတွေကို ဗရမ်းပတာ ရေး ထားတာမှန်း သိရတော့တယ်။ ဒါပေမဲ့ နိုင်ငံတကာ စာရေး ဆရာကြီး တွေနဲ့ တန်းလိုက်ညှိလိုညှိ၊ နိုင်ငံရေး စာသားလေး ဟိုတစ်စသည်တစ်စ ထည့်လို ထည့်နဲ့ ဟိုလိုလိုသည်လိုလိုလုပ်ထားသဗျ။ မရဲဘဲနဲ့ ကျွဲပြဲစီးတဲ့ သဘောပေါ့ဗျာ။ အဲ…သိပ်မကြာပါဘူး။ အဲသည် စာအုပ်ဟာ လက်ရှိ ပုံနှိပ်/ထုတ်ဝေဥပဒေ၊ ရာဇသတ်ကြီးဥပဒေတွေနဲ့ ငြိနေတာကြောင့် သက်ဆိုင်ရာက အရေးယူဖို့ အမှုဖွင့်လိုက်တယ်ဆိုတာကို ကြားရတော့တာပါပဲဗျား။ သေသေချာချာစဉ်းစားကြည့်တော့ ရတနာ ဝင်းထိန်က သူ့ကိုယ်သူ အပြာစာရေးတဲ့သူဆိုတာကို ရဲရဲတင်းတင်း ဝန်ခံ ခဲ့ပေမဲ့ ခုတစ်ယောက် ကတော့ရတ နာဝင်းထိန်လောက်တောင် သတ္တိမရှိဘူး ဆိုတာကိုတွေ့ရသဗျ။ အင်း…ဆင်ဆာဘုတ်တွေမရှိတဲ့ခေတ် မြန်မာနိုင်ငံ မှာ တိုးတက်ပေါ်ထွက် လာချက်တွေ ကတော့ သရဲ ရုပ်ရှင်တွေနဲ့ အပြာ စာပေ တွေ လို့တောင် ပြော ရမလိုဖြစ်နေ ပါရောလားဗျာ။
လူ့ရဲ့ စိတ်ဟာဆန်းကြယ်
လူတစ်ယောက် ဟာစဉ်းစားဖို့ အချိန်မရှိရင် လိမ်မပြောနိုင်ဘူးလို့ စိတ်ပညာ ကဆိုထား တယ်ခင်ဗျ။စကာြးေ ပာရင် မြန်မြန်ထက်ထက် ပြောတတ် တဲ့သူတွေဟာ လိမ်ပြောတဲ့ ရာခိုင်နှုန်း နည်းပြီးတော့ အချိန်ဆွဲ ပြီး ပြောတတ်သူတွေဟာ အမှန်ကိုဖုံးကွယ်ဖို့အတွက် အချိန်ယူနေတာ ကြာတာလို့လည်း စိတ်ပညာ သုတေ သီတွေက ပြောကြပါတယ်။မောင်တောက်တီးတို့ စိတ်ပညာ သင်တုန်းကဆိုရင် ဆရာကကစား နည်းလေး တစ်ခုနဲ့ တစ်ဖက်လူရဲ့ အတွင်းစိတ်ကို သိနိုင်ကြောင်း သင်ပြပါသဗျ။ တစ်ဖက်လူ ကို မေး ခွန်းလေးတွေမေး ရမယ်။ မေးခွန်းဆိုတာကလည်း ရှည်ရှည်ဝေးဝေး မဟုတ်ဘူး။ ကိုယ့်ပတ်ဝန်းကျင်က အရာ ဝတ္ထုတွေ ကိုပဲ ပြောရမှာ။ ဥပမာ ရေပုံး၊ ကွန်ပျူတာ၊ စာအုပ် ၊ ကြောင်၊ ခွေး၊ ကြွက် စသည်ဖြင့်ပေါ့ ။ ဖြေတဲ့သူကလည်း ချက်ချင်းပြန်ဖြေရတယ်။ ဆိုပါစို့….လူနှစ်ယောက် အမေးအဖြေ လုပ်ကြပြီဆိုပါစို့။မေး – ရေပုံး၊ ဖြေ – ရေ ခပ်မယ် ၊ မေး- ကွန်ပျူတာ၊ ဖြေ – ဂိမ်းကစားမယ်၊ စာအုပ် – မဖတ် ဘူး စသည်ဖြင့်ပေါ့ဗျ။ စဉ်းစားချိန်မရှိဘဲ ချက်ချင်းပြန်ဖြေရတာ ကြောင့် သူ့စိတ်ထဲမှာ ရှိတာကို အမှန်အ တိုင်းသိနို င်ပါတယ်။ မြန်မာလို လွှတ်ခနဲပြောလိုက် မိတယ်ဆိုတာကို တစ်ဖက်လူဆီက ထွက်လာအောင် လုပ်ယူတာပါပဲ။ အဲ…မေးခွန်းတွေဆင် တဲ့အခါမှာတော့ အတတ် ပညာေ လးလိုသဗျ။ ပတ်ဝန်းကျင် မှာရှိနေကျ သာမန်ပစ္စည်းတွေကိုပဲ ဆက်တိုက်မေးသွားပြီးမှ ကိုယ်သိချင်တဲ့ ကိစ္စ နဲ့ပတ်သက်တဲ့အရာ ကိုမေးရ တယ်။ဆိုပါစို့ လူတစ် ယောက်နဲ့ ပတ်သက်လို့ ခင်ဗျားမေး မယ့်သူ စိတ်ထဲမှာ ဘယ်လိုသဘောထား လဲ သိချင်တယ်ဆိုပါ စို့။ အရင်ဆုံး ပတ်ဝန်းကျင်မှာ ထိတွေ့ နေ ကျပစ္စည်းေ တွကိုမေးပြီးမှ အဲဒီလူနာမ ည်ကိုရုတ်တရက် မေးလိုက်ရတယ်။ ရေပုံး၊ ကွန်ပျူတာ၊ စီစီတီဗီ၊ ရေခဲသေတ္တာ၊ မုန့်ဟင်းခါးအစ ရှိသည် ဖြင့် မေးပြီးတော့မှ ‘တောက်တဲ့မ’ပေါ့ဗျာ..ဒီလိုရုတ်တ ရက် မေး လိုက်ရင် ဖြေတဲ့သူက သူ့စိတ် ထဲရှိနေ တဲ့အတိုင်း လွှတ်ခနဲပြောလိုက်မိမှာပဲ။ ကျွန်တော်တို့တစ်တွေ အဲသလိုမေးကြတဲ့အခါမှာ အတန်း ထဲက ကောင်မလေး တစ်ယောက် နာမည်ကိုဖြတ်မေး လိုက်တော့ ဖြေတဲ့သူက ‘အရမ်းချစ်တယ်’ လို့လွှတ်ခနဲပြန်ပြော လိုက်တာကစပြီး နောက်ပိုင်းမှာ ချစ်သူတွေ ဖြစ်သွားကြရာက ခုဆို သားသမီးတွေေ တာင် တော်တော်ရနေကြပါ ရောလားဗျာ။ အင်မတန် စိတ်ဝင်စား ဖို့ကောင်းတဲ့ နည်းလေးပါ။ စမ်းကြည့် တိုင်းလည်း တစ်ဖက်လူရဲ့ စိတ်ကို သိရတာချည်းပါပဲ။ အင်တာဗျူး လုပ်နေရတဲ့ သတင်းသမားေ တွသိထားသင့်တဲ့ နည်းလေးပါပဲ။ အဲသည်နည်းလေးကို ပြန်စဉ်းစားနေရင်းနဲ့မှ ဖေ့စ်ဘွတ်ကို ဖွင့်ကြည့် လိုက်တော့ ”ကျဆုံးတပ်မတော်  သားထောက်ပံ့ကြေးမှာ ဂျနီဖာလို ပက်ဇ်ရဲ့ တင်ပါးတစ်ခြမ်း အာမခံထားရှိမှု မျှသာရှိ” လို့ လွှတ်တော် ကိုယ်စားလှယ်ကြီး တစ်ယောက်က ဖြေထားတာကို တွေ့လိုက်ရတော့ စိတ်ထဲကနေကြိတ်ပြီး ပြုံးလိုက်မိသဗျ။
ဟီးဟီး….။ လူ့စိတ်ဟာ အင်မတန်ဆန်းကြယ်လှသနော်…။
တောက်တီးတောက်တဲ့
$
0
0
ဘဝပါပြောင်းသွားမနော်
ဂျာနယ် တစ်စောင်မှာပါတဲ့ အမျိုးသား ပြည့်တန်ဆာတွေ အကြောင်းဖတ်ပြီး မောင် တောက်တီး တစ်ယောက် အတော်အံ့သြ သွားသဗျ။ မောင်တောက်တီးတို့ ဦးလေးတွေ ကတော့ သူတို့ လူပျိုဘဝလောက် ကတည်းက ဒါမျိုးတွေ ဗိုလ်ချုပ် ဈေးတစ်ဝိုက်မှာ ကျက်စားခဲ့ကြတယ်လို့ ပြောတာပဲ။ ဗိုလ်ချုပ်ဈေးနဲ့ လန်ကက် စတာလမ်း ကို ဆက်ထားတဲ့ မီးရထားလမ်းကျော် တံတားနားက လက်ဖက်ရည် ဆိုင်လေးမှာ အဲသည်အမျိုး သား ပြည့် တန် ဆာတွေ ရှိခဲ့ကြတယ်လို့ပြောသဗျ။ အဲဒီမှာ လေ့ကျင့်ရင်း ကျင့်သားရ တဲ့သူတချို့ဟာ ပြည်ပနိုင်ငံ တွေ မှာတောင် ဒီအလုပ်သွားလုပ်ကြ တယ်လို့ သူကဆိုတယ် ။သို့သော် မောင်တောက် တီး တို့ကတော့ ခုမှပဲေ သသေချာချာ သိရလေတော့ကာ စာရေး သူကိုလည်း အံ့သြချီးကျူး မိပါရဲ့ဗျာ။ ဒီလို စစ်စစ် ပေါက်ပေါက် ရေးနိုင်တာကြောင့်ပါ။ အမျိုးသား ပြည့်တန်ဆာ တစ်ယောက်ဖြစ်ဖို့ကလည်း လွယ် တာမှတ်လို့။ လုပ်ချင် တိုင်း လုပ်လို့မရဘူး။ ဘော်ဒီ ကောင်း ရုပ်ချောပြီး ဘာညာကွိကွတွေ ကျွမ်းကျင် ပိုင်နိုင်ရမယ်ဆိုသကိုးဗျ။ ဟီးဟီး။ ကြားပွဲစား မာမီတွေလည်း ရှိသေးဆိုသကိုး။ ထူးဆန်း တာ ကတော့ အမျိုးသား ပြည့်တန်ဆာတွေကို အမျိုး သမီးတွေကသာ လာခေါ်ကြတာ မဟုတ်ဘဲ အမျိုးသား အချင်းချင်း လည်း ခေါ်ကြသေးသတဲ့။ အင်း ထူးပေ သည် ဆန်းေ ပ သည်လို့သာ ထပ်ရေရွတ် ရုံမှတစ်ပါး အခြားမရှိပေါ့ဗျာ။ ဒီထက်ထူးဆန်း ပြီးကြောက် စရာေ ကာင်း တဲ့အချက်ကတော့ ဒီလုပ်ငန်းကိုလုပ်နေရင်း လုပ်နေ ရင်းနဲ့ ယောက်ျား တစ်ယောက်အဖြစ် ဘဝ တည်မြဲမှု ကိုပါခြိမ်းခြောက်လာ တဲ့အထိ တောင်း ဆိုလာကြတယ် ဆိုတော့ကာ အမျိုးသမီးပြည့်တန်ဆာ လုပ်စားရတာထက်တောင် အန္တရာယ်ပို များတယ် လို့ ပြောရမှာပေါ့နော်။ တွေးကြည့်လေ ကျောချမ်းစ ရာ ကောင်းလေလေပါပဲဗျာ…။ အင်း…မိန်းမ တွေထက် ပိုပြီးအန္တရာယ်များတဲ့ ယောက်ကျားကြီး တွေပေါ့နော …။ တော်ကြာ …ဟဲ့…. ယောက်…ကျား…ပါ….ဆို…ဖြစ် သွားမှဖြင့်…။ အဟင့်…ဟင့်…ဟင့်။
ကျပ်မပြည့်ကြပုံများ
အူရီဒူးဖုန်းကတ် တွေရောင်းတော့မယ်ဆို ကတည်းကတောက် တဲ့မတို့အိမ်သားတွေ ရွပိုးထိုးနေ ခဲ့ကြသပေါ့ ။ စမ်းသုံးခွင့်ပေး တဲ့သူတွေဆီ ကသတင်းတွေ ရွာဆော်ကြီး ဖွဘုတ်မှာ တက်လာ တော့လည်း စောင့်ဖတ် ရတာအမော။ မန္တလေးမှာ စရောင်းပြီဆိုတဲ့ သတင်းကြားရ တော့ရန်ကုန်ကဆိုင်တွေမှာ ဘာကြောင့် မရောင်း ကြသေးပါ လိမ့်လို့စိတ်တို ရတာအမော။ ရန်ကုန်ကဆိုင်တွေမှာ စရောင်းပြီဆိုတော့ လည်းအဲဒီနေ့ ကတစ်နေကုန် မိုးရွာလို့အပြင် မထွက်နိုင်တာ ကြောင့်မဝယ်ဖြစ်ပြန်တော့ မိုးကိုဒေါသဖြစ် ရပြန်ရော။ ဝယ်ဖြ စ်ပြန်တော့လည်း လိုင်းတွေမဖွင့်သေး တာကြောင့်ထီပေါက်ပြီး လက်မှတ်ပျောက် သလိုဖြစ်ရပြန်လို့ စိတ်မောရပြန်ရော။ သို့သော်ဒါမျိုးကို ခုမှကြုံဖူး ကြတာဆိုတော့ ပျော်တာတော့ အမှန်ပဲ။ရွာဆော်ကြီး ဖွဘုတ် မှာကလည်း ဆရာကြီး လုပ်ချင်သူတွေ ကများလေသတော့ အားပေးတဲ့သူက အားပေး၊အပြစ်ပြောတဲ့သူ ကပြောနဲ့ ဖြစ်လာကြပြန်ရော။ တောက်တဲ့မတို့ခမျာ နည်းပညာဆိုင်ရာတွေ ကိုနားမလည်လေတော့ ကာဟိုလူပြော လည်းယုံရမလိုလို ဒီလူပြော လည်းယုံရမလိုလို မျက်စိ သူငယ်နား သူငယ်နဲ့ပေါ့။ ပြည်သူတွေ အင်တိုက်အားတိုက် ဝယ်ကြတာကိုပဲ အပြစ်ပြောချင်သလိုလို။ ဈေးကွက်စီး ပွားရေးအရပဲ အပြစ်ရှိသလိုလို ။တောက်တဲ့မတို့မှာ ဘာလုပ်ရမှန်း ကိုမသိတော့ပါဘူး။ ရွာဆော်ကြီး ဖွဘုတ်ပေါ်က ဆရာ့ဆရာ ကြီးတွေပြောသမျှ  အကြောင်း အရာတွေ အဖေ့ကို ပြန်ပြောပြတော့ အဖေက ဘာပြောတယ်မှတ် သတုံး။” အူရီဒူး ဖုန်းသုံးလို့ ရလာတော့ မြန်မာတွေ တိုးဝှေ့အားပေးကြတယ်။ ဒါအဆန်းမဟုတ်ပါဘူး။ လှောင် စရာပြောင် စရာလည်း မဟုတ်ဘူး။ အပြစ် ပြောစရာလည်း မရှိပါဘူး။ သုံးချင်ကြရှာမှာပေါ့။ ဒါမျိုး ဘယ်တုန်း ကမှ မကြုံခဲ့ကြရတာလေ။ အစိုးရပိုင် မဟုတ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို တစ်သက် နဲ့တစ်ကိုယ် ခုမှကြုံဖူး ကြရရှာတာလေ။ ငါတို့လည်း မကြုံဖူးဘူး။ ညည်းတို့လည်း မကြုံဖူးဘူး။ ဘယ်သူမှ မကြုံဖူးသေး ဘူး။ ဒီတော့ကာ မကြုံဖူးကြသူချင်း အတူတူ အပြစ်ပြောနေကြတာ ဟာ ကျပ်မပြည့်တဲ့ သဘော ပဲသမီးရဲ့။ တို့ မြန်မာအများ စုခမျာမှာ နိုင်ငံတကာ အတွေ့အကြုံမရှိ ကြသူက များပါတယ် ။ ပျော်ကြပါစေ ကွယ်။ သူတို့ ကိုယ်ပိုင်ညဏ်နဲ့ ဆုံးဖြတ်လာကြမှာပါ”တဲ့။ ကဲ…။
ဇက်ကြောတောင်ဆွဲပေးလိုက်ဦးမယ်
အူရီဒူး ဖုန်းကတ်တွေကို ကြိတ်ကြိတ်တိုး ဝယ်လို့မှ အားမရသေးဘူး။ 2NE1 ဆိုတဲ့ ကိုရီးယား အဆိုတော်ေ လးတွေက မောင်တောက် တီးတို့ဆီ ရောက်လာပြန်ပါရောလား။ အဆိုတော် မလေးတွေက ငယ်လည်းငယ် လှလည်းလှ အဆို လည်းကောင်း ဆိုတော့ကာ ကြည့်ချင်သူတွေ ကြိတ်ကြိတ်တိုး။ မိုးရွာရွာ နေပူပူ ကြည့်မယ် ဆိုတာ ချည်းပဲဗျ။ လခထုတ်ရက် ကလေးကလည်း ဖြစ်နေ ပြန်တော့ ငွေစကလေးတွေ ရွှင်နေကြတာက လည်း ပါမပေါ့လေ။ ကြုံနေကြရတဲ့ တိုင်းပြည်အခြေအနေ အဝဝကြောင့် မွန်းကျပ်နေကြတာကို ထွက်ပေါ က်ပေးချင်ကြတာလည်း ပါပေမပေါ့။ သို့ပေမဲ့ မောင်တောက်တီးတို့ သူငယ်ချင်း တစ်စုကတော့ အဲဒီလို ပြုပြင် ခွဲစိတ်ဖြတ် တောက်ထားတဲ့ အလှ တွေကို အားမပေးဘူး လို့ဆုံးဖြတ်ပြီး၊ မပြုမပြင် နဂိုယဉ်လေးတွေ ရှိရာကေတီဗီကိုပဲ ချီတက်ခဲ့ကြ သပေါ့ဗျာ။ ဒါပေမဲ့ ကေတီဗီ ရောက်တော့လည်း အဲဒီကိုရီးယား 2NE1 အကြောင်းကိုပဲ စကားစမပြတ် ဖြစ်နေကြ တယ်ဗျ။ မစားရဝခမန်းတွေ ပြောနေကြ တာပေါ့လေ။ မောင်တောက်တီး တို့တစ်တွေ အဲသည် အကြောင်းကိုပဲ အညှော်ခံပြီး ပြောနေကြတာတွေကို ကေတီဗီ မယ်လေးတွေက ကြာလာတော့ နားကြားပြင်းကပ် လာကြပုံရသဗျ။ သည်းမခံနိုင်တော့တဲ့ ကေတီဗီ မယ်လေး တစ်ယောက် ကတော့ ”သူတို့ပွဲကို ၉ သိန်းပေးပြီး သွား ကြည့်မယ့်အစား ကျွန်မတို့ကို ၉ သိန်းလာပေးစမ်း ပါရှင်။ တစ်လလုံး သီချင်းဆိုပြမယ့်အပြင် ဇက်ကြောတောင် ဆွဲပေးလိုက် ဦးမယ်။ ဟွန့်” ပြောလေ တော့ ကာ၊ အင်း…သူပြောတာလည်း ဟုတ် သလိုလိုပဲပေါ့နော…။
နောက်ကွယ်ကများ ကြိုးကိုင်သူရှိနေလေရော့ သလား
အာဇာနည်နေ့ မတိုင်မီကတည်းက ရန်ကုန် မှာရွာလိုက်တဲ့ မိုးကတော့ပြတ် တယ်လို့ မရှိေ လ တော့ကာ တောက်တဲ့မ တို့ရုံးသမားတွေ အတော် ပြဿနာတက်ကြရတယ်။ ရုံးတက်ချိန်မှာ မိုးရွာလို့ လမ်းတွေရေလျှံ၊ ကားတွေပိတ်၊ လူတွေလည်း မိုးရွှဲတာကတော့ နေ့စဉ်လိုပါပဲ။ ရုံးတက်ချိန်တွေ နောက် ကျတာကို ရုံးကတာဝန် ရှိသူတွေက နားလည် ခွင့်လွှတ်ပေး လို့သာတော်ပေတော့ တယ်။ နို့မို့ဆိုရင် ဒဏ်ကြေးဖြတ်တာနဲ့ လကုန်ရင် ကိုယ် ကတောင် ပြန်စိုက်ရကိန်းရှိသပေါ့။ နေ့လယ် ထမင်းစားချိန်ဆိုလည်း ရွာ၊ ညနေရုံးဆင်းချိန် ကျရင် လည်း ရွာဆိုတော့ တမင်တကာတောင် လုပ်နေသလားလို့တောင် ထင်စရာ ရှိလာတယ်လေ။ ရုံးသမားတွေ တင်လားဆိုတော့ အိမ်မှာနေကြ သူတွေလည်း မသက်သာပါ ။ ဈေးသွားရခက် ၊ဈေးဝယ်ရခက်၊ အဝတ်တွေလျှော်ပြီး လှန်းလို့မရ။ အဝတ်တွေကို ပန်ကာတွေမှုတ် မီးပူတွေဖိနဲ့ အတင်းခြောက်အောင် လုပ်ရတော့ အနံ့အသက်တွေမကောင်း။ လူတွေလည်း နှာမွှန်ချောင်း ဆိုးတွေဖြစ်ပြီး မကြာမကြာ ဖျားကြ။ တောက်တဲ့မ ဘွားအေကြီး တစ်ယောက်ဆို အသက်က ၈ဝ ကျော်လေတော့ကာ အအေးပတ် ပြီးအဆုတ်တစ်ခြမ်း ပွလို့ ဆေးရုံတင်ထားရပါရော လား။ ရန်ကုန်မှာသာ ဒီမိုးက အညှိုးတကြီးနဲ့ နေ့စဉ်ရက်ဆက် ရွာနေပေမဲ့ တကယ်ရေလိုအပ် တဲ့ အထက်အညာ ဒေသတွေမှာတော့ တဖြောက် ဖြောက်ေ လာက်ပဲ ရွာပြန်ဆိုသကိုး။ ဘယ့်နှယ်ဖြစ် တာလဲမသိ။ ဆိုတော့ကာ ဒီမိုးကိုအကြောင်းပြု ပြီး တောက်တဲ့မ မှာ နေ့တိုင်းညည်းချင်း ထုတ်နေရ တယ်။ တောက်တီးခမျာလည်း ဘာထူးလို့လဲ သူလည်း ရုံးတက်နေရသူ ဆိုတော့ တဗျစ်တော က် တောက် နဲ့ပေါ့ ။ တောက်တဲ့မတို့ အမေခမျာ လည်း လျှော်ဟယ်ဖွပ် ဟယ်၊ လှမ်းဟယ်၊ ရုပ်ဟယ်နဲ့ ဒီမိုးနဲ့ ပဲ နေ့တိုင်းရန်ဖြစ်နေ ရလေတော့ကာ သူလည်း ပါးစပ်ကတဖွဖွ။ အိမ်သားတွေ ကိုယ်တိုင်လည်း ညည်းသံမ စဲ အိမ်နီးနားချင်း တွေဆီကလည်း ညည်းသံတွေ နေ့စဉ်ကြား လာရလေတော့ ကာတောက်တဲ့မ တို့အဖေက ခုလိုပြောလာတော့ တယ်။ ”ဟုတ်လည်း ဟုတ်သဟဲ့။ ဒီမိုးရွာနေပုံက နည်း လမ်းမကျတော့ဘူး။ သာမန် မိုးတွင်းမိုးရွာတယ် ဆိုတာလောက် မကတော့ဘူး။ တမင်တကာ လူတွေကို ဒုက္ခပေးနေ တယ်ထင်လာရပြီ။ ဒီတော့ ကာအခု ခေတ်စားနေတဲ့ စကားအရဆိုရင် နောက်ကွယ်က ကြိုးကိုင်သူများ ရှိနေလေရော့ သလားဟေ့။ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော် ထုတ်သင့်တယ်” တဲ့။
ပွတ်သဘင်
$
0
0
ကျွန်တော်မွေးတော့ ဝန်ကြီး ချုပ်ဦးနုအစိုးရလက်ထက်။ ကျွန် တော်၁ဝ နှစ်သားလောက်ရောက်မှ စစ်အစိုးရ တက်လာတာ။ အသက် ကြီးလာလို့ စာတွေဖတ်ဖြစ်တော့မှ ကျွန်တော့်အသက်ရဲ့ ပထမဆုံးအဲဒီ ၁ဝ နှစ်ကို ဖဆပလခေတ်လို့ ခေါ် တယ်ဆိုပဲ။ ကျွန်တော်က အဲဒီခေတ်ကို ကလေးဘဝနဲ့မီခဲ့တာပါ။ လူကြီးတွေ ကတော့ ခေတ်ေ ကာင်းပဲလို့ ပြော တတ်ကြတယ်။ အဲဒီခေတ်မျိုး ပြန်မရတော့ပါဘူးကွာလို့ ပြောကြ တယ်။ ငယ်ငယ်တုန်းက ပျော်ပျော် နေခဲ့ပုံရတဲ့ လူကြီးတချို့ကတော့ အရမ်းလွတ်လပ် တာကွလို့ ပြော သေးတယ်။ ”အားလုံးထဲမှာ ပွတ် သဘင်တက်ရတာကို အလွမ်း ဆုံးပဲ” ဆိုပါလား။ ပြောပြနေတဲ့ ဘကြီးက အသက် ၈ဝ လောက်ရှိ ပြီ။သူပြောတာ မျက်စိ ထဲ ပုံဖော် ကြည့်လို့မရတဲ့ ကျွန်တော်က ”ပွတ် သဘင်ဆိုတာ …ဟို ..ကျွန် တော်တို့ ကိုးမီးထောင့် ကစား သလို… ဖဲချပ်လေးတွေရဲ့ ထောင့်ဂဏန်းကို ပွတ်ကြည့်ရတာ မျိုးလား” ”မဟုတ်တာကွာ မိန်းမနဲ့ ယောက်ျားဒန့်စ်က တာကို ပြောတာ ကွ၊ သူ့ရင်ဘတ်လေး တစ်ခြမ်းနဲ့ ကိုယ့်ရင်ဘတ်လေး တစ်ခြမ်း၊ သူ့ ဗိုက်လေးနဲ့ ကိုယ့်ဗိုက်လေး ရှပ်ခနဲ ဖြတ်ခနဲ ပွတ်ပွတ်ပြီး ကရတာကို ပြောတာဟ”အဘိုးကြီးရဲ့ မျက်နှာကို ကြည့် လိုက်တော့ ခုပဲကပွဲထဲတကယ် ပြန် ရောက်နေသလိုလို…လွမ်း ရိပ် တွေကို သန်းလို့။ရှိစေတော့ ကိုယ်မမီလိုက် တော့ အားမကျပါဘူး။
ဒါပေမဲ့ ခုတော့ ကျွန်တော်တို့လည်းအသွင် တစ်မျိုးနဲ့ ပွတ်ကြတဲ့ ပွတ်သဘင် ခေတ်ထဲပြန်ရောက်နေပြန်ပါရော လား။”ဗျို့-ဆရာကြီး…ဒီမှာ”ပထမ တစ်ခွန်းမှ မကြားတော့အသံမြှင့်ပြီး ထပ်ခေါ်မှဘဲ ဆိုက် ကားဆရာက မော့ကြည့်တယ်။ သွားမယ့်နေရာပြောတဲ တက်ထိုင်ပြီး ထွက်လာခဲ့ကြတယ်။ ခက်တာက ဟဲန်ဒယ်ကို လက်တစ်ဖက် တည်းနဲ့ ကိုင်ထားပြီး နင်းလာပါရောလား …ဘုရား…ဘုရား။ ကျန်တဲ့ လက်တစ်ဖက်က သူဟာလေးကို ပွတ်နေတာကိုး။မီးပွိုင့်မှာ မီးနီမိ ပြန်တော့ အကြိုက်ပေါ့၊ ပွတ်စမ်း။ မီးပွိုင့်စိမ်းသွားတာလဲ ဒင်း မသိ၊ နောက်က ကားက ဟွန်း တီးမှ ပဲ ကမန်းကတန်း ဆက်နင်းတယ်။ မပြောချင် လည်းမရတော့။”ဒီမှာ…ကိုယ့်ဆရာ… ခင်ဗျားဟာကို ဂိတ်ပြန်ရောက်မှ ဆက်ပွတ်ပါလား။ နောက်ကား ဝင်ဆောင့်ရင် ခင်ဗျားရော ကျုပ် ရော ကြမှာ”” မဟုတ်ပါဘူး ဆရာရယ်… ဒါလေးကိုင်နိုင်တာ တစ်ရက်နှစ် ရက်ပဲ ရှိသေးလို့ သုံးတတ်အောင်   လို့ သင်ပွတ်လေး ပွတ်နေတာပါ”သင်ပွတ် ဆိုပါလား၊ ဝေါဟာရ အသစ်လေးပဲ၊ မှတ်ထားဦးမှ။ ဒီလို နဲ့ သူ့ဆိုက်ကားပေါ်က ဆင်းလိုက် မှပဲငါမသေဘဲ လွတ်လာပြန်ပြီလို့ သက်ပြင်းချနိုင်တော့တယ်။ ဆိုက် ဂျဲရိုး ပွတ်သဘ င်ပေါ့။ကျွန်တော် တို့လမ်းထိပ်မှာ ‘ကွင်းကျောင်းစာသင်တိုက်’ ဆိုတဲ့ ဘုန်းကြီးကျောင်း ရှိတယ်။ ကျောင်း ဝင်းထဲ ထောင့် တစ်နေရာမှာ စေတီ လေးတစ်ဆူ ရှိတယ်။ ညညဆို ဘုရားသွားရှိခိုး၊ ပုတီးသွားစိပ် ဆို တာမျိုး လုပ်လို့ကောင်းတယ်။ တိတ် ဆိတ်နေ တာပဲ။ ကျွန်တော့်အိမ် ကနေ လျှောက်သွားရင် ငါးမိနစ် သာသာရယ်..နီးနီးလေး။ (ကို ဟိန်းလတ် လူပျိုတုန်းက နေခဲ့တဲ့ အိမ်နဲ့ဆို ပိုတောင်နီးသေးတယ်။ သူရောက်မရောက်သာ မသိတာ …)။
ကျွန်တော်အခု သွားနေတာ ကတော့ အတော်လေး ခင်တဲ့ ဦးဇင်းလေး တစ်ပါးဆီက တရား စာအုပ်တွေ ငှားဖတ်ထားတာပြန် ပေး အသစ်ထပ်ငှားလုပ်မလို့ပါ။ အဲဒီတိုက် အုပ်ကိုယ်တော်လေး တစ်ပါးတည်းနေတဲ့ အခန်းဝရောက် တော့ တံခါးပွင့်နေတာနဲ့ အသံမပြု တော့ဘဲ ဝင်မယ်အလုပ်မှာ…။ ဦးဇင်းလေးက သူ့ခုတင်ပေါ်မှာ ကျွန်တော့် ဘက် ကျောပေးပြီး ထိုင် နေတာ တွေ့လိုက်ရတယ်။ ပုတီးစိပ် နေတာထင်ပါရဲ့လေဆိုပြီး စာအုပ် တွေ အနားရှိတဲ့စားပွဲပေါ်အသာ တင် ထားခဲ့မယ်လို့တောင် စိတ် ကူးမိ လိုက်သေးတယ်။ ဒါပေမဲ့ အသံချိုးချိုး ချွတ်ချွတ်ကြား သွား ထင်ပါရဲ့။ ဦးဇင်းက လှည့်ကြည့် တယ်။”သြော် …ဒကာကြီး…၊ ဖတ်ပြီးသားတွေ ပြန်လာပေးတာ လား။ ထားခဲ့ ထားခဲ့။ အဲဟို အပုံ ထဲက ဒကာကြီး မဖတ်ရသေးတဲ့ ဟာ ရွေးယူသွားလေ”အမိန့်ရှိပြီး လုပ်လက်စ အလုပ် ဆက်လုပ်နေတယ်။ ကျွန်တော့်ကို ကျောပေးလျက်တော့ မဟုတ် တော့ ဘူးပေါ့။ ဒါနဲ့ မဖတ်ရသေးတဲ့ တရားစာအုပ် ၂ အုပ်ယူပြီး ဦးချ ပြီးပြန်မယ်အလုပ်မှာ ဦးဇင်းက …”ဒကာကြီး ဒီမှာလေ ဦးဇင်း လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကနေ ဖုန်းကတ်မဲပေါက်တယ်။ ဟန်းဆက် ဖိုးမရှိလို့ အကြံရကျပ် နေတုန်း ဒကာတစ် ယောက်က ဝယ်လှူတာနဲ့ ဟန်ကျသွားတယ်ဗျို့ ဆမ်ဆောင်း အက်စ်တူး…ဆိုပဲ။ တစ်သိန်းနှစ် သောင်းတောင် ပေးရ တယ်တဲ့။
ဒကာကြီးတို့ကတော့ဈေး ပိုသိမှာပါ။ ပါတာတွေကတော့ စုံနေတာပဲ၊ ဦးဇင်းလည်း ဖုန်းဆက် ရုံကလွဲပြီး ကျန်တာတွေ မသိသေး တော့ သိအောင်ကပ္ပိအဲ…ပွတ် ကြည့်နေ ရတာ ခေါင်းကို မူးမတတ် ပဲဗျို့”ဒါနဲ့ပဲ ကိုယ်တတ်သမျှလေး နည်းနည်းပါးပါး ပြပေးခဲ့ရသေး သပေါ့။ ဒါကတော့ ဘုန်းဘုန်းရဲ့ ပွတ် သဘင်။ကျွန်တော့်အသက် ၆ဝ ပြည့် တဲ့နေ့မှာ အရက်ကိုတိခနဲဖြတ်ပစ် လိုက်တယ်။ နဂိုကလည်း မက်မက် စက်စက်ကြီးသောက်ခဲ့တာ မဟုတ် တော့ ဘာဝေဒနာမှလည်း မခံစားရ ပါဘူး။ လက်လည်းမ တုန် ခြေလည်း မတုန် ဘာမှ လည်း မတုန်ဆိုတာ မျိုးပေါ့။ ရလိုက်တဲ့ အကျိုးကျေးဇူး တွေကတော့ မနည်းပါလား။ ကျန်းမာရေး ပိုကောင်းလာ တယ်။ မျက်နှာမဖောတော့ ဘူး။အထင် သေးကြည့်တွေ အကြည့်မခံရ တော့ဘူး၊ စာရေးစာဖတ်လုပ်ဖို့ အချိန်ပို ရလာ တယ်၊ ငွေပိုငွေလျှံ လည်း ထွက်တန် သရွေ့ ထွက်လာ တယ်။ ထွက်လာတော့ ဒါနဘက် ပိုလုပ်နိုင်တာပေါ့။၆ လတစ်ခါလောက် အိမ်မှာ အရုဏ်ဆွမ်းကျွေးဖြစ်တယ်။ တစ် ကြိမ်လုပ်ရင် သုံးအရုဏ်ဆက်တိုက် ကပ်တယ်။ အနားအပါးက ဘုန်း ကြီး ကျောင်းသုံးကျောင်းကို တစ်မနက် တစ်ကျောင်း၊ တစ် ကျောင်းကနေ ဘုန်းဘုန်းသုံးပါးပင့်တယ်။ လူ ပုဂ္ဂိုလ်တွေတော့ မပါဘူး။ အခန်း နားနီးမိတ်ဆွေတွေကို မုန့် ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ချိုင့်နဲ့ဝေ ဒါမျိုး လေးပါပဲ။
စဉ်းစားတတ်တဲ့ ဦးနှောက် ကြောင့် ထင်ပါရဲ့၊ ဘာလုပ်လုပ်… ကောင်းတာလုပ်လုပ် မကောင်း တာလုပ်လုပ် တွေး လို့ရသမျှတော့ တွေးနေမိတာပဲ။ သာသနာ့ဘောင် ဝင်ကြတဲ့အထဲမယ် …ဘုန်းကြီး နဲ့ သီလရှင်ဆိုပြီး နှစ်စားရှိတဲ့ နေရာ မှာ ဘယ်သူက ပိုပင်ပန်းလဲလို့ တွေးမိတယ်။ ချက်ချင်းပဲအဖြေရပါ တယ်။ သီလရှင်ဆရာကြီးတွေက ပိုပင်ပန်းတာပေါ့။ကြည့်လေ- ဘုန်းကြီးတွေက ဆွမ်းခံထွက်ရင်…ထမင်းဆို လည်း ချက်ပြီးသား ဟင်းဆိုလည်း ချက်ပြီးသား လောင်းကြတာ မဟုတ် လား။ ဟော.. ဆရာလေးတွေကျ တော့ ဆန်ပဲရတာ၊ ပိုက်ဆံပဲရတာ။ဒီတော့…ခမျာတွေမှာ ကျောင်း ရောက်ရင် ထမင်းအိုး တည်ရ တယ်။ကျောင်းအပြန်မှာ ဟင်းစား ဘာညာ ဈေးဝယ် သွားရတယ်။ ဟင်းဖြစ် အောင် ချက်ရသေးတယ်။ မီးဖို ချောင်ကိစ္စမှာ လူ့ဘဝတုန်းကနဲ့ သိပ်မကွာလှ ပါလား။ပြော ချင်တာက အဲသလိုမျိုး မတွေးမိခင်က ကျွန်တော်ဟာ ဘုန်း ကြီးတွေကိုပဲ အလှူများခဲ့တယ်။ သီလရှင်တွေကို မလှူဖြစ်သလောက် ပါပဲ။ ခုတော့ သတိထားပြီး ဂရုတစိုက် ကိုလှူဖြစ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ”ဒါန ဆန်များရှင်” ဆိုတဲ့ အသံကြားလို့၊ ဆန်နို့ဆီဘူး သုံးလုံးလောက်ကို ကြွပ်ကြွပ်အိတ်ထဲ ထည့်နေတာက ပထမထပ်မို့ မြေညီကိုပြေး ဆင်းပြီး လောင်းမယ် လည်းလုပ်ရော…သီလရှင်လေးငါးခြောက်ပါး လောက် လှည့်လာတာတွေ့ရပါ တယ်။
ကိုယ်..လောင်းရတဲ့ ရှေ့ ဆုံးက ဆရာလေးက ဘယ်ဘက် လက် က ခေါင်းပေါ်ရွက်ထားတဲ့ ဆွမ်းဆန်ခံမယ့် ဗန်းလေးကို ကိုင် ထား၊ ပါးစပ်က ”ဒါနဆန်..” ရွတ် နေပေမဲ့ ညာဘက်လက်ကတော့ လက်မလေး တရမ်းရမ်းနဲ့ ပွတ်နေ တာပါ ဘဲလား။ စိတ်မကွက်ပါဘူး၊ ဒါနမြောက်အောင် လောင်းဖြစ် အောင် လောင်းလိုက်ပါတယ်။ စိတ် ထဲကသာ … သြော်… ဒါကတော့ ဆရာလေးတို့ရဲ့ ပွတ် သဘင်ပေါ့ ရယ် လို့ပဲ …။လူတွေ တစ်ဦးနဲ့တစ်ဦး ဟို တုန်းကထက် ပိုစိမ်းလာကြတယ်ဗျ။ ကျွန်တော်တို့ ငယ်ငယ်က လက်ဖက် ရည်ဆိုင်မှာ သူငယ်ချင်း လေးငါး ဦးထိုင်ရင် လက်ပံပင်ဇ ရက်ကျ သလို စကားကို လုပြောနေကြတာ။ ခုတော့ လက်ဖက်ရည်ဆိုင်မှာ ချာ တိတ်…လေးယောက် လောက်၊ အတူတူသာ ထိုင်နေတယ်၊ လေ မပန်းသလောက်မဲ။ ကိုယ့်ပစ္စည်း လေးတွေ ကိုယ်ပွတ်နေကြတာကိုး။ဘတ်စ်ကား ခြေနင်းခုံပေါ်မှာ တစ်ချိန်လုံးရပ်လိုက်နေတဲ့ အကူ စပယ်ယာလေးတွေလည်း ပါးစပ်က သာ လူခေါ်နေတာ မှတ်တိုင်နာမည် တွေ ရွတ်နေတာ၊ အတော်များ များက တော့ ကိုယ့်ဟာ ကိုယ်ပွတ်နေတာ မကြာမကြာ မြင်ရပါတယ်။ရုံးတွေဘာတွေထဲ ရောက်သွား လည်း အလုပ်ကလေးနည်းနည်းပါး တာနဲ့၊ နည်းနည်း ပွတ်နေကြ တာပဲ။ လက်မလည်အောင် ဖျော်မနေရတဲ့ လက်ဖက်ရည်အဖျော်ဆရာတွေ လည်း  ပွတ်နေကြတာပဲ။
တစ်ခါက သူ့အဖေသူ့အမေ  မအားတာနဲ့ မြေးလေးကို မူကြို သွားကြိုပေးရတယ်။ တိတ်လှချည် ရဲ့လို့ မှတ်ပါတယ်။ ကလေးတွေကို ပန်းချီဆွဲခိုင်းထားပြီး မူကြို ဆရာမ လေးက ပွတ်နေတာကိုး။ရေးပြရ…ဆုံးမှာမဟုတ် ပါ ဘူး။ စာဖတ်သူရဲ့ ကိုယ်တွေ့နဲ့ပေါင်း စပ် ဖြည့်စွက်ပြီးတော့သာ စဉ်းစား ကြည့်လိုက်ပါတော့။ တစ်ခါက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရ တာများ အံ့အားတောင်နည်းနည်း သင့်သွားမိတယ်။ လွှတ်တော်ထဲက တချို့တောင် ပွတ်နေကြသေး ဆိုပဲ။အမယ်…ဗျို့အယ်ဒီတာ ၊ ပြောနေတဲ့ကြားထဲက …၊ ကျွန်တော့်ဒီစာမူလေးကို ဆုံးအောင် ဖတ်ပေးလေဗျာ။ ဘယ်လောက်မှ လည်း မရှည်ပါဘူး၊ မကြာပါဘူး။ ခင်ဗျား  လက်ထဲက… အက်ပဲ လား၊ ဆမ်ဆောင်းလား၊ ဟွာဝှေး လား၊ ဘာပဲဖြစ်ဖြစ် ခဏချထား လိုက်ပါ ဦးဆရာရယ်။ စာမူကို ဆုံးအောင် ဖတ်ပြီးမှ ထည့်မထည့် ဆုံးဖြတ်ပြီးမှ ဆက်ပွတ်ပါလား ဗျာ။
ပိုက်ထွေး
နတ်စောင်းနဲ့ တီးခတ်တဲ့ အလွမ်းသီချင်း
$
0
0
(၁)
ဒကာ ကိုလေးဖြူကြီးလို ”ဘယ်ဆီကို မင်းရောက်နေလဲ ဘာတွေကို မင်းလုပ်နေလဲ” ဆိုတဲ့ အပိုဒ်ကို မျက်လုံးလေး မှေးပြီး ဆွဲဆွဲငင်ငင် ဆွေး ဆွေးမြည့်မြည့် ကြေ ကွဲပြ လိုက်တာ မျိုးတော့ ဟုတ် ချင်မှ ဟုတ်ပေလိမ့်မယ်။
ဒါပေမဲ့ တာဝတိံသာက ဂီတသမား တစ်ယောက် ဟာလည်း နတ်သံစဉ်နဲ့ အလွမ်းကို ဖောက်ခွဲခွင့် ရှိတာပဲ မဟုတ်လား။ တိမ္ဗရူသက နတ်မင်းကြီး ရဲ့ သမီးချောလေး သူရိယ ဝစ္ဆသာကို စွဲလမ်းနေတဲ့ နတ်ဂီတ သမား ပဉ္စသိခ နတ်သားက စောင်းကြိုး တီးခတ်ပြီး အသည်းကွဲ သီချင်း ဆိုနေခဲ့ ဖူးပါတယ်။ တစ်ဦးတည်းသော ပရိသတ် ကတော့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်ပါပဲ။ ဒီတစ်ကိုယ် တော် ဖျော်ဖြေပွဲလေး ဖြစ်လာပုံက ဒီလိုပါ။ ဘုရားရှင်က မဂဓတိုင်း အတွင်း ကပုဏ္ဏားရွာလေး တစ်ရွာအနီးမှာ ရှိတဲ့ တောင်ရိုး လိုဏ်ဂူ တစ်ခုမှာ သီတင်းသုံးနေပါတယ်။
ဘုရားဖူးချင်တဲ့ သိကြားမင်းက နောက်လိုက် နောက်ပါ အခြံအရံတွေ ခေါ်ပြီး ရောက်လာခဲ့တာ ပါ။ ဒါပေမဲ့ ဈာန် ချမ်းသာနဲ့ မွေ့ပျော်လေ့ ရှိတဲ့ ဘုရားရှင် တို့ရဲ့ သဘော ကို ရိပ်စား မိလေတော့ အခြံအရံတွေ အများကြီးနဲ့ အုတ်အုတ် ကျက်ကျက် အနှောင့် အယှက် မဖြစ်စေချင်တဲ့ အတွက် ပဉ္စသိခ ကို အထောက်တော် လွှတ်တာပါ။
အဲဒီမှာ ပဉ္စသိခ နတ်သားက ဗေလုဝပဏ္ဍု နတ်စောင်း ကို ထုတ်ပြီး ဘုရားရှင် သီတင်းသုံးတဲ့ လိုဏ်ဂူနားမှာ ဘုရားရှင် ကြားအောင် သူ့အလွမ်း တွေကို ရင်ဖွင့်တော့ တာပါ။ လွမ်းလည်း လွမ်း လောက်ပါတယ်။ သူစွဲလမ်းရသူ ချစ်သော သူရိယ ဝစ္ဆသာလေးက သိကြားမင်းကြီး အပါးမှာ ခစားနေ တဲ့ ရထား ထိန်း မာတလိနတ်မင်း ရဲ့သား သိခဏ္ဍီ နတ်သားကို စိတ်ညွတ်ကိုင်းနေပါသတဲ့..။
သူ့လို ဂီတသမား တစ်ယောက်အတွက် သုဒဿန နေပြည်တော်မှာ နေရာ မရရှာပါဘူး။ ဖျော်ဖြေသူ သက်သက်မို့ မျက်နှာကြီး နတ်သမီး လေးတွေက အဖက် မလုပ်ကြ ဘူးပေါ့လေ။
ဒီတော့လည်း လူ့ပြည်က ရော့ခ်ကာ တစ်ယောက်လို ကြေကွဲမှုတွေကို သံစဉ်ထဲ ရောမွှေပစ် လိုက်တော့တာပါ။ အံသြစရာ ကောင်း တာက အလွမ်းထဲမှာ တရား သဘောတွေ ပါနေ တာပါ။
ဘုရားရှင်နဲ့ ရဟန္တာမြတ် တို့ရဲ့ ဂုဏ်တော် တွေကိုပါ ထည့်သွင်း စပ်ဆိုသွားတာပါ…။ လွမ်းတာတောင် ကုသိုလ်ရအောင် လွမ်းတဲ့ နတ်ဂီတသမားပေပဲ။
ကဲ…
နားထောင် ကြည့်လိုက်ပါဦး။ ဒီနေ့ မျိုးဆက် သစ်နတ်လေးတွေ ကတော့ အော်တာနေးတစ်ဗ် တွေ၊ ပန့်ခ်တွေ၊ ရက်ပ်တွေ ဘာတွေ လုပ်နေကြရော ပေါ့။ ပင်လယ်က သစ်ပင် ရှိုးပွဲတွေမှာ နတ်ပြည်ဖြစ် Hip Hop သီချင်းတွေ ဆူညံနေလောက်ပြီ။
ရှေးခေတ် ပါဠိ ဘာသာပြန်တွေက ခက်ဆစ် စကားလုံးတွေ များလို့ အသစ် လုပ်ကြည့် လိုက်ပါတယ်။ တစ်စုံတစ်ရာ ဖန်တီးထားတဲ့ စကား လုံးများမပါ.. ။ မော်ဒန် လူငယ်များ အတွက် ပိဋကတ် မူရင်းအတိုင်း ရာစုသစ် ဝေါဟာရများနဲ့ ဆီလျော်အောင် ဘာသာပြန်ဆိုခြင်းမျှပါပဲ..။
(၂)
ပဉ္စသိခသီချင်း
(ရေးဆိုတီး ပဉ္စသိခ)
ဟဲလို သူရိယဝစ္ဆသာ
တိမ္ဗရူသကနတ်မင်း ငါဦးညွှတ်
သူက နင့်ဘဝကောင်းမြတ်မှုကို မွေးဖွားသူဖခင်
နင်ကတော့ ငါ့ကို မြတ်နိုးစေသော ချစ်သော ကောင်မလေး…။
တောက်ပလင်းလက်သူ ကောင်မလေး
ချွေးယိုစီးတဲ့အခိုက် လေညင်းအေး
ရေလိုတဲ့အခိုက် ရေအေးအေး
ရဟန္တာတွေအကြိုက်ကတော့ တရားဓမ္မအမြိုက် ဆေး
ငါကတော့ နင့်ကိုပဲ ချစ်နေမိသေး…။
ဆေးက နာကျင်သူကို ငြှိမ်းပေး
အစာက ဆာလောင်သူကို ငြှိမ်းပေး
ရေက မီးလျှံကို ငြှိမ်းပေး
နင်က ငါ့အချစ်ကို ငြှိမ်းပေး ….။
အေးမြမြရေကန်သာ
ဝတ်မှုန်ပြွမ်းတဲ့ကြာတောထဲ
ပူလောင်နေတဲ့ဆင်ပြောင်ကြီး
ထိုးဆင်းချသလိုမျိုး
နင့်ရင်ခွင်ထဲ ငါပြေးဆင်းခဲ့မယ်…။
ပေါင်သားပြည့်ပြည့်ကောင်မလေး
မုန်ယိုနေတဲ့ ဆင် လှံအန္တရာယ်ကို မမြင်
မာန်ယစ်မူး ရူးမိုက်သလိုမျိုး
နင့်ကြောင့် အချစ်မူးနေတဲ့ငါ
ဘာမှ မသိတော့ဘူး (ဘာမှမသိတော့ဘူး) …။
နင့်ဆီမှာ ငါ့စိတ်ဟာ တစ်ဖက်သတ်ဖြစ်နေ
နင့်ဆီမှာပဲ ငါ့စိတ်ဟာ တိမ်းညွတ်နေ..
နောက်ဆုတ်ဖို့ မဖြစ်နိုင်ဘူး …
ငါးမျှားချိတ်ကိုမျိုမိတဲ့ ငါးတစ်ကောင်လို လူး …။
ကလျာဏီ
ပေါင်တံလှလှကောင်မလေး
ငါ့ကို ဖက်ထားစမ်းပါဟေး
မခို့တရို့ကြည့်တတ်သူကောင်မလေး
ငါ့ကိုပွေ့ဖက်ထားပါဟေး
အကောင်းဆုံး ကောင်မလေး
ငါ့ကိုပွေ့ဖက်လိုက်ပါဟေး…
နင့်ထွေးပိုက်မှုကိုပဲ ငါမျှော်တွေး….။
ဆံဖျားကော့ညွတ်လှပသူကောင်မလေး
ငါ့ချစ်ခြင်းက နည်းကောင်းနည်းပေမဲ့
ဆတိုးပွား ကြီးထွားလာနေမြဲ
ရဟန္တာမြတ်ကို လှူတဲ့ ဒါနလိုမျိုးပဲ….။
ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
သည်းခံခြင်းဂုဏ်လွှမ်းတဲ့ ဘုရားအဆူဆူ
ငါပြုခဲ့ကုသိုလ်အမျှကို နင်ယူ
အတူအကျိုးပေးစေသား….။
ကလျာဏီ
အရာရာပြည့်စုံသူကောင်မလေး
ဒီမိုးအောက်မြေပြင် ငါဆည်းပူးခဲ့ ကုသိုလ်
အမျှကို နင်ယူ အတူအကျိုးပေးစေသား…။
ဟဲလို သူရိယဝစ္ဆသာ
ချစ်သောကောင်မလေး
သကျနွယ်ဖွား ဘုရားမြတ်
ဈာန်ပွား စိတ်တည် သတိနဲ့ကြည်မွေ့
အမြိုက်ချမ်းသာကိုရှာသလိုမျိုး
ငါကတော့ နင့်ကိုပဲ ရှာဖွေနေ….။
ကလျာဏီ
ချစ်သောကောင်မလေး
အမြတ်ဆုံးမုနိဘုရား အမြတ်ဆုံးÓဏ်တော်ကို ဆိုက်ရောက်
ဝမ်းမြောက်တော်မူသလိုမျိုး
နင်နဲ့ ပေါင်းဖက်ကာ အားတက်ပျော်ရွှင်ရစေ သား…။
ချစ်သောကောင်မလေး
တာဝတိံသာအရှင် မိုးသခင်ကသာ
ဆုမြတ်တစ်ခုကိုရွေး အခွင့်ပေးခဲ့မယ်ဆို
နင့်ကိုပဲ ငါယူမယ်
ငါအချစ်က ခိုင်မြဲခဲ့…။
မေဓာဝီ
ထက်မြက်တဲ့ကောင်မလေး
ကောင်းမြတ်ခြင်းတွေပြည့်စုံတဲ့သမီးရတနာရှင်
ပွင့်သစ်စ အင်ကြင်းပန်းပမာ သခင်
နင့်ဖခင်နတ်မင်းကို
ငါဦးညွှတ်လိုက်ပါတယ်….။
(၃)
သီချင်း ဆုံးတဲ့အခါ ဗုဒ္ဓအရှင်က ”ပဉ္စသိခ သင့်စောင်းသံဟာ သီချင်းသံ နဲ့ ကိုက်ညီသလို သီချင်းသံ ကလည်း စောင်းသံနဲ့ တစ်ထပ်တည်း ပါပဲ။ သီချင်းသံက စောင်းသံ ကိုမလွန်သလို စောင်းသံကလည်း သီချင်းသံကိုမလွန်..။ ပဉ္စသိခ သင်ဟာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၊ ရဟန္တာတွေနဲ့ ကာမဂုဏ်တရား များကို ရောသမမွှေ စပ် ဆိုတဲ့ ဒီသီချင်းတွေကို ဘယ်အချိန် က ရေးဖွဲ့ခဲ့ပါသလဲ” လို့ အမေးတော်ရှိပါတယ်။
”အရှင်ဘုရား သဗ္ဗညုတ ဥာဏ်ရတော်မူပြီး ခါစ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်းပါး အနီး အဇပါလ ညောင်ရိပ်မှာ သီတင်း သုံးနေချိန်ပေါ့ ဘုရာ့။ တပည့်တော် က တိမ္ဗရူ ဂန္ဓဗ္ဗနတ်မင်းရဲ့ ဘဒ္ဒါသူရိယ ဝစ္ဆသာလေးကို တိတ်တခိုး ချစ်နေရ တာပါအရှင်..။ သူငယ်မလေးက ရထားထိန်းကြီး မာတလိရဲ့သား သိခဏ္ဍီ ဆိုတဲ့ ငနဲကို စွဲလမ်းနေ တာ ဘုရာ့..။
သူရိယ ဝစ္ဆသာကို အမျိုးမျိုး ပိုးပန်းပေမဲ့ မရနိုင်တော့တဲ့ အခါ ဗေလုဝ နတ်စောင်းကို ပိုက် ပြီး ကလေးမရဲ့ ဖခင် အိမ်တော် ဗိမာန်ရှေ့မှာ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါး၊ ရဟန္တာ အရှင်မြတ်တွေရဲ့ ဂုဏ်ရည်နဲ့ ခံစားချက် ရင်တွင်း ဖြစ် ခု အရှင် ဘုရားကို ပူဇော်တဲ့ ဒီသီချင်းတွေကို ညှစ်အော်ခဲ့ တာပေါ့ဘုရား..။
အဲဒီတော့မှ ကလေးမလေးက ထွက်လာပြီး ”ကိုသိခရယ် ကျွန်မလည်း ရှင့်သီချင်းထဲ က ဘုရားရှင်ကို မဖူးမြင် ရသေးပါဘူး။ တာဝတိံသာ ရွှေပြည်တော် ရဲ့ သုဓမ္မာ သဘင်ပွဲမှာ ကျွန်မ ကပြ အသုံးတော်ခံနေတဲ့ အချိန် ဘုရားရှင် အကြောင်းကြား ခဲ့ရဖူးတာပါ။ ရှင်က ဒီနေ့ကျွန်မ အိမ်ရှေ့ အရောက် ဘုရားရှင် အကြောင်း သီချင်း လုပ် ဆိုတဲ့ အတွက် ရှင်နဲ့ ကျွန်မတို့ ပေါင်းဆုံကြပါ စေလို့ ဆုတောင်းလိုက်ပါတယ်” ဆိုပြီး ပြောပါ ရောဘုရား။
တပည့်တော်မှာ အဲဒီ အခိုက်အတန့်လေး ပဲ ဝစ္ဆသာလေးကို မြင်ခဲ့ရတွေ့ခဲ့ရတာပါ အရှင်ရယ် ..။ အဲဒီအချိန်က စပြီး ခုထိ မတွေ့ရတော့ပါ ဘူးဘုရား..တဲ့..။
ဂူဝမှာ စောင့်နေတဲ့ သိကြား နတ်မင်းက ပဉ္စသိခကို ခေါ်ပြီး ဘုရားရှင်ကို ဖူးမျှော်ခွင့်ပေးဖို့ သံတမန် စကား လျှောက်ထားစေပါတယ်..။
သိကြားမင်းနဲ့ အခြွေအရံ ပရိသတ်တွေ ဘုရားရှင်ထံမှာ တရားတော်နာကြ..။ သောတာ ပတ္တိမဂ်ဥာဏ်ဦးကာ တရားထူးလည်း ရကြပေါ့ ..။
သိကြားမင်းဟာ စောင်းတီးကောင်းပြီး အဖွဲ့အနွဲ့ ဆန်းသစ် တောက်ပြောင်ကြောင်း ဘုရားရှင် ကိုယ်တိုင် ချီးမွမ်းတော်မူ ရတဲ့ ပဉ္စသိခ နတ်သားကို ဘုရားရှင် ဖူးမျှော်ခွင့် ရအောင် ဂီတ အနုပညာနဲ့ အကျိုးဆောင်ပေးတဲ့ အတွက် ဂန္ဓဗ္ဗ နတ်မင်းကြီး အဖြစ် ရာထူး တိုးပေးပြီး သူရိယ ဝစ္ဆသာလေး နဲ့ သီတင်းကျွတ်စေပါတော့တယ်။
နတ်လူပျိုကြီး ပဉ္စသီခတော့ သီချင်း တစ်ပုဒ်နဲ့ အလုပ်ဖြစ်သွားခဲ့ပါတယ်..။
နတ်စောင်းနဲ့ တီးခတ်တဲ့ အလွမ်း သီချင်းသံ တွေ မကြားရတော့ပါ..။
ဓမ္မဂင်္ဂါ
(၂၄၊၇၊၂ဝ၁၄)
(ဒီဃနိကာယ်။ မဟာဝါပါဠိတော်၊သက္ကပဉှသုတ်)
စကားပြောသော နေ့စွဲများ
$
0
0
October (အောက်တိုဘာ) ဟူသော စကားလုံးဟာ ရိုမန် ဘာသာစကား Octo က ဆင်းသက်လာပြီး ‘ရှစ်’ Eight လို့ အဓိပ္ပာယ် ရပါ တယ်။
အောက်တိုဘာလ ဖွားမြင် သူများ အတွက် အဆောင်ကျောက် ကတော့ အိုပယ်လ် Opal ဖြစ်ပါတယ်။ ယင်း Opal ကျောက်ကို အောက်တို ဘာလဖွား မဟုတ်သူများ ဝတ်ဆင် ပါက ကွဲကြေ တတ်ကြောင်းလည်း ဆိုကြပါတယ်။
မွေးနေ့ အဆောင်ပန်းကတော့ Calendula ပန်းပဲ ဖြစ်ပါတယ်။
နေ့စွဲများ    အဖြစ်အပျက်များ
၁                  ကမ္ဘာ့သက်သတ်လွတ်စားသူများနေ့
၃                  ကားနာမည်ပေးနေ့
ကမ္ဘာ့အပြုံးနေ့ (World Smile Day)
(ပထမပတ် သောကြာနေ့)
အပြည်ပြည်ဆိုင်ရာခြိုးခြံချွေတာရေးနေ့
(ပထမပတ် စနေနေ့)
၎                 အမျိုးသားဂေါက် (Golf) နေ့
၅                 ကမ္ဘာ့ဆရာများနေ့
၇                 ဆံပင်မပေါက်သူများနေ့ (Bald and Free Day)
၉                 စူးစမ်းချင်စရာ အဖြစ်အပျက်များနေ့
၁ဝ              World Egg Day
၁၃              အင်္ဂလိပ်ဘာသာ စကားနေ့
၁၄              အချိုပွဲများနေ့
၁၆             အဘိဓာန်နေ့
၁၈             နိုင်ငံတကာသတင်းစာရောင်းသူများနေ့
၂၄             ကမ္ဘာ့ကုလသမဂ္ဂနေ့
၃၁             Halloween
ယူနီဆက် (UNICEFF) နေ့
အောက်တိုဘာလ အတွင်းမှာ ထူးခြားတဲ့ အထိမ်းအမှတ် နေ့လေးတွေလည်း ရှိပါသေးတယ်။ Computer Learning Month, International Dinosaur Month, Positive Attitude Month, National Book Month, Fair Trade Month, World Space week. Kids Goal  Setting Week, Financial Planning Week, Earth Science Week, Chemistry Week စသည်တို့ဖြစ်သည်။
World Vegetaian Day
 အောက်တိုဘာ ၁ ရက်နေ့ကို ကမ္ဘာ့ သက်သတ်လွတ် စားသူများနေ့ အဖြစ် ၁၉၇၇ ခုနှစ်တွင် မြောက် အမေရိက သက်သတ်လွတ် စားသူများ အဖွဲ့ကြီး (NAVS) က သတ်မှတ် ခဲ့ ပါတယ်။ ၁၉၇၈ ခုနှစ်တွင် နိုင်ငံတကာ သက်သတ်လွတ် စားသူများ သမဂ္ဂ (IVU) ကလည်း အတည်ပြုပေး ခဲ့ပါတယ်။ သက်သတ်လွတ် စားသူ များနေ့ အဖြစ် သတ်မှတ်ခြင်းဖြင့် သတ္တဝါများ အပေါ် စာနာ သနားစိတ်များ တိုးပွား လာနိုင်မည်ဟု မျှော်လင့်ကြပါတယ်။ International Vegetarian Week ကို ၂ဝဝ၈ ခုနှစ်မှ စ၍ ကမ္ဘာ့ နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ကျင်းပခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် စစ်တမ်း များအရ အမေရိကန် နိုင်ငံတွင် သက်သတ်လွတ် စားသူ ၁၂.၄ သန်းကျော် ရှိပြီး အမျိုးသား ၃၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၆၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။
    World Smile Day
 အောက်တိုဘာလရဲ့ ပထမပတ် သောကြာ နေ့ကို ကမ္ဘာ့ အပြုံးနေ့ အဖြစ် သတ်မှတ် ကြပါတယ်။ ယင်းနေ့ကို အနုပညာရှင် တစ်ဦး ဖြစ်သူ  Harvey Bau ဆိုသူက စတင် သုံးစွဲခဲ့ခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး Smile Day ကို ၁၉၉၉ ခုနှစ်က စတင် ကျင်းပနိုင်ခဲ့တာပါ။ ၂ဝ၁ဝ ခုနှစ် ဆောင်ပုဒ် ကတော့  ’Do an act of Kindness. Help one person smile’ ဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေးဟာ အပြုံး နဲ့စရတယ်’ (Peace begins with a smile) လို့ မာသာထရီဇာ ကလည်း မိန့်ဆိုဖူးပါ တယ်။
    World Teachers’ Day
ဆရာကောင်း တစ်ယောက်ဟာ မျှော်လင့်ချက်တွေကို နှိုးဆွပေးနိုင်တယ်။ စိတ်ကူး စိတ်သန်း တွေကို ထွန်းညှိပေးနိုင်တယ်။ ပြီးတော့ ဆည်းပူး လေ့လာမှု ကို လည်း မြတ်နိုး တတ်အောင် သင်ပြ ပေးနိုင်တယ်လို့ Brad Henry ဆိုသူက ပြောဖူး ပါတယ်။ ကမ္ဘာ့ဆရာ များနေ့ (World Teachers’ Day) ကို နှစ်စဉ် အောက်တို ဘာလ ၅ ရက်နေ့ မှာ ကျင်းပကြပါတယ်။ ၁၉၉၄ ခုနှစ် ကမှ စတင် ကျင်းပခဲ့တာပါ။ UNESCO ဦးဆောင်၍ နိုင်ငံ တကာ ပညာရေး အဖွဲ့အစည်း လေး ရာကျော် က နိုင်ငံပေါင်း တစ်ရာကျော် တွင် နှစ်စဉ်ကျင်းပ လျက် ရှိပါတယ်။
Bald and Free Day
 အောက်တိုဘာလ ၇ ရက်နေ့မှ ၁၄ ရက် အတွင်းမှာ ဆံပင် မပေါက်သူများ (ခေါင်းတုံး) နေ့ (Bald and Free Day) ကို ကျင်းပလေ့ ရှိကြ ပါတယ်။ ယင်းနေ့မှာ Bald ဖြစ်နေသူများ အနေဖြင့် သူတို့၏ လွတ်လပ်သော ဘဝနှင့် ဆံပင်နှင့် ပတ်သက်၍ အပူအပင် ကင်းရခြင်းများ အကြောင်း ကို ထုတ်ဖော်ပြော ကြားပြသ တတ်ကြပါတယ်။ ကမ္ဘာကျော် The Daily Critter ဝက်ဆိုဒ်တွင် သင်ဟာ ခေါင်းတုံး တစ်ယောက်ဖြစ်လျှင် သင်၏ လွတ်လပ်ခွင့် ကို ခံစားလိုက်ပါ။ သင်ဟာ ဆံပင် ညှပ်စရာ မလိုသလို ခေါင်းလျှော်ရည်၊ ခေါင်း လိမ်းဆီ၊ ဘီး စတာတွေလည်း မလိုတော့ဘူးပေါ့။ လို့ ရေးသား ဖော်ပြခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် ဧပြီ လမှာ UK နိုင်ငံ Channel – 4 မှာ ပြသခဲ့တဲ့ Bald! မှတ်တမ်း ရုပ်ရှင်ဟာလည်း လူကြိုက်များ ခဲ့ပါတယ်။
National Dessert Day
ချိစ်မပါတဲ့ အချိုပွဲဟာ မျက်လုံး တစ်လုံးသာ ပါတဲ့ အလှတစ်ခု နဲ့တူတယ်လို့ ပညာရှင် Jean Anthelme ကပြောဖူးပါတယ်။ အချိုပွဲ (Dessert) မှာ ကိတ်မုန့်၊ ကွတ်ကီး၊ ဘီစကွတ်၊ ရေခဲမုန့်၊ ပူတင်း၊ အစာသွတ်မုန့် စသည် တို့ပါဝင်ပါတယ်။ အောက်တိုဘာလ ၁၄ ရက်နေ့ မှာ အမျိုးသား အချိုပွဲနေ့ ကို ကမ္ဘာ တစ်ဝန်း ကျင်းပလေ့ ရှိကြပါ တယ်။ ဘဝဟာ သိပ်တိုတောင်းပါတယ်။ ဒါကြောင့် အချိုပွဲကို အရင်စားပါ (Life is so short. Eat Dessert First!) ဆိုတဲ့ ဆိုရိုးစကား ဟာလည်း မှတ်သားစရာပါ။
United Nations Day
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး (United Nations) ကို ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ စတင် တည်ထောင်ခဲ့ ပါတယ်။ သို့သော် ကမ္ဘာ့ ကုလသမဂ္ဂနေ့ (UN Day) ကိုတော့  ၁၉၄၇ ခုနှစ်ကမှ အတည်ပြု ကျင်းပခဲ့ကြ တာပါ။ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဦးဆောင် ဦးရွက်ဆောင်ရွက် နေသော ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၉၃ နိုင်ငံ ရှိပြီး လေ့လာဆဲ နှစ်နိုင်ငံ ရှိ ပါတယ်။ UN အဖွဲ့ ကြီးဟာ ၂ဝဝ၁ ခုနှစ်မှာ နိုဗယ်လ်ဆု ရရှိခဲ့ပါတယ်။
Halloween
Halloween ဆိုတာ့  holy evening (မြင့်မြတ်သော ညနေခင်း) လို့ အဓိပ္ပာယ်ရပါ တယ်။ ထို့ပြင် All Hallow Eve ရဲ့အတို ကောက် ဖြစ်ပြီး All Hallow’s Day မတိုင်ခင် တစ်ရက် ကို ဆိုလိုပါတယ်။ မြင့်မြတ်သူ တို့ကို အောက်မေ့ တမ်းတတဲ့နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ မှာ ဝတ်ပြု ဆုတောင်းပွဲတွေ ကျင်းပလေ့ ရှိပါတယ်။ သာမန် အားဖြင့် Halloween ညကို မကောင်း ဆိုးဝါး ဝိညာဉ်တွေနဲ့ ဆက်စပ် ထားကြတယ်။ ဥရောပ ဒေသရဲ့ အစဉ်အလာ အရမှာ ဒီအချိန်မှာ မကောင်းဆိုးဝါးတွေ ဟာ လူတွေ နဲ့ အနီးစပ်ဆုံး အချိန်လို့တောင် ဆိုထားပါတယ်။
နွေနိဒါန်း
ရဟန်းနှင့် ဝါလွန်မီဒီယာလွတ်လပ်ခွင့်
$
0
0
(၁)
ဝါဆိုမှတော့ ဝါကျွတ်ရပေမည်။ သီတင်း သုံးပြီးလျှင် သီတင်းဆုံး ရပေလိမ့်မည်။ ရဟန်း တစ်ပါးအတွက် သီတင်းကျွတ် ဟူသည်သီတင်း သုံးဖော်များနှင့် ခွဲခွာခြင်း သင်္ကေ တဖြစ်ပြီး သတို့သားတစ်ဦးဆိုလျှင်တော့ သတို့သမီးနှင့် ပေါင်းစည်းခြင်း အဓိပ္ပာယ်တဝင်းဝင်း ဖြစ်နေမည်။ ဗြောက်အိုးကွဲသံများ မကြားရသော်လည်း ဆီမီးရောင် ရှိန်ထိန် ဝါလင်းရင်ဖြင့် သီတင်းကျွတ်ရပေ မည်မဟုတ်လား။ ငယ်စဉ်က သီတင်း ကျွတ်ချိန်တွေ မျှော်ရသည်။ ကျောင်းကြီးပေါ် မှာမောင်မပျော်ဘဲ ဆရာဘုန်းကြီးကြိမ်ဆော် သည့် ကြားက စာတွေ အော်နေခဲ့ရသော မောင်ရှင်အတွက် အိမ်လွမ်း စိတ်ကြွသော ရာသီဖြစ်သည်။ သီတင်းကျွတ် လဆန်း ၉ ရက်နေ့သည် ရှင်ငယ်ရဟန်းငယ်တို့ အူမြူး ရသောနေ့၊ မျှော်လင့်သောနေ့ဖြစ်သည်။ ”လဆန်းကိုးရက် ဝါပန်ထွက် ပြန်ရက်မရှိပြီဟူသော သံပေါက်စာကို အခါအခါ ရွတ်ခဲ့ရ၏။” ဝါတွင်း ကာလတွင် အလှူပေးခြင်း၊ တရားနာခြင်းနှင့် သံဃာတော်များကို ဖူးမြော်လိုခြင်းဟူသော အကြောင်းကြောင့် ကျောင်းမှဝါပန်၍ ယာယီ ထွက်ခွာခွင့်ရှိသည်။ သို့သော် ၇ ရက်မတိုင်မီ ကျောင်း သို့ ပြန်ရောက်ရပေမည်။ ပြန်မရောက် လျှင်တော့ ဝါကျိုးပျက်သွားသည်။ သီတင်းကျွတ် လဆန်း ၉ ရက်နေ့ ထွက်ခွာမည်ဆိုပါက စိတ်ချ လက်ချသွားနိုင်ကြပြီ။ ပြန်လှည့်ဖို့ မလိုတော့။ ကျောင်းတိုက်က သတ်မှတ်ထားသော စာဝါပို့ချ ချိန်အမီ ပြန်ရောက်ဖို့သာလိုတော့သည်။
(၂)
မိုးသုံးလ ရာသီသည် သာသနာ့ ဝန်ထမ်းများ ၏ စခန်းသွင်း ချိန်ဖြစ်သည်။ ဗုဒ္ဓအရှင်၏ ပထမ ဆုံးဝါဖြစ်သော ဗာရာဏသီမိုး ခိုချိန်သည် အရှင် ကောဏ္ဍညဦးဆောင်သော ရဟန္တာ အပါးခြောက် ဆယ်အား သာသနာပြုစခန်းသွင်းတော်မူခဲ့သည်။ ဓမ္မ တက္ကသိုလ် အပတ်စဉ်(၁)ဖြစ်ခဲ့သည်။ စားဝတ် နေရေးကျန်းမာရေး အတွက် စံပြုထိုက်သော ကျင့်ဝတ်ကို လက်တွေ့ပြသတော်မူခဲ့၏။ ”သာသနာသည် လောကဝန်ဆောင် သာဖြစ်ရ မည်။ လောကဝန်ထုပ်မဖြစ်စေရ” မူကို ချမှတ်ပေး ခဲ့၏။ ဘုရင့်သားက ဘုရားဖြစ် လာသောအရှင် ကိုယ်တိုင် သလုံးမြင်းခေါင်းခြေနှစ်ချောင်းကို အသုံးပြုတော်မူကာ ဆွမ်းခံကြွတော်မူခဲ့သည်။ စေတနာသဒ္ဓါတရား ချမ်းသာသည့် အိမ်တစ်အိမ် မှာတော့ ရဟန်းတစ်ပါးအတွက် ဆွမ်းတစ်ဇွန်း သည် ပင်ပန်းအံ့မထင်၊ ဝန်ဖြစ်အံ့မမြင်။ အသင့် ချက်ပြီးမရှိ၍ ကန်တော့ဆွမ်းလျှင် သို့မဟုတ် သဒ္ဓါမဖြစ်ထွန်း၍ တံခါးပိတ် ထားလျှင် လည်း နောက်တစ်အိမ် ကြွရုံသာ။ သင်္ကန်းအတွက်တော့ သုသာန်တစပြင်နှင့် အမှိုက်ပုံက အဝတ်စဟောင်း များကို ချုပ်စပ် ဖာထေးဆေးဆိုးကာ ဝတ်ရုံကြစေ။ ယနေ့ ခေတ် လူပြောများသော သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး စွန့်ပစ်ပစ္စည်းပြန်လည် အသုံးချမှု (ျွနခပခူနှပျအနာ)တွင် ဗုဒ္ဓအရှင်က ၂၅ ရာစု စောနေသည်။ သစ်ပင် တစ်ပင်ရှိလျှင် ကျောင်းကိစ္စပြီးသည်။ ဆေးဝါးအဖြစ် တကယ့် အော်ဂဲနစ်စစ်စစ် ဆီးဖြူ၊ သျှိသျှား၊ ဖန်ခါးသီးများ ကို နွားကျင်ငယ်ရေဖြင့်စိမ်ကာ သုံးကြစေ။ သံဃာ့အဖွဲ့အ စည်းကြီး ပေါ်ထွန်းလာခြင်းသည် လောက ဝန်ဆောင်ဖို့သက်သက်..။ ဗုဒ္ဓအရှင်နှင့် သာသနာပြု ရဟန္တာကိုယ်တော်ကြီးများ၏ သာသနာပြုစွမ်းရည်ကြောင့် မဇ္ဈိမဒေသ၏ မြို့ပြ ပြည်ရွာများ ဓမ္မနယ်ဖြစ်လာသောအခါ မင်းနှင့် ပြည်သူတို့၏ လျှောက်ထားတောင်းပန်မှုကြောင့် ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး၊ ပစ္စည်းလေးပါး အလှူခံခွင့်ပြုတော် မူခဲ့သည်။ သို့သော် အလှူခံ လိုက်သော ပစ္စည်းလေးပါးအတွက် တာဝန်သိမှု၊ တာဝန်ယူမှုရှိစေရန် လမ်းညွှန်တော်မူခဲ့၏။ ဗုဒ္ဓအရှင်က သာသနာ့ဝန်ထမ်းမှန်သမျှ ဝါဆို ဝါကပ်ပြုရန် ဥပဒေပြုတော်မူခဲ့၏။ မိုးတွင်းသုံးလ သာသနာပြုစွမ်းရည်မြှင့်စခန်းဝင်ရန် စီမံတော်မူ ခြင်းဖြစ်သည်။ အခွင့်အလမ်းအနေဖြင့် ဝါဆို သင်္ကန်း အလှူခံ ခွင့်ပေးေ တ်ာမူခဲ့သည်။ ဝါဆို သင်္ကန်းတစ်စုံ အလှူခံလိုက်သည်နှင့် စိတ်နှလုံး ပခုံးသားပေါ်တွင် တာဝန်နှစ်ခုရောက် လာသည်။ စာပေသင်ယူပို့ချမလား..။ တရားဘာဝနာ ပွား များမ လား..။ ဂန္ထဓုရနှင့် ဝိပဿနာဓုရ..။ ထို တာဝန်နှစ်ခုထက် မပို…။ ဗုဒ္ဓအရှင်က လောကအကျိုးစီးပွားကို ဆောင်ရွက်ကြမည့် ရှင်ရဟန်းတို့အနေဖြင့် ထိုဘာသာရပ်နှစ်ခုအပေါ် တာဝန် သိနေစေရန် ကြပ်မတ်တော် မူခဲ့သည်။ ထိုတာဝန်များကို ကျေပွန်ခြင်းမရှိဘဲ လောက ဝန်၊ဓမ္မဝန်ကို ဆောင်နိုင်လိမ့် မည်မဟုတ်ကြောင်း သေချာလှပါသည်။
(၃)
ဗုဒ္ဓအရှင် လက်ထက်တော်က ရဟန်းတော် များ တူရာတူရာ စုပေါင်း၍ ကျောင်းကြီးကျောင်း ငယ် အသွယ်သွယ်တွင် ဝါဆိုဝါ ကပ်ပြုလေ့ရှိသည်။ ဥမင်လိုဏ်ခေါင်း စသည် တို့တွင် ဧကစာရီ အဖော် မမှီး တစ်ပါးတည်း ကိန်းဝပ်လေ့ရှိသော ရဟန္တာကိုယ်တော်ကြီးများအကြောင်းကိုလည်း ပိဋကတ် မှတ်တမ်းများက ဖော်ပြသည်။ ဝါမဆိုမီ ဗုဒ္ဓအ ရှင် သို့မဟုတ် ဥပဇ္ဈာယ်နှင့် နိသျည်းဆရာတို့ထံ သြဝါဒခံယူကာ မိမိသီတင်းသုံးမည့် ကျောင်းဝိဟာ သို့ အသီးသီးကြွရောက် ကြရသည်။ ပရိယတ္တိ ဝန်ဆောင် အရှင်တို့က ညဏ်ပါရမီအလျောက် ပိဋကတ်တစ်ပုံဆောင်၊ နှစ်ပုံဆောင်၊ သုံးပုံဆောင် ကြီးတွေဖြစ်အောင်အားထုတ်ကြသည်။ ရှင်စူဠပန် တို့လို ဂါထာတစ်ပုဒ်နှင့် တစ်ဝါကုန် သည် မျိုးလည်း ရှိကောင်းရှိမည်။ သို့သော် တာဝန်ကျေခြင်းကို ဗုဒ္ဓအရှင်ချီးမွမ်းတော်မူသည်။ ပဋိပတ္တိဝန်ဆောင် အရှင်တို့က ကမ္မဋ္ဌာန်းအာရုံတစ်ခုခုဖြင့် ဘာဝနာ တက်လမ်း မိအောင် အားထုတ်ရင်း သောတာပန် သကဒါဂါမ်စသည့် အရိယာအဆင့်ဆင့် မြင့်သွား ကြသည်။ ဗုဒ္ဓခေတ်သီတင်းကျွတ်ချိန်များက ကြည်နူးအား တက်ဖွယ်ရာဖြစ် သည်။မိုးတိမ်ကင်းစ ဝါကျွတ်လတွင် ရာပေါင်းများစွာသောရဟန်းတော် များက ဗုဒ္ဓအရှင် အမြဲသီတင်း သုံးရာသာဝတ္ထိမြို့ လမ်းမကို ဖြတ်၍ ဇေတဝန်ကျောင်းတော်ထဲ ဝင်ရောက်လာကြသည်။ သံဒိဋ္ဌ သမ္ဘတ္တ မြင်ဖူး၊ ဆုံဖူး၊ အတူစားဖူးသည့် သီတင်းသုံးဖော် မိတ် ဟောင်း မိတ်သစ်ရ ဟန်းတော်များ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြသည်။ ထို့နောက် ဗုဒ္ဓအရှင်၏ ခြေတော်ရင်းသို့ ချဉ်းကပ်ကာ လောကဓမ္မအတွေ့ အကြုံများ လျှောက်ထားကြသည်။ ထိုရဟန်းတော် တို့ ဆောင်ရွက်ပြီးမြောက်ခဲ့သော ပရိယတ္တိ ပဋိပတ္တိအသီးအပွင့်များကို ဗုဒ္ဓအရှင်ကသာဓု ခေါ်လေ့ရှိသည်။လိုအပ်သည်များကိုလည်း ထောက်ပြဝေဖန်တော်မူသည်။ ထိုထိုသို့သော ရဟန်းတော်များ၏ အစီရင်ခံ တင်ပြမှုကို သုံးသပ် ဆင်ခြင်တော်မူကာ ဥပဒေအသစ် ထုတ်ပြန်ရသည် လည်း ရှိလာသည်။ ပဝါရဏာပွဲတော်သည် သီတင်းကျွတ်ရဟန်းတော်များကြောင့် ဖြစ်ပေါ် လာသောဗုဒ္ဓသာသနာ၏ ပွင့်လင်းမြင်သာမှုရှိ သော မီဒီယာလွတ်လပ်ခွင့်ဖြစ်သည်။ ကောသလ တိုင်းဇနပုဒ်တစ်ခုတွင် မိတ်ဆွေရဟန်းတော်များ ဝါဆိုဝါကပ်ပြုရန် စုဝေးကြသည်။ ဝါတွင်းကာလ တွင် မငြင်းခုန်ဘဲ ချမ်းသာစွာနေထိုင်ကြရေး အတွက် စကားပြောဆိုမှုအစား ခန္ဓာဗေဒဘာသာ စကား (သြိပူညေါကေါန)ကို အသုံးပြုကြရန် သဘောတူကြသည်။ လက်ဟန်ခြေဟန်သင်္ကေတ များဖြင့် ဝါကျွတ်သွားကြသည်။ ခိုက်ရန်ငြင်းခုန် မရှိ..ငြိမ်းအေးပါဘိဟု ထိုရဟန်းတော်များက ချီးမွမ်းတော်မူမည် ထင်တစ်လုံးဖြင့် ဗုဒ္ဓအရှင်အား ခပ်ပြုံးပြုံးလျှောက်ထားကြသည်။ လွဲလေစွ မောင် ပဉ္စင်းတို့ …။ ပါးစပ်ရှိပါလျက် ဘာသာစကား ရှိပါလျက် သယ်မိုက်ကြလေသကိုး။ အဘယ့် ကြောင့် သူအကဲ့သို့သောအကျင့်ကို ကျင့်ကြလေ သနည်း… တိတ္ထိတို့ကျင့်သုံးသော ဝစီပိတ် အကျင့်ကို မကျင့်အပ်၊ ဒုက္ကဋ်အာ ပတ်သင့်စေ။ ဝစီပိတ်အတွေးအခေါ်ကို တော်လှန်လိုသော ဗုဒ္ဓအရှင်က သံဃာတော် အချင်းချင်းဖိတ်ကြားမှုပဝါရဏာပြုခြင်းကို ခွင့်ပြုတော်မူခဲ့သည်။ ”ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါး သောအကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း ပဝါရဏာ ပြုခြင်းငှာ ခွင့်ပြု၏။ ထိုဖိတ်ကြားခြင်းသည် သင်တို့အတွက် အချင်းချင်း လိုက်လျောခြင်း၊ အာပတ်မှ ထမြောက်စေခြင်း၊ ဝိနည်းကို ရှေ့ရှုခြင်း ဖြစ်လတ္တံ့။ သို့အတွက် သီတင်းကျွတ်လပြည့်နေ့ တွင် ရဟန်းသံဃာတော်များ စုဝေးကြရ၏။ ထိုညီလာခံကြီးတွင် မထေရ်ကြီးမထေရ်ငယ် ရဟန်းတော်အချင်းချင်း ဤသို့ ဖိတ်ကြားရသည်။ ”သံဃာတော်ကို ဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်း ပြု၍ ပြောဆိုကုန်လော့..။ အပြစ်ကို မြင်သည် ရှိသော် ကုစားပါအံ့”။ ဘယ်လောက်များ ပွင့်လင်း မြင်သာ ရှိလိုက်ပါသလဲ။ ဘယ်လောက်များ အထက်တန်း ကျလိုက်သလဲ။ ဝါအလွန်မီဒီယာ လွတ်လပ်ခွင့်ကို ဗုဒ္ဓအရှင် တံခါးဖွင့်ပေးတော် မူခဲ့ပြီ။
(၄)
သီတင်းကျွတ်သည် သာသနာ့ဝန်ထမ်းများ ၏ အနားယူချိန်ဖြစ်သည်။ တာဝန်မှ ယာယီကင်း လွတ်ခွင့်ရသော ကာလဖြစ်သည်။ တန်ဆောင် တိုင်လွန် သာသနာပြုခရီး အတွက် အားယူရသော အခိုက်အတန့်ဖြစ်သည်။ အချင်းချင်းဖိတ်ခေါ်ကာ သံသယရှင်းပြီးချိန်ဖြစ်၍ စိတ်နှလုံးလည်း လွတ် လပ်ပွင့်လင်းနေသည်။ ငယ်စဉ် ရှင်ငယ်ရဟန်းငယ် ဘဝကလိုပင် သီတင်းကျွတ်ကို မျှော်မိပြန်သည်။ ငယ်စဉ်က အဓိပ္ပာယ်နှင့်တော့ တူချင်မှ တူပေ တော့မည်။
ဓမ္မဂင်္ဂါ
Viewing all 194 articles
Browse latest View live