Quantcast
Channel: ရသဆောင်းပါး – Yati Magazine
Viewing all articles
Browse latest Browse all 194

တောက်တီးတောက်တဲ့

$
0
0

သုံးပွင့်ဆိုင် ကျောက်တိုင်လုပွဲ

ဒီတစ်လတော့ တောက်တီး တို့ အောက်အီး တွန်နိုင်မယ့် ကိစ္စလေး လက်တို့ လိုက်ဦးမဗျ ။
ကြက်မ ဘယ်လောက် တွန်တွန် မိုးမလင်း ပါဘူးတဲ့ ဆိုရိုး စကားက မှန်နေပြီလို့ ဆိုရတော့ မှာပဲ။
ဒီလိုဆိုတော့ ဟိုဘက်ခြမ်းက မယ် တောက်တဲ့ က .. ကျုပ်ကို မဟာဖိုဝါဒ သမား ကြီးလို့ မေးငေါ့ မှာတော့ မြင်ယောင်သေး။
မဟုတ်ရပါဗျာ ။ ခေတ်ကိုက ကြက်ဖချင်း ကြက်ဖချင်းလိုက်နေတဲ့ခေတ် ဖြစ်နေတာဗျ။
ကြားကြပြီးရောပေါ့။

တက်သစ်စ မင်းသားချောလေး တစ်ပါးရယ် ၊ သူ့ကိုစပွန်ဆာပေးပြီး စင်တင်ပေးခဲ့တဲ့ နာမည်ကျော် မိတ်ကပ် အလှ ဖန်တီးရှင် မာမီ မမကြီးရယ် ၊ ဟိုမော်ဒယ် မင်းသမီးချောလေးတို့ရဲ့ သုံးပွင့်ဆိုင် ရင်ထုပြီး …လင်..အဲအပင်လုကြတဲ့ သတင်းလေ ။

ကိုယ်ပျိုးထားတဲ့ ပန်းကလေး ကို သူများ ချိုးသွားတယ် ဆိုပြီး မာမီမမက ရင်ထုမနာ စတေး တပ်စ်တွေ ဖေ့ဘွတ်ပေါ် မှာ တင်တဲ့အခါ မော်ဒယ် မင်းသမီးလေး ကလည်း သူ့ လက်ထဲ ရောက်တဲ့ ဖယောင်းတိုင် အရင်ပိုင်ရှင်က ပြန် တောင်းမယ် ထင်ပြီး ဖေ့ဘွတ်ပေါ် ပြန်ရန်တွေ့ရာ ကစတာ ပဲဗျို့ ။
အဲ့ဒီလို သူတို့နှစ်ယောက် နယ်ခြား ကျောက်တိုင် လုကြတဲ့ အရေးက စိတ်ဝင်စား သူတွေများပြီး ဟိုးလေး တစ်ကျော်ပဲဗျို့ ။
ခက်တာက ပရိသတ်ကြီးက ဒီဇာတ်လမ်း မှာစပွန်ဆာမာမီမမကြီးကိုသနားပြီး သူ့ဘက် က အများဆုံးရပ်တည်ကြတာပဲ ။
ဒါကြောင့်..မောင်တောက်တီးနဲ့ခင်တဲ့ ဂေးမမတွေကလက်ချင်းရိုက်ပြီး ပြောနေကြ တာက အစစ်မတွေ ခေတ်ကုန်ပါပြီအေတဲ့ ။
ဟုတ်လားမမတို့ ။
(ပြောသာပြောရတယ်..တောက်တီး တို့ကတော့ ငံပြာရည်ပဲကြိုက်တယ်..အချို့ မှုန့်ကျ လုံးဝစားမရတာ..အဲ..ဘာဆိုင် တာကျလို့နော်)
ဘာပဲဖြစ်ဖြစ် မောင်တောက်တီးကြီး ကတော့ အားလုံးကိုကိုယ် ချင်းစာပါတယ် ။
ကိုယ်ထောင်တဲ့သူငယ်ကိုဆနိုက်ကျော်ခံလိုက်ရတဲ့ မာမီမမခမျာလည်း အသည်းကွဲရှာ မှာပဲ ။
စပွန်ဆာကောင်းလို့သာ ဇာတ်တူချင်း
တုတ်သိုင်း ကစားနေရပေမဲ့ သဘာဝတရားထဲ နေချင်ရှာတဲ့ သူငယ် အဆင်လေး ကိုလည်း ကိုယ်ချင်းစာပါရဲ့။
အင်းဒီလိုပဲ … ဟိုမော်ဒယ်မလေးခမျာ လည်း အစ စ်နဲ့အတုလုကြတဲ့ ပွဲမှာကုန် ပစ္စည်းအမှန်ဖြစ်ပါလျက်  သူဘက်က ပရိသတ်နည်း တော့ အားငယ် ရှာမှာပါပဲ ။
မောင်တောက်တီးစဉ်းစားမိတာအခုခေတ် စားနေတဲ့ ဒါရိုက်တာဝိုင်းတို့ ဘာတို့သာ ဒီ
ဇာတ်လမ်းကိုရုပ်ရှင်အဖြစ်သက်သွင်းမယ်ဆို
အကယ်ဒမီတွေ တန်းစီနေမှာပဲဗျို့ ။
မောင်တောက်တီးသာဒီကားကိုဒါရိုက်တာလုပ်ရမယ်ဆိုရင်တော့ သူတို့ဇာတ်ကို သူ များမထင်တဲ့ ဇာတ်သိမ်းမျိုးသိမ်းဖြစ်မှာဗျ။
ဟိုတစ်ခေတ်တစ်ခါက မြန်မာဗီဒီယိုဇာတ် ကားတွေမှာမင်းသားနဲ့ မင်းသမီးတွေက
တက္ကသိုလ်ထဲအုပ်စုလိုက်ရန်ဖြစ်ပြီး ပြန်ချစ်ကြတာတွေခေတ်စားတယ်မဟုတ်လား။
အဲ့ဒီတော့ ဒီသုံးပွင့်ဆိုင် ဇာတ်ကိုလည်း အလှဖန်တီးရှင် မာမီမမနဲ့ မော်ဒယ်မင်းသမီး လေးတို့ မင်းသားလေးကိုလုပြီး ရန်ဖြစ်ကြရာက သံယောဇဉ်တွယ်သွား ။
ပြီးတော့ မာမီမမကယောက်ျားစိတ်ပြန်
ပေါက်ပြီးမော်ဒယ်မင်းသမီးလေးကိုခိုးပြေး ။
ဟို ခြံခုန်ကူးတယ်ဆိုတဲ့ မင်းသားလေး ကသည်းတွေကွဲ….ဘုန်းကြီးဝတ်သွား ။
ကိုင်းဘယ်လောက် မိုက်သတုံး ။
ဒါကြောင့် ဟိုဘက် ကဒေါ်တောက်တဲ့ ကို အမြဲပြောပါတယ် ..မောင်တောက်တီးလေး ဟာအနုပညာ အမြင် အင်မတန် ရှိတဲ့ သူပါ ဆိုတာ ဒင်းကြီး က မယုံ ဘူးလေ..အိုင်းစ်.. ရှိတ်လိုက်ပါဦးအေ..ငိငိ ။

ထွက်ရပ်ပေါက် မဲဆွယ်ပွဲတွေ

ကမ္ဘာပေါ်မှာဒီမိုကရေစီစနစ်ကျင့်သုံးပြီး
ရွေးကောက်ပွဲလုပ်နေကြတဲ့ နိုင်ငံတွေ အများ ကြီးပါဗျ ။
သူတို့ဆီကပါတီတွေ ဘယ်လိုမဲဆွယ်ကြ သလဲတော့မသိဘူး ။
တောက်တီးတို့ နိုင်ငံမှာတော့ မဲဆွယ်ချက် က ကြမ်းသဗျို့ ။
မဲဆွယ် ကာလအစ ကတော့ အလှပြ ကား တွေ ယိမ်းအဖွဲ့တွေနဲ့ မဲဆွယ်ကြလို့ တောက် တီးတောင် ဒါဟာ မြန်မာ့ ရိုးရာ မြို့မငြိမ်းမဲ ဆွယ်နည်းရယ်လို့ ကင်ပွန်း တပ်လိုက်သေးသဗျ။
နောက်တော့ ကြာလေ ကြာလေ မဲဆွယ် နည်းတွေ ကမျိုးစုံ ကြိုးခုန်တော့တာပါပဲဗျို့ ။
တချို့ ပါတီတွေကျ အမြော် အမြင်ကြီး သဗျ ။ တစ်နေ့မှာ ဆယ့်ရှစ်နှစ်ပြည့်ပြီးမဲပေး သူ တွေဖြစ်လာမယ့် ကလေးတွေ ကို ကြိုပြီးမဲ ဆွယ်သဗျ ။
ပါဝါ ရိန်းဂျားတွေ ၊ မစ်ကီးမောက် အရုပ်တွေ ဝတ်ပြီး မဲဆွယ်ကြတာမျိုးလေ ။
အဲ. ဒံပေါက်ကျွေးပြီး မဲဆွယ်တာတော့ မောင်တောက်တီး အတွက် အဆင်ပြေသဗျာ။
မယ်တောက်တဲ့ ဆီက ဟင်းကောင်းမချက် တဲ့ကာလဆို အဲ့ဒီ ဒံပေါက်ကျွေးတဲ့ ပါတီ မဲဆွယ် ပွဲကို အသာ သွားလိုက်ရုံပဲ ။
သူတို့ပေးတဲ့ ဦးထုတ်လေး ဆောင်းပြီး သူတို့ပေးတဲ့ ဒံပေါက်လေးကို ယူပြီးမှ သူတို့ပြော တာ နားထောင် သလိုနဲ့ အားနားပါးနာ လက်ခုပ် တီးပြီးထပြန်..တယ်နှိပ်သကိုးဗျ။
ဒီလိုဆိုတော့ မယ်တောက်တဲ့ က မောင်တောက်တီး ကို ရှင် နိုင်ငံရေး အမြင်မရှိဘူးလား
တဲ့။
နို့.. မဲရုံထဲ ရောက်ရင်တော့ ကိုယ့်ဘာသာ ဘယ်သူမဲပေးပေးပေါ့ဗျ ။ လောလောဆယ် ဒံပေါက်လေးကျိတ် ရတာအမြတ်မဟုတ်လား။
အောင်မယ် နောက်ဆုံးပိတ် မဲဆွယ်နည်း တွေ လူတွေတင်မဟုတ်ဘူးဗျို့..
ဟိုးမဟာမြိုင် ထွက်ရပ်စခန်းဆီက မြန်းလာ တဲ့ ဝိဇ္ဇာထိုရ် ဘိုးမင်းခေါင်ကိုတောင် အစိမ်း ရောင်ပါတီ ဝတ်စုံ ဝတ်ပေးပြီး မဲဆွယ်တော့ တာဗျ ။
ဒီတော့တစ်ဖက် အတိုက်အခံပါတီက လည်း အားကျမခံ အနီရောင် အလံပေးကိုင် လိုက်သဗျ။
သူတို့လုပ်မှ အဘ ဘိုးမင်းခေါင် ကြီးခမျာ အနီနဲ့ အစိမ်းကို ဖက်စပ် ကာလာနဲ့ကမ္ဘာ့ဖလား ဘောလုံးပွဲ က နိုင်ဂျီရီးယား ဘောလုံး အသင်း သားတွေ လို ဖြစ်သွား ရရှာသဗျို့။
အိမ်း…တောက်တီး ကတော့ ပါတီတွေက ထွက်ရပ်ပေါက်တွေ မဲဆွယ်တာကို အပြစ်မပြောတော့ပါဘူး။
ရွေးကောက်ပွဲ အတွက် မဲစာရင်း လုပ်ပေးတဲ့ကော်မရှင် ကိုယ်တိုင်ကိုက မဲထည့်ရမယ့် စာရင်းမှာ လူတွေ တင်မက လမ်းတွေကိုပါ
ထည့်သွင်း စာရင်းပြုစုနေမှတော့ဖြင့်…။
အေးလေ..အေးလေ…မှားတဲ့အခါ လည်းမှားပေမပေါ့ ။
မှန်တဲ့အခါလည်း မှန်ပေမပေါ့…၃ဝ ရာခိုင်နှုန်းလောက်တော့…။

စုံစီနဖာ အတင်းချုပ်

မင်္ဂလာပါ တော်တို့ရေ…
(ဟိုဘက်အခြမ်းကနေအထီးတန်မဲ့ အတင်းတွေ တုပ်သွားတဲ့ ငတောက်တီးမပါ)
တစ်လတစ်ခါ သုံးသပ်စရာ အတင်းပလင်း သတင်းတွေ ကတော့ ဖလန်းဖလန်းကို ထနေတာ ပါပဲရှင့် ။

အဲ ပထမ ဆုံးတော့ ခုနကိုရင် တောက်တီး ဆိုတဲ့ ငတိပြောသွားတဲ့ မဲဆွယ်နည်းတွေ ထဲကကျန်သွားတဲ့ တစ်ခု ကိုပြောဦးမလို့ပဲ ။

မဲဆွယ်ကြ တဲ့ အထဲမှာ  လူကြီးတွေကျတော့ ကိုယ့်နာမည်ကိုယ် စာချိုးပြီး မဲဆွယ်ကြသတဲ့ တော်ရေ။
ရင်မှာ စွဲလမ်း ဦးကြင်စွမ်း ၊ ပြည်သူချစ်ကြည် ဦးတင်ရီဆိုလားဘာလား..။
ဒါနဲ့ တောက်တဲ့မတောင် သူတို့ကိုအားကျ ပြီး ပြည်သူစွဲမက်မယ်တောက်တဲ့ဆိုပြီး
ကိုတောက်တီးသောက်နေကျ အရက်ဖာခွံ
အဟောင်းပေါ်မှာ မီးသွေးနဲ့ရေးပြီးအိမ်ရှေ့ ထောင်ထားလိုက်သေးတယ် ။
နောက်ပြီး ရှိသေးတယ်တော်တို့ရေ ။
မြန်မာရုပ်မြင်သံကြား ကလူတွေ အစီ
အစဉ်မှားလွှင့်တဲ့အကြောင်းသိပြီးကြပလား ။
ဟိုတစ်နေ့ကလေ.. ပါတီတွေ တီဗီကနေ မဲဆွယ်စည်းရုံးမယ်ဆိုတော့ တောက်တဲ့မ တို့ လည်း နိုင်ငံရေး တက်ကြွသူတွေဆိုတော့ စောင့်ကြည့်မိတာပေါ့ ။
ပြည်သူ့အသည်းစွဲ အန်တီ စကားပြောတော့ တောက်တဲ့မ တို့လည်း စိတ်ဝင်တစား နား ထောင် ကြတာများ ငြိမ်လို့ ။
အဲ..အန်တီလည်း ပြီးရောနောက်တစ် ယောက်ပြော အပြီးမှာ လူတစ်ယောက်ဗြုန်း ဆို ပေါ်လာသတော့ ။
တိုက်ပုံကြီး ဝတ်လို့။ ကိုယ်ကြီးကို တစ် ခြမ်းစောင်းပြီး။ တီဗီကြည့်နေတဲ့ တောက်တဲ့မ တို့ဆီ လက်ညှိုးငေါက်ငေါက် ထိုးပြီးခင်ဗျား
တို့ကျုပ်ကိုမဲပေးချင်ပေးမပေးချင်နေဆိုပြီးရန်တွေ့တာများအေ..ကူလီခေါင်းကကူလီတွေကိုဆူနေတဲ့အတိုင်းပဲ ။
ဈေးထဲမှာ အလေး တစ်ရွေး ခိုးရင်တောင် နပန်းထ သတ်ကြပါတယ်ဆိုတဲ့ မိတောက်တို့ ရပ်ကွက်က ဟာမတွေလည်း ဒင်းကြီး လက်ညှိုးငေါက်ငေါက် ထိုးပြီး ရန်တွေ့ တာကို အောင့်သက်သက်နဲ့ခံလိုက်ရရှာသတဲ့။
တောက်တဲ့မကတော့ ဒါ မြန်မာ့ အသံက ဝန်ထမ်းတွေ.. မဲဆွယ်ပွဲနဲ့ တရားခံ အမှုစစ် သင်ခန်းစာ မှားလွှင့်တာလို့ပဲထင်မိတယ် ။
အောင်မယ် တရားခံဆိုလို့ ထူးထူးခြားခြား တရားခံ ဖော်ထုတ်နိုင်လိုက်တဲ့ အမှုတစ်ခု အကြောင်းလည်း တောက်တဲ့မ တိုးတိုးလေးဗျို့ဟစ်ပါရစေလား။
တရားခံ ဖော်ထုတ်နိုင်ပြီဆိုလို့ တလော လေးကမှ ပြဋ္ဌာန်း လိုက်တဲ့ တစ်လင်တစ်မယား ဥပဒေနဲ့ ငြိစွန်းလို့ ဟိုဘက်အခြမ်း ကတောက် တီးကြီးကို အငယ်လေး နဲ့ မိတာမျိုးမဟုတ်ရပေါင် ။

အခုဖော်ထုတ်နိုင်လိုက်တဲ့ တရားခံက မဲစာရင်းတွေထုတ်ပြန်ရာမှာမှားအောင်လုပ်တဲ့ အဓိကတရားခံတဲ့တော်ရေ ။
ဟုတ်ပအေ ။

မဲစာရင်းတွေက မှားမှားတတ်ပအေ။ သေပြီးသား မသာတွေတောင် မဲစာရင်းထဲပါ လာလို့ သေသော သူသည် မဲရုံသို့ သွားသည် ဆိုပြီး တောက်တဲ့မ တောင် ဝတ္ထုလုံးချင်း ထုတ်လိုက်ဖို့ကြံစည်လိုက်သေး ။

သေတဲ့လူတွေတင်မကဘူး တချို့ဆို အဖေနှစ်ယောက် ၊ အမေနှစ်ယောက်တွေဖြစ်။ လင်နှစ်ယောက် မယားနှစ်ယောက်တွေဖြစ် နဲ့ နောက်ဆုံးလမ်း နာမည်တောင် မဲပေး ရမယ့် စာရင်းထဲပါလာသေးတယ် မဟုတ်လား ။

ဒီဂလောက် မဲစာရင်းတွေမှားအောင် လုပ်တဲ့ တရားခံသင်း ဘယ်သူလို့ထင်လဲ ။
အောင်မယ် မဲစာရင်း လုပ်တဲ့ကော်မရှင် ဥက္ကဋ္ဌကြီးကအဲ့ဒီတရားခံကိုစွမ်းစွမ်းတမံဖော်ထုတ်လိုက်ပြီတော်ရေ..။
တရားခံအစစ်ကမီဒီယာတွေတဲ့ ။
မီဒီယာတွေက မဲစာရင်းမှားတာတွေ
လျှောက်ရေးတော့.. မဲစာရင်းကောက်တဲ့ ဝန်ထမ်းတွေခမျာ ကြောက်ရွံ့တုန်ရီပြီးမှားကုန် တာဆိုပဲအေ ။
အခုခေတ်သမယကလည်း မီဒီယာသမား ဆိုတာကြောက်စရာမဟုတ်လား ။
စဉ်းစားကြည့်ကြ ။
လူဆိုးသူခိုးဆိုတာ ထောင်ထဲဝင်တဲ့ခေတ် မဟုတ်တော့ဘူး။ မီဒီယာသမားတွေ ထောင်ထဲ သွားတဲ့ခေတ်အေ့။
ဒီတော့ ထောင်ထွက်ဆိုရင် ကြောက်တတ် တာတောက်တဲ့မတို့ လူ့အဖွဲ့အစည်းသဘာဝ မဟုတ်လား ။
မဲစာရင်းလုပ်တဲ့လူတွေလည်း မီဒီယာတွေ ကိုကြောက်ရှာမှာပေါ့ အေ…။ သနားစရာပါ။
ပြောရင်းတောင် မီဒီယာတွေကိုတောက်တဲ့မကြောက်လာပြီ ။
တော်ကြာသူတို့ရေးလိုက်လို့ တောက်တဲ့ မလေးကိုရင်တောက်တီးကြီးအနားကပ်နေရာကနေမူဆယ်ဘက်ကိုတစ်ကောင်သိန်းနှစ်
ဆယ်ဆိုပြီးအရောင်းခံရဘယ်နှယ့်လုပ်မတုံး
အေ့။
ကဲ…ဒီတစ်လတော့ ဒီလောက်ပဲ အေ..။
အခုခေတ်ကအတုအစစ် လုဖြစ်နေရတဲ့ ခေတ်ဆိုတော့ စကားချည်းပြောနေလို့မဖြစ်
ဘူး။
ဟိုသကောင့်သားလိုခပ်ချေချေနဲ့မဲပေး
ချင်ပေး မဲမပေးချင်နေဆိုပြီးလုပ်နေလို့မဖြစ် တန်ဘူးအေ့ ။
တော်ကြာကိုယ်ကစကားများနေတုန်း..ကိုယ့် မရှိမဲ့ ရှိမဲ့ ကိုရင်တောက်တီးကိုစလောင်း ဖုံးမတွေကဆနိုက်ကျော်သွားမှဖြစ်ခက်မယ် ။
ကိုင်း…အချိန်ရှိတုန်း လေးရသွား လိုက် ဦးမယ်တော်တို့ရေ..။


Viewing all articles
Browse latest Browse all 194

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...