Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

ရေဓာတ်ပြည့်ဝ အာဟာရ

$
0
0

ချွေးထွက် များတဲ့နွေ ပူပြင်းလွန်း တဲ့နွေ ဖြစ်တဲ့ အားလျော်စွာ ရေဓာတ် ဆုံးရှုံးမှု များစွာ ခံစားရ တတ်ပါသည်။ ရေဓာတ် ဆုံးရှုံးပြီး ကိုယ်လက်နွမ်းနယ် ခြင်း အလွယ် တကူမောပန်းခြင်း သတိလစ်ခြင်း တို့လည်း မကြာခဏဆို သလိုကြားရ တွေ့ကြုံ ရတတ်ပါသည်။ နွေရာသီကို အံတုရင်ဆိုင်ဖို့ရာ ရေဓာတ်ပြည့်ဝဖို့ ရေဓာတ် ဆုံးရှုံးမှုကို ကာကွယ်ဖို့ အာဟာရများ ဓာတ်ဆားဖျော်နည်း များကိုတင်ပြရေးသား လိုက်ပါသည်။

၁။ ဓာတ်ဆားဖြည့်အချိုရည်

 ချွေးထွက်များတဲ့ အခါ ရေတစ် ခုပဲဆုံးရှုံးတယ် ဆိုတဲ့ အတွေးအမြင် ကိုပြောင်းလဲ သင့်ပါပြီ။ ဓာတ်ဆားတွေ Ion  တွေပါ ဆုံးရှုံးတတ်ပါသည်။ ဒါကြောင့် ဓာတ်ဆား ရည် သောက်သုံး သင့်ပါသည်။

ဓာတ်ဆား အမျိုးမျိုးရှိသည့် အနက် အချိုရည် ပါဝင်သော ဓာတ် ဆား သောက်သုံးနိုင်ပါသည်။ ရေဆာ သည့်အခါတိုင်း ဓာတ်ဆားကို သောက်သုံးရန်နှင့် တစ်ခါဖျော်ထား လျှင် ၂၄ နာရီ အတွင်း သောက်ရန်လို အပ်ပါသည်။

၂။ လတ်ဆတ်သောသစ်သီးဖျော်ရည်များ

သစ်သီးဖျော်ရည် များသည် လူကို လန်း ဆန်းရုံမျှမက ဗီတာမင်နဲ့ သတ္တုဓာတ် များစွာ လည်း ပါဝင်ခြင်းကြောင့် ရေဓာတ် ဆုံးရှုံးခြင်း နှင့် ဆက်စပ်သောပြဿနာများ ကို ကာကွယ်ရန် သောက်သုံးသင့်ပါသည်။

 ရေငတ်ပြေစေရန် ဂတ်စ်ပါသော အချိုရည် များသကြား ဓာတ်လွန်ကဲသော အချိုရည်များ သောက်သုံးခြင်း ကိုရှောင်ကြဉ်ရန် အထူး လိုအပ်ပါသည်။ ထို့အပြင် ပူပြင်းသောနွေရာသီ တွင် အရက်သေစာ သောက်စားခြင်းကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။

သဘာဝ နည်းလမ်းများ၊ သဘာဝသစ်သီး ဖျော်ရည် အစရှိသော ရေနှင့် ဓာတ်ဆားဖြည့် အရည်များကိုသောက်သုံးခြင်း သာလျှင် ကျန်းမာရေး အတွက် အသင့်လျော် ဆုံးဖြစ်ကြောင်း တင်ပြရေးသားအပ်ပါသည်။

နွေရာသီကိုအေးမြစွာကျော်ဖြတ်နိုင်ပါစေ။

မေတ္တာအားဖြင့်
  ဒေါတ်တာဇာနည်ဝင်း


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...