‘ရှင်သီချင်း နားထောင်ပါသလား’ လို့ ကျွန်မမေးရင်’ဘယ့်နှယ်မေးလိုက်ပါလိမ့်၊ သိပ်နားထောင်တာပေါ့’လို့ လူတိုင်းကရင်ကော့ပြီး ဖြေကြလိမ့်မယ်။ ပြီးတာနဲ့ ကျွန်တော်ေ တာ့ အနောက်တိုင်းဂီတမှာ ဘာဂီတကိုနားထောင်တာ၊ ဘယ်သူ့သီချင်းတွေ အမြဲနားထောင်တာ၊ ကျွန်မတော့ မြန်မာဂီတမှာ ဘာကိုနားထောင်တာ၊ ဘယ်သူ့ကိုဖြင့် အ သည်းစွဲပေါ့ ဘယ်သူ့သီချင်းတွေဆို ကြိုက်လွန်းလို့ ဖုန်း ringtone လုပ်ထားတာဆိုတာတွေအထိ လူတိုင်းဟာအာပေါင်အာရင်းသန်သန်နဲ့ ကရား ရေလွှတ်တ တွတ် တွတ် ပြောတတ်ကြမှာ အသေအချာပေါ့။
‘ဂီတတစ်ပုဒ်ကို ဘာနဲ့နားထောင်လဲ၊
‘ဘယ်လိုနားထောင်လဲ’ လို့ ကျွန်မက ဆက်မေးမယ် ဆိုပါတော့။ ဖုန်းထဲထည့်ထားပြီး နားကြပ်နဲ့ နားထောင်တာ၊ FM လိုင်းတွေနဲ့ နားထောင်တာ၊ အိပ်ရင်းနားထောင်တာ၊ ကားမောင်းရင်း နားထောင်တာ၊ အိမ်မှုကိစ္စလုပ်ရင်းနားထောင်တာ .. အဲဒီလိုအမျိုးမျိုးဖြေမယ်လို့ ကျွန်မ ခန့်မှန်းမိတယ်။ စစနောက်နောက်လူတွေကတော့ သူ့နားရွက်ကို ဆွဲပြပြီး ‘ဒီနားရွက်နဲ့ နားထောင်တာလေ’ လို့ ကျွန်မကို ရယ်စရာလုပ်ပြောကြမှာ အမှန်ပါပဲ။ ကျွန်မလိုချင်တာက ‘နှလုံးသားနဲ့ နားထောင်တာ’ ဆိုတဲ့ စကားလေးကိုပါ။ ဟုတ်ပါတယ်။ တကယ်တော့ ဂီတတစ်ပုဒ်ကို နှလုံးသားနဲ့ နားထောင်တတ်ဖို့ အရေးအကြီးဆုံးပါပဲ။
ကျွန်မတို့စာရေးဆရာတွေအနေနဲ့ ဝတ္ထုတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ရေးလိုက်ပြီဆို စကားလုံးအသစ်အဆန်းတွေ၊ စိတ်ကူးစိတ်သန်းအဆန်းအပြားတွေ ကွန့်မြူးလွန်သွားပြီး modernize ဖြစ်သွားပြီဆို ‘နားမလည်ဘူး’၊ ‘လူနားလည်အောင်ရေး’စတဲ့ ဝေဖန်သံတွေ စာဖတ်သူတွေဆီကဖြစ်စေ၊ ဝေဖန်ရေးသမားတွေဆီကဖြစ်စေ ဟိုကသည်က ညံညံစာစာ ထွက်ပေါ်လာတတ်တယ်။ ဟုတ်တာပဲ၊ စာတစ်ပုဒ် ကဗျာတစ်ပုဒ်ဆိုတာ နားလည်မှ ဆက်ဖတ်လို့ ရမှာပေါ့။ ဂီတတစ်ပုဒ်မှာတော့ ဘာမှမလိုပါဘူး။
ဒီသီချင်းဘာဂစ်တာနဲ့ ဘယ်လိုတီးထားလဲ၊ သူဘာကီးနဲ့ဆိုထားလဲ၊ ဘယ်တူရိယာကို အားပြုတီးခတ်ထားလဲ၊ chorus ပိုဒ်မှာ နောက်ခံဟာမိုနီတွေ လိုက် ဆို ထားသေး လား၊ ဒရမ်ရိုက်သံပြင်းပြင်းကြီးတွေက ဘာကိုကိုယ်စား ပြုချင်ပါလိမ့်စသဖြင့် နားထောင်သူက နားလည်အောင် အသည်းအသန်လိုက်ပြီးလုံ့လထုတ် ကြိုး စားနေစ ရာမလိုပါဘူး။ ‘ဘာမှ နားမလည်လည်းပဲ နားထောင်ခံစားလို့ရတာ ဂီတဆိုတဲ့အရာပါ’လို့ ကျွန်မပြောရင် ရှင်တို့ယုံကြည်လိုက်ပါ။ ဟုတ်တယ်ရှင့်။ ခံစားတတ် တဲ့ နှလုံး သားတစ်စုံပဲ လိုပါတယ်။ ရှင့်မှာ ကောင်းမွန်တဲ့နားတစ်စုံသာပိုင်ဆိုင်ခဲ့မယ်ဆိုရင် အသံမျိုးစုံကို ရှင်အချိန်တိုင်း ကြားနေရမှာပါ။ သာယာနာပျော်ဖွယ် အသံရော၊ ဆူ ညံကြမ်းရှတဲ့အသံပါအားလုံးကို ရောထွေးယှက်တင် ကြားနေရလိမ့်မယ်။ ဒီအထဲကမှ သာယာလှပတဲ့ အသံတွေကိုပဲ ရွေးချယ်ပြီး ရှင်နားထောင်ကြည့်ပါ။ တချို့ အ သံ တွေက တစ်သံတည်း၊ တစ်သမတ်တည်းရှိကြသလို တချို့ကလည်း အသံမှာ အနိမ့်အမြင့်ရှိပြီး သံစဉ် အပိုင်းအစလေးတွေပုံစံမျိုး ကြားရမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်မတို့ရဲ့ သဘာဝလောကကြီးရဲ့အသံတွေကိုနားထောင်ကြည့်မယ်ဆိုရင် သာယာလှပတဲ့ အသံတွေ အများကြီးပဲရှိနေကြတယ်ဆိုတာ ရှင်တို့ အံ့သြမ ကုန်နိုင်အောင်တွေ့ရ ပါလိမ့်မယ်။ နေ့သစ်တစ်နေ့ ပေါ်ထွက်လာမယ့် အစကနဦး အချိန်လို့ ပြောနိုင်တဲ့ နေမထွက်ခင် နဲ့ နေထွက်ခါစ/နေထွက်ပြီးစအချိန် မနက် ခင်း တွေထဲမှာ စိတ်ဝင်စားစရာအသံတွေ ရှိနေတတ် ပါတယ်။
ရှင် နားထောင်ကြည့်ပါ။ . . . . . . . . . . ။ နားစိုက်ထောင်ကြည့်လိုက်ပါ။ . . . . . . . . . . . . . . . ။ ရှင့်ရဲ့ နှလုံးသားကို အားပါးတရဖွင့်ပြီး နားထောင်လိုက်ပါ။ . . . . . . . . . . . . . . . . . . . . ။
ငှက်ကလေးတွေ နိုးထပြီး စကားပြောတဲ့အသံတွေ ဒါမှမဟုတ် နေ့သစ်ကို ကြိုဆိုတဲ့အနေနဲ့ သံစဉ်လေးတွေ သီဆိုနေကြတာတွေ အားလုံးကို အသေအချာ ကြားရမှာပါ။ တကယ်လို့ ရှင်ဟာ မနေ့ညက အဆင်မချောခဲ့တဲ့ မနှစ်မြို့ဖွယ် ကိစ္စ တစ်ခုအကြောင်း နိုးနိုးချင်း စဉ်းစားနေမိခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ ဒီနေ့ အလုပ်သွားတဲ့အခါ ဘယ်အင်္ကျီ ဘာအရောင်ဝတ်ရပါ့လို့ နိုးနိုးချင်း တွေးမိနေခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ အလုပ်ကိုရောက်တဲ့အခါ ပြောဆိုပြသရမယ့် presentation အကြောင်းကြိုေ တွးလို့ ခေါင်းစားနေခဲ့မယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ ငိုနေတဲ့ ကလေးပေါက်စကို နိုးနိုးချင်းထွေးပွေ့ချော့မြှူနေခဲ့ရမယ်ဆိုရင်၊ တကယ်လို့ ရှင်ဟာ စောေ စာစီးစီး ဖုန်း လာလို့ နိုးနိုးချင်းချစ်သူနဲ့ဖုန်းကြာကြာပြောနေခဲ့မယ်ဆိုရင် ..အဲဒီလို အဲဒီလို တကယ်လို့တွေ အမျိုးမျိုးနဲ့ ရှင်တို့ရဲ့ မနက်ခင်းဟာ အုံ့ခဲ မှုန်မှိုင်း လိမ်ကျစ်ေ စး ထန်းနေ မယ်ဆိုရင်တော့ သဘာဝက နှုတ်ဆက်လာတဲ့ မနက်ခင်းအသံတွေနဲ့ စိတ်မကောင်းစရာ လွဲချော်သွားတော့မှာပါ။
ခံစားကြည့်ပါ။ ကျွန်မပြောသလို အိပ်ရာက နိုးနိုးချင်းမှာ သဘာဝကြီးက အခမဲ့ပေးထားတဲ့ သာယာနာပျော်ဖွယ်အသံတွေကို တစ်ခါလောက် နားစိုက်ထောင်ကြည့်ဖို့ ကျွန်မ ရှင့်ကို တိုက်တွန်း ချင်တာပါပဲ။ ရှင်မသိလို့ ပါကွဲ့။ မနက်ခင်းထဲက ငှက်ကလေးတွေရဲ့အသံဟာ အံ့သြဖွယ်သာယာပြီး အဓိပ္ပာယ်တစ်ခုစီ ကိန်းဝပ်နေလေရဲ့။ ဒါေ တွကို တခြားအရာတွေနဲ့ အစားထိုးလို့၊ ဖော်ကျူးလို့ ရနိုင်ပါ့မလား။
မနက်ခင်းမှာ မနက်ခင်းအသံတွေ ရှိသလို ညအချိန်မှာလည်း ညငှက်တွေရဲ့အသံတွေ၊ ညဘက်ထွက်လာတတ်တဲ့ အကောင်ပလောင် လေးတွေရဲ့အသံတွေက ‘ဒါဟာ ညဖြစ်တယ်’ လို့ အတိအကျကြီးရှင့်ကို ပြောပြနေတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရှင်ခံစားကြည့်ပါ။ ထွက်ပေါ်နေသမျှ အသံတွေအားလုံးမှာ သူ့တန်ဖိုးနဲ့သူ အဓိပ္ပာယ် တစ်ခု စီရှိနေတဲ့အတွက် စကားလုံးတွေ အတိအကျမပါဘဲနဲ့တောင် ရှင်ခံစားလို့ရပါတယ်။ အသံတွေဟာ အချိန်ကာလတွေကိုလည်း မီးမောင်းထိုးပြနေပါသေးတယ်။
မနက်ခင်းထဲကအသံ၊ ဒါမှမဟုတ် ညထဲမှာ ရှိနေတဲ့အသံ ဒီအသံတွေကို ကျွန်မဟာ အသံဖမ်း စက်တစ်လုံးနဲ့သွင်းယူပြီး တခြားအချိန်ကာလ တစ်ခုထဲမှာ တစ်စုံ တစ်ယောက် (ဒါမှမဟုတ်) ရှင့်ကိုပေါ့၊ ဖွင့်ပြပြီး နားထောင်စေမယ်ဆိုရင် အသံဖမ်းစက်ထဲက ထွက်ကျလာမယ့်အသံတွေကို ကြားမိလိုက်တာနဲ့ အဲဒီ ရှင်သို့မဟုတ် တစ်စုံ တစ်ယောက်ဟာ ‘ဒါမနက်ကြီးပေါ့’၊ ‘ဒါက ညအချိန် ဟုတ်တယ်မဟုတ်လား’ဆိုပြီး နေ့နဲ့ညကို ခွဲခြားသိရှိခံစားရမှာ သေချာပါတယ်။ အဲဒီအခါ မနက်ခင်းရဲ့ သစ်လွင် တက်ကြွမှု၊ သာယာကြည်နူးမှု၊ ညရဲ့တည်ကြည်လေးနက်မှု၊ နွေးထွေးဆိတ်ငြိမ်မှုစတဲ့ ရသမျိုးစုံကို ရှင်ခံစားနိုင်ပါလိမ့်မယ်။
အသံ ဒါမှမဟုတ် သံစဉ်တစ်ခုကို အချိန်ကာလတစ်ခုမှာ နားထောင်ဖူးခဲ့ရင် အဲဒါကို နောက်တစ်ခေါက် ပြန်ကြားမိတဲ့အခါ ရှင်ဟာ အရင်ကာလတစ်ခု ကို ပြန်ေ ရာက် သွားသလို ရင်ထဲခံစားရနိုင်ပါတယ်။ သံစဉ်တွေဟာ စကားလုံးတွေမပါဘဲနဲ့ အဓိပ္ပာယ်အမျိုးမျိုးပေးနိုင်သလို ရသအမျိုးမျိုး ပေးနိုင်တယ်။ ရှင့်အနေ နဲ့ လေးေ လးနက်နက် ခံစားတတ်ဖို့ပဲ လိုလိမ့်မှာပေါ့။ ရှိရှိသမျှ အသံတွေ ကို ခံစားနိုင်ဖို့ ရှင့်မှာ ဘာမှမရှိလည်းပဲရတယ် ရှင့်။ နည်းပညာတွေ မတတ်လည်းပဲရတယ်။ အတန်းပညာတွေ မတတ် လည်းပဲရတယ်။ ငွေကြေး ..ဟင့်အင်း လုံးဝမလိုပါဘူးကွယ်။ ရာထူး ဂုဏ်ဒြပ်တွေ သွားစမ်းပါ။ ရှင့်မှာ နားတစ်စုံနဲ့ ခံစားတတ်တဲ့ နှလုံးသားရှိရင် ရပါပြီ။
ဒါ့ကြောင့် အသံတွေ၊ သံစဉ်လေးတွေကို ဒီကနေ့ကစပြီး ဂရုတစိုက်နဲ့ နားထောင်ကြည့်ပါ။ ဒီလိုနားထောင်ရာကနေ ရှင့်ရဲ့ဘဝဟာ လှပမှု၊ နွေးထွေးမှု၊ သာယာမှု၊ နှစ် သိမ့်မှု၊ တက်ကြွမှုတွေအပြင် (တစ်ခါတစ်ရံ) လွမ်းမောမှုတွေ၊ …တွေနဲ့ မနေ့ကနဲ့မတူ၊ မနေ့ကထက်တောင်ပိုပြီး တစ်မူထူးခြား ပေါ်လွင်လာမှာပါပဲရှင်။ ယုံပါ။ ယုံကြည်ပါ။ ယုံကြည်လိုက်ကွယ်။ သံစဉ်လေးတစ်စ နှစ်စကနေ သီချင်းတစ်ပုဒ် ဖြစ်လာတယ်ဆိုတာကိုပါ။ သံစဉ်လေး တစ်စ နှစ်စဟာလည်း ဂီတပါပဲ။ ပြီးပြည့်စုံတဲ့ သီချင်း တစ်ပုဒ် ဟာလည်း ဂီတပါပဲ။ ဒီဂီတ (music) ဆိုတာ အနုပညာ (art) တစ်ခုပါ။ သူ့မှာ တခြားအနုပညာနဲ့မတူတဲ့ ထူးခြားချက်တွေ ရှိတယ်ရှင့်။ အဲဒါ ဘာများဖြစ်မလဲ၊ ရှင်သိလား။
ဂီတရဲ့ထူးခြားချက်က ကြိမ်ဖန်များစွာ နားထောင်နိုင်ခြင်းပေါ့။ အကြိမ်ပေါင်းများစွာ ထပ်ပြန်တလဲတဲ မရေမတွက်နိုင်အောင် ခံစားနိုင် စေပါတယ်။ သံစဉ်တစ်စ၊ ဒါမှမဟုတ် သီချင်း တစ်ပုဒ်ကို အချိန်အပိုင်းအခြားအားဖြင့် တစ်နေ့၊ တစ်မနက်၊ တစ်ပတ်၊ ဆယ်ရက်အတွင်းမှာ ထပ် ကာထပ်ကာ ရှင်ခံစားနိုင်ပါတယ်။ တစ်လ၊ တစ်နှစ် နှစ်ပေါင်း များစွာကြာစေဦးတော့ ဂီတသံဟာ အသစ်ဖြစ်နေနိုင်တာချည်းပါပဲ။ ဂီတဆိုတဲ့အရာဟာ ဘယ်တော့မှ ရိုးအီမသွားခဲ့ဘူး။
ဂီတတစ်ပုဒ်ဟာ စာတစ်အုပ်နဲ့ အရည် အသွေးချင်းမတူနိုင်ဘူးလို့ ကျွန်မပြောရင် ရှင် ငြင်းခုံမနေဘဲ ခေါင်းညိတ်လိုက်သင့်ပါတယ်။ စာတစ်ပုဒ် (ဝတ္ထု ဒါမှမ ဟုတ် ဆောင်းပါး ဒါမှ မဟုတ် ကာတွန်းတစ်ပုဒ်ပုဒ်) ကို ကျွန်မတို့ ဘယ်လောက်ကြိုက်ကြိုက် နေ့ရက်တစ်နေ့တည်း အတွင်းမှာ ထပ်ပြန်တလဲလဲကြီး ပြန်ပြန်ဖတ်မိ တာ မျိုး ဘယ်သူမှ မလုပ်ကြပါဘူး။ ဂီတတစ်ပုဒ်ကတော့ တစ်နေ့တည်းမှာပဲ ထပ်ကာထပ်ကာပြန်ပြန်ဖွင့်ပြီး ကြိမ်ဖန်များစွာ နားထောင်ခံစားတာမျိုး လူတိုင်းလုပ် မိကြပါ တယ်။ ခုဆို ဂီတတစ်ပုဒ်နဲ့ စာတစ်ပုဒ် ဘယ်လောက် ခြားနားလှတယ်ဆိုတာ ရှင်ရိပ်စားမိလောက်ပြီထင်ပါတယ်။ စာတစ်ပုဒ်မှ မဟုတ်ပါဘူး၊ ပန်းချီကားတွေ နဲ့ နှိုင်း ယှဉ် ရဦးမလား ..လူတွေနဲ့ ကြိမ်ဖန်များစွာ ရင်းနှီးထိတွေ့မှု အပိုင်းမှာတော့ စာပေရော ပန်းချီပါ ဂီတကို မယှဉ်နိုင်ပါဘူး။ ရှင် သိပ်ကိုမြတ်နိုးလှပါတယ်ဆိုတဲ့ ပန်းချီကား တစ်ကားကို ငွေကြေးတတ်နိုင်လို့ အိမ်နံရံမှာ ဝယ်ချိတ်ထားရင်ထားမယ်၊ တစ်နာရီ အတွင်း၊ တစ်နေ့တာအတွင်း အဲဒီပန်းချီကား ရှေ့သွားပြီး ကြိမ်ဖန်များစွာ ခံစားကြည့် ရှုပြီးခေါင်းတညိတ်ညိတ်ဖြစ်နေတာမျိုးတော့ ရှင် လုပ်မိမှာမဟုတ်ပါဘူး။ ဒါသေချာတယ်။ ရုပ်ရှင်ဆို လည်း ဒီလိုပါပဲ။ အင်မတန်ကောင်းလွန်း လို့ အော်စကာ ဆုတွေ ပလူပျံနေတဲ့ ဇာတ်ကား တစ်ကားကို သိပ်သဘောကျပေမဲ့ တစ်ခါကြည့်ပြီး ပြီးသွားတာပါပဲ။ ခဏခဏကြိမ်ဖန်များစွာ ကျွန်မ တို့ ပြန်ကြည့်မနေကြပါဘူး။ အကောင်းဆုံး ဝတ္ထု၊ လက်ရာ အမြောက်ဆုံး ပန်းချီကား၊ နာမည်ကျော် ရုပ်ရှင်တစ်ကား အဲဒါတွေကို တစ်နေ့တည်းမှာ တစ်လအတွင်းမှာ ကြိမ်ဖန်များစွာ ခံစားကြည့်ရှု မနေပါဘူး။ ရှင်ရော ဒီလိုပဲမဟုတ်လား။
ဂီတအပေါ်ခံစားသက်ဝင်မှုကတော့ အဲဒီ အရာတွေထက် အဆမတန် အားကောင်းပါ တယ်။ တစ်ချိန်တည်း၊ တစ်နေ့တည်းမှာ ထပ်ပြန် တလဲလဲ နားထောင် ခံစား ရင်း ခေါင်းတညိတ် ညိတ်နဲ့ စည်းချက်တောင် လိုက်နေမိဦးမှာပါ။ ဝန်ခံရမယ်ဆိုရင် ကျွန်မငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ Pink Floyd ရဲ့သီချင်းတွေကို ဒီနေ့ထိ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ခံစားနားထောင်နေမိတုန်းပါပဲ။ အဲဒီလို နားထောင်မိ တဲ့အချိန်တိုင်း၊ အကြိမ်တိုင်းမှာလည်း ကျွန်မရင်ထဲ အသစ်အသစ်ပဲ ဖြစ် လို့နေ ပါတယ်။ နည်းနည်းကလေးမှ ရိုးအီမသွားပါဘူး။ ပိုပြီးထူးခြားတာက နားထောင်တဲ့အချိန်ကာလအပေါ်မူတည်ပြီး ကာလပြောင်းလဲရင် ပြောင်းလဲသွားတဲ့အတိုင်း ကျွန်မ ရင်ထဲကခံစားမှုကပါ လိုက်ပါ စီးမျောပြောင်းလဲ ခုန်လှုပ်နေတာပါပဲ။
အသေးစိတ်ပြောရမယ်ဆိုရင် ပန်းချီကားတွေကိုကြည့်တဲ့အခါ ရှင့်စိတ်ထဲ တစ်ခုခုတော့ စဉ်းစားနေမိတတ်လိမ့်မယ်။ ဘာမီဒီယမ်သုံးထားပါလိမ့်၊ စုတ်ချက်လား ဒါး ချက်လား ဗလာချည် လက်တွေနဲ့ ရေးဆွဲသလား၊ ပန်းချီဆရာ ဘာသဘောနဲ့ ဒီလိုရေးဆွဲပါလိမ့် ..စသဖြင့်ပေါ့။ ဝတ္ထုတစ်ပုဒ်ဖတ်ရင်လည်း ဒီလိုပါပဲ ဒါတကယ့် ဖြစ် ရပ်မှန် လား၊ ဒီလိုအဖြစ်မျိုး တကယ့်လက် တွေ့မှာရှိသလား၊ ဒါ ဟိုမင်းသားအကြောင်းများလား… အဲဒီလို ‘လား’ပေါင်းများစွာနဲ့ စဉ်းစားခန်းဖွင့်နေ ရတတ်တယ်။ တကယ်တော့ ဒီလိုစဉ်းစားနေရတဲ့ အခြေအနေဟာ အဲဒီပန်းချီကား၊ ဒါမှမဟုတ် စာတစ်ပုဒ်ရဲ့ အနှစ်သာရနဲ့ ဝေးကွာသွားစေဖို့ အကြောင်းရင်းကို ဖန်လိုက်တာ ပဲဖြစ်ပါတယ်။ ဂီတက ဒီလိုမဟုတ်ဘူးရှင့်။ နားထောင်သူတွေကို စဉ်းစားခန်း မဖွင့်ခိုင်းပါဘူး။ တွေးဆအဖြေရှာ နေစရာမလိုဘူး။ နားကတစ်ဆင့် ရှင့်ရဲ့နှလုံးသားဆီ တိုက်ရိုက်ရောက်ရှိသွားပြီး ချက်ချင်းပဲ ခံစားလို့ရပါတယ်။ မခံစားချင်တဲ့ သံစဉ်မျိုးကိုလည်း အဖြေရှာ တွက်ထုတ်ပေးနေ စရာမလိုဘဲ စိတ်နဲ့ပဲ ရိုးရိုးကလေး ဖယ်ထုတ်ထား လို့ရပါတယ်။ သူက ရိုးရိုးလေးပဲ နားထောင်ဖို့ အခွင့်အလမ်းပေးထားသလို ရိုးရိုးလေးပဲ လက်မ ခံဖို့ အခွင့်အလမ်းလည်း ပေးထားပြန်ပါတယ်။
တေးသွားသံစဉ်တွေဟာ ကျွန်မတို့ကို ခွန်အားတွေအများကြီး ပေးနိုင်သလို ပျက်စီးနေတဲ့ ဘဝထဲကနေ ဆွဲနုတ်ကယ်တင်နိုင်ပါသေးတယ်။ Music Therapy ဆိုတဲ့ ရော ဂါဝေဒနာတွေကို ဂီတနဲ့ကုသတဲ့ တေးဂီတကုထုံးတွေလည်း ကမ္ဘာ့ဆေးလောကမှာ ထိရောက်တဲ့ကုသနည်းတွေအဖြစ် တွင်ကျယ်စွာ အသုံးချနေကြတာ ရှင်တို့ အ သိ ပါပဲ။ ဂီတဆိုတဲ့အရာဟာ ဖျော်ဖြေရေးမှာအသုံးချမလား၊ ကုသရေးမှာအသုံးချမလား၊ ရှင်တို့ကျွန်မတို့ဘဝအတွက် တကယ်ပဲ အသုံးတည့်လှ တဲ့အရာ တစ်ခုပါ။
လူ့ဘဝကို စတင်ဝင်ရောက်လာတဲ့ ကလေးငယ်တွေတိုင်း ပထမဦးဆုံးခံစားထိတွေ့ ကြရတဲ့ အနုပညာဟာ သူကိုယ်တိုင်ဟစ်ဆိုလိုက်တဲ့ ‘အူဝဲ’ဆိုတဲ့ အသံတစ်စဖြစ် သ လို သီချင်း/ဂီတ ဆိုတဲ့ အနုပညာနဲ့ ဘယ်သူမှကင်းကွာလို့ မရပါဘူး။ ဒါဟာ ဂီတဆိုတဲ့ အနုပညာရဲ့ (တခြား ဘယ်အနုပညာကမှ လိုက်လို့မမီနိုင်တဲ့) အကြီး မားဆုံး အား သာချက်တစ်ခုပဲ ဖြစ်ပါတယ်။
နားတစ်စုံသာ ကောင်းမွန်နေခဲ့မယ်ဆိုရင် မွေးကင်းစကနေ သေဆုံးချိန်အထိ ဂီတကိုလွတ်လပ်စွာ ခံစားနိုင်ပါတယ်။ ရှင့်ရဲ့အနီးအနား ပတ်ပတ်လည်မှာ အသံေ တွ ပြည့်နှက်ဝန်းရံ နေပြီးသားပါ။ အဲဒီအသံတွေဟာ အထွေအထူး အားစိုက်စရာမလိုဘဲ ရှင့်ရဲ့နားကတစ်ဆင့် ရှင့် အတွင်းသားထဲကို အသာကလေး ဝင်ရောက် လာ နိုင် ပါတယ်။ ရှင့်ရဲ့ နှလုံးသားတံခါးကိုတော့ အသေအချာလေးဖွင့်ထားဖို့တော့ လိုမှာပေါ့။ သဘာဝက ထွက်ပေါ်လာတဲ့အသံတွေနဲ့ လူတွေ ဖန်တီးထားတဲ့အသံတွေ (သံစဉ်တွေ) ကို နှလုံးသားလေးဖွင့်ပြီး နားထောင်ခံစားနိုင်မယ်ဆို ရင် ရှင့်ဘဝမှာ လူဖြစ်ရကျိုးနပ်နေပြီလို့ ဂုဏ်ယူ နိုင်ပါပြီ။ ရှင်ဟာ အဲဒီလို အသံ နဲ့ သံစဉ်တွေကို ခံစားနိုင်ပြီဆိုရင် တစ်ဆင့်တက်လို့ ရှင့်ရဲ့ခံစားမှု အစုစုကို သံစဉ်တွေနဲ့ ပြောပြနိုင်ပါတယ်။ ဘုရားသခင်ဟာ လူတိုင်းလူတိုင်းအတွက် ယေဘုယျအားဖြင့် အသံ ညသအန ၁၂ ခုကို ပေးထား ပါတယ်။ ဘယ်ကိရိယာ ဘာပစ္စည်းမှမပါဘဲ ဘုရားပေးထားတဲ့ ရှင့်ရဲ့ပင်ကိုသံကို ပါးစပ်ကနေ ထုတ်ဖော်ပြီး အသံမျိုးမျိုးကို အသေအချာ သီဆို လို့ရ ပါတယ်။ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ အသံတွေကို ပေါင်းစုအစီအစဉ်ချပြီး သီကုံးလိုက်တာကို သံစဉ် (melody)၊ သီချင်း (song) ၊ ဂီတ(music) လို့ခေါ်ပါတယ်။ အသံတစ်ခု (note) ပဲရှိပြီး သီကုံးမှုမရှိ၊ အထူအပါး၊ အနိမ့်အမြင့်၊ အတက်အကျမရှိဘဲ ဖြောင့်ဖြောင့်တန်းတန်းသွားနေရင်တော့ သံစဉ်(melody) ၊ သီချင်း(song) ၊ ဂီတ (music) လို့ ခေါ်ဆိုလို့ ရမယ်မထင်ပါဘူး။ ဒါကြောင့် သီချင်း၊ ဂီတမှာသံစဉ်တွေတော့ သေချာပေါက်ရှိနေရမှာပါ။
ရှင့်ရဲ့ခံစားချက်တွေကို ကိုယ်တိုင်သံစဉ်တွေအဖြစ်ဖွဲ့သီပြီး တခြားသူတွေကို မျှဝေခံစားစေမယ်၊ အနည်းဆုံးအနီးအနားက တစ်စုံတစ်ယောက်ကို အစစ်ဖြစ်တဲ့ ခံစား မှုတွေ ဖြန့်ဝေပေးနိုင်မယ်ဆိုရင်ရှင်ဟာ တကယ့်အနုပညာသမား(artist) ဖြစ်ပါပြီ။ရှင်တစ်ယောက်တည်းအတွက်သာ ခံစားဖို့ဖော်ကျူးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ တစ် ခုတော့ ရှိတယ်ရှင့်။ သူတစ်ပါးရဲ့ သံစဉ်၊ သီချင်း၊ ဂီတတစ်ခုခုကို ရှင်က အငှားသဘော ပူးကပ်ခံစားပြီး တစ်ဆင့် ပြန်လည်ဖော်ပြ၊ တခြားသူတွေကို ထပ်ဆင့်ခံစားစေ မယ် ဆိုရင်တော့ ရှင်ဟာ သီဆိုသူ (singer)၊ ဒါမှမဟုတ် တီးခတ်သူ (player) အဆင့်မှာပဲ ရှိနေမှာပါ။ အနုပညာသမား (artist) မဖြစ်ပါဘူး။ ဒါကြောင့် ရှင့်ရဲ့ခံစားမှု အစစ်တွေကိုအသံ (sound)၊ သံစဉ် (melody)၊ သီချင်း(song)၊ ဂီတ (music) တွေအဖြစ် ရှင်ကိုယ်တိုင်သီကုံးဖွဲ့ဆိုနိုင်အောင် ကြိုးစားကြည့်ဖို့ ကျွန်မ တိုက်တွန်း ချင်ပါ တယ်။ ဒါပေမဲ့ သီကုံးပြီးစီးတိုင်းလည်း အနုပညာ (art) မဖြစ်ပါဘူး။ ခံစားမှု (feeling) အစစ်အမှန်ပါရှိဖို့က အဓိကပါ။ သံစဉ်ကောင်းတစ်ခုဆိုတာ ခံစားချက်နဲ့ အတူ ပြေပြ စ်ချောမွေ့ပြီး အစီအစဉ်ကျနမှုလည်း ရှိနေ ရပါမယ်။
ကိုယ့်အကြောင်း လူတွေ မသိသိအောင်အများဆုံးဖော်ပြထားတဲ့ အနုပညာတစ်ခုဟာ ကြီးကျယ်မြင့်မြတ်ပြီး လှပတဲ့အနုပညာဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ပညာရှင်ကြီး တစ်ဦးက ပြောပြဖူးပါတယ်။ နားနဲ့ကြားနိုင်တဲ့ အသံတွေအပြင် မကြားနိုင်ဘဲ ခံစားလို့ရ၊ ဖော်ပြ လို့လည်းရတဲ့ သံစဉ်တွေလည်း ဒီကမ္ဘာကြီးမှာ အပုံအပင် ရှိနေပါသေးတယ်။ ဒါကတော့ ရှင်ကိုယ်တိုင်ရဲ့ ရင်ခုန်သံနဲ့လူတွေရဲ့ ရင်ခုန်သံ တွေပေါ့။ ဒါကြောင့် ဒီနေ့ကစပြီး နံနက် နိုးထလာတာနဲ့ ဘယ်လိုအသံကိုမဆို ရှင် နားစွင့် လိုက်ပါ။ ခံစားချက်နဲ့ နားထောင်ပါ။ ပြီးတော့ ရင်ခုန်သံနဲ့ဖန်တီးပါ။
စုစုညီ