မိုးရွာပြီးနောက်
နံနက်တိုင်းစောစောထပြီး ရွာနှင့်အတန် ငယ်လှမ်းသောကျောင်းသို့ လမ်းလျှောက်သွား နေကျ ကျောင်းသူလေးတစ်ယောက်၊ မနေ့ ကလည်း တစ်ညလုံးမိုးတွေရွာ ထားပြီး၊ မကြာမီ သူမအဖော်တွေရောက်လာကာ တူညီသော ရည်ရွယ်ချက်များဖြင့် ရွာလမ်းမတစ်လျှောက် တစ်စုံတစ်ခုကို ရှာဖွေနေကြပါသည်။
သူတို့၏မျက်လုံးအစုံသည် ကောင်းကင်ကို မော်မကြည့် အားပဲ မြေပြင်ကိုသာ စူးစူးစိုက်စိုက်ကြည့်၍ ရှာဖွေနေကြပါသည်။ တစ်ခါတစ်ရံသူတို့၏ကိုယ်များကို ကိုင်းညွှတ် ၍ မြေပြင်နှင့်ပိုမိုနီး ကပ်စွာ ဆက်လက်စူးစမ်းရှာဖွေကြပြန်ပါသည်။ တစ်စုံတစ်ခုကို သူတို့၏ပါးစပ်ထဲ(သို့) အိတ် ကလေးထဲသို့ ရှားရှားပါးပါးထည့်လိုက်ပြီး နောက် ရွှံ့ဗွက်ထူသောလမ်းတစ်လျှောက် ပြီးခဲ့သည့်ညက မိုးရေများတိုက်စားသွားမှု ကြောင့် ထွက်ပေါ်လာမည့် အဖိုးတန်ကျောက် အနည်းငယ်ကို သူတို့သွားရာ လမ်းတစ်ေ လျှာက် မျှော်လင့်ချက်ကိုယ်စီဖြင့် တိတ်တဆိတ်ရှာဖွေ နေကြပါသည်။ ဤသည်မှာ သူတို့၏ရွာကလေး အတွက် အထူးအခွင့်အရေးပင်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ မိုးကုတ်ရ တနာမြေအစတွင် တည်ရှိကာ ကမ္ဘာ့အလှပဆုံးပတ္တမြား ကျောက်မျက်များ ထွက်ရှိရာ ဒေသဖြစ်ပါသည်။
သမိုင်းနောက်ခံ
မိုးကုတ်ကျောက်မိုင်းများမှ ထွက်ရှိသော ပတ္တမြားသည် ကမ္ဘာမြေပေါ်ရှိ အခြားနေရာ ဒေသများမှထွက်ရှိသော ပတ္တမြားများထက် ပိုမိုလှပနေခြင်းကပင် ဒဏ္ဍာရီထဲ က ကျောက် မျက်ဟု ပြောရလောက်အောင် အကြောင်းပြချက် ခိုင်လုံနေပြီဖြစ်ပါသည်။ အေဒီ(၆) ရာစုနှစ်တွင် ရှမ်းလူမျိုးများသည် မိုးကုတ်ပတ်ဝန်းကျင်ဒေသ များတွင် စတင်အခြေချနေထိုင်ခဲ့ကြပါသည်။ ၁၅၉၇ခုနှစ်တွင် ရှမ်းလူမျိုးများထံမှ မိုးကုတ် ကျောက်တွင်းများကို မြန်မာဘုရင်က လွှဲပြောင်း ရယူခဲ့ပါသည်။ မြန်မာဘုရင်က တူးဖော်ရရှိသည့် အားလုံးသော ပတ္တမြားများထဲမှ သတ်မှတ် ထားသော အရွယ်အစားနှင့် တန်ဖိုးအထက် ရှိသော ပတ္တမြားများကို သူ့ဆီသို့ ဆက်သရန်နှင့် ပျက်ကွက် သူများကို သေဒဏ်ချမှတ် ထား ပါသည်။ တော်ဝင်ပတ္တမြားတစ်ပွင့်ကို တွေ့ရှိ ခဲ့ပါက ဆင်များနှင့် စစ်သည်တော်များသည် မိုးကုတ်ပတ္တမြားမြေအထိ ရောက်အောင် သွား၍ တွေ့ရှိထားသောပတ္တမြားနှင့် တွေ့ရှိသူကိုပါ နန်းမြို့တော်ဆီသို့ ခေါ်ဆောင်လာပြီး ဘုရင် ကြီးအား လက်ဆောင်ပဏ္ဍာအနေဖြင့် ဆက်သ စေပါသည်။
ထို့အကြောင်းကြောင့် ကျောက်တွင်းတူး သူများသည် အရွယ်အစားကြီးမားသော ပတ္တမြားများကိုရရှိခဲ့ပါက အရွယ်အစားပိုမို သေးငယ်သွားအောင် ခွဲခြမ်းစိတ်ဖြာ၍ သိမ်း ထားပြီးမှ ရောင်းချခဲ့ကြပါသည်။ “Thatcher, 1980″ ခုနှစ်၏အဆိုအရ ကမ္ဘာတစ်ဝန်းလုံးရှိ ကျောက်မျက်ထွက်ရှိရာ နေရာများတွင် တန်ဖိုး အရှိဆုံး ကျောက် မျက်များသည် ခိုးထုတ်ခံရရန် အလားအလာများစွာ ရှိပါသည်။ ၁၉ရာစု နှောင်းပိုင်းတွင် ဥရောပအဖွဲ့အစည်းများသည် မြန်မာနိုင်ငံအပါအဝင် အာရှတိုက်သို့ ဝင် ရောက် လာကြပြီး ၁၈၈၆ခုနှစ်တွင် ဗြိတိသျှ အင်္ဂလိပ်များသည် ¤င်းဒေသကို ထိန်းချုပ် လိုက်ကြပါသည်။ လန်ဒန်မှ ကျောက်မျက်ရတနာ ကုန်သည် “Edwin Streeter” နှင့် “N.M Rothschild” တို့၏ ကျောက်မျက်ရှာဖွေရေး ကုမ္ပဏီသည် တင်ဒါအောင်ခဲ့ပြီး ‘မြန်မာ့ ပတ္တမြားကျောက်မိုင်း လီမိတက်”(Myanmar Ruby Mines Ltd) ကို တည်ထောင်၍ ယင်း ဧရိယာတွင် ပတ္တမြားတူးဖော်ထုတ်လုပ်ခွင့်ကို ဦးဆောင်ခဲ့ပါသည်။
ကုမ္ပဏီသည် မိရိုးဖလာကျောက်မျက်တူး ဖော်သည့် နည်းစနစ်များကို ဖြည့်စွက်သည့် အနေဖြင့် ခေတ်မီ စက်ကိရိယာပစ္စည်းများကို ဝယ်ယူခဲ့သည် “Hughes,1997″ က ပြောဆို ခဲ့ပါသည်။ ၄င်းတို့သည် အခြေခံ အဆောက်အဦ များဖြစ်သော လမ်းများအသစ်ဖောက်လုပ်ခြင်း၊ ရေဆင်းမြောင်းများ တည်ဆောက်ခြင်းနှင့် ကျောက် မျက် သန့်စင်ဆေးကြောသည့် အလုပ် ရုံ၊ စက်ရုံများကို တိုးတက်အောင် ပြုလုပ်ခဲ့ ကြပါသည်။ အမှန်မှာ ကုမ္ပဏီသည် မိုးကုတ်မြို့အောက်ခြေ၌သာမက ကျောက်တွင်း များတွင်လည်း ပတ္တမြားကို ရှာဖွေမတွေ့ရှိသဖြင့် ဗြိတိသျှတို့သည် မိုးကုတ်မြို့နေရာကို ပြောင်းရွှေ့ လိုက်ပါသည်။ ထို့ကြောင့် ဗြိတိသျှကုမ္ပဏီသည် မိုးကုတ်မြေနေရာ တွင် လျော်ကြေးများ ပေး လျော်ခဲ့ပါသည်။ သို့သော်လည်း ကုန်ကျစရိတ် များကို လျှော့ချရန် ရည်ရွယ်၍ ဗြိတိသျှတို့သည် လျော်ကြေးငွေများကို အပေါ်ယံသာ ပေးချေ ခဲ့ သောကြောင့် ဖျက်သိမ်းခံအဆောက်အဦနှင့် အိမ်များမှ ဒေသခံနေထိုင်သူများသည် ပိုမို ဆိုးရွားသွားပါသည်။ ထို့ကြောင့် ဒေသခံများ သည် ဗြိတိသျှတို့ပေးသော လျော်ကြေးငွေဖြင့် သူတို့၏နေရာမှ ပြောင်းရွှေ့သွားခဲ့ပါက သူတို့၏ ပိုင်ဆိုင်မှုများအတွက် နောက်ထပ်ရင်းနှီးမြှုပ်နှံ မှုထပ်မလုပ်နိုင်တော့ပါ။
ဗြိတိသျှကုမ္ပဏီသည် မိုးကုတ်မြို့ကို ရွှေ့ခဲ့ပြီးနောက် ခေတ်မီစက်ကိရိယာများကို တင်သွင်းခဲ့သော်လည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ၄င်းတို့မတိုင်မီက ဗမာ ဘုရင်များကဲ့သို့ပင် ကျောက်သူခိုးများကြောင့် ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီး ရေလွှမ်းမိုး ခြင်းများကိုလည်း ခံခဲ့ကြရပါသည်။ ထို့အပြင် ၂ဝရာစုအစပိုင်းတွင် လူလုပ်ပ တ္တမြားအတုများ ကမ္ဘာ့ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်လာ ခြင်းသည်လည်း ထိခိုက်မှုကို ဖြစ်စေပါသည်။ ထိုကြောင့် ၁၉၃၁ ခုနှစ်တွင် မြန်မာ့ပတ္တမြား ကျောက် တွင်းများကို ပိတ်သိမ်းခဲ့ရပါသည်။ နှစ် ပေါင်း၃ဝကျော်ကြာပြီးနောက် အရေးကြီးသော အတွေ့အကြုံသင်ခန်းစာများရရှိပြီး လှပသော ပတ္တမြားများမှာ အမှန်တကယ်ရှားပါး လှကြောင်း သိရှိသွားပါသည်။ ၄င်းအချက်ပေါ်မူတည်၍ မိရိုးဖလာနည်းစနစ်များဖြင့်ကျောက်တွင်းများ ကို ပြန်တူးခဲ့ကြသည်ဟု “Kessel, 1960″ က ဆိုခဲ့ပါသည်။
၁၉၆၂ခုနှစ်တွင် မြန်မာနိုင်ငံ၌ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် မိုးကုတ်မြို့တွင်လည်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပွားပြီး မိုးကုတ် ကျောက်တွင်း များသို့ နိုင်ငံခြား သားများလာ ရောက်ခြင်းကို ပိတ်ပင်တားမြတ်ခဲ့ပါသည်။ ၁၉၆၉ခုနှစ်တွင် သတ္တုတွင်းလုပ်ငန်းတစ်ခုလုံး ကို အမျိုးသားပိုင် အုပ်ချုပ်ရေးအဖွဲ့အစည်း အောက်သို့ သွတ်သွင်းခဲ့ပါသည်။
ရတနာမြေမှခြောက်လှန့်မှုများ
မိုးကုတ်ရတနာမြေသည် မန္တလေးမြို့၏ အရှေ့မြောက်ဘက် ၂ဝဝကီလိုမီတာအကွာ အထက်မြန်မာပြည်ရှိ ကသည်းခရိုင်တွင် တည်ရှိပါသည်။ မိုးကုတ်ရတနာမြေတွင် ချိုင့်ဝှမ်းနှစ်ခုရှိပြိး ‘ကြပ်ပြင်’ ချိုင့်ဝှမ်းနှင့် ¤င်း၏အရှေ့ဘက်တွင် မိုးကုတ်ချိုင့်ဝှမ်းတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ ၁၂ဝဝမီတာခန့် မြင့်သည်ဟု “Kessel, 1960″ က ဆိုခဲ့ပါသည်။ ဤဝေးလံခေါင်းဖျားဒေသများသည် အလွယ် တကူ ရောက်ရှိရန် မလွယ်ကူဘဲ ၁၉ရာစုအတွင်း က လူသူအရောက်အပေါက်နည်းသည့် ဒေသ များဖြစ်ကာ ယင်းနေရာများသို့ သွားရောက်ရန် မြေပြန့်ဒေသမှ အထက်မြန်မာပြည်သို့ မီး သင်္ဘောစီး၍ တောလမ်းခရီးများအတွက် မြင်းပုကလေးများကို စီးကာသွားရောက် ရပါ သည်ဟု “Stewart, 1972″ ကပြောကြား ခဲ့ပါသည်။ နောက်ပိုင်းတွင် လမ်းများတည် ဆောက်ပြီး စီးသွားသောအခါ ခရီးလမ်းမှာ ကြမ်းတမ်းသဖြင့် ဘီးလေးလုံးစလုံး ယက်ကား များ လိုအပ်ပါသည်။ ထို့အပြင် အခြားအန္တရာယ် များလည်း ရှိနေပါသည်။ အစောပိုင်းကာလတွင် ဗြိတိသျှလူမျိုးခရီးသွား သူများမှ မြစ်ကြောင်း များတွင် သင်္ဘောများ၊ မော်တော်များဖြင့် ကြားဖြတ်၍ ဓားပြတိုက်သည့် လူဆိုးအဖွဲ့ များရှိသည်ဟု ဖော်ပြခဲ့ကြပါသည်။ ပတ်ဝန်း ကျင်ဧရိယာသည် သစ်တောထူထပ်သဖြင့် လမ်းခရီနှောင့်နှေးကြန့်ကြာခြင်း၊ ရောဂါပိုး သယ်ဆောင်သော အင်းဆက်ပိုးများပေါများ ခြင်း၊ သွေးစုပ်သောမျှော့၊ ကျွတ်များနှင့် အဆိပ် ရှိသော အပင်များလည်း ရှိပါ သည်။
ဟန့်တားမှုများအလုံအလောက်မရှိခဲ့ပါက သစ်ပင်များကိုယ်တိုင်က မကောင်းဆိုးဝါး ဝိညာဉ်များဖြင့်စောင့်ရှောက်ထားသည်ဟု ၁၈၈၈ခုနှစ်တွင် “Gordon” က ပြောကြားခဲ့ ပါသည်။ ဝိညာဉ်များသည် မိုးကုတ်ပတ္တမြားမြေ တစ်ခုတည်းကို စောင့်ရှောက်နေခြင်းမဟုတ်ပါ။ မြန်မာလူမျိုးများက အချို့သူများသည် သေဆုံး သွားေ သာအခါ အဖိုးတန်ရတနာမြေကို စောင့် ရှောက်သည့် ”ဥစ္စာစောင့်”များဖြစ်လာကြ သည်ဟု ယုံကြည်ကြပါသည်။ တစ်ခါတစ်ရံတွင် ယင်းသဘာဝလွန်ဖြစ်ရပ်များသည် လှပသော အမျိုးသမီးများမှ ဖြစ်ပေါ်လာသည့်”ဥစ္စာစောင့်”ဟုအယူရှိကြပါသည်။ ”ဥစ္စာစောင့်”တစ်ယောက်သည် တစ်စုံတစ်ယောက်မှ ဖြစ် ပေါ်လာပြီး အခြားသူများအ တွက် ဘဝကူး ပြောင်းသွားခြင်းထက် ရွှေနှင့်ကျောက်မျက် ရတနာများအပါအဝင် သူတို့၏အဖိုးတန် ရတနာသိုက်များကို စောင့်ရှောက်ဖုံးကွယ် ထားကြသည်ဟု ယုံကြည် ကြပါသည်။ လူ့ဘဝမှ သေဆုံးသွားပြီးနောက် ရတနာသိုက်များကို ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်လာကြသည် ဟု ဆိုပါသည်။ ကံကောင်းစွာဖြင့် မိုးကုတ်ဒေသ သို့ သွားရောက်ခဲ့သောအဖွဲ့သည် ပြဿနာ တစ်စုံတစ်ရာနှင့် မတွေ့ကြုံခဲ့ရပါ။ လမ်းပန်း ဆက်သွယ်ရေးလည်း သိသိသာသာ တိုးတက်မှု များ ရှိခဲ့ပါသည်။ ၁၉၉ဝခုနှစ်များ ဆီက မန္တလေးမှမိုးကုတ်အထိ ကတ္တရာလမ်းများ တည်ဆောက်ပြီးစီးခဲ့သဖြင့် တစ်နေ့တာအတွင်း မိုးကုတ်သို့အရောက်ကားမောင်းသွားနိုင်ခဲ့ပါ သည်။ မကြာသေးမီက ပြင်ဦးလွင်- မိုးကုတ်လမ်း သစ်ကို ဖောက်လုပ်ခဲ့ကြသဖြင့် ¤င်းဖြတ်လမ်း သည် ၄နာရီခန့် ကားမောင်းရုံဖြင့် မိုးကုတ်သို့ ရောက်ရှိနိုင်ပါသည်။
ကားလမ်းအခြေအနေများသည် တိုးတက် ခဲ့သော်လည်း မိုးကုတ်ကျောက်တွင်းဒေသသည် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါသည်။ အချို့သော အခြေအနေများအရ တိုက် တိုက်ဆိုင်ဆိုင် မုတ်သုံရာသီအတွင်း မိုးသည်းထန်စွာ ရွာသွန်း မှုများနှင့်လည်း ရင်ဆိုင်ရပါသည်။ ယခုထက် တိုင်အောင် အစွန်အဖျား ကျောက်မိုင်းများသို့ လေး ဘီးစလုံးယက်သည့် ကားများနှင့်သာသွား ရောက်နိုင်ပါသည်။ အချို့နေရာ များသည် လေးဘီးစလုံးယက်သည့် ကားများနှင့် တောင် မလုံလောက်ဘဲ ရွှံ့ဗွက်များဖြင့် ချော်နေသော နေရာများတွင် ကားသည် နောက်ပြန် လျောကျ နေသဖြင့် ခြေလျင်ခရီး ဆက်ခဲ့ကြရပါသည်။
မိုးကုတ်မြေမှ ကျောက်တွင်းများ
ရှေးယခင်က မိုးကုတ်ကျောက်တွင်း အများစုသည် ဒေသအခေါ် ‘တွင်းလုံး’(အဝိုင်း ပုံတွင်း) သို့မဟုတ် ‘လေးပင်’(လေးထောင့် ပုံတွင်း)တွင်းများကို မြေကြီးထဲသို့ တူးဝင်သွားပြီး ‘ဗြုန်း’ဟုခေါ်သော ကျောက်မျက်များ ပါဝင် သည့် ကျောက်စရစ်မြေလွှာများကို ရှာဖွေကြ ရပါသည်။ ယခုအခါ ထိုကဲ့သို့ရိုးစင်းသောတွင်း များကို မြင်တွေ့ရ န် ရှားပါးသွားပြီး အများဆုံး အသုံးပြုသော နည်းစနစ်များမှာ ‘အမိုးဖွင့် တူးနည်း’ နှင့် ကျောက်မိုင်းတူးသည့် နည်းစနစ် များနှင့်သာ တူးကြပါတော့သည်။ ‘မျောတွင်း’ သည် ‘အမိုးဖွင့်တူးနည်း’ များထဲမှ နည်းစနစ် တစ်ခုဖြစ်ပြီး ယင်းနည်းစနစ်မှာ တောင်စောင်း များတွင် ကျောက်မျက်ပါဝင်သော ဗြုန်းမြေများ ကို ဆေးကြောရန် ရေမြောင်းများမှ တစ်ဆင့်ရေ ကို သွယ်ယူ၍ ဆေးကြောရခြင်း ဖြစ်ပါသည်။ ‘တွင်းလုံး’နှင့် ကွာခြားချက်မှာ ‘မျောတွင်း’ သည် အများအားဖြင့် မိုးရာသီ၌သာ အသုံး ပြုရခြင်းဖြစ်ပြီး ရေပ မာဏ အမြောက်အမြား လိုအပ်သောကြောင့် ဖြစ်ပါသည်။ တောင်စောင်း တွင် ရေကိုအသုံး ပြုရခြင်း ရည်ရွယ်ချက်မှာ ပေါ့ပါးသော အရာဝတ္ထုများသည် ရေနှင့်အတူ အဝေးသို့ မျောပါသွားစဉ် ကျောက်မျက်အပါ အဝင် လေးလံသော အရာဝတ္ထုများသည် ကျန်ရစ်ခဲ့ပြီးနောက် ထပ်မံဆေးကြောနိုင်ရန် ဖြစ်ပါ သည်။
ယခုအခါ’မျောတွင်း’များသည် တစ်ခါတစ်ရံတွင် ရေသွယ်မြောင်းများနှင့် ခေတ်မီ ဗြုန်းစားဆေးစက်များကို အသုံး ပြုလာကြပါသည်။
အခြားကျောက်တွင်းတူးသည့် နည်းစနစ် တစ်ခုမှာ ကျောက်တွင်းတူသူများသည် မြေအောက် ထုံးကျောက်လိုဏ်ဂူများအတွင်း ကျောက် မျက်ရှာဖွေခြင်းဖြစ် ပြီး ဒေ သခံများက ‘လူးတွင်း’ ဟုခေါ်ကြပါသည်။ ယင်း’လူးတွင်း’ များသည်ကျဉ်းမြောင်းသော အက်ကြောင်းများ သို့မဟုတ် နက်ရှိုင်းသည့် ကျောက်ဂူများဖြစ်ကြပြီး မီတာရာေ ပါင်းများစွာ ရှည်လျားကာ အချို့သည် ကျောက်မျက်ပါဝင်သော ‘ဗြုန်းမြေ’များ ပေါများစွာ ပါဝင်ကြပါသည်။ သို့သော်လည်း ၄င်းတို့သည် ‘လူးတွင်း’များအတွင်း ပြိုဆင်း လာ နိုင်သည့် အန္တရာယ်ရှိပါသည်။ ကျောက်မျက်ရှာ ဖွေ သူများသည် ကျဉ်းမြောင်းသော နေရာများ တစ်လျှောက် တွားသွားရန် ‘ဗြုန်းမြေ’များကို ပြန်လည်ထုတ် ယူနိုင်ရန် ကျောက်ဂူများအတွင်း သို့ စွန့်စား၍ ဝင်ရောက်ခဲ့ကြပါသည်။ ယင်း သည် အလွန်အန္တရာယ်များသော ကျောက် မျက်တူးဖော်သည့် နည်းစနစ်ဖြစ်ပြီး ကျောက် သားများသည် အလွန်အမင်းစိုစွတ်၍ ချော ထွက်နေပါသည်။ သို့သော်လည်း ယင်းနည်း စနစ်သည် ကျောက်မျက်ပါသော ဗြုန်းများကို အစုလိုက်အပုံလိုက် တွေ့ ရှိရသောအခါ ကျောက်မျက်ပါဝင်နှုန်းလည်း အလွန်တစ်ရာ မြင့်မားပြီး ထိုက်ထိုက်တန်တန်ရရှိ ကြပါ သည်။
ယခုအခါ ကျောက်မိုင်းတူးဖော်ခြင်းနည်းစနစ်သည် အသုံးများလာပြီး ကျောက်မျက်ရှာဖွေ သူများသည် အောက်ခံကျောက်သားများအတွင်း သို့ တိုက်ရိုက်လိုဏ်ေ ခါင်းများဖောက်၍ တူးဖော် လာကြပါသည်။ တစ်ခါတစ်ရံ ယမ်းများကို အသုံးပြု၍ ဖောက်ခွဲတူးဖော်သော်လည်း ယင်း နည်းစနစ်သည် အခက်အခဲပြဿနာများနှင့် အတူ အန္တရာယ်လည်းများပြီး ဖောက်ခွဲမှုကြောင့် ကျောက်မျက်များကိုလည်း ပျက်စီးစေနိုင်ပါ သည်။ ဗြုန်းမြေများနှင့် မြေနုသိုက်များ ကုန်ခန်း လာခြင်းနှင့်အတူ ကျောက် မျက်များ ရှာဖွေရာ တွင် ယင်းနည်းစနစ်ကို ပို၍အသုံး ပြုလာကြပါသည်။
ဆက်လက်ဖော်ပြပါမည်…….
သိန်းပိုင် (M.Engg.Geol.)
Ref: E.Billie Hughes,”A Brief Stay In Heaven”, In Colour Magazine, Winter 2013, pp.40-45