ဂျာနယ် တစ်စောင်မှာပါတဲ့ အမျိုးသား ပြည့်တန်ဆာတွေ အကြောင်းဖတ်ပြီး မောင် တောက်တီး တစ်ယောက် အတော်အံ့သြ သွားသဗျ။ မောင်တောက်တီးတို့ ဦးလေးတွေ ကတော့ သူတို့ လူပျိုဘဝလောက် ကတည်းက ဒါမျိုးတွေ ဗိုလ်ချုပ် ဈေးတစ်ဝိုက်မှာ ကျက်စားခဲ့ကြတယ်လို့ ပြောတာပဲ။ ဗိုလ်ချုပ်ဈေးနဲ့ လန်ကက် စတာလမ်း ကို ဆက်ထားတဲ့ မီးရထားလမ်းကျော် တံတားနားက လက်ဖက်ရည် ဆိုင်လေးမှာ အဲသည်အမျိုး သား ပြည့် တန် ဆာတွေ ရှိခဲ့ကြတယ်လို့ပြောသဗျ။ အဲဒီမှာ လေ့ကျင့်ရင်း ကျင့်သားရ တဲ့သူတချို့ဟာ ပြည်ပနိုင်ငံ တွေ မှာတောင် ဒီအလုပ်သွားလုပ်ကြ တယ်လို့ သူကဆိုတယ် ။သို့သော် မောင်တောက် တီး တို့ကတော့ ခုမှပဲေ သသေချာချာ သိရလေတော့ကာ စာရေး သူကိုလည်း အံ့သြချီးကျူး မိပါရဲ့ဗျာ။ ဒီလို စစ်စစ် ပေါက်ပေါက် ရေးနိုင်တာကြောင့်ပါ။ အမျိုးသား ပြည့်တန်ဆာ တစ်ယောက်ဖြစ်ဖို့ကလည်း လွယ် တာမှတ်လို့။ လုပ်ချင် တိုင်း လုပ်လို့မရဘူး။ ဘော်ဒီ ကောင်း ရုပ်ချောပြီး ဘာညာကွိကွတွေ ကျွမ်းကျင် ပိုင်နိုင်ရမယ်ဆိုသကိုးဗျ။ ဟီးဟီး။ ကြားပွဲစား မာမီတွေလည်း ရှိသေးဆိုသကိုး။ ထူးဆန်း တာ ကတော့ အမျိုးသား ပြည့်တန်ဆာတွေကို အမျိုး သမီးတွေကသာ လာခေါ်ကြတာ မဟုတ်ဘဲ အမျိုးသား အချင်းချင်း လည်း ခေါ်ကြသေးသတဲ့။ အင်း ထူးပေ သည် ဆန်းေ ပ သည်လို့သာ ထပ်ရေရွတ် ရုံမှတစ်ပါး အခြားမရှိပေါ့ဗျာ။ ဒီထက်ထူးဆန်း ပြီးကြောက် စရာေ ကာင်း တဲ့အချက်ကတော့ ဒီလုပ်ငန်းကိုလုပ်နေရင်း လုပ်နေ ရင်းနဲ့ ယောက်ျား တစ်ယောက်အဖြစ် ဘဝ တည်မြဲမှု ကိုပါခြိမ်းခြောက်လာ တဲ့အထိ တောင်း ဆိုလာကြတယ် ဆိုတော့ကာ အမျိုးသမီးပြည့်တန်ဆာ လုပ်စားရတာထက်တောင် အန္တရာယ်ပို များတယ် လို့ ပြောရမှာပေါ့နော်။ တွေးကြည့်လေ ကျောချမ်းစ ရာ ကောင်းလေလေပါပဲဗျာ…။ အင်း…မိန်းမ တွေထက် ပိုပြီးအန္တရာယ်များတဲ့ ယောက်ကျားကြီး တွေပေါ့နော …။ တော်ကြာ …ဟဲ့…. ယောက်…ကျား…ပါ….ဆို…ဖြစ် သွားမှဖြင့်…။ အဟင့်…ဟင့်…ဟင့်။
အူရီဒူးဖုန်းကတ် တွေရောင်းတော့မယ်ဆို ကတည်းကတောက် တဲ့မတို့အိမ်သားတွေ ရွပိုးထိုးနေ ခဲ့ကြသပေါ့ ။ စမ်းသုံးခွင့်ပေး တဲ့သူတွေဆီ ကသတင်းတွေ ရွာဆော်ကြီး ဖွဘုတ်မှာ တက်လာ တော့လည်း စောင့်ဖတ် ရတာအမော။ မန္တလေးမှာ စရောင်းပြီဆိုတဲ့ သတင်းကြားရ တော့ရန်ကုန်ကဆိုင်တွေမှာ ဘာကြောင့် မရောင်း ကြသေးပါ လိမ့်လို့စိတ်တို ရတာအမော။ ရန်ကုန်ကဆိုင်တွေမှာ စရောင်းပြီဆိုတော့ လည်းအဲဒီနေ့ ကတစ်နေကုန် မိုးရွာလို့အပြင် မထွက်နိုင်တာ ကြောင့်မဝယ်ဖြစ်ပြန်တော့ မိုးကိုဒေါသဖြစ် ရပြန်ရော။ ဝယ်ဖြ စ်ပြန်တော့လည်း လိုင်းတွေမဖွင့်သေး တာကြောင့်ထီပေါက်ပြီး လက်မှတ်ပျောက် သလိုဖြစ်ရပြန်လို့ စိတ်မောရပြန်ရော။ သို့သော်ဒါမျိုးကို ခုမှကြုံဖူး ကြတာဆိုတော့ ပျော်တာတော့ အမှန်ပဲ။ရွာဆော်ကြီး ဖွဘုတ် မှာကလည်း ဆရာကြီး လုပ်ချင်သူတွေ ကများလေသတော့ အားပေးတဲ့သူက အားပေး၊အပြစ်ပြောတဲ့သူ ကပြောနဲ့ ဖြစ်လာကြပြန်ရော။ တောက်တဲ့မတို့ခမျာ နည်းပညာဆိုင်ရာတွေ ကိုနားမလည်လေတော့ ကာဟိုလူပြော လည်းယုံရမလိုလို ဒီလူပြော လည်းယုံရမလိုလို မျက်စိ သူငယ်နား သူငယ်နဲ့ပေါ့။ ပြည်သူတွေ အင်တိုက်အားတိုက် ဝယ်ကြတာကိုပဲ အပြစ်ပြောချင်သလိုလို။ ဈေးကွက်စီး ပွားရေးအရပဲ အပြစ်ရှိသလိုလို ။တောက်တဲ့မတို့မှာ ဘာလုပ်ရမှန်း ကိုမသိတော့ပါဘူး။ ရွာဆော်ကြီး ဖွဘုတ်ပေါ်က ဆရာ့ဆရာ ကြီးတွေပြောသမျှ အကြောင်း အရာတွေ အဖေ့ကို ပြန်ပြောပြတော့ အဖေက ဘာပြောတယ်မှတ် သတုံး။” အူရီဒူး ဖုန်းသုံးလို့ ရလာတော့ မြန်မာတွေ တိုးဝှေ့အားပေးကြတယ်။ ဒါအဆန်းမဟုတ်ပါဘူး။ လှောင် စရာပြောင် စရာလည်း မဟုတ်ဘူး။ အပြစ် ပြောစရာလည်း မရှိပါဘူး။ သုံးချင်ကြရှာမှာပေါ့။ ဒါမျိုး ဘယ်တုန်း ကမှ မကြုံခဲ့ကြရတာလေ။ အစိုးရပိုင် မဟုတ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကို တစ်သက် နဲ့တစ်ကိုယ် ခုမှကြုံဖူး ကြရရှာတာလေ။ ငါတို့လည်း မကြုံဖူးဘူး။ ညည်းတို့လည်း မကြုံဖူးဘူး။ ဘယ်သူမှ မကြုံဖူးသေး ဘူး။ ဒီတော့ကာ မကြုံဖူးကြသူချင်း အတူတူ အပြစ်ပြောနေကြတာ ဟာ ကျပ်မပြည့်တဲ့ သဘော ပဲသမီးရဲ့။ တို့ မြန်မာအများ စုခမျာမှာ နိုင်ငံတကာ အတွေ့အကြုံမရှိ ကြသူက များပါတယ် ။ ပျော်ကြပါစေ ကွယ်။ သူတို့ ကိုယ်ပိုင်ညဏ်နဲ့ ဆုံးဖြတ်လာကြမှာပါ”တဲ့။ ကဲ…။
အူရီဒူး ဖုန်းကတ်တွေကို ကြိတ်ကြိတ်တိုး ဝယ်လို့မှ အားမရသေးဘူး။ 2NE1 ဆိုတဲ့ ကိုရီးယား အဆိုတော်ေ လးတွေက မောင်တောက် တီးတို့ဆီ ရောက်လာပြန်ပါရောလား။ အဆိုတော် မလေးတွေက ငယ်လည်းငယ် လှလည်းလှ အဆို လည်းကောင်း ဆိုတော့ကာ ကြည့်ချင်သူတွေ ကြိတ်ကြိတ်တိုး။ မိုးရွာရွာ နေပူပူ ကြည့်မယ် ဆိုတာ ချည်းပဲဗျ။ လခထုတ်ရက် ကလေးကလည်း ဖြစ်နေ ပြန်တော့ ငွေစကလေးတွေ ရွှင်နေကြတာက လည်း ပါမပေါ့လေ။ ကြုံနေကြရတဲ့ တိုင်းပြည်အခြေအနေ အဝဝကြောင့် မွန်းကျပ်နေကြတာကို ထွက်ပေါ က်ပေးချင်ကြတာလည်း ပါပေမပေါ့။ သို့ပေမဲ့ မောင်တောက်တီးတို့ သူငယ်ချင်း တစ်စုကတော့ အဲဒီလို ပြုပြင် ခွဲစိတ်ဖြတ် တောက်ထားတဲ့ အလှ တွေကို အားမပေးဘူး လို့ဆုံးဖြတ်ပြီး၊ မပြုမပြင် နဂိုယဉ်လေးတွေ ရှိရာကေတီဗီကိုပဲ ချီတက်ခဲ့ကြ သပေါ့ဗျာ။ ဒါပေမဲ့ ကေတီဗီ ရောက်တော့လည်း အဲဒီကိုရီးယား 2NE1 အကြောင်းကိုပဲ စကားစမပြတ် ဖြစ်နေကြ တယ်ဗျ။ မစားရဝခမန်းတွေ ပြောနေကြ တာပေါ့လေ။ မောင်တောက်တီး တို့တစ်တွေ အဲသည် အကြောင်းကိုပဲ အညှော်ခံပြီး ပြောနေကြတာတွေကို ကေတီဗီ မယ်လေးတွေက ကြာလာတော့ နားကြားပြင်းကပ် လာကြပုံရသဗျ။ သည်းမခံနိုင်တော့တဲ့ ကေတီဗီ မယ်လေး တစ်ယောက် ကတော့ ”သူတို့ပွဲကို ၉ သိန်းပေးပြီး သွား ကြည့်မယ့်အစား ကျွန်မတို့ကို ၉ သိန်းလာပေးစမ်း ပါရှင်။ တစ်လလုံး သီချင်းဆိုပြမယ့်အပြင် ဇက်ကြောတောင် ဆွဲပေးလိုက် ဦးမယ်။ ဟွန့်” ပြောလေ တော့ ကာ၊ အင်း…သူပြောတာလည်း ဟုတ် သလိုလိုပဲပေါ့နော…။
နောက်ကွယ်ကများ ကြိုးကိုင်သူရှိနေလေရော့ သလား
အာဇာနည်နေ့ မတိုင်မီကတည်းက ရန်ကုန် မှာရွာလိုက်တဲ့ မိုးကတော့ပြတ် တယ်လို့ မရှိေ လ တော့ကာ တောက်တဲ့မ တို့ရုံးသမားတွေ အတော် ပြဿနာတက်ကြရတယ်။ ရုံးတက်ချိန်မှာ မိုးရွာလို့ လမ်းတွေရေလျှံ၊ ကားတွေပိတ်၊ လူတွေလည်း မိုးရွှဲတာကတော့ နေ့စဉ်လိုပါပဲ။ ရုံးတက်ချိန်တွေ နောက် ကျတာကို ရုံးကတာဝန် ရှိသူတွေက နားလည် ခွင့်လွှတ်ပေး လို့သာတော်ပေတော့ တယ်။ နို့မို့ဆိုရင် ဒဏ်ကြေးဖြတ်တာနဲ့ လကုန်ရင် ကိုယ် ကတောင် ပြန်စိုက်ရကိန်းရှိသပေါ့။ နေ့လယ် ထမင်းစားချိန်ဆိုလည်း ရွာ၊ ညနေရုံးဆင်းချိန် ကျရင် လည်း ရွာဆိုတော့ တမင်တကာတောင် လုပ်နေသလားလို့တောင် ထင်စရာ ရှိလာတယ်လေ။ ရုံးသမားတွေ တင်လားဆိုတော့ အိမ်မှာနေကြ သူတွေလည်း မသက်သာပါ ။ ဈေးသွားရခက် ၊ဈေးဝယ်ရခက်၊ အဝတ်တွေလျှော်ပြီး လှန်းလို့မရ။ အဝတ်တွေကို ပန်ကာတွေမှုတ် မီးပူတွေဖိနဲ့ အတင်းခြောက်အောင် လုပ်ရတော့ အနံ့အသက်တွေမကောင်း။ လူတွေလည်း နှာမွှန်ချောင်း ဆိုးတွေဖြစ်ပြီး မကြာမကြာ ဖျားကြ။ တောက်တဲ့မ ဘွားအေကြီး တစ်ယောက်ဆို အသက်က ၈ဝ ကျော်လေတော့ကာ အအေးပတ် ပြီးအဆုတ်တစ်ခြမ်း ပွလို့ ဆေးရုံတင်ထားရပါရော လား။ ရန်ကုန်မှာသာ ဒီမိုးက အညှိုးတကြီးနဲ့ နေ့စဉ်ရက်ဆက် ရွာနေပေမဲ့ တကယ်ရေလိုအပ် တဲ့ အထက်အညာ ဒေသတွေမှာတော့ တဖြောက် ဖြောက်ေ လာက်ပဲ ရွာပြန်ဆိုသကိုး။ ဘယ့်နှယ်ဖြစ် တာလဲမသိ။ ဆိုတော့ကာ ဒီမိုးကိုအကြောင်းပြု ပြီး တောက်တဲ့မ မှာ နေ့တိုင်းညည်းချင်း ထုတ်နေရ တယ်။ တောက်တီးခမျာလည်း ဘာထူးလို့လဲ သူလည်း ရုံးတက်နေရသူ ဆိုတော့ တဗျစ်တော က် တောက် နဲ့ပေါ့ ။ တောက်တဲ့မတို့ အမေခမျာ လည်း လျှော်ဟယ်ဖွပ် ဟယ်၊ လှမ်းဟယ်၊ ရုပ်ဟယ်နဲ့ ဒီမိုးနဲ့ ပဲ နေ့တိုင်းရန်ဖြစ်နေ ရလေတော့ကာ သူလည်း ပါးစပ်ကတဖွဖွ။ အိမ်သားတွေ ကိုယ်တိုင်လည်း ညည်းသံမ စဲ အိမ်နီးနားချင်း တွေဆီကလည်း ညည်းသံတွေ နေ့စဉ်ကြား လာရလေတော့ ကာတောက်တဲ့မ တို့အဖေက ခုလိုပြောလာတော့ တယ်။ ”ဟုတ်လည်း ဟုတ်သဟဲ့။ ဒီမိုးရွာနေပုံက နည်း လမ်းမကျတော့ဘူး။ သာမန် မိုးတွင်းမိုးရွာတယ် ဆိုတာလောက် မကတော့ဘူး။ တမင်တကာ လူတွေကို ဒုက္ခပေးနေ တယ်ထင်လာရပြီ။ ဒီတော့ ကာအခု ခေတ်စားနေတဲ့ စကားအရဆိုရင် နောက်ကွယ်က ကြိုးကိုင်သူများ ရှိနေလေရော့ သလားဟေ့။ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းဖော် ထုတ်သင့်တယ်” တဲ့။