Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all 194 articles
Browse latest View live

ယုယ ပြောတဲ့ G

$
0
0

 ယုယ

Generation Gap

မျိုးဆက် ကွာဟမှု ကတော့ သူများတွေကို မပြောခင် ကိုယ့်အမျိုး တွေ အကြောင်းပဲ ကိုယ်ပြန်ပြောရ မလို ဖြစ်နေပြီ။ အဘိုး ဦးသာဓုက အနုပညာ အလုပ်တော်တော် များများ ကိုလုပ်နိုင်တယ်။ သူ့သားတွေ ကျတော့ တစ်ယောက် နည်းနည်းပဲ လုပ်နိုင်ကြတော့တယ်။ အဘိုး လောက်တော့ စုံအောင် မလုပ်နိုင် ကြဘူးပေါ့။ အခု အဘိုး သားသမီး တွေကမွေးတဲ့ ကိုယ်တွေမြေးတွေ အလှည့် ရောက်လာတော့ ပိုဆိုးသွားတယ်။ အနုပညာကို တစ်ယောက် တစ်ခုစီတောင် သေချာ မလုပ် ဖြစ်ကြဘူး။ မ လုပ်နိုင်ကြတော့ဘူး။ အဲဒါ ကတော့ ခေတ်ရေစီးကြောင်း နဲ့ စီးပွားရေးကြောင့် လည်း ပါမယ် ထင်တယ်။ ဝါသနာ ပါပေမယ့် အချိန် မပေးနိုင် ကြတော့ဘူး။ အခု လို ပြော လို့နောက် မျိုးဆက်တွေက ညံ့ သွားတာ လား ဆိုတော့လည်း မဟုတ်ဘူး။ သူတို့ တော်တဲ့ တတ်တဲ့ နေရာမှာလည်း တော်နေ တတ်နေတာပဲ။ စီးပွားရေး အရသာ အလေး ထားလုပ်နေတဲ့ အရာတွေ ပြောင်းလဲ သွားတာပေါ့။ နောက် မျိုးဆက် တွေမညံ့ပါဘူး။ အဲဒါကြောင့်လည်း အသစ် အသစ် တွေပေါ်လာတာပေါ့ ။နောက် မျိုးဆက်တွေ မမိုက်ကြဘူး။ အဲဒါကြောင့်လည်း ကမ္ဘာမှာ စစ် ဖြစ်တာတွေ နည်းသွားတာပေါ့။

Global

Global တစ်ကမ္ဘာလုံး နဲ့ ဆိုင်တဲ့ အလုပ် ကတော့ ကမ္ဘာကြီးအေး အေးဆေးဆေး မပူမပင် လည်ပတ် နိုင်ဖို့ အသိဥာဏ် အရှိဆုံး ကိုယ်တို့ လူသားတွေမှာ တာဝန် ရှိတယ်။ စစ်မဲ့ ကမ္ဘာကြီးဖြစ်အောင်၊ စိမ်းလန်း သာယာတဲ့ သဘာဝ ပတ်ဝန်းကျင် ကြီးဖြစ်အောင်၊ လူသားအချင်းချင်း ချစ်ခင် စည်းလုံးအောင် ကြိုး စားရင် ကမ္ဘာ ကြီးနေကောင်းမှာပါ။ ကမ္ဘာ ကြီးပေါ်က လူတွေလည်း စိတ်ချမ်း သာရမှာပါ။

Gossip

အတင်းအဖျင်း မပြောတဲ့ လူမျိုးဆိုတာ မရှိသလောက် ရှားမယ် ထင်တယ်။ နိုင်ငံခြားသားတွေ လည်း အတင်းပြောတာပဲ။ မြန်မာတွေ လည်း အတင်းပြောတာပဲ။ တစ်ခုပဲ အလုပ် မရှိဘဲ အချိန်များများ ဖြုန်း နိုင်တဲ့သူက ပိုပြီး အတင်းပြော ဖြစ်တယ်။ တစ်ခါတလေ ကျတော့လည်း တစ်ယောက်တည်း ငေါင်းစင်းစင်း ကြီး ဖြစ်နေတာ ထက် စာရင် ကိုယ်ယုံ ကြည်ရတဲ့ သူ တစ်ယောက်ယောက် ကို ကိုယ် မကျေနပ်တဲ့ သူအကြောင်း လေး အတင်းပြောလိုက်ရင် နေသာ ထိုင်သာ ရှိသွားရော။ အတင်းပြောတဲ့ အလုပ်က ဆက်ပြီး ရှိနေဦးမှာပဲလေ။ လောကကြီး ကို သိပ်အရုပ်မဆိုးစေ ဘူးဆိုရင် နည်းနည်း ပါးပါးတော့ အတင်းလေး ပြောနေတာကောင်းပါ တယ်။

 


ဇော်ဝင်းထွဋ် ပြောတဲ့ Generation Gap, Global, Gossip

$
0
0

Generation Gap

Generation Gap က အခုချိန်မှာ ပြောရ တော်တော် ခက်နေတဲ့ အချိန် ဖြစ်သွားပြီ။ ၁၉၅ဝ လောက် ကတည်းက အမျိုးသမီးတွေ မဲပေး ခွင့် ရနေတဲ့ ဒီမို ကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန် လိုနိုင်ငံမျိုး နဲ့ ယှဉ်ရင် ပေါ့။ ဒီလိုနိုင်ငံတွေမှာ Human Rights နဲ့ပဲ စကားပြောတယ်။ ဥပမာ- အစ္စလာမ်နိုင်ငံ က မိန်းက လေး တစ်ယောက်က ခေါင်းမြီး ခြုံ တာ ဘာပြဿနာမှ မရှိပေမယ့် အမေရိကန် လိုနိုင်ငံက မိန်းကလေး တစ်ယောက် အတွက်က ဒါက ပြဿနာကြီး ဖြစ်နေလိမ့်မယ်။ Generation Gap ဆိုတာ Culture နဲ့လည်း ဆိုင်တယ်။ Traditional တွေနဲ့ လည်း ဆိုင်တယ်။ ကျွန်တော် တို့ ငယ်ငယ်က ဆိုရင် လူကြီးတွေ အမြင်မှာ ကျွန်တော် တို့ ဘယ်တော့ မှ မမှန် ဘူးဘဲ။ ကျောင်းမှာလည်း ဆရာ၊ ဆရာမတွေ အမြင်မှာ မမှန် ဘူး။ မှားနေတယ်ပဲ။ မှန်လည်း အသိအမှတ် ပြုချင်မှ ပြုကြတဲ့ခေတ်။ အဖေ၊ အမေလည်း ကြောက်ရတယ်။ ဆရာ၊ ဆရာမ လည်း ကြောက်ရတယ်။ အဲဒီလိုခေတ်မှာ နေခဲ့ရတဲ့ ကျွန်တော်တို့ အခု ဘာဖြစ်လဲ ဆိုတော့ ဘာမှမဖြစ်ဘူးလေ။ ကျွန်တော် သား၊ သမီးခေတ် မှာတော့ ပြောင်းသွားပြီ။ ကျွန်တော့် သမီးကို သြစတြေးလျမှာ ကျောင်းထားဖို့ ပြင်တော့ ဟိုမှာ ကျောင်းက မေး တယ်။ ဘယ်မှာနေ မှာလဲ။ အဒေါ်နဲ့ နေမှာ ဆိုတော့။ အရင်းလား။ ဦးလေး က အရက်သောက်လား။ အခန်း တစ်ခန်း သပ်သပ်ပေးလား။ ကွန်ပျူ တာ ဝယ်ပေးထားလား။ ဒါတွေ မေးတယ်။ ပြီးတော့ ဖြေတာ တွေ ဟုတ်၊ မ ဟုတ် ကျောင်းက တစ်ရက် အိမ်မှာ လာစစ်တယ်။ သူ့ကို လက် ဖျားနဲ့ထိဖို့ မပြောနဲ့ ကောင်းကောင်း မွန်မွန် မထားရင်တောင် အပြစ် ဖြစ်နေပြီ။ ဒါပေမဲ့ သူတို့ ခေတ် ကလေးတွေ မှာ အရာရာကို အဆင်သင့် ရနေကြပေမယ့် စိတ်ဓာတ် ကျလွယ်တယ်။ ကိုယ့်ကိုယ် ကိုယ် သတ်သေကြတယ်။ ကျွန်တော် တို့ ငယ်ငယ်တုန်းက Counsellor ဆို တဲ့ စကားလုံး ကြားတောင် မကြားဖူးဘူး။ စိတ်ညစ်ရင် စိတ်ဓာတ် ကျရင် ကိုယ့်ဟာ ကိုယ်ဖြေ ရှင်းရတယ်။ ဒီခေတ် မှာတော့ Counsellor ဆိုတာတွေ ရှိလာတယ်။ သူတို့ကို နှစ်သိမ့်ပေးနေ ရတယ်။ ကျွန်တော် တို့တုန်းက ကိုယ့် ထက်ကြီးတဲ့ သူ တွေကို ကြောက်ခြင်း၊ ရိုသေခြင်း အားဖြင့် စိတ်ဓာတ် မကျခဲ့ကြ ဘူး။ နောက်ပြီး စည်းကမ်းပိုင်းလည်း ကောင်းခဲ့တယ်။ အခု မျိုးဆက်မှာက အားပေး နေရတယ်။ စည်းကမ်းပိုင်း တွေမှာ အားနည်းလာကြတယ်။ မြန်မာပြည်မှာ က Generation Gap ကပို ကြီးသွားတယ်။ ကလေး တွေ လိမ်တာကို မိဘတွေ ကပြန်ပြီး ခံနေ ရတယ်။ နိုင်ငံခြားမှာက သား သမီးနဲ့ မိဘက ဥာဏ်ရည် ဥာဏ် သွေးချင်း၊ ဗဟုသုတ ရှိတာချင်း မကွာဘူး။ မြန်မာပြည် မှာက ကွာနေတယ်။ ဒါက စိတ်ပူ စရာပဲလေ။ ကျွန်တော့် အနေနဲ့ ပြောရရင် အိမ်တစ်အိမ်မှာ Three Generation ရှိနေတာကို ကြိုက်တယ်။ အဘိုး၊ အဘွား၊ အဖေ၊ အမေ၊ သား၊ သမီး ဒီလို စုနေတာပေါ့။ ဒီလို ဓလေ့ က ကမ္ဘာမှာ မရှိသလောက် ရှားသွား ပြီ။ မြန်မာပြည် မှာပဲ ကျန်တော့ တယ်။ ဒီလိုနေရင် Generation  Gap က မရှိနိုင်တော့ဘူးလို့ ကျွန်တော်ယူဆတယ်။

Global

Global  ဆိုတာတော့ Globalization နဲ့တူလိမ့်မယ်။ The World is Flat လို့ပြောကြတယ်။ ကမ္ဘာကြီးက ရွာဖြစ်သွားပြီလို့ ပြော ကြတယ်။ ဒီလို အချိန်မှာ တစ်ကမ္ဘာ လုံးက နီးသွားပြီ။ ကမ္ဘာ့အရှေ့ နဲ့ အနောက်က ခဏလေးနဲ့ နီးသွားတယ်။ ဥပမာ - Facebook လိုဟာမျိုးပေါ့။ အခုချိန်ဆို ကျွန်တော် တို့ နိုင်ငံ မှာ ပြောင်းလဲ မှုတွေ ဖြစ်နေတယ်။ ဒီပြောင်းလဲမှုတွေ မှာ ကျွန် တော်တို့ နိုင်ငံမှာ Culture Shock တွေ ဖြစ်ကြတယ်။ အမြင်တွေ ပြောင်း ဖို့ လိုတယ်။ အမြင်တွေ မပြောင်း သရွေ့တော့ တို့ တိုင်းပြည်မှာ Global ဆိုတဲ့ စကားလုံးက အသုံး မဝင်ဘူး။ အမှန်က Global ခေတ် မှာ လူငယ်တွေ အတွက် ကောင်းကျိုး က များရမယ်။ ဒါပေမဲ့ ဒါကလည်း ကိုယ်လက်ခံနိုင်၊ တုံ့ပြန်နိုင်မယ့် အခြေအနေနဲ့ ဆိုင်တယ်။ တုံ့ပြန်တဲ့ နေရာမှာ ပြဿနာ ရှိနိုင်တယ်။ အရင်တုန်းက ဆိုရင် လူတွေက ကိုယ်ပိုင်ချိန် ဆိုတာ ရှိတယ်။ အခုက တိုးတက်လာတော့ Privacy ဆိုတာ မရှိတော့ဘူး။ လက်ညှိုးလေး တစ် ချက်နဲ့ပဲ Like ၊ Unlike နဲ့တင် အများကြီး ခရီး ရောက်နေပြီ။ နောက်ပြီး ဒီထက် ပိုချင်ရင် Comment လေးရေးပေါ့။ ဒီတော့ အခုဆိုရင် ကမ္ဘာနဲ့ အဝန်း၊ တစ် ကမ္ဘာလုံးက စောင့်ကြည့်ရတဲ့ ယှဉ် ပြိုင်ပွဲတွေ ရှိလာပြီ။ ဒီလိုကိစ္စတွေ မှာ Comment ပေးရင် ပိုပြီး သတိ ထားရမယ်။ ကိုယ်ရေးလိုက်တဲ့ စာ ကို တစ်ကမ္ဘာလုံး က မြင်သွားမှာ။ ဒီတော့ ကျွန်တော် ပြောချင်တာက ဒီလို ကိစ္စတွေ မှာ ရေးချင်ရင် အရင်ဆုံး သေချာ လေ့လာစေချင်တယ်။ ကိုယ့်ရဲ့စကားလုံး အသုံးအနှုန်းနဲ့၊ အမြင်က ကိုယ့်နိုင်ငံ ကိုယ်စားပြုပြီး တခြားနိုင်ငံက သူတွေက အထင် သေး သွားစေတာမျိုးတော့ မကောင်းဘူး။ ကျွန်တော် တို့နဲ့အခု နောက် မျိုးဆက် နဲ့က အရမ်း ကွာပါတယ်။ အခု မျိုးဆက်က ကမ္ဘာကြီး ကို မျက်စိ အောက်မှာ ထားလို့ ရ တဲ့ခေတ် ဖြစ် နေပြီလေ။ Language ပိုင်းဆိုလည်း ဒီမျိုးဆက်က အရမ်းကောင်းကြ တယ်။

Gossip

Gossip ဆိုတာ နှစ်မျိုးရှိတယ်။ တိုင်းပြည် တစ်ပြည်မှာ Lack of information ဖြစ်အောင် အားလုံး ပိတ်ထားတဲ့ တိုင်းပြည်မှာ ဆိုရင် တော့ ဒီကိစ္စက အရေးကြီး တယ်။ ဟိုဟာ ကြားပြီးပြီလား။ ဒီဟာကြားပြီး ပြီလား ဆိုတာတွေက Gossip ပေါ့။ Hollywood လို ဖွံ့ဖြိုး တိုးတက်တဲ့ နေရာမျိုးမှာ ကျတော့ Gossip ဆို တာ ဘယ်လို မှ မနေဘူး။ ယုံတမ်း စကားတွေက  Gossip ပေါ့။ တကယ်ကို ပွင့်လင်း ထင်သာရင် Gossip ဆိုတာ မရှိတော့ပါဘူး။  Gossip တွေကို ပြန်ပြီး တုံ့ပြန်တဲ့ နေရာ မှာတော့ ကျွန်တော်တို့ တိုင်းပြည်က စိတ်လိုက် မာန်ပါ ဖြစ်နေ တုန်းပါပဲ။ ကျွန်တော် ဆိုလည်း အဆိုတော် တစ်ယောက် ဖြစ်စပေါ့။ အမှန်တိုင်း ပြောရရင် ကျွန်တော် က Musician တစ်ယောက်ပဲ ဖြစ်ချင် ခဲ့တာ။ ဒါပေမဲ့ အဆိုတော် ဖြစ်ပြီး နာမည် ကြီးခါစ အချိန်တုန်းက ကျွန်တော့် အစ်ကို ကိုဇော်မျိုးက ပြောတယ်  ”မင်း အဆိုတော်ဖြစ်သွား ရင် မင်းလုပ်ချင်တာ လုပ်လို့ မရ တော့ဘူး။ နေချင်သလို နေလို့မရ တော့ဘူးနော်” တဲ့ တကယ်လည်း ကျွန်တော် နာမည်ကြီးချိန် မှာ အဲဒါ တွေစပြီး ရင်ဆိုင်ရတာပဲ။ ဒါပေမဲ့ တကယ်တော့ ကိုယ့်အလုပ် အပေါ် သစ္စာရှိရှိ နဲ့ ယုံယုံကြည်ကြည် ဖြစ်ဖို့ က အရေးကြီးတာပဲ။ Gossip တွေ အများကြီးလည်း ရင်ဆိုင်ရတာပဲ။ လူပဲနော်။ ကောင်းတာပြောရင် ပီတိဖြစ်တယ် ကြိုက်တယ်။ မကောင်းတာ ပြောရင် စိတ်ဆိုးတာပေါ့။ ငယ်လည်း ငယ်သေးတာကိုး။ အဲဒီခေတ်က စာတွေ ပို့ကြ တဲ့ ခေတ် ပေါ့။ စာတွေပုံး လိုက်ကြီး ရောက် ရောက်လာတတ်တယ်။ အခုချိန်ထိ ကျွန်တော်တစ်စောင်မှ မပြန်ဖူးဘူး။ အဲဒီအတွက်လည်း ကျွန်တော့် ပရိသတ်ကို ဒီကနေ တစ်ခါတည်း တောင်းပန်ပါတယ်။ ကျွန်တော့် အတွက် ဆိုရင်တော့ Gossip တွေကို ကျွန်တော်သိပ်ပြီး မခံစားနေ တတ်ဘူး။

ဖြိုးစုပိုပို

ချမ်းသာ ပြောတဲ့ Generation Gap, Global, Gossip

$
0
0

‘G’ စာလုံးတွေ အများကြီး ထဲမှာ မှ ဒီလမှာတော့ Generation Gap, Global နဲ့  Gossip စကားလုံးတွေ ကို မျိုးရိုး အစဉ် အဆက် အနုပညာ အလုပ်တွေ လုပ်နေကြတဲ့ ဇာတ် မင်းသား ချမ်းသာ၊ အဆိုတော် ဇော်ဝင်းထွဋ် နဲ့ စာရေးဆရာမ ယုယတို့က ဆွေးနွေးပေးခဲ့ကြပါတယ်။

ချမ်းသာ

Generation Gap

Generation Gap ဆိုတာ မျိုးဆက် တစ်ဆက်နဲ့ တစ်ဆက်ကြား က ကွာဟမှုပေါ့။ ဦးချမ်း တို့အနေ နဲ့ဆိုရင် သဘင် မျိုးဆက်ပေါ့။ ဦးချမ်းရဲ့ ဖေဖေ အလင်္ကာကျော် စွာရွှေမန်း တင်မောင်က စတယ်ပေါ့။ ဖေဖေ ကနေ ဦးချမ်း တို့ ညီအစ်ကို ၅ ယောက်ပေါ့။ ဦးချမ်းရဲ့ အစ်မ ၂ ယောက်ကတော့ ဖေဖေ့ရဲ့ ဆန္ဒအရ အနုပညာ အလုပ် လုပ်ခွင့် မရခဲ့ကြ ဘူး။ ဦးချမ်းရဲ့ အစ်ကိုတွေဖြစ်တဲ့ ကိုညွန့်ဝင်း၊ ကိုဝင်းဗိုလ်၊ ကိုဆန်း ဝင်း၊ ကိုဝင်းမောင် ပြီးတော့ ဦးချမ်း က အငယ်ဆုံးပေါ့။ ဦးချမ်း တို့ပြီး တော့ တင်မောင်ဆန်းမင်းဝင်း၊ ကျော်ကျော်ဗို၊ စည်သူဗို စတဲ့ကလေး တွေပေါ့။ သားစဉ်မြေးဆက် သဘင် အလုပ်ကို ချစ်ခင်မြတ်နိုးစွာ နဲ့ လုပ်ကြပါတယ်။ လုပ်ကြပေ မယ့် ဖေဖေ့ ကိုတော့ ဘယ်သူမှ မမီကြပါဘူး။ ဖေဖေကတော့ အရမ်း ခမ်းနားခဲ့ တယ်။ ဖေဖေရဲ့ ပုံစံကို လိုက်တုဖို့ တောင် မရဲကြပါဘူး။ ဖေဖေ ကတော့ တီထွင် မှုကောင်းတယ်။ သူဖန်တီး ခဲ့တာတွေကို မမီကြဘူး။ အစ်ကိုကြီး ကိုညွန့်ဝင်း ကတော့ ဖေဖေ ဆီကနေ စာအုပ်ဖတ်တာ နဲ့ အချိန် တိကျလေး စားတာကို လုံးဝ အတု ယူထားတယ်။ ဦးချမ်း တို့ရဲ့ နောက် မျိုးဆက်ဖြစ်တဲ့ ကလေးတွေလည်း ကြိုးစားကြပါ တယ်။ ဦးချမ်း တို့ရဲ့ အလင်္ကာ မျိုးဆက်သစ်တွေ တင် မဟုတ်ပါဘူး။ သဘင်လောက မှာ ရှိကြတဲ့ သဘင် မျိုးဆက်သစ်တွေ အားလုံးကို ဦးချမ်း တို့က အားကိုး ပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီသဘင် လောကကြီး မပျောက်အောင်က သူတို့ ပဲ လုပ်နိုင် ကြမှာလေ။

Global

Global ဆိုတာကတော့ တစ်ဦး တစ်ယောက်တည်း လူမျိုးစု တစ်ခုတည်း နိုင်ငံတစ်နိုင်ငံ အတွက် ပဲမဟုတ်ဘူး။ ကမ္ဘာနဲ့ ချီသွားပြီ။ ကမ္ဘာနဲ့ အဝန်းပေါ့။ ကမ္ဘာမှာ က ပြ ဇာတ်တွေက အရမ်း တန်ဖိုးထား ခြင်း ခံရတယ်။ ဦးချမ်း တို့နိုင်ငံနဲ့ မတူဘူး။ ဒါက တိုင်းပြည်ပေါ် မှာ မူတည်တယ်။ နိုင်ငံက ထုတ်မပြ တော့ ဦးချမ်း တို့ရဲ့ ဇာတ်သဘင် ကို ကမ္ဘာက မသိဘူး။ တို့နိုင်ငံက လူတွေက ယဉ်ကျေးမှုကို ထိန်းသိမ်း ပါဆိုပြီး ကိုယ့်နိုင်ငံက လူတွေကိုပဲ ပြောနေတယ်။ အမှန်က ကမ္ဘာကို လည်း ပြရမယ်။ မြန်မာ့ ယဉ်ကျေးမှု ဇာတ်သဘင်က ဘယ်လောက်ထိ အဆင့်အတန်း ရှိလဲဆိုတာ။ မြန်မာ့ ရိုးရာ မိရိုးဖလာတွေကို ဘယ်လို ထိန်းသိမ်းထားလဲ ဆိုတာကိုပေါ့။ ဦးချမ်း တို့က Modify ပြန်လုပ်တာ လည်း သိပ်ကောင်းကြတယ်။ ဥပမာ ဦးချမ်း တို့ဇာတ်မှာ ယိုးဒယား အက ဆိုရင် မြဝတီမင်းကြီး ဦးစတို့က Modify လုပ်ထားခဲ့တာ။ သူ့ ယိုးဒယား အကကို ကိုယ့်မြန်မာ ရိုးရာ နဲ့ ပေါင်းစပ်ပြီး ဖန်တီးခဲ့ကြတာ။ သူတို့ထက် လှအောင် ကခဲ့ကြတယ်။ ပုဂံအက ဆိုလည်း သူ့ရဲ့ချပ်ဝတ် တန်ဆာ၊ အယူအတိမ်း၊ အနွဲ့ အပြောင်း၊ မုဒြာတွေက အိန္ဒိယက ယူထားတာပဲ။ ဒါလည်း Modify လုပ်လိုက်တာပဲ။ ကိုယ်တိုင်ထုတ် လုပ်ခဲ့တဲ့ အနုပညာ အရည်အသွေး တွေလည်း အများကြီး ပဲ။ ကမ္ဘာကို ပြမယ် ဆိုရင် ယဉ်ကျေးမှု လက်အောက်ခံ က အမျိုးသား ကဇာတ်ကို ပဲ ထုတ်ပြတယ်။ ဦးချမ်း တို့လို ကိုယ် ပိုင် ဇာတ်သဘင် အဖွဲ့တွေက ထုတ်ပြ ခွင့် မရကြဘူး။ အမှန်ဆိုရင် နိုင်ငံခြားက Broad Way လို ရပ်ကွက်မျိုး ဖန်တီးရင် ရတယ်။ ဒီမြို့နယ်မှာ Bamboo theater ကြီးတွေ ဆောက် ပြီး ပြလို့ ရတယ်။ နိုင်ငံ တကာက သံမဏိတွေ ဘာတွေ နဲ့ ဇာတ်စင်တွေ လုပ်နေချိန် မှာ ကိုယ်တွေက သစ် တွေ၊ ဝါးတွေနဲ့ပဲ အရမ်းကို ကြီးကျယ် ခမ်းနားတဲ့ ဇာတ်စင်ကြီး ဆောက်လို့ ရတယ်။ သူတို့ အံ့သြသွားအောင် လုပ်နိုင်တယ်။ သူတို့တွေက ခုံတွေနဲ့ ဇာတ်ကြည့်တယ်။ ဒါပေမဲ့ ကိုယ်တွေ က ဖျာလေးတွေ ခင်းပြီး ကြည့်တယ်။ ဒါတွေကို က ပြစရာတွေပဲ။ အခုကျ တော့ ဦးချမ်းတို့က သေတ္တာထဲ မှာ ထည့်ထားတဲ့ အရုပ်တွေလို ပဲ။ လာ ကြည့်ချင်ရင် ခဏဖွင့်ကြည့် ပြီးရင် ပြန်ပိတ်ထား ခံရတယ်။ ထုတ်ပြခြင်း မခံရဘူး။ အင်ဒိုနီးရှား ရုပ်သေးဆို ကမ္ဘာကိုမေးလိုက် အကုန်သိကြ တယ်။ အမှန်က မြန်မာ့ရုပ်သေးက သူတို့ထက် အများကြီး အဆင့်မြင့် တယ်။ ပြခွင့်မပေးဘူး။ Broad Way လိုနေရာမျိုးဖြစ်အောင် ဦးချမ်း တို့လည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ လုပ်ခွင့်မပေးဘူး။ အခုဆိုရင် မြန်မာ့ ဇာတ်သဘင်က ဝမ်းနည်းစရာ ကောင်းလောက်အောင်ကို မှေးမှိန် သလိုတောင် ဖြစ်နေပါပြီ။

Gossip

Gossip ဆိုတာ သတင်း ဖြန့်ချိမှု ဆိုရင် မမှားပါဘူး။ ဒါပေမဲ့ ကောင်းသတင်း နဲ့ ဆိုးသတင်းရှိ တယ်။ အားမနာပ မဖြစ်ဖို့ အရေး ကြီးတယ်။ မုဒိတာ ပွားသင့်တယ်။ ဒီလို သတင်း အတင်းမျိုး မဖြစ်ဖို့က မင်းသား ကလည်း မင်းသား သိက္ခာ၊ မင်းသမီး ဆိုလည်း မင်းသမီး သိက္ခာ ရှိရတယ်။ သူများပြောစရာ မရှိအောင်ပေါ့။ ဦးချမ်းတို့တုန်း က လည်း ဒီလို ကိစ္စမျိုးတွေနဲ့ ကြုံခဲ့ရဖူးတယ်။ ဒါပေမဲ့ ဦးချမ်းက ဒါတွေကို ကောင်း ကောင်းပဲ ပြန် တုံ့ပြန်ခဲ့တာပဲ။ ဘယ် တော့မှ ရန်နဲ့ မတုံ့ပြန်ခဲ့ဘူး။ ဦးချမ်း ကိုယ်တိုင် ကျတော့ လည်း သူများကို သိက္ခာ ကျအောင် အကျိုးယုတ် အောင် ဘယ်တော့ မှ မပြောဆို၊ မပြုမူဘူး။

ဖြိုးစုပိုပို

ပိုက်ဆံအိတ်လေး သော့ခတ်ထားမယ်

$
0
0

(Buy Nothing Day……အပြည်ပြည် ဆိုင်ရာ ဈေးမဝယ်ရနေ့ ၂ဝ၁၃ နိုဝင်ဘာ ၂၉)

ဒီလမှာတော့ ရတီ ချစ်သူတွေ စိတ်ဝင်စားကြမယ့် နေ့လေးတစ်နေ့ ရှိပါတယ်။ ပြက္ခဒိန်ထဲက နိုဝင်ဘာလရဲ့ ထူးထူးခြားခြား နေ့လေး တစ်နေ့ က တော့ နိုင်ငံ တကာ ဈေးမဝယ်ရ နေ့လေးပါပဲ။ နိုင်ငံတကာ အထိမ်း အမှတ်နေ့တွေ ကြားမှာ နိုဝင်ဘာလ ထဲမှာ ကျရောက်တဲ့ Buy Nothing Day… ရယ် လို့တွေ့လိုက် ရတော့ ကျွန်မ ကိုယ်တိုင်လည်း စိတ်ဝင်စား မိတာမို့ ရတီ ပရိသတ်ကြီး အတွက် မျှဝေပါရစေ။

နိုဝင်ဘာလရဲ့ နောက်ဆုံး စနေနေ့လေးကို နိုင်ငံတကာ ဈေးမဝယ် ရနေ့ရယ်လို့ နိုင်ငံတကာ မှာ သတ်မှတ်ထား ခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စု မှာတော့ ကျေး ဇူးတော် နေ့ရဲ့ နောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ရဲ့ စတုတ္ထမြောက် သောကြာနေ့ ကို ဈေး မဝယ်ရနေ့ အဖြစ် သတ်မှတ်ကြ ပါတယ်။ ဈေးမဝယ်ရနေ့လေး ကို ကနေဒါနိုင်ငံ ဗင်ကူးဗား မြို့လေးက အနုပညာရှင် Ted Dave က ရှာဖွေ တွေ့ရှိခဲ့ပြီး ကနေဒါ အခြေစိုက် Adbusters မဂ္ဂဇင်းကနေ တစ်ဆင့် တင်ပြ လှုံ့ဆော်ခဲ့ပါတယ်။

ပထမဆုံး ဈေး မဝယ်ရနေ့လေး ကို ကနေဒါနိုင်ငံ ဗင်ကူးဗား မြို့လေး မှာ ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ကစပြီး ကျင်းပခဲ့ပါတယ်။ အဓိက ရည်ရွယ် ချက်လေးကတော့ ကျွန်မ တို့လူမှု ပတ်ဝန်းကျင်မှာ လိုအပ်တာထက် ပိုလို့ စားသုံးနေကြတဲ့ စားသုံးကုန် တွေကို လိုအပ်တာထက် ပိုလို့ ဖြုန်းတီးမိကြတဲ့ လူသုံးကုန်တွေ ကို စေ့စေ့ စပ်စပ် ပြန်လည် ချင့်ချိန်ကြ စေဖို့ပါ။ တစ်နှစ်လုံးမှာ ၂၄ နာရီ လောက် ပိုက်ဆံအိတ် ထဲက ပိုက်ဆံ အကုန်မခံဘဲ ဘာပစ္စည်းမှ မဝယ်ဘဲ နေလိုက်ရုံနဲ့ အပြည်ပြည် ဆိုင်ရာ ဈေး မဝယ် ရနေ့လေးကို ဆင်နွှဲလို့ရပါ ပြီ။

၁၉၉၂ ခုနှစ် နောက်ပိုင်းမှာ တော့ ဈေးမဝယ်ရ နေ့လေးကို နိုင်ငံ တကာမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပလာနိုင်ပြီး အမေရိကန် ပြည်ထောင်စု မှာတော့ Black Friday ရယ် လို့ တင်စားကြပါတယ်။

ဒီနေရာမှာ ဈေးဝယ်တာနဲ့ ပတ်သက်ပြီး နည်းနည်း ပြောပြချင်ပါတယ်။ စိတ်ပညာ သဘောအရ လူတွေဟာ ဒေါသထွက်နေတဲ့ အချိန် အလွန် အမင်း ပျော်ရွှင်နေတဲ့ အချိန် နဲ့ စိတ်ဖိစီးမှု များလွန်းတဲ့ အချိန်တွေမှာ စိတ်ထွက်ပေါက် ရှာတဲ့အနေနဲ့ မဆင်မခြင် ဈေးဝယ်လေ့ ရှိပါတယ်။

ဒါ့ကြောင့်လည်း ကုန်တိုက်ကြီး တွေဟာ မြန်မာတို့ရဲ့ ပျော်ပွဲရွှင်ပွဲတွေ ဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်၊ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အပြိုင် အဆိုင် ဈေးနှုန်းတွေ လျှော့ပြီး ဈေးဝယ်သူ တွေကို ဆွဲဆောင်ကြပါတယ်။

မြန်မာနိုင်ငံမှာ တင်မက နိုင်ငံတကာမှာလည်း ဘာသာရေး ပွဲတော် တွေ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ရောက်တိုင်း ဈေးရောင်းပွဲတွေ ကို သူ့ထက် ငါ အပြိုင်အဆိုင် ကျင်းပကြ ပါတယ်။  ကျွန်မတို့ ဆီမှာ လည်း ဘာသာရေး ပွဲတော် မတိုင်ခင် တစ်ပတ်လောက် အလို ကတည်းက ရှော့ပင်းမောတွေ ကို ညနှစ်နာရီလောက် အထိ ဖွင့်တာ မျိုး တချို့နေရာတွေ မှာ ညလုံးပေါက် ရောင်းတာမျိုး အထိ ရှိတတ်ပါ တယ်။

အဲဒီ ဈေးရောင်း ပွဲတွေမှာ အမှန်အကန် ဈေးလျော့ရောင်းတာ တွေ ရှိသလို တကယ် ဈေးမလျော့ဘဲ ဈေးဝယ်သူတွေ ကို လှည့်ဖျားပြီး ဈေးကစားတဲ့ လှည့် ကွက်လေးတွေ လည်း ရှိတတ်ပါတယ်။ တချို့ကျပြန် တော့လည်း အနှစ်နှစ် အလလက ရောင်းမကုန်ခဲ့တဲ့ ဒီဇိုင်းဟောင်း အဝတ်အစား၊ ဖိနပ်တွေနဲ့ သက်တမ်းလွန်ခါနီး ဆဲဆဲ အလှ ကုန် တွေကို အမှိုက် အဖြစ်မခံဘဲ အလကားနည်းပါး ဈေးချ ပစ်တာမျိုး တွေလည်း ရှိပါတယ်။

ဈေးရောင်းသူတွေ ကုန်တိုက် ကြီးတွေ ရဲ့ မာယာ လှည့်ကွက်ထောင် ချောက်တွေကို နားမလည်နိုင်ခင် အထိတော့ ကျွန်မ ကိုယ်တိုင် လည်း လျှော့ဈေးတွေ အထူး ဈေးရောင်း ပွဲ တော်တွေကို စိတ်ဝင်စားခဲ့ဖူး ပါတယ်။ မဆင်မခြင် ဈေးဝယ်ခဲ့ဖူး ပါတယ်။

အဲဒီအတွက် ရလဒ်ကတော့ ခေတ် မမီတော့တဲ့ ကွာလတီ မမီတော့ တဲ့ အသုံးအဆောင်တွေ ဗီရိုထဲမှာ အမှိုက်တွေလို ပုံလာတာပါပဲ။ ဒီလို မဆင်မခြင် ဈေးဝယ်သူတွေ ရှိတေဲ့ အတွက် ကျွန်မတို့ နေတဲ့ အိမ်တွေ နားမှာ ရှော့ပင်းမောတွေ နားမှာ အဝတ်အစား အလှူခံပုံးတွေ မှိုလို ပေါက်လာပါတယ်။

တကယ်တမ်း မှာလည်း နိုင်ငံ တကာမှာ နှစ်ပတ်လည် လျှော့ဈေး တွေ ဈေးရောင်းပွဲတွေ အထူးဈေး ရောင်းပွဲတော်တွေ ဆိုတာ အိမ်ရှင်မ တွေ ပျိုမေတွေ အတွက် ရင်ခုန်ခြင်း များစွာနဲ့ စောင့်စား ရတဲ့ အချိန်တွေ ပါပဲ။ အမေရိကားက ကုန်တိုက်ကြီး တွေမှာဆိုရင် မနက် လျှော့ဈေးပွဲ တော်ရှိတယ် ဆိုတာနဲ့ ညကတည်းက မအိပ်မနေ တန်းစီပြီး စောင့်နေသူ တွေ ရှိပါတယ်။

ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ဟာ အရှေ့ အလယ်ပိုင်းရဲ့ ရှော့ပင်းစင် တာ မြို့ကြီး တစ်မြို့လို့ ဆိုလို့ရပါ တယ်။ နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီ လမှာ Shopping Festival ကျင်းပပြီး ဖေဖော်ဝါရီလ တစ်လလုံး ဈေး ရောင်းပွဲတော် အဖြစ် သတ်မှတ်ထား တာမို့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ရုရှား နိုင်ငံ တစ်နိုင်ငံလုံး က ဈေးဝယ်သူ တွေ မမော မပန်း ဈေးဝယ်ပွဲ ဆင်နွှဲ ကြတဲ့ လတစ်လလို့ ပြောလို့ ရပါ တယ်။  ဒူဘိုင်းလေဆိပ် ဟာလည်း နာမည်ကျော် လေဆိပ် တစ်ခုဖြစ် တာမို့ စင်းလုံးငှား လေယာဉ်တွေ နဲ့ တကူး တက ဈေးလာဝယ်ရတဲ့ အထိ နာမည်ကျော်တဲ့ မြို့လို့ ဆိုကြပါ တယ်။

အခုချိန်ဟာ နိုင်ငံတကာမှာ အွန်လိုင်းကို တွင်တွင် ကျယ်ကျယ် သုံးလာကြတဲ့ အတွက် အွန်လိုင်း အထူးလျှော့ဈေးတွေ အွန်လိုင်း အထူး ပရိုမိုးရှင်းတွေ မှိုလိုပေါက်လာ ခဲ့ပါတယ်။

အမျိုးသမီးတွေ အတွက် သည်း ခြေကြိုက် အဝတ်အစား အသုံး အဆောင်နဲ့ ရတနာတွေကို အွန်လိုင်း မှာ ဈေးနှုန်း သက်သာလွန်းစွာ ရတတ်သလို အမျိုးသားတွေ ရဲ့ အသည်းစွဲ လျှပ်စစ် ပစ္စည်း အသုံး အဆောင်တွေ ဆိုတာလည်း ၅ဝ ရာခိုင်နှုန်း ကနေ ခုနစ်ဆယ့်ငါး ရာခိုင်နှုန်းလောက် အထိ သက်သက် သာသာ ရတတ်လေတော့ အထူး လျှော့ဈေးရယ် လို့ဆိုလေတိုင်း အွန်လိုင်း မှာရော နာမည်ကျော် ကုန်တိုက်ကြီးတွေ မှာရော အလု အယက်ကို အားပေး ဝယ်ယူကြတော့ တာပါပဲ။

လွန်ခဲ့တဲ့ သုံးရက် လောက်တုန်း က အွန်လိုင်းဆိုဒ် တစ်ခု မှာ အိုင်ဖုန်း ဖိုက်ကို ၇၅ ရာခိုင်နှုန်း လျှော့ဈေး နဲ့ ရောင်းမယ် လို့ ကြော်ငြာ ထားတာ တွေ့တော့ ဝယ် ဖို့ မဝယ်ဖို့ မဆုံးဖြတ် ရ သေးခင်မှာ ပဲ ကြိုတင် သတင်းရနိုင် ဖို့အတွက် Register လုပ်မိပါတယ်။ မိန်းကလေးလည်း ဖြစ် ခေတ်ကာလ ကုန်ဈေးနှုန်း ကိုလည်း တီးမိခေါက်မိ ရှိလေတော့ ကိုယ့် အတွက် အမှန် အကယ် မလိုအပ်ဘူးရယ်လို့ သိနေသည့် တိုင်အောင် လိုရ မယ်ရပေါ့လေ လို့ စိတ်ပိုင်းဖြတ်မိတဲ့ အထိ လျှော့ ဈေးကြော်ငြာတွေ က အားကောင်း လွန်းပါတယ်။

အွန်လိုင်းမှာ သတ်မှတ် ထားတဲ့နေ့ သတ်မှတ်ထားတဲ့ အချိန် သုံးလေးနာရီ အတွင်းမှာ အလုအယက် ဝယ်ရမယ် ဆိုပေမယ့် ကျွန်မ ထက် တက်ကြွလွန်း တဲ့ ဈေးဝယ် သူ တွေ ဘယ်လောက်တောင် များ ရှိနေ မလဲလို့ တွေးမိပြန် ပါသေးတယ်။ ပစ္စည်း အစစ် အမှန်အကန် ကို အရေ အတွက် ကန့်သတ် ထားပြီး မူလ တန်ဖိုးထက် ၇၅ ရာခိုင်နှုန်း လျှော့ပြီး ရောင်းပေးတယ် ဆိုကတည်းက ဘယ်သူမဆို လိုချင် မက်မောကြမှာ ပါပဲ။ လိုအပ်သည် ဖြစ်စေ မလိုအပ် သည်ဖြစ်စေ ကိုယ်တိုင် သုံးဖို့ပဲ ဖြစ် ဖြစ် လက်လွဲရောင်းဖို့ ပဲဖြစ်ဖြစ် လက်ဆောင်ပေး ဖို့ပဲဖြစ်ဖြစ် ဝယ်ကြ မှာ သေချာပါတယ်။

ဒါ့ကြောင့်လည်း ကျွမ်းကျင်သူ တွေက ဈေးဝယ်မယ် ဆိုရင် တကယ် လိုအပ်တဲ့ ပစ္စည်းတွေကိုသာ ရွေးချယ် ဝယ်ယူဖို့ အကြံပေးကြ တာပါ။ တစ်ပတ် တစ်ကြိမ် ဈေးဝယ် တတ်သူတွေ ဆိုရင်လည်း ဈေးဝယ် စာရင်းလေး လုပ်ထားဖို့ အကြံပေး ကြပါတယ်။ ဒါမှ မျက်စိထဲ တွေ့ရာ မြင်ရာဝယ်ပြီး မလိုအပ်တဲ့ ငွေကြေး သုံးစွဲမှုကို ကာကွယ်နိုင် မှာ ဖြစ်သလို အသုံးအဆောင်တွေ အပိုအလျှံ မဖြစ် အောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အွန်လိုင်းမှာ ဈေးဝယ်သူတွေ အတွက်လည်း သတိပြုရမယ့် အချက် အလက်လေးတွေ ရှိပါတယ်။ ကျွန်မမိတ်ဆွေ တစ်ယောက် အွန်လိုင်းကနေ iPad ဝယ်တော့ အွန်လိုင်း ကနေ ငွေချေပြီးချိန် မှာ စာတိုက်က စာပို့သမားက ပစ္စည်းကို အိမ်အရောက် လာပို့ပါတယ်။ စာပို့ သမားပြန်သွားချိန်မှာ ပါဆယ်ထုပ် ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ iPad ပါမလာပါဘူး။ ဈေးသက်သက် သာသာနဲ့ ဝယ်လို့ ရတဲ့ အွန်လိုင်းမှာ ပစ္စည်းတွေ အမှန်အကန် ရနိုင်ပေ မယ့် ရော့ပတ္တမြား ရော့နဂါးရယ် လို့ မျက်စိရှေ့မှာ ကိုယ့် ပစ္စည်းကို ရွေးဝယ်ရတဲ့ စနစ် မဟုတ်တဲ့ အတွက် အားနည်းချက်လေး တွေ ရှိတတ်ပါ တယ်။

ဈေးဝယ်တဲ့ နေရာမှာ ကျွန်မတို့ ထက် စေ့စပ် ချွေတာသူ စည်းစနစ် ကျသူတွေဆီက နည်းနာယူစရာ အချက်လေးတွေလည်း အများကြီး ရှိ ပါတယ်။

အထူးသဖြင့် ဈေးဝယ်တဲ့ အချိန် မှာ အလွယ်တကူ သုံးလို့ရနေတဲ့ အကြွေး ဝယ်ကတ်တွေကို နေရာ တကာ မသုံးမိစေဖို့။ လျှော့ဈေးရယ် လို့ ကြော်ငြာတွေ တွေ့လေ တိုင်း လည်း ကိုယ့်အတွက် ကိုယ့် မိသားစု အတွက် မလိုအပ်တဲ့ ပစ္စည်းတွေကို ဆန္ဒစောပြီး မဝယ်မိဖို့ လိုပါတယ်။

ကျွန်မတို့ မိန်းမသားတွေ အတွက်တော့ ဈေးမဝယ်ရနေ့ရယ် လို့ မရှိစေချင်ပါဘူး။ Shopping လို့ ဆိုလိုက်တာနဲ့ ကျွန်မတို့ အားလုံး စိတ်လှုပ်ရှား ပျော်ရွှင်ရစမြဲပါ။ အဝတ် ဗီရိုတွေထဲ မှာ အဝတ်တွေ ဘယ်လောက်ပဲ ရှိရှိ ဖိနပ်စင်ပေါ်မှာ ဖိနပ် အရေအတွက်တွေ ဘယ် လောက်ပဲ များများ အဝတ်အစား အသုံးအဆောင် တွေကို မဝယ် ဘဲ မနေနိုင်ကြတာ မိန်းမသားတွေရဲ့ သဘာဝပါပဲ။ ဒီထက်ပိုလို့ ရယ်စရာ ကောင်းတာက အဝတ် ဗီရိုတွေ အဝတ် သေတ္တာတွေ ထဲမှာ ဝတ်စရာ အဝတ်တွေ တောင်လို ယာ လို ပုံနေ ပေမယ့် တကယ်တမ်း စိတ်တိုင်းကျ ရွေးချယ်ပြီး ဝတ်ဖြစ်တဲ့ အဝတ်တွေ က လက်ချိုးရေလို့ ရအောင် ရှားပါး နေပြန်ပါတယ်။

ကျွန်မ တို့တွေ အားလုံး ကိုယ်နဲ့ လိုက်ဖက်မယ် ထင်ပြီး ရွေးချယ် ခဲ့ကြ ပေမယ့် တကယ်တမ်း ကိုယ့်ဆီ ရောက်လာတဲ့ အချိန်မှာ မတို့မထိဘဲ  သိမ်းရုံ သိမ်းထားတဲ့ အဝတ် အစား တွေဟာ တံဆိပ် တန်းလန်းနဲ့ နှစ်နဲ့ချီ ပြီး ဗီရိုထဲမှာ ရှိနေတတ်ပါသေး တယ်။

ဒါ့ကြောင့်လည်း စားသောက်ကုန် လူသုံးကုန် နဲ့ လျှပ်စစ် ပစ္စည်းတွေ လိုအပ်တာထက် ပိုပြီး ဝယ်မိတဲ့သူ တွေ အတွက် အလေ အလွင့်တွေ ထိန်းသိမ်းနိုင်ဖို့ Buy Nothing Day ရယ်လို့ တစ်နှစ်မှာ တစ်ကြိမ် ကျင်းပခဲ့ကြတာပါ။

လတစ်လရဲ့ ပထမပတ် စနေ နေ့တိုင်း အိမ်မှာ ပိုလျှံနေတဲ့ မိမိရဲ့ ကိုယ်ပိုင် ပစ္စည်းနဲ့ အိမ်အသုံး အဆောင် ပစ္စည်းတွေကို Recycle အဖြစ် ပြန်လည် ရောင်းချတဲ့ ပွဲလေး ကို ဒူဘိုင်းမြို့က Safa ပန်းခြံမှာ တွေ့ရတတ်ပါတယ်။

မိမိအိမ်မှာ တကယ် မလိုအပ်ဘဲ ဝယ်ထားမိတဲ့ အဝတ်အစား (အသစ် တစ်ပတ်နွမ်း) မီးဖိုချောင်သုံး အသုံး အဆောင် အိမ်ထောင် ပရိဘောဂ အလှကုန် ပစ္စည်းတွေ ကို စွန့်ပစ်ရမယ့် အစား တကယ် လိုအပ်တဲ့သူတွေ ကို ပြန်လည် ရောင်းချတဲ့ ပွဲလေးမို့ ဈေးနှုန်း ချိုချိုသာသာနဲ့ အသုံး အဆောင်တွေ ရနိုင်တဲ့ နေရာလေး ပါပဲ။ အသစ် နီးပါး ရေခဲသေတ္တာ မိုက်ခရိုဝေ့တွေ ကို ဒါဟန်း ၂ဝ ဒါဟန်း ၃ဝ လောက် ( မြန်မာငွေ ငါးထောင်ကနေ ခုနစ်ထောင် လောက်ပဲ ကျပါတယ်) နဲ့ ရတတ်တာ မို့ တကယ့်ကို ရယ်စရာ ဈေးတန်းလေး လို့ပြောလို့ ရပါတယ်။ နောက်ဆုံး ဈေးသိမ်းချိန်မှာ ဘာယူယူ တစ်ကျပ် ဆိုပြီး အကုန်လုံးလျှော့ချ ပစ်တာမို့ ထမင်းပေါင်းအိုးတွေ မီးပူတွေကို တစ်ကျပ် ( မြန်မာငွေ ၂၄ဝ – ၂၅ဝ လောက်ပဲ ကျပါတယ်) လောက်နဲ့ ရတတ်ပါသေးတယ်။

Buy Nothing Day လေးက တော့ ကျွန်မ တို့လို ဈေးမဝယ်ရ မနေ နိုင်သူ ပျိုပျိုအိုအို အမျိုးသမီးထု တစ်ရပ်လုံးကို တစ်ရက်လောက် ပိုက်ဆံ ချွေတာဖို့ ၂၄ နာရီလောက် ဈေးမဝယ်ဘဲ ခဏ နားဖို့ အနားပေး တဲ့ ရက်လေး လို့ပဲ မြင်မိပါတယ်။

ဈေး မဝယ်ရနေ့လေး ကို ကျင်း ပရခြင်းရဲ့ ရည်ရွယ်ချက်ကောင်း လေးတွေ ဈေးမဝယ်ရနေ့ လေးက ပေးတဲ့ အသိပညာလေးတွေ က တကယ့်ကို စိတ်ဝင် စား စရာ ကောင်း ပါတယ်။

၁။ အနောက်နိုင်ငံ မှာတော့ ဥပဒေ အမှတ် (၇) ဆိုတာ လူတိုင်း သိတဲ့ ချွေတာရေး ဥပဒေလေး တစ်ခု ပါ။ ကိုယ့်အတွက် ခုနစ်ဒေါ်လာ နဲ့ အထက် ပစ္စည်း တစ်ခုခုကို ဝယ်ချင်တယ် ဆိုရင် ခုနစ်ရက် တိတိ စဉ်းစား ဖို့နဲ့ သူငယ်ချင်း မိတ်ဆွေ ခုနစ် ယောက်တိတိ နဲ့ တိုင်ပင်ဖို့ပါ။ တကယ်လို့ ကိုယ့်အတွက် တကယ် လိုအပ်တာ သေချာပြီ ဆိုရင် သူငယ် ချင်း မိတ်ဆွေတွေ ကလည်း ဝယ်သင့် တယ်လို့ အကြံပြုတယ် ဆိုရင်တော့ ဝယ်ဖြစ်အောင် ဝယ်ရပါလိမ့်မယ်။

မြန်မာပြည်က ညီမလေး တစ်ယောက် ဆိုရင်လည်း မြန်မာငွေ ခုနစ်ထောင် နဲ့အထက် အဝတ်အစား ကိုဝယ်ဖို့ ခုနစ်ရက်လောက် စဉ်းစား တယ်လို့ ပြောလေ့ ရှိပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ယူအေအီးငွေ ၇ဝ ( မြန်မာငွေ ၁၆ဝဝဝ ) နဲ့ အထက် အဝတ်အစား အသုံးအဆောင် ဝယ် မယ်ဆိုရင် အကြိမ်ကြိမ် စဉ်းစားရပါ တယ်။

၂။ ပစ္စည်း တစ်ခုခုကို ဝယ်ချင် တဲ့ ဆန္ဒဖြစ်လာပြီ ဆိုရင်လည်း မေးခွန်း သုံးခုကို မဖြစ်မနေ မေးရပါ့ မယ်။

၁။ ကိုယ်တတ်နိုင်တဲ့ ပမာဏ လား

၂။ ကိုယ့်အတွက် တကယ် လိုအပ်ရဲ့လား

၃။ ကိုယ်တကယ် လိုချင်တာလားဆိုတဲ့ မေးခွန်းသုံးခု ပါပဲ။

အဲ့ဒီမေးခွန်း သုံးခုလုံးရဲ့အဖြေ က Yes လို့ ထွက်လာရင်တော့ ဝယ် ကိုဝယ်ရမယ် လို့ဆိုပါတယ်။

၃။ ဒီအချက်လေးက စိတ်ဝင် စားစရာကောင်းပါတယ်။ မိမိလတ် တလော လိုအပ်နေတဲ့ ပစ္စည်းလေး မိမိအတွက် လည်း အမြဲတမ်း အသုံး မလိုဘူး ဆိုတာ သိနေ ရင်တော့ မိုက် မိုက်မဲမဲ ဝယ်ယူဖို့ မစဉ်းစားဘဲ အလကား ရနိုင်မယ့်နေရာတွေ ခေတ္တခဏ ငှားယူ သုံးစွဲလို့ရမယ့် နေရာလေးတွေကို စဉ်းစား ရပါမယ်။ ကျွန်မတို့ အလုပ် ထဲမှာ ဝန်ထမ်း သောင်း နဲ့ချီပြီး ရှိပါတယ်။ ဝန်ထမ်း တွေ အားလုံးအတွက် Staff Mart ဆိုတဲ့ ဆိုဒ်လေး ရှိပါတယ်။ အလုပ် ထွက်ပြီး အပြီးပြန်မယ့် သူတွေ အနေ နဲ့ အိမ်ထောင် ပရိဘောဂတွေ အသုံး အဆောင်တွေကို အလကားပေးတဲ့ သတင်းလေးတွေ တွေ့ရတတ်ပါတယ်။ တချို့ ကတော့ အလကား နီးပါးဈေး နဲ့ ရောင်း တတ် ပါတယ်။ အဲလိုမျိုး အလကား ပေးတတ်တဲ့ ဝဘ်ဆိုဒ်လေးတွေ နေရာတိုင်းမှာ ရှိတတ်ပါတယ်။ ကျွန်မ ကိုယ်တိုင် လည်း ပရင်တာ တစ်လုံး အသည်း အသန် လိုနေတဲ့ အနေ အထားမှာ ဝယ်သင့်မဝယ်သင့် ငှားပြီး သုံးသင့် မသုံးသင့် ဆိုတာ နှစ်ရက်လောက် အပြင်းအထန် စဉ်းစားခဲ့ဖူးပါတယ်။ ကိုယ့်အတွက် အမြဲတမ်း အသုံးမဝင် ဘူး ဆိုတာ သိနေလေတော့ ငှားယူ ပြီးသုံးမယ် ဆိုတဲ့ နည်းလမ်းကိုပဲ ရွေးဖြစ်ပါတယ်။

၎။ ကျွန်မ တို့ လူငယ်တွေဟာ စိတ်မြန် လက်မြန်ရှိသူတွေပါ။ အဝတ်အစား ပဲဖြစ်ဖြစ် အသုံး အဆောင်ပဲဖြစ်ဖြစ် ပျက်စီး သွားခဲ့ရင် လွင့်ပစ်ပြီး အသစ် ဝယ်ဖို့သာ ဆုံးဖြတ်မိပါတယ်။ တကယ်တော့ တချို့ တချို့ အသုံးအဆောင် တွေဟာ ပြန်လည် ပြုပြင်ပြီး သုံးစွဲလို့ ရတတ်ပါတယ်။ ဒါ့ကြောင့် အသစ်ပြန်  မဝယ်ဘဲ ပြန် လည်ပြုပြင် ပြီး သုံးစွဲတဲ့ အကျင့်လေးတွေ မွေးမြူဖို့ပါပဲ။

ဥပမာ နာရီ ကြိုးလေးဟောင်း သွားရင် အရောင် လွင့်သွားရင် ကြိုး အသစ်လေး လဲပြီး သုံးလို့ ရပါတယ် တကယ့် အစိတ်အပိုင်း ဖြစ်တဲ့ နာရီ အိမ်တစ်ခု လုံးကောင်းကောင်း အလုပ် လုပ်နေသေးသရွေ့ နာရီ တစ်ခုလုံးကို စွန့်ပစ်ဖို့ မလိုသေးပါ ဘူး။

၅။ အပြင်သွားဖို့ ကိစ္စ ပေါ်လာ ပြီဆိုရင် မလိုအပ်ဘဲ အကြွေးဝယ် ကတ်ပြားတွေ ပိုက်ဆံတွေ မယူသွား ပါနဲ့။ အရေးပေါ် ကိစ္စပေါ်လာရင် သုံးဖို့ လိုအပ်တဲ့ ငွေ အနည်းဆုံး ပမာဏကို သာယူသွားပါ။ ဒါမှလည်း မလိုအပ်ဘဲ အပိုသုံးခြင်းကို ကာကွယ်နိုင်မှာပါ။ ( အခုခေတ်မှာ လမ်းသွား ရင်း ဆင်တစ်ကောင် ကို တစ်ကျပ် နဲ့ ရောင်းမယ့်သူ နဲ့ လည်း တွေ့စရာ မရှိ လောက်ပါဘူး။)

၆။ အိမ်မှာ ချက်ရင်း ပြုတ်ရင်းနဲ့ ဖြစ်ဖြစ် အရေးပေါ် တခုခု ဝယ်ဖို့ လိုလာရင် ဖြစ်ဖြစ် အိမ်နဲ့ အနီးအနား မှာရှိတဲ့ စတိုးဆိုင်လေး တွေ ကုန်စုံ ဆိုင်လေးတွေ မှာသာ ဝယ်ဖို့ စဉ်းစားပါ။ ကုန်တိုက်ကြီးတွေ ရှော့ပင်းမော တွေမှာ ဘယ်ပစ္စည်းပဲ ဝယ်ဝယ် စတိုးဆိုင်လေးတွေ ကုန်စုံဆိုင်လေး တွေထက် ဈေးကြီးတာ သေချာပါတယ်။ ပြီးတော့ ရှော့ပင်းမောတွေကို သွားလိုက်ခြင်း အားဖြင့် တကယ်မလို အပ်တဲ့ ပစ္စည်းတွေကို ဝယ်မိတတ် ပါသေးတယ်။

၇။ တစ်ပတ် တစ်ခါ ဈေးဝယ် တတ်သူတွေ အတွက် shopping List လေး လုပ်တတ်ပါစေ။ အိမ်မှာ တခုခု ကုန်နေပြီ ဆိုတာ သိတာနဲ့ ဈေးဝယ် ရမယ့် စာရင်းထဲမှာ မှတ် သား တတ်ပါစေ။ ဈေးဝယ်စာရင်း ဟာ ရှော့ပင်းမော ကိုရောက်မှ လိုချင်တာ စဉ်းစား ရှာဖွေတတ်သူ တွေကို အချိန်ကုန် လူပန်းသက် သာစေသလို မလိုအပ်ဘဲ အပိုတွေ မဝယ်မိအောင် အထောက် အကူပြု ပါတယ်။

ပျော်ရွှင်ဖွယ်ရာ Buy Nothing Day လေးကို ပိုင်ဆိုင်နိုင်ပါစေ။

နှင်း

မိဘပြည်သူများခင်ဗျား…

$
0
0

တစ်နေ့သ၌ ကျွန်ုပ်သည် နံနက်ပိုင်း အိပ်ရာထ ကိုယ်လက် သုတ်သင်ပြီးစီး၍ အိမ်ရှင်မ ဖျော်ပေးသည့် လက်ဖျော်ကော်ဖီခါး စိမ့်စိမ့်ကို တစ်ငုံချင်း ဇိမ်ယူကာ အရ သာရှိစွာမြုံ့နေခိုက်မှာ နိုင်ငံ တော်တီးလုံးသံ ငြိမ့်ငြိမ့်ညောင်း ညောင်းကလေး ကို ကြားရပါလေ၏။ ဤကား အခြားမဟုတ်။ ကျွန်ုပ်၏ဇနီးသည် စိတ်ကြိုက် ထည့်သွင်းပေး ထားသည့် မိုလ်ဘိုင်းဖုန်း၏ မြည်သံ သာ ဖြစ်ပါပေတော့၏။

”ဟယ်လို … အမိန့်ရှိပါ ခင်ဗျာ”
”ဟယ်လို…ဆာသော်ဒိုး လား၊ ကယား…ကယား အကူအညီတစ်ခု တောင်းစရာရှိလို့”
ဖုန်းဆက်လာသူမှာ လွိုင်ကော် မြေတစ်နေရာမှ ကယားကဗျာဆရာ ဥတ္တရာအောင်ဖြစ်ပါ၏။ အကြောင်းရင်းကား Freedom  ရုပ်ရှင်ပွဲတော် သူတို့ဒေသ တစ်ဝိုက်မှာ ပြသမည် ဖြစ်ရာ လိုက်ပါလာမည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့အဖွဲ့ကို ကြိုရန်ကိစ္စရှိ၍ ကိုမင်းထင်ကိုကိုကြီး၏ ဖုန်းနံပါတ်ကို တောင်း တာဖြစ်ပါ ၏။

”အေးဟာ…ရှာထားလိုက် ပြီး ဖုန်းပြန်ဆက်ပေးမယ် ကယား”
”ဟုတ်ပါပြီ ဆာသော်ဒိုး… အားလပ်ရက်ရရင် နောက်ထပ် တစ်ခေါက် လာလည်ကြဦးလေ ဗျာ”
ကဗျာဆရာဥတ္တရာအောင်နှင့် ဖုန်းပြောအပြီးမှာ ‘ကယားမြေ’ ကို သတိရလို့ သွားမိပါတော့၏။ လွန်ခဲ့ သည့် ၃ လလောက်ဆီက လွိုင်ကော် မြေမှာ တစ်ပတ်တောင် နေ ခဲ့ရတာ ကို ပြန်ပြီးလွမ်းဆွတ်မိပါပေတော့ ၏။

‘ကလလတ’ ခေါ် ‘ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦး’ (KNPLF) ၏ ၃၅ နှစ် မြောက် မွေးနေ့အထိမ်းအမှတ်ပွဲမှာ စာပေဟောပြောပွဲပြု လုပ်လေ ရာ ရန်ကုန်မှ ကျွန်ုပ်နှင့် ဆရာစိုးစံဝင်း တို့ဖြစ်ပြီး မန္တလေးမှ ဆရာကိုလေး (အင်းဝဂုဏ်ရည်)၊ ဆရာနေဝင်းမြင့် နှင့် ဆရာညိုထွန်းလူ တို့ ဖြစ်ကြပါ လေ ၏။ရန်ကုန်မှ နှစ်ဦး က ပထမည မှာတော့ ဟောပြောရ၍ မန္တလေးမှ ဆရာသမားများက ဒုတိယညတာဝန် ကျကြပါပေ၏။ လွိုင်ကော်မြို့တော် ခန်းမကြီးမှာ ခမ်းခမ်းနားနားကျင်းပ လေရာ စာချစ်သူတို့ စည်ကားစွာ လာရောက်အားပေး ဆွေးနွေးခဲ့ကြ ပါလေ၏။

ပွဲမစခင် သွေးပူလေ့ကျင့်ခန်း အဖြစ် လမ်းလျှောက်နေသော ကိုဂျော်နီကို ဘေးဖယ်ထားကာ ဒေသထွက် ‘ကယားခေါင်ပူ’ ကလေး ကို ပျူပျူငှာငှာ လည်ချောင်း ထဲ လောင်းလောင်းထည့်ခဲ့ပါလေ၏။ မွှေးမြပူရှိန်းသည့် အဆင်းအနံ့အရ သာ အထိအတွေ့တို့ကြောင့် ကျွန်ုပ် တို့မှာ ငြိမ့်ငြိမ့်ညောင်းညောင်း သာသာယာယာ စတိတ် စင်ပေါ်သို့ ရောက်ရှိခဲ့ကြပါပေ၏။ စင်ပေါ် ရောက်သည့်အခါ ပထမဦးစွာ မိတ် ဆက်စကားတော့ ပြောကြားရမည် ဖြစ်ပါပေ၏။ ကဲ … မည်သို့ စတင်ရမည်နည်း။

”မိဘပြည်သူများ ခင်ဗျား …”
”ဟား ဟား ဟား ဟား … ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
စကားလုံးဝါကျတစ်ကြောင်း ပင် အာလုပ်ပြုရသေးသည်။ ပရိသတ် ရယ်မောကာ လက်ခုပ်တီး ကြပါပေ၏။ အင်း … ဘာဆက် ပြောရပါ့။
”မိဘ ပြည်သူများခင်ဗျား … အဲ …အဲ … စာချစ်သူ ပရိသတ်များခင်ဗျား၊ ‘ပြည်သူ’ ကို
‘မိဘ’ လို သဘောထားတဲ့ သမ္မတ ကြီးရဲ့ ‘အာလုပ်စကား’ ကို ခဏ ခဏ လစဉ်လတိုင်း ကြားနေရလို့ ကြိုက်ပြီးစွဲနေမိပါတယ်ခင်ဗျ။ ဘာပဲ ဖြစ်ဖြစ် ‘မိဘပြည်သူ’ ဆိုတာ

ကောင်းသောလက္ခဏာ မဟုတ်ပါ လား ခင်ဗျာ”
”ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

ဤမှနေ၍ ရှေ့သို့ဆက်ကာ မိတ်ဆက်စကားလုံးများ တောက် လျှောက် ထွက်သွားပါလေတော့၏ ခင်ဗျာ။

”ယခုနက အခမ်းအနားမှူး နှမငယ်ဖတ်ကြားသွားခဲ့သလိုပါပဲ။ ကျွန်တော်ကတော့ ကာတွန်းရေးသူ၊ သရော်စာရေးသူ ဆာသော်ဒိုး (ခေါ်) စိုးသော်တာဆိုတဲ့ ‘ဗမာတိုင်း

ရင်းသား’ ဖြစ်ပါတယ်ခင်ဗျား”
ကျွန်ုပ်သည်ကား မူလဘူတ

‘ဗမာ’ မှနေ၍ ‘ဗမာတိုင်းရင်းသား’ အဖြစ်သို့ ရောက်ရှိလို့သွားပြီဖြစ်ပါ ၏။ ပီဘိ ‘ဗမာတိုင်းရင်းသား’ ဆာသော်ဒိုးကို ကြည့်မည်ဆိုပါက အပေါ်ပိုင်းမှာ အဖြူရောင်အင်္ကျီ လက်ရှည်ကို ဝတ်ဆင်ထားပြီး အောက်ပိုင်းမှာကား ဂျင်းဘောင်းဘီ နှင့်ဖြစ်ပါ၏ အဆွေ။ ဒီလူဟောလေ သမျှ စင်မြင့်တို့ထက်မှာ ဤပုံစံ အတိုင်းသာ မြင်တွေ့ ခဲ့ကြရမှာ ဖြစ်ပါပေ၏။

”ဟောဒီ လွိုင်ကော်မြေက စာချစ်သူ ညီအစ်ကိုမောင်နှမတွေ ကို ကြိုတင်တောင်းပန်ထားချင်တာ တစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆို တော့ ‘ဆာသော်ဒိုး’ ဆိုတဲ့ ကျွန်ုပ် ဟာ တစ်သက်တာလုံး ‘ဘောင်းဘီ’ ကို မချွတ်တမ်း ဝတ်လာခဲ့တာ ဖြစ် ပါတယ်။ အဲဒါကြောင့် အခုညမှ ချက်ချင်းဘောင်းဘီချွတ်ပြီး ပုဆိုး ဝတ်ရင် မတော်တဆ ပြုတ် ပျက်ကျ မှာစိုးရိမ်တဲ့အတွက် ဟောသလို ‘ဘောင်းဘီလက်ရှည်’ တကားကားနဲ့ ပြည်သူ့အချစ်တော် ဆာသော်ဒိုး သားသားကို အမြင်မတင့်လည်း ခွင့်လွှတ်တော်မူကြ ပါလို့၊ အဓိက ပြောချင်တာကတော့ ဘောင်းဘီ မချွတ်သေးပါဘူးလို့”

”ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”
သို့ဖြင့် မိတ်ဆက်တွေ အချည်း တွေ၊ နိဒါန်းတွေ၊ ပဏာမတွေဖြင့် ဆက်၍လာလိုက်သည်မှာ ‘ဆင်ဆာ’ အကြောင်းတွေ၊ ‘အိုက်ဒီယာ’ ဘယ် လိုရှာသလဲဆိုတာတွေ၊ ‘ဖွဲ့စည်းပုံ အခြေခံဥပဒေ’ အကြောင်းတွေ၊ ‘လွှတ်တော်’ ကိစ္စတွေ၊ ‘ကုလားထိုင်’ ဇာတ်လမ်းတွေ၊ ‘လာဘ်ပေးလာဘ် ယူ’ ကိစ္စအကြောင်းတွေ၊ ‘ငြိမ်းချမ်း ရေးဆွေးနွေး ပွဲတွေ’ ကိစ္စ … အစရှိသည်ဖြင့် ‘ခေါင်ရည်ပူချိုမြ’ တန်ခိုးဖြင့် ဟိုတိုးသည်တိုက် ဟိုဝိုက် သည်ရှောင် … စကားလုံးတွေ ဖောင်းခဲ့ပါပေ၏။

”မနက်က လွိုင်ကော်က စာချစ်သူတစ်စုနဲ့ဆုံတော့ သူတို့က မေးကြတယ်ခင်ဗျ။ အရင်တုန်းက ဆင်ဆာ တင်းကြပ်တယ်၊ အခု ဆင်ဆာမရှိတော့ဘူးဆိုတော့ လွတ် လွတ်လပ်လပ် ရေးလို့ရပြီပေါ့နော် တဲ့။ ဟုတ်ပါတယ် ကြိုက်တာကို လွတ်လွတ်လပ်လပ်ကြီးကို ရေးလို့ ရနေပါပြီ။ ကျွန်ုပ်တို့ကလည်း အမြင် မတော်တာတွေ့ရင် တည့်တည့်ကို ရေးထည့်လိုက်ကြတာပဲ။ အဲ … ရေးလို့တော့ ရတယ်။ ဒါပေမဲ့လို့ အရေးခံရတဲ့သူတွေက မပြင်ကြဘူး၊ အေးအေးဆေးဆေးပဲ ဒူးတနှံ့နှံ့နဲ့ …ဆိုတော့…”

”ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

ပြီးတော့ ကာတွန်းရေးမယ့် အိုက်ဒီယာတွေ သရော်စာရေးမယ့် အိုက်ဒီယာတွေကို ဘယ်လိုရှာဖွေ သလဲဆိုတာတွေ ဆက်ပြောဖြစ်ပါ လေ၏။
”ကာတွန်းရေးစရာ၊ သရော်စာ ရေးစရာအတွက် အိုက်ဒီယာရဖို့ ဘယ်မှ ထွက်နေစရာကို မလိုဘူး။ အိမ်မှာ ထိုင်နေရင်းနဲ့ကို ရပါသဗျ။ အစိုးရလွှင့်တဲ့ ည ၈ နာရီ သတင်းကို
ထိုင်ကြည့်၊ အိုင်ဒီယာတွေ ရလိမ့် မယ်။ နိုင်ငံတော်ပိုင် ဝါဒဖြန့်သတင်း စာတွေကို ကောက်ဖတ်ကြည့်လိုက် ရေးဖို့ အိုက်ဒီယာတွေ တစ်ပွေ့ တစ်ပိုက်ကြီးကို ရလိမ့်မယ်။ အခုဆို .. လွှတ်တော်သတင်းတွေကို ပုံမှန်သာကြည့်၊ ကာတွန်းရေးဖို့ သရော်စာရေးဖို့ အိုက်ဒီယာတွေ အကြံÓဏ်တွေ ဒလဟောကို ရမှာ ခင်ဗျ”

”ဟား ဟား ဟား ဟား ဟား ဟား”
”ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း”

သွေးရင်းတို့မြေမှာ သွေးချင်း တို့ ဧည့်ခံလေသည့် ‘ကယားခေါင်ပူ’ ကား ကျွန်ုပ်၏ကိုယ်တွင်းမှာ လှည့် လည်စီးဆင်းနေပါလေ၏။ အချို့ စဉ်းစားထားခြင်း အလျဉ်းမရှိသည့်
စကားလုံးဝါကျများကား ခေါင်ပူ စွတ်နှုတ်ခမ်းမှ ဖမ်းထားလို့မရစွာ ထွက် ထွက်ချသွားကြပါလေတော့ ၏။

”မိဘပြည်သူများခင်ဗျား … အဲလေ… ယောင်လို့ … စာချစ်သူပရိသတ်များခင်ဗျား … အနုပညာဖန်တီးသူ လူပုဂ္ဂိုလ်ဆိုတာ မျိုးကလည်း ပြည်သူထဲက ပြည်သူ တစ်ဦးဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ခံစားချက်က အတူတူပါပဲ။ ပြည်သူ ကိုစော်ကားရင် ကျွန်ုပ်လည်း ရင်နာ တယ်။ ‘ပြည်သူသာအမိ ပြည်သူသာ အဖ’ ပါ။ ကျွန်တော် ကတော့ အမြဲ တမ်း ‘ပြည်သူ’ ဘက်ကပါပဲ။ ဒါပေမဲ့ လို့ မနက်ဖြန်ည ဒီနေရာမှာ ဟော ကြားမယ့် ဆရာသမားပုဂ္ဂိုလ်ကြီးများ ကတော့ ‘ပြည်သူ’ ကို အလေးထားတဲ့ သူတွေ ဟုတ် မဟုတ်ဆိုတာ မသိရ ပါဘူး။ ကျွန်တော်ကတော့ အမြဲ တမ်း ‘ပြည်သူဖက်က’ ရပ်တည်မယ့် သူ ဖြစ်ပါတယ်။ ‘ပြည်သူ’ ကို ချစ်ရုံ တင်မကပါဘူး။ ‘ပြည်သူ’ ခိုင်းသမျှ အကုန်လုပ်ပေးမယ့်သူပါ ခင်ဗျ။ ဟုတ်ကဲ့ပါ … ကျွန်တော့်ဇနီးက ပြည်မြို့ကပါ။ ‘ပြည်သူ’ ပါ”

”’ဟား ဟား ဟား ဟား ဟား ဟား”

ပရိသတ်က ပေါ့ပေါ့ပါးပါးဖြင့် ”တဟားဟား” ရယ်မောနေကြသော် ငြား မြို့တော်ခန်းမဝန်းထဲ တစ်နေ ရာရာမှ ကျွန်တော်တို့၏ ဘကြီး တော်၊ ဦးရီးတော် စီနီယာ့ စီနီယာ မန်းဆရာသမားများကား ကျွန်ုပ်ကို လှမ်း၍ ထေ့ပြုံးပြုံးကာ ကြိတ်ဆဲနေ ပါပေလိမ့်မည်။ ဆရာသမားများတို့ ၏ ချစ်ဇနီးမယားချောများကား ‘ပြည်သူ’ တစ်ဦးမှ မပါမှာ သေ ချာ လှပါပေ၏။

ဥတ္တရာအောင် ဖုန်းဆက်တာ နှင့် ဆက်ပြီး အတွေးရောက်သွား သည့် ကျွန်ုပ်မှာ ကိုမင်းထင်ကိုကို ကြီး၏ ဖုန်းနံပါတ်ကို အသည်း အသန်လိုက်လံ ရှာဖွေပေးသော်ငြား ကျွန်ုပ်၏ မှတ်စုစာအုပ်များထဲမှာ ပျောက်နေရှာသည့်အတွက် ကိုဇာဂနာ၊ ကိုစောဝေ၊ ကိုဇော်သက် ထွေးနှင့် ကိုအရိုင်းတို့ထံ ဖုန်းတွေ တဂွမ်ဂွမ်ဆက် ကာ မေးမြန်း ရပါပေ တော့၏။

ဘာပဲဖြစ်ဖြစ်ပါ… ပြီးခဲ့ သည့် ခေတ်စနစ်အဆက်ဆက်မှာ  အုပ်စိုးခဲ့သူတို့ဟာ ‘ပြည်သူ’ ဆိုသော စကားလုံးကို ရေလဲသုံးခဲ့ကြပါပေ၏။ ‘ပြည်သူ’ အတွက် ‘တော် လှန်ေ ရး ကောင် စီ’ ပေါ်ပေါက်လာတယ်။ ပြည်သူအတွက် ‘မဆလ’ ပါတီ ဖွဲ့စည်းဖြစ်တယ်။ ပြည်သူအတွက် အာဏာသိမ်းခဲ့တယ်။ ပြည်သူ အတွက် ‘နဝတ’ မှသည် ‘နအဖ’ ဆိုတာတွေ ပေါ်ပေါက်ခဲ့တယ်။ ပြည်သူအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲ ပေးခဲ့တယ်။ ပြည်သူအတွက် ၂ဝ၁ဝ ရွေးကောက် ပွဲကြီး ကျင်း ပပေးခဲ့ တယ်။ အခြေအနေနဲ့ အချိန်အခါ အရပ်ရပ်တို့မှာ ပြည်သူကိုသာ ခေါင်းစဉ်တပ်ခဲ့ကြပါပေ၏ ခင်ဗျာ။ လက်တွေ့တွင်ကား အများပြည်သူ သိတော် မူခဲ့ကြရ သည့်အတိုင်းသာ ပြည်သူတွေမှာ ဆင်းရဲတွင်းနက် ဆင်းအောင် လမ်းပြဆောင်သူတို့၏ စကားလုံးကြီးကြီးများပိကာ ပြား သထက်ပြားခဲ့ကြရပါပေ ၏။မည် သို့ပင် ဆိုစေကာမူ … ဘာဆိုဘာမှ ဖုံးထားကွယ်ထားလို့ မရတော့သည့် ယခုလို ပွင့်လင်း ခေတ်အခါ သမယကြီးမှာ ‘မိဘ ပြည်သူများခင်ဗျား’ စကားလုံးမှာ’စကားလုံး’ သက် သက်ပဲလား၊ အနှစ်သာရ’ ကော ပါသလားဆို တာ ပြည်သူများက အသေအချာကို သိရှိတော်မူနေပြီ ဖြစ်ကြောင်းကိုသာ ယုံကြည်မိပါတော့၏ခင်ဗျာ။

ဆာသော်ဒိုး

ဝေဖန်ရေးသည် အကောင်းဆုံးဝန်ဆောင်မှု ဖြစ်သည်။

$
0
0

ဒါရိုက်တာ ကြည်ဖြူရှင်၏  ”မမပြုံး ပြုံးစမ်းပါ”

(၁)

”မမပြုံး ပြုံးစမ်းပါ” သည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ဝတ္ထုကို ကြည်ဖြူရှင် ရိုက်ကူးထားသော ဗီဒီယို ဇာတ်ကား တစ်ကား ဖြစ်သည်။ ဇာတ်ကားအဖွင့် ခေါင်းစီးထိုးရာတွင် ‘သံတိုင်ကြား က ပေါက်ဖွားလာတဲ့ အနုပညာခံစားမှု’ ဟု ဖော်ပြပြီး ဇာတ်ကား အဖွင့်တွင်မူ ‘သံတိုင်ကြားကနေ မင်းကိုနိုင်ဆိုတဲ့ နိုင်ငံရေး သမားတစ်ယောက်၊ တိတ်တဆိတ် မွေးဖွားပေးလိုက်တဲ့ ဇာတ်လမ်းလေးကို မောင်သူရ (ခ) ဇာဂနာက လူလားမြောက်အောင် ပျိုးထောင်ပေးခဲ့တာပါ’ ဟု ရေးထိုးထားသည်။ မင်းကိုနိုင် ဝတ္ထုကို ဇာဂနာ ဇာတ်ညွှန်းရေးပြီး ကြည်ဖြူ ရှင် ရိုက်ကူးထားသော ဗီဒီယို ဇာတ် ကား တစ်ကား ဖြစ်ပါသည်။ သရုပ်ဆောင်များမှာ နေတိုး၊ မိုးဟေကို၊ ကင်းကောင်၊ ခင်သန်းနွယ်၊ ဝင်းမင်းသန်း၊ အောင်ဇော်ဝင်း၊ ဇင်မျိုး၊ ဇော်ဝင်းမောင်တို့ ပါဝင် သရုပ်ဆောင် ထားသည်။ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်သော ၊ ပျော်ပျော်ရွှင်ရွှင် နောက်နောက်ပြောင်ပြောင် ဘဝကို ဖြတ်သန်းနေသည့် ကျော်ကျော် ဆိုသည့် လူငယ်တစ်ဦး၏ ဘဝ ဖြတ်သန်းမှုကို ရိုက်ကူးပြသထားသည့် ဇာတ်ကား တစ်ကား ဖြစ်ပါသည်။

(၂)

ဖခင်ဆုံးပြီး မိခင် ခင်သန်းနွယ် နှင့် အတူနေသော ကျော်ကျော် (နေတိုး) သည် သူငယ်ချင်းများ ဖြစ်ကြသော ဇော်ကြီး (ဇော်ဝင်းမောင်)၊ အောင်ဇော် (ကင်းကောင်)၊ မြင့်ဝေ (အောင်ဇော်မင်း) တို့နှင့် ပျော်ပျော် ရွှင်ရွှင်နေ ရင်း ဆယ်တန်းကို ငါးကြိမ်မြောက် ဖြေဆိုထားသည်။ ကိုယ်ပိုင်လုပ်ငန်း အဖြစ် ကားရေဆေး၊ ဆီထိုး လုပ်ငန်းတစ်ခုလုပ်ပြီး မိခင်၏ စတိုးဆိုင် လုပ်ငန်းကို အချိန်ပိုင်းကူညီနေသည်။ မိခင်က ဆယ်တန်းအောင်အောင် ကြိုးစားခိုင်းသော်လည်း ပညာရေးထက် စီးပွားရေးကို ဦးစားပေးသည်။ တစ်နေ့ မမပြုံး(မိုးဟေကို) စီးလာသောကားနှင့် မတော်တဆ တိုက်မိရာမှ မမပြုံးကို တွေ့သည်။ မြင်လျှင်မြင်ချင်း စိတ်ဝင်စားသွားသဖြင့် မမပြုံးနှင့် နီးစပ်ရန် ကြိုးပမ်းသည်။ မမပြုံး မိသားစုတွင်မူ ဖခင်က နောက်အိမ်ထောင်ပြုသွားပြီး အရက်သမားဖြစ်နေသည်။ ညီမစိုးစိုး(ဝင်းမင်းသန်း) မှာ ဇင်မျိုးနှင့် လိုက်ပြေးပြီး၊ ဇင်မျိုးက အရက်သမား ဖြစ်ကာ နှိပ်စက်သဖြင့် လင်မယားကွဲကာ မိခင်အိမ်သို့ ကလေးတစ်ယောက် နှင့် ပြန်ရောက်နေသည်။

မမပြုံးသည် မဟာဝိဇ္ဇာ ဘွဲ့ရပြီးသား ဖြစ်သည်။ ယခုလောလောဆယ် အသက်မွေးသည်မှာ ကျူရှင်ပြသည်။ စက်ချုပ်သည်။ ဖခင်နှင့် မတ်ကိုကြည့်ပြီး ယောက်ျားများ၏ အချစ် ကို မယုံတော့သဖြင့် ချစ်သူမရှာ၊ အိမ်ထောင် မပြုဘူးဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ ဖခင် အရက်မူးပြီး အိမ်ကိုလာရစ်၊ ဇင်မျိုးက ပြသနာရှာ၊ ပတ်ဝန်းကျင်တွင် အရှက်ရသဖြင့် မမပြုံးတို့ မိသားစု အိမ်ပြောင်းလာရာ၊ ကျော်ကျော်တို့ ရပ်ကွက်သို့ ရောက်လာသည်။ ကျော်ကျော်ကို နောက်နောက်ပြောင်ပြောင် နေသဖြင့် လက်ကြောမတင်းသူဟု ထင်ပြီး ကျော်ကျော် အရောဝင်သည်ကို လက်မခံခဲ့ပါ။ နောက်မှ ကျော်ကျော်၏ နှလုံးသားကို သိလာသည် ။ ကျော်ကျော် ၁ဝတန်းကျသည်။ မမပြုံးက ပြန်ဖြေရန်ပြောပြီး သူကိုယ်တိုင် သင်ပြပေးရာ ကျော်ကျော် ဆယ်တန်းအောင်သည်။ အရက်၊ ဘီယာသောက်သော ကျော်ကျော် အသည်းရောဂါ ဖြစ်နေသည်ဟု သိလာရသည် ။ ကျော်ကျော်အပေါ် နားလည်ပြီး၊ သူ့အချစ်ကို လက်ခံလိုက်ပြီး မကြာမီ ကျော်ကျော်ဆုံး သည်။

ဇာတ်လမ်းက ဤမျှသာ ဖြစ် သည်။

(၃)

မင်းကိုနိုင်သည် သူ့ဝတ္ထုကို ဇာတ်လမ်း အသားပေး ဝတ္ထုအဖြစ် မဖန်တီး၊ မရေး။ သူက ဤလောကကြီး သာယာ လှပရေးကို အနှောင့်အယှက် အဟန့်အတား မလုပ်ဘဲ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသော လူငယ်များကို သူ့ဝတ္ထုတွင် ပြသည်။ တစ်ဖက်စက်နှင့် လှိမ့်ထုတ်ထားသော ဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာ ဘွဲ့ရများ၏ ဒုက္ခကိုလည်း မမပြုံးကို ကိုယ်စားပြုပြီး ပြသည်။ သူသည် ဇာတ်လမ်းပြောချင်၍ ဝတ္ထုရေးသူ မဟုတ် ။ နိုင်ငံရေးသမားပီပီ ကျွန်တော်တို့ လူ့အဖွဲ့အစည်း၏ အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေးတို့ကို ပြချင်၍ ဤဝတ္ထုကို ရေးခြင်း ဖြစ်သည်။ မင်းကိုနိုင်၏ ဝတ္ထုကို ကျွန်တော် မဖတ်ဖူးပါ။ သို့ရာတွင် ဝါရင့် ရုပ်ရှင်သမား တစ်ဦး ဖြစ်သူ ဇာဂနာကမူ မင်းကိုနိုင်၏ ဝတ္ထုကို ဟာသ ဇာတ်ကွက်လေးများဖြင့် ဇာတ်ညွှန်းရေးကာ ပရိသတ်ကြိုက်စေရန် ဖန်တီးထားပါ၏။

အဖွင့် ဇာတ်ကွက်သည် ကျော်ကျော် သွေးအိုင်ထဲတွင် လဲနေသော ဇာတ်ကွက် ဖြစ်သည်။ ပရိသတ်က ကျော်ကျော်သေပြီဟု ထင်ပြီးမှ နောက်မှန်း သိရသည်။ ကျော်ကျော်တို့ သူငယ်ချင်းလေးယောက် ပျော်ပျော် ရွှင်ရွှင်နေ ကြပုံ များကိုလည်း ကြည်ဖြူရှင်သည် ရိုက်ပြခဲ့ပါ၏။

မမပြုံး၏ ဘဝကို ပြရာတွင် နောက်အိမ်ထောင်ပြုသွားပြီး အစဉ်မူးနေသော ဖခင်က မိခင်ထံ ဆွဲကြိုးလာတောင်းပုံ၊ ညီမဖြစ်သူ စိုးစိုး၏ ယောက်ျား ဇင်မျိုး အစဉ် မူးနေပုံ၊ လင်မယား ရန်ဖြစ်ပြီး ကွဲသွားပုံ၊ မိခင် အိမ်ရောက် လာပုံ၊ မိခင်အိမ်၌ ဇင်မျိုးလာပြီး အနှောင့်အယှက်ပေးပုံ တို့ကို ရိုက်ပြသည်။

ကျော်ကျော်၏ စိတ်ရင်းအမှန်ကို ဖော်ပြသော ဇာတ်ကွက်များမှာ အိမ်ပြောင်းလာစဉ် ကူညီပုံ၊ မီးပြတ်၍ ပြင်ပေးပုံ၊ အောက်စက် ပျက်၍ ပြင်ပေးပုံ၊ ဆီပုံး သယ်ပေးပုံ၊ ကလေး ဆေးခန်း လိုက်ပို့ပေးပုံ၊ လမ်း၌လဲ ကျ နေသော လူနာကို  ဆေးရုံပို့ပေးပုံတို့ ဖြင့် ရိုက်ပြသည်။

စာမေးပွဲ အောင်စာရင်း ထွက်သည့်နေ့တွင် ကျော်ကျော်တို့ ပျော်ရွှင်နေပုံနှင့် ပတ်သက်၍ ရိုက်ပြသည်မှာ ကျော်ကျော်၏ နှလုံးသားကို ပုံဖော်ပေးရာ ရောက်သည်။ မမပြုံးက ကျော်ကျော်ကို ”စာမေးပွဲ ကျနေတာကို ဒီလောက်တောင် ပျော်နေတယ် ဟုတ်လား” ဟုမေးရာ ကျော်ကျော် ဖြေလိုက်ပုံက အလွန်လှသည့်အပြင် သူ၏စိတ်ထားကို ထင်းခနဲ ပေါ်လွင်စေခဲ့သည်။

”ဟာ မမကလည်း၊ ကျွန်တော့် သူငယ်ချင်းနှစ်ယောက်တောင် အောင်တာ ပျော်တာပေါ့”

ကြည်ဖြူသျှင် မမပြုံးကို စံပြု မြန်မာအမျိုးသမီး တစ်ဦးအဖြစ် ပီပီ ပြင်ပြင် ရိုက်ပြနိုင်ခဲ့ပါသည်။

(၄)

ရုပ်ရှင်သည် ဖျော်ဖြေရေး အနုပညာ ဖြစ်သည်။ သို့ရာတွင် ချက်အောက်က ပြက်လုံးများဖြင့် တန်ဆာဆင်ထားသော ဗီဒီယို၊ ဇာတ်ကားများကမူ အရှင်းဆုံးပြောရလျှင် အဆင့် အလွန်နိမ့်သည်။ ဟာသတွင် ထိုပြက်လုံးများ ပါချင်တော့ ပါမည်။ သို့ရာတွင် ဘဝထဲမှ ပြက်လုံးများက ခေတ်ကို ထင်ဟပ်စေခဲ့သဖြင့် ဘဝထဲမှ ပြက်လုံးများကို သုံးစွဲသင့်သည်။ ‘မမပြုံး ပြုံးစမ်းပါ’ မှ ဟာသ ဇာတ်ကွက်လေးများကမူ ဘဝထဲမှ ဇာတ်ကွက်လေး များ ဖြစ်သည်။ ဇာတ်ကောင်ကိုယ်တိုင်က အတည်ပေါက် နောက်တတ်သူဖြစ်၍ ဇာတ်ကောင် စရိုက်ကိုတောင် ပိုပြီးပေါ်လွင်လာသည်။ ဆိုပါစို့။ ပထမအောင်စာရင်း ထွက်သည့်နေ့က မမပြုံးကို ကျော်ကျော်က လက်ညှိုး တစ်ချောင်း ထောင်ပြခဲ့သည်။ ”ဘာလဲ ဂုဏ်ထူးတစ်ဘာသာလား” ဟုမေးရာ ”နောက်တစ်နှစ်ပေါ့” ဟု ပြန်ဖြေခဲ့သည်။ မမပြုံး စာပြ၊ ကျော်ကျော် စာကြိုးစားပြီး ပြန်ဖြေသောနှစ် အောင်စာရင်း ထွက်သောအခါလည်း ကျော်ကျော်က လက်ညှိုးတစ်ချောင်းကိုပဲ ထောင်ပြသည်။ သည်တစ်ခါတော့ သင်္ချာဂုဏ်ထူးနှင့် အောင်သည်။ အတည်ပေါက်နှင့် နောက်တတ်သော ကျော်ကျော်၏ စရိုက်ကိုပြ သည့် ပြကွက်ဖြစ်သည့် အပြင် ဇာတ်ညွှန်းတွင်လည်း continuity ကောင်းနေပြန်သည်။

ရုပ်ရှင်သည် အပြောမဟုတ်။ အပြသာ ဖြစ်သည်ဟု ဆိုကြသည်။ ပြ၍မရသော စိတ္တဇနာမ်ကို မည်သို့ ပြမည်နည်း။ ထိုအခါ ဒါရိုက်တာ၏ ပညာသည် အရေးကြီးလာပြန်သည်။ ဤဇာတ်ကားတွင် ကြည်ဖြူသျှင် သည် ကျော်ကျော်အပေါ် စိတ်ညွတ်ပြီး ပြန်လည် ချစ်မိနေသော မမပြုံး၏အချစ်ကို ဖော်ပြရာတွင် ဖယောင်းတိုင်မီးကို ကျော်ကျော်ဖြတ်သည့် အခန်း၌ ဖယောင်းတိုင်မီးဖြင့် ပြသည်။ မမပြုံး လက်ကိုယူပြီး ကျော်ကျော် လက်တွေ့ဖြတ်ပြပုံကို မမပြုံးလက်ခံပုံ၊ နောက်မိမိတစ်ယောက်တည်း ဖြတ်ကြည့်ပုံတို့ ဖြင့် သရုပ်ဖော်ပြသည်။

အဆိုပါအခန်းတွင် ပိုးဖလံများ မီးကိုတိုးပုံနှင့် ပတ်သက်၍ သဘောထားအမြင်မှာလည်း နိမိတ်ပုံဖြင့် ပြောပြထားခြင်းဖြစ်ပါသည်။

ဤဇာတ်ကားသည် လူငယ်တစ်ဦး၏ မြင့်မြတ်သော နှလုံးသား နှင့် ထိုနှလုံးသားမှ ပေါက်ဖွားလာသော သန့်ရှင်းစင်ကြယ်သော အချစ်ကို ပုံဖော် ရိုက်ကူးထားသော ဇာတ်ကားတစ်ကား ဖြစ်သဖြင့် အနာဂတ် ကျွန်တော် တို့ လူ့အဖွဲ့ အစည်း လူရာဝင် တန်ဖိုးမြင့်လာရေးတွင် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုနေသည့် ဇာတ်ကား တစ်ကား ဖြစ်သည်။

‘မမပြုံး ပြုံးစမ်းပါ’ သည် အချစ်ဇာတ်ကား တစ်ကားဖြစ်သော်လည်း ဘဝထဲမှ ပေါက်ဖွားလာသော အချစ်။ စားဝတ်နေရေးသုံးပါးကြောင့် အချစ်ကို လျစ်လျူရှုနေရသည့် မိန်းမတစ်ယောက်၏ အချစ်သာဖြစ်သည်။ ထို့အပြင် အခြားဇာတ်ကားများကဲ့သို့ တစ်ချစ်တည်း ချစ်နေသည်မျိုး မဟုတ်။ ချစ်၊ ညား၊ ကွဲ ဇာတ်ကားမျိုးမဟုတ်။ ချစ်ရေးဆိုမည်ဟု ပရိသတ်ရော၊ မမပြုံးပါ ထင်နေသည်။ သို့ရာတွင် ကျော်ကျော်က ‘မမပြုံးကို ချစ်တယ်’ ဟု မပြောဘဲ ”မမပြုံး ပြုံးပြပါလား” ဟု တောင်းဆိုသည်။ ကျော်ကျော်သည်လည်း ယနေ့ လူ့အဖွဲ့အစည်း ဖွံ့ဖြိုး တိုးတက်ရေးတွင် လိုနေသော လူငယ် (မျိုးဆက်) ဖြစ်သည်။

ခြုံ၍ပြောရလျှင် တည်းဖြတ်မှု ကောင်းသည်။ စဉ်ဆက် ညီညွတ်မှု ရှိသည်။ သဘာဝယုတ္တိ ခိုင်လုံမှု ရှိသည်။   Dialogue ကောင်းသည်။ ပညာတတ် မိန်းကလေးဘဝကို ဦးစားပေးနေရသူ မမပြုံးအဖြစ် သရုပ်ဆောင် ရသော မိုးဟေကိုရော စိတ်ကောင်းရှိပြီး ပျော်ပျော်ရွှင်ရွှင် နေတတ်သူ ကျော်ကျော်အဖြစ် သရုပ်ဆောင်ရသော နေတိုးပါ သရုပ်ဆောင် ပီပြင်ကြပါသည်။ ဇာတ်ပို့ဖြစ်သော ကင်းကောင်၊ အောင်ဇော်မင်း၊ ဇော်ဝင်းမောင်၊ ဇင်မျိုး၊ ဝင်းမင်းသန်းနှင့် ခင်သန်းနွယ်တို့ကလည်း ကြည်ဖြူသျှင် ကိုင် တွယ်ပုံကောင်း၍ သရုပ်ဆောင် ပီပြင်ကြပါ၏။

ခြုံ၍ဆိုသော် မြန်မာဗီဒီယို ဇာတ်ကားများထဲတွင် အနာဂတ်ကို ပံ့ပိုးနိုင်သော ဇာတ်ကားတစ်ကား ဟု ဆိုချင်ပါသည်။

မောင်အိမ်စံ

ယခုလအညွှန်း

၁။ မမုန်းပါနဲ့ ခွင့်လွှတ်

၂။ ခွင့်လွှတ်တယ် မောင်

၃။ တို့မဝေးကြေး

ရေရှား၍ အစာရှားလာနေပြီ

$
0
0

ကမ္ဘာ့ရေနံသိုက်များ ထုထည် လျော့နည်း လာနေပြီဆိုသော သတင်းများကို ကြားရလျှင် လူတို့ စိုးရိမ်စိတ်များ ဖြစ်ကြသည်။ သို့သော် ရေနံသိုက်များ လျော့လာသော သတင်းထက် ပို၍ထိတ်လန့် ဖွယ်ကောင်းသည် မှာ ရေကောင်းရေသန့် ရှားပါးလာပြီ ဆိုသော သတင်းဖြစ်သည်။ ရေနံမရှိလျှင် အခြားလောင်စာ တစ်မျိုးနှင့် အစားထိုးနိုင်သည်။ ရေ၏နေရာတွင် အစားထိုးနိုင်သော အရည်မရှိပေ။ ရေနံမရှိသော်လည်း အစားအစာ များကို စိုက်ပျိုး ထုတ်လုပ်နိုင်သည်။ ရေမရှိလျှင် မည်သည့်အစားအစာမှ ထွက်ပေါ်လာတော့မည် မဟုတ် ချေ။

လူတစ်ဦး အသက်ရှင်သန်ဖို့ အတွက် တစ်နေ့လျှင် ရေသုံးလီတာခန့် သောက်ဖို့လိုသည်။ တစ်နည်းဆိုရလျှင် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးတိုင်းအတွက် ရေသုံးလီတာခန့် မဖြစ်မနေ လိုအပ်သည်။ သို့သော် လူသည် ရေသောက်ရုံ သက်သက်ဖြင့် မရှင်သန်နိုင်ဘဲ အစာများကိုလည်း စားရသေးရာ လူအတွက်လိုသော ရေကို တွက်ရာ၌ သောက်ရေအပြင် အစားအစာ အမျိုးမျိုး ထုတ်လုပ်ရာတွင် လိုသောရေကိုပါ ထည့်တွက်ရ သည်။ လူတစ်ယောက်စားသည့် အစာများ အားလုံးကို စိုက်ပျိုးသည့်အဆင့်၊ ထုတ်လုပ်သည့် အဆင့်များတွင် သုံးသောရေကိုပါ တွက်ချက်လျှင် လီတာပေါင်း ၁၅ဝဝခန့် လိုသည်ဟု ထွက်ပေါ်လာသည် ။ သောက်ရေပမာဏ၏ အဆပေါင်း ၅ဝဝခန့်မျှ ဖြစ်သည်။ အများအားဖြင့် လူတို့အတွက် ရေကိုစဉ်းစားရာတွင် သောက်ရေ သက်သက်ကိုသာ စဉ်းစားကြ၍ မများလှဟု ယူဆရန် ရှိသော်လည်း အစားအစာအတွက် ကုန်ရသော ရေကိုပါ တွက်လျှင် အတော်များလှသော ရေပမာဏကို လိုအပ်ကြောင်း သိရှိလာကြသည်။

အစားအစာအတွက် သီးနှံများကို ထုတ်လုပ်ရာ၌ စိုက်ခင်းများ၏ ၄ဝ ရာခိုင်နှုန်းကို ဆည်မြောင်းစနစ်ဖြင့် ရေပေးသည်။ ကမ္ဘာတွင် ၁၉၅ဝ ခုနှစ်၌ ဆည်မြောင်းရေသုံး စိုက်ခင်းဧက ၂၃၂ သန်းရှိရာမှ ၂ဝဝဝ ခုနှစ် တွင် ဧကပေါင်း ၇ဝ၆ သန်း ဖြစ်လာသည်။ နှစ်ပေါင်း ၅ဝ အတွင်း သုံးဆတိုးလာခြင်း ဖြစ်သည်။ ဆည်မြောင်းစနစ် အတွက် ရေများကို မြစ်ရေနှင့် မြေအောက်ရေများအပြင် ရေကာတာများဆောက်၍ ဆည်ရေကိုလည်း ရယူသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝဝခန့်မှ စတင်ခဲ့သော မြစ်ချောင်းများကို ပိတ်၍ ရေကာတာ တည်ဆောက်ခြင်းဖြစ်ပြီး ရေရယူခြင်း အလေ့အကျင့်သည် ၂ဝ ရာစုနှောင်းပိုင်း ရောက်သောအခါ ရေကာတာ တည်ဆောက်နိုင်မည့် နေရာများစွာ မကျန်တော့၍ ရေရရန် မြေအောက်ရေများ ဘက်သို့ လှည့်လာသည်။

မြေအောက်ရေကြောများတွင်  ပြန်လည် ပြည့်တင်းနိုင်သော ရေကြောနှင့် ပြန်မပြည့်နိုင်သော ရေကြော ဟူ၍ နှစ်မျိုးရှိသည်။ လူတို့က ထုတ်ယူ သုံးစွဲခြင်း၊ မြေလွှာ များထဲမှ ပြန်စီးထွက်လာကာ မြစ်ချောင်း အင်းအိုင်များ ထဲသို့ ပြန်ရောက် လာခြင်းစသဖြင့် ကုန်ခန်းသွားသော မြေအောက်ရေများ၏ နေရာသို့ မိုးရေ၊ မြေပေါ်ရေများ ပြန်လည် စိမ့်ဝင်လာ၍ ပြန်လည် ပြည့်တင်းနိုင်သော မြေအောက် ရေလွှာများ ရှိသကဲ့သို့ အချို့ နေရာများတွင် မူ ရေများသည် အလွန်နက်ရှိုင်းသော နေရာများအထိ ရောက်ရှိပြီးနောက် ဘူမိမြေလွှာ အနေအထား ပြောင်းလဲသွားမှုကြောင့် မြေပေါ် ရေများ စိမ့်ဝင်ခြင်းမရှိတော့သည့် ရေလွှာများလည်း ရှိသည်။ ယင်းရေလွှာများထဲ ရှိ ရေသည် နှစ်ပေါင်း သိန်းသန်းချီ မြေပေါ်နှင့် အဆက် ပြတ်ကာ သီးခြားတည်ရှိနေ၍ ‘ရုပ်ကြွင်းရေများ’ ဟု တင်စားခေါ်ဝေါ် သည်။ အမေရိကန် အနောက်ပိုင်း အိုဂါလာလာ မြေအောက်ရေကြော နှင့် တရုတ်နိုင် ငံ မြောက်ပိုင်း မြေအောက်ရေကြောတို့သည် ရုပ်ကြွင်းရေများဖြစ်ကြသည်။

လူတို့ အထုတ်လွန်မှုကြောင့် ပြန်ပြည့်နိုင်သော မြေအောက်ရေကြောများရော၊ ရုပ်ကြွင်းရေများပါ လျင်မြန်စွာ လျော့နည်းလာနေသည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ကျော် နေထိုင်သည့် နိုင်ငံ ၁၈ နိုင်ငံ တို့ ၏ မြေအောက် ရေပြင်သည် ကျဆင်း လာလျက် ရှိသည်။ ယင်းတို့ထဲတွင် တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ ဆော်ဒီအာရေဗျ၊ အီရန်၊ ပါကစ္စတန်၊ မက္ကဆီကို စသည်တို့ ပါဝင်သည်။ ရေခန်း လာနေခြင်း၏ အကျိုးဆက် အဖြစ် သီးနှံ အထွက်လည်း ကျဆင်းလာနေသည်။

ရေနည်း၍ သီးနှံ အထွက် နည်းနေမှုကို အသိသာဆုံး တွေ့နေရသည် မှာ ဆော်ဒီ အာရေဗျ နိုင်ငံတွင် ဖြစ်သည်။ ရေနံပေါကြွယ် သော်လည်း ရေဆင်းရဲသည့် ဆော်ဒီတို့သည် မိမိတို့နှင့် သဘောချင်း မမျှသည့် နိုင်ငံတို့ သို့ ရေနံတင်ပို့မှုကို သပိတ်မှောက် ပိတ်ပင်မှုကို ၁၉၇၅ ခုနှစ် က ပြုလုပ်ခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် ဆော်ဒီသည် မိမိက လုပ်သကဲ့သို့ အခြားနိုင်ငံများက မိမိတို့ထံသို့ သီးနှံမရောင်းဘဲ အကျပ် ကိုင်လာမည် ကို စိုးရိမ်၍ နိုင်ငံ၏ မြေအောက် ရှိ ရုပ်ကြွင်းရေများကို စုပ်ယူ၍ နိုင်ငံတွင်း သီးနှံ ဖူလုံရန် ကြိုးစားခဲ့ ကြသည်။

ယင်းသို့ အားထုတ်မှုကြောင့် ဆော်ဒီတို့သည် ဂျုံကို ပြည်ပမှ ဝယ်စရာမလိုဘဲ နိုင်ငံတွင်း စိုက်ခင်းများမှ ဖူလုံအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ထိုသို့ နှစ်ပေါင်း ၂ဝ ကျော် ကြာ ဂျုံထုတ်လုပ်နိုင်ခဲ့ပြီးနောက် ၂ဝဝ၈ခုနှစ် တွင် ဆော်ဒီတို့သည် မြေအောက်ရေ ခန်းခြောက်လာသည်ကို သိရှိသွားကြသည်။ ယင်းနှစ်မှ စ၍ ဂျုံစိုက်မှုကို တစ်နှစ်လျှင် ၈ ပုံ ၁ ပုံလျှော့ချပြီး ၂ဝ၁၆ ခုနှစ်တွင် ဂျုံထုတ်လုပ်မှုကို အပြီးရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ရသည်။ သို့ဖြင့် ဆော်ဒီသည် မြေအောက်ရေလျော့နည်းမှုကြောင့် စိုက်ခင်းပမာဏ လျှော့ချရပ်ဆိုင်းကြောင်း အများသိ ကြေညာသည့် ပထမဆုံးနိုင်ငံဖြစ် လာသည်။ ၂ဝ၁၆ ခုနှစ်မှစ၍ ဆော်ဒီသည် ဂျုံ၊ဆန်နှင့်ပြောင်း တန်ချိန် စုစုပေါင်း တန်ချိန် ၁၅ သန်း ဝယ်ယူ တင်သွင်းရန် စီစဉ်ထား သည်။

လူဦးရေ ၂၂ သန်းနေထိုင်သော ဆီးရီးယားနိုင်ငံသည်လည်း မြေအောက်ရေများကို ပြန်ပြည့်နိုင်သည်ထက် ပို၍ထုတ်ယူနေသည်။ ဆီးရီးယား၏ သီးနှံထုတ်လုပ်မှုသည် ၂ဝဝ၂ ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ပြီး ကျဆင်း လာနေသဖြင့် သီးနှံများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရသည်။ အီရတ်နှင့် ယီမင် နိုင်ငံတို့သည်လည်း ဆော်ဒီနှင့် ဆီးရီးယားတို့ကဲ့သို့ အဖြစ်မျိုးကို ကြုံတွေ့နေရသည်။

ရေလျော့နည်း လာခြင်းအပြင် မြေဆီလွှာ ပျက်စီးမှု၊ စိုက်ခင်း ဧရိယာ ဆုံးရှုံးမှု၊ ရာသီဥတု ပြောင်းလဲလာမှု တို့ကြောင့် သီးနှံထွက် အခြေအနေသည် ယိမ်းယိုင် လာလျက်ရှိရာ ပြန်လည်ထောင်မတ်လာအောင် ပြုလုပ်နိုင် မည့် အလားအလာကို မမြင်ရသေးချေ။

ကမ္ဘာတွင် ရေကောင်းရေသန့် တစ်နေ့တခြား ရှားပါးလာခြင်း၏ အကျိုးဆက်တစ်ခု အဖြစ် သီးနှံ အထွက်ပါ  လိုက်နည်းလာနေသော သတင်းသည် လူသားတို့၏ ရှေ့ရေး အတွက် စိုးရိမ်ဖွယ် ကောင်းသော သတင်း ပင် ဖြစ်သည်။

ကျော်ဦး

သူတို့ပြောတဲ့ S

$
0
0

ဒီလမှာတော့ စာရေးဆရာ မောင်လွင်မွန် (ကသာ)၊ ပန်းချီဆရာ ဖေညွန့်ဝေနဲ့ တေးရေး၊ တေးဆို၊ စာရေးဆရာအရိုးတို့ရဲ့ S စကားလုံး တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရိုး

Selfish

Selfish ဆိုတာကို အများကမြင်တာတော့ တစ်ကိုယ်ကောင်းဆန်တယ်လို့ မြင်ကြတယ်။ ဒီစကားလုံးကို သုံးတဲ့အခါ မကောင်းတဲ့ဘက်ကို ယိုင်ပြီးသုံးကြတာ များတယ်။ အတ္တဆိုရင် Ego လို့ သုံးတယ်။ Selfish က Ego ထက်သာတယ် ပြောရမယ်။ ကျွန်တော့်အမြင်ပြောရရင်တော့ Selfish က နှစ်ပိုင်းရှိတယ်။ တစ်ကိုယ်ရေ Selfishness နဲ့ Public Selfishness  ဆိုတာ ပါ။ တစ်ကိုယ်ရေ Selfishness  က ဘယ်လိုဟာမျိုးလဲဆိုရင် Bus  ကားပေါ်မှာ အများဆုံးတွေ့ရ လေ့ရှိတဲ့ အကျင့်မျိုးတွေပေါ့။ သူများခြေထောက်ကို နင်းလိုက်တာမျိုး၊ ခုံနေရာဦးတာလုတာမျိုး၊ ကိုင်စရာနေရာကနေမရွေ့ဘဲ ပေပြီးရပ်နေတာမျိုးသာမန် Selfish ပေါ့။ သာမန်မဟုတ်တဲ့ Selfish မျိုးလည်းရှိတယ်။

ဥပမာ – အများနဲ့ ခရီးသွားတဲ့ အခါ နေရာကြိုဦးထားတာမျိုး၊ အစားအသောက် ကောင်းတွေကိုလည်း ရှေ့နောက်မကြည့်ဘဲ ကိုယ်ပဲ စားလိုက်တာမျိုးတွေပေါ့။ Public Selfishness  က ဘယ်လိုလဲဆိုတော့ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးတွေနဲ့ ဆိုင်သွားတယ်။ ဥပမာ – တစ်ကမ္ဘာလုံးမှာ ကိုယ့်ဘာသာပဲ ရှိစေ ချင်တာမျိုး၊ ဘာသာရေးနဲ့ နယ်ချဲ့တာမျိုးပေါ့။ အစုအဝေးအလိုက်နဲ့ ယုံကြည်ချက်ကြောင့်ဖြစ်နေတဲ့ Selfish ပေါ့။ ဒါမျိုးတွေက အန္တရာယ်ရှိတယ်။ နိုင်ငံရေးအရ Selfish က ကျတော့ ဥပမာ – နိုင် ငံကြီးတွေက နိုင်ငံငယ်လေးတွေ နိုင်ငံလတ် တွေအပေါ် လွှမ်းမိုးချင်ကြတာမျိုးပေါ့။ ဒါက ကျယ်ပြန့်တဲ့ Selfish ပဲ။ အဲဒီတော့ အဲဒီလို Selfish ကနေ War  အ ထိ ရောက် သွားရော။ လူတွေက စစ်ဆိုရင် လက်နက်တွေကိုင်စွဲပြီး တိုက်နေတဲ့စစ်မျိုးကိုပဲ မြင်တတ်ကြတယ်။ Selfish ကနေဖြစ်လာတဲ့ စစ်မျိုးတွေကို မမြင်တတ်ကြ ဘူး။

စီးပွားရေးအရ လွှမ်းမိုးတာမျိုး တွေပေါ့။ အခု မြန်မာပြည်မှာဆိုရင် တရုတ်နဲ့ အမေရိကန်ရဲ့ စီးပွားရေးက ဒီမှာလာပြီး ဆောင့် နေတယ်။ Selfish ကို အသေးစိတ်ပြောရရင် သတ္တဝါတွေရဲ့ သဘာဝပါပဲ။ တိရစ္ဆာန်တွေ မှာလည်းရှိတယ်။ ဒီ Selfish ကို ကောင်းတဲ့ ဘက်ကနေ အသုံးချလို့ရတယ်။ ဥပမာ – ငါ မလိမ်ဘူး ဆိုပြီး ပြတ်ပြတ် သားသား နေတာမျိုး ပေါ့။

Survival

Survival ဆိုတာ Survive  ကနေ လာတာပါ။ Survive  ဆိုတာ ရှင်သန်ဖို့အတွက် ရုန်းကန် တွန်းထိုးလှုပ်ရှားရတာကို ပြောတာ။ ရှင်သန်ဖို့ ကြိုးစားတာမှာလည်း ၃ မျိုးရှိ တယ်။ ကိုယ့် တစ်ကိုယ်ရေရှင်သန်ဖို့ ရပ်တည်နေတယ်။ နောက်ပြီး ကိုယ့်တစ်ကိုယ်ရေပြင်ပ ရှင်သန်ဖို့ ရပ်တည်နေတာ။ နောက်ဆုံးတစ်ခုက ကိုယ့်ကမ္ဘာ ကြီးအ တွက် ရှင်သန်ဖို့ကြိုးစားတာတွေပေါ့။ တစ်ကိုယ်ရေကတော့ ရှင်းပါတယ်။ ကိုယ့် တစ်ကိုယ်ရေပြင်ပကတော့ နည်းနည်းလေး နက်လာတယ်။ ကိုယ့်နိုင်ငံကို ကမ္ဘာ့ အလယ်မှာ Survive  ဖြစ်ဖို့ ကျွန်တော်တို့နိုင်ငံက ကြိုးစားနေရ တယ်။ Theoratically  အရ ကြိုးစားနေရတယ်။ တတိယ Survive ကတော့ ကမ္ဘာနဲ့ချီပြီး လုပ်ရတာ။ ကမ္ဘာကြီး ပူနွေးလာတာကို ဝိုင်းပြီး Survive လုပ်ရတယ်။ ကမ္ဘာကြီးခြောက်သွေ့လာတာကို ဝိုင်းပြီး Survive လုပ်ရတယ်။ ကမ္ဘာကြီးပေါ်မှာ ရောဂါအသစ်တွေ ပေါ်ထွက် လာတာ ကို ဝိုင်းပြီး Survive လုပ်ရတယ်။ ဒီလို ကမ္ဘာကြီးနဲ့ချီတဲ့ဟာကို Survive လုပ်တဲ့ကိစ္စတွေကို လူငယ်တွေသိထားရမယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးကို လက်ဆင့် ကမ်းရမှာက လူငယ်တွေမို့လို့ပါ။

Struggle

Struggle ကို လက်ရှိအများက ဘယ်လိုမြင်လဲဆိုတာနဲ့ ဆိုင်တယ်။ တချို့ကတော့ Life is Struggle လို့ ပြောကြတယ်။ တချို့ကတော့ Struggle ကို ဇွဲတစ်ခုလို အသုံးချကြတယ်။ ဥပမာ – သူ့ရဲ့အားနည်းချက်တွေ၊ ပညာရပ်ဆိုင်ရာတွေ၊ အတတ်ပညာတွေကိုသင်တဲ့အခါ ကြိုးကြိုးစားစားနဲ့ကို ရုန်းကန်ကြတယ်။ ဒါမျိုးကလည်း Struggle ပါပဲ။ တချို့က ဒီ Struggle ကို မကောင်းတဲ့ဘက်မှာ သုံးကြတယ်။ အဲဒါက အယူသည်းမှုနဲ့ တယူသန်ဆန်မှုတွေမှာ သုံးတာမျိုးပေါ့။ ဥပမာ – လေယာဉ်ပျံကြီး ကို မောင်းနှင်ပြီး ဗုံးခွဲလိုက်ဖို့အတွက် ၁၈ နှစ်၊ နှစ်နှစ်ဆယ်လောက်သင်တန်းတွေမှာ ရုန်းကန်ပြီး တက်တာမျိုးပေါ့။ သူတစ်နေ့သေဖို့အတွက် လက်ရှိမှာ ရုန်းကန် ကြိုးစားနေတာမျိုးပေါ့။ ဒါ အရမ်းကြောက်ဖို့ ကောင်းတယ်။ ဘဝမှာ ပညာရှာတဲ့အခါ၊ ဥစ္စာရှာတဲ့အခါ လူတိုင်းကတော့ Struggle လုပ် ရတာပဲ။ ဒါမှလည်း များများနဲ့မြန်မြန် တတ်မှာပါ။ အခု လောလောဆယ်မှာတော့ လူငယ်တွေ အများစုက ဘဝမှာနည်းနည်းလေးအဆင်မပြေ တာနဲ့ Struggle လုပ်ရတယ်ဆိုပြီး အော်နေကြ တယ်။ အမှန် ကတော့ ဘဝက Struggle မဟုတ်သေးပါ။ တကယ် Struggle လုပ်ရတာက ကိုယ့်ဘဝတိုးတက်ရေး၊ ကိုယ့်နိုင်ငံတိုးတက်ရေးအတွက် ကြိုးစားတဲ့အခါ လုပ်ရမှာ ပါ။ ကောင်းတဲ့ဘက်မှာ Struggle လုပ်တာက လုပ်သင့်တယ်လေ။

ဖြိုးစုပိုပို


သူတို့ပြောတဲ့ S

$
0
0

မောင်လွင်မွန် (ကသာ)

Survival

Survival ဆိုတာကတော့ ရှင်သန်လွန် မြောက်တာ၊ ပျက်စီးကျဆုံးမှုကို ရင်ဆိုင်ကျော် လွှားနိုင်တာကို ဆိုလိုတာပါပဲ။ တစ်ခါတစ်ခါ မှာ ဘဝလမ်းကြောင်းပေါ် မှာ လော ကဓံလှိုင်းရိုက်ချက် တွေက သိပ်ကြီးတယ်၊ ပြင်းထန်တယ်။ ဒီတော့ တင်စားပြောရရင်တော့ လောကရေပြင်ကျယ် ထဲမှာ အသည်းအသန် ကူးခပ်ရုန်းကန်ရတာ ရှိပါ တယ်။ ကူးခပ်ရင်းနဲ့ လှိုင်းတွေကို ကျော်သွားနိုင် တာ၊ ရပ်တည်ပြီး ခြေထောက်ထောက်မီတဲ့ အနေ အထားမျိုးရောက်တာစတဲ့ အဆင့်မျိုး အလွယ် တကူမရတဲ့အခါမှာ လူက ကိုယ့်ဘာသာ မယုံမရဲ ဖြစ်လာတတ်တယ်လေ။ ဒီလိုနဲ့ဆက်ပြီး ကူးခပ်ဖို့ အားပျက်သွားတတ်ပါတယ်။ ဒီအခက်အခဲကို ငါကျော်နိုင်ပါ့မလား၊ ဒီဒုက္ခဝဲထဲက ငါလွတ် ထွက် နိုင်ပါတော့မလားလို့ သံသယဖြစ်လာတတ်တာ ပေါ့။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းပြီး အခက်အခဲဒုက္ခလှိုင်းတွေ ဝဲဂယက် တွေ ကို ကျော် တဲ့အထိ ဆက်ကူးခပ်ဖို့၊ ဒါမှမဟုတ် ထောက်တည်မှီရာရသည်အထိ ကြိုးစားဖို့ မဖြစ် နိုင်တော့ဘူးဆိုပြီး လမ်းတစ်ဝက်မှာပဲ အရှုံးပေး လက်မြှောက်သွား တတ်ပါတယ်။ တစ်နည်းအား ဖြင့် ရှင်သန်လွတ်မြောက်မှု Survival ကို လက်လွတ်ဆုံးရှုံးသွားတယ်လို့ ဆိုရမှာပေါ့။

ဒီနေရာမှာ စာရေးဆရာ အက်ဒဝင်လူးဝစ်စ်ကိုးလ် ရဲ့ အဆိုအမိန့်တစ်ခုကို သတိရမိတယ်။ သူက ‘You don’t drown by falling in the water; you drown by staying there ‘ခင်ဗျား ရေထဲလိမ့်ကျလို့ ရေနစ်တာ မဟုတ်ပါဘူး၊ အဲဒီထဲက ရုန်းမထွက်ဘဲ နေလို့ပါ’ တဲ့။ အဲဒါ ဟုတ်ပါတယ်။ ရေထဲ လိမ့်ကျတယ်ဆိုတာမျိုးက ဘဝမှာ မကြာ ခဏ ကြုံရတတ်တယ်လေ။ ကံမကောင်းလို့ဖြစ်ဖြစ်၊ ခြေချော်လက်ချော်ဖြစ်ဖြစ် ကျနိုင်တယ်။ ပြီးတော့ ရေထဲကျနိုင်တယ်လို့ သိရက်နဲ့ ကိုယ့်ယုံကြည်ချက် နဲ့ ဆက်လျှောက်ရင်း ဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း တစ်ယောက်ယောက်က တမင်တွန်းချလို့ဖြစ်ဖြစ်၊ တစ်ခါတလေလည်း ရေနစ်သူကိုဆယ်ရင်း သူက သတိလက်လွတ် ဆွဲချလို့ ကိုယ်ပါပြုတ်ကျတာ ဖြစ် ဖြစ် အမျိုးမျိုး ဖြစ်နိုင်တာပဲပေါ့။ ဒါပေမဲ့ ရေထဲ ရောက်သွားပြီဆိုရင် သြော်… ငါနှယ်ဖြစ်မှဖြစ်ရ လေဆိုပြီး ညည်းနေလို့မဖြစ်ဘူး။ ဒါမှ မဟုတ် ကုန်းပေါ်ကလူတွေကို ငေးနေ ဝမ်းနည်းနေလို့ မဖြစ်ဘူး။ ကိုယ့်ရှင်သန်ဖို့ အသည်းအသန် ရုန်းကန်ကူးခပ်ရမှာ။ ဒီလို ကူးနေတဲ့အချိန် မှာတော့ လှော င်ပြောင် တဲ့သူတွေ၊ နှိမ်ပြီး ဆက်ဆံသူတွေ၊ အဖက်မလုပ်ချင်သူတွေနဲ့ မလွဲမသွေကြုံရမယ်။ ဒီလိုပဲ အားပေးသူ၊ နှစ်သိမ့်သူတွေ၊ ဖေးမကူညီသူ တွေနဲ့လည်း ကြုံမှာပေါ့နော်။ ကူညီသူတွေထဲမှာက ကိုယ်လိုပဲ ရုန်းကန်နေရတဲ့ ရေနစ်သူချင်းထဲက လည်း ဖြစ်နိုင်တယ်၊ ဖြစ်တတ်တယ်ပေါ့။ ကူညီ သူဟာ ဘယ်သူဖြစ်ဖြစ် သူ့အတွက် ဝန်မလေးဘဲ လွယ်လင့်တကူ ကူညီနိုင်တာမျိုးဆိုရင်တော့ ကိုယ့်အတွက်လည်း အထောက်အကူဖြစ်မယ် ဆိုရင် လက်ခံလိုက်ပေါ့နော်။

ဒီလိုပဲ နှုတ်နဲ့အား ပေးတာ၊ စိတ်ခွန်အားဖြည့်ပေးတာတွေကိုလည်း ဝမ်းသာအားရပဲ လက်ခံရယူလိုက်ပေါ့။ နှိမ်တဲ့သူ၊ အဖက်မလုပ်တဲ့သူတွေကိုလည်း ကိုယ်ရင့် ကျက် အောင်၊ ခံနိုင်ရည်ပိုရှိ အောင် လေ့ကျင့်ပေးသူများ လို့ ကျေးဇူးတင်လိုက်နိုင်ရင်တော့ ပိုကောင်းတယ်။ ဒီလို ကျေးဇူးမတင်နိုင်ရင်တောင် သူတို့ရဲ့သဘော ထားဆိုး ဆိုးနဲ့ ဆက်ဆံရေးခပ်ညံ့ညံ့တွေကို ဂရု စိုက်လက်ခံနေဖို့ အချိန်မရှိဘူးလို့ပဲ သဘောထား လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ နောင်မှာ ကိုယ်အခုဘဝအ ခက်အခဲတွေကို ရှင်သန်ကျော် လွှားအောင်မြင်တဲ့အခါကျ ကိုယ့်ကို ဦးစားပေး ချဉ်းကပ်လာမယ့်သူတွေထဲမှာ သူတို့ဟာ ထိပ်ဆုံး ကပါနေတတ်တာ တွေ့ရလိမ့်မယ်။ ဘဝအတွေ့ အကြုံနဲ့ယှဉ်ပြီး ပြောရမယ်ဆိုရင်တော့  ကိုယ်ဖြတ် သန်းလာတဲ့ဘဝကို ပြန်ကြည့်လိုက်တဲ့အခါ ရုတ်တရက် ရေထဲပြုတ်ကျသလို ကြုံရတာဟာ ခဏခဏပဲ ဆိုတာ တွေ့ရ ပါတယ်။ ကိုယ်ဘွဲ့ရပြီး အရာရှိဖြစ်ဖို့ ရှစ်နှစ်လောက်အသည်းအသန် ရုန်းကန်ကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ အရာရှိ သက်သုံးနှစ်အရမှာ ၈၈ အရေးအခင်းလှုပ်ရှားမှုမှာ ကိုယ့်ရုံးမှာ ခေါင်းဆောင်ပြီး ပါဝင်ခဲ့လို့ အလုပ်က အနားပေးတာခံရပါတယ်။ အဲဒီတုန်းက ကိုယ့်ရဲ့ မိသားစု ဘဝကအိမ်ထောင်ဦး၊ ရန်ကုန်ကိုပြောင်း လာစ၊ အိမ်ပိုင်မရှိ ဘာမရှိ၊ ဇနီးက ကိုယ့်မျက်နှာ ကြည့်ပြီး မလည်မဝယ်နဲ့ ရန်ကုန်ကိုလိုက်လာစ၊ သမီးက သုံးနှစ်အရွယ်မှာ ကိုယ်အလုပ်ပြုတ်သွား တာပါပဲ။ အလုပ်က ရိုးရိုးပြုတ်တာ မဟုတ်ဘဲ နိုင်ငံရေးနဲ့ပတ်သက်နေတော့ ကိုယ့်မိသားစုနဲ့ ဆက်ဆံပြောဆိုရင်ပဲ ထောင်ကျတော့မလို ထင်နေတဲ့ကာလဆိုတော့ ကူညီမယ့်သူရှားပြီး ခေါ်မယ့်ပြောမယ့် သူတောင်မရှိတာမျိုး ကြုံခဲ့ရ တယ်။ ပြောတဲ့စကားတွေကလည်း တစ်ဆင့်စကား နဲ့ ကိုယ့်နားပြန်ပြန်ရောက်လာတာ။ ‘တော်တော် မိုက်တဲ့လူ’ ‘ဒီလူက အရူးထတာပဲ’ ‘နိုင်ငံရေး မှိုင်းမိသွားတာလေ၊ မိသားစုကသနားစရာ’ စတာ မျိုးတွေပေါ့။ တချို့ ကိုယ့်လူကြီးသူမအရွယ်ထဲက လူတွေဆို အိမ်လာပြီး မျက်နှာချင်းဆိုင်တိုက်ရိုက် လာပြီး ဝေဖန်ဆုံးမတာတွေတောင် ရှိတယ်။ ဒါတွေကို နကမ္ပတိ မတုန်မလှုပ် ခံနိုင်ရည်ရှိခဲ့တာ တော့ မဟုတ်ပါဘူး။ ပုထုဇဉ်ပီပီပဲ ဝမ်းနည်းတာပဲ၊ အားငယ်တာပဲ၊ ပြီးတော့ ကိုယ့်ကြောင့် ဖြစ်သလို နေရစားရတဲ့ မိသားစုကိုကြည့်ပြီး စိတ်မချမ်းသာ လည်း ဖြစ်တာပေါ့။

ဒါပေမဲ့ ‘ငါမှန်တာလုပ်ခဲ့တာပဲ’ဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ရပ်တည်ပြီး ရုန်းကန်ရင်း လွတ်မြောက်ကျော်လွှားနိုင်ခဲ့တယ် ထင်တာပါပဲ။ ပြီးတော့ ကိုယ်က နိုင်ငံရေးနယ်ထဲ အမှတ်မ ထင် ရောက်သွားတာဖြစ်ပြီး တစ်သက်လုံးလုပ်ဖို့ ရည် ရွယ်တာမဟုတ်ဘူး။ ခဏပဲဆိုတော့  ဒီတစ်နှစ် နှစ်နှစ်ရုန်းကန်လိုက်ရင် ပြီးသွားမယ်ထင်တာ လည်း ပါတယ်။ တစ်နေ့မှာ ပြည်သူအားလုံး ထွက်ပေါက်ရတဲ့တစ်နေ့မှာ ကိုယ်လည်း အတူတူ ရမှာပဲလို့ ယုံကြည်ထားတာလေ။ ဒီတော့ အဲဒီ ကာလမှာ စားလောက်ရုံ ပဲငွေရှာပြီး နိုင်ငံရေး နယ် ထဲမှာ ဘဝကိုနှစ်ပြီး လုပ်ခဲ့ပါတယ်။ နောက်တစ်နှစ် ကျော် နှစ်နှစ်အတွင်းလုပ်မယ့် ရွေးကောက်ပွဲအထိ တောင့်ထားပြီး အဲဒါပြီးရင် ကိုယ့်ဘဝ လမ်းကိုယ် ဆက်လျှော က်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုန်းကန် ကျော်လွှားခဲ့တာပါပဲ။ ဒါပေမဲ့ ရွေးကောက်ပွဲ အပြီးမှာ ကိုယ့်ပါတီက အနိုင်ရပေမယ့် ကိုယ်မျှော် လင့်ခဲ့သလို နိုင်ငံရေး ဘဝကို ရပ်တန့်ပြီး ကိုယ့်မူလ ဘဝလမ်းကြောင်း ပြန်လျှောက်ဖို့က အခွင့်မသာ ခဲ့ဘူး။ ကိုယ်နဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ အဖမ်းခံ ရပြီး နောင်တော့ ကိုယ်ထောင်က ထွက် လာချိန်၊ ကိုယ်လေးစားတဲ့ခေါင်းဆောင် နှစ်ဦးက ပါတီကထုတ်လိုက်တော့ မကျေနပ်ဘဲ ပါတီကို မသွားရာကနေ ပါတီလှုပ်ရှား မှုနဲ့ဝေးသွားတယ်။

ဒီတော့ တစ်ကိုယ်တော် နိုင်ငံရေး လှုပ်ရှားမှုတွေပဲ ဆက်လုပ်၊ ဒီကနေ ပုဂ္ဂလိကဘဏ်လောကမှာ အရာရှိပြန်ဖြစ်။ အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်း သားတွေအ တွက် ထောက်ပံ့ပေးဖို့ ကိုယ်တို့နီးရာ လူတွေစုပြီး ဝိုင်းလုပ်ရင်း ဒီငွေတွေကို ကိုင်ထားသူ အဖမ်းခံရလို့ ငွေအဓိကရှာပေးထားတဲ့ ကိုယ်က ကိုယ့်လခထက် အဆနှစ်ဆယ် အစိတ်လောက်ရှိတဲ့ ငွေတွေကို စိုက်လျော်ရတယ်။ နောက်ဆုံး ဝယ် ထားတဲ့ အိမ်တောင်ရောင်းပြီး လျော်လိုက်ရတယ်။ ဒါက ဒုတိယအကြိမ် ရေထဲကျတာ။ ဒီကနေ မမျှော်လင့်ဘဲ ထောင်ခုနစ်နှစ်ကျသွားတယ်။ ဒါက တတိယအကြိမ် ရေထဲကျတာပဲပေါ့။

 နောက်တော့ ထောင်ကပြန်လွတ်လာချိန် နိုင်ငံ ရေးအကျဉ်းသားထောက်ပံ့ရေးကို တစ်နိုင်တစ်ပိုင် ဆက်လုပ်တယ်။ အဲဒီအချိန်မှာပဲ ဘဏ်ချေးငွေရဖို့ သေချာနေတဲ့ စာရေးဆရာကြီးတစ်ယောက်ရဲ့ ယာယီလိုတဲ့ငွေကို အာမခံပြီးရှာပေးရာက ဘဏ် တွေပျက်သွားပြီး ဘဏ်ကငွေမချေးနိုင်။ စာရေး ဆရာကြီးကလည်း ပြန်မပေးတော့ ငွေ ၃၆ သိန်း ကို အတိုးရောအရင်းပါ လျော်ခဲ့ရပါတယ်။ ဒါက စတုတ္ထအကြိမ် ရေထဲကျတာ။ အဲဒီလို ရေထဲကျတဲ့ အခါတိုင်းမှာ ကိုယ်ဟာ ရှင်သန်ဖို့လည်း ရုန်းကန် တယ်၊ တစ်ဖက်မှာလည်း ငါရှင်သန်ဖို့တောင် မနည်းလုပ်နေရချိန်မှာ ‘ဒါတော့မတတ်နိုင်တော့ ဘူး’ ဆိုပြီး ကတိပျက်တာတို့၊ တာဝန်မဲ့တာတို့စတဲ့ ရေစီးကြောင်းတွေထဲ ဘယ်ေ တာ့မှ ရေစုန်မမျောခဲ့ ဖူးဘူး။ ဆိုလိုတာက ကိုယ်မသုံးတဲ့ငွေကို နှစ်ကြိမ် လျော်ခဲ့တယ်။ ငွေချေးထားသူတွေက ကိုယ်စိုက် လျော်ခဲ့ရတယ်ဆိုတာ သိတောင် မသိကြဘူး။ ဒါပေမဲ့ ကိုယ်ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကူးနိုင်ခပ်နိုင်ရင် ရှင်သန်လွတ်မြောက်နိုင်တယ် ဆိုတာကို ကိုယ်ယုံကြည်တဲ့အတိုင်း မှန်တယ်လို့ ကိုယ့် ကိုယ် ကိုယ်သက်သေပြနိုင်လို့ပါပဲ။ ကိုယ် ကတိပျက်တဲ့လူမဖြစ်ခဲ့တာ၊ တာဝန်မဲ့သူမဖြစ်ခဲ့ တာကို လိပ်ပြာလုံနိုင်မှုအတွက် ကျေနပ်ပါတယ်။ ပြီးတော့ နိုင်ငံရေးရုန်းကန်မှုလုပ်ရင်း စာပဲရေးပြီး ဖြတ်သန်းချင်ပေမယ့် အဲဒီလို ရေထဲပြုတ်ကျတဲ့ အဖြစ်တွေကြောင့် အချိန်ပေးပြီး အလုပ်တွေ အစုံလုပ်ခဲ့ရတယ်။ စာရေးချင်သလောက် မရေးခဲ့ ရဘူး။ ဒါပေမဲ့ ရုန်းကန်ကြိုးစားလို့ ရှင်သန်ရ လွတ်မြောက်ရတဲ့အရသာနဲ့ ရှေ့ဆက်ရမယ့်ခရီး မှာ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုရတာ ကတော့ ငွေတွေရှာနိုင်ခဲ့ ရက်နဲ့ ကိုယ်မဝယ်ခဲ့နိုင်တဲ့ တိုက်တွေကားတွေထက် ပိုအဖိုးတန်တယ်လို့ ထင်တာပါပဲ။

Struggle

နောက်တစ်ခု Struggle ဆိုတာကတော့ ခုနကပြောတဲ့ Survival  ဆီရောက်အောင် ရုန်းကန်လှုပ်ရှားရတာကို ပြောတာပါပဲ။ ကိုယ်အထက် မှာ ပြောခဲ့သလို ဘွဲ့ရပြီး နယ်ကနေပြီး အရာရှိ စာမေးပွဲကို ရန်ကုန်ကိုလာလာဖြေနေတာ ခုနစ် နှစ်ကျော် ရှစ်နှစ်နီးပါး ကြာခဲ့ပါတယ်။ အဲဒါဟာ တကယ်တော့ အများအမြင်မှာ မဖြစ်နိုင်တာ တစ်ခုကို လုပ်နေတာပဲလေ။ နယ်မှာက သင်တန်း တွေဘာတွေလည်း မရှိဘူး။ စာအုပ်စာတမ်းလည်း မပြည့်စုံဘူး။ အင်္ဂလိပ်စာရော၊ အထွေထွေ ဗဟုသုတရော၊ နိုင်ငံရေး သဘောတရားတွေပါ ကိုယ့်ဘာသာဖတ်၊ မှတ်ပြီး အရူးအမူး ကြိုးစားရ တာ။ ပြီးတော့မှ ရန်ကုန်လာဖြေချိန်မှ အနီးကပ် သင်တန်းလေး ဘာလေးတက်ရ တာဆိုေ တာ့ ရေးဖြေ သုံးကြိမ်အောင်ပြီးချိန်မှာ ခုနစ်နှစ်လောက် ကြာသွားတာ။ ဒီတော့ ကိုယ့်ကို ကွယ်ရာမှာရော မကြားတကြားရော ရူးနေတာ၊ ဘဝင်မြင့်ပြီး မဖြစ် နိုင်တာကို လုပ်နေ တာဆိုပြီး ပြောတာမျိုး အမြဲ ကြုံရပါတယ်။ ရှစ်နှစ်မြောက်မှာ ကိုယ် စာမေးပွဲ ထပ်ဖြေဖို့ ခွင့်တင်တော့ ကိုယ့်မန်နေဂျာက ‘မင်းကို နောက်ထပ် ခွင့်မပေးနိုင်တော့ ဘူး၊ မဖြစ်နိုင်တာကိုလည်း မလုပ်နဲ့တော့၊ မင်းမှာ အဆက် အသွယ်လည်းရှိတာမဟုတ်ဘူး၊ ငါစေတနာနဲ့ ပြောတာ’ ဆိုပြီး ပြောပါတယ်။

ကိုယ်လည်း ဒီတစ်ခါ နောက်ဆုံးဖြေပါရစေဆိုပြီး ရန်ကုန် လာဖြေတယ်။ ကံအားလျော်စွာ လူလေးထောင် နီးနီးထဲက ငါးယောက်ပဲရွေးတဲ့ အဲဒီအလုပ်ကို ရပါတယ်။ ရတဲ့ အချိန်မှာ ခုနက ကိုယ့်ကိုပုတ်ခတ် ပြောဆိုနေ သူတွေအားလုံး လေသံပြောင်းသွားပါတယ်။ မန်နေဂျာကြီးကိုယ်တိုင်က ကိုယ်ရုံးက ထွက်လာတဲ့နောက် တခြားလူ တစ်ယောက်ကို ‘ဒီကောင်က အရမ်းကြိုးစားတဲ့ကောင်၊ မင်းကြိုး စားရင် ရရမှာပေါ့လို့ ငါတောင် အားပေးခဲ့တယ်’လို့ ပြောတာကို တစ်ဆင့်စကားပြန် ကြားရပါတယ်။ ဒီအတွေ့အကြုံက ရုန်းကန်မှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ရဲ့အမြင်ကို နားလည်စေပြီး နောင် ရေထဲပြုတ်ကျလို့ အမနာပအပြောခံရတဲ့အခါ တိုင်း ငါလွတ်အောင်ကူးနိုင်ရင် သူတို့ အသံတိတ် သွားမှာပဲလို့ တွေးရတယ်။ တိတ်ရုံမကဘဲ လေသံ တောင်ပြောင်းသွားတတ်တာဆိုတာ အတွေ့အကြုံ အရသိနေတော့ ကိုယ့်ဘာသာ အားပေးပြီး ယုံယုံ ကြည်ကြည် ရုန်းကန်ခဲ့နိုင်တယ်။ ဒါပေမဲ့ ဒီအလုပ် ကို ခဲခဲယဉ်းယဉ်း ကြိုးစားပြီးမှ ရခဲ့တာပေမယ့် ဖျတ်ခနဲ လွတ်ကျကွဲသလို လက်လွတ်ဆုံးရှုံးခဲ့ရ တယ်။ ဒါကလည်း အမျိုးသားရေး ရုန်းကန်မှုကြီး ဖြစ်တဲ့ ‘၈၈အရေးအခင်း’ နဲ့ ကြုံသွားတာကိုး။

တကယ်တော့ ကိုယ်တို့ပြည်သူတွေအားလုံးက ၁၉၆၂ ကတည်းက ခံစားခဲ့ရတဲ့ အာဏာရှင်စနစ်ကို မကြိုက်ဘူး။ မကြိုက်လို့ အားလုံးသမိုင်းမှာ ရုန်းကန်ကြိုးစားမှုတွေ အမျိုးမျိုးလုပ်ခဲ့တယ်။ အရင်းအနှီးတွေများခဲ့တယ်။ သွေးတွေ၊ အသက် တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ကြရတယ်။ ဒါကြောင့် ကိုယ်လည်း အလှည့်ကျတော့ မနွဲ့စတမ်း ဆိုပြီး ၈၈ ရုန်းကန်မှုထဲမှာ ဘဝကိုပုံအောခဲ့တာပါပဲ။ ပြည်သူအားလုံးက သမိုင်းနဲ့ချီတဲ့ အပြောင်းအလဲ အတွက် ရုန်းကန်မှုဆိုတော့လည်း နှစ်တွေချီ ပေးဆပ်ရပြီး ဒီနေ့အထိ လည်း ဒီရုန်းကန်မှုရလဒ် အချို့တစ်ဝက်ကိုပဲ ရသေးတယ်လေ။ ဒီသမိုင်း တစ်လျှောက် ရုန်းကန်ရမှုတွေနဲ့ပတ်သက်ပြီး ကိုယ့်ရင်ထဲမှာစူးနစ်နေခဲ့လို့ အခု ရတီမှာ ရေးနေ တဲ့ အခန်းဆက်ဝတ္ထုရှည်မှာ ဒီရုန်းကန်မှုကြီး တွေထဲ ပေးဆပ်ရမှုတွေအကြောင်း ရေးဖွဲ့ထားပါ သေးတယ်။ ဒီတော့ ရုန်းကန်မှုဆိုတာက မျှော်မှန်း ချက် ပမာဏကြီး တာနဲ့အမျှ ရုန်းကန်မှုကာလရော ပါဝင်ပေးဆပ်ရုန်းကန်ရမှု ပမာဏပါ ကြီးမားကျယ် ပြန့်သွားနိုင်တာကို ပြောချင်တာပါ။ နောက်ဆုံးတစ်ချက်အနေနဲ့ Live is nothing but struggle ဆိုတဲ့ ဆိုစကားအတိုင်း ဘဝဆိုတာ ရုန်းကန်နေရမှု လွဲပြီး ဘာမှမဟုတ်ပါဘူးဆိုတာ တကယ်မှန်ပါ တယ်။ အောင်မြင်မှုမရသေးသူဟာ အောင်မြင်မှု အတွက် ရုန်းကန်ရသလို ရပြီးသူကလည်း အောင် မြင်မှုကို ထိန်းထားဖို့ ရုန်းကန်ရပါတယ်။ ဘဝဆို တာ ပန်းတိုင်တစ်ခုပြီးတစ်ခုအတွက် ရုန်းကန် တိုက်ပွဲဝင်ရတဲ့ ခရီး ရှည်ကြီးဖြစ်ပြီး တစ်ဦးချင်းရဲ့ ဘဝပန်းတိုင်များကို အောင်မြင်စွာဖြတ်သန်းပြီး တဲ့အခါလည်း အများစုကြီးနဲ့လက်တွဲပြီး အားလုံး နဲ့ဆိုင်တဲ့ ပန်းတိုင်များဆီ ရုန်းကန်ရမှာ ပဲလေ။ ဒီလိုဘဝဆုံး တိုင်လှုပ်ရှားကြိုးစားသွားမှသာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝဖြစ်မှာဆိုတာ ပြောလိုပါ တယ်။

Selfish

နောက်ဆုံး ပြောချင်တဲ့ Selfish ဆိုတာကတော့ တစ်ကိုယ်ကောင်းဆန်တာကိုပြောတာ၊ နာမ်အနေနဲ့ဆိုရင်တော့ Selfishness ပေါ့။ တစ်ကိုယ်ကောင်းဆန်တယ်၊ အတ္တဆန်တယ် ဆိုတာကတော့ ကိုယ်ဖြစ်ချင်တာကို မရအရယူ တာ၊ တခြားလူဘက်ကို ထည့်မတွက်ဘဲ ကိုယ်ကျိုး စီးပွားကိုပဲကြည့်တာ၊ ဘယ်သူသေသေ ငတေမာ ရင်ပြီးတမ်း စိတ်ဓာတ်မျိုး။ ဒီတော့ ဒီလိုစိတ်မျိုးက လောကကိုအကျည်းတန်စေတယ်။ အတ္တသမား ချင်းတွေ့တော့ လောဘနဲ့ဒေါသနဲ့ ယှဉ်ပြိုင်တာ၊ လုယက်တာတွေဖြစ် မယ်။ ဒီလိုပဲ အတ္တဘီလူးစီးသူ က အများစုပြည်သူကို အနိုင်ကျင့်တာ၊ နှိပ်စက် တာ၊ လိမ်လည်လှည့်ဖျားတာ ဆိုတာတွေကလည်း လူသားတွေရဲ့သမိုင်းမှာရှိခဲ့တယ်၊ ရှိနေသေးတယ်၊ နောင်လည်း ရှိဦးမှာပါပဲ။ အဲဒီအခါမှာ ဒီအတ္တကြီး သူကို အများစုဘက်ကနေ တွန်းလှန်ရုန်းကန်ဖို့ စွန့်စားအနစ်နာခံပေးမယ့် လူတွေလိုတယ်။ ဒါကတော့ Self-sacrifice လို့ ဆိုရမယ်။  Selfish  ဖြစ်တဲ့သူ၊ ဒါမှမဟုတ် Selfish Group လို့ဆိုရ မယ့် တစ်ကိုယ်ကောင်းအုပ်စုတစ်စုကို တွန်းလှန်ဖို့ Self-sacrifice လို့ ဆိုတဲ့ စွန့်လွှတ်စွန့်စား ပေးဆပ်သူရဲ့အသက်တွေ၊ သွေးတွေ၊ ဘဝတွေနဲ့ ရင်းနှီးပြီး ရုန်းကန်ကြရတာပဲ။

ဒီလို အတ္တနဲ့ပရ၊ အဓမ္မနဲ့ ဂမ္မရဲ့ ပဋိပက္ခကတော့ ထင်သာမြင်သာ ရှိတယ်။ သဘာဝလည်းဖြစ်တယ်။ သမိုင်းမှာလည်း ကြုံနေကျဖြစ်တယ်။ ဒီထဲမှာ အတ္တစိတ်နဲ့တစ် ကိုယ် ကောင်းကြံသူမဟုတ်ဘဲ အများအတွက်ဆောင် ရွက်နေကြသူများအချင်းချင်းကြားထဲက အတ္တ တရားကလည်း စိတ်ဝင်စားစရာအတော်ကောင်း တယ်။ အဲဒါ ကတော့ အများအတွက် လုပ်ပါတယ် လို့ ကြွေးကြော်ထားသူတွေထဲမှာ ကိုယ်ခေါင်း ဆောင်မှဖြစ်မယ်၊ ကိုယ်ယုံကြည်တဲ့ လမ်းမှမှန် တယ်၊ ကိုယ့်ကိုဆန့်ကျင် သူတွေကို ဖယ်ရှားပြီး အများအတွက် ကိုယ်လုပ်ပိုင်ခွင့်ကို ဖြစ်တဲ့နည်းနဲ့ အရယူမယ်စတဲ့ အတ္တဆန္ဒနဲ့ ဆုံးဖြတ်တာမျိုးကို ဆိုလိုတာပါပဲ။ ဥပမာပြောရရင် မကြာသေးခင်က အမေရိကန်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင် အုပ်စုတို့ သူ့အတ္တနဲ့ ကိုယ့်အတ္တပြိုင်ကြပြီး လွှတ် တော်နှစ်ရပ်လည်းကွဲ၊ သမ္မတနဲ့လည်း သဘော တူညီမှုမရဘဲ အစိုးရ ယန္တရားတစ်ခုလုံး ရပ်သွား တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပြည်သူကဒုက္ခ ရောက်ရတာမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရစမှာ ကွန်မြူနစ်နဲ့ ဆိုရှယ် လစ်အုပ်စု တို့ ကိုယ်ယုံကြည်တဲ့လမ်းကိုလုပ်မှ တိုင်းပြည် ကောင်းမယ်ဆိုပြီး လုပ်ပိုင်ခွင့်လုကြရာကနေ ပြည်တွင်းစစ်ဖြစ်တဲ့အထိ ကြုံခဲ့ရပါတယ်။

အဲဒီ အတ္တချင်းပြိုင်ပြီး နိုင်ငံကောင်းကြောင်း လုပ်ခွင့် လုခဲ့ကြတဲ့ အကျိုးဆက်ဆိုးကျိုးက ဒီနေ့အထိခံကြ ရလို့ မပြီးနိုင်သေးဘူး။ ဒီတော့ ဘယ်သူမဆို ကိုယ့်ဘဝတိုး တက်မှု ကိုယ်စီရှာတဲ့နေရာမှာ တစ်ကိုယ်ကောင်းစိတ်နဲ့ မလုပ်စေချင်သလို အတ္တ အုပ်စုနဲ့ သူတို့ကိုအနစ်နာခံ တွန်းလှန်တဲ့အုပ်စု တို့ရဲ့ အားပြိုင်မှုမှာလည်း အတ္တ သမားတွေကို ဆန့်ကျင်တဲ့ဘက်ကရပ်တဲ့ သူတွေများလာမှသာ လူ့အဖွဲ့အစည်းတိုးတက် ငြိမ်းချမ်းမှာပါ။ ဒီလို မဟုတ်ဘဲ အတ္တသမားတွေနဲ့ ပုလင်းတူဘူးဆို့လုပ် သူတွေ များနေရင် တိုင်းပြည်က သွေးတွေမျက်ရည် တွေ လွှမ်းနေဦးမှာပါပဲ။ ဒါတင်မကသေးပဲ အများအတွက် စွန့်စားအနစ်နာခံလုပ်ပါတယ် ဆိုတဲ့သူတွေ အချင်းချင်းထဲ မှာတောင် အတ္တစိတ်နဲ့  အနိုင်လုတာကိုလျှော့ပြီး နားလည်မှုနဲ့ ညှိနှိုင်း အဖြေရှာမှသာ တကယ်အများအကျိုးကို ဆောင် ရာကျမှာဆိုတာကိုလည်း သတိပေးလိုပါ တယ်။ နောက်ဆုံး အနေနဲ့ ကိုယ့်နှလုံးသားထဲကအတ္တစိတ်(Selfishness) ကိုပဲ ဖြစ်ဖြစ်၊ တစ်ကိုယ်ကောင်း သမားတို့ ထူထောင်ထားတဲ့ အတ္တအဆောက်အအုံ ကိုပဲဖြစ်ြ ဖစ် တွန်းလှန်ဖြိုချဖို့ ရုန်းကန်ကြိုးစားမှု (Struggle) လုပ်ရာမှာ လွတ်မြောက်ငြိမ်းချမ်းစွာ ရှင်သန်နိုင်မှု (Survival) ကိုယ်စီရနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက် ချင်ပါတယ်။

ဖြိုးစုပိုပို

သူတို့ပြောတဲ့ S

$
0
0

ဖေညွန့်ဝေ

Selfish

Selfish ဆိုတာတော့ ကိုယ့်အတွက်ပဲ ကြည့်တာကို ပြောတာပေါ့။ လူတွေကပြောနေ ကြတဲ့ လောဘ၊ ဒေါသ၊ မောဟဆိုတာမှာ အနုပညာသမားတွေ က လောဘ အကြီးဆုံးပဲ။ အနုပညာလောဘပေါ့လေ။ Artist  တွေရဲ့ လောဘက အနုပညာအပေါ်မှာထားတဲ့ လောဘ ပေါ့။ ဒါပေမဲ့ တစ်ခါတလေမှာ အဲဒီစိတ်က Selfish ဖြစ် သလို ဖြစ်သွားနိုင်တယ်။ လောဘ ဖြူပါဘဲ။ ဒါကို Stuck-up လို့ခေါ်တယ်။ အနု ပညာသမားက ဘာမှအလေးမထားဘဲ ဒီအနု ပညာပေါ်မှာပဲ စိုက်လိုက်မတ် တတ် လုပ်တယ်။ အနုပညာကိုပဲ အလေးထားတယ်။ ကျွန်တော် ဆိုလည်း တစ်ကိုယ်ကောင်းဆန်လားဆိုရင် ကျွန်တော့်ရဲ့ ပန်းချီပညာနဲ့ ပတ်သက်ရင် တစ် ကိုယ်ကောင်း ဆန် တယ်ပြောရမယ်။

Struggle

Struggle  ဆိုတာ ရုန်းကန်ရတာပေါ့။ လူ့ ဘဝကတော့ ရုန်းကန်ရမှာပဲ။ Life is Struggle  တောင်ဆိုတာကိုး။ နိယာမပဲ။ ဒါပေမဲ့ တချို့က အများထက်ပိုပြီး ရုန်းကန် ရတာရှိတယ်။ တချို့ က သက်သောင့်သက်သာပဲ ရုန်းကန်ရတာရှိတယ်။ အဲဒီမှာမှ အနုပညာသမားက ဘဝနဲ့ အနုပညာကို တစ်ထပ်တည်းထားတဲ့သူတွေ ဆိုတော့ ပိုပြီး ရုန်းကန်ရတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံက နှစ် ၅ဝ လောက် ချောင်ပိတ် မိခဲ့တာ။ လုပ်ခွင့်မရခဲ့ဘူး။ ဒီတော့ ရုန်းကန်ရမှုက ပိုပြီး ကြီးတယ်။ စနစ်တစ် ခုရဲ့ သားကောင်ဖြစ် နေတာကိုး။ အခုလို ကမ္ဘာကြီးက ရွာဖြစ်ပြီလည်း ဆိုရော ကျွန်တော်တို့က နောက်မှာ အများကြီး  ကျန်ခဲ့နေပြီ။ ကျွန်တော့်အတွက် Struggle ဆိုရင်တော့ ကျွန်တော့်ရဲ့ လူငယ်အရွယ်မှာ အများကြီးပဲ။ ကျွန်တော့်ရဲ့ အနုပညာတွေမှာ ပြချင်တာတွေကို ပြခွင့်။ ရေးဆွဲခွင့်တွေ မရခဲ့ဘူး။ အများကြီးဆုံးရှုံးခဲ့ရတယ်။ အခု ကျွန်တော်တို့ နောက်က မျိုးဆက်သစ်တွေကိုတော့ ကျွန်တော် တို့လို အဖြစ်မခံနိုင်တော့ဘူး။

Survival

Survival ဆိုတာတော့ ရှင်သန်ခြင်းပေါ့။ လူတွေက ကိုယ်ရှင်သန်နိုင်တာထက် ပိုပြီးရှင်သန်ချင်ကြတယ်။ Survival မှာ Struggle တွေရှိတာပေါ့။ ကျွန်တော်ဆိုရင် ဘူတန်နိုင်ငံက ဘုရင်ရဲ့ သဘောကို အရမ်းကြိုက်တယ်။ သူတို့က သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို G.D.P (Gross Domestic Progress)  နဲ့ မတိုင်းဘူး။ GNH (Gross National Happiness) နဲ့ တိုင်းတယ်။ လူတစ်ဦးချင်းရဲ့ ပျော်ရွှင်ချမ်းမြေ့မှုနဲ့ တိုင်းပြည် ဖွံ့ဖြိုးမှုကိုတိုင်းတယ်။ ကျွန်တော်တို့ Artist  တွေ က စိတ်ပျော်ရွှင်ဖို့ အဓိက လိုအပ်တယ်။ ဒါမှ ရှင်သန်နိုင်ကြမှာ။ ပန်းချီဆရာတွေဆိုရင် တကယ် Survival  ဖြစ်ဖို့ ဟိုးအရင်တုန်းကတော့ ခက်ခဲတယ်။ ဒီဘက်ခေတ်မှာတော့ Commercial  ပိုင်းတွေမှာပါ လုပ်ခွင့်ရကြတော့ အရင်ခေတ်ကလို မဟုတ်တော့ဘူး။ Fine Art ပိုင်းမှာလည်း အရင်လိုမဟုတ်တော့ဘူး။ ကိုယ့်ပညာနဲ့ အသက် မွေးလို့ရပါပြီ။ ဒါပေမဲ့ ရေမြင့်မှကြာတင့်မယ် ဆိုတာမျိုး။ နိုင်ငံတော်ကလည်း တစ်မျိုးတစ်ဖုံနဲ့ အားပေးတာမျိုးလုပ်ပေးသင့်တယ်။ နောက်ပြီး ဒီဘက်ခေတ်က နည်းပညာခေတ် ဆိုတော့ နောက်ပိုင်းကလေးတွေက နည်းပညာအကူအညီ တွေကို သိပ်အားကိုးကြတယ်။ ဖြစ်နိုင်ရင်တော့ အနုပညာဆိုရင် Arts Work စင်စစ်ဖြစ်ရင် ကောင်းတာပေါ့။

ဖြိုးစုပိုပို

ရဟန်းနှင့် အက်ဖ်အိုစီ

$
0
0

(၁)

လွန်ခဲ့သော ဝါဆို လဆန်းက သူ့ခန္ဓာ တစ်ကိုယ်လုံး တုန်ခိုက်နေသည့် အတွက် အရေးပေါ်ဆေးခန်းလေး တစ်ခုဆီ သူ ပြေးဝင်လာခဲ့သည်။ မြောက်ဥက္ကလာ ကုန်းကျော် တံတားအဆင်းက မြမြင့်မိုရ် ဆိုသော ဆေး ခန်းလေး…။

ချမ်းပါတယ်ဆိုမှ ရန်ကုန်မိုးက အနတ္တဖြစ်စွာ ထီးတစ်ချောင်းကို တောင်းဆိုနေသေးသည်။

သူနှင့် အတူ ကပ္ပိယ တစ်ဦးကို အပါ ခေါ်လာခဲ့၏။ လူနာငါးယောက်ခန့် စောင့်ရဦးမည်ဖြစ်၍ ကပ္ပိယကိုယ်တိုင် မောင်းလာသော အငှားယာဉ်ထဲမှာပဲ ထိုင်နေခဲ့သည်။ လူနာ တစ်ဦးစီအတွက် ၁၅မိနစ်ခန့်ထက် အချိန်ပို ယူသော ဆရာဝန်ကို သူ စိတ်ရှည်ရပါမည်။ နောက်ထပ် ဆေးခန်း တစ်ခုခု ဆက်ရှာမည် ဆိုလျှင် ဒကာမျိုးကြီး၏ ကျောက်စာကို ပြန်ဖတ်နေရတော့မည်။ ဒီက စောင့်နေသူ …။

သူ့ အလှည့်ကျ၍ ဆေးခန်းလေးထဲ ဝင်သွားတော့မှ ‘အကူသူနာပြု ဆရာမလေး ဝါဆိုပွဲအမီ မိဘအိမ်ပြန်သွားလို့ တပည့်တော်မ တစ်ယောက်တည်း ဖြစ်နေလို့ ကြာနေရတာ’ ဟု ရှင်းပြသော ဆရာဝန်မလေး၏ အချိန် ပိုခြင်းကို နားလည်သွားပါသည်။ လူနာကိုလည်း စမ်းသပ်ရ၊ ဆေးထိုးပေးရသော ဆရာဝန်၏ လုပ်ငန်းစဉ် အပြင် နေ့နေ ညည သောက်ရမည့်ဆေးများကို စိတ်ရှည်စွာ ရွေးချယ် ထုပ်ပိုးပေးနေသော ဆရာဝန် အမျိုးသမီး ငယ်သည် သူ မျှော်လင့်ထား သလိုပင် ဆောင်ရွက်တော့မည့် အရိပ်အယောင် တွေ့နေရသည်။

ရောဂါ အခြေအနေက ဆေးတစ်လုံး ထိုးရုံမျှဖြင့် ပျောက်ကင်းနိုင်မည် ဖြစ်သော်လည်း ဆေးပတ်လည်အောင် သောက်ဖို့ သေချာစွာ မှာနေလေသည်။ ပြီးတော့ သူက သွေးအနည်းငယ်လည်း တိုးနေပြန် သေးသတဲ့။ ဆရာဝန်မလေးက ဆေးများကို ထုပ်ပိုးကာ ကပ္ပိယ လက်ထဲသို့ ပေးအပ်နေစဉ်မှာပင် သူ ခပ်သွက်သွက် ထွက်လာခဲ့သည်။

ကပ္ပိယကို အာဏာ ကုန်လွှဲအပ် ခဲ့ပြီပဲ..။

ကပ္ပိယက ကားကို စက်နှိုးလိုက်ရင်း ‘အက်ဖ်အိုစီတဲ့ ဘုရား’ ဟု လျှောက်တော့ သူ့ထင်မြင်ချက် မှန်ကန်သွားခဲ့ပါသည်။

ယခုနှစ်တစ်ခုလုံး သူ့ကျန်းမာရေးက ချူချူချာချာ မဟုတ်သည့်တိုင် မာမာချာချာဟုလည်း ပြောလို့မရပါ..။ ရုတ်တရက် ဖြစ်ပေါ်တတ်သော ရောဂါများက အက်ဖ်အိုစီ ခလုတ်များစွာကို နှိပ်မိလျက်သား ဖြစ်နေတတ်ပါ သည်။

မျက်စိနာ ရောဂါစွဲကပ်တော့ ရွှေလမင်း ဆေးခန်းမှာ ထိုင်သည့် ဆရာဝန်မလေးကလည်း အက်ဖ်အိုစီ..။

ကျောက်ကပ်နှင့် ပန်ကရိယအတွင်း ရန်သူများ နှိပ်စက်၍ မျက်နှာရှုံ့မဲ့နေသည့်ကြား စမ်းသပ်ပေးသည့် ခွဲစိတ်ဆရာဝန်ကြီးကလည်း အက်ဖ်အိုစီ…။

အစာအိမ်နံရံတွေပေါ်က အဓိပ္ပာယ်တွေကို ရှာဖွေပေးသည့်ဆရာဝန်ကြီးကလည်း အက်ဖ်အိုစီ …။

ရွှေပြည်ကြီး၏ ကရုဏာ ရွှန်းစိုလှသော အက်ဖ်အိုစီ စာမျက်နှာတို့က များလှပါပကော …။

(၂)

Free of Charge အခမဲ့ ဟု အဓိပ္ပာယ်ရသော အက်ဖ်အိုစီ (FOC) သည် သူ့လို ရဟန်းတော်များ အတွက် အမြဲတမ်း ဆက်နွယ်နေရသော ဝေါဟာရ တစ်ခုဖြစ်ပါသည်။
စင်္ကြံလမ်းပေါ် ခပ်သုတ်သုတ်လမ်းလျှောက် နေသော သူ့အနားသို့ ကားတစ်စီး ထိုးဆိုက်ကာ ‘အရေးကြီးနေလား ဘုရား။တပည့်တော် ကုသိုလ် ယူပါရစေ’ ဟူသော ကြာဖူးလက်အုပ်ကို ကြုံရဖူးသည်။

‘သံဃာတော်များ အခမဲ့’ တဲ့..။

မသွားဘူးဗျ လမ်းခပ်သွက်သွက်လျှောက်တတ်လို့ ။

နဝဒေးရုပ်ရှင်ရုံ လမ်းဝမှတ်တိုင်က ရွှေမင်္ဂလာဆိုင်ကတော့ မနက်ခင်း ပထမဆုံး ကြွလာသော သံဃာတော်ငါးပါးကို ဒါနပြုလေ့ ရှိသတဲ့..။

သူက ကြံကြံဖန်ဖန် သုံးပါးမြောက်လောက် ဖြစ်နေတတ်ပြန်သည်။ နဝကမ္မ ချို့တဲ့သော စာသင်သား ဘဝက ဆိုလျှင်တော့ သူ့ လိပ်ပြာလုံ မည် မထင်။ တစ်မနက်ခင်းမှာတော့ မိတ်ဆွေ ရဟန်းတော်တစ်ပါးက အရုဏ် ဆွမ်းကပ်ချင်သည် ဆိုကာ ထိုဆိုင်လေးကို ပင့်ပြန်သည်။ ပထမဆုံး သံဃာတော်ငါးပါးကို လှူသတဲ့င့ါရှင် ဟု အခြား မိတ်ဆွေရဟန်းတစ်ပါးက သတင်းပေးသည်။ ဟုတ်ပ အချိန်က စောနေသေးသည်။ တစ်ပါးပါးတော့ ငြိမှာ သေချာနေသည်။ လိုက်ခဲ့ပါဟု ဆို၍သာ လိုက်သွားရသည်။ သူ ဖြေရှင်းပုံက မဆိုးလှ။ မထိုင်မီ ငွေရှင်းကောင်တာကို သွားသည်။ ‘ဦးဇင်း တို့ကို ဒီနေ့ အရုဏ် ကပ်မယ့်သူက ဝတ္ထုငွေ လှူလိုက်လို့နော်။ ငါးပါးစာရင်း ထဲ မထည့်ပါနဲ့’ တဲ့ ..။

တစ်ခါတစ်ရံတော့ သပြေရိပ်လို၊ ကံကောင်း ခွန်နှစ် (Lucky 7) လို၊ ဝေဒနာ (Feel)၊ အရှေ့ အိမ် ( Oriental House ) ဆိုင်မျိုးတွေမှာ  စိတ်ကြိုက် အလုပ်အကျွေးပြုရန် ရောက်နေခိုက် ‘ကာလဒါနပါ ဘုရား’ ဆိုတာမျိုးလည်း ကြုံရပြန် သေးသည်။

လက်စသိမ်း သြနီတပတ္တပါဏိ ဖြစ်သွားချိန်မှ လှူဒါန်းသွား လျှင်တော့ ကိစ္စမရှိ..။ တစ်ဝက် တစ်ပျက် နှုတ်ခမ်းဆီမစိုမီ စားပွဲထိုး လူငယ် တစ်ယောက်က ဘုန်းဘုန်းတို့ ဝိုင်းအလှူရှင် ရှိပါသည် ဘုရားဆိုတာမျိုး (သို့မဟုတ်) အလှူရှင် ကိုယ်တိုင်က တပည့်တော်တို့ ရှင်းခဲ့ပါပြီဘုရား ဆိုတာမျိုး ကြုံခဲ့လျှင်တော့ မိုးကုတ် ဆရာတော်ကြီး၏ လေသံတော်အတိုင်း ‘ဒီနေ့တော့ တော်ကြဦးစို့’ လုပ်ခဲ့ကြရပြန်သည်။

သံဃာတော်များအတွက် အက်ဖ်အိုစီ အတိအကျ ကျင့်သုံးသော အောင်သုခ ထမင်းဆိုင်ကိုလည်း သံရုံး တစ်ခုတွင် ဗီဇာအတွက် တန်းစီရင်း ဆွမ်းချိန် မမီ၍ ရောက်သွား ခဲ့ရဖူးသည်။ ဖွယ်ဖွယ်ရာရာ ဟင်းလျာများကို ပျူပျူငှါငှါ မေးမြန်း ဆက်ကပ် ပြီးကာမှ ‘ဆိုင်က လှူဒါန်းတာပါ ဘုရား’ ဟု ရိုရိုသေသေ လျှောက်ထားသည်။ ကာလဒါန အလှူခံဖို့ မဖြစ်မနေ လိုအပ်သော သံဃာတော်များ ရှိနေမည်မို့ မကြွဖြစ်တော့..။

(၃)

အက်ဖ်အိုစီ ကိစ္စက ဗုဒ္ဓအရှင် လက်ထက် မဂဓတိုင်းတွင် ရှိခဲ့ဖူးသည်။

မဟာဘိသက္က ဆေးပညာကျော် နန်းတွင်း သမားတော်ကြီး ဆရာဇီဝက၏ အက်ဖ်အိုစီကို ဗုဒ္ဓအရှင်နှင့် စတုဒိသာ ရဟန်း သံဃာတော်များ တံခါးမရှိ ဓားမရှိ ခံစားခွင့်ရှိသည်။

သာသနာ ထွန်းကားလှသော အချိန်မို့ ဆရာဇီဝက၏ တိကိစ္ဆာလယ ဆေးရုံတွင် ဂိလာန သံဃာများဖြင့်သာ ပြည့်နေတတ်သည်။ ရာဇဂြိုဟ်သား တို့အတွက် ဆရာဇီဝက ၏ အမည်နာမ ဘွဲ့တံဆိပ်တော်များ ရေးထား သည့် ရွှေရောင် ဝင်းပသော ဆိုင်းဘုတ်တော်ကြီးကို မျှော်ငေး ဖတ်ရန် မှတပါး ဆေးနံ့ခံခွင့် မရှိပြီ..။

ဖြစ်ချင်တော့ ရာဇဂြိုဟ်မှာက ရောဂါတွေ ထူပြောလာသည်။ ဆရာဇီဝက၏ ဆေးရုံကို တက်ရောက် ကုသမှသာ ပျောက်ကင်းနိုင်မည်။ ဆရာဇီဝက အနေဖြင့် ဗုဒ္ဓအရှင်နှင့် သံဃာတော် များ၏ ကျန်းမာရေး အတွက် သာမက ဘုရင်ဗိမ္ဗိသာရ အပါအဝင် နန်းတွင်းသူ နန်းတွင်းသားတို့၏ ကျန်းမာရေးအတွက်လည်း တော်ဝင် သမားတော် ကြီးပီပီ အမှုတော်ထမ်း ရသေးသည်။ သည်တော့ ရာဇဂြိုဟ် ရောဂါသည်တို့ မျှော်တလင့်လင့် ဖြစ်ခွင့်ပင် မရှိပြီ။

သည်တော့လည်း ရောင်တစ်ထုံး အဆုံးခံကာ သာသနာ့ဘောင်ထဲ ဝင်ရောက်ကာ ပဉ္စင်းလက်သစ်ကြီးတွေ ဆေးကုသမှု ခံယူဖို့ တန်းစီကြလေပြီ။

အချိန်တန်တော့လည်း ဆေးစွမ်းသည့် အံ့မခန်း သမားတော်၏ လက်တွင် ရာဇဂြိုဟ်သား တို့ နာလံထကြသည်။

ဆရာဇီဝက ခမျာမှာတော့ သာသနာ ဝန်ထမ်းတို့အရေးပေမို့ ချွေးဒီးဒီး ကျပေမင့် စိတ်ထားမြင့်ကာ ပီတိဖြာရပေသည်။

သို့သော် ရာဇဂြိုဟ်လမ်းပေါ်မှာ နာလံထ ရဟန်း လူထွက်များကို ဟိုနားတစ်ကွေ့၊ ဒီနား တစ်ကွေ့ ဆရာဇီဝက တွေ့ရသည့်အခါ ဇဝေဇဝါ။ သေချာစုံစမ်းကြည့်တော့ အက်ဖ်အိုစီ တန်းစီသူများ…။

သံသရာငြီးငွေ့သူများ ..သံသရာထွက်ရပ် လမ်းရှာသူများ မဟုတ်ချေပြီ။

သြော်… ပါရမီကြီးရင့်သူမို့ သည်းခံနိုင်သော်ငြား သဒ္ဓါမပွားနိုင်သူ တို့အတွက် ခက်ရ ချည့်။

သို့နှင့် သာသနာ့ဘောင် ဝင်သော ရဟန်းသစ်များကို စိစစ် လက်ခံရန် ဗုဒ္ဓအရှင် ဥပဒေတော် ထုတ်ပြန်ရတော့သည်။

ငါ့ရှင်ရဟန်းလောင်း….

ကုဋ္ဌနူနာ လက်ပရိုစီရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော…

ချောင်းဆိုးရောဂါ တီဘီနာကင်းရှင်းသူ ဟုတ်ပါ၏လော…

မြင်းဖုအနာ အိုင်းအမာ ရောဂါ ကင်းရှင်သူ ဟုတ်ပါ၏လော..

ပွေးဝဲညှင်း ခရုသင်း ရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော..

ရူးသွပ် အနာ စိတ္တဇ ရောဂါ ကင်းရှင်းသူ ဟုတ်ပါ၏လော…။

သြော် အက်ဖ်အိုစီ တန်းစီသူများ ပေတကား ..။

ဓမ္မဂင်္ဂါ

ရှင်ငယ် ပဉ္စင်းငယ် ဘဝက စာသင်သား အချင်းချင်း တခုတ်တရ ပြန်လည် ဖောက်သည်ချ ကြည်နူးရသော အတွေ့အကြုံ ဖြစ်ပါသည်။ အမှန်တကယ်ကတော့ အက်ဖ်အိုစီကို အလှူခံရသည့် အတွက် ရဟန်းတစ်ပါး အနေဖြင့် သဒ္ဓါတရားကို ချီးမြောက်ရာ ရောက်ပေသည်။

မရှိလျှင်မကောင်း ဖုန်းအကြောင်း

$
0
0


အချို့ကုမ္ပဏီကြီးများတွင် အထက် လူကြီးများကို ဖုန်းဖြင့် ခေါ်ဆို ပြောပြနိုင်ရန် အလွန်ပင် ခက်ခဲတတ်ကြသည်။ အရေးကြီးသော သတင်း အချက်အလက် အကြံပြုပေးခြင်း အပေါ် ရုံးဌာန ဖုန်းလိုင်းများမှ ပြောပြရန် အလွန် ခက်ခဲတတ်၏။ ခက်ခဲအောင် လုပ်ထားကြောင်းကို အချို့သော အထက်လူကြီးများ လုံးဝမသိ။ အခက်အခဲ ပြဿနာ များကို မသိခြင်းနှင့်ပင် သာယာနေတတ်ကြ သည်။

အစည်းအဝေးခန်းထဲ ရောက်နေလို့၊ အခြားသူတစ်ဦးနှင့် ဖုန်းပြောနေလို့၊ ဖုန်းမအားသေးလို့၊ သူ့ဟန်းဖုန်းနံပါတ်ကို ဘယ်သူ့ကိုမှ မပေးရဘူး ပြောထားလို့ စသည့် လက်အောက်ငယ်သားများ၏ ဆင်ခြေလွယ်လွယ် အသုံးအနှုန်း များက တွေ့ဆုံ ပြောကြား အကြံပြလိုသူကို ခက်ခဲအောင် လုပ်ထားတတ်ကြသည်။

သင့်ထံသို့ ဖုန်းခေါ်ဆိုသူများ ဘာကို လိုချင်လို့ ဆက်တာလဲ

ကုမ္ပဏီ သို့မဟုတ် ဌာနတစ်ခု အကြီးအကဲ တာဝန် ထမ်းနေသူတစ်ဦးသည် ဖုန်းတစ်လုံးမှ ရိမ်းသံ မြည်လာလျှင် ပထမဆုံး လက်အောက်ငယ်သား တစ်ဦးကို စတင် ဖုန်းပေးကိုင်တတ်ကြ၏။ ထိုသို့ ကိုင်တွယ် လက် ခံ ပြောဆိုရသော သူများ အတွက် အထူး သတိထားစရာ လိုအပ်ချက်များ ရှိသည်။

”ဖုန်းခေါ်ဆိုသူ တစ်ဦးသည် ဘာအတွက် ဖုန်းဆက်လာသလဲ” ဟူသော အဓိက အချက်ဖြစ်သည်။ ဖုန်းပြောသူ တစ်ဦး၏ လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) အလွယ်တကူ မိမိပြောလိုသူနှင့် ဆက်သွယ်မှု ရရှိလိုသူ ဖြစ်ခြင်း

(၂) တုံ့ပြန် ပြောဆိုမှုကို ရရှိလိုသူဖြစ်ခြင်း

(၃) မိမိ လိုအပ်ချက်ကို အချိန်တို အတွင်း ရရှိလိုသူ ဖြစ်ခြင်း

(၄) မိမိအပေါ် ငြင်းဆန်မှုကို မလိုလားသူ ဖြစ်ခြင်း

ဖုန်းခေါ်လာသူ တစ်ဦးသည် မိမိ ပြောဆိုလိုသူ နှင့် အလွယ်တကူ ဆက်သွယ်မှုကို ရယူလိုသူ ဖြစ်နေတတ်သည်ကို ဖုန်းလက်ခံ ပြောဆိုရသူတိုင်း အထူး သတိပြုတတ်ရန် လိုသည်။ ၄င်းတို့အတွက် ပို၍ ခက်ခဲမှု ရှိသွားအောင် ပြုလုပ်ပေးလိုက်လျှင် မိမိတို့ ကုမ္ပဏီအတွက် Customerတစ်ဦး လျော့သွားပြီး အထင်သေးစိတ် ဖြစ်အောင် ဖန်တီးပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည်။

တုံ့ပြန် ပြောဆိုမှုကို အထူး လိုအပ်နေသူ တစ်ဦးအဖြစ်လည်း သတိပြုပါ။ မိမိအား ဖုန်းခေါ်ဆို လာသူသည် လိုအပ်သည့် အကြောင်းအရာများကို စုံစမ်း ပြန်ကြား ပေးခြင်း၊ တုံ့ပြန် ပြောဆိုမည့်သူကို ရှာဖွေနေခြင်း ဖြစ်သည်။

၎င်း၏ လိုအပ်သည့် အကူအညီအတွက် တုံ့ပြန်ချက်ကို အချိန်တိုတိုအတွင်း ရယူရန် လိုအပ်နေသူ ဟုလည်း သတိပြုရန် လိုသည်။

ဖုန်းခေါ်လာသူ တစ်ဦးသည် ‘မသိ၊ မရှိ၊ ဖုန်းမှားနေတယ်” ဟူသော တုံ့ပြန်ပြောဆိုမှုကို လုံးဝ မလိုလားသူတစ်ဦး ဖြစ်ကြောင်း ကိုယ်ချင်းစာရန် လိုသည်။

ထို့ကြောင့် Receptionist (သို့) Secretary စသည့် တာဝန် ယူထားသူများသည် ဖုန်းတစ်ကြိမ် ဝင်လာတိုင်း အမြဲ စိတ်အနှောင့်အယှက် ဖြစ်နေရသူများ ဖြစ်နေပါက ၄င်းတာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နိုင်မှု အ တွက် အားနည်း သွားတတ် သည်။

သင်နှင့် တွေ့ဆုံဖုန်းပြောလိုသူများအတွက် ဆိုးရွားစွာ ကြုံတွေ့ခံစားရသော စိတ်အနှောင့် အယှက်များ

(၁) သင့်ကုမ္ပဏီ ဖုန်းနံပါတ်ကို ရှာဖွေရန် ခက်ခဲအောင် လုပ်ထားခြင်း

(၂) ဖုန်းဖြင့် တွေ့ဆုံ ပြောကြားရန် ကန့်သတ်ချက်များ ရှိနေခြင်း

(၃) ဌာနတစ်ခုမှ တစ်ခုအပေါ် ဖိအား အလွန်ပေးထားခြင်း

(၄) ဘာသာစကား နားမလည်မှုကြောင့် ထပ်ကာတလဲလဲ ဘာသာပြန်ပြောနေရခြင်း

(၅) မိမိတို့ ကြိုက်နှစ်သက်ရာ သီချင်း၊ တေးဂီတ နားထောင်နေစဉ် ဖြစ်၍ တစ်ဖက်သူအား ဖုန်းကိုင်ထားစေခြင်း

(၆) မသိသူတစ်ဦးအဖြစ် ဆက်ဆံပြောဆိုနေခြင်း

(၇) ‘ဒါ မင်းအလုပ်မဟုတ်၊ မင်းနဲ့မဆိုင်ဘူး’ ဟု ပြောဆိုလိုက်ခြင်း

(၈) ဖုန်းပြောသူ၏ ခံစားချက်များ ထုတ်ဖော် ပြောမိ ဖြတ်တောက်ပြောဆိုခြင်း

(၉) ပြောဆိုနေမှု အပေါ်တွင် နှစ်သက်အားရ ကျေနပ်မှုကို မပေးနိုင်ခြင်း

(၁ဝ) ဘာလုပ်ပေးနိုင်သည်ဟု တုံ့ပြန်ရမည့် စကားကို မေ့လျော့နေခြင်း တို့ ဖြစ်သည်။

ဖုန်းတစ်လုံးသည် အလွန်အရေးပါလှသည်။ သို့ရာတွင် တယ်လီဖုန်းပြောဆို ဆက်ဆံမတတ်သောကြောင့်လည်း ပို၍ ဒုက္ခပေးတတ်ကြောင်း အထူးသတိပြုရန် လိုအပ်ပါကြောင်း။

လင်းမာန်အောင်

ကတ်သီး ကတ်သတ်ပြောတဲ့ တောက်တီးတောက်တဲ့

$
0
0

ဖြစ်ပြီးရင် ပျက်တတ်တဲ့ အထဲမှာ သံဝေဂလည်းပါ

ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာမှာ စာနယ်ဇင်း လောကထဲက ဂုဏ်ကြီးသူတွေ ဆက်တိုက်ဆို သလိုပဲ ကြွေလွင့် ခဲ့ကြတယ်။ အသက် ကုန်သေ၊ ကံကုန်သေ နဲ့မမြဲတဲ့ သင်္ခါရ လောကကြီးမို့ သံဝေဂ ယူရတယ်။ ပိုပြီး သံဝေဂ ဖြစ်တာက ရှင်တုန်းက မတည့်ကြ၊ အရေးတယူ မရှိကြ၊ ဂရုမစိုက်ကြဘဲ သေခါမှ ချစ်ခြင်း မေတ္တာဖော်ကျူး လို့ ရာသီပေါ် အလွမ်းများ နဲ့ သဝဏ်လွှာ တစ်တန် ဆောင်းပါး တစ်တန် ဆိုတော့ကာ သေသူများ သတိ တစ်ချက် လွန့်လာစေချင် တယ်။ သြော်… မသာ ပို့တယ်ဆို တာ ဝတ္တရား ရှိလို့ ပို့ရတာထက်၊ မသာစည်ခြင်း မစည်ခြင်းတွေ ထက်၊ အသုဘရှုပြီး အကြည်ဓာတ် နဲ့ သေသူရဲ့ နောက်ဆုံးခရီး ကို ပို့နိုင်ဖို့သာ လိုရင်း ပါ။ တောက်တဲ့ တို့ ဆရာသမား တစ်ယောက်ကတော့  သူသေရင် လုပ်ဖော် ကိုင်ဖက်တွေ တပည့်တပန်း တွေ တစ်ယောက် မှမလာကြနဲ့တဲ့။ မသာကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကိုယ် သာသာ ထိုးထိုး ပရိုးမိုးရှင်း လုပ်မယ့် ဆောင်းပါးတွေ လည်း ရေး စရာမလိုဘူးလို့ ကြွေးကြော်ထားလေရဲ့။ မကြွေးကြော် ဘဲ မနေနိုင် ရိုးလား။ သူ့ရင်ဘတ် မှာလည်း သူ ကူညီထားတဲ့ သူတွေကပဲ ပြန်ကန်သွားကြတဲ့ Hang Ten တံ ဆိပ်လေးတွေ နည်းမှ မနည်းကိုး။ နေရာပေးရင် နေရာ ဂုဏ်မောက်၊ ပညာသင်ပေး ရင် ပညာ ဂုဏ်မောက် လာတတ်တာ ကိုကလည်း လူ့ဘုံခန်းဝါ လူတို့ရွာ မှာ အဆန်းမှ မဟုတ်တာ။ အဲဒီလို မဖြစ်ရင်သာ ဆန်းတာ။ ဒီလို သံဝေဂ တွေရနေလို့ ရုန်း ထွက်နိုင်လား ဆိုတော့လည်း အဲ …အဟဲ… အဟင်း… ဟိုလိုပေါ့နော်… များတို့က ပုထုဇဉ် ပဲဟာကိုးလို့…။ တရားကို မတရားကြီး အားထုတ်လို့ ဘယ်ဖြစ်ဦးမတုန်း။ သံဝေဂ ဖြစ်ရုံလေးပါပဲ။ အဲဒီ သံဝေဂ လည်း ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောရှိတယ်လေ။

ဆရာတင်ချင်တာကတော့ ….

miss လေးတွေ ဖြစ်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့ တစ်တွေ နာရေး ကူညီမှု အသင်းကို သွားပြီး အခေါင်း ‘မ’ ကူကြတော့ တောက်တီး မှာ အခေါင်းထဲပဲ ပက် လက်လေးပြေး ဝင်ရမလား ဦးကျော်သူရဲ့ အသင်းကိုပဲ ဝင်ရမလား ဆိုပြီး ချေးစားရမလို၊ ချုံတိုးရမလို ဂယောက် ဂယက်ကို ဖြစ်လို့။ တောက်တီး ဘဝဟာ မစ္စစ် တောက်တီး ရဲ့ ရင်ခွင် မြို့တော်၊ သံသယလမ်း၊ သမုဒယ အိမ်ရာမှာ နေထိုင်ရတာ ကြာတော့လည်း ငြီးငွေ့တဲ့ အခါ လည်း ငြီးငွေ့ပေမပေါ့။ ဒါဟာ အပြစ်လား၊ လင် ယောက်ျားတွေ ရဲ့ အကြောင်းကို မယားလုပ်သူ တွေတော်တော် များများက နားမလည် တတ်ကြပါ ဘူး။ ဒါကြောင့်လည်း လင်ကို ပျော်အောင် ဘယ်လို ကိုင်တွယ် ရမယ် ဆိုတာ (အဟိ..) သင်ပေးနိုင်တဲ့ ဂုရုကြီးတွေ ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိ တယ်။ ယောက်ျား တစ်ယောက် နဲ့ တစ်ယောက်ရဲ့ အကြိုက်တွေ ကလည်း မတူ တတ်သလို၊ အချိန် ကာလကိုလိုက်ပြီး အကြိုက်တွေ ကလည်း ပြောင်းလဲ သွားတတ်သေးတာ။ မပြောင်းလဲတာ ဆိုလို့ ရင်ခုန်တတ် တဲ့ နှလုံးသားနဲ့ ခံစားမှုပဲ။

အသက်လေး ရလာလို့ ပုံလေး နည်းနည်း ပျက်လာတဲ့ မစ္စစ် တောက်တီး တစ်ယောက် ကျွန်တော် ဗွေဖောက် မှာ ကြောက် ဟန်တူ ရဲ့။ ခုတလော လေ့ကျင့်ခန်းတွေ သွားသွား လုပ်နေလေပါရော လား။ အမယ်.. သွား တာတောင် တူမနှစ် ယောက် နဲ့ ပေါင်းသွားပြီး သူ့ ကိုယ်သူ လူငယ်တွေနဲ့ ရော ကြည့်သေးတာ။ တစ်ရက်သားမယ် သင် တန်း မှာ ဘာပြဿနာ ဖြစ်လာတယ် မသိ။ တူဝရီး သုံးယောက် ဒေါမောတွေနဲ့ ကြိမ်းဝါးနေ လိုက်ကြ တာ များ ခေါင်းမွေးထောင်တယ်။ ပြောပုံကိုကြည့် လေ…။

တီလေး သမီးတို့ ဘာသာ ဘယ်နေရာပျော့ ပျော့မာမာ လူကြားထဲမှာ အဲဒီ သင်တန်းဆရာမ က ညည်းတို့ အပျိုမဟုတ်ဘူးလို့ ပြောစရာလား။ အမလေး အရေးလုပ် လို့ ဟယ်… ငါတို့က လည်း သူ့ကို နှစ်လင် ကွာမှန်းမသိလို့ သွားတတ် မိတာပါ။ ယောက်ျား နဲ့ အဆင်ပြေချင်လို့ ပါဆိုနေ မှပဲ..။ တော်ပြီ…နောက် သင်တန်း ပြောင်း မယ် ဒီတစ်ခါ ဆရာမကိုတော့ အနည်းဆုံး လင် နှစ်ယောက်လောက် တစ်ပြိုင်တည်း ပေါင်းနိုင် သူကိုပဲ ဆရာတင်မယ်။ ဟွန်း

ရှေးထုံးလည်းမပယ်နဲ့

မောင်တောက်တီးတို့ ကတော့ ခေတ်လူငယ် တွေဆိုတော့ ခေတ်မီ နည်းပညာရေစီး ထဲမှာပဲ နေချင်ကြသပေါ့။ ရုံးကဘော့စ် ကလည်း ခေတ်မီ နည်းပညာတွေ ကို အင်မတန် သဘောကျတယ် ဆိုတော့ မောင်တောက်တီး နဲ့ အံကိုက်ပဲလေ။ ဒီလက စပြီး မောင်တောက်တီး တို့ ဝန်ထမ်းတွေကို MPU ကတ်တွေ ကနေပဲ လခပေးတော့ မယ် ဆိုတော့ မကြိုက်တဲ့သူတွေက ပွစိပွစိ ပြောကြပေမယ့် မောင်တောက်တီး တို့ကတော့ လှိုက်လှဲ ဝမ်းမြောက်စွာ ကြို ဆိုပါသဗျား။ အိုင်တီခေတ် ကြီး မှာ ဒီလို မျိုးဖြစ်နေရမပေါ့..နော့..။ ဆိုတော့ ကာ… လကုန်ရက်မှာ MPU ကတ် ကလေး ကိုင်ပြီး ATM စက်မှာ လခသွား ထုတ်တော့တာ ပေါ့။ စိတ်ထဲ မလဲ ငါကွ.. ငါကွ.. နဲ့ပေါ့လေ။ စက်ရှေ့ရောက်တော့ ကိုယ့် ရှေ့မှာ သုံးယောက် လောက် ပိုက်ဆံတွေ ထုတ်နေကြသဗျ။ သူတို့ လည်း လခ လာ ထုတ်ကြတာပဲ ဖြစ်မှာပါ။ ငါးထောင်တန် တွေ အထပ်လိုက်၊ တစ်သောင်းတန် တွေ အထပ်လိုက် ထုတ်နေ ကြတာ တွေ့ရသဗျ။ စက်ထဲက ထွက်လာတဲ့ ပိုက်ဆံတွေ ဆိုတော့ အသစ် စက်စက်လေးတွေ ပေါ့ဗျာ။ ဟီးဟီး… ငါလည်း ရုံးကပေးနေကျ ပိုက်ဆံ မှိုတက်ကြီး တွေ မကိုင်ရတော့ဘူး ဆိုပြီး စိတ်ထဲမှာ ကျိတ် အူမြူး နေသေးတယ်။ ကဲ မောင်တောက်တီး အလှည့်ကျ ပါပြီ။ ကတ် ကို အပေါက်ကလေး ထဲထည့်၊ PIN နံပါတ်ရိုက် ထည့်လိုက် ပြီး ငွေထုတ်မယ် လည်း ဆိုရော ငါးသောင်းပဲ ထုတ်လို့ ရမယ်လို့ စက်က ပြောလာသဗျ။ ဟမ်..။ ဘယ့်နှယ့် ငါ့လခက ငါးသောင်း ထက် သုံးဆလောက် ရှိတာ…။ ဒီစက်က ဘာကြောင့် ထုတ်မပေးရတာတုံး။ ဒါနဲ့ ကတ်ကို ပြန် ထုတ်။ ပြန်ထည့်။ PIN နံပါတ် ရိုက် ထည့်။ ခြောက်သောင်းလေးထောင် ထက် ပိုထုတ်လို့ မရပါဘူးတဲ့ဗျား။ ဟိုက်။ ဘယ့်နှာတုံး။ မောင်တောက်တီး ဘာဆက်လုပ်ရမှန်း မသိတော့ဘူး။ ဖင်ကုတ် ခေါင်း ကုတ် ဖြစ်နေရော။ ဒါနဲ့ စက်ကို စောင့်ကြည့်နေတဲ့ လုံခြုံရေးက မောင်တောက်တီး မူမမှန်တော့ဘူး ဆိုတာ မြင်နေတော့ လာမေးပါ လေရောဗျ။ အတော်ပါ ပဲ။ မောင်တောက်တီး က ဖြစ်ကြောင်းရယ် ကုန်စင် ပြောပြ တော့ သူကပြုံးပြီး ‘စက်ထဲမှာ ပိုက်ဆံကုန် သွား လို့အစ်ကို၊ သူတို့ ပြန်ဖြည့်ပြီး ရင်ထုတ်လို့ ရမှာပါ။ ဒါပေ မဲ့ နေ့ လယ် လောက် မှ ပြန်လာခဲ့ပါ’ လို့ပြောတယ်။ ဟေ… အကယ်၍များ အရေးတကြီးငွေ လိုနေရင် မခက်ပေ ဘူးလားဗျာ။ မောင်တောက်တီး နောက်မှာ တန်းစီနေ တဲ့ နိုင်ငံခြားသား နှစ်ယောက် ကလည်း ဘာဖြစ်တာလဲ ဘာဖြစ်နေတာလဲလို့ မေးနေကြပြန်တယ်။ ဒါကြောင့် စက်ထဲ မှာ ပိုက်ဆံ မရှိတော့တာတဲ့ ဗျို့လို့ စိတ်ပေါက် ပေါက် နဲ့ အော်ပြောလိုက်တော့ မျက်နှာဖြူ နှစ်ယောက်လည်း အိုးမိုင်ဂေါ့ ဖြစ်သွားကြပါလေ ရောဗျား..။ အင်း.. ရှေးထုံးလည်း မပယ်နဲ့ … ဈေးသုံး လည်း မကြွယ်နဲ့ ဆိုတဲ့ စကားပုံလေး ဟာ အိုင်တီခေတ် အထိ ခေတ်မီနေတုံးပါပဲ ကိုးလို့ မောင်တောက်တီး တွေးမိလိုက်ပါသဗျား…။

 ’တက်တာနဲ့ ကျတာတွေ…’  

 နိုဝင်ဘာလ က စပြီး မီတာခတွေ တိုးတော့မယ် ဆိုတဲ့ ကြေညာချက် လည်း သတင်းစာ ထဲမှာ ဖတ် ပြီးရော တောက်တဲ့မ တစ်ယောက် မီးခလုတ် စောင့်ဖြစ်ရော ဆို ပါတော့လေ။ အရင် တစ်ယူနစ် ၂၅ ကျပ်ကနေ ၃၅ ကျပ် ဖြစ်မယ် ဆိုတော့ကာ တစ်ယူနစ် ကို ၁ဝ တိုးတာပဲ။ ဟိုအရင် မီးတွေ တစ်ဖုန်းဖုန်း ပြတ်နေတုန်း အချိန် ကတော့ မီး သာ မှန်ပစေ… မီတာခ ကို ဘယ်လောက် ပဲပေးရ ပေးရလို့ ကြွေးကြော် ခဲ့တဲ့ တောက်တဲ့မ တစ်ယောက် ခုမတော့ မီတာခ တက်မယ့် အရေး တွေးပူပြီး ဥစ္စာစောင့် လုံး လုံး ဖြစ်နေပါရောလား။ အင်း …မြန်မာနိုင်ငံ မှာ တက်ပြီး ပြန်ဆင်းတာ ဆိုလို့ လေယာဉ်ပျံပဲ ရှိတယ် ဆိုတဲ့ စကား ကလည်း ရှိလေတော့ တောက်တဲ့မ စိတ်မပူခံနိုင် ရိုး လားကွယ်။  အိမ်သုံး မီတာခတွေ တက်တော့ အိမ် စရိတ်တွေ တက်မယ်။ စက်ရုံ အလုပ်ရုံသုံး မီတာခတွေ တက်တော့ ကုန် ထုတ်လုပ်မှု စရိတ်တွေ တက်မယ်။ ကုန် ထုတ် လုပ် မှု စရိတ်တွေ တက်တော့ ကုန်ပစ္စည်းတွေ ဈေးတက် မယ်။ ကုန်ပစ္စည်းတွေ ဈေးတက်တော့ ဖတ်စရာ သတင်းစာ၊ ဂျာနယ်၊ စားစရာ မုန့်ပဲ သရေစာ က အစ ဈေးတက်မယ်။ အဲသဟာတွေ ဈေးတက် တော့လဲ အိမ်စရိတ်တွေ ပိုကုန်မယ်။ မီတာခ တက်လို့ တောက်တဲ့မ တို့ လခကတော့ တက်မှာ မဟုတ်။ ဒီတော့ကာ အသုံး စရိတ်က အနုတ်ပြပြီး ရင်းပြဖြစ်နေမယ်။ ဒီတော့ကာ ပိုကုန်တဲ့ အိမ်စရိတ်တွေ ကာမိအောင် ဘယ်လိုလုပ်ရပါ့။ နေ့ဘက် ရုံးအလုပ်လုပ်။ ညဘက် မုန့်ဖက်ထုပ် ထွက် ရောင်းရမလား…။ ရုံးမသွားခင် မနက်စောစော မုန့်ဟင်းခါး ပဲရောင်းရလေမလား။ ဘာလုပ်ရမှန်း မသိတော့ဘဲ တွေးရင်း တွေးရင်း ခေါင်းတွေ ပူလာတာဘဲ အဖတ်တင်လေတော့ကာ တစ်ခုတော့ ကတော့ သေချာပေါက် ကျသွားတယ်။ အဲဒါ ကတော့ စိတ်ဓာတ်… စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်ဘဲ ဒီအတိုင်း ငုတ်တုတ် ကြီး လည်စင်းခံရမလို ဖြစ်နေပြီ။ ဘူလ်ဂေးရီးယား မှာတော့ မီတာခ တွေ တက်လို့ ဆန္ဒပြကြသတဲ့။ ဒီတော့ကာ ရန်ကုန် မှာလည်း တောက်တဲ့မ ဦးဆောင်ပြီး လမ်း ပေါ်ထွက် ဆန္ဒပြရင် ကောင်းလေမလား စဉ်းစား မိပေမယ့် ပုဒ်မ(၁၈) နဲ့ငြိပြီး အချုပ်ထဲ ရောက်ခါ မှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။ ”အင်း..လောလော ဆယ် အကောင်းဆုံးကတော့ လျှပ်စစ် အသုံးကို တက်သွားတဲ့ မီတာခဈေးနှုန်းနဲ့ ကာမိအောင် အရင်ကထက် ပိုချွေတာ မှဖြစ်မယ် ဆိုတာကိုပဲ တွေးလို့ ရလေတော့ကာ အိမ်ရှေ့ မှာ ကွန်ပျူတာ ဖွင့်ပြီး ဂိမ်း ကစားနေတဲ့ တူမလေးကို ”ဟဲ့.. အရည်မရ အဖတ်မရ ဂိမ်းတွေ ကစား  မနေနဲ့။ မီတာတက်မယ်။ ခုပိတ်… ကွန်ပျူတာကို ခု ချက်ချင်း ပိတ်လိုက်စမ်း’ လို့ အော်ပြော လိုက်ရုံ ရှိသေး…တစ်လောကလုံး အမှောင်တိုက်ဖုံး သွားပါ လားဟရို… ။

(မီတာခ ဈေးတက်ကြောင်း ကြေညာသောနေ့ ညနေပိုင်း တစ်နိုင်ငံလုံးနီးပါး မီးပြတ်သွားခြင်း အမှတ်တရ)

အက်ဆေးများနှင့် စကားပြောခြင်း

$
0
0

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  ခန်းမတွင် ၂ဝ.၁ဝ.၂ဝ၁၃ မှ ၂၂.၁ဝ.၂ဝ၁၃ အထိ ၃ ရက်တိုင်တိုင် ကျင်းပပြုလုပ် သွားခဲ့သော စာအုပ်စာပေဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ မြန်မာဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ အက်ဆေး၊ ဘာသာပြန်စာပေနှင့် စာအုပ်ထုတ်ဝေ ဖြန့်ချိရေး ကဏ္ဍများဆိုင်ရာ အကြောင်းအရာ အမျိုးစုံ စကားဝိုင်းဖွဲ့၍ ဆွေးနွေးသွား ခဲ့ပါသည်။

ပထမနေ့ (၂ဝ.၁ဝ.၂ဝ၁၃) ရက်နေ့တွင် ဝတ္ထုတိုနှင့် မြန်မာဂန္ထဝင်ကဗျာကို စကားဝိုင်းဖွဲ့ ဆွေးနွေးရာ၌ Moderator (သို့မဟုတ်) ‘ဦးဆောင်ညွှန်းဆိုသူ’တစ်ယောက် နှင့် ပါဝင်ဆွေးနွေး ပြောဆိုသူလေး ဦးပါဝင်ပါသည်။ ဒုတိယနေ့တွင် လည်းကောင်း၊ တတိယနေ့တွင် လည်းကောင်း ထို့အတူပင်ဖြစ် သည်။(ဒုတိယနေ့ဆိုပါတော့) ရသ စာတမ်း (Essay) စကားဝိုင်း ဆွေးနွေးပွဲဖြစ်ရာ Moderator  အဖြစ် ဆရာရဲသျှမ်းဦးဆောင်ပြီး ပါဝင်ဆွေးနွေးသူများမှာ ဆရာ ကြည်နိုင်၊ ဆရာမောင်နှင်းပန်း၊ ဆရာမြေ လတ်မောင်မြင့်သူနှင့် ကျွန်တော်လည်း ပါဝင်ခဲ့သည်။ ဆရာကြည်နိုင်က ‘အက်ဆေးနှင့် ကျွန်တော်’ခေါင်းစဉ်ဖြင့် ဆရာ မောင်နှင်းပန်းက ‘ရသစာတမ်းနှင့် ကျွန်တော့် ခံစားမှု’ခေါင်းစဉ်ဖြင့် ဆရာမြေလတ်မောင်မြင့်သူက’အက်ဆေးအစ မွန်တိန်းက’ ခေါင်းစဉ်ဖြင့် ကျွန်တော်က ‘နိုင်ငံ တကာအက်ဆေးသို့ တစေ့ တစောင်း’ ခေါင်း စဉ်ဖြင့် အသီးသီး ပါဝင်ဆွေးနွေးကြပါသည်။

ယနေ့ ၂၁ ရာစု မြန်မာစာပေ လောကတွင် အက်ဆေး(ခေါ်) ရသစာတမ်း၏ နေရာသည် ကဗျာ ဆရာ၊ ဝတ္ထုရေးဆရာ၊ ဆောင်းပါး ဆရာများ၏ တခုတ်တရ ကြိုးပမ်း အားထုတ်မှုကြောင့်များစွာ ကျယ် ဝန်းပျံ့နှံ့လာပါသည်။ ယနေ့ မြန်မာ မဂ္ဂဇင်းစာမျက်နှာတွင် လည်း အက် ဆေး၏ နေရာသည် မာတိကာ အရ၊ ကဏ္ဍတစ်ကဏ္ဍပင် ရရှိနေ သည်။ (ဂျာနယ်တချို့တွင်လည်း နေရာယူနေသည်။ ဥပမာ7 DAY JOURNAL . LADIES နှင့်အချို့ဂျာနယ်များ) ထို့ပြင်တဝ အက်ဆေး စာပေဆုများလည်း လွန်ခဲ့သော ၁ဝ နှစ်ဝန်းကျင်က စတင်ပေါ်ပေါက် ခဲ့သည်။ ဦးစွာ ပထမဟုပြောလျှင် ၂ဝဝ၅-၂ဝဝ၆ ခုနှစ် ရွှေအမြုတေ စာပေဆုတွင် ရသစာတမ်းဆုကို စတင်ရွေး ချယ် ပေးဆပ် ခဲ့ပါသည်။ ထိုနှစ်တွင် ‘ဝင်းထွဋ်ဇော်’၏’ဘဝ ထဲသို့ ပြန်လည်ဝင်ရောက်ခြင်း’ အက်ဆေးအား ဆုချီးမြှင့်ခဲ့သည်။

၁၉၆ဝ ခုနှစ်ဝန်းကျင်တစ်ဝိုက် တွင် ရှုမဝရုပ်စုံမဂ္ဂဇင်း၌ ‘အက်ဆေး ပြိုင်ပွဲ’ဟူ၍ ကြေညာပြီး ပြိုင်ပွဲများ ပြုလုပ်ခဲ့ပါသည်။ ၁၉၆၄ ခုနှစ်တွင် ပုဂံစာအုပ်တိုက်မှ ‘ကံ့ကော်မြိုင် စာတမ်းများ’ စာအုပ်ထုတ်ဝေရာ ဆရာဇော်ဂျီ၏ အမှာစာနှင့်အတူ ပါဝင်ရေးသားကြသော အက်ဆေး ဆရာများ၏ စာတမ်းများသည် သမိုင်းဝင်အက်ဆေးနေရာကို အပီအပြင် ရယူသွားခဲ့သည်။ စာရေးဆရာ ၁ဝ ဦး၏ စာတမ်း ၂၆ စောင်ပါဝင်ရာ ‘ဇော်ဂျီ’၏ ‘ပုဂံမြို့ဟောင်းနှင့် ကျွန်တော်’၊ ‘မင်းသုဝဏ်’ ၏ ‘အိုးစည်သံ’၊ ‘မင်းယုဝေ’၏ ‘ဦးရာကျော်ကောင်း မှု’၊ ‘အောင်သင်း’ ၏ ‘ချိုတကူးနှင့် ဂုဏ်ရည်မတူ’၊ ‘တင်မိုး’၏ သင်္ချိုင်း ကုန်းမှာ’၊ ‘မောင်ဖေသန်း’၏ ‘စလောင်းဖုံးတစ်ချပ်’စသဖြင့် ခံစား ရေးဖွဲ့ဖော်ကျူးကြသည်။

၁၉၆၇ ခုနှစ်တွင် ‘စိတ် ပင်လယ်စာတမ်း’စာအုပ် ထွက်လာ ခဲ့သည်။ စာရေးဆရာ ၁၅ဦး၏ စာတမ်း ၃၆ စောင်ပါဝင်ခဲ့သည်။ သိန်းသန်းထွန်း၊ ထင်လင်း၊ မင်း ကျော်၊ မောင် ကိုယု၊ မောင်ဇော်၊  တက္ကသိုလ်မင်းမောင်၊ မောင်ခင် မင်(ဓနုဖြူ)၊ အောင်သင်း အစရှိ သော ကဗျာဆရာ၊ စာရေးဆရာ၊ ဆောင်းပါးဆရာများ ပါဝင် ရေးသားခဲ့ သည် ။နောင်…မဂ္ဂဇင်းများတွင် အက်ဆေးများ ဖော်ပြလာကြပါ သည်။ (ဥပမာ ချယ်ရီမဂ္ဂဇင်းမှ ‘ချယ်ရီရောင် အတွေးသစ်စာတမ်း ကဏ္ဍ’ဟူသော ခေါင်းစဉ်ဖြင့် စာရေး ဆရာ မျိုးဆက်သစ်များ ပါဝင်ရေး သားခဲ့ကြသည်။ မောင်ဝဏ္ဏ၊ ငြိမ်း ကျော်၊ ချစ်ဝင်းမောင်၊ သုမောင်၊ တင်ချစ်ဝေ၊ မင်းလူ၊ မန်းတင့်မော် …အစရှိသော လူငယ်စာရေး ဆရာ များ ဖြစ်သည်။ နောက်ဆုံး အတွေးအမြင်၊ စာမော်ကွန်း၊ ငွေတာရီ မဂ္ဂဇင်းများစသဖြင့် ရွေး ချယ်ထည့်သွင်းသွားပါသည်။

၂ဝ ရာစု မြန်မာအက်ဆေး များ၏ တစ်စတစ်စ ဖွံ့ဖြိုးတိုးတက် ဝေစည်လာသော သမိုင်းဝင် အက် ဆေးများ ဖြတ်သန်းမှုများ ဖြစ်သည်။ ရသစာတမ်းအမည်နာမနှင့်အတူ ခိုင်ခိုင်မာမာ ဖြစ်တည်လာသော ဆယ်စုနှစ်များ သမိုင်းသည် ၁၉၆ဝ ခုနှစ်မှ ၁၉၈ဝ ခုနှစ်များ အလွန်အထိ ခရီးပေါက်အောင် ဖြတ်သန်း ခဲ့ခြင်း ဖြစ် သည်။ ကုန်သည်ကြီးများအသင်း၊ ခန်းမတွင်’မြေလတ်မောင်မြင့်သူ’က ‘အက်ဆေးအစ မွန်တိန်း’ကဟူ၍ ပါဝင်ဆွေးနွေးရာ အကိုးအညွှန်း များဖြင့် ပြော သွားခဲ့သည်။ ထိုအထဲ တွင် ‘အက်ဆေးဖွင့်ဆိုချက်’ ဆိုပြီး ‘ဗြိတိန်နိကာ စွယ်စုံကျမ်း’၌ ၁ ‘အကြောင်းအရာတစ်ရပ်ကို လွယ် ကူပေါ့ပါးသော စကားပြေ၊ မတို မရှည်ဖွဲ့၊ စာရေးသူစိတ်တွင် ခံစားရ သည့်အတိုင်းရေး’ဟု ပြောသွား သည်။

ကံ့ကော်မြိုင် စာတမ်းအမှာ စာတွင်မူ…ဆရာဇော်ဂျီက ”ကိုယ့်ပတ်ဝန်းကျင်၌ နေ့စဉ်လှုပ်ရှား သွားလာရင်း မြင်မိကြားမိသတိရမိ၊ တွေးမိသမျှတို့ကို ပရိသတ် ၌ မြင် ယောင်ကြားယောင်ခံစားရမှု တစ်ခုခုဖြစ်လာအောင် … ခံစား မှုအသိ၊ စိတ်ကူးÓဏ်ဖြည့်စွက်၍ ရသဟန်ရေးဖွဲ့သော စာတမ်းဟု ဖတ်ရှုနားလည်ရ သည်။ဆရာ တိုက်စိုးကလည်း လိုတို ရှင်းပြောခဲ့သည်။ ‘ရင်ဖွင့်စာ’ဟူ သတတ်။ဆရာမြသန်းတင့်ကလည်း ဖွင့်ဆိုရှင်းပြသွားခဲ့သည်။

”ရသစာတမ်းဆရာဟာ စကား ပြေ အရေးအသားမှာ ကောင်းရမယ်။ ဒါက နံပါတ်တစ် အချက်၊ ရသစာ တမ်းဆရာဟာ စကားပြေ မကောင်း ရင် ဖြစ်ကို မဖြစ်ဘူး၊ ဒါက အနည်း ဆုံး လိုအပ်ချက်ပဲ၊ ဒါပေမဲ့ စကား ပြေ အရေးကောင်းရုံနဲ့ ရသစာတမ်း ဆရာမဖြစ်သေးဘူး၊ အကြောင်း အရာတစ်ခုကနေ အခြားအကြောင်း အရာတစ်ခုကို လိမ္မာ ပါးနပ်စွာ နှီးနွှယ်ဆက်စပ်ပြောတတ်ရမယ်”

စင်စစ် မြန်မာရသစာတမ်း များဖွံ့ဖြိုးလာသည်မှာ စာရေး ဆရာကြီးများ၏ ဦးဆောင်ပြောဆို မှုများကြောင့် မျိုးဆက်သစ်စာရေး ဆရာများသည်။ ခံစားသိ၊ ခံစားမြင်၊ ခံစားစိတ်ကူးပြီး အမိအရ ရေးဖွဲ့ တင်ပြလာကြခြင်းဖြစ်သည်။ မောင် ခိုင်လတ်၊ ကြည်နိုင်၊ နေဝင်းမြင့်၊ မောင်ရင့်မာ(ကျောင်းကုန်း)၊ မြေ လတ်မောင်မြင့်သူ၊ မင်းချမ်းမွန်၊ ရဲသျှမ်း၊ ကျော်ဝင်း၊ မောင်နှင်းပန်း၊ နိုင်မြင့်၊ နီဟိန်းမော်၊ သစ္စာနီ၊ မောင် ကိုကို(အမရပူရ)၊ ခင်မြဇင်၊ ဝိုင်၊ ဝါနု၊ ပန်းရိပ်ဖြူ၊ ခင်သန္တာ၊ မြသွေးနီ၊ နန်းဧကရီ ရှင်၊ ကြေး မုံအေး၊ ငွေ ကြယ်စင်၊ နုနုထွဋ် အစရှိသော အက်ဆေးဆရာဆရာမများပေါ် ပေါက်ထင်ရှားလာကြသည်။ယခုအခါ အက်ဆေးဆရာ ဆရာမများ၏ အက်ဆေးစု စည်းမှု စာအုပ်များ၊ အက်ဆေး(၁ဝဝ)၊ မြန်မာအက်ဆေးစုစည်းမှု စာအုပ် များ၊ ဘာသာပြန်အက်ဆေးစာအုပ် များစသဖြင့် ထုတ်ဝေလာကြ သည်။

ကျွန်တော်တို့ ယနေ့အက်ဆေး များ ခေတ်သည် ‘ဂျွန်ဆန်’ (John son) တို့ခေတ်က ရေးကြသည့် အက်ဆေးများကို ပြောသလို အက်ဆေးများကို ပြော၍ မရတော့၊ ဂျွန် ဆန်က ၂ ‘စိတ်ကူး တည့်ရာရေး တဲ့စာ၊ ပုံစံကလည်း မှန်မှန်ကန် ကန်မဟုတ်၊ ရောက်တတ်ရာရာရေး သည့် စာမျိုး’ဟုပြော၍ မရတော့ ပေ။  ထူးခြားသည်မှာ အက်ဆေး ဆရာများနှင့်အတူ အက်ဆေး စာရေးဆရာမများပါ ဝင်ရောက် ရေးဖွဲ့လာပါသည်။ (ဥပမာ ‘ခင်မြဇင်’၏ ‘ဝမ်းနည်းမှတ်တမ်း’(ရုပ်ရှင်တေးကဗျာ)၊ ‘ဝိုင်’၏ ‘လက်ပံ ပွင့်ကောက်တမ်းချင်း’(မဟော်သဓာ)၊ ‘ပန်းရိပ်ဖြူ’ ၏ ‘တစ္ဆေ’(ရွှေအမြုတေ)၊ ‘မြသွေးနီ’၏ ‘အရုဏ်ဦးရဲ့ မနက်ဆေး’(မဟေသီ) ‘ငွေကြယ်စင်’ ၏’နေရာ’(ရနံ့သစ်)၊’ နန်းဧ ကရီရှင်’၏ ‘ရာသီမသိဘာနဲ့ ညှိမလဲ’(ပေဖူးလွှာ)’ကြေးမုံအေး’၏ ‘ဘူတာရုံ’(နွယ်နီ)နောက်ဆုံး ‘နုနု ထွဋ်’ ၏ ‘အတွေးသက်သက်’(The Idea)ယနေ့ နိုင်ငံတ ကာ စာပေ လောကတွင် အက်ဆေးနှင့် ပတ်သက်၍ နိုင်ငံအလိုက်စာအုပ်စာ တမ်းများ ထုတ်ဝေခဲ့ကြပါသည်။

‘ချားလ်ရှော’ (Charles Show) ၏ American Essay (၁၉၅၅)၊ ‘ဒဗလျူ၊ အီး၊ ဝီလျှမ်’ (W.E. Willams) ၏ A Book of English Essays  (၁၉၅၉)၊ ‘ဖရန်စစ်ဘေကွန်’ (Francis Bacon) ၏ The Complete Essays of Francis Bacon (1963) ၊ ‘ဒေါရစ်လက်ဆင်’ (Dorris Lessing) ၏ The Bite  (၂ဝဝ၉)စသဖြင့် ထုတ်ဝေလာကြ ပါသည်။ ထို့အတူပင် မြန်မာစာပေ လောကတွင်လည်း မဝေးလှသော အနာဂတ်ဝယ် မြန်မာအက်ဆေး ဆရာ၊ ဆရာမများ၏ အက်ဆေး စာအုပ်များ(တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ) ထွက်ပေါ်ထွန်း ကားလာမည်ဖြစ်ပါသည်။ (စကားမစပ်) နိုင်ငံတော်စာပေဆုတွင်လည်း အက်ဆေးဆု တစ်ဆု ပါဝင်ရောက်ရှိလာရန် မျှော်လင့်မိ သည်။

(၁) The New Excyclopaedia Britarmica, Micropaedia.Vol I
(၂) စာတမ်းငယ်စာပေစာတမ်း (ဒုတိယတွဲ)၊ ‘ကျော်အောင်’၏ ‘၄၅ ခုနှစ်နောက်ပိုင်းကာလ မြန်မာ စာတမ်းငယ်’

လေးကိုတင်

မန္တလေးအတွေး မန္တလေးအရေး

$
0
0

သီတင်းကျွတ်ပွဲပြီးပြန်တော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးကမြိုင် ….

အမယ်… ရာသီဥတုကလည်း အေးတေးတေးဆိုတော့ ကိုယ့်ကိုယ်ကိုယ် တောင်ပေါ်ဒေသ မှာ ရောက်နေသလားလို့တောင် ထင် လိုက်မိပါတယ်။ အခုတလော (အောက်တို ဘာလလယ်ပိုင်း)မန္တလေးမှာ မိုးတွေ ရက်ခြားဆိုသလို ရွာနေပါတယ်။ ကျောက်တော်ကြီး ဘုရားပွဲလည်း မိုးနဲ့မလွတ်ဘူးတဲ့၊ ဖေ့(စ်)ဘွတ် လို့ ခေါ်တဲ့ လူမှုကွန် ရက်မှာ ဆရာဦးထွန်းလွင် က ထူးခြားတဲ့ မိုးလေဝသသတင်းတွေ ကို တင်ပေးနေပါတယ်။ ဆရာ့ ကျေးဇူးကြောင့် ကိုယ့်အရပ် ကိုယ့်ဒေသက မိုးလေဝသ အခြေ အနေတွေကို တီးခေါက်လာနိုင်ခဲ့ပါ တယ်။ ဒီတစ်နှစ် စက်တင်ဘာလ လယ်ပိုင်းကစပြီး ကျွန်တော်တို့ အညာဒေသတစ်ခွင်မှာ မိုးနှောင်း ကောင်းခဲ့ပါတယ်။ မိုးတွေ ရွာလွန်းလို့ မြင်းခြံတောင်သာ နယ် ဘက်မှာ မြေပဲထွက်နှုန်းတွေ ကျ ဆင်းသွားသတဲ့။ ရာသီဥတုက ပုံမှန်ဆိုရင် တစ်ဧကမှာ မြေပဲ  တင်း(၂ဝ)မှ တင်း(၈ဝ)ခြားထွက် ပေမယ့် အခုတော့ မိုးတွေရက်ဆက် ဆိုသလို ရွာသွန်းခဲ့လို့ တစ်ဧကကို မြေပဲ(၁၅)တင်းမှ တင်း(၄ဝ)အထိ သာ မျှော်လင့်နိုင်တော့သတဲ့။ ပြီး တော့ မိုးများများရွာလို့ မြေပဲ အရည်အသွေးကိုလည်း ထိခိုက် သွားပါတယ်။ မြေပဲတောင့် အတွင်း မှာ မြေပဲဆံပြည့်ပြည့်ဝဝမရှိဘဲ အဆံချောင်နေလို့ အလေးချိန်လည်း ကျဆင်း၊ မြေပဲတွေ တူးဖော်တော့ မိုးမိထားလို့ အရောင်အဆင်းကမလှ၊ ဒီတော့ ပွဲရုံတွေဆီကို သွားရောင်း တဲ့အခါ ဈေးနှိမ်ခံရတယ်လို့ ကြား ရပါတယ်။  ပုဂံ-ညောင်ဦး ဒေသ မှာတော့ မိုးနှောင်းကောင်းခဲ့လို့ ပဲတီစိမ်းစိုက်ခင်းတွေ အထူး အောင်မြင်တဲ့အကြောင်း၊ တစ်ဧက မှာ ပဲတီစိမ်းပုံမှန် ၅တင်းထွက် ပေမယ့် ဒီနှစ် တော့ ၁ဝတင်းအထိ ထွက်တဲ့အကြောင်း ကြားရပါတယ်။

ဒါပေမဲ့ သူတို့ခမျာလည်း အသီးတွေ ခြောက်ပြီး ခူးနိုင်တဲ့ အချိန်ရောက် တော့ လုပ်သားအင်အား အခက် အခဲနဲ့ ရင်ဆိုင် နေရပြန်ပါတယ်။ ရွာက လူငယ်တွေက လယ်ထဲ၊ ယာ ထဲကို အလုပ်ဆင်းဖို့ စိတ်မဝင်စား ကြတော့ဘဲ မလေးရှားကို အလုပ် သွားလုပ်ကြသတဲ့။ ပြီးတော့ ရှိတဲ့ လူတွေကလည်း အနီးအနားမှာ အုတ်ဖုတ်တဲ့ဖိုတွေရှိလို့ အဲဒီကို အလုပ်သွားလုပ်ကြသတဲ့။ အုတ် ကားပေါ်လိုက်ရင် အုတ် တစ်ခဲကို အတင်အချ နှစ်ကျပ်နှုန်းနဲ့ တစ် ယောက်ကို နေ့တွက် ၃ဝဝဝ ရ တယ်။ မြေပဲနုတ်တာကတော့ တစ် တင်းကို ကျပ်တစ်ထောင်နှုန်း ရပြီး အထွက်နှုန်းကောင်းရင် တစ် ယောက်ကို လေးငါးတင်းအထိ ရ တော့ တစ်ရက်အလုပ်သမားတစ် ယောက် ဝင်ငွေ လေး ငါးထောင်ပြေး မလွတ်တော့ဘူးပေါ့။ ဒါပေမဲ့ အုတ် လုပ်ငန်းက နေ့စဉ်ဝင်ငွေမို့ ပုံမှန် မရနိုင်တဲ့ ယာအလုပ်ကို စိတ်မဝင် စားကြတာဖြစ်သတဲ့။

သပိတ်ကျဉ်းဘက်မှာလည်း မိုးတွင်းကာလ မိုးတွေများများရွာလို့ ရွှေတွင်းပိတ်ပစ်ရပြီး ရွှေလုပ်သား အများစုလည်း မန္တလေးကို ရောက် လာကြပါတယ်။ မန္တလေးမှာ အဆင် ပြေသလို နေကြရင်း ကြုံရာကျပန်းလုပ်ကိုင်စားသောက်ကြရတာပေါ့။ ကြားခဲ့ရတဲ့ သတင်းအချို့ကို စုစည်း ရင်း တွေးမိတွေးရာ တွေးနေမိပါ တယ်။ ကျေးလက်ဒေသ နေထိုင်သူ တွေ အလုပ်ရှာဖွေရင်း မြို့တွေဆီကို ရောက်လာကြ၊ အဲသမှာ မြို့တွေခမျာလည်း မြို့ရဲ့ စီးပွားရေးလုပ်ငန်း လည်ပတ်မှုနဲ့ လူတွေကို အဆင်ပြေ ချောမွေ့စေနိုင်တဲ့ လူဦးရေက သူ့ အတိုင်းအတာနဲ့သူ ရှိပြီးသားဆို တော့ နောက်ထပ်တိုးဝင်လာတဲ့ လူဦးရေဟာ မြို့အတွက် အန္တရာယ် ဖြစ်ဖို့ ဖိတ်ခေါ်နေသလိုပါပဲ။

လူဦးရေပေါက်ကွဲမှုနဲ့ အလုပ်လုပ် မယ့်နှုန်း များပြားလာခြင်းရဲ့ မကောင်းတဲ့အကျိုးရလဒ်ကို မကြာ မတင် ရင်ဆိုင်ရတော့မှာ ဖြစ်ပါ တယ်။ အခုဆိုရင် မန္တလေးမှာ လူဦး ရေ တစ်သန်းကျော်နေပါပြီ။ မန္တလေးမြို့ကြီးရဲ့ ဝမ်းဗိုက်ထဲကို လူတွေ နောက်ထပ် ဘယ်လောက် အထိ တိုးဝင်လာနေမလဲ။ ကျွန်တော် တို့မှာ နည်းပညာ၊ အတတ်ပညာ အားနည်းပါး၊ နိုင်ငံရဲ့ လူဦးရေ ၇ဝ ရာခိုင်နှုန်းရှိတဲ့ ကျေးလက်ဒေသရဲ့ လယ်ယာ စိုက်ပျိုးရေးဟာ ရာသီဥတု အပေါ်မှာပဲ မှီခိုနေရ လေတော့ သုံးလေးနှစ်လောက် ရာသီဥတု ဆက်တိုက်ဖောက်ရင် ကျေးလက် နေကြသူတွေခမျာ ကိုယ့်ရွာ၊ ကိုယ့် မြေကို စွန့်ခွာပြီး ရေကြည်ရာမြက်နု အရပ်ဒေသတွေ ဆီကို ပြောင်းရွှေ့ သွားကြရတော့တာဖြစ်ပါတယ်။ အဲသမှာ မြို့တွေလည်း လူဦးရေ ဖောင်းကားလာမှာပေါ့။ ဒီအခြေ အနေတွေကို ဘယ်လိုဖြေရှင်းကြ မလဲ။ ကာယလုပ်အား အရင်းအမြစ် တွေပဲ ကြွယ်ဝနေတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဒီပြဿနာတွေ မဖြေရှင်းနိုင် ရင် ဘယ်လိုနည်းနဲ့မှ ဆင်းရဲခြင်း နွံ ထဲက ရုန်းထွက်နိုင်မှာ မဟုတ် ပါဘူး။

အဲဒီတော့ … ဟပ် … ဟပ်…. ဟပ်ချိုး။
တောက် … နိုင်ငံအရေး၊ မြို့အရေး၊ ရပ်ရွာအရေးကို ပက်လက်ကုလားထိုင်ပေါ်မှာ စတိုင် ကျကျနဲ့ ထိုင်ပြီး အနုလုံပဋိလုံ ဆင် ခြင်သုံးသပ်ဖို့ အားထုတ်ဖို့ ဟန် ပြင်နေတုန်း ဟပ်ချိုးနှာချေလိုက် တော့ အတွေးတွေ ပျက်သွားပါလေ ရော။ စီးကျလာတဲ့ နှာရည်တွေကို သုတ်ရင်း အနှီဖြစ်ရပ်ကို ချစ်ချစ် ကြားလေမလားဆိုတဲ့ အတွေးနဲ့ ပတ်ဝန်းကျင်ကို ကပျာကယာ ကြည့် လိုက်မိပါတယ်။ အိမ်အပေါ်ထပ်ကို ရောက်နေလို့ တော်သေးရဲ့။ တကယ်လို့ သူများသိရင် မနေ့ည က ဆေးသောက်ပါ ပြောထားရဲ့သားနဲ့ စကားကို နားမထောင်ဘူးဆိုပြီး နာရီဝက်လောက် လေကြောရှည် မယ့် ပူညံပူညံအသံတွေကို နားဆင် ရတော့မှာဖြစ်ပါ တယ်။

မိုးအကုန် ဆောင်းဝင်လုလု အချိန်၊ မိုးတွေရွာလို့ ရာသီဥတုက ရုတ်တရက် ပူပြင်းနေရာမှ အေးမြ သွားပါတယ်။ ဆိုင်ကယ်နဲ့ အပြင် ထွက်ရင် မိုးတစွတ်စွတ်ဖြစ်ကုန်ကြ ရော။ အဲဒီတော့ အအေးမိနှာစေး ချောင်းဆိုးပြီး ဖျားကြ၊ နာကြရတော့ တာပါ။ တစ်နေ့က အိမ်မှာ အဖော် ခေါ်ထားတဲ့ ကလေးမလေး နေ မကောင်းလို့ ဆေးခန်းပို့ပေး ရပါ တယ်။ ချစ်ချစ်တစ်ယောက် ပူညံ ပူညံလုပ်လို့ မဆုံးပေါ့။ ဆေးခန်းကို တစ်ခေါက်သွားရင် နှစ်ထောင် အသာလေးကုန်တယ်။ တစ်ခေါက်နဲ့ လည်း ပြီးတာမဟုတ်ဘူး။ အနည်း ဆုံး နှစ်ခေါက်သွားရတော့ ငွေလေး ထောင်ကုန်သွားတယ်။ ကျွန်မက ပိုက်ဆံကုန်လို့ ပြောတာမဟုတ်ဘူး။ ဟိုရက်တွေတုန်းက ရေချိုးတာ စိမ် ပြေနပြေချိုးနေလို့ ဟဲ့ရာသီဥတု ပြောင်းနေပြီ၊ ရေချိုးတာ ဂရုစိုက်လို့ သေသေချာချာမှာထားရဲ့နဲ့ အခု တော့ဖြစ်ပြီလေ၊ သူတို့ရတဲ့ လခ ထဲက ဆေးဖိုး နုတ်လိုက်ရင် ကျန်ပါ ဦးမလား။

ကျွန်တော့်အနားမှာ တစ် ယောက်တည်း ဆီမန်း…မန်း သလို ရေရွတ်နေတဲ့ ချစ်ချစ်ကို ကြည့်ရင်း ဘာမှဝင်မပြောဘဲ အသာငြိမ်နေလိုက်မိပါတယ်။ ဒီ ကလေးမလေးကို ချက်ဖို့ပြုတ်ဖို့နဲ့ အိမ်သန့်ရှင်းရေးအတွက် ကူဖော် လောင်ဖက်ဖြစ်အောင် ခေါ်ထားရ တာဖြစ်ပါတယ်။ စားစရိတ်ငြိမ်း တစ်လလေးသောင်းကျပ်ပေါ့။ ဒါပေမဲ့ သူ့အမေက ဒီကလေး မလေးရဲ့ လုပ်ခတစ်နှစ်စာလုံးထုတ် ယူသွားတယ်လေ။ တစ်နှစ် ပြည့်တဲ့ အချိန် လက်ချည်းဗလာ သက်သက် ပြန်သွားရတော့မှာပါ။ ကျွန်တော် တို့က သားသမီးလို စောင့်ရှောက် တော့ နှစ်ပြည့်ရင်လည်း ကလေးမ လေးက ကျွန်တော်တို့ဆီမှာပဲ ဆက်နေချင်ရှာပါတယ်။ အဲဒါကို သူ့အမေက ခွင့်မပြုဘူး။ ရွာက အလုပ်တွေ မနိုင်လို့ ပြန်လာခဲ့ရမတဲ့။ အမှန်တော့ ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်တော်တို့ ထက် လစာပိုပေးနိုင်တဲ့ တခြား အိမ်တစ်အိမ်ကို ပြောင်းထား ပေး မှာကို ကျွန်တော်တို့ သိတာပေါ့။ ဒီတော့ ချစ်ချစ်တစ်ယောက် နောက် ထပ် အိမ်ဖော်တစ်ယောက်ခေါ်ဖို့ လှုပ်ရှားနေရပါတယ်။

အဆင်မပြေ တော့ သူ့ထုံးစံအတိုင်း ပူညံပူညံ၊ အမယ်လေးတစ်ယောက်ကများဆို ရင့်လိုက်တာ၊ အိမ်မှာတီဗီရှိလား တဲ့၊ ည၁ဝနာရီထိုးရင် ဇာတ်လမ်း တွဲတစ်တွဲကြည့်ပြီးမှ အိပ်လို့ရ မလားတဲ့။ ကောင်မကိုကပြည်တည် တည်နဲ့။ ဒါမျိုးရိုးနေပြီ၊ ဟဲ့ ငါက မိဖုရားရှာတာမဟုတ်ဘူး။ အိမ်ဖော် ရှာတာလို့ ပြောလွှတ်လိုက်တယ်။ ဒီလိုအချိုးမျိုးသိပါ့။ လူလစ်ရင် ကိုယ့်ယောက်ျားကို ပလူးပလဲလုပ် ချင်တဲ့ဟာမတွေ … ထင်မိထင်ရာ စွတ်ပြောနေတဲ့ ချစ်ချစ်ကြောင့် ကျွန်တော့်မှာ တွန့်ခနဲ ဖြစ်သွားပါ ရော။ ကိုယ့် စကား ဘယ် ရောက် လို့ ရောက်မှန်းမသိ။ ရှူးခနဲ စိတ်တို သွားရင်း ဘာတွေလျှောက် ပြောနေ တာလဲ၊ အလကားနေရင်း ငါပါ သိက္ခာကျတယ်လို့ ငေါက် ပြောလိုက် ရပါတယ်။ ကျွန်တော် တကယ်စိတ် တိုသွားမှန်းသိတော့ သူ့လေသံ လျှော့ကျသွားပါတယ်။ ဒီလိုပါပဲ လင်မယားဆိုတာ သူတင်းရင် ကိုယ် လျှော့၊ ကိုယ်တင်းရင် သူက လျှော့ ပေါ့။ ခဏနေတော့ သူ့ သူငယ်ချင်း တစ်ယောက်မှာ သူပြောသလို အိမ် ဖော်ဇာတ်ထုတ်အရှုပ်ခံခဲ့ရလို့ ခေါင်းမီးတောက်ရတဲ့ အကြောင်းကို သတိရပြီး အမှတ်မထင် ဒီလိုစကား လွှတ်ခနဲ ထွက်သွားတဲ့အကြောင်း ရှင်းပြပါတယ်။ အဲဒီတော့လည်း ကျွန်တော် ဒေါသပြေသွားရတာ ကလား။ ဒါပေမဲ့ ကျွန်တော့်အနားက ခွာပြီး မီးဖိုချောင်ထဲ သွားခါနီးမှာ ယောက်ျားဆိုတာ အသိရခက်တယ် လေဆိုတဲ့စကားနဲ့ ထွက်ခတ်ခတ် သွားသေးတော့တယ်လည်း ခက်ပါ ကလား ကွယ်လို့သာ ညည်းလိုက် ချင်မိပါရော။

ဒီလိုနဲ့ ဆီမီးရောင်ရှိန် ထိန် ထိန်လင်းတဲ့ သီတင်းကျွတ်လပြည့် နေ့ကို ရောက်လာပါတယ်။ မဟုတ် သေးဘူး၊ ကျွန်တော်ပြောတာ နည်း နည်းလိုသွားတယ်။ အမှန်က ဆီမီး ရောင်ရှိန်ထိန်ထိန်လင်းပြီး ဗြောက် ဖောက်သံတွေ ပွက်ပွက်ညံနေတဲ့ သီတင်းကျွတ်လပြည့်နေ့လို့ ပြောရ မှာပါ။ သီတင်းကျွတ်လပြည့်ည မန္တလေးမှာ အုန်း-ဒိုင်းဆိုတဲ့ ဗြောက် ဖောက်သံတွေ၊ မိုးကောင်းကင်မှာ တော့ မီးရှူးမီးပန်းတွေ တဖွား ဖွားလွင့်နေတဲ့ မြင်ကွင်းကို စိတ် မချမ်းမသာစရာ ကြုံတွေ့ခဲ့ရတာ ပါ။ အဲဒီညမှာ ဗြောက်မဖောက်ရ၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း မပြုရဆိုတဲ့ အမိန့်ဟာလည်း ချောင် ထဲကို ရောက်သွားခဲ့ပါတယ်။ ဗြောက်ဖောက်တာ၊ မီးရှူးမီးပန်းပစ် လွှတ်တာဟာ မိမိအတွက် ဘယ်လို ပျော်ရွှင်မှုရစေခဲ့သလဲ၊ မိမိ ပတ်ဝန်း ကျင်အတွက် ဘယ်လောက်ထိခိုက် စေတာကိုကော တွေးမိရဲ့လား၊ လူငယ်တွေက ဒီလိုမျိုး လုပ်ကြမယ် ဆိုရင် လူကြီးတွေက ဆုံးမသွန်သင် ပေးကြရမှာပါ။ နို့ပေမယ့် ဒီကိစ္စမှာ လူကြီးတွေကိုက အားပေး အား မြောက်ပြုနေတာကလား။ အကြောင်းပြချက် က မြေးတွေ ပူဆာလွန်းလို့ အလိုလိုက်ပေးလိုက် ရတာဗျာ …တဲ့။ ဒါက သူ့ရဲ့ ဖြေရှင်းချက်။ မီးရှူးမီးပန်းပစ်လွှတ် တဲ့ သူ့ရဲ့မြေးတွေကို ကြည့်လိုက်တော့ လမ်း လျှောက် တတ်ခါစအရွယ်လေး တွေ၊

ဒီကလေးတွေက မီးရှူးမီးပန်း တွေကို ဘယ့်နှယ့်လုပ် ပစ်လွှတ်နိုင် မလဲ။ အဲသမှာ သူ့ရဲ့သား (ကလေး တွေရဲ့အဖေ)က မီးရှူးမီးပန်းတွေကို ကိုယ်စားပစ်လွှတ်ပေး ပါတော့ တယ်။ ဝှီး … ဖုန်း … ဖောင်း ဆိုတဲ့ မီးရှူးမီးပန်း ပစ်လွှတ်သံတွေ ဟာ ပွက်ပွက်ညံနေပါတယ်။ မကြာ ခင် တခြားနေရာကလည်း မီးရှုး မီးပန်းတွေ ပစ်လွှတ်တာကို တွေ့ရ ပါတော့တယ်။ အဓိပ္ပာယ်က သူတို့ တောင် လုပ်သေးတာ၊ ငါတို့လည်း လုပ်မယ်ဆိုတဲ့ သဘောပေါ့။ တန် ဆောင်မုန်းလဆန်း ၁၄ ရက်နဲ့ လပြည့်နှစ်ရက်စလုံး ကြားရနားဝမှ မချမ်းသာတဲ့ အဖြစ်နဲ့ အီစလံဝေနေ ခဲ့ရပါတယ်။

တကယ်လို့ သီတင်းကျွတ် လပြည့်ညက ဖုန်းဖုန်းဖောင်းဖောင်း မြည်သံတွေနဲ့ မီးရှူးမီးပန်းတွေ တဖွားဖွား လွင့်နေတဲ့ မန္တလေးမြို့ရဲ့ မိုးကောင်းကင်ကြီးကို မြင်ရရင် ခင်ဗျားတို့ဘာတွေ ပြောမလဲ။ တရုတ်ပြည်က ဝင်လာတဲ့ ဒီပစ္စည်း တွေကို ဝယ်ယူသုံးဖြုန်းတာ၊ ကိုယ့် ပိုက်ဆံတွေ မီးရှို့ပစ်တာကို ပြော မလား၊ တစ်နှစ်တစ်ကြိမ် သီတင်း ကျွတ်တစ်ရာသီရောက်တိုင်း ကိုယ့် ပိုက်ဆံတွေ တရုတ်ပြည်ဘက် ဘယ် လောက်ရောက်သွားတယ်ဆိုတာကို တွက်ချက်မလား။ ကျွန်တော်တော့ လူတွေရဲ့ အသိတရား အားနည်း လာမှုကိုပဲ ပြောချင်ပါ တော့တယ်။ သီတင်းကျွတ်မတိုင်ခင် မန္တလေးမြို့ မှာ ဗုံးပေါက်တာနဲ့ ဗုံးထိတ်လန့်မှုတွေ ကြုံခဲ့ရပါတယ်။ ဒီတော့ သီတင်း ကျွတ်လပြည့်ရောက်တဲ့အခါ မီးရှူး မီးပန်းပစ်သံတွေနဲ့အတူ ဗုံးဖောက် တဲ့သူတွေက ရောင်တော် ပြန်လွှတ် မှာကို မစိုးရိမ်ကြဘူးလား၊ မတွေးမိ ကြဘူးလား၊ ပြီးတော့ ရပ်ကွက်တွေ ထဲမှာ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းသူတွေ ရှိကြလို့ မီးရှူး မီးပန်းပစ်လွှတ်တဲ့ အသံကြောင့် အထိတ်လန့် တကြားဖြစ်မှာကိုကော သတိပြုမိကြပါရဲ့လား။

အဓိကအချက်ကတော့ ကျွန် တော်တို့ လူ့အဖွဲ့အစည်းမှာ တစ်ဦး ကိုတစ်ဦး အပြန်အလှန် လေးစား တန်ဖိုးထားရမယ့် အရည်အသွေး တွေ တဖြည်းဖြည်း ပျောက်ဆုံးလာ တာပါပဲ။ ကြီးသူကို ရိုသေ၊ ရွယ်တူ ကို လေးစား၊ ငယ်သူကို ညှာတာ သနားဆိုတဲ့ ကျွန်တော်တို့ လိုက် နာခဲ့တဲ့ ကျင့်ဝတ်တွေ ဘယ်ဆီကို ရောက်လာ ခဲ့ပါလိမ့်၊ မရှိတာထက် မသိတာခက်ဆိုတဲ့ စကားကို ကျွန်တော်တို့ မေ့လျော့နေပါပြီ။ လောဘဒေါသတွေ၊ မာန်မာနတွေ ဖုံးလွှမ်းထားတဲ့ အတ္တစိတ်ဟာ အင် အားကြီးထွား လာပါပြီ။ အဲဒီ အတ္တ ကြီးမားမှုက လူတွေရဲ့ အသိÓဏ် ကို ချိုးနှဲ့ပစ်လိုက်ပါတယ်။ သီတင်း ကျွတ်လပြည့်ညက အသက် အရွယ် ကြီးရင့်တဲ့ လူကြီးထံ မီးရှူးမီးပန်းတွေ တဖျောဖျော ပစ်လွှတ်သံကို မကြား ယောင်ပြုရင်း သွားရောက်ကန်တော့ ခဲ့ပါတယ်။ အလားတူပဲ ကိုယ့်ဆီကို လာရောက် ကန်တော့ကြတဲ့ ကလေး တွေကို ဖုန်းဖုန်းဖောင်းဖောင်း အသံ တွေကြားက ဆုတွေပေးခဲ့ရပါတယ်။ တောက် … ဆိုးရွားလှတဲ့ ဒီအသံ တွေကြောင့် လူကြီးမိဘတွေဆီက အသက်ရှည်ပါစေ၊ ကြီးပွားတိုးတက် ပါစေဆိုတဲ့ ဆုတွေလည်း ကောင်း ကောင်းမနာယူခဲ့ရ၊ သို့ကလိုပဲ လာ ကန်တော့ခဲ့ကြတဲ့ ကလေးတွေကို ဆုမွန်ကောင်းတွေ ဖြောင့်ဖြောင့် ဖြူးဖြူး မပေးခဲ့ရလေသမို့ စိတ်ထဲမှာ ကသိကအောက်ကြီး ဖြစ်လာခဲ့ပါတယ်။ အဲဒီက တစ်ဆင့် ည ကိုးနာရီ ဆယ်နာရီရောက်တဲ့အထိ မီးရှူး မီးပန်းပစ်တာ မပြီးနိုင်သေးတဲ့ အဖြစ်ကို ကြည့်ရင်း ဒေါ သဒီဂရီတွေ ဆောင့် တက်လာပါတော့တယ်။ ငယ်မူငယ်သွေးတွေ ရုတ်တရက် စီးဝင်လာပြီး လမ်းပေါ်ထွက်၍ သကာလ နောင်ဂျိန်ပလေးချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်လာရပါ တယ်။အဲဒီ ဒေါသစိတ်တွေက မင်းတို့ပစ်တဲ့ မီးရှူးမီးပန်းတွေ လောက်တော့ အပျော့။ နျူကလီး ယား ဗုံးထက် ပြင်းအားကြီးတယ် ဆိုတာ သိကြရဲ့လား၊ ရှူးခနဲ ဖြစ် သွားတော့ ကိုယ့်ကိုယ်ကိုယ် သတိ မပြု လိုက်နိုင်ဘဲ ပုဆိုးတိုတိုဝတ်ပြီး အပြင်ထွက်ဖို့ ဟန်ပြင်လိုက်တဲ့အခါ ကျွန်တော့်ကို အကဲခတ်နေတဲ့ ချစ် ချစ်ကတော်…ဘာလုပ်မလို့လဲ၊ သွားပြောမနေနဲ့ သူ့တရားနဲ့ သူ ရှိပါစေဆိုတဲ့စကားနဲ့ ဟန့်တား လိုက်ပါရော။ အပြင်ထွက်ဖို့ ဟန် ပြင်နေတဲ့ ကျွန်တော့်ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားပါတယ်။ ဟွန်း… ငါ့မိန်းမ သတိပေးလို့ သက်သာသွား တယ်မှတ်၊ မဟုတ်ရင် ဒင်းတို့တော့ နာပြီလို့ ကြိမ်းဝါးရင်း အိမ်ထဲ ပြန် ဝင်လာရတာပေါ့။ ဒါပေမဲ့ ဒေါသ စိတ်က ငုတ်စိလေး ကျန်ပြီး တောက် တခေါက်ခေါက် ဖြစ်နေပါသေး တယ်။

ယင်းသမို့ကြောင့် ကျွန်တော် ကိုထွန်းလမ်း(၈ဝ)ခမျာ အသက် ကြီးလာ၍ စိတ်တိုလာရော့သလား မဆိုနိုင်၊ မီးပုံးပျံတွေ လွှတ်ကျ၊ မီးရှူးမီးပန်းတွေ ပစ်ကြ၊ ဖောက်ကြ  သည့် မန္တလေးသီတင်းကျွတ်လပြည့် မြင်ကွင်းကိုကြည့်ရင်း ရှူးခနဲ ဖြစ် သွား ရပါကြောင်း၊ လူတိုင်းလူတိုင်း မှာ ထားရှိသင့်သည့် အပြန်အလှန် လေးစားမှုတွေ ဘယ်ဆီကို ရောက် သွားသလဲဟု မေးမြန်းချင်ပါကြောင်း၊ အသိÓဏ်မဲ့တဲ့ အပြုအမူတွေကို ကြည့်ရင် အောင်မာ ဒင်းတို့ကများ ဟူသော ကြိမ်းဝါးချက်ဖြင့် ဒေါသ မာန်တင်း၍ ဖြေရှင်းမည်အပြု ချစ်ချစ်က သတိပေး၍ ဒင်းတို့ တစ်တွေ သက်သာသွားတယ်ဟုသာ ဆိုလိုက် ချင်ပါကြောင်း၊ နောက်နှစ် ဤကဲ့ သို့ ဆိုးရွားသော အပြုအမူများ ဆက်လက်လုပ်ဆောင်ပါက ယခု ကတည်းက လောက်စာလုံးများများ လုံးထားပြီး ဘတ်ခွနဲ့ ချောင်းထုမယ် ဟု ကြိုတင်သတိပေးလိုက် ပါကြောင်း ပြော ထားရင်း အဘိုးကြီးအို ခါးကုန်း ကုန်း၊ မသေပါနှင့်ဦး နောက် နှစ်ခါ တန်ဆောင်မုန်း၊ ပွဲကြည့်ပါဦးဆို သော စကားကို ငါနှင့်မဆိုင်ဟု သဘောထားရင်း ချစ်ချစ်ကို လက်ဆွဲ ၍ မကြာခင်ရောက်လာတော့မည့် တန်ဆောင်တိုင်နေ့ရက်ဆီသို့ ပျော် ပျော်ကြီး ချီတက်သွားမည်ဟုကြီးမား သော သန္နိဋ္ဌာန်ချမိပါလေသတတ်။

ကိုထွန်း-လမ်း(၈ဝ)


STRENGTHFUL GREETINGS

$
0
0

နှစ်တစ်နှစ် ကူးပြောင်းမှုဆိုတာဟာ ခရီးတစ်ခု အဆုံးသတ်ပြီး နောက်ခရီးသစ် တစ်ခု စတင်ခြင်းဖြစ်ပါတယ်။

ဒါကြောင့် ပြန်လည်သုံးသပ် ဆင်ခြင်ခြင်း၊ အသစ်သစ်သော သန္နိဋ္ဌာန်များ ချမှတ်ခြင်းတွေကို ပြုလုပ်ကြရပါတယ်။ ဒီကဏ္ဍလေးဟာလည်း နှစ်ဟောင်းမှာ အိပ်မောကျနေသူများကို ရင်ခုန်နိုးထလာစေမှာပါ။

ကိုယ့်ရှေ့မှောက်ကို တေ့တေ့ဆိုင်ဆိုင် ရောက်ရှိလာပြီဖြစ်တဲ့ နှစ်သစ်ကို ကြိုဆိုရင်း ရတီ ပရိသတ်များလည်း ခွန်အား တစ်စုံတစ်ရာကို ပိုင်ဆိုင်ပါစေလို့ ရတီ ဝိုင်းတော်သားများက ဆုတောင်းပေးလိုက်ပါတယ်။

အယ်ဒီတာအဖွဲ့

ကျော်သူ

အောက်ခြေကနေ လူတန်းစား အလွှာစုံအထိ ထိတွေ့ခဲ့ဖူးတဲ့ ဦးကျော်သူရဲ့ ၂ဝ၁၄ အတွက် mission statement က ဘာပါလဲ။

ကျွန်တော် ၂ဝ၁၄ mission statement က ကျွန်တော်က အများပြည်သူ လူထုရဲ့ အပူကို ငြိမ်းပေးရမှာပဲ။ ရသ သတို့သားရဲ့ ထုံးကိုမူပြီးတော့ လုပ်နေရတာပဲ။ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေး ဒါတွေ အားလုံးက ကျွန်တော်နဲ့ ပတ်သက်နေတယ်။ လူသားတွေရဲ့ လိုအပ်ချက် အားလုံးကို ကျွန်တော် ဖြည့်ပေးရမှာပဲ။

လာမယ့် နှစ်သစ် အတွက် ဦးကျော်သူ ရဲ့ နှုတ်ခွန်းဆက် စကားနဲ့ ခံယူချက် ကလေး ကိုလည်း ပြောပါဦး။

နှစ်သစ်ထဲမှာ မြန်မာ ပြည်သူ လူထု၊ ကမ္ဘာ့ ပြည်သူ လူထုတွေ အားလုံး သောက ကင်းဝေး ငြိမ်းချမ်းစွာနဲ့ တကယ့် လူလူချင်း စာနာ စိတ်တွေ ဖြစ်ပေါ်လာဖို့ အဓိက ဆုတောင်းတယ်။ ဆုတောင်း လို့လည်း ပြီးတော့မှာ မဟုတ်ဘူး။ ဆုတောင်း တိုင်းလည်း ပြည့်တာ မဟုတ်ဘူး။ ဒါကြောင့် မျှော်လင့်ချက်နဲ့ပဲ အသက်ရှင်နေတာပဲ။ မျှော်လင့်ချက် မှာလည်း ပြည်သူပြည်သား တစ်ဦးချင်း ကိုယ်ပိုင်ကလည်း ငြိမ်းချမ်း သာယာဖို့ အားလုံးမှာ တာဝန် ရှိတယ်။ ငြိမ်းချမ်း သာယာ ဝပြောဖို့ ကိုယ့်ဘဝ ရပ်တည်နိုင်ရေး အတွက် အားလုံးမှာ တာဝန် ရှိတယ်။ ဒီလို မျှော်လင့်ချက်နဲ့ပဲ လုပ်လို့ ရတယ်။ မျှော်လင့်ရုံနဲ့ မရဘူး။ လုပ်လည်း လုပ်ဆောင်ရမယ်။ ခုဖြစ်ပျက်နေတဲ့ မြေသိမ်းတာတွေက အစပေါ့။ အစိုးရက ဘယ်လိုပဲ ဖြစ်ဖြစ် လူမိုက်တွေကို ဘယ်လိုပဲ ငှားငှား ဒီလူမိုက်တွေ ကလည်း ကိုယ့်ကို ခိုင်းတာကို ဘာကို ခိုင်းတာလဲ၊ ဘာအတွက်လဲ ဒါကို စဉ်းစား ဆင်ခြင် အသိဥာဏ်နဲ့ ဆုံးဖြတ်ရမယ်။ သူများ ခိုင်းတိုင်း လုပ်တယ်ဆိုရင် ဘယ်တော့မှ ခေါင်းဆောင် ဖြစ်လာမှာ မဟုတ်ဘူး။ ခိုင်းမှ လုပ် ရင် ကျွန်ပဲ။ မြန်မာပြည်မှာ ကျွန်ဘဝကနေ လွတ်မြောက်ဖို့ အရေးကြီးတယ်။ ကိုယ့်အသိ စိတ်ဓာတ်နဲ့ လုပ်သင့် လုပ်ထိုက်တာ လုပ်၊ မလုပ်သင့် မလုပ်ထိုက်တာ မလုပ်နဲ့။ အသိဥာဏ်တွေ ရှိဖို့ အရေးကြီးတယ်။

ဇာဂနာ

ဦးဇာဂနာရဲ့ ၂ဝ၁၄ အတွက် mission statement ကို ပြောပါဆိုရင် ဘယ်လိုဖြေမှာပါလဲ။

ကျွန်တော် ဇာဂနာရဲ့ ၂ဝ၁၄ အတွက် mission statement ကို ပြောပါ ဆိုရင် မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေ ၂ဝ၂ဝ မှာ ‘နေပြည်တော်ကို သွား ကြမယ်’ ဆိုတဲ့ mission ရှိတယ်။ လူငယ် အများစု ကို နေပြည်တော် မှာ ရှိတဲ့ ပြည်သူ့ လွှတ်တော်ကို သွားစေချင်တဲ့ ဆန္ဒ ရှိတယ်။ အဓိပ္ပာယ် ကတော့ လူငယ်တွေကို ဦးဆောင်စေချင်တဲ့ သဘောပါပဲ။ ဒါကြောင့် ၂ဝ၁၄ မှာ ကျွန်တော် လူငယ် အများစုကို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အသိအမြင် ပညာ ဗဟုသုတတွေကို ဖြန့်ဖြူးပေးဖို့ စီမံထားတာ ရှိတယ်။ ၂ဝ၁၄ ဇန်နဝါရီလမှာ Home မှာ စုံနံ့သာ ဆိုပြီး မဂ္ဂဇင်း တစ်အုပ် ထုတ်ဝေမယ်။ အဓိကကတော့ နိုင်ငံရေး နဲ့ ပတ်သက်တဲ့ အသိပညာ စာအုပ်တွေ ထုတ်ဖို့လည်း အချက်အလက်တွေ စုဆောင်းတာတွေ အများကြီး ရပြီ။ တစ်လ တစ်ခါ နိုင်ငံရေး အမြင်၊ ဗဟုသုတတွေကို ပို့ချပေးဖို့လည်း ဆရာတွေကို ဖိတ်ထားတာ ရှိတယ်။ ပြီးရင် ရုပ်ရှင်နဲ့ ပတ်သက် ရင်တော့ မှတ်တမ်း ပုံရိပ်တွေ မှတ်တမ်း ရုပ်ရှင်တွေ မှတ်တမ်းတင်ဖို့သင်တန်းတွေ ပေးမယ်။ ဘာလို့လဲ ဆိုတော့ တစ်ခေတ်ကို တစ်ခေတ် ကူးပြောင်းတဲ့ အခါမှာ မှတ်တမ်းက သိပ်အရေးပါလို့ပါပဲ။ ဒါတွေက ၂ဝ၁၄ မှ ၂ဝ၂ဝ အထိ ကျွန်တော့်ရဲ့mission statement တွေပါပဲ။

၂ဝ၁၄ အတွက် မြန်မာပြည်သူတွေကို နှုတ်ခွန်းဆက်စကားလေး ပြောပေးပါဦး။

၂ဝ၁၄ ရဲ့ နှုတ်ခွန်းဆက် စကားဆိုရင် တော့ မြန်မာ ပြည်သူပြည်သားများ အရာရာကို မျက်ခြေ မပြတ်ကြပါနဲ့လို့ ပြောချင်တယ်။

လင်းသိုက်ညွန့်

လူငယ် ပညာပေး ဟောပြောပွဲတွေ ဆက်တိုက် ပြုလုပ်လာခဲ့တဲ့ လင်းသိုက်ညွန့်ရဲ့ ၂ဝ၁၄ အစီအစဉ်ကို သိချင်ပါ တယ်။

ကျွန်တော်ကတော့ ဒီ ၂ဝ၁၄၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဆရာကြီး ဦးကျော်ကျော်လှိုင် (Smart) နဲ့အတူ အမျိုးသား ဇာတ်ရုံမှာ စာပေ ဟောပြော ပွဲလေး လုပ်ပါ မယ်။ ဟောပြောပွဲရဲ့ ခေါင်းစဉ် ကိုတော့ ’How to Step Your New Year 2014′ လို့ ပေးထားပါတယ်။ နှစ် သစ်မှာ ကျွန်တော် တို့တစ်တွေ ဘယ်လို တိုးတက်အောင် လုပ်ရမယ်။ နှစ်တစ်နှစ်ကို ဘယ်လို အောင်မြင်အောင် ဖြတ်သန်း ရမယ် ဆို တာ တွေကို အဓိက ဆွေးနွေး သွားကြမှာပါ။

နှစ်သစ်မှာ ပရိသတ်တွေကို ပြောချင်တဲ့ ဆုတောင်း စကားကရော . . .

အခု ၂ဝ၁၄ အတွက် ကျွန်တော်က ရတီ စာဖတ် ပရိသတ်ကို ပြောချင်တာ ကတော့ ဒီ ၂ဝ၁၄ က ကျွန်တော်တို့ မြန်မာနိုင်ငံက ဒီမိုကရေ စီနိုင်ငံ ဖြစ်တာ ၄ နှစ်မြောက်ပေါ့။ ဒါကြောင့် ဒီနှစ်မှာ New Myanmar, New Country နဲ့ အတူ တစ်ဦးတစ်ယောက်ချင်း အောင်မြင်မှု ကနေ နိုင်ငံ တိုးတက်မှု အထိ လှမ်းနိုင်ဖို့ ဆုတောင်းပေးချင်ပါတယ်။

ဒေါ်ဝင်းမင်းကောင်း

ရင်ဆုံး အစ်မတို့ရဲ့ Lotteria ဆိုင် အကြောင်းနဲ့ အခုမြန်မာပြည်မှာ ဘယ်နှဆိုင် ဖွင့်ပြီးသွားပြီလဲဆိုတာ ပြောပြပေးပါလား။

Lotteria ဆိုတာက Asia No.1 QSK (Quick Service Restaurant)  ဖြစ်ပြီး ကိုရီးယား နိုင်ငံမှာတော့ ၁၉၇၉ မှာကတည်းက စတင်ခဲ့ တာပေါ့။ အခုဆိုရင် ၃၄ နှစ် ရှိပြီး ဆိုင်ခွဲပေါင်း ၂ဝဝဝ ကျော်နဲ့ လည်ပတ် နေတာပေါ့။ အစ်မတို့ မြန်မာပြည်မှာတော့ ၂ဝ၁၃ မှစပြီး ဖွင့်ခဲ့တာ။ ပထမ ဖွင့်တာက Junction Square မှာ နောက်ဒုတိယဆိုင် ကိုတော့ Pearl Cando မှာ ဖွင့်ခဲ့တယ်။ အခု ၂ဝ၁၄ မှာတော့ တတိယမြောက် ဆိုင်အနေနဲ့ တရုတ်တန်းအနီး လမ်းမတော်မှာ ဖွင့်ဖြစ်ခဲ့တယ်။ Lotteria ဆိုင်က Korea, Japan, Vietnam, Indonesia, China နိုင်ငံတွေ မှာပါ ရှိပါတယ်။

Lotteria အနေနဲ့ တခြား ထူးထူးခြားခြား ဘယ်လို activity တွေမှာ ပါဝင်တာမျိုး ရှိသေးပါ လဲ။

Lotteria ရဲ့ Social activity အနေနဲ့ Lotteria Myanmar ရဲ့ 2013-2014 Brand Ambassador အဖြစ် နိုင်ငံကျော် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်း ခမ်းလှိုင်ကို ခန့်အပ် ခဲ့တယ်။ ပြေတီဦး ပညာရေး Foundation ကိုလည်း တတ်နိုင်တဲ့ ဘက်ကနေ ပါဝင် လှူဒါန်းခဲ့ တယ်။ နောက်လည်း အစ်မတို့က အခွင့်အရေး ရရင် တတ်နိုင် ဘက်ကနေ ကူညီသွားချင်ပါတယ်။

၂ဝ၁၄ အတွက် ရတီပရိသတ်အတွက် ဆုတောင်းစကားလေး ပြောပြပေးပါဦး။

ရတီ ပရိသတ် အားလုံး ပျော်ရွှင် ကြပါစေ။ အစ်မတို့ Lotteria ကလည်း အစားအသောက် တွေကို သန့်ရှင်း လတ်ဆတ်ပြီး ကောင်းမွန်တဲ့ အရသာတွေကို စားသုံး သူတွေ ကို ပေးသွားမှာပါ။ ဝန်ထမ်းတွေ ကလည်း Service ကို အထူး ဂရုစိုက်ပြီး ဝန်ဆောင်မှု ပေးသွားပါမယ်။

သီရိဆွေ

၂ဝ၁၃ ခုနှစ်ထဲမှာ ထူးထူး ခြားခြားလေး ဘာတွေများ လုပ်ဖြစ်ခဲ့လဲ၊ ဘာတွေ ကြုံတွေ့ခဲ့ရသေးလဲ။

ဘဝမှာ မေ့လို့ မရတဲ့ နှစ်တစ်နှစ် ထဲမှာ ပါတာပေါ့နော်။ ကောင်းတာ တွေရော၊ ဆိုးတာ တွေရော အများကြီး ကြုံတွေ့ ခဲ့ရပါတယ်။

၂ဝ၁၃ ကို ပြန်ကြည့် မိတဲ့အခါမှာရော ကိုယ့်ကိုယ်ကိုယ် ဘာတွေ ပြင်ဆင်ဖို့ လိုလဲ ဆိုပြီး ပြန်သုံးသပ် မိတာတွေ ရှိလား။

နှစ်ကုန်မှ ပြန်သုံးသပ်တယ် လို့တော့ မဟုတ်ပါဘူး။ ဒါတွေက ကိုယ့်အတွက် အမြဲတမ်း ပြင်ဆင် သုံးသပ်နေရတာပါပဲ။

၂ဝ၁၄ ခုနှစ်ကရော ညီမလေးအတွက် ဘယ်လိုမျိုး ထူးခြားမယ့် နှစ်မျိုးဖြစ်မလဲ။

မျှော်လင့်ချက်တွေ ပြည့်ဝမယ့် နှစ်လို့ ညီမ မျှော်မှန်း ထားပါတယ်။ မင်္ဂလာ ရှိသော နှစ်တစ်နှစ် ပေါ့။

၂ဝ၁၄ မှာ ဘယ်လိုမျိုး ကြိုးစားမှုတွေ၊ ဘယ်လိုမျိုး ခွန်အားတွေနဲ့ ကျော်ဖြတ်မယ်လို့ စဉ်းစားထားလဲ။

ညီမတို့ ငယ်ငယ်တုန်းကတော့ New Year ဆိုရင် အပြင်ထွက်တာပေါ့နော်။ ငယ်ငယ်တုန်းကတော့ တအား ပိန်တဲ့ အတွက် နည်း နည်း ပြည့်ပြည့် ဖြိုးဖြိုး ဖြစ်လာဖို့၊ ဆယ်ကျော်သက် တုန်းကတော့ အရပ် နည်းနည်း ပိုရှည်လာဖို့၊ နောက်ကျတော့ အဆိုတော် ဖြစ်ဖို့ အခွင့် အလမ်း ပေါ်လာဖို့ ဆိုတဲ့ resolutions လေးတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အသက်တွေ ရလာတဲ့ အခါမှာတော့ သူလို ကိုယ်လို ပါ ပဲ။ ညီမက စိတ်ချမ်းသာ ချင်တယ်။ မိဘအပေါ် တာဝန်ကျေတဲ့ သားသမီး ဖြစ်ချင်တယ်။ ၂ဝ၁၄ ကတော့ စိတ်ထဲမှာ မှတ်မှတ် ထင်ထင် ရှိနေ မယ့် နှစ်ပေါ့နော်။ ကိုယ့် မင်္ဂလာသတင်းလည်း ရှိတယ်လေ။ ဘာပဲ ပြောပြော ကိုယ့်ဘဝ တစ်ဆစ်ချိုး လို့လည်း ပြောလို့ ရတဲ့ အနေ အထားပေါ့။ ညီမကတော့ အကောင်းဆုံးတွေပဲ မျှော်လင့်ထားတဲ့သူ မဟုတ်ပေမယ့် ရွေးချယ်ထားပါတယ်။

နှစ်သစ်အတွက် ပရိသတ်ကိုရော ဘယ်လို မျိုးစကားလက်ဆောင် ပေးချင်ပါသလဲ။

ဆုတောင်း ပေးချင်ပါတယ်။ ပရိသတ် အားလုံး ပြီးမြောက် အောင်မြင်တဲ့ အလုပ်အကိုင်တွေ လုပ်နိုင်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အများ အကျိုး ဆောင်ရွက် ပေးနိုင်တဲ့ သူများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Women Forum အနာဂတ်အားရဲ့ အမျိုးသမီးများ

$
0
0

 မြန်မာနိုင်ငံရှိ အမျိုးသမီးများ အားလုံး စွမ်းဆောင်ရည် မြင့်မား လာပြီး အမျိုးသမီး များရဲ့ အခွင့် အရေး ရပိုင်ခွင့်များကို အပြည့်အဝ ခံစား ရရှိနိုင်စေရန်နှင့် အမျိုးသမီး တို့၏ ဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကျား၊ မရေးရာ တန်းတူ ညီမျှရေးနှင့် အမျိုးသမီး များ၏ အခွင့်အရေး များ ကို အသိအမှတ်ပြု နားလည် လက်ခံ နိုင်စေမည့် စနစ်များ ဖွဲ့စည်းပုံ များ နှင့် လုပ်ထုံး လုပ်နည်းများအား အကောင် အထည်ဖော် ဆောင်ရွက် နိုင်စေရန် ရည်ရွယ်ပြီး အောက်တို ဘာလ ၂၉ ရက်နေ့ မှစ၍ ၃ဝ ရက် နေ့ထိ အင်းလျားလိတ် ဟိုတယ်၌ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ဖိုရမ်ကို ကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ်ဖြစ်မြောက်ရေး အတွက် ပါဝင် ဆောင်ရွက်ကြ သူများနှင့် ဒုတိယ အကြိမ် အမျိုးသမီး ဖိုရမ်မှာ လာရောက် ဆွေးနွေးခဲ့ကြ သူများရဲ့ စကားသံများကို ဖော်ပြလိုက်ပါ တယ်။

ဒေါ်မြတ်စုနိုင်
အုပ်ချုပ်ရေးမှူး
ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ရပ်ကွက်

အမျိုးသမီး အများစုက မလုံခြုံ မှုကို ခံစားနေ ရတယ်။ နိုင်ငံခြားမှာ ဆိုရင် မိန်းကလေး တစ်ယောက် ဘယ် အချိန်ပဲ အပြင် ထွက်ထွက် အန္တရာယ် မရှိဘူး။ ဒီမှာက ည ၉ နာရီ လောက် မိန်းကလေး တစ်ယောက် က အပြင် မှာ လျှောက် သွား နေရင် မလုံခြုံတော့ဘူး။ မလုံခြုံတဲ့ အပြင် လူတွေရဲ့ အမြင်တွေ ကလည်း ခက်နေတယ်။ ဒီလို အသေး အဖွဲလေး တောင် မလုံခြုံဘူး။ အခု အချိန်မှာ ကျွန်မ တို့ လူ့ အဖွဲ့အစည်း ထဲမှာ လည်း ဆုံးဖြတ်နိုင် တဲ့ အမျိုး သမီးတွေ ပေါ်ထွက် လာကြပါပြီ။ တချို့တွေ ကျ တော့ လည်း ယောက်ျား ယူမှ ဘဝ ရပ်တည်နိုင်မယ် ဆိုတဲ့ အတွေးတွေ ရှိကြတယ်။ ကိုယ်တိုင် ရပ်တည် ကြည့် ဖို့ ယုံကြည်မှု မရှိကြဘူး။ မြန်မာ အမျိုးသမီး တစ်ယောက် က ရှေ့ထွက် ပြီး ဦးဆောင်ဖို့ ဆိုရင် လုံခြုံမှု ရှိရင် ထွက်ရဲပါတယ်။ လုံခြုံမှုမရှိတဲ့ ပတ်ဝန်းကျင် မှာ ဘယ် မိန်းကလေးမှ သူ့ရဲ့ စွမ်းဆောင်ရည်ကို မထုတ်နိုင် ပါ ဘူး။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီး တွေရဲ့ ဘဝမြင့်တက် လာဖို့က လုံခြုံ ရတဲ့ ပတ်ဝန်းကျင် တစ်ခုရှိနေဖို့လိုပါ တယ်။

နန်းသဇင်မင်း
(Colourful Girl အဖွဲ့)

လူ့အဖွဲ့အစည်း ရဲ့ အတွေးတွေ ကို ပြောင်းဖို့ လိုနေပြီ။ အမျိုးသားတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ လည်း ပြောင်းသင့်တယ်။ အခုက အရင်တုန်း ကနဲ့ မတူတော့ ဘူး။ အမျိုးသမီးတွေက အရည် အချင်း တွေကို ပြလာနိုင်နေပြီ။ အမျိုးသမီး တွေ စုလိုက်ရင် အတင်းပြောကြတယ် ဆိုတဲ့ ခေတ် မဟုတ်တော့ ပါဘူး။ အချင်းချင်း လက် တွဲခေါ်ကြတာ တွေ၊ ခံစားချက်တွေ မျှဝေကြတာတွေ လုပ်ကြပါ တယ်။ ကျွန်မတို့ အမျိုး သမီးထု အားလုံးအတွက် ဒီထက်ပို ကောင်းတဲ့ အခြေအနေဖြစ်ဖို့ ဘာတွေ လုပ်ကြ မယ် ဆိုတဲ့ ဆွေးနွေး မှုတွေကို အခု forum ကနေ လုပ်ကြပါတယ်။ အမျိုးသမီးတွေ ဆို တာနဲ့ ဘောင် တစ်ခု ထဲမှာပဲ မနေဘဲ နဲ့ တကယ့် လူ့ဘောင်သစ် ထဲကို တိုးထွက်ပြီး တည်ထောင်နိုင်ဖို့ ကျွန်မတော့ မျှော် မှန်းပါတယ်။

ဒေါ်မေစံပယ်ဖြူ
(ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်)

ကျွန်မတို့ ဒီဖိုရမ်ပြီးတဲ့ အခါမှာ လည်း ဒီဖိုရမ် က ဆွေးနွေး တင်ပြချက် တွေကို ကြေညာ ချက် တစ်စောင် ထုတ်မှာ ပါ။ ထူးချွန်တဲ့ သူတွေက ကဏ္ဍတိုင်း မှာရှိပါတယ်။ ဒါပေမဲ့ လည်း အဲဒီ အမျိုးသမီးတွေက ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက် ချနိုင်တဲ့ နေရာတွေမှာ ပါဝင် သင့်သလောက် ပါဝင်ခွင့် မရရှိနေကြသေးဘူး ဆိုတဲ့ အချက်ကိုတော့ ကဏ္ဍပေါင်းစုံ က လူတွေ အားလုံးက တညီတညွတ်တည်း ဆွေးနွေး သွားတယ်။ အမျိုးသမီးတွေ ကလည်း ပါဝင်ချင် ကြပါတယ်။ ဒီလို အမျိုးသမီးတွေ ပါဝင်ခွင့်ရဖို့ အတွက် လူမှုပတ်ဝန်း ကျင်ကလည်း အတား အဆီးတွေ ဖြစ်နေတယ်။ သူတို့ မိသားစုဝင်တွေ ထဲမှာလည်း အခက်အခဲ အတား အဆီးတွေ ရှိနေတယ်။ အမျိုးသမီး တွေ ပါဝင် ခွင့်ရလာအောင် နိုင်ငံ တော် အနေနဲ့ မူဝါဒချမှတ်ထားတာ ဒါမှ မဟုတ်လည်း ဥပဒေပြုပြီးတော့ ပြဋ္ဌာန်း ထားပေးတာတွေက မရှိ သလောက်ပဲ အားနည်းနေတယ်။ အမျိုးသမီးတွေ ပါဝင်ခွင့် အခုလို နည်းနေ ရခြင်းကလည်း ကျွန်မတို့ရဲ့ လူမှု အဖွဲ့အစည်း ကိုယ်တိုင်ကလည်း သူတို့ရဲ့ အခွင့်အရေး ပြင်တယ်ဆို တာကို ကျယ်ကျယ်ပြန့်ပြန့် သိမနေ သေးတာလည်း အဟန့်အတား တစ်ခု ဖြစ်နေတယ်။ သူတို့ရဲ့ မိသားစုဝင် တွေကလည်း ပါဝင် ခွင့်ရအောင် လုံလောက်တဲ့ ကူညီမှုတွေ မပေး တာ ကလည်း တစ်ခုဖြစ်တယ်။ ပြီးတော့ နိုင်ငံတော် အနေနဲ့လည်း မူဝါဒပိုင်း ဆိုင်ရာ အားနည်းနေတာ ဥပဒေ ပြဋ္ဌာန်း ပေးထားတာတွေ မရှိသေး တာကြောင့် အမျိုး သမီးတွေက အခုလို ကဏ္ဍတိုင်းမှာ ပါဝင်ခွင့် မရရှိကြသေး တာလို့ မြင်ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဦးရေကို ဘယ်ကဏ္ဍမှာ ပဲဖြစ်ဖြစ် တန်းတူညီမျှ ဒါမှမဟုတ် လည်း အနည်းဆုံး ၃ဝ ရာခိုင်နှုန်းလောက်တော့ ပါဝင်စေ သင့်တယ်။ ဒါက အင်မတန် အရေး ကြီးပါတယ်။

မေသင်္ကြန်ဟိန်

CEO

(Shwe Myint Makha Media Group)

အခု ဒီပွဲမှာ လက်ရှိမြန်မာနိုင်ငံ မှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ အကြောင်း ဆွေးနွေးကြတယ်။ နိုင်ငံ ရေး နယ်ပယ်မှာ ဆိုရင် အမျိုးသမီး ပါဝင်မှု အရမ်း နည်းတယ်။ လွှတ် တော်ထဲမှာ ဆိုရင် အမျိုးသမီးက ၄.၃ ရာ ခိုင်နှုန်း ပဲရှိတယ်။ နောက်ပြီး တရား စီရင်ရေးမှာလည်း အမျိုးသမီး က နည်းတယ်။ ဥပမာ – မုဒိမ်းမှု တစ်ခုမှာ ဆိုရင် အဓမ္မ ကျင့်ခံရတဲ့ အမျိုးသမီး တစ်ယောက် ရဲစခန်း ကိုတိုင်ရင် ရဲကလည်း အမျိုးသား၊ ဆေးစစ်ချက် ယူတဲ့ ဆရာဝန်က လည်း အမျိုးသား၊ ဆုံးဖြတ် ပေးမယ့် တရား သူကြီးကလည်း အမျိုးသားပဲ။ ဒီလို ကိစ္စတွေ ကိုလည်း အခုဆွေးနွေး ခဲ့ကြတယ်။ စီး ပွားရေး လောက မှာ ဆိုလည်း တကယ်ကို အရေးကြီး ဆုံးဖြတ်ချက် ချရမယ့် ရာထူးတွေ မှာ အမျိုးသမီးတွေ အရမ်း နည်းကြပါ တယ်။ တောင်ကိုရီးယား မှာဆိုရင် လွှတ်တော် ထဲမှာ အမျိုးသမီးက ၂၃ ရာခိုင်နှုန်း ရှိတယ်။ စီးပွားရေးနယ် ပယ် မှာ လည်း CEO အမျိုးသမီး က ၅၁ ရာခိုင်နှုန်း ရှိတယ်။ ဒီတော့ ကျွန်မတို့ အမျိုးသမီးတွေ ကလည်း ကိုယ့် အရည်အချင်း ကိုပြသဖို့ အတွက် ကြိုးစားရမယ်။ ထိပ်ပိုင်း ကို ရောက်အောင် တက်ဖို့လည်း ကိုယ် က ကြိုးစားရမယ်။ သားကို သခင် လင်ကိုဘုရား ဆိုတဲ့ စနစ်အောက်မှာ ပဲ ရှင်သန်နေလို့ မရဘူး။ အမျိုးသမီး က အမျိုးသား နဲ့တန်းတူ ပါပဲ။ ကျွန်မ တို့ မီဒီယာလောက မှာ ဆိုရင် တကယ် အရေး ကြီးတဲ့ သတင်းမျိုးတွေကို အမျိုးသား သတင်းထောက် ကိုပဲ တာဝန်ပေးလေ့ ရှိတယ်။ ဒီလို ကိစ္စမျိုး ကြုံလာခဲ့ရင် ကျွန်မတို့ အမျိုးသမီး သတင်းထောက်တွေ ကလည်း ကိုယ်လည်း တာဝန် ယူနိုင်ကြောင်း ပြသရ မယ်။ ကိုယ်တိုင် ကလည်း အရည် အချင်း ရှိအောင် ကြိုးစား ရမယ်။ တာဝန်ယူ ရဲရမယ်။ ဒီလို Forum မျိုးက အခုလို မြို့ပြ အဖွဲ့အစည်း မှာ အပြင်နယ်တွေ မှာလည်း အမြဲလုပ် သင့်ပါတယ်။ ဒါမှ နယ်မှာ ရှိနေတဲ့ အမျိုးသမီး ထု အားလုံး ပါအောင် လုပ်သင့်တယ်။ ဒါမှ အမျိုးသမီးအား လုံးရဲ့အသံကို ကျွန်မတို့က ကြားရ မှာပါ။

ဒေါ်ရွှေရွှေစိန်လတ်

ဒါရိုက်တာ
ဖန်တီးအိမ်

အခုလုပ်တဲ့ Forum က ဒုတိယ အကြိမ်ပါ။ ပထမအကြိမ်တုန်း က အဖွဲ့အစည်း ခုနစ်ဖွဲ့ စုပေါင်းပြီး လုပ်ခဲ့တာ။ အခု ကတော့ ၁၉ ဖွဲ့ ပေါင်းပြီး လုပ်တာပါ။ ရည်ရွယ်ချက် ကတော့ အစ်မတို့ အမျိုးသမီးတွေ ရဲ့ ဘဝ ဖွံ့ဖြိုး တိုးတက် ပြီးတော့ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါလာဖို့ပါ။ နိုင်ငံ တည်ဆောက်ရေး ဆိုတာ အုပ်ချုပ်ရေး၊ တရား စီ ရင်ရေး နဲ့ ဥပဒေပြုရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ရဲ့ပါဝင်မှုနဲ့ ခေါင်းဆောင် ရမှု များလာဖို့ပါ။ နောက်ပြီး စီးပွားရေး ကဏ္ဍတွေမှာ အမျိုး သမီး ခေါင်းဆောင် မှုတွေ များလာဖို့နဲ့ မီဒီယာ တွေမှာလည်း အမျိုးသမီးတွေ နဲ့ ပတ်သက်ပြီး အလေးပေး ခံရမှုတွေ များလာဖို့အတွက် ရည်ရွယ်ပါတယ်။ အမျိုးသားတွေ က လည်း ပူးပေါင်း ပါဝင် လာပြီး အမျိုး သမီးတွေ ရဲ့ ခေါင်းဆောင်မှု ကို အားပေး ထောက်ခံ လာစေချင်တယ်။ ဒီလို Forum တွေ လုပ်တာက အမျိုးသမီး အဖွဲ့ တွေ အားလုံး နဲ့ Network ချိတ် နိုင်တယ်။ အခုဆိုရင် တက်ရောက် တဲ့ အဖွဲ့အစည်းတွေ ကလည်း ၁ဝဝ ကျော် ၂ဝဝ လောက် ရှိတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရော နိုင်ငံရေး ပါတီတွေရော တက်ကြတာ ဆိုတော့ သူတို့တွေက နေတစ်ဆင့် ရှေ့မထွက်သေးတဲ့ အမျိုးသမီးတွေ ဆီအထိ ရောက်အောင် မျှော်မှန်း ထားပါတယ်။

နန့်ခင်အေးဦး

(ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့)

ဒီ Forum မှာ နယ်တွေ မှာလည်း ဒီလို Forum မျိုးတွေ လုပ်ပေးဖို့ တော်တော် များက တောင်းဆိုကြ တယ်။ ဒီလိုလုပ်ဖို့က ကျွန်မ တစ်ယောက်တည်း ရဲ့ အမြင် နဲ့ ပြောရရင် တော့ ခက်ခဲတယ်။ အခုအချိန် က နိုင်ငံ က ပြုပြင် ပြောင်းလဲဖို့ ကြိုးစား နေတယ်။ စတင် ပြောင်းလဲနေတယ် ဆိုပေမယ့် အုပ်ချုပ်ရေး ယန္တရားတွေ အာဏာ စက်တွေက အောက်ခြေ အထိ သိပ်မရောက်သေးဘူး။ အပြောင်းအလဲ သိပ်ပြီး မလုပ်နိုင် သေးတဲ့ အခြေအနေတွေ ရှိနေတော့ ဒီလို Forum မျိုးတွေ နယ်တွေမှာ လုပ်ဖို့ ဆိုတာ ခက်ခဲပါတယ်။ အမှန် ကတော့ မြို့ကြီး ပြကြီးတွေ နဲ့ သိပ် မဝေးတဲ့ နယ်တွေ ရွာတွေ မှာရှိတဲ့ အမျိုးသမီးတွေ မှာတောင်မှ သူတို့ ရဲ့ Capacity က တော်တော်လိုပါ တယ်။ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေ က မြို့ကြီးတွေမှာ ရှိ အမျိုးသမီးတွေ နဲ့ ယှဉ်ရင် နိမ့်ကျ နေသေးတယ်။ ဒီတော့ အမျိုးသမီး တို့ရဲ့ အသံ Women’s Forum က ဒီထက် ပိုပြီးတော့ နယ်တွေမှာပါ ဆင်းပြီး လုပ်နိုင်မှ အမျိုးသမီးထု ရဲ့ အသံကို ပိုပြီးတော့ ပီပီပြင်ပြင် ကြား ရမယ်။ အမျိုးသမီး အများစုက ရှေ့ထွက်ဖို့ ဆိုရင် သူတို့ ကိုယ်သူတို့ ယုံကြည်မှု မရှိကြဘူး။ တစ်ကမ္ဘာလုံး က အမျိုးသမီးတွေက အမျိုးသားတွေ ထက် ခြေတစ်လှမ်း နောက်ဆုတ် နေရတဲ့ သဘောမျိုး ရှိတယ်။ အမျိုး သမီး တစ်ယောက် ရှေ့ထွက်ဖို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုတယ်။ ငါ့မှာလည်း အရည်အချင်း ရှိတယ်။ ငါလည်း လုပ်နိုင်တယ် ဆိုတဲ့ စိတ်ဓာတ် မျိုးတွေ ရှိလာဖို့ က ကျွန်မ တို့က အားပေး ရပါမယ်။

အယ်ဒီတာအဖွဲ့

ဒေသစွဲအမည်များနှင့် ဆင်တူယိုးမှားကျောက်မျက်များ

$
0
0

အချို့ကျောက်မျက်များ၏ အမည်များရှေ့ တွင် ထွက်ရှိရာဒေသ၏ အမည်များကို အစွဲပြု၍ ခေါ်ဝေါ်ရောင်းချနေကြသော်လည်း ယင်း ကျောက်မျက်များသည် အမှန် တကယ်အားဖြင့် ယင်းတို့ခေါ်ဝေါ်ရောင်းချနေသည့် ကျောက်မျက် အမည်အစစ်အမှန်များ မဟုတ်ကြဘဲ ယင်း ကျောက်မျက်အစစ်များနှင့် ဆင်ဆင်တူသည့် ဆင်တူ ယိုးမှားတွင်းထွက်များသာ ဖြစ်ကြပါသည်။ ဥပမာအားဖြင့် ပတ္တမြားနှင့်နီလာတို့သည် ကိုရမ်ဒမ် Corundum) မျိုးရင်းဝင် ကျောက်မျက် များဖြစ်ကြပြီး အနီရောင်ဖြစ်ပါက ပတ္တမြားဟု ခေါ်ကြပြီး အပြာရောင်ဖြစ်ပါက နီလာဟုခေါ်ကြ ပါသည်။ သို့ပါသော်လည်း အပြာရောင်ကျောက် တိုင်းသည် နီလာမဟုတ်သလို နီလာကျောက်မျက် သည် လည်း အပြာရောင်တစ်ခုတည်းရှိသော ကျောက်မျက်မဟုတ်ပါ။ နီလာကျောက်သည် အရောင်မဲ့မှသည် အဖြူရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ ခရမ်းရောင်၊ အနက်ရောင်၊ မဲနယ်ရောင်၊ လိမ္မော်ရောင်၊ နို့နှစ် ရောင်စသည်ဖြင့် အရောင်စုံနီးပါးရှိသော ကျောက်မျက်လည်း ဖြစ်ပါသည်။ ပတ္တမြား၊ နီလာ၊ မြ၊ စိန်၊ ကျောက် စိမ်းစသည်တို့သည် တန်ဖိုးကြီး ကျောက်မျက်များဖြစ်သည့်အားလျော်စွာ ယင်းတန်ဖိုးကြီး ကျောက်မျက်များနှင့် ခပ်ဆင်ဆင် တူသော အခြားကျောက်မျက်များကို လည်း ဈေးကောင်းရရှိရန် ရည်ရွယ်၍ ဒေသစွဲအမည် များဖြင့် တန်ဖိုးကြီးကျောက်မျက်တို့၏အမည်များ ကို တွဲဖက်၍ ဝယ်ယူသူအား ထင်ယောင်ထင် မှား ဖြစ်စေခြင်း အလို့ငှာ ပြောဆိုရောင်းချလေ့ရှိကြပါ သည်။ သို့ပါ၍ ကျောက်မျက်ဝယ်ယူဝတ်ဆင်သူ များ အဝယ်မမှားစေရန်နှင့် ကျောက်မျက်ရတနာ များကို စိတ်ဝင်စား ချစ်မြတ်နိုး သူများအတွက် ဗဟုသုတရရှိစေခြင်း အကျိုးငှာဒေသစွဲအမည် များဖြင့် ဆင်တူယိုးမှားကျောက်မျက်အချို့အား ဖော်ပြအပ်ပါသည်။

မိုးညှင်းနီလာ (Kyanite)

သာမန်အားဖြင့် အပြာရောင်နီလာကျောက် နှင့် ခပ်ဆင်ဆင်တူပြီး ကချင်ပြည်နယ်မိုးညှင်းဒေသမှ ထွက်ရှိသောကြောင့် ‘မိုးညှင်းနီလာ’ ဟု အမည်ပေးထားသော အပြာေ ရာင်တွင်းထွက် ကျောက်တစ်မျိုးမှာ အမှန်တကယ်အားဖြင့် နီလာကျောက်မျက်မဟုတ်ဘဲ အလူမီနီယမ်ဆီလီ ကိတ်များဖြင့် ဖွဲ့စည်းထားသော မာဆင့် (hardness) မှာလည်း နီလာကျောက်မျက်ထက်နည်းသဖြင့် အထိအခိုက်၊ အပွန်းအပဲ့ဒဏ်ခံနိုင်မှုနည်းကာ အလွယ်တကူကျိုးပဲ့နိုင်ပြီး သိပ္ပံအမည်အားဖြင့် Kyanite ဟုခေါ်သော တွင်းထွက်တစ်မျိုး ဖြစ်ပါသည်။ အပြင်အမြင်အားဖြင့် နီလာကျောက် မျက်ကဲ့သို့ လှပ၍ဆွဲဆောင်မှုရှိသော အပြာရောင် မျိုးရှိသော်လည်း တွင်းထွက်ေ ကျာက်၏ မာဆင့် နည်းပါးမှုနှင့် ကွဲအင်ပြင်ညီများ (Cleavage)  ပါရှိသောကြောင့် ရေရှည်တွင် ကျောက်မျက်၏ တောက်ပပြောင်လက်မှု အရည်အသွေးများ ကျဆင်း လာခြင်း၊ အကြမ်းမ ခံခြင်း၊ ထိခိုက်လွယ် ပြီး ပွန်းပဲ့ကျိုးအက်တတ်ပါသည်။ ထို့အပြင် အရွယ်အစားတူ အသွေးအရောင်တူ၊ သွေးထား ပုံခြင်းတူညီသော နီလာတစ်ပွင့်နှင့် ‘Kyanite” တစ်ပွင့် တို့၏ ဈေးနှုန်းမှာလည်းအဆမတန် ကွာခြားလွန်းပါသဖြင့် နီလာကျောက်များ၏အမည်တွင် နီလာဟုခေါ်တိုင်း နီလာကျောက်မျက် အစစ်ဟုတ်၊ မဟုတ်ကို သေချာစွာ ဆန်းစစ်ရန် လိုအပ်သလို အမြဲဂရုတစိုက် သတိထားနေရန် လည်း လိုအပ်လှပါသည်။ သို့ပါ၍ နီလာကျောက် မျက်အစစ်နှင့် ဆင်တူယိုးမှားတွင်းထွက်များ၏ တွင်းထွက် ဆိုင်ရာဂုဏ်သတ္တိများကို နှိုင်းယှဉ် လေ့လာနိုင်ရန်အတွက် အောက်တွင်ဖော်ပြအပ် ပါသည်။

မိုးကုတ်မြ (Diopside) နှင့် လွိုင်ကော်မြ Green Tourmaline)

မြကျောက်သည် အစိမ်းရောင်ရှိသည်ကို လူတိုင်းနီးပါးသိရှိကြပါသည်။ သို့ပါသော်လည်း အစိမ်းရောင်ကျောက်တိုင်းသည် မြကျောက် မဟုတ်သလို မြကျောက် အပါအ ဝင် မြမျိုးနွယ် ကျောက်များသည် အစိမ်းရောင်အပြင် အခြား အရောင်များလည်း ရှိကြပါသည်။ အမှန်မှာ မြကျောက်သည် မြမျိုးကျောက် (Beryl) အုပ်စု ဝင်ကျောက် မျက် တစ်မျိုးဖြစ်ပြီး မြကျောက်အုပ်စုတွင် အစိမ်းရောင်ရှိသောကျောက်ကို မြကျောက် (Emerald) ဟုလည်းကောင်း၊ ပင်လယ်ပြာရောင် ရှိသောကျောက်ကို မြပြာ (Aquamarine) ဟု လည်းကောင်း၊ အနီရောင် (သို့) ပန်းရောင်ရှိသောကျောက်ကို (Morganite)ဟုလည်းကောင်း၊ အဖြူရောင် (သို့) အရောင်မဲ့ရှိသောကျောက်ကို မြဖြူ (Goshenite) ဟုလည်းကောင်း ခေါ်ဝေါ် ကြပါသည်။ မြန်မာနိုင်ငံသည် ကျောက်မျက်မျိုးစုံ နီးပါးလောက် ထွက်ရှိသောနိုင်ငံဖြစ်သော်လည်း အစိမ်းရောင်မြကျောက်များ မထွက်ပါ။ သို့သော် မြအနွယ်ဝင်ဖြစ်သော အခြားအရောင်မြကျောက် များထွက်ရှိပြီး ယနေ့ မြန်မာလူမျိုးများ၊ ဝတ်ဆင် နေကြသော လက်ဝတ်ရတနာများတွင် မြကျောက် သည် လေးဆယ်ရာခိုင်နှုန်းနီးပါးခန့်ရှိပြီး မြကျောက်သည် မြန်မာလူမျိုးများ နှစ်သက်တန်ဖိုး ထားသော ကျောက်မျက်တစ်မျိုးလည်း ဖြစ်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အစိမ်းရောင် မြကျောက်မထွက်သောကြောင့် မြနှင့်ဆင်တူသော အခြားအစိမ်းရောင် တွင်းထွက်ကျောက်များကို ထွက်ရှိရာဒေသကို အစွဲပြု ၍ မြကျောက်များအဖြစ် တင်စားခေါ်ဝေါ်ရောင်းဝယ်လျက်ရှိရာ မိုးကုတ်မြ (Diopside) နှင့် လွိုင်ကော်မြ (Green Tourmaline) တို့သည် မြကျောက်နှင့် ဆင်တူ ယိုးမှား အစိမ်းရောင်တွင်းထွက်များသာ ဖြစ်ကြပြီး မြကျောက်အစစ်များ မဟုတ်ကြပါ။ မိုးကုတ်မြ ဆိုသည်မှာ မြန်မာ့မိုးကုတ်ရတနာမြေမှထွက်ရှိ သဖြင့် ထွက်ရှိ ရာဒေသ ကိုအစွဲပြု၍ မိုးကုတ်မြဟု အမည်ပေးထားခြင်း ဖြစ်ပါသည်။ မိုးကုတ်မြကို ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆီလီကိတ်များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး မြစိမ်းရောင်ရှိကာ မာဆင့် မှာလည်း ၅ သာရှိသဖြင့် မြကျောက်အစစ်ထက် မာဆင့်နည်းပြီး အထိအခိုက် အပွန်းအပဲ့ဒဏ် ခံနိုင်မှုနည်းကာ ကြာရှည်ဝတ်ဆင်ထား ပါက ကျောက် ၏တောက် ပပြောင်လက်မှုများ လျော့ကျ သွားနိုင်ပါသည်။ ထို့နည်းတူစွာပင် လွိုင်ကော်မြ ဆိုသည်မှာ ကယားပြည်နယ် လွိုင်ကော်မြို့အနီး ပတ်ဝန်းကျင်မှ ထွက်ရှိသဖြင့် ထွက်ရှိရာေ ဒသကို အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပါသည်။ လွိုင်ကော်မြသည် တိုမလင်း (Tourmaline)  အုပ်စုဝင် တွင်းထွက်တစ် မျိုးဖြစ်ပြီး မြစိမ်းရောင်ဖြစ်သောကြောင့် အစိမ်းရောင်တိုမလင်း (Green Tourmaline)  ဟုခေါ်၍ အချို့ကလည်း ဖရဲအူ စိမ်းကျောက်ဟုခေါ်ဝေါ်ကြပြီး မြကျောက်နှင့် ဆင်တူသောကြောင့် လွိုင်ကော်မြဟု အမည်ပေးကာ ရောင်းဝယ်ကြသော်လည်း ယင်းတို့မှာ မြကျောက်အစစ်များမဟုတ်ကြဘဲ မြကျောက်နှင့် ဆင်တူယိုးမှား တွင်းထွက်များသာ ဖြစ်ကြပါသည်။ တစ်ခါ တစ်ရံ ကျောက်မျက်ဈေးကွက်ထဲတွင် မိုးကုတ်မြကို ‘ကျားကြီးမြ’ ဟုခေါ်ပြီး လွိုင်ကော်မြကို ‘စောလဖောမြ’ ဟုခေါ်ကာ ရောင်းဝယ်ကြ သဖြင့် ယခုဖော်ပြခဲ့သော ‘မြ’ အမည်ပါ ကျောက် များသည် မြကျောက်အစစ်များမဟုတ်သည်ကို သိရှိထားရန် လိုပါသည်။ သို့ပါ၍ စာဖတ်သူများ လေ့လာမှတ်သား ထားနိုင်ရန်အ တွက် မြေ ကျာက် နှင့်ဆင်တူသော ဆင်တူယိုးမှားတွင်းထွက်များကို ၎င်းတို့၏ တွင်းထွက်ဂုဏ်သတ္တိများနှင့်တကွ အောက်တွင်ဇယားဖြင့် ဖော်ပြအပ်ပါသည်။

ပူတာအိုကျောက်စိမ်း(Hydrogrossular Garnet)

ကမ္ဘာပေါ်တွင် အဓိကကျောက်စိမ်းအမျိုး အစားကြီး ၂ မျိုးရှိပြီး ၎င်းတို့မှာ ဂျေဒိုက်ကျောက်စိမ်း (Jadeite Jade) နှင့် နက်ဖရိုက်ကျောက်စိမ်း (Nephrite Jade) တို့ဖြစ် ကာ ဂျေဒိုက်ကျောက်စိမ်း သည် နက်ဖရိုက်ကျောက်စိမ်းထက် ပိုမိုအရည် အသွေးကောင်းသောကြောင့် တော်ဝင်ကျောက် စိမ်းဟု သတ်မှတ်ထားပြီး နက်ဖရိုက်ကျော က်စိမ်း ကို အဆင့်နိမ့်ကျောက်စိမ်းအဖြစ် လက်ခံထားကြ ပါသည်။ ထိုကဲ့သို့ အမျိုးအစားမတူသော တွင်းထွက် ၂ မျိုးစလုံးကို ကျောက်စိမ်းအဖြစ် လက်ခံ ထားခြင်းမှာ လည်း ကျောက်စိမ်း၏ ထူးခြားချက် ဖြစ်သလို ကျန်သည့်ကျောက်မျက်တွင်းထွက်များ သည် သူ့အုပ်စုနှင့်သူသာ သီးခြားစီရှိကြပါသည်။ ထို့အပြင် ကျောက်စိမ်းသည် အခြားတွင်းထွက် ကျောက်မျက်များနှင့်မတူဘဲ ထုထည်လိုက် တန်ချိန်ရာနှင့် ထောင်နှင့်ချီ၍ ထွက်သော ကျောက်အမျိုးအစားဖြစ်သလို ကျောက်စိမ်းသည် အဖြူရောင်၊ အရောင်မဲ့မှသည် အနက်ရောင်အထိ အရည်အသွေးလည်း မျိုးစုံနီးပါးရှိသလို ကျောက် စိမ်း၏အသားသည်လည်း ဖန်သား၊ မှန်သားကဲ့သို့ အလင်းမှုန်ကျောက်သားမှ သည် အလင်းပိတ်အထိ ကျောက်အသားအမျိုးမျိုးရှိကာ ကျောက်စိမ်းကို အဖိုးတန် လက်ဝတ်တန်ဆာအနေနှင့်သာမကဘဲ ရုပ်တုရုပ်ထွင်းများနှင့် လူ့အသုံးအဆောင် ပစ္စည်း များ အလှဆင်ကျောက်များအနေနှင့်ပါ အသုံးပြု ကြပါသည်။ ထို့ကြောင့် ကျောက်စိမ်းတစ်ပွင့်၏ တန်ဖိုးသည်လည်း သာမန်ကျပ်ရာဂဏန်းမှသည် သိန်းသန်းချီ၍ တန်ဖိုးရှိနိုင်ကြပါသည်။ ကမ္ဘာပေါ် တွင် ကျောက်စိမ်းထွက်ရှိသည့် နိုင်ငံများရှိသော် လည်း မြန်မာ့ကျောက်စိမ်းသည် အရည်အသွေး အကောင်းဆုံးနှင့် လူကြိုက်အများ ဆုံးဖြစ်ကာ တန်ဖိုးလည်း အမြင့်ဆုံးဖြစ်ပါသည်။

ထို့ကြောင့် ကျောက်မျက်လောကနှင့် ကျောက်စိမ်းဈေးကွက်တို့တွင် လူလုပ်ကျောက်စိမ်း အတုအပများ၊ ပြုပြင်မွမ်းမံထားသော ကျောက် စိမ်း များ၊ ဆင်တူယိုးမှားတွင်း ထွက်များကို ထွက် ရှိရာဒေသအမည်များတပ်၍ ကမ္ဘာအနှံ့တွင် ကျောက်စိမ်းအမျိုးကွဲများအဖြစ် ရောင်းဝယ်နေကြ သည်များလည်း ရှိပါသည်။သို့ပါ၍ မြန်မာနိုင်ငံ တွင်လည်း ကျောက်စိမ်း ထွက်ရှိရာ ကချင်ပြည်နယ်ရှိ ပူတာအိုဒေသမှ ထွက်ရှိသော ကျောက်စိမ်းနှင့် ဆင်တူသော တွင်းထွက်တစ်မျိုးကို ပူတာအိုကျောက်စိမ်း ဟု ခေါ်ဝေါ်၍ ရောင်းဝယ်နေကြသည်များလည်း ရှိပါသည်။ အမှန်တကယ်မှာ ပူတာအိုကျောက်စိမ်း ဆိုသည်မှာ ကျောက်စိမ်းအစစ်မဟုတ်ဘဲ ဥဒေါင် ကျောက်  (Garnet)  အုပ်စုဝင် အစိမ်းရောင်ဥဒေါင် ကျောက်တစ်မျိုးသာဖြစ်ပြီး ယင်း၏တွင်းထွက် အမည်မှာ ‘Hydrogrossular Garnet’ ဖြစ်၍ အစိမ်းရောင်အပြင် စိမ်းဝါရောင်၊ ပန်းရောင်၊ အပြာနုရောင်၊ နှင်းဆီနီရောင်စသည်ဖြင့် အရောင်စုံနီးပါး တွေ့ရှိရပါသည်။ ယင်းကျောက် သည် အာဖရိကတိုက် ထရန်စဗားလ်ပြည်နှင့် အမေရိ ကန်ပြည်ေ ထာင်စု အော်ရိဂွန်ပြည်နယ်တို့ မှလည်း ထွက်ရှိသောကြောင့် ၎င်းဥဒေါင်စိမ်း ကျောက်ကိုပင် ကမ္ဘာ့ကျောက်မျက်ဈေးကွက်တွင် အာဖရိကကျောက်စိမ်း (Africa Jade)  ၊ ထရန်စဗားလ်ကျောက်စိမ်း (Transvaal Jade) ၊ အော်ရီဂွန်ကကျောက်စိမ်း(Origon Jade) ဟု အမျိုးမျိုးပြောဆိုရောင်းဝယ်ကြပါသည်။ ထို့အပြင် အခြားတွင်း ထွက်များဖြစ်သော ကြွေကျောက် (Feldspar)  အုပ်စုဝင် မိုက်ခရိုကလိုင်းကျောက် (Microcline) ကို ‘အမေဇုံကျောက်စိမ်း’ (Amazonite Jade) သို့မဟုတ် ကိုလိုရာဒိုေ ကျာက်စိမ်း(Colorado Jade) အဖြစ်လည်းကောင်း၊ ဆာပင်တင်းကျောက်(Serpentine)  အုပ်စုဝင် ဗိုဝင်နိုက်တွင်းထွက် (Bowenite) ကို ကိုရီးယားကျောက်စိမ်း (Korean Jade) အဖြစ်လည်း ကောင်း၊ အိုင်ဒိုခရေ့တွင်းထွက် (Idocrase) ကိုလည်း ကာလီဖိုးနီးယားကျောက်စိမ်း (California Jade) အဖြစ်လည်းေ ကာင်း၊ ကျောက်သလင်းစိမ်း(Green Quartzite)  ကိုလည်း အိန္ဒိယကျောက်စိမ်း (Indian Jade)  အဖြစ်လည်းကောင်း၊ ခရိုင်ဆိုပရေ့ (Chrysoprase) တွင်းထွက် ကို လည်း သြစတေးလျကျောက်စိမ်း(Australia Jade)  အဖြစ်လည်း အမျိုးမျိုး ရောင်းဝယ်ကြလေ့ရှိပါ သည်။ သို့ပါ၍ စာဖတ်သူများအနေဖြင့် ကျောက် စိမ်းနှင့် ဆင်တူ ယိုးမှားတွင်းထွက်များကို လေ့လာ ကြည့်ရှုနိုင်ရန် ရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်သော အစိမ်းရောင် ကျောက်မျက်တစ်မျိုးဖြစ်သည့် မြကျောက်နှင့် ဆင်တူယိုးမှား တွင်းထွက် များ ဇယား ကိုပင် ကြည့်ရှုလေ့လာနိုင်ပါသည်။

သိန်းပိုင် (M.Engg.Geol)

တယ်လီဖုန်းယဉ်ကျေးမှု အလေ့အကျင့်ကောင်းများ

$
0
0

ဖုန်းခေါ်ဆိုသူသည် စကားပြောသည့် အချိန်ကို သတိပြုပါ။

(၁) သင်နှင့်ဖုန်းပြောမည့်သူအတွက် နိုးကြားတက်ကြွမှု အကောင်းဆုံးရှိနေချိန်ကို ရွေးချယ်ပြောဆိုတတ်ခြင်းသည် အကြောင်းအရာတစ်ခုအတွက် ထိရောက်မှု အရှိဆုံးဖြစ်ကြောင်း သတိပြုပါ။

(၂) အရေးကြီးသော ဖုန်းခေါ်ဆိုများသည် ပင်ပန်းနွမ်းနယ်နေသောအချိန် သို့မဟုတ် တစ်ဖက်သားအတွက် အလုပ်အလွန်ရှုပ်နေသော အချိန်များ ၌ အာရုံစူးစိုက် မှု လျော့ပါးနေတတ်သည်။ အကောင်းဆုံးမှာ နိုးကြားမှု အရှိဆုံး နံနက်ပိုင်းဖြစ်စေ အလုပ် အားလုံးပြီးစီးသည့် ညပိုင်းဖြစ်စေ ရွေးချယ်မှုသည် အသင့်တော် ဆုံး ဖြစ်နိုင် ပါသည်။ သို့ရာတွင် အားလပ်ရက်အတွင်း မိသားစုနှင့်အနားယူနေ သည့် အချိန်များတွင် ဆက်သွယ်ပြော ဆိုရန် မပြုသင့်ပါ။

(၃) တစ်ဖက်သားစိတ်ထဲတွင် ကြည်လင် ရွှင်ပြနေချိန်တွင် ဖုန်းပြောဆိုခြင်း သည် ကုန်ပစ္စည်းတစ်ခုအတွက် Marketing လုပ်နေသူ တစ်ဦးအတွက် အောင်မြင် မှုအရှိ ဆုံးဖြစ်တတ်သည် ဟု မှတ်ချက်ပြုထားကြသည်။

(၄) အိမ်ရှိ ဆိုဖာပေါ်တွင် ပျော့တိပျော့ခွေ ထိုင်ပြီးဖုန်းပြောနေသူသည် စီးပွားရေး အလုပ်သဘောမဆန်သည့် အသံမျိုး ကိုဖြစ်ပေါ်စေတတ်ပြီး တစ်ဖက်သား အတွက် စိတ် မဝင်စားသည့် အနေ အထားကို ရောက်ရှိသွားနိုင်သည်။ ရုံးအလုပ်မျိုးကို မိမိနေအိမ်မှ ဖုန်းခေါ် ဆိုပြောခြင်းကိုလည်း အထူးသတိချပ် အပ်ပေသည်။နားထောင်သူအတွက် ညက်ညော နားဝင်ချို အောင်ပြောဆိုတတ်မှုလည်း အရေးကြီးပါသည်။

(၁) အချိန်တိုတိုအတွင်း သွက်လက်ဖျတ် လတ်ကျွမ်းကျင်စွာဖြင့် တိုတိုနှင့်လိုရင်း ကို ပြောဆိုတတ်မှုသည် တစ်ဖက်သား အပေါ်တွင် ဂရုစိုက်မှုအား ပိုကောင်း လာေ စနိုင်ပြီး အောင်မြင်သော စူပါဖုန်းပြောတတ်သူအဖြစ် ရောက်ရှိနိုင်ပေသည်။

(၂) ဖုန်းခေါ်ဆိုခံသူတစ်ဦးအတွက် ၎င်းတွင်ရှိနေတတ်သည့် အခက်အခဲဒုက္ခများ ကြုံနေရသူတစ်ဦးအား စာနာမှုကို မျှဝေခံစားတတ်သူအဖြစ် ရှိနေသည် ကိုလည်း သတိပြုပါ။

(၃) ဖုန်းခေါ်ဆိုခံရသူနှင့် မိမိသည် စကားဝိုင်းတစ်ခုကို အချိန်တိုအတွင်း အတူတကွစိတ်ပါဝင်စားစွာ ပြောဆိုဝိုင်းဖွဲ့ အသွင်ဖြစ်အောင် ဖန်တီးရပါမည်။
(၄) မိမိဖုန်းပြောမည့်သူသည် ပြဿနာ တစ်ခု (သို့) အခက်အခဲတစ်ခုရှိနေ တတ်သည်ကိုလည်း နားလည်ပေးထား ရန် လိုအပ်သည်။
(၅) မိမိနှင့် ဖုန်းပြောမည့်သူတွင် ဖုန်းလိုင်း အများအပြားရှိလျှင် အကောင်းဆုံးကို ရွေးသုံးပါ။

ဖုန်းလက်ခံပြောသူများအထူးသတိ

ခေါ်ဆိုမှုတစ်ခုသည် သင်နှင့်မဆိုင်သည့်အခါ အထူးသတိပြုရမည့်အချက်ဖြစ်သည်။

(၁) ပြောလာသူကို လုံးဝအပြစ်မတင်ပါနှင့်။
(၂) ‘မင်းဆက်နေတာဟာ ဌာနမှားနေပြီ’ ဟူသော အပြောသည် ဖုန်းခေါ်နေသူ ကို အပြစ်တင်သံပါနေကြောင်း သတိ ပြုပါ။
(၃) ‘မင်းဆက်နေတာဟာ မဟုတ်တဲ့ ဖုန်းနေရာကို ရောက်နေတယ်’ အားလုံး အပေါ်မှာ မကျေမနပ်အပြစ်တင် လေသံပါနေသည်ကို သတိပြုပါ။
(၄) စိတ်ရှည်သည်းခံတတ်စွာဖြင့် ပြန်လည် ပြောဆိုမှုဖြင့် အောင်မြင်သူတစ်ဦး ဖြစ်လာနိုင်ပါသည်။
(၅) ခက်ခက်ခဲခဲရှိနေသူကို ကူညီမှုဆန္ဒ ရှိပါစေ၊ ဖုန်းပြောလိုသူ၏ လိုအပ်သော နေရာကို စနစ်တကျမေးမြန်းပြီး ဖုန်း လွှဲပေးလိုက်ပါ။ သို့မဟုတ် သိလိုသည့် နေရာကို ရရှိနိုင်သည့်အကြံပေးပါ။
(၆) မိမိထက်ပို၍ သိနိုင်သောသူထံသို့ လွှဲပေးခြင်းမှာ အကောင်းဆုံးတာဝန် ယူမှုဖြစ်သည်။

ကိုလင်းမာန်အောင်

ကတ်သီး ကတ်သတ်ပြောတဲ့ တောက်တီးတောက်တဲ့

$
0
0

ယောင်တတ်ကြလွန်းလို့

ဒို့မြန်မာ များဟာ သူများ ယောင်ရင် လိုက်ယောင် တတ်တဲ့ အထဲ ထိပ်ဆုံး ကလို့ ပြောရင် နာကြ ဦးမယ်။ တောက်တဲ့မ တို့ရွာထဲမယ် ဆီပု လင်းလေး ကိုင်ပြီး လမ်းလျှောက် ရင်း နွား တစ်ကောင် လောက် သေးပေါက်တာ မြင်လိုက် လို့က တော့ ကိုယ့်လက်ထဲက ဆီပုလင်း ကိုပါ သွန် ပစ်မိ တာ။ အဲ . . . ဖေ့ဘုတ် ကြီးပေါ်မယ် ကြတော့ သူများ share ရင် လိုက်ရှဲ၊ သူများ ဆဲရင် လိုက်ဆဲ၊ သူများ မည်းရင် လိုက်မည်း။ သူများသည်းရင် လိုက်သည်း။ သူများ ကဲရင် လိုက်ကဲ။ သူများဟဲရင် လိုက်ဟဲ။ သူများက ဒါကို profile ပြောင်းကြဟေ့ဆို လိုက်ပြောင်းနဲ့ ဟုတ်နေရော။

အကြောင်း ကိစ္စ တစ်ခု ပေါ်လာရင် ပြဿနာ အဆင့် ဟုတ်ရဲ့လား၊  ပြဿနာ ရော ဟုတ်ရဲ့လား၊ ပြဿနာ ဆို တာရော သေချာပြီလား၊ ဘာတွေ ကြောင့် အခြေအနေတွေ က ကိုင်တွယ်ရ ခက်နေတာလဲ၊ အဖြေကို ရှာတွေ့ နိုင်လားတွေ မစဉ်းစားဘဲ ပြဿနာ ပုံချဖို့ လူ (သို့) အဖွဲ့ကိုပဲ ချက်ချင်း တွေးပြီး တရားခံ ရှာတတ်တဲ့ ဥာဉ်တွေနဲ့ပဲ ဝိုင်းရေးတာ များကြတယ်။  ဖြစ်နိုင်၏ မဖြစ်နိုင်၏ သေချာမစဉ်းစား၊ အပေါ်ယံ ခံစားချက် လောက် နဲ့ပဲ နက်နက်နဲနဲ မစဉ်းစားဘဲ အပြစ်တင်ကြ ၊ ဝေဖန်ကြ၊ လေကန်ကြ ဆိုတာ အားလုံး အသိ ပါပဲ။

ဒီတော့ကာ အားလုံး တိုးတက် ချင်ကြတယ် ဆိုရင်တော့ သူများယောင် အမောင်တောင်မှန်း မြောက်မှန်း မသိဘဲ လိုက်ယောင်တတ်တဲ့ ဒီလိုစတန့် မျိုး တွေကို မလုပ်ကြတော့ ပဲ ပြဿနာ တစ်ခုကြုံလာရတယ် ဆိုရင်  သေသေချာချာ လေ့လာ သုံးသပ်၊ ကိုယ်ကိုယ်တိုင် လည်း အဖြေမှန် ရစေဖို့ အတွက် ဝိုင်းစဉ်း စား၊ ဝိုင်းမေး ခွန်း ထုတ်၊ အခြေအနေတွေကို နားလည်ပြီး ဝိုင်းကူညီပေးတဲ့ စတန့်မျိုး ပြောင်းထွင် ကြည့်ကြရအောင်လား။

တောက်တဲ့မရဲ့ ညီမ တစ်ယောက်လည်း အများကို အားကျတော့ ဘာလုပ်လုပ် ဖေ့ဘွတ်ပေါ် တင်တာ။ အိပ်ရာထ၊ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး၊ အစာစား၊ အပြင်သွား၊ အိမ်ပြန်၊ TV ကြည့်၊ အိပ်ရာဝင်၊ အစီအစဉ် တိုင်းတင်တာ။ အိမ်ရဲ့နေရာ အစုံ၊ အိမ်ဖော်အစုံ လူအကုန် အကြောင်း မသိ ချင်မှ အဆုံး။ တစ်ရက်သား မယ် အိမ်ရှိ လူကုန် အလှူ သွားမယ် ဆိုပြီး တင်တော့ တစ်အိမ်လုံး အလွတ် ရနေတဲ့ FB ပေါ်က သူခိုးက အေးအေး ဆေးဆေးလေး ဝင်ခိုးပြီး message box ထဲ ကနေ ကျေးဇူး စကား ဆိုပြီး နှုတ်ဆက် သွားလေရဲ့။

 

တဏှာရာဂတွေကို ခေတ္တပယ်ရှားပေးကြစေလို

အနုပညာ လောကထဲကို ဝင်လာတဲ့ အမျိုးသမီးလေး များဟာ ငွေကြေး ရဲ့ဒဏ် ကို ခံနိုင်တဲ့ သူ နည်းပါ တယ်။ အပြိုင် အဆိုင် ဝတ်ချင်၊ သုံးချင် စိတ်တွေ ကြောင့် ကိုယ့် ကိုယ်ကိုယ် အနုပညာကြေး တင်မက အရွ ပညာဈေးတွေ ပါ ဖွင့်ကြရတယ်။

မီဒီယာထက် ကနေ ရည်းစား မရှိသေးပါဘူး ဆိုပြီး available လုပ်လို လုပ်၊ စူစူပြူပြူလေး များနဲ့ one get one free ပြောတော့ မယောင် ယောင် မျက်နှာပေး မျိုး ပေးလိုပေး။ မီဒီယာ များကလည်း အမျိုးသမီး တို့ ပုံရိပ် ကို လေးစားအားကျ စဖွယ်မျိုးကို တယ်ပြီး အသားမပေးချင်။ မင်းသမီး နားထဲ မျော့ဝင် လည်း သတင်း၊ ပါးစပ်ထဲ လျှာ တစ်လစ်ဖြစ်လည်း သတင်း၊ အဝှာထဲ အဝှာဝင် လည်း သတင်း၊ နောက်ဆုံး သတင်းကတော့ ဟို မင်းသမီး ပေါက်စလေး က ရွကြေး သိန်း ၁၂ဝ ဖွင့်လိုက် တဲ့ သတင်း။ ဒါမျိုး ကြားရင် ရုန်းကန်နေ ရပြီး ငွေလိုနေတဲ့ မိန်းကလေး ငယ်လေးများက တလွဲအားကျနိုင် တယ်။ အားမကျ ဖို့ပြောရမယ် ဆိုရင် ပွဲစားတွေ၊ အောင် သွယ်တွေ၊ ခေါင်း တွေဆီမှာ အချိန်စာရင်း၊ လူစာရင်း နဲ့ တကွ ကြေး စာရင်းတွေပါ ကိုင် ထားလို့ ကိုယ့်အနာဂတ် အတွက် သိက္ခာကို သူတို့ ဆီမှာ စပေါ် တင်ထားရ သလိုပါပဲ။ ပြန်ရွေးချင်ရင် လည်း ကြေးကြီး ပါသနော်။

တိုင်းပြည် တိုးတက်အောင် ဝိုင်းကြ ဝန်းကြရမယ့် အချိန်မှာ ဦးဦး တဏှာပိ တို့ကလည်း ခဏခဏ ထတတ် တဲ့ သွေးအထ လေ အဖိရောဂါ ကို နိုင်အောင် သတ်လို့ တကယ် လိုအပ်တဲ့ နေရာတွေမှာ ဝိုင်းဝန်း ကူညီကြပါဦး။ တဏှာ ရာဂ ကယ်ဆယ်ရေးတွေ ကို ခနနားပြီး တိုင်းပြည်မှာ တကယ် လိုအပ်နေတဲ့ လူမှုရေး ထည့် ဝင်ငွေတွေ၊ လူမှုရေး တာဝန်ယူမှုတွေ ဖက် ဦးလှည့်ကြပါဦး လို့။

 

ချစ်နေမှာပဲ

မောင်တောက်တီး တို့ သူငယ်ချင်း တစ်စု ကတော့ ကွန်နက်ရှင်လေး နည်းနည်း ကောင်းပြီ ဆိုတာနဲ့ facebook တစ်ခွင် ပြဲပြဲ စင်အောင် မိန်းကလေး ချောချောလေးတွေ ရှာပုံတော် ဖွင့်နေကျပါပဲ။

အဲသလို ချောချောလေး တစ်ယောက်လောက် ကို များ တွေ့လိုက်ပြီ ဆိုတာနဲ့ ကိုယ့် အချင်းချင်း ရှယ်ကြ ဖို့ကိုလည်း ကတိ ထားရသေးတယ်။ ပြီးမှ ကောင်မလေး တင်ထားတဲ့ ပုံတွေကို မွှေနှောက် ကြည့်ရှုပြီး ကွန်မင့်နုနု လေးတွေ ပေးကြ၊ Like တွေလုပ်ကြ၊ သူငယ်ချင်း အဖြစ် လက် ခံအောင် ပြောကြ နဲ့ တော်တော် အလုပ် ရှုပ်ကြ ရတယ်။ အဲသလို လုပ်နေကြချိန် မှာ ကွန်နက်ရှင် များ ကျသွား လို့ ကတော့ သေပေတော့ MPT ပဲ။ MPT ကို ဆဲဆို ကြိမ်းမောင်းသံတွေ မကြားဝံ့ မနာသာ ထွက်လာ ကြတော့ တာပါပဲလေ။ ကွန်နက်ရှင်လေး က လည်းကောင်း သူတို့ အသည်း အသန် လိုက် ချိတ်နေကြ တဲ့ ကောင်မလေးတွေ နဲ့ကလည်း အဆင်ပြေ ဆိုလို့ က တော့ မျက်နှာ ကြီးတွေ အဆီပြန်ပြီး၊ ပြုံးဖြီးဖြီး ကြီးတွေ ဖြစ်၊ ထမင်းမေ့ ဟင်းမေ့ ကွန်ပျူတာ ရှေ့က မထတော့ပဲကိုး။

ခုလည်း အလန်းစား ကောင်မလေး တစ်ယောက်ကို မောင်တောက်တီး တို့ တစ်အုပ်စုလုံး ဝိုင်းပြီး ‘ဂေါ်’ နေ ကြပြန် သကိုး။ ကောင်မလေး ကတော့ ခုထက်ထိ သူတို့ကို ဘာမှ ပြန်မပြောသေးပေမယ့် သူတို့ရဲ့ ကွန်မင့်တွေ၊ ကလိ တိတိ ရိတိတိ စကားတွေ၊ မိတ်ဆက် စကားတွေ၊ အိပ်ခါနီး နှုတ်ဆက် စကားတွေ၊ မိုးလင်းနှုတ်ခွန်းဆက် တွေ ကတော့ ကောင်မလေး ရဲ့ ပုံတွေအောက် မှာပြည့်နေပြီ။ အဲသလို ‘ဂေါ်’ ရေးပြနေကြတာ ၃ ရက်လောက် လည်းရှိရော ကောင်မလေး ရဲ့ Wall ပေါ်မှာ လူတစ်ယောက် က ရေးထားတဲ့ စာပိုဒ် တစ်ခုကို တွေ့ကြရပါလေရော။

စာက ဒီလို facebook တစ်ခွင်တွင် လွန်စွာနှာဘူး ထကြ ဂေါ်ကြော သန်ကြသည့် အမောင်လုလင် တို့သည် ကောင်မလေး လှလှ တစ်ယောက်တွေ့ သည်နှင့် ချစ် ချာလေး၊ so sexy, so cute ချစ်ချင် လိုက်တာ အစရှိသည် ဖြင့် ဝင်ရောက် မှတ်ချက်ပေး ကြကာ၊ နေ့မနား ညမအား ဝိုင်းဝန်းဂေါ်ကြ ရာ ယခု Wall ပိုင်ရှင်၏ ဓာတ်ပုံ များ အောက်တွင် ယင်းသို့သော မှတ်ချက်များကို ယခု တစ်လော ပို၍ ပို၍ တွေ့လာလေရကား မိမိခမျာ အသံကုန် ဟစ်၍သာ အတောမသတ် ရယ်မော လိုက် ချင်ပေတော့ သည်တကား။

ဒါနဲ့ပဲ မောင်တောက်တီး တို့ အုပ်စုလည်း ဘာကို ဆိုလိုမှန်းသေသေချာချာ မသိကြတာနဲ့ အူကြောင်ကြောင် ဖြစ်နေတုန်း သူတို့ထက် facebook ဝါရင့်တဲ့ ငနဲ တစ်ကောင် ရဲ့စကားကြောင့် အားလုံး ပက်လက်လန် လုမတတ် ဖြစ်သွားကြ ရတော့သကိုး။

နောက်ပိုင်း စုံစမ်းကြည့် ကြတော့လည်း ဒီငနဲ ပြောတာ ဟုတ် တယ်။ မောင်တောက်တီး တို့ ဝိုင်းဂေါ်နေကြတဲ့ ကောင်မလေး ဆိုတာ တကယ်တော့ ကောင်မလေး အစစ် မဟုတ်တဲ့ ဂေးလေး ဆိုတာ သိရတော့ တယ်။ ဒါတောင် မောင်တောက်တီး သူငယ်ချင်း တစ်ယောက်ကတော့ မလျှော့သေးဘူး။

”အိုကွာ… လှလို့ လှတယ်ပြောတာပဲ… ဂေးမကလို့ ဘာကြီး ဖြစ်နေဖြစ်နေ ချစ်စရာ ကောင်းရင်တော့ ချစ်နေမှာပဲ”တဲ့…။

 

ပွင့်လင်းမြင်သာမှုရှိကြစေဖို့

၂ဝ၁၅ နီးလာ လေလေ အသံ ပိုပြီးကျယ်လာ လေလေဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ ကြီးကို တောက်တဲ့မ တို့ နားမလည်လို့ ဘယ်လို အကြံမှ မပေးနိုင်ပေမယ့်၊ ခုခေတ်မှာ လူပြော များလာတဲ့ ပွင့် လင်း မြင်သာမှု ဆိုတဲ့ ဝေါဟာရ ကိုတော့ သဘော အကျသားရှင့်။

သူတို့ ပြောကြသလို ဆိုရင်တော့ အရင် အစိုးရ အဆက်ဆက် လက်ထက်မှာ ပွင့်လင်း မြင်သာမှု မရှိခဲ့သမျှ အဝဝ ကို ဒီမိုကရေစီ ခေတ်မှာ အပြည့်အဝ ပွင့်လင်းမြင်သာမှု ရှိလာအောင် ပြည်သူ အားလုံး က ဝိုင်းဝန်း ကြိုးပန်း ရမယ် ဆိုလားပဲ။ သတင်းတွေကို ပြည်သူဆီ ချမပြဘဲ ထိန်ချန် ထားတာ၊ နိုင်ငံတော် ဘဏ္ဍာရေး အသုံး စရိတ်နဲ့ ပတ်သက်လို့ ပြည်သူကို အသိမပေးဘဲ သုံးချင်သလို သုံးပစ်တာ၊ အများပြည်သူ အကျိုးမှာ ငွေတွေ မသုံးဘဲ စစ်တပ် ခေတ်မီ တိုးတက် ဖို့အတွက် ငွေတွေကို သုံးပစ်တာ၊ အစိုးရ အဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ မသိအောင် ဖုံးထားတာ… အို… ပွင့်လင်းမြင်သာမှု မရှိတာတွေ အများကြီး ရှိခဲ့သကိုး။ ကြည့်စမ်း…ဒါတွေ ကို တောက်တဲ့မ တို့ ရာစုနှစ် တစ်ဝက်စာလောက် ခံခဲ့ရတာကိုး။ ခုမှပဲ သိရတော့တယ်။ ဒါကြောင်လည်း ပွင့်လင်းမြင် သာမှု ဆိုတာကို ပြည်သူတွေ နားလည် သဘောပေါက် သွားအောင် လုပ်ပေးတဲ့ အဖွဲ့ အစည်း အဝဝကို တောက်တဲ့မ ကျေးဇူးတင် လိုက်တာ မပြောပါနဲ့တော့ရှင်….။ ပြီးတော့ ဆက် စဉ်းစားမိ လိုက်တာက ငယ်ငယ် က ဆိုခဲ့ရတဲ့ စာလေးပါ။ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊ မိမိအတန်း ကို ကောင်းအောင် ကြိုးစားမည်၊ မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည်၊ မိမိ တိုင်းပြည် အတွက် ကောင်းအောင် ကြိုးစားမည် ဆိုတာလေးကိုပါ။ ဒီသဘောအရ ဆိုရင် ပွင့်လင်း မြင်သာမှု ဆိုတာ တစ်ဦးချင်း၊ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်း ကစပြီး ရှိနေမှ သာလျှင် တိုင်းပြည်ကြီး တစ်ခုလုံး ပွင့်လင်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းကြီး ဖြစ်မယ် မဟုတ်ပါလား။ ဟဲ..ဟဲ… သဘော တရားကို လက်တွေ့ အဖြစ် ချက်ချင်းပြောင်း ကြည့်လိုက်ဦးမယ်။

”ကဲ… အဖေတို့ အမေတို့… သမီးတို့ တိုင်းပြည်ကြီး ပွင့်လင်းမြင် သာမှုရှိရေး အတွက် အဖေတို့ အမေတို့ ကိုယ်တိုင်လည်း ပွင့်ပွင့်လင်းလင်း ရှိကြမှ ဖြစ်မယ်နော်။ အဖေ လည်း လခ ထုတ်ရင် အမေ့ကို ပိုက်ဆံ အကုန် အပ်၊ ဟိုချောင်ထိုး သည်ချောင်ထိုး မလုပ်နဲ့။ ကြားပေါက်ရတာ ရှိရင်လည်း ဘတ်မထားနဲ့။ အမေက လည်း ဈေးဖိုး မကုန်ဘဲ ကုန်တယ် မလုပ်နဲ့။ အိမ်စရိတ်ကို မှန်မှန်ကန်ကန် သုံး။ မိသားစု အတွင်း အားလုံး ပွင့်လင်းမြင်သာမှု ရှိနေ ရမယ်နော်” လို့ ခပ်တည်တည် နဲ့ပြောချလိုက်တယ်။ အဖေကတော့ ရုတ်တရက် ကြောင်သွားပြီး မျက်လုံးကြီး ပြူးကြည့်နေတယ်။ အမေကတော့ ”ဟဲ့ တောက်တဲ့မ ရဲ့ ရိုးရိုးပဲ လုပ်ပါ။ အဆန်းတွေ မထွင်စမ်းပါနဲ့။ တစ်သက် လုံး ငါတို့ လင်မယား တည့်တည့် မတ်မတ်နေလာကြလို့ ညည်းတို့ ဒီအရွယ်အထိ ကြီးပြင်းလာကြရတာ။ ခုမှ ပွင်လင်း တာတွေ မပွင်လင်းတာတွေ လာလုပ်မနေ နဲ့။ ကိုင်း… ဒါဆို ညည်းတို့လည်း မုန့်ဖိုး ညာမတောင်းနဲ့။ အပို စရိတ်တွေ လာမပြနဲ့။ ရည်းစားနဲ့ သွားမယ်ဆိုရင် မှန်တဲ့ အတိုင်းပြော။ ဟိုလိုလို သည်လိုလို လုပ်ပြီး ညာ ထွက် မသွားနဲ့။ လုပ်လေ… လုပ်ပါ…စိမ်လိုက် စမ်းပါ” လို့ပြန်ပြောတော့တာပဲ။ မောင်တောက်တီး ကတော့ အိမ်ကို အဘတ်ဆုံးကောင် ဆိုတော့ အခန်းထောင့်မှာ ကုပ်နေရင်း က တောက်တဲ့မကို ခေါင်းခါပြတယ်။ မဖြစ်နိုင်ဘူး သွားမလုပ်နဲ့ ဆိုတဲ့သဘော။ အဖေကတော့ ”သမီးရယ်… ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတိုင်း ပွင့်လင်း လိုက် လို့ကတော့ ကွာ။ ကိုင်း..ညည်း ကိုယ်ညည်းပဲ ပြန်မေးကြည့်စမ်းပါ။ ဘယ်လောက် ပွင့်လင်းမြင်သာမှု ရှိနေပြီလဲလို့။ ဟိုကောင် ငဘတ်… တောက်တီးရော ဘယ်ချောင် ကုပ်နေတာလဲ။ လာစမ်းပါ။ ပွင့်လင်းမြင်သာ လိုက်ကြချင်လွန်းလို့….ဟွင်းဟွင်း…”

Viewing all 194 articles
Browse latest View live