Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

ဂျပန်ပြည်ကနေမျိုးနွယ်ဝင် ဘုရင်တို့ရဲ့တော်ဝင်နန်းဆက်ခံမှုအဖြာဖြာ

$
0
0

နေမျိုးနွယ်ဝင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ် ခေါ်ဝေါ်ကြတဲ့ ဂျပန်လူမျိုးတို့မှာ သက်တမ်းရှည် ဘုရင်စနစ်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ဘုရင်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်တို့လိုပဲ ဂျပန်မင်းဆက်က လည်း သူ့ဓလေ့၊ သူ့ထုံးတမ်းနဲ့ ယနေ့ထက်တိုင် အဓွန့်ရှည်ကာ တည်တံ့နေပါတယ်။ ဘုရင်စနစ် အုပ်စိုးတဲ့ နိုင်ငံများအနက် သက်တမ်းအရှည်ဆုံး ဘုရင်စနစ် အုပ်စိုးတဲ့ နိုင်ငံအဖြစ် ဂျပန်နိုင်ငံက မှတ်တမ်းဝင်ထားသလို ခရစ်မပေါ်မီ ဘီစီ ၆ ရာစု ကတည်းက Jimmu ဆိုတဲ့ ဘုရင်မင်းတရားက ပထမဆုံး မင်းဆက်အဖြစ် မှတ်တမ်းမှတ်ရာများ ရှိနေပါတယ်။ အခုချိန်မှာ ဂျပန်ပြည်ကို စိုးစံ နေတဲ့ မင်းကြီးကတော့ နာယူဟီတို (Crown Prince Nuruhito)ဖြစ်ပြီး သူဟာဘုရင်ကြီး အာကီဟီတိုနဲ့ သခင်မကြီး မီချီကို တို့ရဲ့ သားကြီး သြရသပဲ ဖြစ်ပါတယ်။ (၂၃.၂.၁၉၆ဝ) မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကြင်ရာတော် မင်းသမီး မာဆာကိုနဲ့ ၁၉၉၃ ခုနှစ်မှာ လက်ထပ်ပြီး သမီးတော်လေး အိုက်ကို ရှိပါတယ်။ Oxyford  ရှိ Merton College မှာ ပညာသင်ကြားခဲ့သလို Gakushuin University မှ ဘွဲ့ရရှိထားသူ ဖြစ်ပါတယ်။

သမီးမိန်းကလေးတွေ ထီးနန်းဆက်ခံခွင့်မရှိတဲ့ ဂျပန်ဘုရင်စနစ်ကြောင့် လက်ရှိဘုရင်ရဲ့သမီးတော် အိုက်ကိုဟာ တော်ဝင်မင်းသမီး (Princess Toshi)  အဖြစ်ပဲ ဆက် ခံခွင့်ရှိကာ ညီတော်မင်းသား အာကီရှီနိုက ဒုတိယမင်းဆက် အဖြစ် ဆက်ခံမှာဖြစ်ပါတယ်။ တတိယနန်းလျာ ကတော့ မင်းသား အာကီရှီနိုရဲ့ သားတော် ဟီဆာဟီတို (Hisahito) ဖြစ်ပြီး သူဟာ နန်းဆက်ပြတ်လုနီးပါးဖြစ်နေတဲ့ ဂျပန်မင်းဆက်ရဲ့ အလင်းရောင်ဖြစ်ပါတယ်။ သူ့ကို (၆.၉.၂ဝဝ၆) မှာ မွေးဖွားခဲ့ပြီး သူ့အပေါ်မှာ အစ် မတော်နှ စ်ဦး ရှိပါတယ်။ သူဟာ သားယောက်ျားလေး ပျောက် ဆုံးနေတဲ့ ဂျပန်နန်းဆက်မှာ ၄၁ နှစ်ကြာမှ ပေါ်လာတဲ့ ပထမဆုံး သားယောက်ျားလေးပဲ ဖြစ်ပါတယ်။

တော်ဝင်ဘုရင်တစ်ဦးရဲ့ တာဝန်

ပထမဆုံးမင်းဆက် Jimmu ဟာ ဘီစီ ၆ ရာစုမှာ ပေါ်ထွန်းခဲ့တာလို့ဆိုတာကြောင့် ဂျပန်မင်းဆက်ဟာ နှစ်ပေါင်း ၂၆ဝဝ နီးပါးရှိပြီလို့ ပြောလို့ရပါတယ်။ သူဟာ ဂျပန်ပြည်ကို ဖန်ဆင်းတဲ့ နေနတ်သား Amaterasu ဆီမှ ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ဝက်၊ လူသားတစ်ပိုင်း အဖြစ် ဂျပန်လူမျိုးတွေက ထင်မှတ်ထားကြ ပါတယ်။ ရာဇဝင်အရမဟုတ်ဘဲ ပထဝီအနေအထား အရ ပြောပြရရင်လည်း ဂျပန်ကို ‘Land of the rising sun ‘ လို့ ပြောကြပါတယ်။ ဂျပန်ပြည်ဟာ ဥရောပ ဘက်ကကြည့်ရင် အရှေ့ဘက်စွန်းကျပြီး ပစိဖိတ်သမုဒ္ဒရာဟာ သူတို့နိုင်ငံအနောက်မှာ ရှိတဲ့အခါ အရှေ့ဘက်ကို ကြည့်လိုက်တိုင်း နေရောင်တိုက်ရိုက်ကျတဲ့ နိုင်ငံအဖြစ်တွေ့ရတဲ့ အ တွက်ကြောင့် နေမင်းထွက်ရာမြို့ ‘source of the sun’လို့ ခေါ်ကြတာပဲ ဖြစ်ပါတယ်။ ဂျပန် လူမျိုးတွေကတော့ သူတို့နိုင်ငံကို နိပွန်နိုင်ငံတော် လို့ခေါ်ပြီး စာပေစ ကားနဲ့ ပြန်ဆိုရရင် ‘နေမင်း ထွက်ရာနိုင်ငံတော်’ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဂျပန်ဘုရင်မင်းဆက်ကို နတ်ဘုရားကဲ့သို့ ရိုသေလေးစားလာကြတာ ပထမကမ္ဘာစစ်မတိုင်ခင်အထိပါပဲ။ နှစ်ပေါင်းထောင်နဲ့ ချီကာ ဂျပန်ပြည်မှာ ဘုရင်ကို အသက်နဲ့လဲကာ ကာကွယ်စောင့်ရှောက်ဖို့ လူငယ်တွေဟာ အသက် ပြည့်တာနဲ့ ကိုယ်ခံပညာနဲ့ အခြားတတ်အပ်တဲ့ ပညာတွေကို သင်ယူကြရပါတယ်။ ဒီလိုနဲ့ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလထဲမှာ စစ်ရှုံးတဲ့အတွက် ဂျပန်ဘုရင်ဟာ နိုင်ငံတကာကို ဝန်ချတောင်းပန် မှုပြုတဲ့အခါမှ သူကိုယ်တိုင်နှုတ်မှ ‘ကျွန်ုပ်ဟာ သင်တို့ လူသားတွေနဲ့ ဘဝတူပါ၊ နတ်ဘုရား မဟုတ်ပါဘူး’ လို့ ဖွင့်ဟဝန်ခံပြောဆိုတဲ့ အသံနဲ့ ရုပ်ရည်ကို မြင်ရတဲ့အခါမှ သူတို့ ဂျပန်ပြည်မှာ သာမက တစ်ကမ္ဘာလုံးကပါ နတ်ဘုရားဆိုတဲ့ အမြင် ကို ခွာချနိုင်ခဲ့ပြီး နှစ်ထောင်နဲ့ချီကာ အရိုး စွဲခဲ့တဲ့ ရိုးရာအရ ယုံကြည်မှုပျက်သုဉ်းသွားခဲ့ပါ တယ်။ ဒီဘုရင်ရဲ့ နာမည်က ဟီရိုဟီတို (Hirohito) ဖြစ်ကာ သူဟာ နတ် ဘဝကနေ လူ့ ဘဝကို ဆင်းခဲ့တဲ့ ဘုရင်အဖြစ် စာရင်းဝင်ခဲ့ပါ တယ်။ သူ့လက်ထက်မှစပြီး ဂျပန်ပြည်မှာ လူသား ဖြစ်တဲ့ ဘုရင်ဖြစ်သွားခဲ့ပြီး အခုထိတိုင် အုပ်စိုး နေ တာဟာ သူ့အဆက်အနွယ်တွေပဲ ဖြစ်ပါ တယ်။

လူသားဖြစ်သွားမှန်းသိတဲ့အခါ ဘုရင်တွေ က လူသားတာဝန်တွေ ထမ်းဆောင်လာရပါ တယ်။ ဘုရင်ဟာ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ ပုံရိပ်ဖြစ်ပြီး ဘုရင် ဟာ နိုင်ငံ ရပ်ခြား က ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရခြင်း၊ ထမင်းအတူ လက်ဆုံစားရခြင်း၊ ဂျပန်ပြည်သူများထဲမှ ထူးချွန် သူများကို ဆုတံဆိပ် အပ်နှင်းပေး အပ်ခြင်း၊ အခါ အားလျော်စွာ နိုင်ငံရပ်ခြားနဲ့တကွ တိုင်းပြည် အတွင်း ခရီးလှည့်လည်သွားလာခြင်းတွေ ပြုလုပ် ရပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အသစ် ပြောင်း လဲခန့်အပ်တဲ့ အခမ်း အနားကို တက်ရောက်ရ သလို ရှင်တိုဗုဒ္ဓဘာသာရဲ့ အကြီးအမှူးတာဝန် ယူထားရတာကြောင့် ဘာသာရေးနဲ့ ပတ်သက် တဲ့ တာဝန်တွေ ထမ်းဆောင်ရပါ တယ်။  တော် ဝင်တစ်မိသားစုလုံးဟာ Imperial Palace ထဲမှာ တစ်စည်းတစ်လုံးတည်း နေထိုင်ကြပြီး သူတို့မှာကိုယ်ပိုင်ဝင်ငွေမရှိဘဲ အရာအားလုံးကို တိုင်းပြည် က ပြည်သူများရဲ့ အခွန် ဘဏ္ဍာငွေများနဲ့ စီစဉ်ပေးထားတာဖြစ်ပါတယ်။

လက်ရှိဘုရင် မိသားစု

လက်ရှိစိုးစံနေတဲ့ ဘုရင်ကတော့ နာယူဟီတို ဖြစ်ပြီးသူ့ရဲ့ ကြင်ရာတော်ကတော့ မင်းသမီးမာဆာကို ပဲဖြစ်ပါတယ်။ မင်းသမီး မာဆာကိုဟာ အရပ်သူတစ်ဦးဖြစ်ပြီး ဘုရင်နဲ့ လက်ထပ်ခဲ့တဲ့ အတွက် မင်းသမီးဖြစ်လာသူပါ။အရပ်သူဘဝကတော့ မာဆာကိုဟာ ဂျပန် နိုင်ငံ၊ တိုကျိုမြို့မှာ မွေးဖွားခဲ့ပေမယ့် နှစ်နှစ် သမီး အရွယ်မှာ မော်စကိုမြို့ကို မိဘတွေရဲ့ အလုပ် တာဝန်ကြောင့်ရောက်ရှိခဲ့ပါတယ်။ ငါးနှစ်သမီး အရွယ်မှာ နယူးယောက်ကို ရောက်ရှိခဲ့ပြီး ရှစ် နှစ်သမီးအရွယ်မှာတော့ တိုကျိုနိုင်ငံခြားရေးဝန် ကြီးဌာနမှာ တာဝန်ထမ်းဆောင်ရတဲ့ အဘိုးဖြစ် သူနဲ့အတူ ဂျပန်ပြည်ကို ပြန်လာခဲ့ပါတယ်။ Denenchofu  အရပ်မှာရှိတဲ့ ကက်သိုလစ် အမျိုးသမီးကျောင်းမှာ ပညာ သင်ကြားခဲ့ပြီး သူ့ အမေနဲ့ သူ့အဘွားနှစ်ဦးစလုံးစဟာ ဒီကျောင်း ထွက်တွေပဲ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်ရောက်တဲ့အခါ မာဆာကိုရဲ့ ဖခင်ဟာ နိုင်ငံတကာဥပဒေပညာရပ်အတွက် ပါမောက္ခရာထူးကို ဟားဗတ်တက္ကသိုလ်မှာ ထမ်းဆောင်ရတဲ့အခါ မာဆာကိုဟာ အမေရိ ကန်ပြည်ထောင်စုကို ရောက်ရှိပြန်ပါတယ်။ ဒါကြောင့် သူမဟာ  Belmont High School  မှာပညာသင်ကြားခဲ့ပါတယ်။ မာဆာကိုဟာ ရုပ်ရည်ချောမောပြီး အားကစားမှာလည်း ထူးချွန် တဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပညာရေးမှာလည်း ဟားဗတ်ကောလိပ်ကနေ စီးပွားရေးဌာနဝင်ခွင့် ပညာရည်ထူး ချွန်ဆုရခဲ့ပါသေးတယ်။

စီးပွားရေးဘွဲ့ရရှိပြီးတဲ့နောက်မှာတော့ မာဆာကိုဟာ ဂျပန်ကိုပြန်လာပြီး တိုကျို တက္ကသိုလ်မှာ ဥပဒေပညာရပ်ကို သင်ယူခဲ့ပြီး  နိုင်ငံခြားဝန်ကြီးဌာန ဝင်ခွင့် စာမေးပွဲ ကို ပြင်ဆင် ခဲ့ပါတယ်။ ဖြေဆိုသူအယောက် ၈ဝဝ မှာ ၂၈ ဦးရွေးပြီး အမျိုးသမီးအနေနဲ့ မာဆာကိုနဲ့ တကွ နှစ်ဦးပဲ ပါရှိပါတယ်။မာဆာကိုဟာ ဂျပန်ရေးရာ ဆက်ဆံရေး အ တွက် နိုင်ငံတကာ အေဂျင်စီများအဖွဲ့ (OECD) မှာ စတင်အလုပ်လုပ်ခဲ့ရပါတယ်။ ကိစ္စမြားမြောင်လှတဲ့ ဒီအဖွဲ့အစည်းမှာ ဂျပန်၊ အင်္ဂလိပ်၊ ရုရှား၊ ပြင်သစ်နဲ့ ဂျပန်လို တတ် တဲ့ ဂျပန်အမျိုးသမီးဟာ မာဆာကိုတစ်ဦးပဲရှိခဲ့တာ မို့ လုပ်ဖော်ကိုယ်ဖက်များ အကြားမှာ အင်မတန် ကျော်ကြားခဲ့ပါတယ်။ နှစ်နှစ်ကြာပြီး နောက်မှာ တော့ မာဆာကိုဟာ ဝန်ကြီးဌာနမှ လစာပြည့် ခံစားခွင့်နဲ့အတူ နှစ်နှစ်တိတိ နိုင်ငံခြားပညာသင် ဆုရွေးချယ်ခံခဲ့ရပါတယ်။

ဒီလိုပညာတော်တဲ့ အမျိုးသမီးဟာ တိုကျို တက္ကသိုလ်မှာ ပညာသင်ကြားစဉ်ကတည်းက မင်းသားနာယူဟီတိုနဲ့ ကြုံဖူးပါတယ်။ စတွေ့တွေ့ ချင်းမှာပဲ မင်းသားဟာ မာဆာ ကိုကို စိတ်ဝင်စား ခဲ့ပြီး သူမနဲ့တွေ့ဆုံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပါ တယ်။ မာဆာကိုဟာ သူမရဲ့ အလုပ်နဲ့အတူ သူမ ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားမှာ စိုးရိမ်တဲ့ အတွက် မင်းသားရဲ့ လက်ထပ်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ၃ ကြိမ်မြောက်မှာတော့ လက်ခံခဲ့ပါတယ်။ ဒါကြောင့် ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် နေ့မှာ သူတို့ရဲ့ စေ့ စပ်သတင်းကို တရားဝင်အနေနဲ့ Imperial House hold Council  က ထုတ်ပြန် ပေးခဲ့ပါတယ်။ ဧပြီ ၁၂ ရက်နေ့မှာ တရားဝင်စေ့စပ် ခဲ့ပြီး ဇွန်လ ၉ ရက်နေ့ မှာတော့ လက်ထပ် ခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပထမအကြိမ်ကိုယ်ဝန်ဆောင် ခဲ့ရပြီး ဒီကိုယ်ဝန်ဟာအဖတ်မတင်ခဲ့ပဲ ၂ဝဝ၁ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ သမီးတော် အိုက် ကိုကို မွေးဖွားခဲ့ပါတယ်။

ဒီနောက်ပိုင်း ၂ဝဝ၂ ခုနှစ်မှစကာ မာဆာ ကိုဟာ ပရိသတ်နဲ့ ပြည်သူများရှေ့က ပျောက်ကွယ်နေခဲ့ပြီး နိုင်ငံတကာပွဲတွေကိုလည်း ဘုရင် တစ်ပါးတည်း တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ နန်း တော်မှ ‘မင်းသမီးနေမကောင်းသောကြောင့် ဆေးကုသမှုခံယူနေရခြင်း’လို့ သတင်းထုတ်ပြန် ပေးခဲ့ရတဲ့အထိ ဘုရင့်မိဖုရား တစ်နည်းကြင် ရာ တော် တစ်ဦးရဲ့တာဝန် ပျက်ကွက်ခဲ့ရပါတယ်။

ဒီလောက်အထိ ဖြစ်သွားရတာက မင်းသမီး ဟာ သမီးတော်ပဲမွေးခဲ့တဲ့အတွက်၁၈၈၉ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့မင်ဂျီဥပဒေအရ သားယောက်ျားလေး သာနန်းဆက် ခံရမယ် ဆို တဲ့ ဥပဒေကြောင့် သားယောက်ျားလေးမွေးဖွားဖို့အတွက် နန်း တော် ရဲ့ ဖိအားတွေ အပေးခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။ သမီးတော်မွေးဖွားခဲ့ချိန်မှာ သက်တော် ၃၈ နှစ် အရွယ်ဖြစ်နေပြီး အသက် ၄ဝ နီးပါးမှာ အနာဂတ်ဘုရင်မွေးဖွားပေးဖို့ ဖိအားပေးခြင်းခံခဲ့ရ ရာမှာ စိတ်ဖိစီးမှုတွေဖြစ်ခဲ့ရပါတယ်။ ဒီကနေတစ် ဆင့် ပတ်ဝန်းကျင်နဲ့တကွ အရာအားလုံးကို အစီအစဉ်မကျတော့သော စိတ်ရောဂါကို ခံစား ခဲ့ရပါတယ်။ ဒီလိုကိစ္စဟာ မာဆာကို တစ်ဦးတည်း ကြုံတွေ့ရတဲ့ကိစ္စမဟုတ်ဘဲ ဘုရင့်မယ်တော်ကြီး မီချီကိုလည်း နန်းစံဘုရင်ကို မမွေးဖွားမီ ပထမ အကြိမ်ကိုယ်ဝန်ပျက်ကျခဲ့ရတုန်းကလည်း သုံးလ ကြာသည်အထိ အိပ်ရာထဲလဲခဲ့ပါတယ်။

အရပ်သူဘဝမှာ သိပ်ကို ထူးချွန်ထက်မြက် တဲ့ မာဆာကို တစ်ယောက်လည်း တော်ဝင် အမျိုး သမီးတို့ကြုံရတဲ့ ဒီကိစ္စကြီးမှာတော့ သူမ အရည် အချင်းအား လုံးပျောက် ဆုံးကျရှုံးခဲ့ရရှာပါ တယ်။ ဒီလိုနဲ့ ၂ဝဝ၆ ခုနှစ်မှာ ဘုရင့်ညီတော် အာကီရှီနိုက တတိယမြောက်နန်းလျာ ယောက်ျားလေး မွေးဖွား ပေးနိုင်တဲ့အတွက် သားသမီးမွေး ဖွားဖို့ ဖိအား မင်းသမီးဆီမှာမရှိတော့ပေမယ့် သမီးတော် ဘုရင်မမဖြစ်တော့ခြင်းနဲ့အတူ အတန်းကျောင်း မှာ သူမကို နိုင်စားတဲ့ သူများပေါများတဲ့ အတွက် မိခင်ကြီးမာဆာကို တစ်ယောက် ဝမ်းအနည်းကြီး နည်းခဲ့ရပြီး စိတ်နှလုံးချုံးချုံးကျနေတဲ့ သူမ အသွင်ကို ၂ဝ၁ဝ ပြည့် နှစ်အထိ တွေ့မြင်ခဲ့ရပါ တယ်။

၂ဝ၁၂ ခုနှစ်၊ သူမရဲ့ ၄၉ နှစ်မြောက်မွေးနေ့ မှာ ဂျပန်ပြည်သူလူထုရှေ့ကို ထွက်လာပြီး သူမ ကို နားလည်မှုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ခင်ပွန်းသည်နဲ့အတူ နယ်သာလန်နိုင်ငံရဲ့ မင်းကြီးအသစ် ဝီလျံအလက်စ်ဇန်းနားရဲ့ နန်း ဆက်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် ရဲ့ ဇွန်လ ထဲမှာ သူတို့အိမ်ထောင်သက်နှစ် ၂ဝ ပြည့်အထိမ်းအမှတ်ပွဲကို ပြုလုပ်ခဲ့သလို အခြား သော တော်ဝင်ကိစ္စတွေမှာလည်း တွေ့မြင်စပြု လာရပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်  သူမသက်တော် ၅ဝ ပြည့်ချိန်မှာတော့ သူမရဲ့ ကျန်းမာရေးနဲ့အတူ မိမိကိုယ်ကို ယုံကြည်မှုပါ ပြန်ရနေကြောင်း ရေးသားဖော်ပြလာခဲ့ပါတယ်။

တော်ဝင်မင်းသမီးတို့ရဲ့ ဒုက္ခ

ဒါဟာ အခြားဘုရင်အုပ်ချုပ်တဲ့နိုင်ငံများနဲ့ မတူကွဲပြားတဲ့ အချက်ဖြစ်ကြောင်း ပထမဦးဆုံး သိစေအပ်ပါတယ်။အင်္ဂလန်နိုင်ငံဆိုရင်လည်း မင်းဆက်မပြတ် တာတောင် ၂ဝ၁၃ ခုနှစ်မှာ တော်ဝင်ဥပဒေသစ် ပြင်ဆင်ထုတ်ပြန်ပြီး ဝီလျံမင်းသားရဲ့ ကြင်ရာ တော် ကက်သရင်းမစ်ဒယ်လ်တန်မွေးဖွားမယ့်ရင်သွေးဟာ မိန်းကလေးဖြစ်ခဲ့ရင်တောင် နန်းဆက်ခံခွင့်ရှိရမယ်ဆိုပြီး ဥပဒေကို ပြင်ဆင်ခဲ့ပါ တယ်။ ဂျပန်မှာတော့ ၄၁ နှစ်ကြာ မင်းဆက်ပြတ် နေတာ တောင် မင်းသမီးအိုက်ကီကို နန်းမပေးဘဲ ဘုရင့်ကြင် ရာတော်ကိုပဲ နောက်ထပ် ရင်သွေး မွေးခိုင်းပြီး တော်ဝင်ဥပဒေကို တင်းနေအောင်ထား ပါတယ်။ ကံကောင်းထောက်မစွာပဲ တတိယ နန်းလျာမင်း သားလေး မွေး ဖွားခဲ့ တာကြောင့် နေမျိုးနွယ်တွေ အသက်ဆက်လို့ရသွားတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ခက်ခဲနေတာက မင်းသမီးများရဲ့ လက်ထပ်မင်္ဂလာပွဲတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အခုချိန်မှာ တရားဝင်စဉ်းစားပြီး လုပ်ရမယ့် အပိုင်းဖြစ်နေပါတယ်။ အခုလက်ရှိဂျပန် မင်းဆက် မှာ မျိုးဆက် ၄ ဆက်ရှိနေပြီး အသက်အကြီးဆုံးက တော့ မင်းသားမီကာဆာဖြစ်ပြီး နန်းစွန့်ဘုရင် ကြီး ဟီရိုဟီတိုရဲ့ ညီအငယ်ဆုံးဖြစ်ပြီး ၁၉၁၅ ခုနှစ်မှာ မွေး ဖွားခဲ့သူပဲ ဖြစ်ပါတယ်။ အသက်အငယ်ဆုံးကတော့ မင်းသား လေး ဟီဆာဟီတို ဖြစ်ပြီး ၇ နှစ်အရွယ်ပဲရှိပါသေး တယ်။ ကျန်တဲ့သူ တွေကတော့ မင်းကြီးအာကီဟီ တို၊ လက်ရှိ ဘုရင်မကြီး နာယူဟီတို၊ အိမ်ရှေ့စံ အာကီရှီနိုတို့ ပဲဖြစ်ပြီး ကျန်တော်ဝင်များကတော့ မင်းသမီးတွေပဲ ဖြစ်ပါတယ်။ အားလုံးပေါင်း တော်ဝင် ၂၃ ဦးရှိနေကာ ကျန်တော်ဝင်များ ကတော့ မင်းသမီး တွေပဲဖြစ်ပါတယ်။အားလုံးဟာ အသက် ၁၆ နှစ်ကနေ နှစ်ဆယ်ကျော်အထိ ရှိကြပြီး အိမ် ထောင်ပြုရမယ့် အရွယ်တွေရော က်နေ ပါပြီ။ တစ်ဦးဆိုရင် အသက် ၃ဝ အရွယ်တောင်ရောက် နေပါပြီ။ လက်ရှိဘုရင်ရဲ့ ကြင်ရာတော်နဲ့ အိမ်ရှေ့ စံနဲ့ ကြင်ရာတော်တွေဟာ အသက် ၄ဝ ကျော် ကာ ၅ဝ ထဲ ကို ဝင်စပြု နေပါပြီ။

လက်ရှိဂျပန်တော်ဝင်တို့ ကျင့်သုံးတဲ့ ဥပဒေအရ ဂျပန်တော်ဝင်အမျိုးသမီးတွေဟာ မင်းမျိုးမင်းနွယ်မဟုတ်ဘဲ သာမန်အရပ်သားနဲ့ ယူပါက မင်းသမီးဘဝကို စွန့်လွှတ်ကာ သာမန် အရပ်သူဘဝကို ခံယူရမှာဖြစ်ပါတယ်။ ဘဝတူ မင်းမျိုးမင်းနွယ်တွေနဲ့ လက်ဆက်ဖို့ရာကလည်း ဂျပန်မင်းဆက် ၄ ဆက်မှာ အမျိုးသားက အရှေ့ မှာ ဖော်ပြခဲ့တဲ့ သူတွေကလွဲရင် မရှိတော့ပါဘူး။ ဒါကြောင့်မင်းသမီးတွေဟာ အခုထိ အိမ်ထောင် မပြုကြသေးပါဘူး။

ဒါ့အပြင် ဂျပန်နန်းဆက်မှာ သား၊သမီး မွေးဖွားခြင်းကလွဲရင် ကလေးမွေးစားတာကို ဥပဒေအရ တားမြစ်ထားပါသေးတယ်။ ဒါကြောင့် မင်းသမီးတွေ အိမ်ထောင် မပြု ဘဲနေခြင်းဖြင့် နောင် တတိယမင်းဆက် မင်းသားဟီဆာဟီတို လက်ထက်ရောက်ရင် အိမ်ထောင်ဦးစီး တာဝန် အနေနဲ့ လက်ရှိမင်းနှစ်ဆက်ထက် ပိုမိုတာဝန်ယူ ရဖို့ရှိနေ သလို နောင်မင်းဆက်မှာ ဆက်ခံသူ အမျိုးသားပါဝင်နိုင်ဖို့ရာ လက်ရှိမင်းကြီးရဲ့ ကြင် ရာတော်မာဆာကိုအပေါ် ဖိအားသက်ရောက် သလို သက်ရောက်တော့ မှာပဲ ဖြစ်ပါ တယ်။ (အရပ်စကားနဲ့ ပြောရရင် မာဆာကိုဟာ သား မမွေးနိုင်တဲ့အတွက် အပျော့စားစိတ် ရောဂါသည် ဘဝရောက်သွားတာကိုကြည့်ခြင်းဖြင့် ဂျပန်နိုင်ငံရဲ့ မိဖုရား ဘဝဟာ ရင်မောဖွယ်အထိ ပါ။)

မင်းသမီးတွေဟာ မညီမျှတဲ့ ခံစားခွင့်နဲ့ သူတို့ဘဝကို မင်းသမီးဘွဲ့နဲ့ ကျေနပ်နေရပြီး အိမ်ထောင်ပြုဖို့ စိတ်မကူးကြပါဘူး။ သူတို့တွေထဲ မှာ အသက်အကြီး ဆုံးမင်း သမီးဖြစ်သလို တော်ဝင်မင်းသမီးတို့အနက် ပထမဆုံး Ph. D  ဒေါက်တာဘွဲ့)ရမင်းသမီးအာကီကိုရဲ့ မကြာသေး မီက အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာက ‘ငယ်စဉ် ကလေးဘဝကတည်းက အရပ်သားနဲ့ လက်ထပ်ရင် အရပ်သူဘဝခံယူ ရမယ်ဆိုတာကို သင်ကြားခဲ့သလို သိနားလည် ခဲ့ရပါတယ်။ ဒါကြောင့် ဒီဥပဒေမပြင်သရွေ့ အိမ်ေ ထာင်ပြုဖို့ စိတ်ကူးမရှိပါဘူး။ ကျွန်မအနေနဲ့ တော်ဝင်တစ်ဦး တစ်ယောက်ရဲ့ တာဝန်တွေကို အိမ်ထောင်ပြုပြီးရင် လည်း ထမ်းဆောင်ချင်ပါ သေးတယ်။ ဒါကြောင့် ဒီအ တိုင်းပဲ ဘဝကို ရှေ့ဆက်သွားမယ်”လို့ ဖြေကြားထားပါတယ်။

ဒါပေမဲ့လည်း အစိုးရနဲ့ မသက်ဆိုင်ဘဲ ကိုယ်ပိုင်စည်းမျဉ်းနဲ့ အုပ်ချုပ်တဲ့ တော်ဝင်မိသားစု မှာ ဒီကိစ္စဟာ အလွယ်တကူဖြေရှင်း လို့မရတဲ့ ပြဿနာ တစ်ခုဖြစ်နေ ပါတယ်။ ဖြေရှင်းဖို့ဟာ လည်း စည်းမျဉ်းဖြေလျှော့မှ ရမှာဆိုတော့ ဒီလို မျိုးမလုပ်ချင်တဲ့ ဂျပန်တော်ဝင်တို့ရဲ့ ခေါင်းမာမှု ကြောင့်လည်း ကမ္ဘာမှာဘုရင်အုပ်စိုး တဲ့နိုင်ငံ များ အနက် ဂျပန်ဟာ သီးသန့်ဖြစ်နေတာပဲ ဖြစ်ပါ တယ်။

ဘုရင့်သွေး …သို့သော် တော်ဝင်မင်းသမီးဘဝ နဲ့ ကျေနပ်ခဲ့ရတဲ့ အိုက်ကီ

တော်ဝင်သွေးအစစ်ဖြစ်သလို ဘုရင်နဲ့ တစ်ဦးတည်းသော သွေးသားမင်းသမီးအိုက်ကီ ကို သွေးအေးပြီး အရယ်၊ အပြုံးမရှိတဲ့မင်းသမီး လို့ မီဒီယာတွေက သရုပ်ဖော်ကြ ပါတယ်။ အင်္ဂလန်မင်းမျိုးဝင်ဆာတွေနဲ့ခြားနားကာ မီဒီယာမီးမောင်းအောက်မှ ဖယ်ခွာပြီး မင်းနေ ပြည်တော်  Imperial Palace ထဲမှာပဲ ကလေးငယ်တွေကို ထားလေ့ရှိ တာကြောင့် အိုက်ကီရဲ့ လှုပ်ရှားမှုနဲ့ နေထိုင်မှုဘဝကို မြင်ရလေ့မရှိပါ ဘူး။

အိုက်ကီကို မိဘနှစ်ပါးနဲ့တွဲပြီး ဂျပန်လူထု ရှေ့ထွက်တဲ့အခါ မျိုးမှာပဲ မိခင်ရဲ့ အကြံပေးချက် အရ ပြုံးပြတာမျိုးပဲ အိုက်ကီက လုပ်ပြတတ်ပါ တယ်။ မွေးကတည်းက ‘သူမရဲ့ အဆင့်ကဘာလဲ’ဆိုတာသိတဲ့ အိုက်ကီဟာ မီဒီယာတွေကို တော့ ဘယ်တော့မှ မပြုံးပြသူပဲ ဖြစ်ပါတယ်။ (အင်္ဂလန်အိမ်ရှေ့စံချားလ်မင်းသားငယ်စဉ်ကနဲ့ အိုင်ကီဟာ သွား တူနေပါတယ်။ ဂျပန်မင်းဆက် ဥပဒေ ၁၉၄၇ ဟာ သူ့ကြောင့် ပြင်ရတော့မလို ဖြစ်ခဲ့ပေမယ့် အိမ်ရှေ့စံဖြစ်တဲ့သူမဦးလေးရဲ့ တတိယရင်သွေးဟာ သားတော်ဖြစ်ခဲ့တဲ့ အ တွက် ဘုရင်မမဟုတ်တဲ့ ဧကရီ (Empress Aiko) ဘဝနဲ့ ကျေနပ်လိုက်ရရှာပါတယ်။

တတိယမြောက်မင်းလျာ ဟီဆာဟီတို

မင်းသားဟီဆာဟီတိုဟာ အနာဂတ်ဂျပန် ဘုရင်စနစ်ကို ပုံဖော်ရမယ့်သူပဲ ဖြစ်ပါတယ်။ ဂျပန်စနစ်ဟာ ဘုရင်အနေနဲ့ သေဆုံးမှသာ၊ ဒါမှမဟုတ် နာမကျန်းဖြစ်မှသာ နန်းစွန့်ခွင့်ရတာမို့ ပင်ပန်းခက်ခဲတဲ့အပြင် ဟီဆာဟီတိုဟာ ဂျပန် မင်းဆက်အဓွန့်ရှည်ဖို့ တာဝန်အများဆုံးရှိနေတဲ့ သူလည်း ဖြစ်ပါတယ်။အင်္ဂလန်မင်းသားငယ်ဂျော့ရှ်နဲ့ အကြောင်း စာစောင်တိုင်းပါနေပေမယ့် ဂျပန်မင်းလောင်းကို တော့ အခမ်းအနားတွေမှာ မိဘနဲ့ အတူတွဲပြီး မြင်ရတာကလွဲရင် မြင်ရလေ့မရှိပါဘူး။ စာစောင် တွေ ရဲ့ မေးမြန်းချက်ကို နန်းတော်ရဲ့ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်များကပဲ ဖြေကြားပေးလေ့ရှိပါ တယ်။ မင်းသားငယ်ကို သူ့မွေးနေ့တွေမှာ အများ ပြည်သူကြည့်ဖို့ ဓာတ်ပုံ ထုတ်ပြန်ပေး တာကလွဲရင် ကင်မရာနဲ့ ဝေးရာမှာပဲ ထားကြပါတယ်။

သော်တာလ


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...