Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

ပွင့်လင်းပေါ်တင် မစောရင်

$
0
0

အခုတလော ကိုကြိုးကြာ တစ်ယောက် စကားတွေ အရမ်းပြော နေသည်။ လက်ဖက်ရည်ဆိုင် ထိုင် သည့်အခါတိုင်း တစ်ဖက်လူ၏ မျက်နှာကိုတံတွေးစဉ် မတတ် ပြောနေ သည်။ ကိုကြိုးကြာတွင်တွင်ပြော နေသော အကြောင်းအရာများမှာ လည်း အပတ်စဉ်ထွက်ဂျာနယ်များ ထဲမှ အကြောင်းအရာများဖြစ်၏။ ကိုကြိုးကြာ၏ စကားများကို ပင် တိုင် နားထောင်ကြသူများမှာ ဆိုက်ကား သမားလှမောင်၊ မြင်းလှည်းသမား ထွန်းတင်နှင့် ဘူတာရုံကုန်တင် ကုန်ချ အလုပ်သမားချက်ကြီးတို့ ဖြစ်ကြ၏။ သူတို့သုံးယောက် မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသော အခြေခံလူတန်းစားများ ဖြစ်သဖြင့် ဂျာနယ်များ၊ စာစောင်များနှင့် အလှမ်းဝေးကြသည်။ သို့ဖြစ်၍ ကိုကြိုးကြာကို အလွန်သိ၊ အလွန် တတ်သော ဆရာကြီးတစ်ပါးနှယ် လေးစားနေကြ၏။

ကိုကြိုးကြာက လည်း လက်ရှိခေတ်အပြောင်းအလဲ ကာလတွင် နိုင်ငံရေးလောက၌ ရေပန်းစားနေသော ‘ပွင့် လင်း မြင်သာမှု’ တို့၊ ‘အကြောက်တရား ကင်းစင်ရေး’ တို့ဆိုသည့် စကားလုံး များသာ တွင်တွင်ပြောနေတော့ သည်။ လက်လုပ်လက်စား သုံးယောက်ကတော့ ကိုကြိုး ကြာ ပြောသမျှ အဟောတဝလုပ်၍ နား ထောင်နေရ၏။ သိပ်တော့နားလည် ၍မဟုတ်၊ သို့သော် ‘နားမလည်ဘူး’ ဟု ပြောလျှင်လည်း မရှိသည့် သိက္ခာလေး ဘုတ်ခနဲပြုတ် ကျမှာ စိုးသေးသည်။ ထို့ကြောင့် ခေတ် ပေါ်ကဗျာလို နားမလည်ခြင်း၊ နားလည်ခြင်းအဓိကမဟုတ် ကိုကြိုး ကြာ၏ သတ အပေါ် ဖောရှောလုပ် နေလိုက်ရုံဖြစ်သည်။

”ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုတဲ့ ကမ္ဘာဟာ တစ်စုတစ်ဝေး တည်းနေတဲ့ ရွာကြီးတစ်ရွာလို ဖြစ် သွားပြီ၊ ဒီတော့ ဆက်သွယ်မှု ကွန်ရက်တွေ မြန်ဆန်လာတယ်၊ ကမ္ဘာ့ အရှေ့ခြမ်းက သတင်းကို ကမ္ဘာ့အနောက်ခြမ်းက ချက်ချင်း သိလာတယ်၊ ပြောရရင်တော့ကွာ အရာရာဟာ ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်လာပြီ။ ပြောစရာ ရှိရင် ရဲရဲ ဝံ့ဝံ့ပြော၊ ရေးစရာရှိရင် သတ္တိရှိရှိရေးလို့ရပြီ။ အကြောက် တရား ကင်းမဲ့ဇုန်ဖြစ်လာတဲ့ တို့နိုင်ငံ မှာ သမ္မတကိုတောင် မကြိုက်ရင် မကြိုက်ဘူး ဖြေလို့ရတယ်။ ဟုတ် ပလား။ ဒါဟာ ဒီမိုကရေစီခေါ် တယ်ကွဲ့”ကိုကြိုးကြာပြောသော ‘ပွင့်လင်း မြင်သာမှု’ တို့၊ ‘အကြောက် တရားကင်းမဲ့ဇုန်’ တို့၊ ‘ဒီမိုကရေစီ’ ဆိုသည့် စကားများကို ဆိုက်ကား သမား လှမောင်၊ မြင်းလှည်းသမား  ထွန်းတင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီးတို့ ရေရေရာရာ နားမလည် ပါ။

သို့သော် သူတို့စိတ်ထဲတွင် နားလည်ချင်ယောင် ဆောင်ရသည် ကို အရသာတွေ့နေ၏။ ထိုနည်းတူ ပင် ကိုကြိုးကြာကလည်း ဆရာကြီး လုပ်ရသည် ကိုအရသာတွေ့နေ။ သို့သော် အခြေခံလူတန်းစားများ ဖြစ်သောမြင်းလှည်းသမားထွန်း တင်၊ ဆိုက်ကားသမားလှမောင်နှင့် ဘူတာရုံအလုပ်သမား ချက်ကြီး တို့မှာ ကိုကြိုးကြာလို အားအားယား ယားမဟုတ်သဖြင့် အချိန်ကုန် မခံနိုင်၊ ခဏသာနားထောင်ပြီး အလျှိုလျှိုပြန်ကုန်ကြသည်။ ကိုကြိုးကြာခမျာမှာလည်း သည်လို ပြောခွင့်ရရန်အရေးကို လက်ဖက် ရည်သုံး ခွက် ရင်းနှီးရ၏။ ဟိုလူများ ကလည်း လက်ဖက်ရည်အလကား သောက်ရ၍ နားထောင်ကြခြင်းဖြစ် ၏။ လက်ဖက်ရည်ဆိုင်ရှင် ကိုဘလှ ကိုယ်တိုင် ဂျာနယ်များကို အများ ဖတ်ရန် ဆိုင်တွင် ဝယ်ထားသော် လည်း သူကိုယ်တိုင် မဖတ်သဖြင့် ဘာမျှမသိချေ။ သို့ဖြစ်၍ ကိုကြိုးကြာ ကို မေးရ၏။

”နေစမ်းပါဦး ကိုကြိုးကြာရယ်၊ ခင်ဗျားပြောပြောနေတဲ့ အကြောက် တရားကင်းမဲ့ရေးဆိုတာ ဘာကို မကြောက်ရမှာလဲဗျ”အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆို သည့် အရိပ်အယောင်တွေ ကိုကြိုးကြာ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွား သည်။ ဆိုင်ရှင်၏ မေးခွန်းကို ချက်ချင်းမဖြေသေးဘဲ ဂိုက်ပေးကြမ်း ကြမ်းဖြင့် လန်ဒန်စီး ကရက် တစ်လိပ် ကို အရင်မီးညှိလိုက်သည်။ တစ်ဖွာ လောက် ရှိုက်ပြီးမှ ”အား ဒီလိုရှိတယ် ကိုဘလှ၊ အကြောက်တရားကင်းစင်ရေးဆို တာ…””ကို … ကြိုး … ကြာ”Rocker အ ဆိုတော်မျိုးကြီး၏ အမြင့်ဆုံးကီးထက် နှစ်ဆခန့်ပိုမြင့် သော အသံကြီးက လက်ဖက်ရည် ဆိုင်တစ်ဆိုင်လုံးပင် သိမ့်သိမ့်ခါသွား သည်။ ကိုကြိုးကြာ ဆရာကြီးလေသံ လုပ် မည့်ကိစ္စက တိခနဲပြတ်တောက် သွားသည်။ ‘ကိုကြိုးကြာ’ ဟု ခေါ် လိုက်သော Hight Key မှာ သူ့မိန်းမ မစောရင်ဆီမှ ပျံ့လွင့်လာခြင်းဖြစ် သည်။ မစောရင်မှာ သုံးဆင့်ချိုင့် တစ်လုံးကို ကိုင်၍ လက်ဖက်ရည် ဆိုင်ထဲသို့ ဝင်လာခြင်းဖြစ်၏။

”ဟင် မစောရင် ဘာကိစ္စရှိလို့ လဲဟင်””ဘာကိစ္စရှိလို့လဲ ဟုတ်လား ကိုကြိုးကြာ၊ တော်မို့လို့ မေးရက် တယ်၊ လူဆိုတာ အလုပ်ရှိတယ်လေ၊ ကျုပ် အခု အကြွေးသွားတောင်း မလို့၊ ရော့ ချိုင့် ဟင်းဝယ်ထား၊ နောက်ပြီး အိမ်သွားစောင့်၊ ဘယ့် နှယ်တော်၊ အားအားယားယား၊ အချိန်ပြည့် လက်ဖက်ရည်ဆိုင် လာထိုင်နေတယ်၊ သွား သွား အခု ဟင်း သွားဝယ်တော့”လက်ဖက်ရည်ဆိုင်ရှင်ကိုဘလှ ရှေ့တွင် အကြောက်တရားကင်းစင် ရေး မဟာဒဿနကြီးကို မပြောရဘဲ ချိုင့်ကလေးဆွဲ၍ ခပ်သုတ်သုတ် ထွက် ဟန်ပြင်နေေ သာ ကိုကြိုးကြာ ကို ကိုဘလှက ”သိပြီ သိပြီ ကိုကြိုးကြာ၊ ခင်ဗျားပြောတဲ့ အကြောက်တရား ကိစ္စ၊ ပိုလို့တောင် ပွင့်လင်းမြင်သာမှု ရှိသဗျာ၊ ဟား ဟားဟား”ကိုကြိုး ကြာ နောက်သို့ လည်ပြန်ပင် လှည့်မကြည့်တော့ပဲ သုတ်သုတ်၊ သုတ်သုတ်၊ ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ချီတက်သွားလေတော့ ၏။တကယ်တော့ ကိုကြိုးကြာ သည် အိမ်ေ ထာင်ဦးစီးဟု ပြောမရ၊ အလုပ်မရှိ ၁ဝ၉ – ၁၁ဝ ဖြစ်၏။ မစောရင်က နတ်ကတော်ဖြစ်၏။ နတ်ပွဲများတွင် ကနားစီးလုပ်၏။ နတ်ဟော၏။ အိမ်တွင်လည်း တုတ်ထမ်း၊ ဓား ထမ်း၊ မြင်းစီး၊ ဆင်စီး နတ်ရုပ်တွေနှင့် ပြည့်နေ၏။ ကိုကြိုးကြာအလုပ်က ထိုနတ်ရုပ်များ ကို ဖုန်သုတ်ရ၏၊ ဖုန်ခါရ၏။ နတ် ဆက်သော အရက်ပုလင်းများ ဝယ် ခိုင်းလျှင် ဝယ်ပေးရ၏။ ထိုသို့ အရက်ဝယ်ရသည့်အခါတိုင်း

အရက်ပုလင်း ပါကင်ကိုဖွင့်၍ တစ်ပုလင်း၊ နှစ်ပုလင်းပွား၍ ရေဖြည့်လာတတ်သည်။ ထိုအခါ တစ်ပုလင်းဖိုး အောက်ဆိုက်ရ၏။ နတ်ကို ကြက်ကြော်ဆက်ဖို့ ကြက်သား ဝယ်ခိုင်းလျှင်လည်း တစ်ပိဿာဖိုးပေးလျှင် ရှစ်ဆယ်သား ကောင်ကိုသာ ဝယ်တတ်၏။ သို့ဖြင့် ဘတ်ငွေလေးများရလာသောအခါ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင် ထိုင် ၍ လေပစ်တော့၏။ ထို့အပြင် စာပေဟောပြောပွဲများရှိလျှင် လိုက် နားထောင်တတ်၏။ ကိုကြိုးကြာ စာပေအကြောင်း ဘာမျှ နားမလည် ပါ။ စာပေစင်မြင့်ပေါ်မှ စာရေးဆရာ တချို့၏ နိုင်ငံရေးဟောပြောချက် များကို နားထောင်ချင်၍ဖြစ်၏။ ကျူရှင်ဆရာတစ်ယောက်ဆိုလျှင် စာအကြောင်း၊ ပေအကြောင်းမဟော ပြောဘဲ စင်ပေါ်မှ လက်သီး လက် မောင်းတန်း၍ နိုင်ငံရေးစကားလုံး များကို ရင်ခေါင်းသံကြီးနှင့် ဟော လေ့ရှိ၏။ ပရိသတ်က လက်ခုပ်တီး လျှင် ကိုကြိုးကြာလိုက်တီး၏။

စာရေးဆရာတစ်ယောက်ဆိုလျှင် စင်ပေါ်တက်လာပြီး မဟောပြောခင် စင်ထောင့်ဝဲယာကို ဟိုရှာသည်ရှာ လုပ်ပြီး ”ဗုံးတွေဘာတွေ ထောင်ထား သလားလို့” ဟု ပါဖောင်း မင့်ခင်းပြ၏။ ထိုသို့သောစတိုင်မျိုးကို ကိုကြိုးကြာ အရမ်းသဘောကျ၏။ စာရေးဆရာ များ ဟောပြောသော နိုင်ငံရေး စကားလုံးများကို ကိုကြိုးကြာ သေချာလိုက်မှတ်ပြီး ကို ဘလှ၏ လက်ဖက်ရည်ဆိုင်တွင် လူအထင် ကြီးအောင် အကျယ်ကြီးပြောလေ့ ရှိ၏။ စာရေးဆရာများကလည်း မိမိချစ်ခင်စုံမက်၍ ပေါင်းသင်းခဲ့ သော သုတ၊ ရသစာပေ ဟူသော မယားကြီးကို နယ်နှင်ဒဏ်ပေး၍ နိုင်ငံရေးစကားများကို မယားငယ် လို ပေါင်းသင်းလာသောခေတ်တွင် ”ဟိုဆရာဟောတာ သိပ် ကောင်းတာပဲ””ဟိုဆရာက လည်း ဒဲ့(တည့်) တွေချည်းသိပ်တာ ငါ့လူရေ”သုတ၊ ရသစာပေဆိုသည်မှာ အလုံးလား၊ အပြားလားမသိသော ပရိသတ်ကလည်း စာပေဟောပြော ပွဲခေါင်းစ ဉ်အောက် မှ နိုင်ငံရေး စကားလုံး အတုံးလိုက် အတစ်လိုက် တွေကို လက်ခုပ်တီးကြိုဆို၍ မြိန်ရေ ရှက်ရေ စားသုံးကြ၏။ ထိုအထဲ တွင် အလုပ်မရှိ၊ အကိုင်မရှိ ကိုကြိုးကြာထိပ် ဆုံး က ဖြစ်၏။

ကိုကြိုးကြာဦးနှောက်ထဲတွင် ခေတ် ပေါ်နိုင်ငံရေးစကားလုံးများ မည်မျှ ထိ စူးနစ်နေသနည်း။ ဆိုရသော် မိမိအိမ်တွင် ဆေးလိပ်မီးညှိရန် မီးခြစ်ရှာမတွေ့လျှင်ပင် …”တော က် … မီးခြစ်က ဘယ်များခြေထောက်ပေါက်သွားလို့ ရှာမရတာလဲ၊ ငါ ထားတဲ့နေရာမရှိ ရင် အလွန်ဒေါသထွက်တယ်၊ ဟိတ် မစောရင် မင်း ငါ့မီးခြစ်ယူသေး လား”” ယူ တယ်တော်ရေ၊ စောစော က ထမင်းအိုးတည်မလို့၊ မီးမွှေးလို့ ခဏယူတာ ပြတင်းပေါက်ဘောင် ပေါ် တင်ထားလိုက်တယ်လေ”ထိုကဲ့သို့ ပြဿနာအသေးအဖွဲ့ ကလေး များက အစ ကိုကြိုးကြာပါး စပ်က မည်သို့မည်ပုံ စကားလုံးထွက် လာသနည်းဆိုသော် … ”မင်းတို့ အဲဒါမျိုးတွေ ခက်တာ ပဲ မစောရင်ရ၊ ဘာကိစ္စဖြစ်ဖြစ် ပွင့်လင်းမြင် သာမှုရှိအော င် နေထိုင် ပြောဆိုစမ်းပါကွ၊ အခု မီးခြစ်ကို မမြင်သာအောင် ထားတာမျိုး ငါ မကြိုက်ဘူးကွ””မကြိုက်ရင် လဲသေလိုက် ကိုကြိုးကြာ၊ ထမင်းဟင်းချက်တော့ ကျုပ်၊ မျိုဖို့ ဆို့ဖို့ ကျတော့ တော်က ထိပ်ဆုံးက ဟင်း…””လူ့အခွင့်အရေးကို မပိတ်ပင် စမ်းပါနဲ့ မစောရင်ရာ”ကိုကြိုးကြာက ထိုကဲ့သို့ ဖြစ်နေ ၏။

နေရာတကာတွင် နိုင်ငံရေး စ ကားလုံးများနှ င့် ဆွဲစေ့တတ်သူ ဖြစ်၏။ ကြာတော့ အရပ်ထဲမှ လူများက ကိုကြိုးကြာအား ‘ပွင့်လင်း မြင်သာ ကိုကြိုးကြာ’ ဟု တစ်မျိုး၊ ‘အေ ကြာက်တရား Blocker ကိုကြိုး ကြာ’ ဟုတစ်ဖုံ၊ ‘လူ့အခွင့်အရေး မာစတာကိုကြိုးကြာ’ ဟု တစ်လီ ဝိသေသအစီအရီဖြင့် နာမည်ကြီးနေ တော့သည်။ သို့သော် ကိုကြိုးကြာ ၏ မဟေသီ၊ ဧကရီ၊ နတ်ဒေဝီမစောရင် ကတော့ အလွန်အမြင်ကပ်နေသည် မှာ ကြာပြီဖြစ်သည်။ ကိုဘလှ၏ လက်ဖက်ရည်ဆိုင်တွင်လည်း လက်ဖက်ရည် တစ်ခွက်စီတို က်ပြီး ဟောရပြောရသော ဆိုက်ကား လှမောင်၊ မြင်းလှည်းထွန်းတင်၊ ဘူတာရုံအလုပ်သမား ချက်ကြီးတို့ မှာလည်း ကိုကြိုးကြာ၏ ပါးစပ်မှ ဒလဟောကျလာသော ဒီမို ကေ ရစီ ဆိုတာကြီး ပိနေသည်မှာလည်း ကာလ အတော်ကြာလာပြီဖြစ်သည်။ ဒီမိုကရေစီဆိုသည်ကို မြင်းလှည်း လာငှားသော ပါစင်ဂျာလောက်

ကိုထွန်းတင် စိတ်မဝင်စား၊ ခရီးသည် အပါအဝင် ကုန်စည်များ များစားစားနှင့် ဆိုက်ကားလာငှား သော ခရီးသည်လောက် လှမောင် အလေးမမူ၊ ဒီမိုကရေစီဆိုသည်ကို ချက်ကြီး ရထားအဝင်အထွက် လောက် နားမလည်၊ သို့သော် လက်ဖက်ရည်တစ်ခွက် အလကား သောက်ရ၍ လာပြီးနားငြီးခံခြင်းသာ ဖြစ်သည်။ ထမင်းတစ် လုတ် ကိုနေ ထွက်မှ နေဝင်အထိ ပျာနေ အောင် ရှာရသူများအဖို့ ဒီမိုကရေစီ လည်းမသိ၊ အကြောက်တရားကင်း စင်ရေးလည်း နားမလည်၊ ပွင့်လင်း မြင်သာမှုဆိုတာအမောက် ကေ လး နှင့်လားဟု မေးယူရမည့်သူများ ဖြစ် ၏။”ဒီမယ် ချက်ကြီး၊ မင်းတို့ ဘာလို့ဆင်းရဲနေသလဲဆိုတာ သိလား””ပိုက်ဆံမချမ်းသာလို့ ဆင်းရဲ တာပေါ့ဗျ၊ ကိုကြိုးကြာကလည်း”
ကိုကြိုးကြာက ‘ဆင်းရဲခြင်း’ ကိစ္စကို နိုင်ငံရေးနှင့်ဆက်နွှယ်ပြီး နက်နက်ရှိုင်းရှိုင်းပြောချင်၍ ချက်ကြီးကိုမေးလိုက်သော်လည်း ချက်ကြီးက သူညဏ်ရည်မီ သလောက်ပဲ ဖြေလိုက်သည်။

အလွန်ပြောချင် ဟောချင်နေသော ကိုကြိုးကြာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်သွား၏။ သို့နှင့် ကိုကြိုးကြာက ဆက်၍”တို့နိုင်ငံရဲ့ ဒီမိုကရေစီအရွေ့ မှာ လူ့အခွင့်အရေးတွေ ပီ ပီပြင်ပြင် ရလာပြီး ပွင့်လင်းမြင်သာမှုတွေ တွေ့လာရပြီကွ” ”ဟုတ်တယ်ဗျ၊ ခုခေတ်က ယောက်ျားလေးတွေထက် ကောင် မလေးတွေက ပိုပြီးပွင့်လင်းမြင်သာမှု ရှိလာတ ယ် ကိုကြိုးကြာ၊ ဘောင်းဘီ တိုနဲ့ ပေါင်တံကလေးတွေကို ဖွေးလို့၊ ခင်ဗျားပြောတဲ့ လူ့အခွင့်အရေးအရ ဆိုရင် အဲဒီပေါင်တံလေးတွေကို ကိုက်စားပစ်ချင်တာဗျ ဟီးဟီး ”လက်ဖက်ရည်ဝိုင်းတွင် ဘာသာစကားများ ခါးတောင်းကျိုက် တခြား ဖင်တခြားဖြစ်ကုန်၏။ ဆိုက်ကားလှမောင်ပြောသော လူ့အခွင့်အရေးက ရဲနှင့်တရားရုံး အကြိုက်ဖြစ် ၏။ ရှေ့နေအကြိုက် ဖြစ်၏။ လှမောင်ပြောသော ပွင့်လင်းမြင်သာမှုက ရာဇဝတ်မှုကို လက်ယပ်ခေါ်ခြင်းဖြစ်၏။

ဒါကို မတိမ်းစောင်းအောင် ထိန်းကျောင်း ဖို့ ကိုကြိုးကြာက”မဟုတ်သေးဘူး လှမောင်၊ တကယ်တမ်း လူ့အခွင့်အရေးစစ်စစ် ဆိုတာ … ””ကိုကြိုးကြာ”B-52 ဗုံးကြဲလေ ယာဉ်ပေါ်မှ ကြဲချလိုက်သော ဗုံးတစ်လုံး၏ ပေါက်ကွဲသံထက်မြည်ဟည်းသော မစောရင်၏ အသံက ကိုကြိုးကြာ လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။”ဟာ အလန့်တကြား ပါလား၊ မစောရင်ရယ်””သြ … တော်က တော်ကိုယ် တိုင် အကြောက်တရား မကင်းစင် သေးပဲနဲ့ သူများကို အကြောက် တရား ကင်းစင်ရေးလက်ချာတွေ၊ လူ့အခွင့် အေ ရးတွေ၊ ပွင့်လင်း မြင်သာမှုတွေ ဟောနေတာလား၊ တော့်ဟာတော် သေရွာသွားလို့ နောက်ကြောင်း ပြန်မလှည့်ချင်နေ၊ ကျုပ်အိမ်ကိုတော့ အခု နောက် ကြောင်းပြန်လှည့်ခဲ့၊ ကျုပ်နတ်ပွဲ ထွက်ရမယ်၊ ကားပေါ်ကို ကိုယ်တော် တွေ တင်ရမယ်၊ ပစ္စည်းတွေ တင်ရ မယ် လာလိုက်ခဲ့၊ ဘယ့်နှယ်တော်၊ မိန်းမလုပ်စာ ထိုင်စားနေပြီးတော့ လက်ကြောမ တင်းဘဲ ပါးစပ်ကြော တင်းပြီး ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေကြွေးကြော်နေတာ၊ ကိုယ်လည်း နိုင်ငံရေး နကန်းတစ်လုံး မသိဘဲနဲ့၊ ကျုပ်ကြာရင် တော့်ကို စိတ်ကုန် လာ ပြီနော် ဟင်းဟင်း”ဒေါသတရားမကင်းတဲ့ မစောရင်ရဲ့ စကားလုံးတွေကို အကြောက်တရားမကင်းသေးတဲ့ ကိုကြိုးကြာတစ်ယောက် မချေဖျက် နိုင်ပဲ ကုပ်ကုပ်ကုပ်ကုပ်နှင့် မစောရင်နောက်မှ လိုက်ပါသွား တော့သည်။

ကိုကြိုးကြာတို့ရပ်ကွက်ထဲမှ သော်ခင်ဆိုသည့် ကောင်လေးမှာ မြန်မာပြည်လွတ်လပ်ရေးရပြီး နှစ် ၅ဝ အကြာမှ လူ့လောကထဲသို့ ရောက်လာသူဖြစ်သည်။ အလွန်ရှိ ၁၆   နှစ်၊ ၁၇ နှစ်လောက်ပင် ရှိလိမ့် မည်။ သို့သော် သော်ခင်သည် နိုင်ငံရေးအခမ်းအနားမှန်သမျှ ရှေ့ဆုံးမှ တက်ကြစွာ လုပ်ကိုင်နေ သည်။လက်ရှည်လည်ကတုံး အ င်္ကျီ နှင့် ယောပုဆိုးကို ထာဝရဝတ်ဆင် ရင်း စမတ်ကျကျနှင့် နေတတ်ပြီး အခမ်းအနားတိုင်း၏ လက်ချာ ဘောက်(စ်)ရှေ့တွင် သော်ခင်ကို တွေ့ရမည်ဖြစ်၏။ သူ့ကိုယ်သူ ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေး ခေတ်မှသည် ယနေ့ခေတ်နိုင်ငံရေး နယ်ပယ်ထိ ဖြတ်သန်းလာသလိုလို ဒီဇိုင်းဖြစ်၏။ သူ့အဖေလောက် အရွယ်ကြီးများကလည်း ဘုမသိ၊ ဘမသိနှင့် သော်ခင့်ကို နေရာပေး ကြ၏။ အထင်ကြီးကြ၏။ သော်ခင် ကလည်း ဘာအခမ်းအနား၊ ညာ အခမ်းအနားမှန်သမျှ သူမပါလျှင် မပြီးသည့်ပုံစံ။

မည်သည့်ပါတီ အစည်းအဝေးဖြစ်ဖြစ် သော်ခင် ရောက်၏။ ကိုယ်နှင့်မဆိုင်သည့် အခမ်းအနားတွင်လျှင်ပင် ပရိသတ် ရှေ့ထွက်၍ လတ်လျားလတ်လျား လုပ်ပြတတ်၏။ အ လကားနေရင်း လည်း ဟန်းဖုန်းက နားနှင့်မခွာ၊ ဘေးမှာရှိသောလူက သော်ခင် ဖုန်းပြောနေသည်ကို နားစွင့်ကြည့် လျှင် ”ဟာ အဲဒါခက်တာပဲ ဦးထွဋ် ခေါင်၊ ခင်ဗျားတို့ အ တွက် လုပ်ပေး နေတာတောင် ခင်ဗျားတို့ဘက်က တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိဘူး၊ ဘာလဲ ခင်ဗျားက ခရိုနီနာမည်ခံချင် တာလား ဟင်း”ဦးထွဋ်ခေါင်ဆိုသည်မှာ မြို့ မျက်နှာ ဖုံးတစ်ယောက်၊ ကုမ္ပဏီ ပိုင်ရှင်သူဌေးတစ်ယောက်လည်း ဖြစ်၏။ ထိုလိုပုဂ္ဂိုလ်မျိုးကို သော်ခင် က အထက်စီးမှ ပြောနေသည်ကို လူတွေ အံ့သြနေကြ၏။ တချို့ကလ ည်း သော်ခင့်အသံသာ ကြားနေရ ၍ တကယ်ရော ဦးထွဋ်ခေါင်နှင့် ဖုန်းပြောနေသည်ကို ဟုတ်သလား မဟုတ်သလား သံသယများနှင့် ဖြစ် ၏။

ထို့ပြင် …”ဟဲလို ရှေ့နေချုပ်ကြီးလား၊ ကျွန်တော် သော်ခင်ပါ၊ ပြောထားတဲ့ ရက်ကို ဆန္ဒထုတ်ဖော်ကြဖို့ ရှေ့နေ ချုပ်ကြီးရဲ့ လူတွေ အဆင်သင့်ဖြစ် ပလား၊ ဒါဆိုရင် စုရပ် ကိုလည်း သိပြီးပြီနော်၊ ဟုတ်ပြီ အိုကေ အိုကေ”သော်ခင်၏ ဖုန်းပြောသံကို ကြားရသူတိုင်း တအံ့တသြဖြစ်ကြ သလို ကိုယ့်တူကိုယ့်သားအရွယ် ကောင်လေးကို အထင် ကြီးရတော့ မလို၊ အားကိုးအားထား ဆုပ်ကိုင်ရ တော့မလို ဖြစ်နေကြ၏။ ရပ်ကွက် ထဲ မီးမလာလျှင် သော်ခင့်အား သွားတိုင်၏။ ရေမလာလျှင်လည်း သော်ခင့်အား သွား တိုင်၏။ နောက် ဆုံး လင်မယားကွာရှင်းပြတ်စဲမှုတွေ လည်း သော်ခင့်ဆီသို့သာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ရုံးသည် အပိုသက်သက်ဖြစ်နေတော့၏။ ထိုအထဲ တွင် ကိုကြိုးကြာလည်း သော်ခင့်ကို အတော်အထင်ကြီး၏။ လေးစား၏။ သော်ခင်၏်ူသတ တွေ အောက် ကိုကြိုးကြာ ပိသွား၏။

”ဒီမယ် ကိုကြိုးကြာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရကိုသိမှ လူ့အခွင့်အရေးဆိုတာကို နားလည် မှာဗျ။ ဒါကြောင့် အရာရာမှာ ပွင့်လင်းမြင်သာမှုတွေ လိုလာပြီ”အသက်က (၁၆ ) နှစ်၊ (၁၇) နှစ်အပြင် ပိုမရှိသေးဘဲ နို့နံ့တောင်မစင်ချင်သေးတဲ့ သော်ခင့်ပါးစပ်က ထွက်လာတဲ့အလုံးကြီးက ကုလသမ္မဂထက် ပိုကြီးနေသည်။ ကိုကြိုးကြာ ကိုလည်း ” ခင် ဗျားတို့ နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာက ပါဝင်သင့် ပြီဗျ။ ပါတီမဝင်ချင်နေ၊နိုင်ငံရေး၊ လူမှုရေးလုပ်တယ်ဆိုတာ ခင်ဗျားလို အားအားယားယားသမားတွေ ပို ကိုက် တယ် ကိုကြိုးကြာ၊ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ လုပ်မလား၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ အစည်းနဲ့ လုပ်မလား၊ လုပ်စရာ တွေ အများကြီးဗျ””အေး လုပ်တော့ လုပ် ချင်သား ကွ၊ ငါက မိန်းမလုပ်စာ ထိုင်စားနေ ရတဲ့ ကောင်ဆိုတော့ နိုင်ငံရေးလုပ် ရင် ဘယ်သူက ထမင်းကျွေးမှာလဲ သော်ခင်ရ’ကိုကြိုးကြာ၏၊

မေးခွန်းကို သော်ခင့်ပုံစံက မနှစ်မျို့သည့်စတိုင် နှင့်”ဟာဗျာ ခင်ဗျားကလည်း ဒီအချိန်မှာ မစားရမှာ၊ မဝတ်ရမှာ ပူရမယ့်အချိန် မဟုတ်ဘူးဗျ၊ အလုပ် လုပ်ဖို့က အဓိက၊ မိသား စုတွေ၊ဇနီးသားမ ယားေ တွထည့်မတွက်နဲ့၊ ဗိုလ်ချုပ်တောင် အဆင်းရဲခံ၊ အငတ်ခံ လုပ်သွားသေးတာပဲ၊ တစ်ချိန်မှာ ပန်းတိုင်ရောက်ရင် ဒီမိုကရေစီရဲ့ အသီးအ ပွင့်တွေကို စားသုံးရမှာပဲဗျ မဟုတ်ဘူးလား”ဘုန်းကြီးရူးနှင့်လှေလူး တွေ့ သည်ဟု ဆိုရမည်မသိ၊ ကိုယ့်သား လောက် ကောင်လေးရဲ့ အပြော အဆိုတွေအောက် ညွတ်ကျသွား သော ကိုကြိုးကြာမှာ နောက်နေ့မှ စ၍ မစားရမှာ မပူပင်၊ မဝတ်ရမှာ မပူပင်၊ မိန်းမငြိုငြင်မှာကို ဂရုမစိုက်၊ လည်ကတုံးအင်္ကျီကလေးဝတ်၍ သော်ခင်နှင့် ဟိုလိုက်သည်လိုက် လုပ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီ ဖြစ်တော့သည်။”မစောရင်””ဘာလဲ ကိုကြိုးကြာ ပြော”မစောရင်၏ ကီးက မာမာ ထန်ထန်ဖြစ်နေသည်။ မာထန်သည် လည်း မပြောနှင့်၊ အိမ်၏ ဗာဟီရ အလုပ်ကို ကူညီမလုပ်ကိုင်သည်မှာ ကြာပြီဖြစ်နေသော ကိုကြိုးကြာကို မစောရင် တင်းနေသည်။

”ဒီမိုကရေစီသာရရင် မင်းတို့ ငါတို့ ချမ်းချမ်းသာသာနဲ့ နေရမှာ ကွ””ဒီမှာ ကိုကြိုးကြာ ကျုပ်ကို ဒီမိုကရေစီတွေ၊ ဟိုမိုကရေစီတွေ လာမပြောနဲ့ ကျုပ်နားမလည် ဘူး၊ လောေ လာဆယ် ကျုပ်ကို ထမင်း နပ်မှန်အောင် ကျွေးထားတဲ့ ကျေးဇူး ရှင်တွေက ဟောဒီ ၃၇ မင်းကိုယ် တော်တွေပဲ၊ ဒီအလု ပ်နဲ့ တော့်ကို ကျွေးမွေးလာ တာ၊ တော့် အသ က် တောင်သေခါနီးနေပြီ၊ အခုတလော တော့်အိမ်အလုပ် ဘာမှမလုပ်ဘဲ နိုင်ငံရေးသမားယောင်ယောင် လုပ်နေတာ ကြာပြီ၊ ကျုပ် တော့်ကို ကြည့်မရတော့ ဘူး”မစော ရင် ပြောမည်ဆိုလည်း ပြောစရာပင်၊ ဘာမျှနိုင်ငံရေး ခံယူချက်မရှိ၊ နိုင်ငံရေးလည်းမသိဘဲ၊ အတွေ့အကြုံဖြတ်သန်းမှုမရှိဘဲ ကိုယ့်သားအ ရွယ် သော်ခင့်စ ကား တွေ ပိ ပြီး နောက် တကောက် ကောက် လိုက်နေခြင်းဖြစ်သည်။ ယခင်နှစ်ပတ်လောက်က ဆန္ဒထုတ် ဖော်သူတွေကြား ဘုမသိ၊ ဘမသိ ဝင်ပြီး လက်သီးလက်မောင်းတန်း မိ၍ ၁၈ (စ) နှင့် ညားကာ အချုပ် ထဲ တစ်ပတ်လောက် အိပ်ခဲ့ရ၏။ အချုပ်ထဲ ရောက်ခဲ့သည်ကိုပင် သာယာဝတီထောင်ထဲရောက်ခဲ့ သော ဝါရင့်နိုင်ငံရေးသမားကြီး ဒီဇိုင်း ဖမ်းေ န၏။

”ဒီမယ် မစောရင်၊ နိုင်ငံရေး ဆိုတာ ပြည်သူတစ်ရပ်လုံးတင် မကဘဲ သူတောင်းစားအထိ သက် ဆိုင်တယ်ကွ၊ ကိုယ့်မိသားစု ကွက် ကွက်ကလေးကို ကြည့်နေလို့ မရ ဘူး ။ နိုင်ငံအတွက် ကြည့်ရမယ် ကွ၊ (၈၈) အရေးအခင်းလို အိပ်မက် ဆိုးကြီးဆီ နောက်ကြောင်းပြန် မလှည့်ဘူး မစောရင်၊ လူ့အခွင့် အရေးတွေ ပွင့်လင်းမြင် သာလာ တဲ့ခေ တ်မှာ မင်းတို့ငါတို့လည်း ပါဝင် ရမယ်ကွ၊ မောလိုက်တာကွ၊ ညစာ ဘာဟင်းချက်ထားလဲ မစောရင်”ကိုကြိုးကြာ၏ နိုင်ငံရေး စကားလုံးတွေကို နတ်ပွဲတစ်ပွဲ လောက် စိတ်မဝင်စားသည့် မစော ရင်က ”ဘာမှ ချက်မထားဘူး၊ တော့် အစာအိမ်ထဲမှာ နိုင်ငံရေးကိစ္စတွေနဲ့ ဝလင်နေမှတော့ အိမ်မှာထမင်းစား ဖို့ နော က်ကြောင်း ပြန်လှည့် မ လာနဲ့၊ ဆာရင် ရေသောက် ဗိုက်မှောက်နေ လိုက်၊ ဗိုလ်ချုပ်တောင် လွတ်လပ်ရေး ရဖို့ အငတ်ခံလုပ်လာသေးတာပဲ၊ တော့်ဟာက လွတ်လပ်ရေးလောက် မကြီး ကျယ်သေး ပါဘူး ကိုကြိုးကြာ ရယ်၊ ဟင်းဟင်းဟင်း”အခုမှ ကိုယ့်ရှူးကိုယ်ပတ် ဖြစ် ကုန်၏။ ကိုယ်ပက်လိုက်သည့်ရေ ကိုယ့်မျက်နှာ ပြန်စဉ်ခြင်းဖြစ်၏။ ကိုယ့် စကားလုံးတွေ ကိုယ့်ပြန် စိုက် ဝင်ကုန်၏။ သေချာသည်ကတော့ ယနေ့ည ထမင်းငတ်ပြီဖြစ်၏။

ကိုကြိုးကြာ မစောရင်ကို ဒေါသလည်း ဖြစ်သွား၏။ ထိုင်နေ ရာမှ ရုတ်တရက်ကြီး ‘ဝုန်း’ ခနဲ မတ်တတ်ထရပ်ပြီး”အေး ကြိုက်တယ် မစောရင်၊ ငါကလည်း ရပ်ကွက်ထဲမှာ ‘ပွင့် လင်းမြင်သာ ကိုကြိုးကြာ’ ဆိုတဲ့ နာမည်တစ်လုံးနဲ့ နေတာ၊ ထမင်း တစ်နပ်မစားရတာကို ဂရုမစိုက်ဘူး မစောရင်၊ တစ်နေ့ ကြိုးကြာဆိုတဲ့ ကောင် ဘာကောင် လဲဆို တာ မင်း မြင်သာလာရမယ်ကွ”မစောရင်က ကိုကြိုးကြာ၏ ပေါက်ကွဲသံစဉ်ကို ဥပေက္ခာပြုရင်း အတွင်းခန်းထဲသို့ လှည့်ဝင်သွား သည်၊ စိတ်တိုနေသော ကိုကြိုးကြာ က တဂွီဂွီ၊ တဂွမ်ဂွမ်မြည်နေသော အစာအိမ်ထဲသို့ သောက်ရေအိုးမှ ရေခပ်ကာ အကြိမ်ကြိမ်သောက်ပစ် လိုက်သည်။ ထို့နောက် ဆက်တီ စားပွဲပေါ်မှ သော်ခင်ပေးထားသော ဂျာနယ်တစ်ထပ်ကြီးကို တစ်စောင် ပြီးတစ်စောင် ဆက်ဖတ်နေမိသည်။ ဂျာနယ်ဖတ်ရင်းဖြင့် ဆာလောင် မွတ်သိပ်ခြင်း အာရုံကို လမ်းလွှဲနေ ခြင်းဖြစ်သည်။

ရပ်ကွက်မီးကင်းတဲ မှ သံချောင်းခေါက်သံ ၉ ချက်တိတိ ခေါက်သံကိုပင် ကိုကြိုးကြာမကြား တော့၊ ဂျာနယ်ထဲမှ နိုင်ငံရေး ဆောင်းပါးများ၊ ဆန္ဒထုတ်ဖော်မှု များ၊ ၂ဝဝ၈ အြေ ခခံဥပဒေကို ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းကိစ္စ များ၊ သန်းခေါင်စာရင်းကိစ္စများကို စိတ်ဝင်တစား ဖတ်နေသော ကိုကြိုးကြာတစ်ယောက် ည ၁ဝ နာရီကျော်သွားသည်ကိုပင် သတိ မထားမိတော့။ ထိုစဉ် လူရိပ်တစ်ခု သူ့အနားမှ ဖြတ်သွားရင်း”အစ်ကိုကြီး ပြန်ပါဦးမယ် ခင်ဗျ””သြော် အေးအေး”ဂျာနယ်ဖတ်နေရာမှ ကိုကြိုး ကြာ ဖြေလိုက် သည် ။ နောက်မှ မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားပြီး သူ့ကို နှုတ်ဆက်သွားသူကို ထကြည့် တော့ အရိပ်ပင် မမြင်လိုက်ရချေ။ ကိုကြိုးကြာ ရုတ်တရက် စဉ်းစား လိုက် သည်။”ဒီအိ မ်မှာ ငါနဲ့မစောရင် လင်ကိုယ်မယားနှစ်ယောက်တည်း နေတာပါ၊ လူပိုလည်း မရှိဘူး၊ ခုလို အချိန်မတော်ကြီးကျမှ အိမ်ပေါ်က ဆင်းသွားတာ သူခိုးသူဝှက် များ လား ၊ နောက်ပြီး မခန့်လေးစားနဲ့ ငါ့ကို တောင် နှုတ်ဆက်သွားသေးတယ်၊ ဒီကောင် ဘာလဲဟ”ထိုသို့စဉ်းစားလိုက်ပြီးမှ မစောရင်ရှိရာ အခန်းဘက်သို့ လှည့်ပြီး”ဟေ့ မစောရင်၊ မစောရင် အိပ်ပြီလားဟ၊ မြန်မြန်လာစမ်းပါဦး ဟ”မစောရင် အိပ်ခန်းထဲမှ ထွက် လာပြီး ကပိုကရိုဖြစ်နေသော ဆံပင် များကို ပြန်ထုံးလိုက်ရင်း”ဘာလဲ ပြော”အရာရှိက ရုံးခ န်းထဲ ဝင်လာ သော အထွေထွေလုပ်သားကို မေး လိုက်သော လေသံဖြင့် မစောရင်က မေးလိုက်သည်။

”ခုနက အိမ်ပေါ်က လူ တစ်ယောက်ဆင်းသွားတာ မင်း မသိ လိုက် ဘူးလား””သိသားပဲ”မစောရင်က ဘာမျှမဖြစ်သလို လေသံဖြင့် ပြောသောကြောင့် ကိုကြိုးကြာ အေ တာ် ဒေါသဖြစ်သွား ပြီး”ဘာကွ သိရင် သူခိုးလား၊ ဓားပြလား၊ ထ မကြည့်တော့ဘူးလား ကွ၊ နောက်ပြီး ညကြီးအချိန်မတော် လာသွားတာ မင့်အမျိုးလည်း ဟုတ် မယ် မထင်ဘူး၊ အတော်သောက်သုံး မကျတဲ့ မိန်းမပဲ ဟင်း”ကိုကြိုးကြာ၏ ဒေါသစကား တွေကြားတွင် မစောရင်က ရင်ကော့ ခါးထောက်လိုက်ပြီး”ဒီမှာ ကိုကြိုးကြာ ၊ တော် က တော့်ကိုယ်တော် ပွင့်လင်းမြင်သာ ကိုကြိုးကြာဆိုတော့ ကျုပ်က မြင်သာရုံလောက်တော့ မကြိုက်ဘူး၊ စောရင်က တည့်(ဒဲ့) ပဲ၊ ပေါ်တင်ပဲ၊ မှတ်ထား ပွင့်လင်းပေါ်တင် မစောရင်တဲ့၊ ဟင်းဟင်း၊ ခုနက တော့်ဘေးက ဖြတ်သွားတာ သူခိုး လည်း မဟုတ်ဘူး၊ အမျိုးလည်း မဟုတ်ဘူး၊ အဲဒါ ပွင့်လင်းပေါ်တင် မစောရင်ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီ၊ ကိုယ်ပိုင်လူ့အခွင့်အရေး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်၊ အဲဒါ ကျုပ် လင်ငယ် တော်ရေ့၊ မသိရင် မှတ်ထား လိုက်””ဟိုက်”ကိုကြိုးကြာ၏ ပါးစပ်မှ ‘ဟိုက်’ ဟူသော အာမေဍိတ် တစ်ခု နေဝင် မိုးချုပ်ပြီးနောက်၊ နောက်တစ်နေ့မှ စ၍ ကိုကြိုးကြာ အိမ်ထဲမှ အိမ်ပြင် သို့ လုံးဝမထွက်တော့ချေ။ သူ့နှုတ်ဖျားမှ အလိုလို ဆွံ့အသွား သောဘာသာစကား များမှာ နိုင်ငံ ရေးစကားများပင် ဖြစ်တော့ သတည်း။

မောင်သစ်လှိုင်း


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...