Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

ပွတ်သဘင်

$
0
0

ကျွန်တော်မွေးတော့ ဝန်ကြီး ချုပ်ဦးနုအစိုးရလက်ထက်။ ကျွန် တော်၁ဝ နှစ်သားလောက်ရောက်မှ စစ်အစိုးရ တက်လာတာ။ အသက် ကြီးလာလို့ စာတွေဖတ်ဖြစ်တော့မှ ကျွန်တော့်အသက်ရဲ့ ပထမဆုံးအဲဒီ ၁ဝ နှစ်ကို ဖဆပလခေတ်လို့ ခေါ် တယ်ဆိုပဲ။ ကျွန်တော်က အဲဒီခေတ်ကို ကလေးဘဝနဲ့မီခဲ့တာပါ။ လူကြီးတွေ ကတော့ ခေတ်ေ ကာင်းပဲလို့ ပြော တတ်ကြတယ်။ အဲဒီခေတ်မျိုး ပြန်မရတော့ပါဘူးကွာလို့ ပြောကြ တယ်။ ငယ်ငယ်တုန်းက ပျော်ပျော် နေခဲ့ပုံရတဲ့ လူကြီးတချို့ကတော့ အရမ်းလွတ်လပ် တာကွလို့ ပြော သေးတယ်။ ”အားလုံးထဲမှာ ပွတ် သဘင်တက်ရတာကို အလွမ်း ဆုံးပဲ” ဆိုပါလား။ ပြောပြနေတဲ့ ဘကြီးက အသက် ၈ဝ လောက်ရှိ ပြီ။သူပြောတာ မျက်စိ ထဲ ပုံဖော် ကြည့်လို့မရတဲ့ ကျွန်တော်က ”ပွတ် သဘင်ဆိုတာ …ဟို ..ကျွန် တော်တို့ ကိုးမီးထောင့် ကစား သလို… ဖဲချပ်လေးတွေရဲ့ ထောင့်ဂဏန်းကို ပွတ်ကြည့်ရတာ မျိုးလား” ”မဟုတ်တာကွာ မိန်းမနဲ့ ယောက်ျားဒန့်စ်က တာကို ပြောတာ ကွ၊ သူ့ရင်ဘတ်လေး တစ်ခြမ်းနဲ့ ကိုယ့်ရင်ဘတ်လေး တစ်ခြမ်း၊ သူ့ ဗိုက်လေးနဲ့ ကိုယ့်ဗိုက်လေး ရှပ်ခနဲ ဖြတ်ခနဲ ပွတ်ပွတ်ပြီး ကရတာကို ပြောတာဟ”အဘိုးကြီးရဲ့ မျက်နှာကို ကြည့် လိုက်တော့ ခုပဲကပွဲထဲတကယ် ပြန် ရောက်နေသလိုလို…လွမ်း ရိပ် တွေကို သန်းလို့။ရှိစေတော့ ကိုယ်မမီလိုက် တော့ အားမကျပါဘူး။

ဒါပေမဲ့ ခုတော့ ကျွန်တော်တို့လည်းအသွင် တစ်မျိုးနဲ့ ပွတ်ကြတဲ့ ပွတ်သဘင် ခေတ်ထဲပြန်ရောက်နေပြန်ပါရော လား။”ဗျို့-ဆရာကြီး…ဒီမှာ”ပထမ တစ်ခွန်းမှ မကြားတော့အသံမြှင့်ပြီး ထပ်ခေါ်မှဘဲ ဆိုက် ကားဆရာက မော့ကြည့်တယ်။ သွားမယ့်နေရာပြောတဲ တက်ထိုင်ပြီး ထွက်လာခဲ့ကြတယ်။ ခက်တာက ဟဲန်ဒယ်ကို လက်တစ်ဖက် တည်းနဲ့ ကိုင်ထားပြီး နင်းလာပါရောလား …ဘုရား…ဘုရား။ ကျန်တဲ့ လက်တစ်ဖက်က သူဟာလေးကို ပွတ်နေတာကိုး။မီးပွိုင့်မှာ မီးနီမိ ပြန်တော့ အကြိုက်ပေါ့၊ ပွတ်စမ်း။ မီးပွိုင့်စိမ်းသွားတာလဲ ဒင်း မသိ၊ နောက်က ကားက ဟွန်း တီးမှ ပဲ ကမန်းကတန်း ဆက်နင်းတယ်။ မပြောချင် လည်းမရတော့။”ဒီမှာ…ကိုယ့်ဆရာ… ခင်ဗျားဟာကို ဂိတ်ပြန်ရောက်မှ ဆက်ပွတ်ပါလား။ နောက်ကား ဝင်ဆောင့်ရင် ခင်ဗျားရော ကျုပ် ရော ကြမှာ”” မဟုတ်ပါဘူး ဆရာရယ်… ဒါလေးကိုင်နိုင်တာ တစ်ရက်နှစ် ရက်ပဲ ရှိသေးလို့ သုံးတတ်အောင်   လို့ သင်ပွတ်လေး ပွတ်နေတာပါ”သင်ပွတ် ဆိုပါလား၊ ဝေါဟာရ အသစ်လေးပဲ၊ မှတ်ထားဦးမှ။ ဒီလို နဲ့ သူ့ဆိုက်ကားပေါ်က ဆင်းလိုက် မှပဲငါမသေဘဲ လွတ်လာပြန်ပြီလို့ သက်ပြင်းချနိုင်တော့တယ်။ ဆိုက် ဂျဲရိုး ပွတ်သဘ င်ပေါ့။ကျွန်တော် တို့လမ်းထိပ်မှာ ‘ကွင်းကျောင်းစာသင်တိုက်’ ဆိုတဲ့ ဘုန်းကြီးကျောင်း ရှိတယ်။ ကျောင်း ဝင်းထဲ ထောင့် တစ်နေရာမှာ စေတီ လေးတစ်ဆူ ရှိတယ်။ ညညဆို ဘုရားသွားရှိခိုး၊ ပုတီးသွားစိပ် ဆို တာမျိုး လုပ်လို့ကောင်းတယ်။ တိတ် ဆိတ်နေ တာပဲ။ ကျွန်တော့်အိမ် ကနေ လျှောက်သွားရင် ငါးမိနစ် သာသာရယ်..နီးနီးလေး။ (ကို ဟိန်းလတ် လူပျိုတုန်းက နေခဲ့တဲ့ အိမ်နဲ့ဆို ပိုတောင်နီးသေးတယ်။ သူရောက်မရောက်သာ မသိတာ …)။

ကျွန်တော်အခု သွားနေတာ ကတော့ အတော်လေး ခင်တဲ့ ဦးဇင်းလေး တစ်ပါးဆီက တရား စာအုပ်တွေ ငှားဖတ်ထားတာပြန် ပေး အသစ်ထပ်ငှားလုပ်မလို့ပါ။ အဲဒီတိုက် အုပ်ကိုယ်တော်လေး တစ်ပါးတည်းနေတဲ့ အခန်းဝရောက် တော့ တံခါးပွင့်နေတာနဲ့ အသံမပြု တော့ဘဲ ဝင်မယ်အလုပ်မှာ…။ ဦးဇင်းလေးက သူ့ခုတင်ပေါ်မှာ ကျွန်တော့် ဘက် ကျောပေးပြီး ထိုင် နေတာ တွေ့လိုက်ရတယ်။ ပုတီးစိပ် နေတာထင်ပါရဲ့လေဆိုပြီး စာအုပ် တွေ အနားရှိတဲ့စားပွဲပေါ်အသာ တင် ထားခဲ့မယ်လို့တောင် စိတ် ကူးမိ လိုက်သေးတယ်။ ဒါပေမဲ့ အသံချိုးချိုး ချွတ်ချွတ်ကြား သွား ထင်ပါရဲ့။ ဦးဇင်းက လှည့်ကြည့် တယ်။”သြော် …ဒကာကြီး…၊ ဖတ်ပြီးသားတွေ ပြန်လာပေးတာ လား။ ထားခဲ့ ထားခဲ့။ အဲဟို အပုံ ထဲက ဒကာကြီး မဖတ်ရသေးတဲ့ ဟာ ရွေးယူသွားလေ”အမိန့်ရှိပြီး လုပ်လက်စ အလုပ် ဆက်လုပ်နေတယ်။ ကျွန်တော့်ကို ကျောပေးလျက်တော့ မဟုတ် တော့ ဘူးပေါ့။ ဒါနဲ့ မဖတ်ရသေးတဲ့ တရားစာအုပ် ၂ အုပ်ယူပြီး ဦးချ ပြီးပြန်မယ်အလုပ်မှာ ဦးဇင်းက …”ဒကာကြီး ဒီမှာလေ ဦးဇင်း လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကနေ ဖုန်းကတ်မဲပေါက်တယ်။ ဟန်းဆက် ဖိုးမရှိလို့ အကြံရကျပ် နေတုန်း ဒကာတစ် ယောက်က ဝယ်လှူတာနဲ့ ဟန်ကျသွားတယ်ဗျို့ ဆမ်ဆောင်း အက်စ်တူး…ဆိုပဲ။ တစ်သိန်းနှစ် သောင်းတောင် ပေးရ တယ်တဲ့။

ဒကာကြီးတို့ကတော့ဈေး ပိုသိမှာပါ။ ပါတာတွေကတော့ စုံနေတာပဲ၊ ဦးဇင်းလည်း ဖုန်းဆက် ရုံကလွဲပြီး ကျန်တာတွေ မသိသေး တော့ သိအောင်ကပ္ပိအဲ…ပွတ် ကြည့်နေ ရတာ ခေါင်းကို မူးမတတ် ပဲဗျို့”ဒါနဲ့ပဲ ကိုယ်တတ်သမျှလေး နည်းနည်းပါးပါး ပြပေးခဲ့ရသေး သပေါ့။ ဒါကတော့ ဘုန်းဘုန်းရဲ့ ပွတ် သဘင်။ကျွန်တော့်အသက် ၆ဝ ပြည့် တဲ့နေ့မှာ အရက်ကိုတိခနဲဖြတ်ပစ် လိုက်တယ်။ နဂိုကလည်း မက်မက် စက်စက်ကြီးသောက်ခဲ့တာ မဟုတ် တော့ ဘာဝေဒနာမှလည်း မခံစားရ ပါဘူး။ လက်လည်းမ တုန် ခြေလည်း မတုန် ဘာမှ လည်း မတုန်ဆိုတာ မျိုးပေါ့။ ရလိုက်တဲ့ အကျိုးကျေးဇူး တွေကတော့ မနည်းပါလား။ ကျန်းမာရေး ပိုကောင်းလာ တယ်။ မျက်နှာမဖောတော့ ဘူး။အထင် သေးကြည့်တွေ အကြည့်မခံရ တော့ဘူး၊ စာရေးစာဖတ်လုပ်ဖို့ အချိန်ပို ရလာ တယ်၊ ငွေပိုငွေလျှံ လည်း ထွက်တန် သရွေ့ ထွက်လာ တယ်။ ထွက်လာတော့ ဒါနဘက် ပိုလုပ်နိုင်တာပေါ့။၆ လတစ်ခါလောက် အိမ်မှာ အရုဏ်ဆွမ်းကျွေးဖြစ်တယ်။ တစ် ကြိမ်လုပ်ရင် သုံးအရုဏ်ဆက်တိုက် ကပ်တယ်။ အနားအပါးက ဘုန်း ကြီး ကျောင်းသုံးကျောင်းကို တစ်မနက် တစ်ကျောင်း၊ တစ် ကျောင်းကနေ ဘုန်းဘုန်းသုံးပါးပင့်တယ်။ လူ ပုဂ္ဂိုလ်တွေတော့ မပါဘူး။ အခန်း နားနီးမိတ်ဆွေတွေကို မုန့် ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ချိုင့်နဲ့ဝေ ဒါမျိုး လေးပါပဲ။

စဉ်းစားတတ်တဲ့ ဦးနှောက် ကြောင့် ထင်ပါရဲ့၊ ဘာလုပ်လုပ်… ကောင်းတာလုပ်လုပ် မကောင်း တာလုပ်လုပ် တွေး လို့ရသမျှတော့ တွေးနေမိတာပဲ။ သာသနာ့ဘောင် ဝင်ကြတဲ့အထဲမယ် …ဘုန်းကြီး နဲ့ သီလရှင်ဆိုပြီး နှစ်စားရှိတဲ့ နေရာ မှာ ဘယ်သူက ပိုပင်ပန်းလဲလို့ တွေးမိတယ်။ ချက်ချင်းပဲအဖြေရပါ တယ်။ သီလရှင်ဆရာကြီးတွေက ပိုပင်ပန်းတာပေါ့။ကြည့်လေ- ဘုန်းကြီးတွေက ဆွမ်းခံထွက်ရင်…ထမင်းဆို လည်း ချက်ပြီးသား ဟင်းဆိုလည်း ချက်ပြီးသား လောင်းကြတာ မဟုတ် လား။ ဟော.. ဆရာလေးတွေကျ တော့ ဆန်ပဲရတာ၊ ပိုက်ဆံပဲရတာ။ဒီတော့…ခမျာတွေမှာ ကျောင်း ရောက်ရင် ထမင်းအိုး တည်ရ တယ်။ကျောင်းအပြန်မှာ ဟင်းစား ဘာညာ ဈေးဝယ် သွားရတယ်။ ဟင်းဖြစ် အောင် ချက်ရသေးတယ်။ မီးဖို ချောင်ကိစ္စမှာ လူ့ဘဝတုန်းကနဲ့ သိပ်မကွာလှ ပါလား။ပြော ချင်တာက အဲသလိုမျိုး မတွေးမိခင်က ကျွန်တော်ဟာ ဘုန်း ကြီးတွေကိုပဲ အလှူများခဲ့တယ်။ သီလရှင်တွေကို မလှူဖြစ်သလောက် ပါပဲ။ ခုတော့ သတိထားပြီး ဂရုတစိုက် ကိုလှူဖြစ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ ”ဒါန ဆန်များရှင်” ဆိုတဲ့ အသံကြားလို့၊ ဆန်နို့ဆီဘူး သုံးလုံးလောက်ကို ကြွပ်ကြွပ်အိတ်ထဲ ထည့်နေတာက ပထမထပ်မို့ မြေညီကိုပြေး ဆင်းပြီး လောင်းမယ် လည်းလုပ်ရော…သီလရှင်လေးငါးခြောက်ပါး လောက် လှည့်လာတာတွေ့ရပါ တယ်။

ကိုယ်..လောင်းရတဲ့ ရှေ့ ဆုံးက ဆရာလေးက ဘယ်ဘက် လက် က ခေါင်းပေါ်ရွက်ထားတဲ့ ဆွမ်းဆန်ခံမယ့် ဗန်းလေးကို ကိုင် ထား၊ ပါးစပ်က ”ဒါနဆန်..” ရွတ် နေပေမဲ့ ညာဘက်လက်ကတော့ လက်မလေး တရမ်းရမ်းနဲ့ ပွတ်နေ တာပါ ဘဲလား။ စိတ်မကွက်ပါဘူး၊ ဒါနမြောက်အောင် လောင်းဖြစ် အောင် လောင်းလိုက်ပါတယ်။ စိတ် ထဲကသာ … သြော်… ဒါကတော့ ဆရာလေးတို့ရဲ့ ပွတ် သဘင်ပေါ့ ရယ် လို့ပဲ …။လူတွေ တစ်ဦးနဲ့တစ်ဦး ဟို တုန်းကထက် ပိုစိမ်းလာကြတယ်ဗျ။ ကျွန်တော်တို့ ငယ်ငယ်က လက်ဖက် ရည်ဆိုင်မှာ သူငယ်ချင်း လေးငါး ဦးထိုင်ရင် လက်ပံပင်ဇ ရက်ကျ သလို စကားကို လုပြောနေကြတာ။ ခုတော့ လက်ဖက်ရည်ဆိုင်မှာ ချာ တိတ်…လေးယောက် လောက်၊ အတူတူသာ ထိုင်နေတယ်၊ လေ မပန်းသလောက်မဲ။ ကိုယ့်ပစ္စည်း လေးတွေ ကိုယ်ပွတ်နေကြတာကိုး။ဘတ်စ်ကား ခြေနင်းခုံပေါ်မှာ တစ်ချိန်လုံးရပ်လိုက်နေတဲ့ အကူ စပယ်ယာလေးတွေလည်း ပါးစပ်က သာ လူခေါ်နေတာ မှတ်တိုင်နာမည် တွေ ရွတ်နေတာ၊ အတော်များ များက တော့ ကိုယ့်ဟာ ကိုယ်ပွတ်နေတာ မကြာမကြာ မြင်ရပါတယ်။ရုံးတွေဘာတွေထဲ ရောက်သွား လည်း အလုပ်ကလေးနည်းနည်းပါး တာနဲ့၊ နည်းနည်း ပွတ်နေကြ တာပဲ။ လက်မလည်အောင် ဖျော်မနေရတဲ့ လက်ဖက်ရည်အဖျော်ဆရာတွေ လည်း  ပွတ်နေကြတာပဲ။

တစ်ခါက သူ့အဖေသူ့အမေ  မအားတာနဲ့ မြေးလေးကို မူကြို သွားကြိုပေးရတယ်။ တိတ်လှချည် ရဲ့လို့ မှတ်ပါတယ်။ ကလေးတွေကို ပန်းချီဆွဲခိုင်းထားပြီး မူကြို ဆရာမ လေးက ပွတ်နေတာကိုး။ရေးပြရ…ဆုံးမှာမဟုတ် ပါ ဘူး။ စာဖတ်သူရဲ့ ကိုယ်တွေ့နဲ့ပေါင်း စပ် ဖြည့်စွက်ပြီးတော့သာ စဉ်းစား ကြည့်လိုက်ပါတော့။ တစ်ခါက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရ တာများ အံ့အားတောင်နည်းနည်း သင့်သွားမိတယ်။ လွှတ်တော်ထဲက တချို့တောင် ပွတ်နေကြသေး ဆိုပဲ။အမယ်…ဗျို့အယ်ဒီတာ ၊ ပြောနေတဲ့ကြားထဲက …၊ ကျွန်တော့်ဒီစာမူလေးကို ဆုံးအောင် ဖတ်ပေးလေဗျာ။ ဘယ်လောက်မှ လည်း မရှည်ပါဘူး၊ မကြာပါဘူး။ ခင်ဗျား  လက်ထဲက… အက်ပဲ လား၊ ဆမ်ဆောင်းလား၊ ဟွာဝှေး လား၊ ဘာပဲဖြစ်ဖြစ် ခဏချထား လိုက်ပါ ဦးဆရာရယ်။ စာမူကို ဆုံးအောင် ဖတ်ပြီးမှ ထည့်မထည့် ဆုံးဖြတ်ပြီးမှ ဆက်ပွတ်ပါလား ဗျာ။

ပိုက်ထွေး


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...